အခန်း (၁၄)
Vol. 2 Ch. 14
ဝမ့်ရင်းသည် စားနေသည့် အချိန်တွင် စကားပြောရတာ မကြိုက်ပါ။ သူမသည် အရသာရှိသော အစားစာများထဲတွင် လုံးဝကို နစ်မြောနေခဲ့သည်။ သူမ စားသည့်အခါ အရမ်းလည်း မနှေးသလို အရမ်းလည်း မမြန်ပါ။ စားပွဲပေါ်တွင် ဘာမှမကျန်တော့ဘဲ သူမကို ကြည့်နေသည့် သူများအား ဗိုက်ဆာသွားအောင် လုပ်နိုင်သည်။
ဒီနေ့ဟင်းပွဲကို စားပြီးနောက် ဝမ့်ရင်းသည် လေချဥ်တက်ကာ တကယ်ကို သက်တောင့်သက်သာ ရှိသလို ခံစားခဲ့ရသည်။
မနေ့က ပေါက်စီကိုးလုံး စားချိန်တုန်းက တစ်ဝက်တစ်ပြတ်ကြီးမှာပဲ ဝမ့်လင်းလင်းက နှောက်ယှက်သွားခဲ့သည်။ ထို့ကြောင့် သူမသည် လုံးဝကို မပျော်ခဲ့ပါ။
ထို့နောက် ညဘက်သို့ ရောက်သောအခါ လူအများက ဝက်ပေါင်ခြောက် ခေါက်ဆွဲကို စားနေခဲ့ကြသော်လည်း သူမလက်ထဲတွင် စုစုပေါင်း ငါးခု ခြောက်ခုလောက်သာ ရှိတော့သည်။ ဟင်းချက်ကူပေးသည့် အဒေါ်ကြီးသည် လက်မှန်သည့်အတွက် ထိုအိုးကြီးထဲမှ ဆီနံ့လေးမှတစ်ဆင့် အရသာ ခံနိုင်ခဲ့သည်။
ဒီနေ့တော့ စားရတာ ပျော်စရာကြီး။
ဝက်သားနှပ် အထပ်လိုက်ကို ပေါင်းထားသော ပေါက်စီ ဖြူဖြူလေးနှင့် တွဲကာ စားနေကြပြီး ဘေးနားတွင် နှောက်ယှက်မည့် သူများလည်း မရှိပါ။ ဗိုက်ပူ နံကားအောင် ပျော်ပျော်ရွှင်ရွှင် စားခဲ့ကြသည်။
ဝမ့်ရင်းသည့် ကျေကျေနပ်နပ်ဖြင့် အညောင်းအညာ ဖြေပြီးနောက် ကောင်တာအနောက်ဘက်ရှိ စားပွဲထိုးမှာ စားပွဲခုံကို လာရောက် ရှင်းလင်းခဲ့သည်။
ထိုအချိန်တုန်းက နေ့လည်ပိုင်းသာ ရှိသေးပြီး မြို့ထဲက လူတိုင်းသည်လည်း အလုပ်မှာသာ ရှိသေးသည်။ လူအနည်းစုကသာ ဝက်သားနှပ်နှင့် ဝက်လက်ပေါင်းကို စားဖို့အတွက် ရောက်လာခဲ့ကြသည်။ ဆိုင်ထဲတွင် ထိုင်နေသူမှာ ဝမ့်ရင်းတစ်ယောက်သာ ရှိသည်။
စားပွဲထိုးသည် ဝမ့်ရင်းက မက်တပ်ထရပ်သည်ကို မြင်လိုက်ရသည့်အခါ ထုံးစံအတိုင်း စားပွဲခုံကို ရှင်းဖို့အတွက် အဆင်သင့် ထရပ်လိုက်သည်။
ဝမ့်ရင်းက စားပွဲထိုး မျှော်လင့်ထားသလို ထွက်မသွားခဲ့ပါ။
သို့သော်….
စားပွဲထိုးက နေရာမှာတင် မှင်သက်သွားခဲ့သည်။
သူသည် ဝမ့်ရင်းက လက်ကြားထဲမှ ထုတ်လိုက်သော အလူမီနီယံ ထမင်းဗူးကို ကြည့်လိုက်သည်အခါ သူမသည် စားပွဲခုံပေါ်က ကျန်နေသော အသားပြုတ်ရည်ကို ကောက်ယူကာ ထမင်းဗူးထဲသို့ ထည့်လိုက်သည်။
ဝမ့်ရင်းသည် သူမရဲ့ ဉာဏ်ကောင်းမှုကို စိတ်ထဲတွင် ချီးကျူးနေကာ ကျန်သည့်အစားအစာများကို ပြန်သယ်လာခဲ့သည်။
ဘယ်လိုဟင်းချက်ရမလဲဆိုတာ မသိလည်း ကိစ္စတော့ မရှိပါဘူး။ စွပ်ပြုတ်နဲ့ဆို ဘာပြဿနာမှ မဖြစ်လာနိုင်တော့ဘူး။
သူမက နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်ကို ခနခနသွားပြီး စွပ်ပြုတ်ကို အချိန်မှီ သွားစားဖို့ပဲ လိုတာ။
ဝမ့်ရင်း၊ ဝမ့်ရင်း နင် တကယ်ကို ဉာဏ်ကောင်းတာပဲ။
ဝမ့်ရင်းသည် သူမရဲ့ နေ့လည်စာ ထမင်းစာကို စွပ်ပြုတ်နှင့် တပျော်တပါးကြီး စားခဲ့သည်။ သူမက အစားကောင်း စားရတာကို ကြိုက်နှစ်သက်သူ ဖြစ်လိမ့်မည်။ ဝမ့်ရင်းသည် မနေ့က သူမ စားခဲ့သော ပေါက်စီကို အရသာ ခံနိုင်သည်။ ထိုနေရာတွင်ရှိသည့် စားဖိုမှူးများ၏ အရည်အချင်းမှာ သူမအရင်ဘဝက စားခဲ့ဖူးသော ထိပ်တန်း စားဖိုမှူးများ၏ အရည်အချင်းနှင့် ယှဥ်လိုက်ပါက အနည်းငယ် ကွာခြားသော်လည်း ဒီလို အသင့်အတင့်ရှိသော စားသောက်ဆိုင်ကောင်း တစ်ဆိုင်ဖြစ်နေတာက လိုတာထပ်ကို ပိုနေခဲ့ပြီ ဖြစ်သည်။
ဒီစွပ်ပြုတ်ရဲ့အရောင်က နီရဲနေတာပဲ။ ကြည့်ရတာ အချိန်အကြာကြီး မီးဖိုပေါ်မှာ ချက်ပြုတ်ထားပုံရတယ်။ တကယ်လို့ ပြန်သွားတဲ့အချိန်မှာ ဘာမှ မချက်နိုင်ဘူး ဆိုရင်တောင်မှ ဒီစွပ်ပြုတ်ကို ထမင်းရယ်၊ ပေါက်စီရယ်နဲ့ စားလို့ရတယ်။
ဝမ့်ရင်းက ပန်းကန်ပြားများကို အကုန် ရှင်းရှင်းလင်းလင်း ချန်ခဲ့ပြီး သူမရဲ့ အစားအစာများအား ထည့်သွားသည်ကို စားပွဲထိုးက ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေခဲ့သည်။ သူသည် စိတ်ရှုပ်ရှုပ်ဖြင့် ဟင်းပွဲများကို ယူသွားပြီး မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးနေသော စားပွဲထိုးကို ပြောလိုက်သည်။ “ငါလေ တကယ်ကို အများကြီးပဲ သင်ယူလိုက်ရတယ်ကွာ….”
အဲ့ကောင်မလေးက ဒီကိုလာတာ စွပ်ပြုတ်သောက်ဖို့ သပ်သပ်ပဲဆိုတာကို ဘယ်သူကများ တွေးမိမှာလဲ။
ရှုရွှမ်းသည် မီးဖိုချောင်ထဲတွင် ပြောနေသော စကားများကို နားထောင်ပြီး ပြတင်းပေါက်ကို ကြည့်လိုက်သည်။
ပုံမှန်ဝတ်စုံကို ဝတ်ဆင်ထားကာ နေ့လည်စာ ထမင်းဗူးကို ကိုင်သည့် ပိန်ပိန်ပါးပါး လူတစ်ယောက်က ဟိုတယ်၏ တံခါးနားတွင် ရပ်နေခဲ့သည်။
ဝမ့်ရင်းသည် အဖိုးတန် စွပ်ပြုတ်များ ထည့်ထားသော နေ့လည်စာ ထမင်းဗူးကို ကိုင်ထားသည်မှာ အိမ်ကို အမြန်ပြန်ဖို့အတွက် မဟုတ်ပါ။
သူမသည် နေရာနှင့် ပတ်သက်ပြီး အတွေးတစ်ခုခု ရဖို့အတွက် ပထမဆုံး မြို့ထဲက အဓိက နေရာများကို လျှောက်ပတ်ခဲ့သည်။ ရှီးဖိုမြို့လေးသည် မြို့ပြကြီးနှင့် သိပ်မဝေးသော်လည်း တပ်မဟာများက ဝန်းရံထားသည့်အတွက် အရမ်းကြီး သွားလာလို့တော့ မရခဲ့ပါ။
ဒါကို တစ်ချက်လောက် တွေးကြည့်လိုက်စမ်း။ တကယ်လို့ နင်က မြို့ကို သွားချင်တယ်ဆိုရင် တစ်နေ့မှ ကား တစ်စီးပဲထွက်တာ။ အချိန်သာ လွဲသွားရင် အိမ်ပြန်ဖို့ ကိုယ့်ဘာသာ လမ်းရှာရတော့မှာ။ နင်မသွားခင် မိတ်ဆက်တဲ့ စာလေးကိုတော့ ရေးဖို့ လိုတယ်နော်။ တပ်မဟာဘက်က သဘောတူထားတဲ့ တရားဝင် အကြောင်းပြချက်မျိုးလည်း ရှိဖို့က လိုသေးတယ်။ နင် မြို့ထဲ ဝင်တဲ့အခါကျရင် လှည့်ကင်း အဖွဲ့က စစ်ဆေးတာတွေကနေ ကာကွယ်လို့ရအောင် နင်နဲ့အတူ မိတ်ဆက်စာကို ယူသွားရမှာ။
အဲ့ပြဿနာ ပြီးသွားရင် လူတွေက မြို့ငယ်လေးမှာလည်း လုပ်ချင်တာတွေ အကုန်လုပ်လို့ ရနေတော့ သူတို့က မြို့ကြီးတွေကို မသွားချင်တော့ဘူးလေ။
ဒီမြို့လေးက မြို့ကြီးတွေနဲ့လည်း အနီးဆုံး ဖြစ်နေတော့ ရှီးဖိုမြို့လေးမှာက အဆင်အပြေဆုံး လမ်းတွေ ရှိတယ်။ အဲ့ဒါကြောင့် မြို့ကြီးတွေမှာ ရနိုင်သမျှ အရာအားလုံးကို ဒီမှာ ရနိုင်နေတာပဲ။
သမဝါယမအသင်းတွေ၊ ဆေးပေးခန်းတွေ၊ မွေးမြူရေးနဲ့ ပစ္စည်း ရောင်းတဲ့ဆိုင်တွေ၊ ကျောင်းတွေ၊ ဓာတ်ဗူး စက်ရုံတွေ…..
ဝမ့်ရင်းသည် ဟိုဟိုဒီဒီ လျှောက်သွားရင်း ထွက်ရမည့် လမ်းကို တွေးနေခဲ့သည်။
အထက်တန်းကျောင်းရဲ့ အဝင်လမ်းကို ရောက်သည့်အခါ ဝမ့်ရင်းက ရပ်လိုက်သည်။
မူလပိုင်ရှင်သည် လွန်ခဲ့သော သုံးလကမှ ဘွဲရခဲ့ပြီး သူမသည် ဘွဲ့ရပြီးကတည်းက ထိုနေရာကို မရောက်ဖြစ်ခဲ့ပါ။ ဝမ့်ရင်းသည် မူလပိုင်ရှင်၏ အမှတ်တရများကို ကြည့်နေရင်း မှတ်ဉာဏ်များထဲတွင် သူမ၏ အထက်တန်းကျောင်းသား ဘဝမှာ ပျော်စရာကောင်းသည့် ခံစားချက်မျိုးကိုတော့ မတွေ့ခဲ့ရပါ။
မူလပိုင်ရှင်သည် အိမ်တွင် အတော်လေး အနိုင်ကျင့်ခံခဲ့ရပြီး သူမ အပြင်ထွက်သည့် အခါတွင်လည်း ထိုအကြောင်းများကို ပြောဖို့အတွက် ဆန္ဒမရှိခဲ့ပါ။ ထို့အပြင် သူမသည် အမြဲလိုလို နုံချာ စုတ်ပြတ်နေပြီး သူမ၏ အတန်းဖော်များ အကြားတွင် ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု နည်းလွန်းသည်။ ထို့ကြောင့် သူမ၏ အထက်တန်းကျောင်းသား ဘဝမှာ ဘာတစ်ခုမှ လွမ်းမောဖွယ်ရာ မရှိခဲ့ပါ။
ထိုအကြောင်းကို တွေးနေရင်း ရုတ်တရက်ဆိုသလို ဝမ့်ရင်းက ကျောင်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ စျေးတန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ကျောင်းသားတစ်စုသည် ပြေးထွက်လာခဲ့ကြသည်။
“မကောင်းတဲ့ ကျောင်းသားဟောင်းတွေ ကျဆုံးပါစေ။”
“အရင်းရှင်တွေ၊ တော်လှန်ရေးသမားတွေ၊ ဆိုရှယ်လစ်သမားတွေ ကျဆုံးပါစေ။”
“မကောင်းတဲ့ မိန်းမမျိုးတွေလည်း ပျက်စီးကြပါစေ။”
…….
ကောလိပ်ကျောင်းသား တစ်စုသည် ဆောင်ပုဒ်များကို ရွတ်ဆိုရင်း ပြေးထွက်လာသူ အချို့သော ခေါင်းဆောင်များ၏ လက်မောင်းတွင်လည်း လက်ပတ်များ ရှိနေခဲ့သည်။
ဝမ့်ရင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ နန့်ရှောင်မြို့သည် ဝေးသော နေရာတစ်ခု ဖြစ်သည်။ ကားဖြင့် သွားမည်ဆိုပါက နေ့တစ်ဝက်လောက် အချိန်ယူရမည်ဖြစ်ပြီး မြို့ထဲက ရထားဖြင့် သွားမည်ဆိုပါက တစ်ရက်ကုန်မည် ဖြစ်သည်။ ထိုမြို့တော်သည် မြို့လေးနှင့် မိုင်ပေါင်းထောင်ချီ ဝေးကွာသည်။ အပြင်တွင် ဖရိုဖရဲ အခြေအနေမျိုး ဖြစ်နေသည်ကို လူတိုင်းက သိကြသော်လည်း ထိုနေရာသည် နေရာသေးလေး တစ်နေရာသာ ဖြစ်သည်။ ထိုဖရိုဖရဲ အခြေနေများသည် အုပ်ချုပ်ရေး အဖွဲ့၏ လက်အောက်သို့ ရောက်ရှိသွားမည်ဟု လူအများက တွေးထားကြသည်။
အနည်းဆုံးတော့ ထိုပြဿနာများသည် မူလပိုင်ရှင် ကျောင်းတက်စဥ် အခါတုန်းကတော့ မဖြစ်ခဲ့ပါ။ အခု နှစ်လ သုံးလ အတွင်းမှာပဲ ထိုအခြေအနေသည် မြို့ငယ်လေးကို ရိုက်ခတ်လာခဲ့ပြီ ဖြစ်သည်။
ဝမ့်ရင်းသည် စိတ်များ လေးလံစွာဖြင့် ကျောင်းမှ ထွက်လာခဲ့ပြီး သူမ တပ်မဟာထဲသို့ ပြန်သည့်အချိန်မှာ ညနေစောင်းနေပြီ ဖြစ်သည်။
ဝမ့်လင်းလင်းသည် ဒေါသများ ထွက်လာခဲ့သည်။ သူမသည် မနက်ကတည်းက ဝက်များအား အစာကျွေးရန်အတွက် ဝမ့်ရင်းကို စောင့်နေခဲ့သည်။ သို့သော် သူမသည် နေ့လည်ရောက်သည်အထိ ဘယ်သူ့ကိုမှ မတွေ့ရသေးပါ။ နောက်ဆုံးတွင် ဝမ့်လင်းလင်းသည် မစောင့်နိုင်တော့သည့်အတွက် သူမသည် ဝက်များကို ဖြစ်သလို ကျွေးခဲ့သည်။
“စန်းယာ။ နင် ဘယ်ရောက်နေတာလဲ။”
ဝမ့်လင်းလင်းသည် ပွစိပွစိလုပ်ကာ မေးခွန်းများကို မေးနေခဲ့သည်။
ဝမ့်ရင်းသည် ဝမ့်လင်းလင်းကို လျစ်လျူရှုကာ ထမင်းဗူးအား မီးဖိုချောင်ထဲတွင် သွားထားခဲ့သည်။
သူမသည် ထိုတစ်ယောက်အား မနေ့က စကားပြောခဲ့သည့် အကြောင်းမှာ သူမကို အသားပေါက်စီ သွားစားဖို့အတွက် ခေါ်သွားရန် ဖြစ်သည်။ ဒီကနေ့တွင် သူမမှာ ဘာမှစားဖို့ မရှိဘဲနဲ့ ဘာကိစ္စကြောင့် သူမကို စကားသွားပြောရမှာလဲ။
ဝမ့်လင်းလင်းသည် ဝမ့်ရင်းနှင့် တွေ့သည့်အခါတိုင်း သူမသည် ခွေးတစ်ကောင်က လိပ်ကို သွားကိုက်နေသလို ခံစားနေခဲ့ရသည်။ သူမကို ဘယ်နေရာမှ ရှာလို့ကို မတွေ့ဘူး။ ဒီတစ်ယောက်က သူမကို ဘယ်လိုလုပ် ဒီလောက်ထိ ဒေါသထွက်အောင် လုပ်နိုင်ရတာလဲ။
တကယ်လို့ နင်သာ သူမကို စိတ်ကျေနပ်အောင် လုပ်ပေးရင်နေရင် သူမက ဘာစကားမှ ပြန်ပြောမှာ မဟုတ်ဘူး။ ပြီးတော့ နင်က သူမကို အနိုင်ကျင့်ရင်လည်း ဘာမှပြန်လုပ်မှာ မဟုတ်ပေ။
ဝမ့်လင်းလင်းသည် စိတ်ထိန်းဖို့အတွက် သူမကိုယ်သူမ နားချနေခဲ့ပြီး သူမရဲ့ရင်ထဲတွင် လီချွမ်းကျင်ကို အပြစ်တင်နေခဲ့သည်။
ဝမ့်ရင်းက ဘာလို့ အရင်တုန်းကနဲ့ မတူတော့လည်းဆိုတာ သူမ မသိပေမယ့် တိုတိုပြောရရင် ဒါက လီချွမ်းကျင်ရဲ့ အမှားကြောင့်ပဲ။
ရုတ်တရက်ဆိုသလို ဝမ့်လင်းလင်းသည် ဒီအခြေအနေက အနည်းငယ် လွဲနေသလို ခံစားခဲ့ရသည်။ မနေ့က ကိစ္စကြောင့် ဝမ့်ရင်းသည် သူမရဲ့ မိသားစုနှင့် ပြဿနာတစ်ခု ဖြစ်ခဲ့သည် သိသာသည်။ ထို့ကြောင့် သူမက ဝမ့်ရင်းနှင့် ရှုရွှမ်းကို အတူ ထားနိုင်ပါဦးမလား။
ရာသီဥတုသည် မနက်ပိုင်းတွင် ပိုပိုပြီး အေးလာခဲ့သည်။ ဝမ့်ရင်းက အိပ်ရာနိုးလို့ မျက်နှာ ထသစ်သည့်အခါ သူမ အသက်ရှူထုတ်လိုက်သောအခါ အဖြူရောင် အခိုးအငွေ့များကို တွေ့နိုင်သည်။ မကြာခင် ဆောင်းဝင်တော့မည်ဖြစ်ပြီး ထိုရာသီသည် ကောက်စိုက်နည်းသော ရာသီဖြစ်သည်။ နေ့ခင်းဘက်တွင် နေပူဆာလှုံဖို့အတွက် လူအများက တပ်မဟာထဲတွင် လာရောက် စုဝေးနေခဲ့ကြသည်။
ဝမ့်မိသားစုသည် နှစ်ခြမ်းကွဲသွားပြီးကတည်းက ဝမ့်ယုံရွှင်းနှင့် သူ့မိန်းမသည် ပြဿနာများ ပြေလည်သွားပုံရကာ ဝမ့်ရင်းအပေါ်မှာလည်း ထပ်ပြီး အမြတ်ထုတ်ဖို့အတွက် မပြောကြတော့ပါ။ ဝမ့်ယုံရွှင်း လုပ်လိုက်သည့် နောက်ဆက်တွဲ ကိစ္စမှာ သူ့အပေါ်ထားသည့် တပ်မဟာထဲရှိ လူတိုင်းကို အမြင် ကြည်သွားစေသည်မှာ ပြောစရာတောင် မလိုတော့ပါ။ သူသည် ဒီရက်ပိုင်းတွင် ဝမ့်ရင်းကို အမြတ် မထုတ်တော့သည်သာမက ပိုက်ဆံစုဖို့ပါ ပြောခဲ့သည်။ သူမသည် ဘာအလုပ်မှ လုပ်စရာ မလိုတော့ပါ။
လီချွမ်းကျင်သည် ဝမ့်ရင်းကို အချိန်တိုင်း စောင့်ကြည့်နေခဲ့ပြီး ဝမ့်ရင်းက သူမကို မြင်ရင်တောင်မှ သူမက ရှက်မနေဘဲ ထိုမိန်းမက ဝမ့်ရင်းကို သူမရဲ့ မျက်လုံးများနှင့် သတ်ပစ်ချင်လောက်အောင် စိုက်ကြည့်နေခဲ့သည်။ သူမက ဝမ့်ရင်းကို သေမလို စိုက်ကြည့်နေခဲ့ရင် သူမအိမ်ရှိ ရေတိုင်ကီနှင့် ပြတင်းပေါက် မှန်များက ပြန်ကောင်းလာမလို စိုက်ကြည့်နေခဲ့သည်။
ဝမ့်ရင်းသည် တစ်နေကုန် စားလိုက်၊ အိပ်လိုက်နှင့် သူမကိုယ်ကိုသာ ဂရုစိုက်နေခဲ့ပြီး သူမဦးလေး၏ မိသားစုကိုတော့ မရှိသလိုဘဲ ဆက်ဆံနေခဲ့သည်။
ထိုမနက်ခင်းစောစောတွင် ဝမ့်ယုံရွှင်းသည် ဝမ့်ရင်းကို သေသေချာချာ ရှင်းပြဖို့အတွက် ရောက်လာခဲ့သည်။
“ဝမ့်ရင်း၊ ဒီနေ့တော့ ဟင်းမချက်နဲ့တော့။ ဦးလေးတို့ အိမ်မှာ လာစား။ ဒီနေ့က သမီးအစ်မ ဝမ့်လင်းလင်းရဲ့ မွေးနေ့ပဲ။ ဦးလေးတို့အားလုံး ပြန်ပြီး စည်းစည်းလုံးလုံး နေကြမယ်။ ဘာပဲဖြစ်ဖြစ် ဦးလေးတို့က တစ်မိသားစုတည်းပဲလေ။”
ဝမ့်ယုံရွှင်း၏ အသံမှာ အတော်လေးကို ညင်သာသည်။ “သမီး အန်တီက အရူးမကြီးပဲ။ သူ့လိုမျိုး စည်းမဲ့ကမ်းမဲ့ မဖြစ်စေနဲ့။ ဦးလေး သမီးရဲ့အစ်မကို ရှုအိမ်သွားပြီး ကြက်တစ်ခြမ်းလောက် လဲပေးဖို့ ပြောလိုက်မယ်။ ဒီညတော့ ဦးလေးတော့ ထမင်း ကောင်းကောင်းစားကြမယ်။”
ဝမ့်ရင်းသည် သူမဘေးတွင် ရပ်နေသော ဝမ့်လင်းလင်းကို အံ့ဩစွာ ကြည့်လိုက်သည်။ ဝမ့်လင်းလင်းက သူမခေါင်းကိုငုံ့ကာ လက်ကို ဟိုလုပ်ဒီလုပ် လုပ်နေခဲ့ကာ သူမ ဘာတွေ တွေးနေလဲဆိုတာတော့ မသိခဲ့ရပါ။
“ဟုတ် ကောင်းပါပြီ။”
နိုင်ငံပိုင်အဆင့်ရှိသော စားသောက်ဆိုင်မှ ပြန်ယူလာသော စွပ်ပြုတ်မှာ တော်တော်လေးကို အရသာရှိသည်။ ဝမ့်ရင်းသည် လွန်ခဲ့သော ရက်ပိုင်းက စွပ်ပြုတ်ကိုသာ ပြန်နွှေးပြီး စားခဲ့သည်။ သို့သော် သူမသည် ရက်အတော်ကြာ ဒါကြီးပဲ စားနေရသည့်အတွက် အတော်လေးကို ငြီးငွေ့လာခဲ့သည်။ သူမရဲ့ တံခါးနားကိုသာ ကြက်သား လာပို့ခဲ့သလို ဖြစ်နေခဲ့သည်။ ထိုကမ်းလှမ်းမှုကို အရူးကသာ ငြင်းလိမ့်မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည် မျက်နှာချိုသွေးနေခဲ့သည်။ “ဟုတ်ပြီ။ ခနနေ အန်တီရှုကို သွားရှာဖို့အတွက် လင်းလင်းကို ပြောလိုက်မယ်။”
ထိုအရာမှာ ရှုမိသားစုအတွက် အကျိုးအမြတ် တစ်ခုဖြစ်သည်။
သားမက်က စားဖိုမှူးတစ်ယောက် ဖြစ်နေသည့်အတွက် အရာရာတိုင်းမှာ အဆင်ပြေနေခဲ့သည်။ အန်တီရှုတွင် သားနှစ်ယောက်ရှိသည်။ အကြီးဆုံးသားသည် အခုချိန်မှာ မြို့က တက္ကသိုလ်မှာ ကော်လိပ် ကျောင်းသား တစ်ယောက်ပြီး သားအငယ် ရှုရွှမ်းမှာ စားဖိုမှူး တစ်ယောက်ဖြစ်သည်။ အန်တီရှု၏ လူနေမှု အဆင့်အတန်းမှာ တပ်မဟာထဲမှာသာမက အဖွဲ့ထဲမှာလည်း အတော်လေး ကောင်းသည့် အနေအထားတွင် ရှိသည်။
သူတို့မိသားစုသည် အရင်က တစ်ခုခု ကောင်းတာ စားချင်သည့် အချိန်မျိုးတွင် အန်တီရှုအိမ်သို့ သွားကာ သူတို့ရဲ့ အစားအစာများနှင့် သွားလဲလေ့ ရှိသည်။
ထိုအစားအစာများမှာ မတူညီသော အရသာမျိုး ရှိသည်ဟု ပြောလို့ရနိုင်သည်။ သို့သော် တကယ်တမ်းတွင် သူမသည် အချိန်တိုင်းကို အမြတ်ထုတ်နေခဲ့ခြင်း ဖြစ်သည်။ အန်တီရှုသည် ဝမ့်မိသားစုကို သူမရဲ့ ခမည်းခမက်အဖြစ် မြင်နေခဲ့သည့်အတွက် ထုံးစံအတိုင်း သူမ ကူညီနိုင်သမျှ အရာများကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ဝမ့်ယုံရွှင်းက ထိုစကားကို ပြောသည့်အခါ ဝမ့်ရင်း အရင်က ဘာပဲပြောခဲ့ပြောခဲ့ ဝမ့်လင်းလင်းသည် ဗလုံးဗထွေးများ စပြီး ပြောလာခဲ့သည်။
“သမီး မသွားချင်ဘူး။”
အခုချိန်တွင် သူမသည် ရှုရွှမ်းနှင့် ရှစ်ပေအကွာလောက် နေချင်နေခဲ့သည်။ သူမသည် ရှုမိသားစုနှင့် တစ်ခုခုကို အတူတူလုပ်ဖို့အတွက် ဘယ်လိုလုပ် ဆန္ဒ ရှိနိုင်ပါ့မလဲ။
“စန်းယာကို သွားဖို့ ပြောလိုက်။”
ဝမ့်လင်းလင်းသည် မထိန်းနိုင်ဘဲ ဝမ့်ရင်းကို အပြစ်တင်ခဲ့သည်။
ဝမ့်ယုံရွှင်းသည့် မျက်ခုံးကို ပင့်လိုက်ကာ ဒေါသထွက်လာခဲ့သည်။ “ဒီကောင်မစုတ်ကတော့။ ငါက နင့်ကို သွားဖို့ပြောရင် သွားလိုက်။ ပို အမြင်ရှိပြီး အခြားသူတွေကို သွားကူညီလိုက်စမ်းပါ။ ဒီမှာ နင်ပိုပြီး လူကြီးဆန်ရတော့မယ်။ နင်က အရမ်းကို မသိတတ်ဘူး။”
ထိုစကားကို ကြားရတာ ဝမ့်လင်းလင်းက မကြိုက်သော်လည်း ဝမ့်ယုံရွှင်းကိုလည်း ပြန်မပြောရဲခဲ့ပါ။ ထို့ကြောင့် သူမသည် ကသိကအောက်နှင့် လက်ခံခဲ့ရသည်။
ဝမ့်ယုံရွှင်းသည် ပြန်လှည့်ကာ ဝမ့်ရင်းကို မေးခွန်းအချို့ မေးခဲ့သည်။ ဝမ့်ရင်းက ဖြေဖို့အတွက် ငြင်းသည့်အခါ သူ့ရဲ့စိတ်ထဲတွင် အနည်းငယ် ကျိန်ဆဲလိုက်မိသည်။ သို့သော် ဝမ့်ယုံရွှင်းသည် ထိုစိတ်ရှုပ်စရာကောင်းသော သူ့တူမအား မကြာခင်မှာ ရှင်းထုတ်နိုင်တော့မည်ကို တွေးမိပြီး တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်သည်။
ဝမ့်ယုံရွှင်းသည် အလုပ်ကို ထွက်သွားပြီး လီချွမ်းကျင်ကတော့ သူဘယ်သွားမှန်း မသိခဲ့ပါ။ ဝမ့်လင်းလင်းအား ကြက်တစ်ခြမ်း သွားလဲဖို့အတွက် ပြောခံခဲ့ရသဖြင့် သူမသည် လုံးဝကို မပျော်နေခဲ့ပါ။
သူမသည် ခြေထောက်နားရှိ အိတ်ကို ကန်လိုက်ပြီး သူမရဲ့ ပြန်လည် မွေးဖွားလာခြင်းက စိတ်မကျေနပ်စရာ ကောင်းလွန်းလှပြီး စိတ်ရှုပ်စရာ အပြည့် ဖြစ်နေခဲ့သည်။
“စန်းယာ၊ ငါနဲ့လိုက်ခဲ့။”
ဝမ့်ရင်းက အပြင်းကြော ဆန့်လိုက်ပြီး ပြောခဲ့သည်။ “မသွားဘူး။”
“နင်ကများ”
ဝမ့်ရင်းသည် နေပူဆာလှုံနေရင်း သူမ ဒီနေ့ တောင်ပေါ်ကို သွားမည့် သူမ၏အစီအစဥ်ကို တွေးနေခဲ့သည်။