အခန်း (၁၅)
Vol. 2 Ch. 15
ဝမ့်ရင်းသည် သူမ ကျော အနောက်ဘက်တွင် ခြင်းတောင်းကို သယ်ကာ လမ်းလျှောက်သွားခဲ့သည်။
ဝမ့်ရင်းသည် ကိစ္စတစ်ခုကို တအံ့တဩ တွေ့ခဲ့ရသည်။ သူမသည် ရက်အတော်ကြာ ကုန်ဆုံးပြီးနောက် ဝမ့်လင်းလင်းသည် ဒေါသထွက်လွယ်တဲ့သူ တစ်ယောက်ဆိုတာကို သိရှိခဲ့ရသည်။ သူမသည် အချိန်တိုင်း တောင်းဆိုတာတွေ လုပ်လိုက် ငြင်းလိုက်နဲ့ သံသရာ လည်နေသည့်အတွက် ဒေါသ ထွက်လာစေခဲ့သည်။ နည်းနည်းကွာကွာက ကြည့်လျှင် သူမသည် သုန်သုန်မှုန်မှုန် ဖြစ်နေပြီး သူမ ဘာတွေ တွေးနေလဲဆိုတာကို မသိရသလို သူမက ပျော်နေတာလား စိတ်ညစ်နေတာလား ဆိုသည့် နားလည်ရ ခက်သော အခြေနေမျိုးတွင် ရှိသည်။
ဝမ့်ရင်းသည် အနည်းငယ် စိတ်ရှုပ်သွားခဲ့သော်လည်း သူမရဲ့ ဝမ်းကွဲအစ်မမှာ မူမမှန်သလို ခံစားခဲ့ရသည်။
ထို့အပြင် သူမသည် အချိန်တိုင်း တစ်ခုခုကို လိုချင်ပုံရကာ တိတ်တိတ်လေး အစီအစဥ်ဆွဲနေသည်မှာ သိသာသည်။
ဝမ့်ရင်းသည် မတ်တပ်ရပ်လိုက်ပြီး သူ့မကိုယ် သူမအတွက် အိတ်တစ်အိတ်ကို ယူလိုက်သည်။ ဝမ့်လင်းလင်းရဲ့အကြံက ဘာပဲ ဖြစ်နေပါစေ၊ သူမတွေးထားသလို ထောက်ချောက်ထဲ ခုန်ဆင်းမည်တော့ မဟုတ်ပါ။
ဝမ့်ရင်းသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များအတိုင်း နေကာ တောင်ပေါ်သို့ တက်သွားခဲ့သည်။ ဆောင်းဦးရာသီ ကုန်ခါနီးပြီ ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ တောင်ပေါ်တွင် ကောက်စရာ သစ်သီးများ မရှိတော့ပါ။ သို့သော် ဝမ့်ရင်းသည် မထင်မှတ်ထားသည့် နေရာတစ်နေရာမှာ သစ်အယ်သီး အရိုင်းပင်တစ်ပင်ကို တွေ့ရှိခဲ့ရသော်လည်း ထိုသစ်ပင်ကို အခြားလူတစ်ယောက်က ရှာတွေ့ပြီးသား ဆိုတာ သိသာနေသည်။ သစ်အယ်သီး အများစုမှာ ခူးထားပြီးသား ဖြစ်နေပြီး အပင်ထိပ်က အသီးနည်းနည်းသာ ကျန်ခဲ့သည်။ ဝမ့်ရင်းသည် အမြင့်ကို တိုင်းလိုက်ပြီး သစ်ပင်ပေါ်ကို မြန်မြန် တက်သွားကာ သစ်အယ်သီးများ အားလုံးကို ခူးလိုက်သည်။ ထို့နောက် ပြန်ဆင်းလာကာ အိတ်ထဲသို့ ထည့်လိုက်သည်။
သူမသည် ဝိဉာဥ်စမ်းချောင်းမှ ရေကို နေ့တိုင်း သောက်ထားသည်ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အနားယူပြီးနောက် တဖြည်းဖြည်း နာလန်ထူလာကာ သက်သာလာပြီကို ခံစားနိုင်ခဲ့သည်။
ဝမ့်ရင်းသည် လက်ကိုလှုပ်ကာ ကျေနပ်နေခဲ့သည်။ သူမသည် ကမ္ဘာကြီးရဲ့ အဆုံးတစ်နေရာမှာ အားနည်းသည့်သူ တစ်ယောက် ဖြစ်ခဲ့ရသော်လည်း သူမရဲ့ ကိုယ်ခန္ဓာမှာ အကောင်းဆုံး အခြေနေသို့ ပြန်ရောက်လာခဲ့သည်။ ထိုအရာသည် ခန္ဓာကိုယ် သုံးရသည့် ပြဿနာ အချို့ကို ဖြေရှင်းဖို့အတွက် လုံလောက်သည်။ ပြီးတော့ အခုချိန်မှာ ဒီလိုကိစ္စတွေက သူမအတွက်တော့ အာမခံချက်ကောင်း တစ်ခုပဲ။
သစ်အယ်သီးများကို ကောက်ပြီးနောက် ဝမ့်ရင်းသည် တောင်ပေါ်တွင် မှိုများပေါက်နေသည့် သစ်ဆွေး အပိုင်းတစ်ခုကို တွေ့ခဲ့သည်။ ဝမ့်ရင်းသည် ပျော်ပျော်ရွှင်ရွှင်နှင့် ကောက်ယူခဲ့သည်။
ဝမ့်ရင်းသည့် ဟိုးအထဲသို့ တဖြည်းဖြည်း ဝင်သွားခဲ့သည်။ သူမရဲ့ ဗီဇများထဲမှ တစ်ခုမှာ သူမသည် လမ်းကြောင်းကို သေချာ အာရုံခံနိုင်သည့်အတွက် တောင်ရဲ့ တောနက်ပိုင်းထဲသို့ ဝင်ရဲခြင်း ဖြစ်သည်။
ခနလောက် လမ်းလျှောက်ပြီးနောက် ဝမ့်ရင်းသည် ရှဲခနဲ ဆိုသည့် အသံတစ်သံကို ကြားလိုက်ပြီး ပိုမို ကောင်းမွန်လာသည့် သူမရဲ့ အာရုံငါးပါးမှာလည်း အာရုံခံနေခဲ့သည်။
ဝမ့်ရင်းသည် သိပ်မဝေးသည့် နေရာကို ကြည့်နေရင်း အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
တောယုန်ကြီးတစ်ကောင်သည် အကွာအဝေးတစ်ခုမှ လှုပ်နေခဲ့ကာ သူ့ခြေထောက်အောက်ရှိ မြက်များကို သေသေချာချာ ကိုက်ဖြတ်စားနေခဲ့သည်။
ဝမ့်ရင်းသည် ယုန်ကို မြင်လိုက်ရသောအခါ သူမရဲ့ စိတ်ထဲတွင် အသားအကြောင်းများနှင့် ပြည့်သွားခဲ့သည်။
သူမသည် ယုန်အနားသို့ သာသာလေး ကပ်သွားကာ အဆင်ပြေပြေရှိသည့် တုတ်ချောင်းလေး တစ်ချောင်းကို ဟိုဟိုဒီဒီ လိုက်ရှာနေခဲ့သည်။ တောယုန်မှာ အကောင်ကြီးကြီးပြီး လုံးလုံးလေး ဖြစ်နေသည်။ သို့သော် ဝမ့်ရင်းသည် သတိလက်လွတ် မလုပ်ရဲခဲ့ပါ။
ဘဝများမှာ မလွယ်ကူကြသည့်အတွက် တပ်မဟာထဲက လူအများသည် တစ်ခါတစ်ရံ တောင်ပေါ်သို့ တက်လာကြသည်။ ထိုယုန်လေးသည် သူ့ဘာသာ အစာ ဝဝလင်လင် ရှာစားနိုင်သည်။ ထို့ကြောင့် ထိုယုန်သည် အတော်လေး အပြေးမြန်သော အကောင် တစ်ကောင် ဖြစ်ကြောင်းကို တွေးကြည့်လို့ ရနိုင်သည်။
ယုန်လေးသည် တကယ်ကို သတိရှိသည်။ ဝမ့်ရင်းသည် မြတ်ပင်များ ကြားထဲမှ ဖြည်းဖြည်း ရွေ့သော်လည်း ယုန်လေးသည် အနီးအနားရှိ ယုန်ကျင်းတစ်ခုထဲသို့ အမြန်ပဲ ပြေးဝင်သွားခဲ့သည်။
ခနအတွင်းမှာပဲ ဝမ့်ရင်းသည် သူမလက်ထဲရှိ သစ်ကိုင်းကို ချက်ချင်း လှမ်းပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သစ်ကိုင်းနှစ်ခက်သည် ယုန်လေးကို တစ်ချိန်တည်း ထိသွားခဲ့သည်။ တစ်ခက်သည် ယုန်ရဲ့ လည်ပင်းကို ထိသွားပြီး နောက်တစ်ခက်သည် ခြေထောက်ကို ထိသွားခဲ့သည်။
ဝမ့်ရင်းသည် သက်ပြင်းချခဲ့သည်။ သူမ ပစ်လိုက်သော သစ်ကိုင်းတစ်ခက်သည် ယုန်ရဲ့ ခြေထောက်တွင် သွားညပ်နေခဲ့သည်။ သူမရဲ့ ရည်ရွယ်ချက်နှင့် အနည်းငယ် ကွာခြားနေခဲ့သည်။ နောက်ထပ် တစ်ချက်ကို မပစ်လိုက်မိပါက ယုန်လေးသည် သေချာပေါက် တွင်းထဲသို့ ပြန်ဝင်သွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ထိုယုန်လေးကို ဆန့်ကျင်ဘက် အခြမ်းမှ တွေးထားခဲ့သင့်သည်။
ဝမ့်ရင်းသည် သေသွားသော ယုန်လေးကို အင်တင်တင်ဖြင့် ကြည့်လိုက်ပြီး သစ်ပင်အနောက်တွင် ပုန်းနေသောလူနှင့် ယုန်ရဲ့ခြေထောက်ကို လဲဖို့အတွက် အရှက်မရှိ ဆုံးဖြတ်ခဲ့သည်။ သူမသည် ဘာကိုမှ မချက်ပြုတ်တတ်သည့်အတွက် မှိုမဲများကို အခြားသူထံ ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် သစ်ပင်အကွယ်ရှိ လူက ထွက်လာသည့်အခါ ဝမ့်ရင်းသည် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ဘာလို့ ဒီလူပဲ ထပ်ဖြစ်နေရတာလဲ။
ရက်အနည်းငယ် အတွင်းမှာပဲ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ရခြင်းမှာ ဒီတစ်ကြိမ်နှင့်ဆို သုံးခါမြောက် ဖြစ်သည်။
ရှုရွှမ်းနဲ့ ဝမ့်ရင်းတို့ ပုံမှန်အတိုင်းပဲ ဝတ်လာကြတာကို ငါတွေ့လိုက်တယ်။ ပြီးတော့ နှစ်ယောက်လုံးကလည်း အိတ်တွေကိုယ်စီ သယ်လာခဲ့ကြတာ။ မတူတာဆိုလို့ ရှုရွှမ်းရဲ့အိတ်က အဝေးမှာ ရှိနေတဲ့ ဝမ့်ရင်းရဲ့အိတ်ထက် ပိုပြီး ပြည့်နေတယ် ဆိုတာပဲ။
ဝမ့်ရင်းသည် ဇဝေဇဝါဖြစ်ကာ တည့်တည့်ပဲ လျှောက်သွားခဲ့သည်။ “ဒါ….ခဲအိုမလား။ ကျွန်မကိုလေ ယုန်ရဲ့ ခြေထောက်လေးနဲ့ လဲပေးလို့ ရနိုင်မလား။”
မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့လူက သူမဝမ်းကွဲ ဝမ့်လင်းလင်းနဲ့ အတူတူ မရှိနိုင်လောက်ဘူးလို့ ခံစားရပေမယ့် ဒီလို အခြေအနေမျိုးနဲ့ ကြုံလာတော့လည်း ဒါက ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အကြံကောင်းပါပဲလေ။
ဝမ့်ရင်းသည် ရှုရွှမ်းအား သူမအိတ်ကို ပြသခဲ့သည်။ “အလဲအလှယ်အနေနဲ့ ကျွန်မက ခဲအိုကို မှိုမဲတွေ ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”
ရှုရွှမ်းရဲ့ မျက်နှာပေါ်တွင် ဘာအမူအရာမှ ရှိမနေခဲ့ပါ။ ဝမ့်ရင်းသည် သက်ပြင်းချကာ ဒီလူက ကြည့်ကောင်းပေမယ့် သူ့ရဲ့ ပုံစံကတော့ အရမ်းကို အေးတိအေးစက် နိုင်လွန်းတယ်ဟု တွေးနေခဲ့သည်။ ဝမ့်လင်းလင်းက အတော်လေး တွန့်ဆုတ်နေသည်မှာ အံ့ဩစရာတော့ မရှိပါ။
“ဟုတ်ပါပြီ။ ရှင် မလိုချင်ရင်လည်း ထားလိုက်ပါတော့။”
တကယ်လို့ သူမသာ နည်းနည်းလေး ဆက်သွားရင် နောက်ထပ် အကောင်တစ်ကောင်ကို တွေ့ကောင်း တွေ့နိုင်သည်။
“အဲ့ထဲကိုမသွားနဲ့တော့။ နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်တွေဆို အဲ့မှာ မြေခွေးတွေပဲ ရှိတယ်။”
သူမ စကားပြောနေစဥ် လေးလံသော အရာတစ်ခုက ဝမ့်ရင်းရဲ့ ကျောပိုးအိတ်ပေါ်သို့ ရုတ်တရက် ပြုတ်ကျလာသလို ခံစားလိုက်ရသည်။
သူမအနောက်ကို ပြန်လှည့်ကြည့်တော့လည်း ရှုရွှမ်းနဲ့ နောက်ကျောကိုပဲ မြင်လိုက်ရသည်။
ခြင်းတောင်းထဲမှာ ယုန်တစ်ကောင်လုံးကို မြင်လိုက်ရသည့်အခါ ဝမ့်ရင်းသည် ထခုန်မလိုကို အတော်လေး ပျော်နေခဲ့သည်။
သူမအမြင်ကျဥ်းသွားတာပဲ။
ခန့်ညားတဲ့ ယောက်ျားတစ်ယောက်၊ ကြည့်လို့လည်း ကောင်းတယ်၊ ကြင်နာတတ်တဲ့ နှလုံးသားလည်း ရှိတယ်။
ယုန်ကရသည့် ဝင်ငွေနှင့် သူမသည် ပစ္စည်းများကို လိုက်ကြည့်ဖို့အတွက်က သိပ်ပြီး စိတ်မဝင်စားခဲ့ပါ။ သူမသည် တောင်ပေါ်ရှိ ဆေးဖက်ဝင် အပင် အနည်းငယ်ကိုသာ ခူးယူခဲ့ပြီး တောင်အောက်သို့ ပျော်ပျော်ရွှင်ရွှင် ဆင်းလာခဲ့သည်။
ဝမ့်ရင်းသည် တောင်ကို မှားဆင်းလာခဲ့သည်။ သူမသည် အချိန်အတော်ကြာ တောင်ပေါ်မှာ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ပြီး သူမ တောင်ပေါ်က ပြန်ဆင်းလာသည့် အခါတွင် သူမသည် တောင်ပေါ်သို့ တက်သွားသည့် လမ်းအတိုင်း ပြန်ဆင်းလာခဲ့ခြင်း မဟုတ်တော့ပါ။
ထို့ကြောင့် ဝမ့်ရင်းသည် လွယ်အိတ်တစ်လုံးနှင့်အတူ တပ်မဟာရဲ့ တစ်ဖက်အခြမ်းတွင် ပြန်ပေါ်လာခဲ့ပြီး သူမသည် အိမ်သို့ မပြန်ခင် တပ်မဟာ တစ်ခုလုံးကို လျှောက်ကြည့်ဦးမည် ဖြစ်သည်။
ဝမ့်ရင်း - ……ဒါက မကောင်းတဲ့ အကြံပါပဲ။
ဝမ့်ရင်းသည် အလောတကြီးနှင့် ယုန်ကို လွတ်အိတ်ထဲသို့ ထည့်လိုက်သည်။ သူမရဲ့ ရှိပြီးသား အသိဉာဏ်ထဲတွင် ထိုအနောက်ဘက်ရှိ တောင်သည် အားလုံးက တစ်စုတစ်စည်းထဲ ပိုင်ဆိုင်ကြောင်းကို သိနေခဲ့သည်။ သစ်ဥသစ်ဖုများ ခူးဖို့အတွက် တောင်ပေါ်သို့ တက်သွားခြင်းသည် ဘာပြဿနာမှ မရှိသော်လည်း တကယ်လို့ တောရိုင်း တိရိစ္ဆာန်များကို သတ်မိပါက ဘုံအဖွဲ့သည် တင်းတင်းကြပ်ကြပ် ပြောဆို သတ်မှတ်ကြလိမ့်မည်။
ဝမ့်ရင်းသည် ယုန်ကို ထည့်ကာ ဆေးဖက်ဝင် အပင် တစ်ထပ်ဖြင့် ဖုံးလိုက်သည်မှာ သာမန် ဆေးပင်များနှင့် တူသလိုလို ရှိသည်။
လွန်ခဲ့သော ရက်ပိုင်းတွင် ဖြစ်သွားသော ကိစ္စကြောင့် အခုချိန်တွင် အဖွဲ့တစ်ဖွဲ့လုံးသည် ဝမ့်ရင်းပေါ်တွင် အမြင် ကြည်နေခဲ့ကြသည်။ ဝမ့်ရင်းက လမ်းလျှောက်လာသည့်အခါ လူအများက ဝမ့်ရင်းကို စကားပြောဖို့အတွက် ဆွဲခေါ်ထားကြသည်။
ဝမ့်ရင်းသည် သူမရင်ထဲက စိုးရိမ်စိတ်များကို ဖုံးဖိခဲ့သည်။ ကံကောင်းစွာဖြင့် မူလပိုင်ရှင်သည် အပြင်ကို ထွက်ခဲသည်။ အခုဆိုရင် သူမ ဘယ်လောက်ထိ ချုပ်ချယ်တာ ခံခဲ့ရလဲ ဆိုတာကို လူအများက သိရှိခဲ့ကြကာ သူမဦးလေး မိသားစုရဲ့ ကြမ်းတမ်းသည့် ဆက်ဆံမှုများအတွက် စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။
“စန်းယာ၊ ဒီနေ့ သမီးအဒေါ်ရဲ့အိမ်မှာ ပျော်ပွဲရွှင်ပွဲ တစ်ခုခု ရှိလို့လား။ အခုလေးတင် အားယာက ကြက်တစ်ခြမ်း သွားလဲတာကို အန်တီ တွေ့လိုက်လို့။”
တပ်မဟာထဲတွင် သတင်းများက မြန်မြန် ပျံ့နှံ့သွားပြီး ဘာလျှို့ဝှက်ချက်မှ မရှိခဲ့ပါ။ ဘယ်မိသားစုက ဘာအသား စားတယ်၊ ဘယ်မိသားစု အင်္ကျီပြဲတယ် ဆိုတာကို ပြောပြစရာ မလိုဘဲ မိသားစုရဲ့ ငွေရေးကြေးရေး အခြေနေက ဘယ်လိုရှိလဲ ဆိုတာကိုတောင် မိသားစုတိုင်းက အကြမ်းဖျင်း သိနေခဲ့ကြသည်။
ထိုမေးခွန်းကို မေးလိုက်သည့်သူမှာ အန်တီကွေ့ဟွာ ဖြစ်သည်။ တပ်မဟာထဲတွင် သူမသည် လီချွမ်းကျင်နှင့် အမြဲလိုလို ကတောက်ကဆများ ရှိနေသည့်သူ ဖြစ်ပြီး ထိုစိတ်သဘောထား မတိုက်ဆိုင်သည့် အကြောင်းမှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ယောက်လုံးကို အခြား တပ်မဟာမှ လူနှစ်ယောက်က လက်ထပ်သွားသည်။ ထို့ပြင် အစတုန်းက သူတို့နှစ်ယောက်သည် အိမ်နီးချင်းများ ဖြစ်ကြသည်။
သူတို့သည် နီးနီးကပ်ကပ် နေခဲ့ကြသော်လည်း သူတို့ရဲ့ ဆက်ဆံရေးကတော့ အဆင်မပြေခဲ့ပါ။
ဝူကွေ့ဟွာတို့ မိသားစုသည် လီချွမ်းကျင်တို့ မိသားစုအပေါ် အထင်သေးကြသည်။ အကြောင်းမှာ သူတို့သည် အရွယ်ရောက်ပြီးသား ယောက်ျား သုံးယောက် ရှိသော်လည်း အမြဲလိုလို သူတို့ရဲ့ သမီးနှင့် ချွေးမများကိုသာ လယ်ထဲတွင် အလုပ်လုပ်ဖို့ စေခိုင်းကြသည်။ လီချွမ်းကျင်ရဲ့ မိသားစုကလည်း ဝူကွေ့ဟွာတို့ မိသားစုတွင် သားယောက်ျားလေး မရှိသည့်အတွက် အထင်သေးကြသည်။
သူတို့မိသားစု နှစ်စုကြားရှိ ပဋိပက္ခမှာ ပိုပိုပြီး ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် အတော်လေးကို တရားလွန်လာခဲ့ကြသည်။
ထို့ကြောင့် အခုချိန်တွင် ဝူကွေ့ဟွာနှင့် လီချွမ်းကျင်တို့ နှစ်ယောက်လုံးမှာ ကလေးများ ရှိကြသော်လည်း တစ်ယောက်ကို တစ်ယောက် အမြင်မကြည်ကြဆဲ ဖြစ်သည်။
ဝူကွေ့ဟွာက မေးခဲ့သည်။ “ လီချွမ်းကျင်က သမီးရဲ့ အိမ်ကို မိန်းမတစ်ယောက် ခေါ်လာတာကို တွေ့လိုက်တယ်။ သမီးတို့က အောင်သွယ်တော် ငှားဖို့အတွက် စီစဥ်နေကြတာလား။”
ဝူကွေ့ဟွာသည် ဘာကိုမှ မတွေးခဲ့ပါ။ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ဝမ့်လင်းလင်းသည် အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်ပြီး လီချွမ်းကျင်သည် ရှုမိသားစုနှင့် ပြောပြီးသားဖြစ်ကာ ဝမ့်လင်းလင်းနှင့် ရှုရွှမ်းကို နေရာချထားဖို့အတွက် စီစဥ်နေခဲ့သည်။
ထိုအကြောင်းကို တွေးလိုက်တိုင်း ဝူကွေ့ဟွာသည် အနည်းငယ် ဝမ်းနည်းနေရဆဲ ဖြစ်သည်။
“သမီးအစ်မ မင်္ဂလာဆောင်က လာတော့မှာမလား။”
ဝမ့်ရင်းသည့် ရှက်ပြုံးလေး ပြုံးလိုက်သည်။ “ဟင့်အင်း၊ ဒီနေ့က သမီးအစ်မရဲ့ မွေးနေ့ပါ။”
ဝူကွေ့ဟွာသည် အပေါ်ယံတွင် ပျော်နေခဲ့သော်လည်း သူမသည် သိချင်နေဆဲ ဖြစ်သည်။ “သမီးတို့အိမ်ကို လာတာကရော ဘယ်သူလဲ။ သူ့ကြည့်ရတာ သမီးတို့ အဖွဲ့က လူတော့ မဟုတ်ဘူးနော်။”
ဝမ့်ရင်းလည်း မသိခဲ့ပါ။ သူမသည် ဝူကွေ့ဟွာနှင့် စကားအနည်းငယ် ပြောပြီးနောက် အိမ်သို့ သုတ်ခြေတင် ပြန်လာခဲ့သည်။
ထိုလူက ဘယ်သူလဲဆိုတာကို သူမ မသိချင်သော်လည်း ကြက်တစ်ခြမ်းကိုတော့ စိတ်ထဲတွင် စွဲလမ်းနေခဲ့သည်။
ဝမ့်ရင်းသည် အိမ်ကိုရောက်ကာ အထဲသို့ဝင်ပြီးနောက် အထုတ်ကို ချလိုက်သည့်အခါ သူမကို မသမာစွာ ကြည့်နေသည့် ပါးရေတွန့်နေပြီး နှုတ်ခမ်းပါးလေး ရှိသော အမျိုးသမီးကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။
ဝမ့်ရင်းက စိတ်ရှုပ်သွားချိန်တွင် လီချွမ်းကျင်သည် တစ်နေရာရာမှ ပေါ်လာကာ ဝမ့်ရင်းကို အားနာသော အပြုံးလေးဖြင့် နှုတ်ဆက်ပေးခဲ့သည်။ “စန်းယာက ပြန်လာပြီပဲ။ ကြက်သားကလည်း ချက်ပြီးသွားပြီ။ ပြီးတော့ နင်လည်း ခနနေ လာစားလို့ရပြီ။”
သူမသည် ထိုစကားကို ပြောပြီးနောက် ထိုအမျိုးသမီးကြီးကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
မျက်မှောင်ကြုတ်ထားသော ထိုအမျိုးသမီးကြီး၏ မျက်နှာမှာ အတော်လေးကို မလိုလားသည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်။ သူမသည် အတွင်းအခန်းထဲသို့ မဝင်ခင် လီချွမ်းကျင်ကို တွန်းထုတ်ခဲ့သည်။ “ဘာတွေ မှားနေတာလဲဆိုတာ ငါကြည့်ကြည့်ဦးမယ်။ နင်က ဒါကို သဘောမတူလို့လား။”
လီချွမ်းကျင်သည် စိုးရိမ်တကြီးနှင့် ရမ်းရှန့်ကို သူမ အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ တံခါးကို လုံအောင် ပိတ်ပြီးသည့်တိုင်အောင် သူမသည် မသက်မသာဖြစ်ကာ ပြတင်းပေါက်ကို လျှို့ဝှက်စွာ ကြည့်နေခဲ့ကာ ဝမ့်ရင်းက တစ်ခုခု ကြားသွားမှာကို ကြောက်နေခဲ့သည်။
အမျိုးသမီးကြီးသည် အေးတိအေးစက်နှင့် လှောင်ခဲ့သည်။ “ဒါက အရေးကြီးလို့လား။ လူတွေက အရွယ်ရောက်ရင် အိမ်ထောင်ပြုရမှာပဲလေ။ ငါတို့ရဲ့ တတိယသားက အရမ်း ရည်မှန်းချက်ကြီးတော့ ဆင်းရဲတဲ့ မိသားစုက သမီးနဲ့ ပိုပြီး သင့်တော်တယ်။ သူမက ဘယ်လိုလုပ် မလိုချင်ပဲ နေပါ့မလဲ။ အို့၊ စောနကလို အစောတလျင် ပြုမူနေတာက နင့်ရဲ့အမှားပဲ။ ဒီကောင်မလေးက ယောက်ျားလေး တစ်ယောက်အတွက် သင့်တော်လားဆိုတာကို ငါက သေချာတောင် မကြည့်လိုက်ရဘူး။ မဟုတ်သေးပါဘူး။ ငါ အပြင်ထွက်ပြီး ထပ်သွားကြည့်လိုက်ဦးမယ်။”
လီချွမ်းကျင်သည် ကမန်းကတန်း စိတ်ဆိုးသည့် လေသံဖြင့် ပြောလိုက်သည်။ “သူမက တကယ်ကို ကြည့်ကောင်းတဲ့ သူပါ။ ဒါကို ကျွန်မ အာမခံပါတယ်။”
နောက်ဆုံးတွင် အမျိုးသမီးကြီးလည်း စိတ်လျှော့ကာ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်သည်။ သူမသည် တစ်ခုခုကို သတိရသွားသလို ပြောလိုက်သည်။ “ယောက်ျားလေး တစ်ယောက်အတွက် သင့်တော်လား မသင့်တော်ဘူးလား ဆိုတာက ကိစ္စမရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရဲ့ တတိယသားမှာက သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။ ရှင့်ကို ပြောရဦးမယ်။ တပ်မဟာ တစ်ခုလုံးကို လိုက်ရှာကြည့်ရင်တောင် ဘယ်သူကများ ငါတို့လို အခြေအနေကောင်းမျိုး ရှိနိုင်လို့လဲ။ တတိယသားက တပ်မဟာထဲမှာ တပ်စုခေါင်းဆောင်ဆိုတဲ့ အလုပ်ကိုတော့ ပြောပြဖို့ မလိုလောက်တော့ဘူး။ အဲ့ဒါက ဘာလဲဆိုတာ သိတယ်မလား။ တပ်စုခေါင်းဆောင်လေ။”
“ရှင့်တူမသာ အထက်တန်းကျောင်းက ဘွဲ့မရသေးရင် ကျွန်မက သူ့ကို လာတွေ့မှာ မဟုတ်ဘူး။ သူမက မိဘမဲ့ တစ်ယောက်ပဲလေ။ အဲ့တော့ သူက မင်္ဂလာ ရှိတဲ့သူလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ကျွန်မ ရှင့်ကိုပြောမယ်။ ရှင်ကျွန်မကို အဲ့ကောင်မလေးရဲ့ မွေးရက်တွေ၊ ဇာတာခွင်တွေ ဒီနေ့ပဲ ပေးလိုက်ပါ။ အဲ့ဒါမှ ကျွန်မက ဇာတာခွင်တွေ တွက်ဖို့ သွားမေးလို့ ရမှာ။ ကျွန်မသားရဲ့ အနာဂတ်ကို ဖျက်စီးမယ့် သူကိုတော့ လက်မထပ်ခိုင်းပါဘူး။…”