← Chapters

အခန်း (၁၆)

Vol. 1 Ch. 16

အခန်း (၁၆)

Vol. 1 Ch. 16

လီချွမ်းကျင်သည် စိတ်ရှည်ရှည်ဖြင့် နားထောင်ခဲ့ပြီး ပြန်ပြောခဲ့သည်။ “ဒါက ပြောရတာ လွယ်ပါတယ်။ ကျွန်မ တူမလေးရဲ့ ဘဝက သနားစရာလေးပါ။ ကျွန်မနဲ့ သူ့ဦးလေးက သူမအတွက် မိသားစုကောင်း တစ်ခုကို ရှာပေးချင်တာ။ လိုက်ကြည့်ပြီးတာတောင် အစ်မတို့ ကျောက်မိသားစုက အသင့်တော်ဆုံး ဆိုတာကို သိခဲ့ရတာပါ။ အဲ့ဒါကြောင့် ကျွန်မတို့က အစ်မတို့နဲ့ စကားပြောဖို့ ဆန္ဒရှိနေကြတာပါ။”

ထိုကဲ့သို့သော မြှောက်ပင့် ပြောဆိုသည့် နေရာတွင် လီချွမ်းကျင်က မတော်ဘူးဆိုတာ သိသာနေခဲ့သည်။ သူမသည် ဝမ့်ယုံရွှင်းက သင်ပေးသည့်အတိုင်း ကမောက်ကမနှင့် ပြီးအောင် ပြောသွားခဲ့သည်။ အမျိုးသမီးကြီး၏ မျက်နှာရှိ ချေမိုးနေသော ပုံစံကို မြင်ရသည့်အခါ သူမအတွက် ပိုပြီး အဆင်မပြေဘူးဟုတောင် ခံစားခဲ့ရသည်။

“ကျွန်မတို့ဘက်က ဘာမှထပ်ပြီး တောင်းဆိုစရာတော့ မရှိပါဘူး။ ကျွန်မတို့က ချမ်းသာတဲ့ မိသားစုကလည်း မဟုတ်ပါဘူး။ ကျွန်မတို့က စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်တွေ အတွက်လည်း ပုံမှန် လုပ်ရိုး လုပ်စဥ်အတိုင်းပဲ လုပ်သွားမှာပါ။”

လီချွမ်းကျင်သည် ထိုအခြေနေကောင်းကို အမြတ်ထုတ်ကာ သူမရဲ့ အကြံအစည်ကိုပါ ထပ်ပြီး ပေါင်းလိုက်သည်။ “ကျွန်မတို့ မိသားစုထဲမှာ ဒီတစ်ယောက်ပဲ အထက်ကျောင်းကနေ ဘွဲ့ရခဲ့တာပါ။ သူမက နည်းနည်းလေး ပိန်တယ်ဆိုပေမယ့် လယ်ထဲမှာ အလုပ်လုပ်တာတွေ၊ မိသားစုကို စောင့်ရှောက်တဲ့ နေရာမှာတော့ တော်ပါတယ်။ ကံကောင်းတဲ့နံပါတ် ၈၈ကို စေ့စပ် လက်ဆောင်အနေနဲ့ ပေးပါရစေ။ ခန်းဝင် ပစ္စည်းအတွက် ကျွန်မတို့ဘက်က အိပ်ရာခင်း အသစ်ကို လက်ဖွဲ့ပါ့မယ်။”

လီချွမ်းကျင်၏ နှလုံးသားထဲတွင် နာကျင်နေခဲ့သည်။ သူမသည် ထို ဂွမ်းစောင် အိပ်ရာခင်းကောင်း တစ်ခုကို အချိန်အကြာကြီး စုကာ လုပ်ထားခဲ့ခြင်း ဖြစ်သည်။ အိပ်ရာခင်း တစ်ခုလုံးသည် အခြားသော အိပ်ရာခင်းနှင့် မတူဘဲ အစိတ်အပိုင်းများစွာ သို့မဟုတ် အဝတ် အပိုင်းများစွာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဒီလို ကောင်းတဲ့ အိပ်ရာခင်းကြီးကို ဝမ့်ရင်းအား ခန်းဝင် လက်ဆောင်အဖြစ် ပေးရတော့မည် ဖြစ်သည်။

ထိုအရာက သူမအတွက် အတော်လေးကို နာကျင်ရသည်။

အမျိုးသမီးကြီးသည် အံ့ဩသွားခဲ့သည်။ “၈၈လား။ ဘာလို့ ရှင်က ဓားပြ ထွက်မတိုက်တာလဲ။ ဘယ်သူက ဒီလောက်များတဲ့ ပမာဏကို ပေးဖို့ ပြောနိုင်တာလဲ။ ကျွန်မ မသိဘူးလို့ ထင်နေတာလား။ ကျွန်မမှာလည်း သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်။ ၂၀က ကျွန်မ အများဆုံး ပေးနိုင်တဲ့အရာပဲ။ ကျေးဇူး မသိတတ်တာမျိုး လာမလုပ်နဲ့။ ကျွန်မ ယောက်ျားကလည်း တပ်စုခေါင်းဆောင်ပဲ။ ကျွန်မ ရှင့်ကို ပြောပြမယ်။ ကျွန်မရဲ့ သားငယ်လေးက မြို့က ဘယ်မိန်းကလေးနဲ့မဆို ထိုက်တန်တယ်။ အဲ့ဒါအပြင် မြို့ပေါ်က မိန်းကလေးတွေ ခန်းဝင်ပစ္စည်း သုံးမျိုးလောက် ပေးနိုင်တယ်။”

လီချွမ်းကျင်သည် သူမရဲ့စိတ်ထဲတွင် ကျိန်ဆဲနေခဲ့သည်။ ဒါဆိုလည်း ရှင်တို့မိသားစုလည်း မြို့က ကောင်မလေးကို သွားရှာလိုက်လေ။

ထို့အပြင် သူသည် ဒုတိယအကြိမ် လက်ထပ်တော့မည် စစ်သားတစ်ယောက်သာ ဖြစ်သည်။

သူတို့မိသားစုကသာ ကောင်းနေတယ်ဆိုရင် ဘယ်သူကများ ဒီလိုကောင်မလေးကို မိထွေးအဖြစ် လိုချင်မှာတဲ့လဲ။

သို့သော် လီချွမ်းကျင်သည် ထိုစကားကို ထုတ်မပြောခဲ့ပါ။ သူမသည် ဝမ့်ယုံရွှင်းရဲ့ ဝေဖန်မှုကို အတော်လေး ခံခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် အခုချိန်တွင် အရေးအကြီးဆုံး အရာမှာ ဝမ့်ရင်းကို အိမ်ထောင်ပြုပေးရန် ဖြစ်ပြီး ထိုမိသားစု အရှုပ်များကို ရှင်းထုတ်ပစ်ရန် ဖြစ်သည်။

သို့သော် လီချွမ်းကျင်သည် သူမရဲ့ဒေါသကို မမျိုသိပ်နိုင်ခဲ့ပါ။ အရင်တုန်းက လူတစ်ယောက်ကို ဒေါ်လာများစွာဖြင့် ရောင်းပစ်နိုင်သော်လည်း ဝမ့်ရင်းက ယွမ် ၂၀ လောက်သာ တန်သည်။

ဒါက တကယ် ငွေကို အရှုံးပေါ်အောင် လုပ်တာပဲ။

တစ်ဖက်တွင်ရှိသော မစ္စကျောက်သည် တတွတ်တွတ် ပြောနေဆဲ ဖြစ်သည်။ “ရှင့်တူမရဲ့ အောင်လက်မှတ်တွေကို ပေးလိုက်။ သူမက ကျွန်မရဲ့ အငယ်ဆုံးသားကို ရှာနိုင်တယ်ဆိုတာက ကံကောင်းမှု တစ်ခုပဲ။ သူက လုပ်နိုင်စွမ်း ရှိရုံတင်မကဘူး တပ်မဟာထဲမှာလည်း အနာဂတ်ကောင်း တစ်ခုရှိတယ်။ နောက်ပိုင်းကျရင် သူက အဖွဲ့ရဲ့ အုပ်ချုပ်သူတွေ၊ တပ်ဖွဲ့မှူးတွေများ ဖြစ်လာနိုင်မလားဆိုတာကို ဘယ်သူက သိမှာလဲ။”

“တကယ်လို့ ဒါက ကျွန်မတို့ တတိယသားအတွက် ကံမကောင်းတဲ့ မိန်းမတစ်ယောက်သာဆိုရင် သူက သိပ်မကြာခင်မှာပဲ သေသွားရလိမ့်မယ်။ ကျွန်မတို့ မိသားစုက ဒီလို မိသားစုမရှိတဲ့ သူမျိုးကို သဘောမကျဘူး။”

လီချွမ်းကျင်သည် အံကိုကြိတ်ကာ ပြောခဲ့သည်။ “ယွမ် ၃၀။ တကယ်လို့ အစ်မတို့ဘက်ကသာ ယွမ် ၃၀ ပေးမယ်ဆိုရင် ကျွန်မတို့နဲ့ ထပ်ပြီး ဘာပြဿနာမှ ရှိမှာ မဟုတ်တော့ဘူး။ ရှင်က မမြတ်ဘူးလို့တော့ တွေးမနေပါနဲ့။ ကျွန်မတို့ မိသားစုရဲ့ အခြေနေကိုလည်း ထည့်တွက်ပါဦး။ တကယ်လို့ ဒီကောင်မလေးက ရှင့်သားကို ယူလိုက်ရင် သေချာပေါက် သူမက အိမ်မှာရှိတဲ့ ကလေးနှစ်ယောက်လုံးကို ရင်ထဲကပါ ဂရုစိုက်ပေးလိမ့်မယ်။ ပြီးတော့ ရက်နည်းနည်းလောက် ရောက်တိုင်းလည်း ကျွန်မတို့က သူ့ကို အိမ်ပြန်လာဖို့ ပြောမှာ မဟုတ်ဘူး။ ရှင်တို့က မိန်းမတစ်ယောက်ကို ယွမ် ၃၀နဲ့ ရနိုင်နေတာပဲ။ အဲ့ဒါက လုံးဝ အရှုံးမရှိဘူးနော်။”

အမျိုးသမီးကြီး မစ္စကျောက်သည် ငြီးတွားနေခဲ့ပြီး အရမ်းကြီး ဆန္ဒရှိမနေခဲ့ပါ။

ဒါပေမယ့် ကျွန်မရဲ့ တတိယသားပြောတာကို ကြားဖူးသည်။ သူနဲ့က အနေဝေးတယ် ဆိုပေမယ့် ကလေးနှစ်ယောက် ကောင်းဖို့အတွက် ပညာရှိတဲ့ မိန်းမမျိုးကို ရှာချင်တယ်ဆိုပြီး ပြောတဲ့စာကို သူမဆီ ပို့ပေးထားသည်။

အမျိုးသမီးကြီး မစ္စကျောက်သည် နားမလည်ခဲ့ပါ။ အဲ့လောက် စာတွေအများကြီး လေ့လာခဲ့တဲ့သူကို ညံ့တဲ့ ကိုးတန်း ကျောင်းသားတွေလို့ သတ်မှတ်ထားတာလား။ စာတွေအများကြီး လေ့လာတာက ဘာမှားလို့လဲ။ သူတို့က မိန်းကလေးတွေပဲလေ။

သို့သော် မစ္စကျောက်သည် သူမရဲ့ တတိယသားက တစ်ကမ္ဘာလုံးကို မြင်ဖူးပြီး သူမထက်လည်း ပိုသိတယ် ဆိုတာကို သိရှိပြီးသား ဖြစ်သည်။ ကလေးတွေကို စာဖတ်တတ်တဲ့သူက သင်ပေးမှသာ ကလေးတွေက စာကို ကောင်းကောင်း ဖတ်နိုင်မည်ဟူသည့် သူပြောခဲ့သည့် စကားက သေချာပေါက် အမှန်ပင် ဖြစ်သည်။

“ဟုတ်ပြီလေ။ သုံးဆယ်ဆိုတော့လည်း သုံးဆယ်ပေါ့။”

အမျိုးသမီးကြီး မစ္စကျောက်သည် မကြာခင် သူ့သားက ပြန်လာတော့မည်ကို တွေးနေခဲ့သည်။ အိမ်မှာရှိသော သူမရဲ့ ချွေးမများက ပြဿနာများစွာ ရှာထားကြပြီး မြေးတွေဟာလည်း အများကြီး ရှိနေခဲ့သည်။ ထို့ကြောင့် ထိုအရာများသည် အမေမရှိသည့် ကလေးနှစ်ယောက်အတွက် အဆင်ပြေသည့် အရာများ မဟုတ်ခဲ့ပါ။

'ဒါဆို ဒီတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ သူမသား ပြန်လာရင် အဲ့ဒါကို သူမက လုပ်လိုက်မယ်။ ဒီကလေး နှစ်ယောက်ကို ဂရုစိုက်ပေးမယ့် လူတစ်ယောက်ကို မြန်မြန် လက်ထပ်ဖို့ဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ '

ရုတ်တရက်ဆိုသလို မစ္စကျောက်က တစ်ခုခုကို တွေးမိသွားပုံရပါ လေးလေးနက်နက်ဖြင့် ပြောခဲ့သည်။ “ကျွန်မ ရှင့်ကို သေချာ ပြောပြရမယ့် အရာတစ်ခု ရှိနေသေးတယ်။ အဲ့ဒါကို ကျွန်မရဲ့အဖိုးကြီးနဲ့လည်း ပြောပြီးသွားပြီ။ ကျွန်မတို့ မိသားစုမှာက စည်းမျဥ်းတွေ ရှိတယ်။ တတိယသားရဲ့ မိန်းမကို ကျွန်မတို့ ဘိုးဘေးတွေရဲ့ အုပ်ဂူမှာ မြှုပ်နှံထားတယ်။ အဲ့တော့ နောက်ထပ် ရောက်လာတဲ့သူက နောက်ပိုင်းကျရင် ကျွန်မတို့နဲ့ တစ်ဂူထဲမှာ မြှုပ်နှံလို့ မရတော့ဘူး။”

အမျိုးသမီးကြီး မစ္စကျောက်သည် တစ်ခုခုကို ထပ်ပြီး သေချာပြောသွားခဲ့သည်။ “တကယ်လို့ ရှင့်တူမကသာ သားတစ်ယောက် မွေးပေးနိုင်မယ်ဆိုရင်တော့ ကျွန်မတို့က ဘိုးဘေးတွေရဲ့ အုပ်ဂူဘေးမှာ သူမတွက် နေရာတစ်ခု ထားပေးမှာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကျွန်မတို့ကို လာပြီး အပြစ်တင်လို့ မရဘူးနော်။”

လီချွမ်းကျင်သည် စိတ်မဝင်စားစွာ ပြန်ပြောခဲ့သည်။ “ဒါက အဆင်ပြေပါတယ်။”

လီချွမ်းကျင်သည် ထိုအမျိုးသမီးကြီးက တကယ်ကို စပ်စုတယ်ဟု ခံစားရပြီး နောက်မျိုးဆက်တွေအတွက် အုပ်ဂူနေရာတွေကိုပါ သတ်မှတ်ပေးနေခဲ့သည်။ ဒါတွေကို လုပ်နေတာက သူမမှာ ဘာမှ လုပ်စရာ မရှိလို့များလား။

ဒီအချိန်မှာ သူမကို ပြောပြနေစရာ မလိုပေမယ့် ငါကတော့ ဒီမှာ ရှိမနေသင့်တော့ဘူး။

ဒါကို ခနထားပြီး အချိန်ကျမှာသာ အဲ့ကိစ္စကို ပြောကြတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လက်ထပ်လိုက်တဲ့ အမျိုးသမီးမျိုးက ဝမ့်မိသားစုရဲ့ ဘိုးဘေးတွေ အုပ်ဂူမှာ မြှုပ်လို့မရနိုင်ဘူး။ ဝမ့်ရင်းကို ဘယ်နေရာမှာ မြှုပ်မလဲဆိုတာကိုတော့ လီချွမ်းကျင်က မတွေးချင်သေးပါ။

လီချွမ်းကျင်က ချက်ချင်းပဲ လက်ခံလိုက်သည်ကို တွေ့လိုက်ရသည့်အတွက် မစ္စကျောက်သည် တော်တော်လေး စိတ်ကျေနပ်သွားခဲ့သည်။

ဘိုးဘေးအုပ်ဂူအတွက် မစ္စကျောက်သည် သူမရဲ့ အရင် ချွေးမကို တကယ် သဘောမကျခဲ့ပါ။ သို့သော် မစ္စကျောက်သည် သူမရဲ့ သားသမီးများအတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဝမ့်ရင်းရဲ့ မိဘများသည် ဆုံးပါးသွားခဲ့ပြီ ဖြစ်ပြီး သူမကို ဘိုးဘေး အုပ်ဂူတွင် ကံမကောင်း အကြောင်းမလှစွာ မြှုပ်နှံရမည်ကို ခံစားခဲ့ရသည်။ ထိုအကြောင်းသည် သူတို့ရဲ့ ဖုန်းရွှေ့ မိသားစုအပေါ်လည်း သက်ရောက်နိုင်သည်။

လက်ထပ်ဖို့ကိစ္စကို အချောသတ်ပြီးနောက် မစ္စကျောက်က ပြောခဲ့သည်။ “ကျွန်မ မနက်ဖြန်ကျရင် ပထမဆုံး ကလေးနှစ်ယောက်ကို တွေ့ဖို့အတွက် ခေါ်လာခဲ့မယ်။ တတိယသားက နောက်ရက် အနည်းငယ်ကျရင် ပြန်လာလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်မတို့ ဆုံးဖြတ်ပြီးတာနဲ့ သိပ်မကြာခင် လက်ထပ်ပေးလို့ ရသွားလိမ့်မယ်။”

လီချွမ်းကျင်သည် ခေါင်းငြိမ့်ပြီး သဘောတူခဲ့သည်။ “ကောင်းပါပြီ။”

ဆွေးနွေးပြီးနောက်တွင် လီချွမ်းကျင်သည် အတော်လေး သတိထားကာ ထိုအမျိုးသမီးကို တံခါးနားသို့ လိုက်ပို့ပေးခဲ့သည်။

တစ်ဖက်က နံရံနားမှာ ရပ်နေသည့် ဝမ့်ရင်းသည် အေးနေခဲ့ပြီး သူမရဲ့ မျက်နှာပေါ်တွင်လည်း ခပ်ပြတ်ပြတ် မျက်နှာထားမျိုး ရှိနေခဲ့သည်။

လီချွမ်းကျင်သည် တံခါးနှင့် ပြတင်းပေါက်ကို ဂရုတစိုက် ပိတ်ခဲ့သော်လည်း ဝမ့်ရင်းသည် စိတ်ဝိဉာဥ် စမ်းချောင်းကရေဖြင့် ကုသမှု ခံယူပြီး နောက်ပိုင်းတွင် သူမရဲ့ အကြားအာရုံမှာ ပိုပြီး ကောင်းလာခဲ့သည်။ ထို့ကြောင့် ဝမ့်ရင်းသည် နံရံကိုကျော်ပြီး သူမအဒေါ်ရဲ့ အကြံအားလုံးကို ကြားနေခဲ့ရခြင်း ဖြစ်သည်။

လီချွမ်းကျင်သည် ဝမ့်ရင်းကို ယွမ်သုံးဆယ်အတွက် ရောင်းချခဲ့သည်။ သူမသည် တစ်မိသားစုလုံးကို ချမ်းသာအောင် လုပ်ဖို့အတွက် ဆုံးဖြတ်ထားခဲ့သည်။

ဝမ့်ရင်းသည် စိတ်ရှုပ်စွာဖြင့် ခုံကို ကန်လိုက်သည်။ ထိုကဲ့သို့သော မိသားစုထဲကို ရောက်လာရသည်မှာ သူမအတွက် တကယ်ကို ကံမကောင်းခဲ့ပါ။ သူတို့သည် သူမရဲ့ခဲအို ချန်ခဲ့သော သူမကို မိသားစု စားသောက်ဖို့အတွက် မီးပုံထဲ တွန်းချနေသလို ဖြစ်နေခဲ့သည်။

ဝမ့်ရင်းသည် သူမလက်ထဲက ပိုင်ဆိုင်မှုများကို ရေတွက်နေခဲ့သည်။ သူမတွင် အိမ်၊ ပိုက်ဆံနှင့် အာဇာနည် ကလေးငယ်ဆိုကော ဂုဏ်ပုဒ်လည်း ရှိသည်။ တကယ်လို့ သူမသာ မလုပ်ပါက ထိုလက်ထပ်ပွဲလည်း ဖြစ်လာမည် မဟုတ်ပါ။

သို့သော်……

ဝမ့်ရင်းသည် ဝမ့်ယုံရွှင်းကို တွေးနေခဲ့သည်။ ထိုဦးလေးကို ရင်ဆိုင်ဖို့သည် သူမ တွေးထားတာထက် ပိုပြီး ခက်ခဲသည်။

ဒီတစ်ကြိမ် သူမ ငြင်းလိုက်ရင်လည်း သူက နောက်တစ်ခါ ထပ်ပြီးတော့ စီစဥ်ပေးဦးမှာ သေချာသည်။

တစ်ခါ နှစ်ခါဆို အဆင်ပြေပေမယ့် သုံး လေးခါလောက်ဆို သေချာပေါက် အတင်းပြောစရာတွေ ဖြစ်လာလိမ့်မည်။ ငါးခါ ခြောက်ခါ လောက်ဆိုရင်တော့ သူမအပေါ်မှာထားတဲ့ အဖွဲ့ထဲက လူတွေရဲ့ အမြင်တွေ ပြောင်းလဲသွားမှာ စိုးရိမ်မိသည်။ ပြီးတော့ သူမက ဂျီးများပြီး အဆင့်အတန်း မြင့်တယ်လို့လည်း ပြောလာကြမှာ။

အဲ့အချိန်ကျရင် သူမက ဝမ့်ယုံရွှင်း ရွေးပေးသမျှကို လက်ခံရတော့မှာ။

ဝမ့်ရင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်မှာပဲ သူမလုပ်လို့ရသည့် အကောင်းဆုံး အရာမှာ ပြုသမျှ နုနေရာရနေ လက်ဦးမှု ရယူရန် ဖြစ်သည်။

သူမသည် ပထမဆုံး လက်ထပ်ဖို့ သင့်တော်သည့်သူကို ရှာဖွေရမည် ဖြစ်ပြီး သူမဦးလေး၏ မိသားစုကို ထိုလက်ထပ်ပွဲနှင့် ပတ်သက်ပြီး ဘာပြဿနာ တစ်စုံတစ်ရာမှ မရှာနိုင်အောင် လုပ်ဖို့ရန် ဖြစ်သည်။

ဝမ့်ရင်းသည် အရင်ဘဝတုန်းက သေသည်အထိ တစ်ယောက်တည်း ဖြစ်ခဲ့ရပြီး ဒီဘဝမှာတော့ သူမသည် အရွယ်တစ်ခု ရောက်သည့်အခါ သူမကိုယ် သူမအတွက် ခင်ပွန်း တစ်ယောက် ရှာရတော့မည်ကို ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ။

ထိုအကြောင်းကို တွေးပြီးနောက် ဝမ့်ရင်းသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ရွေးချယ်ဖို့အတွက် အဆင့်အတန်း မြင့်မားသည့် ယောက်ျားမျိုး မရှိကြောင်းကို နောင်တများနှင့်သာ ပြောနိုင်တော့သည်။

တပ်မဟာထဲတွင် ဘွဲ့ရရှိသူ အနည်းငယ်သာ ရှိသော်လည်း သူတို့ အားလုံးတို့သည် ပြဿနာများ ရှိရင်ရှိ ဒါမှဟုတ် အတော်လေးကို ဆင်းရဲသော မိသားစုထဲတွင် ရှင်သန်နေကြသူများ ဖြစ်သည်။

ကိုယ့်သားမက်ကို လက်ထပ်ချင်သည့် ထို့ကဲ့သို့သော မိန်းမမျိုးကို ဝမ့်ရင်းသည် ဘယ်သောအခါမှ ရွေးချယ်လိမ့်မည် မဟုတ်ပါ။

အဲ့ဒါအပြင် အတူတူ နေတဲ့အခါကျရင် သူတို့က တစ်ဖက်လူရဲ့ အခြေအနေကို စဥ်းစားဦးမည်။ တွေ့ရာလူကို ဒီတိုင်း ကောက်ပြီး လက်ထပ်လိုက်လို့ မရဘူး။

အဲ့ဘွဲ့ရတဲ့ သူတွေအပြင် ရွယ်တူ အခြား အမျိုးသားများလည်း ရှိသေးသည်။ သို့သော် ဝမ့်ရင်းသည် သူတို့ထဲက ဘယ်သူ့ကိုမှ ခံစားချက်မရှိဘဲ ထိုအခိုက်အတန့်တွင် ဘယ်သူ့ကိုမှလည်း မရွေးချယ်နိုင်ခဲ့ပါ။

အချက်အလက် အားလုံးကို တွက်ချက်ပြီးနောက် ပညာတတ်သည့် လူငယ်များကို ရွေးချယ်ဖို့ကသာ အကောင်းဆုံး ဖြစ်လာခဲ့သည်။

ဝမ့်ရင်းသည် ထိုအရာကို လွန်ခဲ့သော ဆယ်နှစ်ပတ်လုံး တွေးနေခဲ့သည်။ ပညာတတ် လူငယ်များသည် မြို့ကို ပြန်မသွားနိုင်ခဲ့ကြပါ။ ထို့အပြင် သူမသည် အခြေကျသော မိသားစု ပတ်ဝန်းကျင်တစ်ခုကိုလည်း လိုအပ်နေခဲ့သည်။

ကောလိပ်ကျောင်း ဝင်ခွင့်စာမေးပွဲ ပြန်စတဲ့ အချိန်ကျရင် အချို့ သူတွေက မြို့ကို ပြန်လာကြတာပဲလေ။ အနည်းဆုံးတော့ သူမက အေးချမ်းတဲ့ ဘဝတစ်ခုမှာ နှစ်တွေအကြာကြီး နေနိုင်သည်။

ကောလိပ်ကျောင်း ဝင်ခွင့် စာမေးပွဲ ပြီးသွားတဲ့အချိန်ကျရင် ပတ်ဝန်းကျင်က အချိန်တိုအတွင်းမှာ ပိုပြီး ပွင့်ပွင့်လင်းလင်း လာလိမ့်မည်။ အဲ့ကျရင် သူမလည်း လုပ်ချင်တဲ့ အရာတိုင်းကို လုပ်လို့ရပြီပင်။

ထိုကိစ္စကို တွက်ချက်ပြီးနောက် ဝမ့်ရင်း၏ စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့သည်။

ထိုအခိုက်အတန့်တွင် လီချွမ်းကျင်၏ အသံမှာ အပြင်မှ ထွက်လာခဲ့သည်။ “စန်းယာ၊ စန်းယာ။ ညစာ လာစားတော့။”

ဦးလေးဝမ့်ယုံရွှင်းသည် ပြန်လာပြီး သူ့မျက်နှာမှာလည်း ပြုံးနေကာ ထမင်းစားပွဲဝိုင်းတွင် ထိုင်နေခဲ့သည်။ စားပွဲပေါ်တွင် မွှေးကြိုင် သင်းပျံ့နေသော ကြက်သားဟင်းအိုးကြီး ရှိနေခဲ့သည်။

ဝမ့်ရင်းကို ဖယ်ထုတ်နိုင်မည့် အခွင့်အရေးကို တွေ့လာလေလေ၊ လီချွမ်းကျင်ကလည်း ပိုပြီး ကြင်နာလာလေလေ ဖြစ်နေခဲ့သည်။

“လာပြီး မြည်းကြည့်ဦး။ ဒါက ဒီတိုင်း လေနဲ့ အခြောက်ခံထားတဲ့ ကြက်သားတုံးလေးတွေပဲ။ ကြည့်ရတာ အရသာ ရှိမယ့်ပုံပဲ။”

ဝမ့်လင်းလင်းက ကြက်သား သွားလဲရန် ရှုမိသားစုတို့ဆီ သွားသည့်အခါတုန်းက သူမသည် အခြောက်ခံထားသော ကြက်သားတုံးများကိုသာ ရလာနိုင်ခဲ့သည်။ ရှုရွှမ်းသည် စားဖိုမှူး တစ်ယောက်ဖြစ်ပြီး သူမရဲ့ ချဥ်ဖက်နှင့် အခြောက်ခံထားသော အရာများသည် အခြားသော မိသားစုများ လာရောက် လဲလှယ်သည့် အရာများထက် ပိုကောင်းသည်။ ဥပမာအနေဖြင့် သူမရဲ့ အရှေ့မှာ ရှိနေသည့် ကြက်သားတုံးကို ယူလိုက်ပြီ ဆိုပါစို့။ ကြက်သားကို မွလိုက်ပြီး ဆားနှင့် အမှုန့်ဖြစ်အောင် ခြေထားသည့် အခြားသော အရသာများဖြင့် တစ်ထပ် အုပ်ထားခဲ့သည်။ ညီညီညာညာ ဖြူးပြီးနောက် ထိုကြက်သားကို လေနှင့် အခြောက်ခံထားသည်။ အလယ်တွင်လည်း နှစ်လောက် အရသာ ဖြူးပေးရသည်။ တရုတ် နှစ်သစ်ကူးပွဲအတွင်း ထိုကြက်သားကို သကြားလေး နည်းနည်းပါ ထပ်ပြီး ဖြူးပေးရသေးသည်။

ထိုလုပ်ရိုးလုပ်စဥ်များ လုပ်ပြီးသွားသည့်နောက်တွင် ကြက်သားမှာ တင်းတင်းလေး ဖြစ်သွားကာ သူ့ရဲ့ အနံ့ကိုလည်း အဝေးကြီးကတောင် ရနိုင်သည်။

လီချွမ်းကျင်၏ ဟင်းချက်လက်ရာမှာ ကောင်းတယ်လည်းမဟုတ် ဆိုးတယ်လည်း မဟုတ်ခဲ့ပါ။ သူမသည် ကြက်သားများကို အိုးထဲသို့ ထည့်ပြီးနောက် ဂေါ်ဖီနှင့် အာလူးတို့ကို ထည့်လိုက်သည်။ ထိုဟင်းလျာမှာ မွေးကြိုင် သင်းပျံ့နေသော ဟင်းကြီးတစ်ခွက် ဖြစ်လာခဲ့သည်။ တကယ်လို့ နင်တို့ ဒါကို စားလို့ မကုန်ဘူးဆိုရင် မနက်ဖြန်ကျရင် အသီးအရွက်တွေ ထပ်ထည့်ပြီး စားလို့ရတယ်။ ဒီလို အသားအရသာ ဟင်းမျိုးက လေးငါးရက်လောက် ဆက်တိုက် စားလို့ရသည်။

ဝမ့်လင်းလင်းသည် စားပွဲပေါ်တွင် ထိုင်နေရင်း စိတ်မပါ လက်မပါနှင့် စားနေခဲ့သည်။

သူမသည် အရင်ဘဝတုန်းက အရသာရှိသည့် အရာများစွာကို စားခဲ့ရပြီး အထူးသဖြင့် သူမကို ဘယ်တော့မှ ပစ်မထားခဲ့သည့် ရှုရွှမ်းရဲ့ လက်ရာများ ဖြစ်သည်။ ထို့ကြောင့် အခုချိန်တွင် သူမသည် အစားအသောက်နှင့် ပတ်သက်ပြီး အမြဲတမ်း ဂျီးများလေ့ရှိသည်။

All Chapters