← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ဝမ့်လင်းလင်းသည် မျက်ရည်များကို သုတ်လိုက်ကာ ဆုံးဖြတ်ချက် ချပြီးသည့်ပုံ ဖြစ်နေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် သမီးက ကျောက်ကျွင်းကိုပဲ လက်ထပ်ချင်တယ်။ ရှုရွှမ်းကို မယူချင်ဘူး။”

ဝမ့်ယုံရွှင်းသည် ဒေါသထွက်သွားခဲ့သည်။ ထိုကောင်မလေးက ပျင်းပြီး အစားမက်သည်။ ရှုရွှမ်းကို လက်ထပ်လိုက်ခြင်းသည် မိသားစုအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု တွေးနေခဲ့သည်။ လီချွမ်းကျင်သည် သူမကို ချော့ပြောချင်နေခဲ့သည်။ လီချွမ်းကျင်က သူမကို ဒီလို မနာခံတတ်တဲ့ လူမျိုးဖြစ်အောင် အလိုလိုက်လိမ့်မည်ဟု ဘယ်သူကများ သိခဲ့ပါ့မလဲ။

ဝမ့်ယုံရွှင်းသည် မက်တပ်ထရပ်လိုက်ကာ ဝမ့်လင်းလင်းကို ပါးရိုက်လိုက်သည်။ “နင်က အိပ်မက် မက်နေတာပဲ။”

လီချွမ်းကျင်သည် မျက်ရည်များ ကျလာခဲ့သည်။ “သမီးရယ် ဘာလို့ အမေ့စကားကို နားမထောင်ရတာလဲ။ ရှုရွှမ်းရဲ့ အခြေအနေက အရမ်းကောင်းတယ်လေ။ သမီးက ဘာလို့ သူများ မရွေးတာကိုမှ ရွေးနေရတာလဲ။”

ဝမ့်လင်းလင်း၏ ပါးမှာ ရိုက်ခံလိုက်ရသောကြောင့် ရောင်ယမ်းနေခဲ့သည်။ သို့သော် သူမသည် လက်မခံဘဲ ပြောနေဆဲ ဖြစ်သည်။ “အမေတို့ ဘာသိလို့လဲ။ ရှုရွှမ်းက အရှုံးသမား တစ်ယောက်ပဲ။ ဘယ်သူပဲ သူ့ကို ယူယူ ကံဆိုးမှာပဲ။”

….

ငြင်းခုံနေကြသည့် အကြောင်းအရာများကို နားထောင်နေသည့် ဝမ့်ရင်းက နောက်ဆုံးတွင် ဝမ့်လင်းလင်း ဘာကြောင့် ဒီလို ထူးဆန်းနေရလဲဆိုတာကို နားလည်သွားခဲ့သည်။

ဝမ့်လင်းလင်းသည် အတော်လေး ခေါင်းမာပြီး ကျောက်ကျွင်းမှာ အနာဂတ်ကောင်း ရှိသည်ဟု သေသေချာချာ ပြောနေခဲ့ပြီး ရှုရွှမ်းက အရှုံးသမား တစ်ယောက်ဟုသာ စွပ်စွဲ ပြောဆိုနေခဲ့သည်။ ဝမ့်ရင်းသည် ဝမ့်လင်းလင်း ဟိုတစ်လောက လုပ်ခဲ့သည့် အကြောင်းအရာကို တွေးလိုက်ပြီး အဖြေကိုလည်း ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။

သူမရဲ့ ဝမ်းကွဲအစ်မကလည်း သေချာပေါက် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဝမ့်ရင်း ခေါင်းခါလိုက်မိသည်။

သူမ ဝမ်းကွဲအစ်မ၏ အတိတ်ဘဝသည် ဘယ်လောက်ထိ မပျော်ခဲ့ရလဲဆိုတာကို သူမ မသိခဲ့သော်လည်း ဝမ့်လင်းလင်း အတိတ်ကို ပြန်လာပြီး ပထမဆုံး လုပ်ခဲ့သည့် အရာမှာ အမျိုးသားချင်း လဲဖို့ဖြစ်သည်ကိုတော့ သူမ သိရှိခဲ့သည်။ ထိုကိစ္စသည် အရမ်း မကောင်းဘူးဆိုတာ သိသာနေခဲ့သည်။

အဲ့အကြောင်းကို ပြန်ပြီး တွေးကြည့်လိုက်ရင် လီချွမ်းကျင်နဲ့ ဝမ့်ယုံရွှင်းတို့က ကျောက်ကျွင်းကို သူမနဲ့ မိတ်ဆက်ပေးဖို့ အရင်ဆုံး စီစဥ်ထားကြတာ ဖြစ်သည်။

ဝမ့်ရင်းသည် နားလည်သွားခဲ့ပြီး အတိတ်ဘဝအကြောင်းကို ပြန်တွေးနေခဲ့သည်။ မူလပိုင်ရှင်သည် အလားအလာကောင်း ရှိနေသည့် ကျောက်ကျွင်းကို လက်ထပ်လိုက်ပြီး မိထွေးတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူမရဲ့ ဝမ်းကွဲအစ်မက ရှုရွှမ်းကို လက်ထပ်ခဲ့သော်လည်း ဝမ့်လင်းလင်းသည် ကံမကောင်း အကြောင်းမလှဘဲ လူမှားကာ ရွေးချယ်မိခဲ့သည်မှာ သိသာနေခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ်တွင် သူမသည် အလားအလာကောင်းရှိသည့် လူကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်။

ကျွတ် ကျွတ်၊ ဝမ့်ရင်းက ဘာပြောရမလဲတောင် မသိတော့ပေ။ သူမသည် ဘယ်လို ငြင်းဆန်ရမလဲ ဆိုတာကို တွေးနေဆဲ ဖြစ်သော်လည်း ဝမ့်လင်းလင်းက ထိုအရာကို လုပ်ပြီးနောက်တွင် ပုံမှန်အားဖြင့် ထိုကိစ္စများကို ထပ်ပြီး စိတ်ပူရတော့မည် မဟုတ်ပါ။

တကယ်လို့ သူမသာ ပြန်ပြီး မွေးဖွားလာတာဆိုရင် သူမက ယောက်ျားချင်း လဲဖို့အတွက် သေချာပေါက် အကောင်ဆုံး ကြိုးစားလိမ့်မည်။

ဒါက သူမဦးလေး မိသားစုကြားက ပြဿနာပဲလေ။ သူမလုပ်ရမှာက ထိုင်ပြီး စောင့်ကြည့်နေဖို့ပဲ။

သေချာသည်မှာ နောက်တစ်နေ့မနက်တွင် ဝမ့်ယုံရွှင်းက ဝမ့်လင်းလင်းကို အိမ်မှာ အကျယ်ချုပ်ထားခဲ့ပြီး လီချွမ်းကျင်၏ မျက်လုံးနားတွင် အညိုမဲ စွဲနေခဲ့သည်။

ဝမ့်လင်းလင်းသည် အခန်းထဲတွင် ဘာဆူညံသံမှ မလုပ်ခဲ့ပါ။ သူမသည် အခန်းထဲတွင် တိတ်တဆိတ် ထိုင်နေခဲ့ပြီး သူမ ဘာလုပ်နေလဲ ဆိုတာတော့ ဘယ်သူကမှ မသိရပေ။

နှစ်ရက်တာက ဒီတိုင်းပဲ ကုန်ဆုံးသွားခဲ့သည်။ ညနေပိုင်းတွင် ရုတ်တရက်ဆိုသလို တစ်ယောက်ယောက်က ဝမ့်အိမ်သို့ အပြေးရောက်လာပြီး ဝမ့်ယုံရွှင်းကို အော်ခေါ်နေခဲ့သည်။ “ဝမ့်ရွှင်းရေ၊ သွားပြီး ကြည့်လိုက်ဦး။ ရှုမိသားစုမှာ တစ်ခုခုတော့ ဖြစ်နေပြီ။ သူတို့ရဲ့အကြီးဆုံးသားက ဖက်ဆစ် ဆန့်ကျင်ရေး လှုပ်ရှားမှုထဲမှာ ပါဝင်လို့ဆိုပြီး သူတို့တွေကို မြို့အပြင်ကို ပို့လိုက်တယ်လို့ ပြောနေကြတယ်။”

ဝမ့်ယုံရွှင်းသည် သူ့စိတ်သူ မထိန်းနိုင် ဖြစ်လာခဲ့သည်။ ထိုနေရာက ဝေးလံသော နေရာတစ်ခု ဖြစ်သော်လည်း သူသည် အပြင်ဘက်ရှိ ဖရိုဖရဲ ဖြစ်နေသော အခြေအနေ အားလုံးကို သိနေခဲ့သည်။ အချို့ကျောင်းမှ ကျောင်းသားများသည် ပြဿနာများ အစပြုဖို့အတွက် သူတို့ရဲ့ ဆရာ၊ ဆရာမများကို သေလောက်အောင် ရိုက်နှက်ကြသည်ဟူသော သတင်းကို သူကြားခဲ့ရသည်။

ရှုမိသားစု၏ အကြီးဆုံးသားမှာ မြို့တော်ရှိ တက္ကသိုလ် တစ်ခုတွင် ပညာသင်ကြားနေသည်။ အဓိကရုဏ်းများမသည် မနှစ်ကတည်းက ပြင်းထန်လာခဲ့ပြီး သူ့ရဲ့ အတန်းများကိုလည်း အချိန်တစ်ခုအထိ ရပ်ထားခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် သူသည် အတန်းများကို ပြန်တက်ခဲ့ရသည်။

နောက်နှစ်ကျရင် သူက ဘွဲ့ရတော့မှာ။ ပြီးတော့ သူ ဘွဲ့ရပြီးတာနဲ့ အလုပ်လည်း ရှာလို့ရပြီ။

ဒီအကြောင်းအရာကို ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဖက်ဆစ် တော်လှန်ရေးဆိုပြီး သတ်မှတ်လိုက်ကြတာလဲ။

ဝမ့်ယုံရွှင်းသည် စိုးရိမ်နေခဲ့ပြီး သူ့စိတ်ကို မပြင်ရသေးခင် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် ဝမ့်လင်းလင်းကို သတင်းပေးဖို့ လောနေသော လီချွမ်းကျင်ဆီ အပြေးသွားခဲ့သည်။

“မင်း ဘာလုပ်နေတာလဲ။”

လီချွမ်းကျင်သည် ဇောချွေးများ ပြန်နေခဲ့သည်။ “ကျွန်မ လင်းလင်းကို သွားပြောရမယ်။ လင်းလင်းကို ရှုအိမ်ခေါ်သွားပြီး တစ်ချက်လောက် သွားကြည့်ရမယ်။”

ဝမ့်ယုံရွှင်းသည် ထိုတုံးအသော မိန်းမကို သေလောက်အောင် ရိုက်ပစ်ချင်နေခဲ့သည်။ “ဘာအကြောင်းနဲ့ လင်းလင်းကို ခေါ်ပြီး သွားကြည့်ချင်နေရတာလဲ။”

လီချွမ်းကျင်သည် အမြဲလိုလို မပြတ်မသား ဖြစ်နေတတ်ပြီး အခုချိန်တွင် သူမသည် အတော်လေးကို ထိတ်လန့်နေခဲ့သည်။ “အဲ့ဒါ သူတို့က အမျိုးတွေလေ။ ကျွန်မတို့က သူတို့ရဲ့ အခြေအနေကို တစ်ချက်တော့ သွားပြီး ကြည့်ရမှာပဲလေ။”

ဝမ့်ယုံရွှင်းသည် အဓိပ္ပါယ်မရှိသော စကားများကို သူ့မိန်းမနှင့် ပြောဖို့အတွက် စိတ်မရှည်တော့ပါ။ ထို့ကြောင့် သူသည် လက်ကို ယမ်းပြကာ ပြောခဲ့သည်။ “မင်း သွားဖို့မလိုဘူး။ မင်းရဲ့သမီးကို သွားပြီး ပြောပြလို့ရတယ်။ ဒါပေမယ့် သူမက ဖျားနေတယ်တဲ့။ အဲ့တော့ သူမ ရက်နည်းနည်းလောက်တော့ အပြင် ထွက်မရသေးဘူး။ ငါပဲ တစ်ချက် သွားကြည့်လိုက်မယ်။”

ဝမ့်ယုံရွှင်း၏ စိတ်ထဲတွင် သတ်မှတ်ထားသည့် အရာတစ်ခု ရှိနေခဲ့သည်။ အရင်က ရှုမိသားစုနှင့် အတော်လေး လိုက်ဖက်သည်ဟု တွေးထားခဲ့သော်လည်း အခုဆိုရင် ထိုကဲ့သို့ ဖြစ်နိုင်ချေ မရှိတော့ပါ။

အကြောင်းမှာ သူတို့သည် ဖက်ဆစ် ဆန့်ကျင်ရေးသများဟု အမည် တပ်ခံခဲ့ရသည်။ ဒါမှ အခြေအနေ မကောင်းပါက သူတို့ တစ်မိသားစုလုံးပါ ပါဝင်သွားနိုင်သည်။ အစပိုင်းတွင် ရှုမိသားစုကို ဆင်းရဲသော တောင်ယာလုပ်ကိုင်ကြသူများဟု သတ်မှတ်ခဲ့ကြပြီး သူတို့ရဲ့ မိသားစု နောက်ခံမှာ အဆင်ပြေခဲ့သည်။ တကယ်လို့ သူတို့ရဲ့ အကြီးဆုံးသားကြောင့် သူတို့ကို အလယ်တန်း သို့မဟုတ် အထက်တန်း အဆင့်ရှိသော လယ်သမားများအဖြစ် ပြောင်းပေးလိုက်ပါက…….

ဝမ့်ယုံရွှင်းသည် အနည်းငယ် စိတ်အနှောက်ယှက် ဖြစ်ခဲ့ရသည်။ အဆင်ပြေပုံရတဲ့ အိမ်ထောင်ရေး တစ်ခုက အခုဆို နည်းနည်းလေး သတိထားရမယ့် ကိစ္စတစ်ခုအဖြစ် ပြောင်းလဲသွားတာပဲ။

'တကယ်လို့ ဒီအချိန်မှာသာ သူတို့က အဆက်သွယ်တွေ ဖြတ်ပစ်လိုက်ရင် အဖွဲ့ထဲက လူတိုင်းက သူတို့ကို ရယ်နေမှာ သေချာတယ်။ ဒါပေမယ့် သူတို့က ဒီလို မလုပ်ဘူးဆိုရင် အခြားသူတစ်ယောက်က သူတို့ မိသားစုနဲ့ ပတ်သက်လာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါက ယောင်ကျုံး မြို့ကိုသွားဖို့အတွက် သက်ရောက်မှု ရှိသွားမှာလား။ '

ဝမ့်ယုံရွှင်းသည် ရှုအိမ်သို့ မသွားခင် လမ်းတစ်လျှောက်လုံး၌ သက်ပြင်းများ ချနေခဲ့သည်။

ရှုမိသားစုကို လူအများက ဝန်းရံနေသည်ကို ဝမ့်ယုံရွှင်းသည် အဝေးကနေ လှမ်းမြင်နေရသည်။ သို့သော် ဘာသံ ညာသံမှ မကြားရသည့်အတွက် ခနတာ စိတ်သက်သာရာ ရသွားခဲ့သည်။

'ဘာမှ ရှာမတွေ့ဘူး ဆိုကတည်းက ဒါက အရမ်းကြီး အရေးမကြီးဘူးလို့ ဆိုလိုတာပဲ။ ဒါက မှားယွင်းပြီး သတင်းပေးလိုက်တာလည်း ဖြစ်နိုင်တယ်။'

ဘေးမှ စောင့်ကြည့်နေကြသူများသည် ဝမ့်မိသားစုမှ တစ်ယောက်ယောက် ရောက်လာမည်ကို စောင့်နေကြပုံ ရသည်။ ဝမ့်ယုံရွှင်းသည် လူအုပ်ထဲတွင် ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်က သူ့အား အရှေ့သို့ တွန်းထုတ်လိုက်သည်။

ဝမ့်ယုံရွှင်းသည် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ အပျော်သဘောအနေဖြင့် ကြည့်ချင်နေကြသူများကို သူရဲ့စိတ်ထဲမှာ ကျိန်ဆဲနေခဲ့သည်။ သူတို့ထဲက အချို့က စကားပြောဖို့ သူ့ထံ ရောက်လာကြသည်။

ထိုအခိုက်အတန့်တွင် ဝမ့်ယုံရွှင်းသည် ဘာကိုမှ မတွေးမိဘဲ သူ့မျက်လုံးများသည် ရှုမိသားစု၏ တံခါးဝကိုသာ စိုက်ကြည့်နေခဲ့သည်။

ကျုံးရှန်း ဝတ်စုံ ဝတ်ထားသော လူတစ်စု ထွက်လာဖို့အတွက် အချိန် သိပ်မကြာလိုက်ပါ။ ခေါင်းဆောင်၏ ရင်ဘက်တွင် တံဆိပ်ပြားတစ်ခု ရှိနေခဲ့ပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည်။ သူ့ကြည့်ရတာ အတော်လေး ခန့်ညားနေသည်။

“ဒါက ဘယ်သူလဲ။”

“ငါတို့ အဖွဲ့က အတွင်းရေးမှူး ကျောက်ကျွေ့ချွန်းကို မသိဘူးလား။”

“ဘုရားရေ၊ ရှုမိသားစုက ဘာအမှားများ လုပ်မိလိုက်လို့လဲ။ အတွင်းရေးမှူးကရော ဘာလို့ ဒီမှာရှိနေရတာလဲ။”

“ဘယ်သူက သိမှာလဲ။ ဒါပေမယ့် ရှုမိသားစုထဲက အကြီးဆုံးသားက ဘာဖြစ်တာလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ သူက တက္ကသိုလ်မှာ ပညာသင်နေရင်းနဲ့ ပြန်ပို့ခံလိုက်ရတာ။”

….

ကျောက်ကျွေ့ချွန်းသည် ရှုမိသားစု၏ အိမ်တံခါးဝမှ ထွက်လာပြီး ဟိုဟိုဒီဒီကြည့်ကာ လူတိုင်းကို တိတ်တိတ်နေဖို့ အချက်ပြသည့် အမူအရာတစ်ခုကို လုပ်ပြခဲ့သည်။

“ရွာထဲက မိတ်ဆွေတို့၊ ရှုမိသားစုရဲ့ အကြီးဆုံးသား ရှုမင်းက နိုင်ငံခြားက စာအုပ်တွေကို ဘယ်သူမှ မသိအောင် ဖွက်ထားပြီး လူမသိ သူမသိအောင် သတင်းတွေ ပို့ပေးနေတာ။ စုံစမ်း စစ်ဆေးပြီးတဲ့နောက်မှာ ရဲဘော်ရှုရဲ့ စိတ်ထဲမှာ ပြဿနာတွေ ရှိနေတာကို တွေ့လိုက်ရတယ်။ အဲ့တော့ ရှုမင်းကို မြို့တက္ကသိုလ်ကနေ ထုတ်ဖယ်လိုက်တယ်။ ရဲဘော် ရှုမင်းက အနောက်မြောက်ဘက် နယ်စပ်ကို ကူညီပေးဖို့ သွားရပါမယ်။”

“ရှုမင်းက အမှားလုပ်ခဲ့ပေမယ့် သူက လူငယ် တစ်ယောက်အနေနဲ့ ပြန်ပြင်ဆင်ဖို့ အခွင့်အရေး ရှိနေတုန်းပဲ။ ဒါကြောင့် ငါတို့က သူ့မိသားစုဆီ သက်ဆိုင်ရာ သတင်း အချက်အလက်တွေကို လာပေးပြီး သူတို့ကို အချိန်မှီ ပြင်ဆင်လို့ရအောင် လာပြောတာပါ။”

“ငါတို့အားလုံးက အဖွဲ့အစည်း တစ်ခုတည်းက အစိတ်အပိုင်းလေးတွေပါပဲ။ ငါတို့က တစ်ယောက်ကို တစ်ယောက် ကူညီပြီး အနောက်မှာ လဲကျသွားတဲ့ ဘယ်ရဲဘော်ကိုမဆို မထားခဲ့သင့်ဘူး။”

ကျောက်ကျွေ့ချွန်း စကားပြောပြီးနောက် လူအများက သူ့ကို လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

လက်ခုပ်သြဘာများ ပေးနေချိန် တစ်စုံတစ်ယောက်က တီးတိုးပြောခဲ့သည်။ “ဒါက ဘာကို ဆိုလိုတာလဲ။ ရှုမိသားစုက တစ်ခုခုများ အမှားလုပ်ထားလို့လား။”

“မင်းက အရူးပဲကွာ။ မင်းကို ပြဿနာ ရှိတယ်လို့လည်း မပြောခဲ့သလို နေရတဲ့ အဆင့်အတန်းတွေ ပြောင်းလဲပစ်မယ်လို့လည်း မပြောခဲ့ဘူးလေ။ အဲ့တော့ ဒါက ဘာမှမဖြစ်ဘူး။”

“အဲ့လိုတော့လည်း မဟုတ်ပါဘူး။ အတွင်းရေးမှူးက ဒီမှာ ရှိနေတာလေ။ နောက်ပိုင်းကျရင် ရှုမိသားစုရဲ့ ဒုတိယသားက အလုပ်ပြုတ်သွားမလားဆိုတာကို ဘယ်သူကများ သိနိုင်မှာလဲ။”

“အဲ့ဒါက မှန်တယ်။ တကယ်လို့ သူသာ သူရဲဘော် မကြောင်ဘူးဆိုရင် နောက်ပိုင်းကျရင် သူတို့တွေက သေချာပေါက် အောင်မြင်လာနိုင်မှာ မဟုတ်တော့ဘူး။”

ကျောက်ကျွေ့ချွန်းသည် အားတောင့်သော လူတစ်စုနှင့် ရောက်လာခဲ့ပြီး ထိုအဖွဲ့နှင့်ပဲ ပြန်ထွက်သွားခဲ့သည်။

“ဟဲ့၊ ရှုမိသားစုရဲ့ အိမ်တံခါးက ဘာလို့ ပိတ်ထားတာလဲ။”

“ဘာဖြစ်ကြတာလဲ။ ငါက ဘာလို့ မင်းဆီလာပြီး မေးခွန်းတွေ မေးနေရတာလဲ။”

“ငါ့အထင်တော့ ရှုမိသားစုက အခုကနေစပြီး အမြှီးဖွက်ပြီးပဲ နေရတော့မယ်ထင်တယ်။”

“ယုံရွှင်းက ဘယ်ရောက်သွားလဲ။ စောနတုန်းက သူ ဒီနားမှာ ရှိနေတာမလား။”

“ပြီးတော့ ဝမ့်လင်းလင်းနဲ့ရော ဘယ်လိုလဲ။ ဘာပဲဖြစ်ဖြစ် သူက ဒုတိယသားရဲ့ ဇနီးလောင်းပဲလေ။ ဘာလို့ ဝမ့်လင်းလင်းက လာပြီး မတွေ့သေးတာလဲ။”

…

ဝမ့်ယုံရွှင်းသည် ခေါင်းငိုက်ကာ အိမ်ပြန်လာခဲ့သည်။ သူသည် လမ်းမှာ နှုတ်ဆက်သမျှ လူတိုင်းကိုလည်း ဘာမှ ပြန်မပြောခဲ့ပါ။ သူသည် ခေါင်းကိုငုံ့ကာ ဘယ်သူ့ကိုမှ မကြည့်ခဲ့ပါ။

ရှုမိသားစု၏ အခြေအနေသည် သူတွေးထားသည်ထက် ပိုပြီးကို ပြင်းထန်နေခဲ့သည်။ ရှုမင်းသည် တုံးအသော သူတစ်ယောက် မဟုတ်ပါ။ သူသည် ပြန်လာလို့ မရနိုင်ဘူး ဆိုတာကို သိနေသည့်အတွက် အဝေးဆုံး နေရာတစ်ခုကို သွားဖို့ ရွေးချယ်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် မျှော်လင့်ကာ နယ်စပ်ကို သွားတော့မည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖြစ်ပြီးသားအရာကို ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါ။ အခုချိန်တွင် ဘယ်နေရာပဲ သွားနေပါစေ အကုန်လုံး အတူတူပဲ ဖြစ်သည်။ တကယ်လို့ ရှုမိသားစုကသာ စဥ်းစားနိုင်ပါက သူတို့သည် အဆက်အသွယ်များကို ချက်ချင်းဆိုသလို ဖျက်တောက်ပစ်ကြမည် ဖြစ်သည်။

ထိုရည်ရွယ်ချက်ကြောင့်ပဲ တပ်မဟာက ရောက်လာကြခြင်း ဖြစ်သည်။ တပ်မဟာအတွင်းတွင် ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုများ ရှိနေပြီး သူတို့ကိုယ်တိုင်လည်း မတားဆီးနိုင်ကြပါ။ တကယ်လို့ သူ့မိသားစုကသာ တွေးနိုင်ပါက သူတို့သည် တပ်မဟာ ခေါင်းဆောင်များထံမှ အရိပ်အမြွက်များကို ရယူကာ အဆက်အသွယ်များ ဖြတ်တောက်ဖို့ ပြင်ဆင်ထားသင့်သည်။ အနည်းဆုံးတော့ သူတို့ကို သတိထားမိနိုင်မည် ဖြစ်သည်။

သနားစရာပါလား…..

ကျောက်ကျွေ့ချွန်း ပြောလိုက်သည့် စကားများကို ကြားပြီးနောက် ရှုမိသားစု၏ ဒုတိယသားသည် အဆင်အသွယ် ဖြတ်ဖို့အတွက် သဘောမတူခဲ့သည်မှာ မြင်သာနေသည်။

ဒါက လှည့်စားထားတာပဲ။ အဖွဲ့အစည်းက မပြောင်းလဲဘူး ဆိုပေမယ့်လည်း လက်ရှိ အခြေအနေအရ အဖွဲ့ထဲက လူတွေက သေချာပေါက် ဒီမိသားစုကနေ သူ့ဘာသာ ခပ်ကင်ကင်း နေသွားကြလိမ့်မယ်။

ဝမ့်ယုံရွှင်းသည် မြေပေါ်ရှိ ခဲတစ်လုံးကို ဒေါသတကြီး ကန်လိုက်သည်။ အခုချိန်မှာ သူက လိုချင်ရင်တောင် ထိုအရာကို လက်မခံနိုင်ခဲ့ပါ။

သူတို့ ဝမ့်မိသားစုသည် ထိုမိသားစုနှင့် ပတ်သက်ပြီး ဘာတစ်ခုမှ လုပ်လို့ မရနိုင်တော့ပါ။

ဝမ့်ယုံရွှင်းသည် သူ့အိမ် တံခါးဝသို့ လျှောက်လာကာ သူ့စိတ်ထဲကို အကြံတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။ သူသည် အိမ်အနောက်ဘက်ကို တိတ်တဆိတ် လျှောက်သွားကာ ပြတင်းပေါက်နားကို ကြည့်နေခဲ့သည်။

နောက်ဆုံးတွင် ဝမ့်ယုံရွှင်းက တစ်ခုခုကို တွေးသွားခဲ့သည်။ သူသည် လေပွေတစ်ခုအလား ဒေါသတကြီးဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။

ဝမ့်ယုံရွှင်းသည် ဝမ့်လင်းလင်း၏ အခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောဆိုနေခဲ့သည်။ “အဲဲဒါ နင်မလား။ အဲ့ဒါ နင်မလားလို့။”

ဝမ့်လင်းလင်းသည် နည်းနည်းလေးမျှ မကြောက်ဘဲ အိပ်ရာပေါ်တွင် ထိုင်နေကာ သူမရဲ့ နှုတ်ခမ်းမှာလည်း လှောင်ကာ ပြုံးနေခဲ့သည်။ “အဲ့ဒါက၊ သမီးဆိုတော့ရော ဘာဖြစ်လို့လဲ။ သမီးက ရှုရွှမ်းကို မယူဘဲ ကျောက်ကျွင်းကို လက်ထပ်ချင်တာလို့ ပြောခဲ့တယ်လေ။”

ဝမ့်ယုံရွှင်းသည် မှင်သက်နေသော လီချွမ်းကျင်ကို တွန်းထုတ်ကာ တုတ်တစ်ချောင်းကို ကိုင်ပြီး အခန်းထဲသို့ လျှောက်လာခဲ့သည်။ “နင့်ကို ငါသေတဲ့ထိ ရိုက်သတ်ပစ်မယ်။ နင်က ဘာဖြစ်နေတာလဲ။ နင်က ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ရတော့မှာလေ။”

လီချွမ်းကျင်သည် ဝမ့်ယုံရွှင်း ဒီလောက်ထိ ဒေါသထွက်တာကို ပထမဆုံးအကြိမ် မြင်ခဲ့ရခြင်း ဖြစ်သည်။ သူမသည် သူ့ကို တားဖို့အတွက်တောင် အတော်လေး ကြောက်လန့်နေခဲ့သည်။ ဝမ့်လင်းလင်းသည် လည်ပင်းထဲတွင် စို့နင့်ကာ ပြောလိုက်သည်။ “သမီး မဟုတ်တာတွေ သတင်း ပို့ခဲ့တာမှ မဟုတ်တာ။ သူ့မှာရော နိုင်ငံခြားက စာရွက်စာတမ်းတွေ မရှိလို့လား။”

ဝမ့်ယုံရွှင်း - “အဲ့တော့ နင်က ပြတင်းပေါက်ကနေ ခိုးကြောင် ခိုးဝှက်နဲ့ အပြင်ကို အပြေးလေး ထွက်သွားပြီး သတင်းပို့လိုက်တာပေါ့။”

ဝမ့်လင်းလင်း - “ဟုတ်တယ်။ သမီးက မြို့ထဲက တော်လှန်ရေး အဖွဲ့ဆီ တိုက်ရိုက်သွားပြီး ပြောခဲ့တာ။ သူတို့က တကယ်ကို လက်မြန် ခြေမြန် ရှိကြတာပဲ။ သူတို့က အမှန်တရားကို နှစ်ရက်လောက်နဲ့ တွေ့သွားခဲ့ကြတာပဲ။”

ဝမ့်ယုံရွှင်းက ဝမ့်လင်းလင်းကို လက်ညှိုးထိုးကာ ပြောခဲ့သည်။ “ငါ ဘယ်လိုဖြစ်လို့ နင်လို အရူးမမျိုးကိုမှ မွေးမိခဲ့ရတာလဲ။ ရှုမိသားစုကို ဖျက်စီးတော့ရော နင့်အတွက် ဘာအကျိုးရလို့လဲ။ အခုဆို နင်က နင့်ရဲ့ လက်ထပ်ပွဲကို ဖျက်စီးလိုက်ပြီ။ နောက်ပိုင်းကျရင် နင်က မိသားစု ကောင်းကောင်းတစ်ခုကို ရှာပြီး လက်ထပ်နိုင်မယ်လို့ ငါတော့ မထင်ဘူး။”

ဝမ့်လင်းလင်းသည် အတော်လေး မထီမဲ့မြင် ပြုလုပ်နေခဲ့သည်။ “သမီးက ထပ်ပြီးလည်း အိပ်ထောင်ပြုမှာ မဟုတ်ဘူး။ သမီး ကျောက်မိသားစုက လူနဲ့ပဲ ယူချင်တာ။”

All Chapters