← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

သူမရဲ့ ဂုဏ်သတင်းမှာ အခုလေးတင် ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး သူမက မိထွေးတစ်ယောက် ဖြစ်လာရင်တောင် ဘယ်သူကမှ ထိုအကြောင်းကို ပြောလိမ့်မည် မဟုတ်ပါ။

ကံကောင်းစွာဖြင့် သူမ၏ အတိတ်ဘဝတုန်းက ရှုရွှမ်း၏ အကိုကြီးသည် ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့ပြီး နွားတင်းကုပ်သို့ ပို့ပြီး အဆုံးသတ်ခြင်း ခံခဲ့ရသည်ကို သတိရသွားကာ တွေးနေခဲ့သည်။ သို့သော် ၁၉၇၃ ခုနှစ် ရောက်ပြီဖြစ်ပြီး နောက်ထပ် သုံးနှစ်လောက်သာ ထပ်ပြီး သူသည်းခံနိုင်ခဲ့ပါက ပြန်လာနိုင်လိမ့်မည် ဖြစ်သည်။ သူ့အကိုရဲ့ ခန္ဓာကိုယ်က မခံနိုင်ဘဲ မြို့ပြင်မှာတင် ချက်ချင်း သေသွားခဲ့သည်ကို ဘယ်သူကများ သိနိုင်ပါ့မလဲ။

ရှုမင်းက အနှေးနဲ့အမြန်ပဲ သေရတော့မည်ကို ဝမ့်လင်းလင်းက တွေးနေခဲ့သည်။ ထို့ကြောင့် သူမသည် ဒီအချိန်တွင် သူ့ကို ကောင်းကောင်း အသုံးချလိုက်တာမျိုး ဖြစ်သည်။ ထိုအရာသည် သူ့အဖေက သူမကို ရှုမိသားစုနှင့် လက်ထပ်ပေးမည့် အကြံအစည်ကို ဖျက်စီးပေးလိုက်ခြင်း ဖြစ်သည်။

တော်လှန်ရေး ကော်မတီ အဖွဲ့က ဒီလောက်ထိ မြန်မြန်ကြီး လုပ်ဆောင်ပြီး နှစ်ရက်လောက်တည်းနဲ့ အကုန်လုံးကို ရှာတွေ့သွားလိမ့်လို့ သူမလည်း မထင်ထားပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုမင်းက အရင်တုန်းဘဝကနဲ့ မတူတော့ချေ။ ဒီတစ်ခေါက်မှာ ဒီကိစ္စက အရမ်းကြီးလည်း ဆိုးရွားချင်မှ ဆိုးရွားလိမ့်မယ်။ ရှုမင်းက အရင် လက်ဦးမှုယူကာ နယ်စပ်ကို သွားကူဖို့ကို လျှောက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှုမှာ အရမ်းကြီး မဆိုးရွားသွားခဲ့ခြင်း ဖြစ်သည်။

ဝမ့်လင်းလင်းသည် အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။ သူမက ရှုရွှမ်းကို အလုပ်ကနေ ထွက်ကာ နွားတင်းကုပ်ကို သွားဖို့ကို ဘာလို့ တောင်းဆိုခဲ့ရတာလဲ။

အရင်တုန်းက သူမ ပြန်လည် မွေးဖွားပြီးတဲ့နောက်မှာ ဝမ့်ရင်းနှင့် ရှုရွှမ်းကို အတူတကွ ဖြစ်စေချင်ခဲ့သော်လည်း အခုချိန်တွင် အခြေအနေက အရေးကြီးနေခဲ့ပြီး အစီအစဥ်များ ပြုလုပ်ဖို့အတွက် သူမမှာလည်း အချိန်မရှိတော့ပါ။ ရန်သူကို အဆတစ်ထောင်လောက် နာကျင်အောင်လုပ်ပြီး သူမကိုယ်သူမကတော့ အဆ ရှစ်ရာလောက် နာကျင်အောင် လုပ်သည့်နည်းဖြင့်သာ သူမရဲ့ ပန်းတိုင်ကို ရရှိနိုင်မည် ဖြစ်သည်။

ဝမ့်လင်းလင်း၏ ခေါင်းမာသော အပြုအမူသည် ဝမ့်ယုံရွှင်းအား တကယ်ကို ဒေါသထွက်စေခဲ့သည်။ ခနတာ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီးနောက် ဝမ့်ယုံရွှင်းက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ “နင်က စိတ်ကူးယဥ်နေတာပဲ။ တကယ်လို့ နင်က ရှုရွှမ်းကို မယူဘူးဆိုရင် တပ်မဟာရဲ့ အပြင်ဘက်က လူကို ရှာပေးဖို့ ငါက နင့်အမေကို သွားပြောမယ်။ နင့်ကို အဝေးမှာ လက်ထပ်ခိုင်းတာက ပိုကောင်းတယ်လေ။ တစ်နှစ်လောက်နေရင် တပ်မဟာထဲက ဘယ်သူကမှ ဘာတစ်ခုကိုမှ ပြောကြတော့မှာ မဟုတ်ဘူး။”

ဝမ့်လင်းလင်းက မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သူမသည် ထိုကိစ္စ အားလုံးကို ပြုလုပ်ခဲ့တာတောင် ဘာလို့ ဝမ့်ယုံရွှင်းက သူမကို ကျောက်မိသားစုနှင့် လက်ထပ်ဖို့အတွက် သဘောမတူရသေးတာလဲ။

ဝမ့်ယုံရွှင်း၏ မျက်နှာမှာ ခက်ထန်နေကာ ပြတ်ပြတ်သားသား ပြောခဲ့သည်။ “ရှုမိသားစုကပဲ နင်သွားဖို့ အကောင်းဆုံး နေရာပဲ။ တကယ်လို့ နင် နောက်ပိုင်း အလုပ်ရှာတွေ့ရင်တောင် ဒီလောက် ကောင်းတဲ့ အခြေအနေမျိုးကို ရှာတွေ့မှာ မဟုတ်ဘူး။”

သူ့သမီး နှစ်ယောက်လုံးသည် ချမ်းသာကြသည်။ မြို့မှာ အလုပ်တစ်ခု ရှာနိုင်ရင်အတွက် ဝမ့်ယုံရွှင်းသည် အနည်းဆုံး ယွမ် ၄၀၀၊ ၅၀၀ လောက် လိုအပ်သည်။ သူသည် အချိန်အကြာကြီး ဆုထားခဲ့ရပြီး အခုမှ ယွမ် ၁၀၀ ကျော်ကျော်သာ စုမိသေးသည်။ တင်တောင်းငွေအတွက် ယွမ် ၁၀၀ ပေးနိုင်သည့် သူသည် တပ်မဟာထဲတွင် လက်တစ်ဆုပ်စာသာ ရှိသည်။ အဝေးက လူများက လာရောက် တောင်းရမ်းမှသာ ထိုငွေ ပမာဏကို ရနိုင်သည်။

ဝမ့်ယုံရွှင်းသည် သူ့သမီးကို အရူးတစ်ယောက်လို ကြည့်နေခဲ့သည်။ သူမက အဆင်ပြေသည့် လက်ထပ်ပွဲ တစ်ပွဲကို ဖျက်စီးလိုက်သည်။ နောက်ပိုင်းကျရင် ဝမ့်လင်းလင်းက ထိုအဖြစ်အပျက်ကို နောက်တမရဖို့အတွက် သူမျှော်လင့်နေခဲ့သည်။

ဝမ့်ယုံရွှင်းက လီချွမ်းကျင်ကို တံခါးအပြင်သို့ ဆွဲထုတ်သွားခဲ့ပြီး ဝမ့်လင်းလင်းရဲ့ အခန်းတံခါးကို သော့ခတ်ထားခဲ့သည်။

“လက်ထပ်ပွဲကို စီစဥ်လို့ မပြီးမချင်း သူ့ကို အပြင် ပေးမထွက်နဲ့။”

ဝမ့်ယုံရွှင်းက လှည့်ကာ အိမ်သို့ ပြန်သွားခဲ့သည်။ သူသည် ဒီကိစ္စကို ရှုမိသားစုအပေါ်မှာ ဘယ်လို ပိပိရိရိ ဖုံးကွယ်ထားရမလဲဆိုပြီး တွေးပူနေခဲ့သည်။

ရှုမိသားစု၏ ခြံဝန်းထဲတွင် ဆောက်လက်စ အိမ်သုံးလုံးနှင့် အိမ်ကြီးတစ်အိမ် ပါရှိသည်။ ထိုခြံဝန်းသည် တပ်မဟာထဲတွင် ကောင်းတယ် မကောင်းဘူးဟု သတ်မှတ်လို့ မရနိုင်ပါ။

အဓိကအကြောင်းမှာ ရှုမင်း၏ ကျောင်းကုန်ကျစရိတ်ကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်တွေတုန်းက ရှုရွှမ်း၏ လစာမှာ တိုးသွားခဲ့သော်လည်း လစာ အများစုကို သူ့ရဲ့ အကိုကြီးအား ပေးလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ ရှုမိသားစုရှီ ညီအကို နှစ်ယောက်မှာ ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် ဘာပဲလုပ်လုပ် စိတ်မဝင်စားခဲ့ပါ။

စားဖိုမှူး အလုပ်အပြင် ရှုရွှမ်းသည် တစ်ခါတစ်လေတွင် မင်္ဂလာပွဲနှင့် အသုဘပွဲများ ကျင်းပဖို့အတွက် အချိန်ရှိသ၍ ပစ္စည်းများ ရှာဖို့အတွက် တောင်ပေါ်သို့ တက်သွားလေ့ရှိသည်။ ခြုံငုံပြောရရင် အမျိုးသမီးကြီး ရှု၏ လူနေမှု အဆင့်အတန်းသည် တပ်မဟာထဲတွင် သေချာပေါက် အထက်ပိုင်း အဆင့်တွင် ရှိသည်။

သို့သော် အခုအချိန်တွင် ရှုမိသားစုရှိ အမျိုးသမီးကြီး ရှုသည် အာကျယ်အာကျယ် မလုပ်နိုင်တော့ဘဲ ငိုသံများသာ ထွက်လာနိုင်တော့သည်။

“မင်းအစ်ကိုက ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ။ ငါ သူ့ကို ဂရုစိုက်ပြီး နေဖို့အတွက် သေချာ ပြောထားရဲ့သားနဲ့။ ဘာလို့ တစ်ယောက်ယောက်ကများ သူ့ကို ဒီကိစ္စနဲ့ သတင်းပေးလိုက်ရတာလဲ။”

“မင်းလည်း တူတူပဲ။ ငါ မင်းကို မင်းအကိုနဲ့ အဆက်သွယ် ဖြတ်ဖို့အတွက် ပြောထားပေမယ့် မင်းက ငြင်းခဲ့တယ်။ အခု မင်းအစ်ကိုက ဒုက္ခရောက်နေပြီ။ တကယ်လို့ မင်းပါ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ ဘယ်လို နေရတော့မှာလဲ။”

“ပြီးတော့ ဝမ့်မိသားစုက ကောင်မလေးကလည်း ရှိသေးတယ်လေ။ တကယ်လို့ မင်းက အဲ့ဆက်ဆံရေးကို မဖြတ်တောက်ဘူးဆိုရင် သူက မင်းကို ဘယ်လိုမှ လက်ထပ်တော့မှာ မဟုတ်ဘူး။”

…..

အမျိုးသမီးကြီး မစ္စရှုသည် ရိုးသား ဖြောင့်မတ်သော လူတစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်များတုန်းက အတော်လေး တက်တက်ကြွကြွ ရှိခဲ့သော်လည်း သူမ ဒီလိုမျိုး ငိုနေခဲ့ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

ရှုရွှမ်းက ငေးမောနေဆဲ ဖြစ်သည်။ အချိန်အတန်ကြာပြီးနောက် သူမသည် ကွဲအက်အက် အသံဖြင့် ပြောခဲ့သည်။ “ခနနေလောက်ကျရင် ကျွန်တော် အစ်ကို့ကို အသုံးဝင်တဲ့ သတင်း အချက်အလက်တွေ သွားပို့လိုက်မယ်။”

အမျိုးသမီးကြီးရှုသည် ကိုယ့်ပေါင်ကိုယ်ရိုက်ကာ ပြောလိုက်သည်။ “သူက ခေါင်းမာတဲ့ ကောင်ပဲ။ သူက တော်တော်လေး ခေါင်းမာလွန်းလို့ သူ့ကိုယ်သူ အနောက်မြောက်ဘက်ကို ပို့လိုက်တာပဲ။ နင်ကရော သူ့လိုပဲ လိုက်လုပ်ဖို့ တွေးနေတာလား။”

အမျိုးသမီးကြီး မစ္စရှုသည် မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ “ငါက ရက်စက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့မိသားစုရဲ့ အနာဂတ် အခြေအနေတွေက ဆိုးရွားလာတော့မှာ။ နင်ရဲ့အလုပ်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။ မင်းရဲ့အစ်ကိုက နယ်စပ်ဒေသကို ကူညီဖို့ သွားတာဆိုပေမယ့် သူက တရားဝင် ရာထူးချခဲ့ရတာမျိုး မဟုတ်ဘူး။ ဘဝက ခက်ခဲမယ်လို့ ငါထင်ပေမယ့် မင်းကတော့ ရနိုင်သေးတယ်။ ခေါင်းမမာစမ်းပါနဲ့။ နောက်ထပ် ခြောက်လလောက် ငြိမ်ငြိမ်လေး နေလိုက်။ နောက်နှစ်လောက်မှ တစ်ယောက်နဲ့ တစ်ယောက် အဆက်သွယ်လုပ်ဖို့ ပြောကြမယ်။”

ရှုရွှမ်းက ရေငုံနှုတ်ပိတ်ကာ ဘာတစ်ခွန်းမှ ထပ်ပြီး မပြောတော့ပါ။

ရုတ်တရက်ဆိုသလို တံခါးခေါက်သံတစ်သံကို ကြားခဲ့ရသည်။ အမျိုးသမီးကြီး မစ္စရှုဟု အလောသုံးဆယ် အော်ခေါ်ခဲ့သည်။ “တံခါး မြန်မြန် သွားဖွင့်လိုက်။ ငါတို့ရဲ့ ခမည်းခမက်တွေ ဖြစ်လိမ့်မယ်။ ငါ့မိသားစုထဲမှာ တစ်ခုခု ဖြစ်သွားခဲ့ရင်တောင် သူတို့က ငါ့အိမ်ကို လာဖို့အတွက် ဆန္ဒရှိနေတုန်းပဲ။ အဲ့ဒါကို မှတ်ထား။”

ရှုရွှမ်းသည် တံခါးဆီ လမ်းလျှောက်သွားကာ တံခါးကို ဟကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မမြင်ခဲ့ပါ။

ငါ့မျက်လုံးနဲ့ မြေပြင်ပေါ်ကို ကြည့်လိုက်တော့ တံခါးနားမှာ သတင်းစာ စက္ကအဟောင်းနဲ့ ပတ်ထားတဲ့ အထုတ်နှစ်ထုတ်ကို တွေ့လိုက်ရတယ်။

ရှုရွှမ်းသည် ထိုစက္ကူထုတ်ကြီးကို အိမ်ထဲသို့ ယူလာခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုသည် သိချင်နေဆဲ ဖြစ်သည်။ “ဘာလို့ သူတို့ ဆွေမျိုးတွေ မဟုတ်နေရတာလဲ။”

တောယုန်နှင့် အမဲရောင် မှိုပင်များ ပါရှိသော သစ်ကိုင်းကို ထုတ်ထားသော စက္ကူအိတ်အား ရှုရွှမ်းတစ်ယောက် တိတ်ဆိတ်ကာ ကြည့်နေခဲ့သည်။ ထို့အပြင် နောက်ထပ် အိတ်မှာလည်း ဆေးဖက်ဝင် ပစ္စည်းများ ထည့်ထားသည့်ဟန် ရှိသည်။

“ကိစ္စတော့ မရှိပါဘူး။ သူတို့တွေ မလာလည်း အဆင်ပြေပါတယ်။”

ဝမ့်ရင်းသည် တောင်ပေါ်သို့ တက်ရတာ နေ့တစ်ဝက်လောက် ကြာမည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ဘဲ သူမ တောင်ပေါ်မှ ဆင်းလာသည့်အခါ ရှုမိသားစုက တစ်ခုခု ဖြစ်နေခဲ့သည်ဟူသော သတင်းကို ကြားခဲ့ရသည်။

ရှုရွှမ်းရဲ့အစ်ကိုသည် ဖက်ဆစ် ဆန့်ကျင်ရေးသမားဟု အမည်တပ် ခံခဲ့ရပြီး တပ်မဟာထဲရှိ လူတိုင်းကဘည်း တတ်နိုင်သလောက် သူတို့ကို ရှောင်ဖယ်နေကြသည်။ သို့သော် လူတိုင်းက ရှုမိသားစု၏ အကြီးဆုံး သားအကြောင်းကို ပြောနေကြဆဲ ဖြစ်သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့သည်် အရမ်းကြီး မရင်းနှီးခဲ့ကြသော်လည်း အရင်တစ်ခေါက်က တစ်ဖက်လူသည် သူမအား ယုန်တစ်ကောင်ကို အလကား ပေးလိုက်သည့်အကြောင်း တွေးနေခဲ့သည်။ ဝမ်းရင်းသည် ထိုအချိန်မှာ ကျေးဇူး မတင်လိုက်ရသည့်အတွက် မတရားသလို ခံစားနေခဲ့ရသည်။

ထို့ကြောင့် သူမသည် နောက်ထပ် ယုန်တစ်ကောင်ကို အမဲလိုက်ကာ ရှုရွှမ်းအား လာပေးခဲ့ခြင်း ဖြစ်သည်။ သူမက ယုန်ကို တစ်ချက်တည်းနှင့် သတ်နိုင်လိမ့်မည်ဟု အထင်လွဲသွားမည်ကို ဝမ့်ရင်းက စိုးရိမ်နေခဲ့သည်။ သူမသည် မှိုအမဲနှင့် ချော့မွေ့ပြီး ခြောက်သွေ့ကာ ပြန်လည် ရှင်သန်နိုင်သည့် ရှိ ဟူသော သူမခူးခဲ့သည့် တရုတ်ဆေးဖက်ဝင် အပင် အချို့ကိုပါ ထည့်ပေးခဲ့ပြီး ထိုပစ္စည်းများ၏ သုံးပုံသုံးနည်းကို စက္ကူထုတ်ပေါ်တွင် မီးသွေးဖြင့် ရေးပေးလိုက်သည်။

ဝမ့်ရင်းသည် ထိုပစ္စည်းများကို ရှုအိမ်၏ တံခါးဝတွင် ထားခဲ့ပြီး ရှုရွှမ်းက ပစ္စည်းများကို လာသယ်ကာ အိမ်သို့ ယူဆောင်သွားသည်အထိ မစောင့်တော့ပါ။

လမ်းတစ်လျှောက်လုံးမှာလည်း ဝမ့်ရင်းသည် ဘဝရဲ့ အနိမ့်အမြင့် အတက်အကျများကို တွေးကာ သက်ပြင်းချခဲ့သည်။ လွန်ခဲ့သော နှစ်ရက်က ပြန်လည် မွေးဖွားလာသော သူမရဲ့ အမသည် ရှုရွှမ်းကို လက်မထပ်ချင်ဘူး၊ ရှုမိသားစုက ကံဆိုးမှုတွေနဲ့ ကြုံရလိမ့်မယ်ဟု အော်ဟစ်နေခဲ့သည်။ သူမရဲ့ ပါးနပ်သော ဦးလေးသည် သူမရဲ့ဝမ်းကွဲအမကို ရှုမိသားစုနှင့် လက်မထပ်ခိုင်းလောက်ဘူးဟု တွေးထားခဲ့ပုံ ရသည်။

အာ၊ နေပါဦး။

ဒါက နှစ်ရက်တာအတွင်း ကွာခြားသွားသည့် အရာဖြစ်သည်။

ဝမ့်ရင်း၏ စိတ်ထဲသို့ မယုံနိုင်စရာကောင်းသော ခန့်မှန်းမှု တစ်ခုက ဝင်ရောက်လာခဲ့သည်။ 'အကြံကြီးသော်လည်း အနည်းငယ် တုံးအသည့် သူမရဲ့ ဝမ်းကွဲအစ်မက တစ်ခုခုကို လုပ်ခဲ့တာရော ဖြစ်နိုင်ပါ့မလား။'

'ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ် ရှုမိသားစုမှာမှ ဖြစ်သွားခဲ့ရတာလဲ။ '

'သေစမ်း။ ဒါသာ အမှန်ဆိုရင် ဒီဝမ်းကွဲအစ်မက အလားအလာကောင်းရှိတဲ့ လူတစ်ယောက်ကို လက်ထပ်ဖို့အတွက်နဲ့ တကယ်ကို ကောက်ကျစ်ခဲ့တာပဲ။'

ဝမ့်ရင်းသည် အိမ်ကို အမြန်ပြန်ပြီး အခန်းထဲကို ဝင်လိုက်သည့်အခါ ဝမ့်လင်းလင်း၏ အခန်းထဲမှ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။ ခနတာ နားထောင်ပြီးနောက် ဝမ့်ရင်းသည် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်။ ထိုကိစ္စကို လုပ်ခဲ့သူမှာ သူမ၏ ဝမ်းကွဲအစ်မ ဖြစ်ကြောင်း ပေါ်လာခဲ့သည်။

ဒီလူက အရမ်းကို ယုတ်မာလွန်းသည်။ သူမသည် ယောက်ျားတစ်ယောက်ကို ပြောင်းလဲဖို့အတွက် ဒီလောက်ထိ ရက်စက်ခဲ့သည်။

ရန်ဖြစ်တာ ပြီးသွားသည့်နောက် ဝမ့်ယုံရွှင်းသည် ဝမ့်လင်းလင်းအား စေ့စပ်ပွဲ ပြီးသွားတဲ့အထိ တံခါးပိတ်ထားဖို့ စေခိုင်းခဲ့သည်။

သို့သော် ဝမ့်ရင်းသည် သူမရဲ့ဦးလေးက သူ့သမီးအပေါ်မှာ တကယ်ကို လျှော့တွက်ခဲ့တယ်ဟု ခံစားခဲ့ရသည်။

တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့အတွက် အခြားတစ်ယောက်ကို သတင်းပေးကာ သူတို့ တစ်မိသားစုလုံးကို ဖျက်စီးပစ်ခဲ့သည်။

ပြန်လည် မွေးဖွားလာသည့် ဝမ်းကွဲအစ်မ၏ စိတ်နှလုံးသားဟာ ကျောက်တုံးတစ်ခုလို မာကျောနေခဲ့သည်။

ဝမ့်ရင်းသည် သူမဝမ်းကွဲအစ်မ၏ ဆန္ဒက အနှေးနဲ့ အမြန်ပဲ ရရှိလာလိမ့်မည်ဟု ခံစားခဲ့ရသည်။

သေချာသည်မှာ အဖွဲ့ထဲတွင် ဒီလို ထူးဆန်းသည့် ကိစ္စမျိုးဟာ သုံးရက်တည်းနှင့် ဖြစ်သွားခဲ့ရသည်။

ဝမ့်မိသားစုမှ ဝမ့်လင်းလင်းသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

.....

ဝမ့်လင်းလင်းသည် ညသန်းခေါင်အချိန်တွင် ထွက်သွားခဲ့ပြီး သူမ ပြတင်းပေါက်ကို ဘယ်လို ဖွင့်ခဲလဲဆိုတာကိုတော့ ဘယ်သူကမှ မသိခဲ့ပါ။ မည်သို့ပင် ဖြစ်စေကာမူ သူမက ထိုနေရာကို ရောက်သွားသည့်အချိန်မှာ နောက်နေ့ နေ့လည်ခင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒီရက်ပိုင်းတွင် လီချွမ်းကျင်သည် ဝမ့်ယုံရွှင်း၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ဝမ့်ယုံရွှင်းသည် သူ့ရဲ့တူမ ဝမ့်ရင်းအား လက်လွှတ် ဆုံးရှုံးရမည်ကို မနှစ်မြို့ဘဲ သူ့ဒုတိယသမီးရဲ့ ဒေါသကိုလည်း သိနေခဲ့သည်။ သတင်းပေးလိုက်ခြင်းက ကိစ္စသေးသေးတစ်ခုသာ ဖြစ်သည်။ အဓိက အချက်မှာ ဝမ့်လင်းလင်းသည် အခြားသူကို ထိခိုက်စေသည့် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ရူးရူးမိုက်မိုက် လုပ်ခဲ့ပြီး သူမအတွက်လည်း ဘာအကျိုးမှ မရှိခဲ့ပါ။

သေချာသည်မှာ တပ်မဟာထဲက လူအများသည် ရှုမိသားစုကို ရှောင်ကြတော့မည် ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပဲ ထိုကိစ္စကို ဝမ့်လင်းလင်းက လုပ်ခဲ့သည့် သတင်းသာ ထွက်သွားခဲ့ရင် သူတို့ရဲ့ ဝမ့်မိသားစု၏ ဂုဏ်သတင်းမှာလည်း ကောင်းနိုင်တော့မည် မဟုတ်ပါ။

ရှုမိသားစုနှင့် ယှဥ်ကြည့်ပါက အဖွဲ့ထဲမှာ ရှိနေသည့် လူများက ထိုကဲ့သို့သော သတင်းပေးမှုမျိုး ကြုံရမည်ကို ပိုပြီး ကြောက်နေခဲ့ကြသည်။

သူတို့အားလုံးသည် လယ်ထဲတွင် အလုပ်လုပ်ကာ အလုပ်ရှုပ်နေကြသည့်အတွက် သူတို့သည် ထိုကဲ့သို့ အခွင့်အရေး ယူလွန်းသည့် သူမျိုးကို ရှောင်လေ့ရှိကြသည်။

ဝမ့်လင်းလင်းက ထိုကိစ္စတွင် ကင်းလား မကင်းလား ဆိုတာနှင့် နောက်ပိုင်း ဒီကိစ္စကို သိရှိသွားကြမလား ဆိုတာကို စိတ်ပူနေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူသည် ရှုရွှမ်းတို့ မိသားစနှင့် ဘယ်လို အဆက်သွယ် ဖြတ်ရမလဲ ဆိုတာကိုလည်း တွေးနေခဲ့သည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရရင် ဝမ့်ယုံရွှင်းနှင့် ဝမ့်လင်းလင်းတို့သည် အဖေနှင့်သမီး အတွဲညီလှသည်။ တကယ်တမ်းတွင်လည်း သူတို့ရဲ့ အတွေးများမှာ တစ်ယောက်နှင့် တစ်ယောက် တိုက်ဆိုင်မှု ရှိနေခဲ့သည်။

ဝမ့်ယုံရွှင်းသည် ထိုကိစ္စကို သူကိုယ်တိုင် ဝင်ပါမည့်အစား သူ့အပေါ် ရှုမိသားစုက တစ်ခုခု အကြွေးတင်နေသည်ဟု လူတိုင်း ခံစားမိအောင် လုပ်မည်ဟု တွေးခဲ့သည်။ သို့မှသာ ရှုရွှမ်းကို အပြစ် တစ်ခုခုရှာကာ လက်ထပ်ပွဲကို ဖျက်သိမ်းဖို့အတွက် ခြိမ်းခြောက်လို့ ရနိုင်မည် ဖြစ်သည်။ သူသည် ရှုရွှမ်းကို အခွင့်အရေးကြီး တစ်ခုလောက် ပေးလိမ့်မည် ဖြစ်ပြီး တကယ်လို့ မိသားစုနှစ်ခု၏ ဆက်ဆံရေး ပျက်စီးသွားခဲ့ရင်တောင် သူတို့သည် ရှုမိသားစုထံမှာ အခွင့်အရေးများ ရယူနိုင်ဦးမည် ဖြစ်သည်။

ဝမ့်ယုံရွှင်းသည် ထိုအကြံကို တွေးပြီး နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် မြို့ကိုသွားဖို့ ပြင်ဆင်နေခဲ့သည်။ သွားရသည့် အကြောင်းအရင်း တစ်ခုမှာ ယောင်ကျုံးကို ပစ္စည်းအချို့ သွားပို့ရန် ဖြစ်သည်။ သိပ်မကြာခင်ကမှ အိမ်တွင် ပြဿနာတစ်ခု ရှိခဲ့ပြီး သူသည် ယောင်ကျုံးအတွက် ဘာကိုမှ နှောင်းနှေးမှု မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ သူသည် ယောင်ကျုံး ကျောင်းမှာနေဖို့အတွက် ပစ္စည်းအချို့ သွားပို့ချင်ရုံသာ ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုမှာ သူသည် နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်သို့သွားကာ ထိုဆိုင်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိလားဆိုတာကို သွားကြည့်ရန် စီစဥ်ထားသောကြောင့် ဖြစ်သည်။

သူသည် သေသေချာချာ စီစဥ်ထားခဲ့သော်လည်း ဝမ့်လင်းလင်းက ထွက်ပြေးသွားလိမ့်မည်ဟု ဘယ်တုန်းကမှ သူ မထင်ထားခဲ့ဖူးပါ။

တကယ်လည်း သူမက ထွက်ပြေးသွားခဲ့သည်။

ဝမ့်ယုံရွှင်းသည် အံကိုကြိတ်ကာ ဒီကံဆိုးစေသည့် သမီးမိုက်ကို လီချွမ်းကျင်၏ ဗိုက်ထဲသို့ ပြန်ထည့်ထားဖို့သာ ဆန္ဒရှိနေတော့သည်။

သူတို့မိသားစုသည် အဖြေတစ်ခုကို ဖြည်းဖြည်းချင်း ရှာဖို့အတွက် ကြိုးစားနေခဲ့ကြသည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက် ထိုကိစ္စကို အားလုံးက မေ့သွားခဲ့ကြသည်။ ဒါဟာ ကျေးလက်ဒေသမျိုးဖြစ်ပြီး မိသားစုတိုင်းတွင် ပြဿနာကိုယ်စီ ရှိနေခဲ့ကြသော်လည်း အချိန်အတန်ကြာပြီးနောက်တွင် ဘယ်သူကမှ ထိုကိစ္စများကို အစပြန်မဖော်ကြတော့ပါ။

သို့သော် အခုအခြေအနေတွင် ဝမ့်လင်းလင်းသည် ဘာမပြော ညာမပြောနှင့် ထွက်ပြေးသွားခဲ့သည်။

သူမ ထွက်ပြေးသွားတယ်ဆိုတာ ရှုရွှမ်းအား လက်မထပ်ချင်ကြောင်းကို သက်သေပြနေတာပဲ မဟုတ်ပါလား။

All Chapters