← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

အောင်သွယ်တော်များသည် သူမရဲ့ အိမ်ရှေ့သို့ စုရုံး ရောက်ရှိလာပြီး များစွာသော လူငယ်များကလည်း သူတို့ရဲ့ ချစ်ခြင်း မေတ္တာကို ပြသနိုင်ကြသည်။ နောက်ထပ် အမျိုးသမီးကြီး စုရဲ့ အခြွေအရံများမှာ ပျော်နေပုံရသော်လည်း ဝမ့်ရင်းကတော့ မပျော်နိုင်ခဲ့ပါ။

သူမသည် ဘယ်လောက်ထိ ဆွဲဆောင်မှု ရှိကြောင်းကို ပြဖို့ မကြိုးစားဘဲ လေးလေးနက်နက်နှင့် လက်တွဲဖော် တစ်ယောက်ကို ရှာနေခဲ့တာပင်။

ပြီးတော့ ဒီကျက်သရေရှိတဲ့ အရာက တကယ်ပဲ သူမအပိုင်လား။

ဝမ့်ရင်းသည် သူမရဲ့ ဆုံးရှုံးမှုများကို ကောင်းမွန်စွာ ပြန်လည် မကုစားရသေးဘူး ဆိုတာကို သိနေခဲ့ပြီး သူမရဲ့ ပုံစံမှာလည်း အကောင်းဆုံးဆိုသည့် အခြေအနေမျိုးသို့ ပြန်ပြီး မရောက်ရှိသေးပါ။ ကျေးလက်ဒေသများတွင် ဂုံးဆီကို တွင်တွင်ကျယ်ကျယ် အသုံးမပြုခဲ့ကြပါ။ ဒါဆို သူမက သူ့ကိုယ်သူ လှပအောင် ဘယ်လိုလုပ် လုပ်နိုင်ပါတော့မလဲ။

သေသေချာချာ ပြောရရင် ထိုကိစ္စက အခြေအနေများ အပေါ်မှာပဲ မူတည်သည်။

ဝမ့်ရင်းသည် လူတွေက သူမကို တွေ့ချင်လို့ သို့မဟုတ် သူမရဲ့ အခြေအနေကို မေးဖို့လာကြတာ သို့မဟုတ် အချို့သော သူများက နှစ်ခုလုံး မေးဖို့ လာကြရင်တောင် သူမက ဖြေဖို့ ပျင်းနေခဲ့သည်။

'ဒါဆို ဘာလုပ်ကြမလဲ။

ဒီကိစ္စတွေက ခွဲခြားထားဖို့ဆိုတာ ခက်ခဲတယ်။

သူမရဲ့ မိသားစု အခြေနေကို ဂရုစိုက်ပေးတဲ့ ရှုရွှမ်းအပေါ်မှာ မှီခိုလိုက်တာကပဲ ပိုကောင်းတယ်။'

ရှုရွှမ်းက မတုံ့မဆိုင်းဘဲ သဘောတူလိုက်သည်။ “မနက်ဖြန် ငါ့အမေကို အောင်သွယ်တော်တစ်ယောက် ရှာဖို့ ပြောလိုက်မယ်။”

ဝမ့်ရင်းသည် တင်တောင်းငွေ ဒါမှမဟုတ် ထိုကဲ့သို့သော အရာမျိုးကို ဘာတစ်ခုမှ မမေးခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုရွှမ်းက သူမရဲ့မိသားစုထဲသို့ ဝင်လာရမည့်သူ ဖြစ်သည်။ အဲ့တော့ တကယ်လို့ အဲ့ကိစ္စကို ပြောချင်ပါက သူမကသာ တင်တောင်းငွေ ပေးရမည့်သူ ဖြစ်သင့်သည်။

သို့သော် သူတို့နှစ်ယောက်ရဲ့ တကယ့်အခြေအနေကို လေ့လာကြည့်ပါက ထိုအရာအားလုံးတို့သည် မလိုအပ်သည့် အရာများသာ ဖြစ်သည်။

ဝမ့်ရင်းက လောင်ကုန်းကို မြေပေါ်သို့ ကန်ချခဲ့သည်။ “ကျွန်မတို့ သူ့ကို ဘာလုပ်ကြမလဲ။”

ဝမ့်ရင်းက သူ့ကို သူ့ရဲ့အိမ်မှာပဲ သွားပစ်ချထားဖို့ တွေးခဲ့သည်။ သူ့ကို သူမက ရိုက်နှက်ကာ သူမရဲ့ ဒေါသကို သူ့အပေါ်မှာ ပုံချထားခဲ့သည်။ ထို့ပြင် ဒီကိစ္စကို လူသတ်မှုဟုတောင် သတ်မှတ်နိုင်သည့်အတွက် သူမ လုပ်နိုင်သည့်အရာဟူ၍ ဘာတစ်ခုမှ ရှိမနေခဲ့ပါ။

ရှုရွှမ်းက သူမလက်ထဲကို အထုပ်တစ်ခု ထည့်ပေးကာ ပြောလိုက်သည်။ “ဒီကိစ္စကို ပူမနေနဲ့။”

ထိုစကားကို ပြောပြီးနောက် သူသည် လောင်ကုန်းကို သူ့ကျောတွင်ပိုးကာ မှောင်ရိပ်ခိုဖို့ တောင်ပေါ်သို့ မြန်မြန် တက်သွားခဲ့သည်။

ဝမ့်ရင်းသည် ရှုရွှမ်းက လောင်ကုန်းကို ဘာလုပ်မလဲဆိုတာ သူမလည်း မသိခဲ့ပါ။ သို့သော် ထိုပြဿနာ ပြီးသွားသည့်နောက် သူမသည် ဒီည အိပ်ပျော်နိုင်မည် မဟုတ်ပါ။ သူမသည် ရှုရွှမ်း ပြောခဲ့သည့် စကားကို ပြန်တွေးလိုက်သည့်အခါ သူမသည် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သို့သော် သူမက ဒီလိုမျိုး ရက်စက်နိုင်ပါ့မလား ဆိုတာကို မသိသည့်အတွက် တစ်ညလုံး စောင့်နေဖို့သာ ဆုံးဖြတ်ခဲ့သည်။

ရှုရွှမ်းသည် အောင်သွယ်တော် တစ်ယောက်ကို ဖိတ်ပြီး မင်းလုကို ရှာခဲ့ပြီးနောက် ဘယ်သူမှ ဒီကို ရောက်လာမှာ မဟုတ်ဘူး ဆိုတာကို ခန့်မှန်းမိခဲ့ကြသည်။

ဝမ့်ရင်းက အိမ်ထဲကို ပြန်ဝင်သွားပြီး ရေနံဆီ မီးအိမ်ကို သယ်သွားကာ သူမလက်ထဲက အထုပ်ကြီးကို ဖွင့်ကြည့်ခဲ့သည်။ အကြောင်းမှာ ရှုရွှမ်းက ထိုအထုပ်ကြီးကို သူ့ရင်ဘက်တွင် ပိုက်ထားခဲ့ပြီး အထဲက စက္ကူမှာလည်း ပူပူနွေးနွေးလေး ဖြစ်နေခဲ့သည်။

ထိုသတင်းစာအထုပ်မှာ အပြင်ဘက်တွင် သတင်းစာဖြင့် ပတ်ထားပြီး အထဲမှာလည်း ကြာရွက်များဖြင့် ပတ်ထားတာ သူ့ရဲ့ အလေးချိန်မှာ နှစ်ပေါင် သုံးပေါက်လောက် ရှိနေခဲ့သည်။ ဝမ့်ရင်းက ထိုအရာကို သေချာ မြင်လိုက်ရသည့်အခါ ပိုပြီးတောင် ပျော်သွားခဲ့သည်။

ကြက်ကင်ကြီးပါလား။

အညိုရောင် အပေါ်ယံ အရေခွံမှာ ပြောင်ပြောင်းတင်းတင်းနှင့် ဆီရွှဲရွှဲ ဖြစ်နေကာ သူ့ရဲ့ အနံ့မှာလည်း မယုံနိုင်လောက်အောင် မွှေးကြိုင်နေခဲ့သည်။

ဝမ့်ရင်းသည် ဘာကိုမှ မတွေးတော့ဘဲ ကြက်သားကို စပြီး ဖဲ့လိုက်သည်။ ကြက်သားသည် အချိန်အတော်ကြာ နှပ်ထားခဲ့ပြီး အရိုးများကိုတောင် အလွယ်တကူ ဖယ်ပစ်လို့ ရနိုင်သည်။ ကြက်သားက ခြောက်ကပ်ကပ်ကြီး ဖြစ်မနေဘဲ သူရဲ့ အနှစ်အရသာမှာ လေးလေးပင်ပင် ရှိနေခဲ့သည်။ ထို့ကြောင့် ထိုအရာကို အရင်ဆုံး ကြော်ပြီးမှ ပေါင်းထားတာမျိုး ဖြစ်လိမ့်မည်။

ဝမ့်ရင်းသည် ထိုအစားအစာကြောင့် ပျော်ရွှင်သွားခဲ့ပြီး သူသည် ကြက်သားကို အရိုးများပါမကျန် စားခဲ့သည်။

ကြက်သားရဲ့ အလေးချိန်မှာ နှစ်ပေါင် သုံးပေါင်ခန့် ရှိသည်။ ထိုကြက်သားကို စားပြီးနောက် ဝမ့်ရင်းသည် ဗိုက်ပြည့်သွားကာ အိပ်ရာပေါ်တွင် လှဲချလိုက်သည်။

'သူမ ရုတ်တရက်ဆိုသလိုပဲ အနာဂတ်အတွက် မျှော်လင့်ချက် ရှိသွားသလို ခံစားခဲ့ရတယ်။'

လောင်ကုန်းကို မနက် အစောကြီးတွင် တွေ့ရှိခဲ့ကြသည်။ ရွာသားများသည် အစောကြီး နိုးကြပြီး အချို့က ရေသယ်ဖို့အတွက် ရွာထဲရှိ အများသုံး ရေတွင်းတွင် ရေသွားခပ်ကြသည်။ ထိုရေတွင်းသည် တလင်းပြင်နှင့် သိပ်မဝေးသည့် နေရာတွင် ရှိနေပြီး ထိုနေရာသည် တပ်မဟာရုံးဖြစ်သည်။

လောင်ကုန်းကို ပထမဆုံး တွေ့သည့်သူမှာ ဦးလေးထျန်း၏သား ဖြစ်သည်။ သူသည် မနက်စောစော ထကာ ရေခပ်ဖို့သွားခဲ့သည်။ ရေတွင်းနားသို့ ရောက်သည့်အခါ သူသည် ဒဏ်ရာရနေသော မျက်နှာနှင့် ခန္ဓာကိုယ်က ယောင်ကိုင်းကာ တလင်းပြင်ပေါ်တွင် လဲနေသော လောင်ကုန်းကို တွေ့ခဲ့ရသည်။

ထိုအချိန်သည် ညဘက်များတွင် အလွန်အေးပြီး အပြင်မှာ တစ်ညလုံး အအေးခံဖို့ဆိုတာက ဟာသတစ်ခုတော့ မဟုတ်ပါ။

ဦးလေးထျန်း၏ သားသည် တပ်မဟာရဲ့လုံခြုံရေးကို မြန်မြန် သွားရှာခဲ့သည်။ ထိုအချိန်တွင် တပ်မှူး ထျန်းယိုဖုက မနိုးသေးလောက်သော်လည်း တပ်ဖွဲ့ လုံခြုံရေး စုန့်တာကွေ့သည် အသက်ကြီးပြီး အအိပ်နည်းသည်။ ထို့ကြောင့် သူက သေချာပေါက် နိုးနေလောက်ပြီ ဖြစ်သည်။

စုန့်တာကွေ့ ရောက်ရှိလာချိန်တွင် လောင်ကုန်းက တလင်းပြင်တွင်သာ ရှိနေဆဲ ဖြစ်သည်။

ဘေးပတ်ပတ်လည်မှာ လူတွေက ပိုပိုပြီး စုဝေးလာသော်လည်း သေနေမှာကို ကြောက်သည့်အတွက် ဘယ်သူကမှ သူ့ကို ဘယ်သူကမှ မထိရဲခဲ့ပါ။

စုန့်တာကွေ့သည် သူ့ရဲ့ပိုက်ကိုမှုတ်ကာ ပြောခဲ့သည်။ “ငကြောက်တွေ”

ထိုလူက အေးခဲနေသော်လည်း အသက်ရှုနေသေးသဖြင့် သူ အဆင်ပြေကြောင်းကို စုန့်တာကွေ့က သိနေခဲ့သည်။

စုန်တာကွေ့က လူငယ်များကို လောင်ကုန်းအား သယ်ကာ ရုံးသွားသွားပို့ရန် ညွှန်ပြခဲ့သည်။ “သူ့ကို သယ်ခဲ့ကြ။”

လူငယ်လေးများက နားမလည်ဘဲ အော်နေခဲ့ကြသည်။ “ ဘာလို့ သူ့ကို အိမ်မခေါ်သွားတာလဲ။ ဘာလို့ သူ့ကို ရုံးဆီ သယ်သွားခိုင်းတာလဲ။”

တပ်မဟာရဲ့ အဆောက်အဦကြီးကို ရုံးဟုသာ ခေါ်ကြသည်။ သို့သော် စုန့်တာကွေ့နှင့် ထျန်းယိုဖုတို့သည် ဟန်ကြီးပန်ကြီး လုပ်ရတာကို မကြိုက်ကြသူများ ဖြစ်သည့်အတွက် ပုံမှန်အတိုင်း ရုံးကို အရှေ့နှင့် အနောက်ဟုသာ ခွဲထားခဲ့သည်။

အနောက်ဘက်ရှိ အခန်းနှစ်ခန်းမှာ ရုံးခန်းနှင့် စတိုခန်း ဖြစိပြီး အရှေ့ဘက်ရှိ အခန်းအကျယ်ကြီးများမှာ ပုံမှန်လိုပဲ အစည်းအဝေး ခန်းမကြီးအဖြစ် သတ်မှတ်ခဲ့ကြသည်။

အဲ့လိုနဲ့ပဲ တစ်ခါတစ်လေ တပ်မဟာထဲက လူတွေက သီးသန့် စကားပြောချင်လို့ဖြစ်စေ အချို့မိသားစုတွေက ဧည့်သည့်တွေအတွက် ပွဲတွေ ကျင်းပဖို့ နေရာ ကောင်းကောင်းတစ်ခုကို သွားချင်ရင်ဆိုရင် သူတို့က လူတိုင်းကို ဒီနေရာ ငှားပေးသည်။

ခုနစ်ခုမြောက် တပ်မဟာကလွဲလို့ ဘယ်တပ်မဟာမှာမှ ဒီလိုမျိုး ဦးစားပေးတဲ့ ဆက်ဆံရေးမျိုး မရှိနေခဲ့ဘူး။ ပြီးတော့ ဒီစဥ်ပေးမှုနဲ့ လူတိုင်းကို ယုံကြည်လာအောင် စည်းရုံးလို့ရသည်။

လူငယ်များက သူတို့ ဒီလိုနံစော်နေတဲ့ လူကြီးအား သယ်သွားရမည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ မပျော်ကြတော့ပါ။ တပ်မဟာက အစည်းအဝေး ခန်းမထဲကိုလား။ အဲ့ဒါက လူတိုင်းရဲ့ အစည်းအဝေးခန်းလေ။

အဲ့ထဲကို ဝင်သွားပြီးမှ ဒီလူ ထအန်ရင် ဘယ်လိုလုပ်မလဲ။

စုန့်တာကွေ့သည့် ဘေးနားက လူငယ်ဆီက ပိုက်ကိုယူကာ ပြောခဲ့သည်။ “မင်း သူ့ရဲ့ကိုယ်ပေါ်မှာ အရက်အနံ့ ရလို့လား။”

'အခုချိန် သူတို့ သူ့ကို ပြန်ပို့လိုက်ရင် သူက အသက်ကြီးတဲ့ သူတစ်ယောက်ဆိုတော့ အဲ့မှာ သူ့ကို ဂရုစိုက်ပေးမယ့်သူ ဘယ်သူမှ မရှိဘူး။ ပြီးတော့ နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာကို သူတို့လည်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။'

စုန့်တာကွေ့သည် သူ့ရဲ့ အနေအထားတစ်ခု ရှိသည်။ သူသည် တပ်မဟာရဲ့ လုံခြုံရေး ဖြစ်သည့်အတွက် ဒီကိစ္စကို သူက ဂရုမစိက်ရုင်တောင် သူ့အတွက် အဆင်ပြေသည်။ သို့သော် သူသာ လုပ်ပေးလိုက်ပါက ထိုကိစ္စကို အဆုံးထိ သိရှိသွားပြီး ဒီလူကို ကောင်းကောင်း ထားပေးဖို့ ဆိုတာကိုလည်း သေချာအောင် ပြုလုပ်လို့ ရနိုင်မည် ဖြစ်သည်။

ပြီးတော့…….

“သူ့မှာက ဝိုင်ဝယ်ဖို့ရော ပိုက်ဆံက ရှိလို့လား။”

လောင်ကုန်းသည် အဖွဲ့ထဲမှာ အဆင်းရဲဆုံး သူတစ်ယောက် ဖြစ်ပြီး သူ့တွင် ဘယ်တုန်းကမှ ငါးဆယ်ဆင့်ထက်ပိုပြီး မရှိခဲ့ဖူးပါ။

သူသည် ဝိုင်အချို့ကို ပျော်ပျော်ကြီးဝယ်ပြီး သောက်ခဲ့တယ်ဆိုတာကို စုန့်တာကွေ့က သိပ်ပြီးတော့ မယုံနိုင်ခဲ့ချေ။

အခုဆို ဆန်တွေကလည်း စျေးကြီးနေတာ။ ပြီးတော့ ဝိုင်ထုတ်ဖို့က ဆန်တွေအများကြီး လိုသည်။ မြို့မှာရှိတဲ့ လူတွေက ဝိုင်ကို သတ်မှတ်ထားတဲ့ ပမာဏလောက်ပဲ ဝယ်လို့ရသည်။ အဲ့ချိန်မှာ ကျေးလက်ကလူတွေ အများစုက ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ ချက်လုပ်ထားတဲ့ ဆန်အရက်ကိုသာ သောက်လေ့ရှိကြသည်။

သို့သော် စုန့်တာကွေ့က အနံ့တစ်ခုကို ရလိုက်သည့်အခါ ဒါက စူးရှတဲ့ အရက်အနံ့ကို သေသေချာချာ ရလိုက်သည်။ ဆန်အရက်က ဒီလောက်ထိတော့ မပြင်းနိုင်ဘူး။

သူတို့သည် လောင်ကုန်းကို အစည်းအဝေး ခန်းမထဲသို့ သယ်သွားခဲ့ကြကာ သစ်သားခုံ နှစ်ခုံကို ဆက်ပြီး သူ့ကို အပေါ်မှာ တင်ထားခဲ့သည်။ ထို့နောက် စုန့်တာကွေ့သည် လောင်ကုန်းရဲ့ အတွင်းအပြင် အိတ်ကပ်များကို နှိက်ရှာခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အိတ်ကပ်ထဲတွင် ဖန်ပုလင်း တစ်ပုလင်းကို တွေ့ရှိခဲ့သည်။

“သေစမ်း။ ဒီလူက ရုံးမှာရှိတဲ့ ဆေးနဲ့ ပတ်သက်တဲ့ အရက်တွေကို သောက်ထားတာပဲ။”

သူသည် ဆေးဘက်ဆိုင်ရာ အရက် နှစ်ပုလင်းကို ဝယ်ယူခဲ့သည့်အတွက် စုန့်တာကွေ့က တော်တော်လေး ဒေါသထွက်သွားခဲ့သည်။ ထိုကဲ့သို့သော ဆေးများမှာ လူအများအတွက် ထားထားပေးသောာ ပက်တီးများဖြစ်ပြီး ထိုအရာများကို ရုံးခန်းထဲတွင်သာ နေရာချထားခဲ့သည်။ အဖွဲ့ရှိ တစ်ယောက်ယောက်က ကိစ္စ တစ်စုံတစ်ရာ ဖြစ်မှသာ သူတို့က ထိုအရာများကို အရေးတကြီး ထုတ်ယူကာ အသုံးပြုကြခြင်း ဖြစ်သည်။

ဒီပစ္စည်းတွေက ရုံးရဲ့ ပြတင်းပေါက် ဘောင်ပေါ်မှာပဲ တင်ရုံလေး တင်ထားတာ။ ဘယ်သူကမှ အဲ့ဒါကို အရေးကြီး ကိစ္စမရှိဘဲ မယူကြဘူး။

တစ်ယောက်ယောက်ကများ သူတို့ကို စောင့်ကြည့်နေမလားဆိုတာ ဘယ်သူကများ သိနိုင်မှာလဲ။

စုန့်တာကွေ့က ဒေါသထွက်သွားခဲ့သည်။ ' ဆေးဘက်ဆိုင်ရာ အရက်များက စျေးကြီးသည် ဖြစ်စေ အခြားကိစ္စတစ်ခုခု ရှိနေခဲ့သည်ဖြစ်စေ လောင်ကုန်းက ဘာအတွက် ပြည်သူပိုင် ပစ္စည်းတွေကို ခိုးသွားခဲ့ရတာလဲ။ အရက်အတွက် ပိုက်ဆံကို လူတိုင်းက ပေးထားခဲ့ရတာ။ ဒါပေမယ့် သူက အဲ့ဒါတွေ အားလုံးကို ယူပြီး သောက်ပစ်ခဲ့တာပဲ။'

“သွား။ သူ့အတွက် အလွတ်တမ်း ဆရာဝန်တစ်ယောက် သွားရှာလာခဲ့။”

ဆေးဘက်ဆိုင်ရာ အရက်က လူကို သေစေနိုင်လား ဆိုတာကို ဘယ်သူကများ သိနိုင်မှာလဲ။

စုန့်တာကွေ့က လောင်ကုန်းကို ညွှန်ပြကာ ပြောခဲ့သည်။ “သူ နိုးလာတဲ့အထိ စောင့်ကြမယ်။”

တကယ်လို့ သူက အရက်ကိုခိုးပြီး သူလည်း ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် စုန့်တာကွေ့က သူရဲ့ ကိစ္စများကို ဖြေရှင်းဖို့ ညှိုနှိုင်းရတော့မည် ဖြစ်သည်။ တကယ်လို့ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒါဟာ သူ့ရဲ့ အမှားကြောင့်သာ ဖြစ်သည်။

ဆရာဝန်သည် မြန်မြန် ပြေးလာခဲ့ပြီး လောင်ကုန်းကို ခနလောက် လှုပ်နှိုးနေခဲ့သည်။ အလွတ်တမ်း ဆရာဝန်အတွက် ပိုက်ဆံအများကြီး မသုံးလိုက်ရဘဲ ၂ ဆင့်သာ ပေးခဲ့ရသည်။

လောင်ကုန်းက နိုးလာသည့်အခါ သူဘယ်ရောက်နေလဲ ဆိုတာကို မသိဘဲ အရမ်းကို စိတ်ရှုပ်နေခဲ့သည်။

စုန့်တာကွေ့ရဲ့ မျက်နှာမှာ တင်းမာနေခဲ့သည်။ “မင်း နိုးလာပြီလားး။”

လောင်ကုန်းသည် ရုတ်တရက်ဆိုသလို စပြီး အော်ခဲ့သည်။ “ကျွန်တော် ဆေးအရက်တွေကို ခိုးမိခဲ့ပါတယ်။ ကျွန်တော် ခိုးပြီး သောက်ခဲ့မိပါတယ်။ မိုးနတ်မင်းက ကျွန်တော့်ဆီ ရောက်လာတာနဲ့ တစ်ထပ်တည်း တူတဲ့ ခံစားချက်မျိုးကို ရခဲ့တယ်လို့တောင် ပြောလို့ရတယ်။”

စုန့်တာကွေ့ - “……..”

လောင်ကုန်းက အပြင်းအထန် ခုခံလိမ့်မည်ဟု စုန့်တာကွေ့က တွေးထားခဲ့သော်လည်း သူက အလွယ်လေးပဲ ဝန်ခံလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပါ။

စုန့်တာကွေ့ - “မိုးနတ်မင်းက ရောက်လာပြီလား။ မင်းက အဲ့လောက်တောင် ဂုဏ်ယူနေတုန်းလား။”

သူပြောလိုက်တာကို နားထောင်ပြီး ထိုကိစ္စနှင့် ပတ်သက်ချင်ပုံ မရသည့်သူမှာ စုန့်တာကွေ့ ဖြစ်သော်လည်း ဒီလူက မိုးနတ်မင်းအကြောင်းကို ဆက်ပြောနေပါက ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။ အခုဆိုရင် ဒါက ပတ်ဝန်းကျင်းအသစ်ပဲ။ ဒီလို မိုးနတ်မင်းတွေဘာတွေက ရှိလာတော့မှာ မဟုတ်ဘူး။

လောင်ကုန်းက ငိုချင်နေသော်လည်း မျက်ရည်တော့ မကျခဲ့ပါ။ ဒါဟာ သူ့မသိစိတ်ထဲကနေ တုံ့ပြန်နေခြင်းမျိုး ဖြစ်သည်။

သူသည် မနေ့ညက ရေတွင်းနားမှာ ရေဖြင့်ပတ်ပြီး နှိုးခံလိုက်ရသည်ကို အရင်ဆုံး တွေးနေမိခဲ့သည်။ ထို့နောက် ရှုရွှမ်းက သူ့ခေါင်းကိုကိုင်ပြီး ထိုးကာ တစ်ခုခုကို ပြောခဲ့သည်။ ထို့နောက် သူ့ပေါ်သို့ ဆေးအရက်များ လောင်းချကာ သူ့ရဲ့ ရွေးချယ်မှုကို သေသေချာချာ တွေးထားဖို့ ပြောခဲ့သည်။

တကယ်လို့ သူသာ ဝမ့်ရင်းအိမ်က ပြတင်းပေါက်နား ရောက်ခဲ့သည့်အကြောင်းကို အခြားသူများအား ပြောရဲပါက အချိန်တစ်ခု အတွင်းမှာပဲ ရှုရွှမ်းက သူ့ရဲ့ ငယ်ပါကို ဖြတ်ပစ်ကာ ယောက်ျားဘဝမှ ပြောင်းပစ်လိမ့်မည် ဖြစ်သည်။

တကယ်လို့ သူက ဆေးအရက်အား ခိုးကာ သောက်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပြီး ဘာစကား တစ်ခွန်းမှ မပြောဘဲ နောက်ဘယ်တော့မှ ဝမ့်ရင်းရဲ့ အရှေ့မှာ ပေါ်မလာခဲ့ပါက ရှုရွှမ်းက သူ့ကို လွှတ်ပေးလိမ့်မည် ဖြစ်သည်။

လောင်ကုန်းက ငိုနေခဲ့သည်။ ထိုကဲ့သိုသော ခြိမ်းခြောက်မှုမျိုးကို ကြုံနေရကာ အရူးတစ်ယောက်ကတောင် ဘာကို ရွေးရမလဲဆိုတာ သိလိမ့်မည် ဖြစ်သည်။

သို့သော် ရှုရွှမ်းက လောင်ကုန်း ဘာမှ မမှတ်မိမှာကို စိုးရိမ်နေသည့်အတွက် သူ့ကို သတိမေ့သွားအောင် ရိုက်ခဲ့သည်။ သူ့ကို ရိုက်နေချိန်အတွင်းမှာလည်း ဘာကို မှတ်ထားရမလဲဆိုတာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

သူသည် နှစ်ခါပြန် အရိုက်ခံပြီးနောက် သူ့ကို တစ်ခုခု မေးလိုက်သည့် အခါတိုင်း သူ့ရဲ့အခြေအနေမှာ ထုံပေပေနဲ့ အလိုအလျောက်ကို တုံ့ပြန်နေခဲ့သည်။

သို့သော် လောင်ကုန်းက ဝမ့်ရင်းကို လုံးဝ မထိရဲတော့ပါ။ ကိစ္စတစ်ခုလုံးကို ပြန်ပြောဖို့ မဆိုထားနှင့် သူက အမှန်တရားကိုတောင် မပြောရဲခဲ့ပါ။

ဆေးနှင့်ဆိုင်သည့် အရက်ကို ခိုးတာနှင့် မိန်းကလေးငယ် တစ်ယောက်၏ အိမ်ပြတင်းပေါက်ကို သွားချောင်းတာက လုံးဝ ကွဲပြားသည့် ကိစ္စနှစ်ခု ဖြစ်သည်။

ထိုကိစ္စအား ပြုလုပ်သူကို တပ်မဟာဘက်က သေချာပေါက် အပြစ်ပေးမှာဖြစ်ပြီး သူသည် ကိုယ့်ကိုကိုယ် ပြန်ပြီး သုံးသပ်ကာ အလုပ်များလည်း ပိုလုပ်ရမည် ဖြစ်သည်။ ဒါဟာ တော်လှန်ရေး အဖွဲ့က ဝင်ပါဖို့မလိုသည့် အမှားလေးများကို တပ်မဟာဘက်က အပြစ်ပေးသည့် ပုံစံမျိုး ဖြစ်သည်။ သူတို့ကို မြေသြဇာများ သယ်ခိုင်းခြင်း၊ အချိန်ပိုအလုပ်များ၊ ညစ်ပတ်ပြီး ပင်ပန်းသည့် အလုပ်များ စသည်တို့ကို လုပ်ခိုင်းခဲ့သည်။

သို့သော် နောက်ပိုင်းတွင်…..

ဝမ့်ရင်းက အာဇာနည်တစ်ယောက်ရဲ့ ကလေးဆိုတာကို ပြောဖို့မလိုဘဲ သူမအား အခွင့်ထူးခံ လူတန်းစားအဖြစ် ဆက်ဆံပေးရလိမ့်မည် ဖြစ်သည်။ ထိုကိစ္စအရ သူသည် ထောင်ထဲသို့ ပို့ခံရမည် ဖြစ်သည်။ ဘာပြစ်မှုပဲ သူလုပ်ခဲ့သည့်ဖြစ်စေ သူသည် အလုပ်သမား စခန်းသို့ ပို့ခံရမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်လာလို့ရမည် မဟုတ်ပါ။

လောင်ကုန်းသည် အတော်လေး ကြောက်လန့်သွားကာ ရုတ်တရက်ဆိုသလို သူ့ရဲ့ သတ္တိမှာလည်း နည်းသွားခဲ့သည်။ သူဘာလို့ အဲ့လိုအတွေးမျိုး ရှိခဲ့ရတာလဲ ဆိုတာကိုတောင် ပြန်မတွေးရဲတော့ပါ။

အဖွဲ့လုံခြုံရေးက ပြောလိုက်သည့်စကားကို ကြားပြီးနောက် လောင်ကုန်းက မြန်မြန် ရှင်းပြခဲ့သည်။ “ကျွန်တော် မှားသွားတာပါ။ ကျွန်တော် ဆေးအရက်ကို သောက်ခဲ့မိပါတယ်။ ကျွန်တော် ဘယ်လို အပြစ်မျိုးကိုမဆို လက်ခံပါတယ်။”

စုန့်တာကွေ့က ထိုလူကို ပြေးကန်ချင်နေခဲ့သည်။

'မင်းက မှားမှန်းသိတာတောင် ဆက်လုပ်နေတုန်းပဲ။ ပြီးတော့ မင်းက တော်တော်လေး ပွင့်လင်းတာပဲ။ ဒါက ကိစ္စသေးသေးလေးလို့ မင်း ထင်နေတာလား။ ပြီးတော့ မင်းက အကြောက်အလန့်မရှိ အပြစ်ဒဏ်ကို လွယ်လွယ်လေးပဲ ခံယူလိုက်တာပေါ့။'

စုန့်တာကွေ့က ဒီလိုနည်းအတိုင်း တွေးနေတာကို လောင်ကုန်းက သိခဲ့ပါက သူက သေချာပေါက် မှားတယ်ဟု ခံစားရလိမ့်မည် ဖြစ်သည်။ သူက အဲ့လိုမျိုး မတွေးခဲ့ပါ။ တကယ်တော့ တန်းတွေရဲ့နောက်ကို သော့ဖျက်ပြီး ဝင်လာကာ တိတ်တဆိတ် ဆေးအရက်များကို သောက်တယ်ဆိုတာက ကိစ္စသေးလေး တစ်ခုသာ ဖြစ်သည်။

စုန်တာကွေ့က ခပ်တင်းတင်း မျက်နှာထားမျိုးနှင့် ပြောခဲ့သည်။ “ဒီည အဖွဲ့ထဲက လူတိုင်းက မင်း ကိုယ့်ကိုကိုယ် ပြန်ပြီး သုံးသပ်တာကို နားထောင်ကြလိမ့်မယ်။ မကြာခင် တောင်တက်ခွင့်လည်း ပိတ်တော့မှာ။ အဖွဲ့ခေါင်းဆောင်က အမဲလိုက်ချင်တဲ့ လူတွေကို လိုက်စုချင်နေတာ။ မင်း သူတို့နဲ့လိုက်သွားပြီး သာမန် အဖွဲ့ဝင်တွေရဲ့ ဝေစုတွေကို ယူခဲ့။ ဆောင်းတွင်းကျရင် မင်းက နှင်းတွေလိုက်ရှင်းရမယ့် အဖွဲ့မှာ ပါရမှာ။ မင်းက ညဘက်လည်း ကင်းလှည့်ရမှာ။ ဒါပေမယ့် ဘာလုပ်ခရမှတ်မှတော့ ရမှာ မဟုတ်ဘူး။”

All Chapters