← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ခုနစ်ခုမြောက် တပ်မဟာသည် တောင်ခြေတွင် တည်ရှိသည်။ သူတို့သည် တောင်ပေါ်ဒေသထွက် ပစ္စည်းများနှင့် သစ်သီးဝလံများကို မှီခိုနေရသဖြင့် သူတို့ရဲ့ ဘဝမှာ အဆင်ပြေ ချောမွေ့နေခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပဲ ဆောင်းတွင်းတိုင်းအတွက် ကြိုတင် ပြင်ဆင်မှုများစွာကို ပြုလုပ်ရသည်။

ပထမဆုံး သူတို့သည် တောင်ပေါ်တက်ကာ တောဝက် အနည်းငယ်ကို အမဲလိုက်ကြရသည်။ သို့မှသာ ထိုအမွှေးပွ သတ္တဝါကြီးများက တောင်အောက်ဆင်းကာ အဖွဲ့ဝင်များကို လာရောက် အန္တရာယ် ပေးလို့ ရနိုင်တော့မည် မဟုတ်ပါ။ သူတို့ သတ်လိုက်သည့် တောဝက် အသားများကိုလည်း အဖွဲ့ဝင်များနှင့် ခွဲယူ စားသောက်ကြသည်။ အသားက အရသာ မရှိသော်လည်း အနည်းဆုံးတော့ အသားဟင်းတစ်ခွက် စားရသည်။ တကယ်လို့ သူတို့က ဝံပုလွေများနှင့် ရင်ဆိုင်ရပါက ဖြစ်နိုင်ရင် ဝံပုလွေများကို သူတို့က သတ်ကြလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ထိုဝံပုလွေများသည် ဆောင်းတွင်းတွင် တောင်အောက်သို့ ဆင်းလာကြလိမ့်မည် မဟုတ်ပါ။

ထိုအလုပ်သည် အတော်လေးကို အန္တရာယ်များသည်။ ထို့ကြောင့် သန်မာသော လူငယ်များကိုသာ ရွေးချယ်ကြပြီး အသက်ကြီးသော လူများကတော့ ထိုအလုပ်ကို မနှစ်သက်ခဲ့ကြပါ။

သို့သော် ချက်ချင်းဆိုသလိုပဲ စုန့်တာကွေ့က လောင်ကုန်းအား ရွေးချယ်လိုက်သည်။ သူသည် ဘာကိုမှ တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့သော်လည်း သူသည် အနည်းဆုံးတော့ သေနတ်တစ်လက်နှင့် အစားအသောက်များကို သယ်နိုင်သည်။

ထိုခရီးတွင် လောင်ကုန်းက သာမန် အဖွဲ့ဝင်များ၏ ဝေစုကိုသာ ရနိုင်သည်။ သူသည် ရွေးချယ်စရာ မရှိသော်လည်း သဘောတူခဲ့သည်။

တောင်ပေါ်တက်ရတာနှင့် ယှဥ်ကြည့်ပါက နှင်းများ ရှင်းရတာနှင့် ကင်းလှည့်ရတာက သာမန် အလုပ်လေးပင် ဖြစ်သည်။

စုန့်တာကွေ့က မကျေမနပ် ဖြစ်နေခဲ့သည်။ ဒီအချိန်ဟာ ဆောင်းတွင်းဖြစ်ပြီး အလုပ်လည်းပါးသည်။ တကယ်လို့ အခြား အကြောင်းပြချက် တစ်ခုခု ရှိခဲ့ပါက သူသည် ဒီလူကို အဆိုးဆုံး အလုပ်များကို လုပ်ခိုင်းပြီး အပြစ်ပေးမှာ သေချာသည်။

“နောက်နှစ် နွေးဦးကျရင် မင်း သစ်သီးဝလံခင်းထဲကို သွားပြီး အဲ့က မြေသြဇာတွေ ယူလာခဲ့။”

တစ်ခါတည်း နွေရာသီ ရောက်သည်အထိ အပြစ်ပေးသွားတာက နည်းနည်းတော့ များသည်။ သစ်သီးခြံများသည် နွေရာသီတွင် မြေသြဇာ သိပ်မလိုပါ။ သို့သော် အဲ့ဒါက ဘာမှမလုပ်တာထက်တော့ ပိုကောင်းသည်။

လောင်ကုန်းက ဒါတွေအားလုံးကို လက်ခံရုံကလွဲပြီး ဘာများ လုပ်နိုင်မှာမလို့လဲ။

သို့သော် သူသည် စိတ်ထဲမှာတော့ ညည်းနေခဲ့သည်။ သူက ဝမ့်ရင်းရဲ့ ပြတင်းပေါက်နားကို သွားတာ ရှုရွှမ်းနဲ့ ဘာဆိုင်လို့လဲ။

ခွေးက ကြွက်ကို လာကိုက်သွားတာပဲ။ ကိုယ့်ကိစ္စကိုပဲ အာရုံစိုက်စမ်းပါ။

နေ့တစ်ဝက် ကုန်ဆုံးသွားပြီးနောက် လောင်ကုန်းက သူဘာလို့ ရှုရွှမ်းနဲ့ ဆုံတွေ့ခဲ့ရလဲနှင့် ရှုရွှမ်းက ဘာလို့ သူနဲ့ လာပြီး ပတ်သက်ချင်နေရတာလဲ ဆိုတာကို နားလည်သွားခဲ့သည်။

ရှုရွှမ်းက ဝမ့်ရင်းနဲ့ လက်ထပ်ပွဲအကြောင်း ပြောဖို့အတွက် အောင်သွယ်တော် တစ်ယောက်ကို ရှာခဲ့တာပဲ။

ထိုသတင်းများအရ လောင်ကုန်းက ဘာတွေ ဖြစ်နေလဲဆိုတာကို ရုတ်တရက် သတိရသွားခဲ့ပြီး သူ့ရဲ့ ကျောရိုးတစ်လျှောက် စိမ့်သွားသလို ခံစားခဲ့ရသည်။ တကယ်လို့ အဲ့ကိစ္စကြောင့်သာဆိုရင် ရှုရွှမ်းက သူ့ကို နှစ်ခါပြန် ရိုက်ခဲ့တာက သာမန်သာ ဖြစ်လိမ့်မည်။

လောင်ကုန်းက အနည်းငယ် မနာလို ဖြစ်သွားခဲ့ရသည်။ တကယ်လို့ ဝမ့်ရင်းသာ နောက်ကြောင်း မရှင်းသည့် ရှုရွှမ်းနဲ့ ချစ်မိသွားခဲ့ပါက ဘာလို့ သူမက သူ့ကိုကျ မချစ်နိုင်ရတာလဲ။ သူက သနားစရာ မျက်နှာမွဲ တစ်ယောက်သာ ဖြစ်သည်။

လောင်ကုန်းသည် သူ့ရဲ့ ဒဏ်ရာများကို ကုသဖို့အတွက် အိမ်သို့ ပြန်သွားခဲ့သည်။ ရှုရွှမ်းက သူ့ကို အတော်လေး ရိုက်ခဲ့သည့်အတွက် အိပ်တောင် အိပ်မရခဲ့ပါ။ ထိုဒဏ်ရာများသည် တောင်ပေါ်မတက်ခင် သက်သာမှ ဖြစ်မည်။ အဲ့လိုမှ မဟုတ်ပါက သူသည် အဖွဲ့အတူ သွားနိုင်မည် မဟုတ်ပါ။ အနောက်မှာ တစ်ယောက်တည်း ချန်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပါ။

ရှုရွှမ်း အောင်သွယ်တော်တစ်ယောက် ရှာနေသည်ဟူသည့် သတင်းမှာ တပ်မဟာ တစ်ခုလုံးအတွင်း မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။

အဖွဲ့ထဲက လူငယ်များသည် အံ့ဩသွားခဲ့ကြသည်။

'အားလုံးက အခုမှ စီစဥ်နေတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့ ဘာမှ စမလုပ်ရသေးခင်မှာပဲ ရှုရွှမ်းက အဲ့ကို အရင် ရောက်သွားပြီ။'

'ဘယ်လိုတောင် အရှက်မရှိတဲ့သူလဲ။ အရင်က သူတို့ မိသားစုရဲ့ နောက်ခံ အခြေအနေတွေက ကောင်းခဲ့တယ် ဆိုတာကိုတောင် သူက ဂရုမစိုက်တော့ဘူး။ ဒါပေမယ့် အခုဆို သူက သူ့ရဲ့ အခြေအနေမကောင်းတဲ့ အနေအထားကြောင့် အဖွဲ့က အခြေအနေအကောင်းဆုံး သူတွေထဲက တစ်ယောက်ကို ရွေးလိုက်တာပဲ။ လူတွေက ကိုယ့်ထက် အဆင့်အတန်း နိမ့်တဲ့သူတွေကိုပဲ ရွေးကြတာလေ။ ဘာလို့ သူ့အလှည့်ကျမှ ပိုကောင်းတဲ့ လူကို ရွေးလိုက်ရတာလဲ။'

ရှုရွှမ်းက ဝမ့်လင်းလင်းကို ရွေးလိုက်တုန်းက တပ်မဟာထဲက ဘယ်သူကမှ မနာလို မဖြစ်ခဲ့ကြပါ။ ထို့ပြင် လူအများသည် ရှုရွှမ်းက ရူးနေလားဟုတောင် တွေးခဲ့ကြသည်။ တကယ်လို့ သူတို့သာ ရှုရွှမ်းဆိုရင် သေချာပေါက် ကျေးလက်က သူတစ်ယောက်ကို ရှာမှာ မဟုတ်ပေ။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူတို့သာဆို မြို့မှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကိုတောင် ရှာလို့ရသည်။

ကျေးလက်ဒေသက လူတွေနဲ့ မြို့ကလူတွေဆိုတာက မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေလိုပင်။ ရှုရွှမ်းမှာက ကြင်နာတတ်တဲ့ မျက်နှာထားမျိုး ရှိသည်။ အဲ့တော့ သူ့မှာ မြို့က ကောင်းမလေး တစ်ယောက်ကို ရှာဖို့အတွက် အခွင့်အရေး တစ်ခုကတော့ ရှိနေစမြဲပဲ။

ရလဒ်အနေနဲ့ကတော့ ဝမ့်လင်းလင်းကိုပဲ ရွေးသွားသည်။ သူမရဲ့မိသားစုကတော့ သာမန်ပင်။ သူမရဲ့ မိဘတွေက သာမန် လယ်သမားတွေပဲလေ။ ပြီးတော့ သူမက လှတယ်ဆိုရင်တောင် သူမမှာ အခြားသူတွေကို ဆွဲဆောင်နိုင်တဲ့ အနေအထားမျိုး ရှိမနေဘူး။

ဒါပေမယ့် ရှုရွှမ်းက အခြေနေ မကောင်းတဲ့ ဘဝမျိုးမှာ နေမယ့်အစား ဝမ့်ရင်းလို အနေအထား တစ်ခုရှိတဲ့ သူမျိုးကို ရွေးသွားလိမ့်မယ်လို ဘယ်သူကတော့ ထင်ထားပါ့မလဲ။

ချက်ချင်းဆိုသလိုပဲ မနာလိုစိတ် ဖြစ်နေသော လူငယ် တစ်ယောက်က လှောင်ပြောင်ခဲ့သည်။ “မိန်းကလေးတွေက ဆံပင်ပဲရှည်ကြတာ၊ အမြင်တော့ ကျဥ်းသားပဲ။ သူတို့က မျက်နှာတွေကို လိုက်ကြည့်ဖို့ပဲ သိကြတာ။”

သူ့ရဲ့ပုံမှန် ပုံပန်းသွင်ပြင်လောက်နဲ့တော့ ရှိနေတဲ့ အရည်အချင်းတွေကို မြင်နိုင်မှာ မဟုတ်ဘူး။

“ ကျောထောက်နောက်ခံ အဆင့်အတန်းနိမ့်တဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာက သူမရဲ့ အနာဂတ်မှာ ခက်ခဲတဲ့ အချိန်တွေ အများကြီးကို ကြုံလာရလိမ့်မယ်။”

“အဲဲဒါတော့ အမှန်ပဲ။ အာဇာနည်တစ်ယောက်ရဲ့ သမီးက ငါတို့လို ဆင်းရဲသားတွေကို လက်ထပ်လိုက်ရင် သူမကို လူကောင်းတစ်ယောက်လို့ သတ်မှတ်ကြလိမ့်မယ်။ ဒီလို ပြစ်ချက်ရှိနေတဲ့ လူမျိုးကို ရွေးတဲ့အချိန်မှာ သူတို့ ဘာတွေများ တွေးနေမလဲ ဆိုတာကို ငါလည်း မသိတော့ပါဘူး။”

တပ်မဟာထဲတွင် အတင်းတုပ်သော အဖွဲ့တွေနှင့် မပတ်သက်ချင်သည့် လူငယ်များစွာ ရှိနေခဲ့သည်။ သူတို့က ထိုစကားကို ကြားသည့်အခါ နှာခေါင်းရှုံ့ပြီး အဝေးပြီး လှည့်ထွက်သွားကြသည်။

မိန်းမငယ်လေးတွေက သူတို့ လိုချင်တာမှန်သမျှ ရနေတော့ ကြည့်ကောင်းတဲ့ ယောက်ျားတစ်ယောက်ကို ရွေးတာ သူတို့က ဘာမှားလို့လဲ။

ပြီးတော့ ရှုရွှမ်းရဲ့အနေအထားက အဲ့လောက်လည်း မဆိုးပါပေ။

သူတို့မိသားစုရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး တိတိကျကျ ကောက်ချက် ချထားတာမျိုးတော့ မရှိချေ။ သူတို့က ပြစ်ချက်ရှိတဲ့ မိသားစုလို့ မြင်နေကြပေမယ့် စာရွက်ထဲမှာတော့ ရေးထားတာ မတွေ့ရသေးပေ။ အချို့လူတွေက သူတို့တွေက အဲ့လိုဆိုပြီး တွေးကြပေမယ့် အချို့ကျတော့လည်း သူတို့က အဲ့လိုလူမျိုး မဟုတ်ဘူးလို့ တွေးကြပြန်ရော။ အရင်တုန်းက တပ်မဟာထဲမှာရှိတဲ့ လူတွေက သူတို့ မိသားစုနားကနေ လမ်းဖြတ်လျှောက်သွားတိုင်း သူတို့တွေ ဘယ်လို ပြုမူ နေထိုင်ကြလဲဆိုတာကို သူတို့လည်း သေချာ မသိခဲ့ရပေ။

တကယ်လို့ သူတို့သာ တကယ် ပြစ်ချက်ရှိတဲ့သူတွေလို့ သတ်မှတ်ခံလိုက်ရရင် တပ်မဟာထဲမှာရှိတဲ့ လူတွေက နေ့စဥ်ကိစ္စတွေမှာ သူတို့နဲ့ မပတ်သက်တာက အကောင်းဆုံးပါပဲ။ အနိုင်ကျင့်တာမျိုးတွေကတော့ လူအမျိုးက အဲ့လိုမျိုးအရာတွေကို လုပ်ကြမည် မဟုတ်ပါ။ ဒါပေမယ့် အချို့မိသားစုတွေကတော့ နေထိုင်မှု အဆင့်အတန်းမှာ သိပ် အဆင်မပြေလှပါ။ အလယ်အလတ်တန်းစားများ၊ ချမ်းသာသူများနှင့် မြေပိုင်ရှင်တွေကတော့ ရှုမိသားစုနဲ့ အဆက်အသွယ် ဖြတ်ကိုဖြတ်ကြလိမ့်မည်။ ဒါက သူတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ။

သို့သော် အဓိက အချက်မှာ ရှုမင်းက ထိုကိစ္စတွင် ဘယ်လိုပါဝင်သွားရလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိခဲ့ကြပါ။ ချက်ချင်းပဲ လူတွေက အနောက်မြောက်ဘက်သို့ သွားခဲ့ကြသည်။ ဒါက သတင်းများ ဖြန့်ဖို့အတွက် မဟုတ်ဘဲ ထောက်ခံပေးဖို့သာ ဖြစ်သည်။

ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းသည်။ ရှုမင်းက ဖက်ဆစ် ဆန့်ကျင်တယ်ဆိုတဲ့ သတင်းကို တပ်မဟာဘက်က ရသွားခဲ့တာ။ ဒါပေမယ့် ဒီကိစ္စမှာ သူပါသွားတာက နည်းလမ်းကျမနေဘူး။ တပ်မဟာထဲကနေ ဘုံဌာနဆီသွားတဲ့လမ်းမှာ တပ်သားတွေက ဘာမှ အရေးမယူခဲ့ကြဘူးလား။

ထို့အပြင် ရှုရွှမ်းက သူ့အလုပ်ကိုလည်း မဆုံးရှုံးခဲ့ပါ။ တကယ်လို့ သူ့မိသားစုရဲ့ အနေအထားကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုပါက အရင်ဆုံး ရှုရွှမ်း အလုပ်ပြုတ်သွားလိမ့်မည် ဖြစ်သည်။

ဒီအလုပ် မရှိတော့ရင်တောင် ရှုရွှမ်းက မြို့ထဲမှာရှိတဲ့ နိုင်ငံပိုင် အဆင့်ရှိ စားသောက်ဆိုင်မှာ စားဖိုမှူး ဆက်လုပ်လို့ ရဦးမည် ဖြစ်ပြီး တစ်လကို ယွမ်တစ်ရာကျော် ရနိုင်မည် ဖြစ်သည်။ ထိုအလုပ်မှာ အတော်လေးကို အကျိုးအမြတ်များသည်။

ထိုအရာမှာ ဘာမှ ကြီးကြီးမားမား ပြောင်းလဲမှုမျိုး ရှိမှာမဟုတ်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။

အခုဆိုရင် ရှုရွှမ်းက အဖွဲ့ထဲမှာ အခြေအနေ အကောင်းဆုံးလို့ ပြောလို့ရတဲ့ ဝမ့်ရင်းကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သာ အတူရှိပါက ရှုရွှမ်းရဲ့ အလုပ်ကို အချိန်အတန်ကြာ ဆက်လုပ်နိုင်ဦးမည် ဖြစ်သည်။

အခုလေးတင် မနာလိုဖြစ်နေကြသော လူအုပ်ကြီးကို ကြည့်လိုက်သည့်အခါ သူတို့သည် လယ်တွေထဲမှာ အလုပ်လုပ်ဖို့အတွက် ဆန္ဒမရှိတော့ဘဲ သေချာသည့် အလုပ်တစ်ခုခုကိုသာ လုပ်ချင်လာကြသည်။

'ဒီကောင်မလေးက ရူးနေပြီးတော့ သူ့ကို ခစားမယ့် ယောက်ျားတစ်ယောက်ကို ရှာချင်နေတာပဲ။ သူမမှာက အိမ်လည်းရှိတယ်။ အထက်တန်းကျောင်းပြီးတာနဲ့ အလုပ်တစ်ခုကိုလည်း ချက်ချင်း ရနိုင်တယ်။ ဒါမျိုးက သူများတွေကို ခစားနေရတာထက် တစ်ယောက်တည်း နေရတာက ပိုကောင်းတယ်။'

ကံမကောင်းစွာဖြင့် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်သူမှာ အနည်းငယ်သာ ရှိပြီး သူတို့ထဲက အများစုမှာ မကောင်းပြောပြီး အတင်းတုပ်နေသည့် လူငယ်များသာ ဖြစ်သည်။

ထို့အပြင် သူတို့သည် စပျစ်ခိုင်ကို ခူးပစ်ပြီး စားလို့မရတော့မှ သူတို့ပြောတဲ့စကားတွေက တပ်မဟာထဲက အမျိုးသမီးကြီးတွေထက်တောင် ပိုပြီး ဆိုးရွားနေခဲ့သည်။

“ရှုရွှမ်းက ဝမ့်ရင်းရဲ့ကောင်လေး ဖြစ်ချင်တာပဲ။ ငါပြောချင်တာက သူတို့နှစ်ယောက်က ခဲအိုနဲ့ ခယ်မတွေလေ။ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဟိုးအရင်ကတည်းက ရှိနေတာလားဆိုတာကို ဘယ်သူကများ သိနိုင်ပါ့မလဲ။”

ဒါပေမယ့် ဒါတွေက အပြောသပ်သပ်ပါပင်။ ဝမ့်လင်းလင်း လက်ထပ်သွားတာကိုလည်း လူတိုင်းက မြင်လိုက်ရသည်။ တကယ်လို့ အတိတ်မှာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ဝမ့်လင်းလင်း လုပ်ခဲ့တာကိုလည်း ကြည့်ပါဦး။ ဒီလုပ်ရပ်က တော်တော်လေးကို အကျိုးအကြောင်း မဆီလျော်ဘူးလေ။

ဒီလုပ်ရပ်ကို လုပ်ပြီး လက်ထပ်ဖို့ ငြင်းခဲ့တာကလည်း ဝမ့်လင်းလင်းပဲလေ။ ဒီမိသားစုထဲမှာရှိတဲ့ လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စကားမပြောပါဘူးလို့ ဘယ်သူက ပြောနိုင်မှာ မလို့လဲ။

“မရတော့ဘူး။ ငါတစ်ကယ် ဒါကြီးကို ထိန်းမရတော့ဘူး။ သွားပြီး ကြည့်ချင်နေပြီ။”

“ငါရောပဲ။”

ဝမ့်ရင်းကို ဒီလို လွယ်လွယ်နဲ့ သိမ်းသွမ်းလို့ရအောင် ရှုရွှမ်းက ဘယ်လို လှည့်ကွက်မျိုးကို သုံးခဲ့လဲဆိုတာ မြင်ရဖို့အတွက် လူငယ် လေးငါးယောက်လောက်က ဝမ့်ရင်းရဲ့အိမ်သို့ သွားနေကြပြီ ဖြစ်သည်။

ရှုရွှမ်းက ဒီလောက်မြန်မြန် လုပ်လိမ့်မည်ဟု ဝမ့်ရင်းတစ်ယောက် မထင်ထားခဲ့မိပါ။ ဒီညမတိုင်ခင်ကတည်းက သူမတို့နှစ်ယောက်သည် သဘောတူထားခဲ့ကြပြီး နောက်တစ်နေ့ နေလည်ပိုင်းတွင် ရှုရွှမ်းရှာထားသော အောင်သွယ်တော်သည် သူမအိမ်သို့ ရောက်လာခဲ့သည်။

အော်သွယ်တော်သာမက ရှုရွှမ်းနှင့် သူ့အမေကလည်း လိုက်လာခဲ့သည်။

အစကတည်းက ဝမ့်ရင်းရဲ့အိမ်တွင် အခန်းနှစ်ခန်း ရှိနေခဲ့သည်။ သူမ မိဘ၏ အခန်းမှာ ပိုကျယ်သည့်အတွက် သူတို့သည် ဖျာလိပ်တစ်ခုကို ခင်းကာ အပြင်ကလူများကို ဖျော်ဖြေဖို့အတွက်လည်း ခုံအနည်းငယ်ကို နေရာချထားခဲ့သည်။

ထိုအချိန်မှာပဲ ရှုမိသားစုက ဖိတ်ခေါ်ထားသော အောင်သွယ်တော်က ထိုင်ခုံပေါ်တွင် ထိုင်ကာ ဝမ့်မိသားစု၏ ပရိဘောဂများကို ချီးကျူးနေခဲ့သည်။ ဝမ့်ရင်းသည် လှပပြီး ဉာဏ်ကောင်းကာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော မိန်းမကောင်းလေး တစ်ယောက်နှင့် တူဟန်ရှိသည်။ သူမသည် လက်ထပ်ပြီး သုံးနှစ်အတွင်း ကလေး နှစ်ယောက်လောက်ကို မွေးနိုင်မည်မှာ သေချာပြီး ကလေးတွေ အများကြီးကိုလည်း ကောင်းချီးပေးနိုင်လိမ့်မည် ဖြစ်သည်။

အောင်သွယ်တော် အမျိုးသမီးကြီးသည် ချီးကျူးသည့် ထိုစကားများကို အလွတ်ကျက်ထားပုံရပြီး ထိုင်လိုက်သည့်နှင့် တစ်ပြိုင်နက် ထိုလူကို စပြီး ချီးကျူးခဲ့တော့သည်။ သူမသည် အချိန်အတော်ကြာ ချီးကျူးပြီးနောက် နောက်ထပ်အကြောင်း တစ်ခုကို ပြောင်းပြောခဲ့သည်။

“ယောက်ျားတိုင်းက အရွယ်ရောက်လာရင် လက်ထပ်သင့်ကြတာပဲမလား။ ပြီးတော့ မိန်းကလေးတွေလည်း တူတူပဲလေ။ ကျွန်မတို့ရဲ့ ရှုရွှမ်းလေးကလည်း လူကောင်းတစ်ယောက်ပါပဲ။ ပြီးတော့ ကျွန်မရယ် ကျွန်မရဲ့အစ်မရွှီကလည်း ရိုးသားတဲ့ သူတွေပါပဲ။ မိန်းကလေး။ သမီးကို အိမ်မှာကလည်း ဂရုစိုက်ပေးမယ့်သူ မရှိဘူးလေ။ အဲ့တော့ အန်တီက သမီးကို တိုက်ရိုက်ပဲ ပြောတော့မယ်။”

“ဒီကောင်မလေးကို ဂရုစိုက်မယ့်သူ မရှိဘူးလို့ ဘယ်သူကပြောလဲ။”

အပြင်ကနေ ဒေါသတကြီးနှင့် ပြောလိုက်သည့် အသံတစ်သံက ဟိန်းထွက်လာခဲ့သည်။ ပြောလိုက်သူမှာ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လီချွမ်းကျင်သည် ဘာကိုမှ မတွေးတော့ဘဲ ဝင်လာပြီး ဝမ့်ရင်းကို ဆွဲခေါ်သွားခဲ့သည်။

“ရှင်တို့တွေက တကယ်ကို တွက်ချက်တတ်ကြတာပဲ။ ရှင်တို့က ကျွန်မတို့ မရှိတာကို အခွင့်ကောင်းယူပြီး လှည့်စားဖို့ စီစဥ်နေကြတာပဲ။ ဒီကောင်မလေးရဲ့ မိဘတွေက ဆုံးသွားကြပြီဆိုပေမယ့် ဒီမှာ ကျွန်မနဲ့ သူ့ဦးလေးက ရှိသေးတယ်လေ။ ဒီမှာ ဘယ်သူမှ မရှိဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။”

ဝမ့်ယုံရွှင်းမှာ စိတ်ညစ်နေသည့် မျက်နှာထားမျိုး ရှိသည်။ “နင် ဒီအောင်သွယ်တော်ကို ဘယ်ကနေ သွားငှားလာတာလဲ။ သူက ဒီအိမ်ကို မလာခင် အဲ့အိမ်က လူကြီးတွေရဲ့ ခွင့်ပြုချက်ကို တောင်းရမယ်ဆိုတာ သူ မသိဘူးလား။ ပြီးတော့ အောင်သွယ်ပြီးတာနဲ့ ဘယ်သူက သူ့ကို ချက်ချင်း ဒီနေရာထိ ခေါ်လာရတာလဲ။ နင်တို့တွေက လာပြီး ဆွေးနွေးဖို့ ကြိုးစားနေတာလား။ ဒါမှမဟုတ် လက်ထပ်ဖို့ အတင်း ဖိအား ပေးနေကြတာလား။”

ဝမ့်ယုံရွှင်းက ချိုသာသော မျက်နှာလေးဖြင့် ဝမ့်ရင်းအား ပြောခဲ့သည်။ “စန်းယာ။ မကြောက်နဲ့နော်။ မနေ့ တစ်နေ့က သမီး အိမ်ထောင်မပြုချင်သေးဘူးလို့ ပြောခဲ့တယ်မလား။ ပြီးတော့ အဲ့ဒါတွေအားလုံးကို သမီးရဲ့ ဦးလေးလည်း သိနေတာပဲ။ အဲ့တော့ ဘာမှ မပူနဲ့။ သမီးဦးလေးက သမီးကို ဒီလို မိသားစုမျိုးနဲ့ သေချာပေါက် ပေးစားမှာ မဟုတ်ဘူး။”

ရှုရွှမ်းက သူတို့ဆီက ယွမ်တစ်ရာ လိမ်သွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ဝမ့်ယုံရွှင်းက တစ်ညလုံး ရင်နာကာ အိပ်မရခဲ့ပါ။

အခုချိန်မှာ ဝမ့်ရင်းနှင့် ရှုရွှမ်းကို အမုန်းဆုံးသူမှာ ဝမ့်ယုံရွှင်းဟုတောင် ပြောနိုင်သည်။

သူတို့နှစ်ယောက်က အတွဲတွေလား။ ဒီကိစ္စကို တွေးတောင် မတွေးမိခဲ့ဘူး။

All Chapters