← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

ရှုမိသားစု၏ အခြေအနေမှာ ကောင်းမွန်သော်လည်း အခြား ဘယ်သူကမှ သူတို့နှင့် အမုန်း မပွားခဲ့ကြပါ။ အမျိုးသမီးကြီး မစ္စရှုသည် လူကောင်းတစ်ယောက် ဖြစ်သည်။ အိမ်တွင် သူမတစ်ခုခု ချက်သည့်အခါတိုင်း အိမ်နီးနားချင်းများကို ကြက်ဥတစ်လုံးနှင့် လဲကာ ပေးခဲ့သည်။ သူမသည် အတော်လေးလည်း ပေါ့ပေါ့ပါးပါး နေတတ်သည်။ နံရံတစ်ခု ဆောက်ဖို့အတွက် အတိတ်မှာသာ တစ်ယောက်ယောက်က လာမေးခဲ့ရင် သူမသည် သေချာပေါက် ငြင်းလိမ့်မည် မဟုတ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာသည် ဟင်းအိုးကြီး တစ်အိုး ဖြစ်သည့်အတွက် လူတစ်ယောက် နှစ်ယောက်လောက်ကို ပိုကျွေးရင်တောင် ကိစ္စမရှိပါ။ အထူးသဖြင့် သူမတို့ရဲ့ ရင်းနှီးသည့် မိတ်ဆွေများကို ကျွေးဖို့ရန် ဖြစ်သည်။ သူတို့က နည်းနည်းပဲ စားနိုင်ရင်တောင် အမျိုးသမီးကြီး မစ္စရှုက လုံးဝ စိတ်ဆိုးမည် မဟုတ်ပါ။

သို့သော် ထိုကိစ္စ ပြီးသည့် နောက်ပိုင်းတွင် ထိုကဲ့သို့သော သဘောကောင်းသည့် ကိစ္စမျိုးက ရှိလာတော့မည် မဟုတ်ပါ။

'သူတို့က ကိုယ့်ဘာသာပဲ လူတွေရှာခဲ့တာ။ တကယ်လို့ မင်းတို့ သူ့အိမ်သွားရင်တောင် သူတို့က မင်းကို လက်ခံမှာ မဟုတ်ဘုး။ အဲ့လိုပြောတာ ကောင်းတယ်လို့ သူတို့က ထင်နေတယ် ဆိုပေမယ့် သူတို့က မင်းတို့နဲ့ ပြဿနာတက်မှာကို ကြောက်နေကြတာ။ ဒါပေမယ့် အဲ့ဒါက ဘာပြဿနာမလို့လဲ။ မင်းတို့က အသားတုံးကြီးတွေ စားရမယ်။ မင်းတို့ရဲ့ပါးစပ်မှာ ဆီတွေဝှေ့နေမှာ။ ပြီးရင် မင်းတို့က လုပ်စရာလည်း နည်းနည်းပဲရှိတော့ လုံးဝ ပင်ပန်းမှာ မဟုတ်ဘူး။ အဲ့ဒါအပြင် မင်းတို့ တစ်ယောက်ချင်းဆီကိုလည်း သူတို့က အသားပေါက်စီတွေ ပေးဦးမှာ။'

ထိုအချိန်တွင် ရှုမိသားစုနှင့် ခပ်ခွာခွာ နေခဲ့ကြသော မိသားစုများသည် သူတို့ရဲ့ လုပ်ရပ်ကြောင့် နောင်တ ရခဲ့ကြပြီး သူတို့က အင်မတန်ကို စိတ်လိုက်မာန်ပါ လုပ်ခဲ့ကြသည်။

ဒုတိယအတွေးမှာ ဝမ့်ရင်းမိသားစု၏ နံရံကြီးကို အချိန်မှီ ဆောက်နိုင်မည် မဟုတ်ဘဲ သူတို့နှစ်ယောက်၏ မင်္ဂလာပွဲမှာလည်း မကြာခင် ကျင်းပတော့မည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပဲ သူသည် ရှုရွှမ်းအား မင်္ဂလာပွဲ အကြောင်းကို သွားမေးခဲ့သည်။

ရှုရွှမ်းက ပြတ်ပြတ်သားသားပဲ တိုက်ရိုက် ပြန်ပြောခဲ့သည်။ “ငါ့အမေက တစ်ယောက်ယောက်ကို ရှာတွေ့ပြီးပြီ။ အဲ့တော့ ငါ မင်းနဲ့ ပတ်သက်မှာ မဟုတ်တော့ဘူး။ အချိန်တန်တော့လည်း ငါ မင်းကို သကြားလုံး ပေးချင် ပေးမှာပေါ့။”

ကြည့်လိုက်ဦး။ သူတို့လက်ထဲမှာ သကြားလုံးတွေ ကိုင်ထားတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဖိတ်မှာလား မဖိတ်ဘူးလားဆိုတာကို ဘာမှ မပြောသေးဘူး။

မေးခွန်းမေးလိုက်သည့် သူမှာ ငတုံးတစ်ယောက် မဟုတ်ပါ။ ထို့ကြောင့်သူက မချိုမချဥ် ပြုံးပြကာ ပြောခဲ့သည်။ “ငါကြားထားတာတော့ မင်းက ၂၆ ရက်နေ့ကျရင် ပွဲလုပ်မှာမလား။ အဲ့နေ့ကျရင် အဒေါ်က မင်းရဲ့အမေဆီ အစောကြီးသွားပြီး သွားကူညီရမှာပဲလေ။”

သူ ဒီကိစ္စကို အစကတည်းက ပြောမှာ မဟုတ်ဘူး။ အဲ့တော့ ဒီဆက်ဆံရေးကို နောက်မှပဲ ပြန်ပြီး အခြေနေကောင်းအောင် လုပ်ကြတာပေါ့။

ထပ်ပြီးတွေးပြန်ရင်လည်း တကယ်လို့ မင်းရဲ့သားမှာ အရည်အချင်း ရှိတယ်ဆိုရင် သူက ဘယ်နေရာမှာမဆို နေလို့ရတယ်။ မိသားစုထဲမှာ စားဖိုမှူးတစ်ယောက် ရှိနေတယ် ဆိုတာက တကယ်ကောင်းတယ်။ အဲ့တော့ မင်းတို့က ဒီဆက်ဆံရေးကို ပျက်စီးသွားအောင် လုပ်လို့ မရဘူး။

ခြံဝန်းထဲက နံရံကြီးကို တည်ဆောက်ရင်း ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ဝမ့်ရင်းက အတော်လေး အလုပ်ရှုပ်တယ်ဟု မခံစားခဲ့ရပါ။

အမျိုးသမီးကြီးရှု ချက်ထားသော ဟင်းအိုးကြီး၏ အနံ့မှာ အရသာရှိသည့် အနံ့မျိုး ဖြစ်သည့်အတွက် သူမကလည်း ထိုဟင်းကို သွားစားခဲ့သည်။ သူမက ကူညီပေးချင်သော်လည်း အငြင်းခံခဲ့ရသည်။ အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းသည် သူမအမေထံမှ ဆေးပညာအချို့ကို လေ့လာထားသည့် အကြောင်းအား ရှုရွှမ်းထံမှ ကြားခဲ့ရသည့်အတွက် သူမသည် ပိုပြီး စိတ်ကျေနပ်နေခဲ့သည်။ သူမသည် ဝမ့်ရင်းအား အခန်းထဲတွင် နားနေဖို့သာ ပြောခဲ့ပြီး တကယ်လို့ သူမသာ ဆူညံတယ်လို့ ခံစားရပါက မြို့ကို သွားလို့ရသည်။ တကယ်လို့ သူမသာ တစ်ခုခု စားချင်ပါက ရှုရွှမ်းကိုပြောပြီး သူမအတွက် ချက်ချင်းလို့ ရသည်။

ဝမ့်ရင်းသည် သူမ ရှီဖိုမြို့ကို သွားသည့်အခါ ရှီဖိုမြို့သည် သေးသည့်အတွက် ကြည့်စရာ ဘာမှသိပ်မရှိပါ။

စားဖို့ကလည်း သူမသည် ရှေ့ရက်တွေတုန်းက အများကြီး စားပြီးသည့်အတွက် ဒီရက်ပိုင်းတွင် ဘာမှ စားချင်စိတ် ရှိမနေခဲ့ပါ။

တောင်ပေါ်ပဲ တက်ကြတာပေါ့။

ထို့ကြောင့် ရက်အနည်းငယ် ကြာပြီးနောက် ဝမ့်ရင်းသည် သူမ တက်နိုင်သော တောင်၏ အကွာအဝေးတစ်ခုကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဘယ်နေရာတွင် ဆေးဖက်ဝင် အပင်များက ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်နေလဲ ဆိုတာကို သူမက တိတိကျကျ သိနေခဲ့သည်။

ဝမ့်ရင်းသည် သူမရဲ့ကျောပေါ်တွင် အိတ်ကိုသယ်ပြီး သွားနေရင်း ဂူတစ်ဂူကို တွေ့ရှိခဲ့ရသည်။ ဂူရဲ့အောက်ခြေတွင် ကျောက်တုံးကို တွယ်ကပ်ကာ ပေါက်နေသော အစိမ်းရောင် အသီးများနှင့် အပင်တစ်စုကို တွေ့ရှိခဲ့သည်။

ဝမ့်ရင်းက အပင်များကို ခူးခဲ့သည်။ ထို့နောက် သူမသည် စပျစ်သီးခြောက် အရွယ်သာရှိသော အသီးများကို တွေ့ရှိခဲ့ရသော်လည်း မတူညီတာ တစ်ခုမှာ ထိုအစိမ်းရောင် အသီးများသည် လုံလုံး ဝိုင်းဝိုင်းလေးတွေ ဖြစ်သည်။

ဝမ့်ရင်းက အတော်လေးကို စိတ်ကျေနပ်သွားခဲ့သည်။ သူမသည် ထိုသံလွင်သီးအပင်ကို မထင်မှတ်ဘဲ တွေ့ရှိခဲ့သည်။ ထိုအပင်များကို သူမ ရှာတွေ့သည့်အခါ ထိုအပင်သည် ခြောက်သွေ့ကာ အဝါရောင်ကို ပြောင်းလုနီးပါး ဖြစ်နေပြီး သိပ်ပြီး မရှင်တော့မည်မှာ သိသာနေခဲ့သည်။

ထို့ကြောင့်သူမသည် ထိုသစ်ပင်ကို လက်နှစ်ခပ်စာရှိသော ဝိဉာဥ်စမ်းရေဖြင့် လောင်းပေးရင်း ဒါက အလုပ်ဖြစ်ပါ့မလားဟု တွေးနေခဲ့သည်။ ရလဒ်အနေဖြင့် မကြာခင်မှာပဲ ထိုအပင်လေးသည် လန်းတန်းသွားကာ အသီးများ ပြန် သီးလာခဲ့သည်။

ဝမ့်ရင်းသည် အသီးများကို ဂရုတစိုက် ခူးယူခဲ့ပြီး သတင်းစာဖြင့် သေချာထုတ်ခဲ့သည်။ ထို့နောက် ထိုအသီးများကို လွယ်အိတ်ထဲတွင် သေသေချာချာ ထည့်လိုက်သည်။ သံလွင်သီးများကို အဖိုးတန် ဆေးဖက်ဝင် အပင်များဟု မသတ်မှတ်ကြသော်လည်း ထိုအသီးများမှာ စျေးတော့ မပေါလှပါ။ အကြောင်းမှာ ထိုအသီးအကြောင်းကို လူနည်းစုကသာ သိကြပြီး ထိုအသီးများကို အသုံးပြုခင်မှာလည်း အဆင့်ဆင့် လုပ်တောင်ဖို့ လိုအပ်သောကြောင့် ဖြစ်သည်။

ဝမ့်ရင်းသည် သူမ မြို့ကို သွားပြိ ထိုအသီးများကို ရောင်းရန် ပြင်ဆင်ဖို့ အချိန်မရှိတော့သည်ကို တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမသည် လတ်ဆတ်သော အသီးများကိုသာ သူမနှင့်အတူ ယူသွားပြီး ရောင်းဖို့သာ တွေးနေခဲ့သည်။

အသီးများကို ခူးယူပြီးနောက် ဝမ့်ရင်းသည် အပင်ရဲ့ အမြစ်ကိုလည်း ဝိဉာဥ်စမ်းရေဖြင့် လောင်းခဲ့သည်။

ပြောရမှာ ထူးဆန်းနေသော်လည်း ကမ္ဘာကြီး အဆုံးသတ်မှာတုန်းက ဝမ့်ရင်းသည် အပင်များကို စိုက်ပျိုးဖို့အတွက် အပင်ရဲ့အမြစ်များကို ဝိဉာဥ်စမ်းရေဖြင့် လောင်းပေးဖို့အတွက် ကြိုးစားခဲ့သေးသည်။ သို့သော် အပင်များမှာ ဘာမှ မတုံ့ပြန်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ ဒီကို ရောက်လာသည့်အခါမှာ အပင်များကို ဝိဉာဥ်စမ်းရေ လောင်းပေးခဲ့သည့်အခါ သစ်ပင် ပန်းမန်များမှာ ပိုပြီး သန်သန်မာမာ ကြီးထွားလာခဲ့ကြသည်။

အထူးရလဒ်အနေဖြင့် ဝမ့်ရင်းသည် ပြန်သွားကာ တောင်ပေါ်တွင် မြေနေရာတစ်ခုထားပြီး ဆေးဖက်ဝင် အပင်များ စိုက်ပျိုးဖို့အတွက် စီစဥ်ထားခဲ့သည်။ သူမက နေရာအကျယ်ကြီး တစ်ခုမှာ ဆေးဖက်ဝင် အပင်တွေ အများကြီး စိုက်ပျိုးနိုင်ပါ့မလား ဆိုတာကို ဘယ်သူကများ သိနိုင်ပါ့မလဲ။

ဝမ့်ရင်းသည် ဆေးပင်အချို့ကို ခူးယူပြီး သူမ ရှာတွေ့ခဲ့သော လမ်းကြောင်းတစ်လျှောက်ကို လျှောက်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို သူမ မျက်လုံးထောင့်နားကနေ အရောင်အသွေး စုံလင်သော အကောင်တစ်ကောင်ကို ဝိုးတိုးဝါးတား မြင်လိုက်သည်။

ဝမ့်ရင်းက သေချာ အနားကပ်ပြီး ကြည့်လိုက်သည့်အခါ ထိုအရာက ရစ်ငှက်တစ်ကောင် ဖြစ်ကြောင်းကို တွေ့ရှိခဲ့ရသည်။

သူမသည် အတော်လေးကို ပျော်ရွှင်သွားရသည်။ တောင်ပေါ်တွင် ယုန်များ၊ ရှဥ့်များနှင့် မျောက်များကို တွေ့ခဲ့ရသော်လည်း ရစ်ငှက်တစ်ကောင်အား မြင်လိုက်ရသည်မှာ သူမအတွက်တော့ ပထမဆုံးအကြိမ် ဖြစ်သည်။ ရစ်ငှက်ရဲ့အသားသည် ပိုပြီး အရသာရှိကာ ရစ်ငှက်များကလည်း တောင်အောက်ကို ဆင်းလေ့ရှိကြသည်။ ထို့ကြောင့် တကယ်လို့ အဲ့နားမှာ ရစ်ငှက်အနည်းငယ် ရှိသေးပါက သူမသည် ထိုငှက်များကို စားဖို့ ဖမ်းသွားမည် ဖြစ်သည်။

ဒီတစ်ကောင်သည် တစ်ချိန်လုံး တောင်ပေါ်တွင် ကျဥ်လည်လာတာ ဖြစ်သည့်အတွက် ဖမ်းလို့ မရခဲ့ပါ။

ထိုရစ်ငှက်သည် လူတွေရဲ့ အငွေ့အသက်ကို ရသည့်အခါ အသိပေးပြီး သူ့ရဲ့ အတောင်များကို ခတ်ကာ ထွက်ပြေးသွားသည်။ ဝမ့်ရင်းက ထိုငှက်အား အနောက်ကနေ ချောင်းနေခဲ့သည်။ အနည်းငယ် ကြိုးစားကြည့်ပြီး နောက်ဆုံးမှာတော့ ထိုရစ်ငှက်သည် ထင်းရှူးပင်ကြီး တစ်ပင်ပေါ်သို့ ပျံသွားခဲ့သည်။

ထင်းရှူးပင်သည် မြင့်ပြီး တက်ဖို့ရန် ခက်ခဲသည်။ ထို့ကြောင့် ဝမ့်ရင်းက စိတ်ညစ်ကာ သက်ပြင်းချခဲ့သည်။

ဘေးပတ်ပတ်လည်ကို ထပ်ကြည့်မိလိုက်သည်အခါ ဝမ့်ရင်းက အံ့ဩသွားခဲ့သည်။

တကယ်တမ်း ရစ်ငှက်က သူမကို ခေါ်ဆောင်လာသော နေရာမှာ ရေကန်တစ်ခုဆီ ဖြစ်သည်။

ဝမ့်ရင်းတွင် လမ်းကို သေချာ မှတ်သားနိုင်သော ဉာဏ်မျိုး ရှိသည့်အတွက် သူမသညိ ထိုလမ်း တစ်လျှောက်လုံးကို သေသေချာချာ မှတ်မိနေခဲ့သည်။ မြန်မြန် တွက်ချက်လိုက်ပြီးနောက် ထိုရေကန်သည် လေးခုမြောက် တပ်မဟာ၏ အပိုင်ထဲတွင် ရှိနေသော ရေကန်ငယ်လေး တစ်ကန်ဖြစ်ကြောင်းကို သူမ သိရှိခဲ့ရသည်။

ထိုရေကန်လေးကို စိမ်းလန်းသော သစ်ပင်များဖြင့် ဝန်းရံထားပြီး ထိုနေရာတွင် လမ်းတောင် မရှိနေခဲ့ပါ။ ဝမ့်ရင်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ ထိုနေရာကို ဘယ်သူကမှ လာရောက် လည်ပတ်ခဲ့ကြသည့် လက္ခဏာမျိုး တစ်ခုမှ မတွေ့ခဲ့ပါ။

ဒါဆို ဒါက ဘယ်သူမှ မတွေ့ကြသေးတဲ့ ရေကန် တစ်ကန်ပေါ့။

ဝမ့်ရင်းသည် ကျောက်တုံးတစ်တုံးအား ကန်ထဲသို့ ပစ်ချခဲ့ပြီး ထွက်လာသည့် ပဲ့တင်သံကို နားထောင်ကြည့်သည့်အခါ ထိုကန်သည် အတော်လေး နက်သည်ကို သိခဲ့ရသည်။

ဝမ့်ရင်းလည်း စိတ်ပြောင်းသွားခဲ့သည်။ ဒီလို ရေကန် အနက်ကြီးထဲတွင် မြေအောက်ရေ အရင်းအမြစ် ရှိကို ရှရှိမည်။ ဒီကန်ထဲမှာ ငါးတွေဘာတွေများ ရှိနေမလား။

ထိုလမ်းတစ်လျှောက် တောင်တန်းများ ရေကန်များဖြင့် ဝန်းရံထားသော ရှန်လိ တပ်မဟာထဲတွင် စမ်းချောင်း တစ်ချောင်း ရှိနေခဲ့သည်။ သို့သော် အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းနှင့် အညစ်အကြေး စွန့်ခြင်းတို့အတွက် လူအများက နှစ်ပေါင်းများစွာ ထိုစမ်းချောင်းကိုသာ အသုံးပြုခဲ့ကြသည်။ ထိုစမ်းချောင်းထဲတွင် လက်ဖဝါး အရွယ်သာရှိသော ငါးများကိုသာ တွေ့ခဲ့ရပြီး ငါးကြီးများကိုတော့ မတွေ့ခဲ့ရပါ။

နန့်ရှောင်မြို့တွင် မြစ်ချောင်းများ၊ အင်းအိုင်များ မရှိဘဲ ဒေသခံများသည် ငါး စားရခဲသည်။ ကျေးလက် ဒေသများတွင် ငါးများ ဖမ်းလို့ရသော မြစ်ချောင်းဟူသည် အနည်းငယ်သာ ရှိသည်။ သို့သော် လူအများက ထိုငါးများကို စားလေ့မရှိသလို အိမ်တွင် အထူးဧည့်သည် မရှိဘဲနှင့်လည်း မဝယ်ခဲ့ကြပါ။

ဝမ့်ရင်းသည် ရေထဲသို့ မဆင်းရဲခဲ့ပါ။ ထို့ကြောင့် သူမသည် ကျောပိုးအိတ်ကို ထုတ်လိုက်ပြီး သူမနှင့် အတူယူလာသော ပေါင်မုန့် အကြေများကို ရေကန်ထဲသို့ ဖြန့်ခဲ့လိုက်သည်။ ထို့နောက် သူမသည် ကြိမ်များဖြင့် ခြင်းတောင်းတစ်ခုကို ပြုလုပ်လိုက်ပြီး ရေကန်ထဲသို့ ပစ်ချခဲ့သည်။

ထို့နောက် ဝမ့်ရင်းသည် သူမဘဝတွင် တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။

လက်မောင်းအရွယ်ရှိသော ငါးကြီးတစ်ကောင်က ခြင်းတောင်းထဲကို ခုန်ဝင်လာခဲ့သည်။

ထိုနေရာတွင် အဲ့လိုငါးမျိုး တစ်ကောင်ထက် ပိုသည်။

ဝမ့်ရင်းက မှင်သက်နေပြီး ခြင်းတောင်းထဲသို့ တစ်ကောင်ပြီး တစ်ကောင် ခုန်ဝင်လာသော ငါးများကို ထိုင်ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် အတော်လေး မူးဝေလာပြီး မထနိုင်တော့ပါ။ သူမသည် ခနလောက် မှင်သက်နေကြီး ထိုခြင်းကို မြန်မြန်ပဲ ဆွဲတင်လိုက်သည်။ သူမသည် ထိုခြင်းတောင်းကို အတော်လေး ဆွဲတင်ခဲ့ရသည်။ အကြောင်းမှာ ခြင်းတောင်းရဲ့ တစ်ဝက်လောက်က ပြည့်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

အိတ်ကို ခက်ခက်ခဲခဲ ဆွဲတင်ပြီးနောက် ဝမ့်ရင်းသည် လူအရပ် တစ်ဝက်လောက် အရှည်ရှိသော ငါးများကို အနည်းဆုံး ငါးကောင် ခြောက်ကောင်လောက် မြင်ခဲ့ရသည်။ ထိုငါးများသည် အတော်လေးကို လေးပြီး သူတို့ရဲ့ အလေးချိန်မှာ ခန့်မှန်းခြေအားဖြင့် သုံးဆယ် ကီလိုဂရမ်လောက် ရှိနေခဲ့သည်။

အချိန်အတန်ကြာ မှင်သက်သွားပြီးနောက် သူမသည် ကျေနပ်နေခဲ့သည်။ ဝမ့်ရင်းသည် လောဘကြီးသည့် သူမျိုးတော့ မဟုတ်ပါ။ သူမသည် ဒီလိုငါးများရှိသည့် ကန်မျိုးကို ဘယ်သူမှ မလာပါက နောက်ပိုင်း သူမတွင် ငါးစားဖို့အတွက် ထပ်ခါထပ်ခါ လာမျှားလို့ရတော့မည် ဖြစ်သည်။

ဝမ့်ရင်းသည် တရုတ်ရိုးရာ ပုံပြင်တစ်ခုကို ပြန်တွေးနေခဲ့သည်။ “သမင်ကို တုတ်နဲ့ရိုက်၊ ငါးကို ဇွန်းနဲ့ခပ်၊ ရစ်ငှက်က အိုးထဲပျံ။”

ထိုနေရာက အရှေ့မြောက်ဘက် မဟုတ်သော်လည်း အရှေ့မြောက်ဘက်နှင့် အတော်လေးနီးသည့် နေရာလေး တစ်နေရာသာ ဖြစ်ပြီး သယံဇာတ ပေါကြွဝပုံမှာ အတော်လေးကို စိတ်ကျေနပ်ဖို့ ကောင်းနေခဲ့သည်။

ဝမ့်ရင်းသည် ထိုငါးများကို သေချာထုတ်ပြီး အကြီးဆုံး သုံးကောင်ကို အောက်ခြေမှာ ထည့်ထားခဲ့သည်။ ထိုရေကန်အား ဘယ်သူကမှ မလာကြသည့်အတွက် သူမသည် နောက်တစ်ခေါက် လာသည့်အခါ ရှုရွှမ်းအား ခေါ်လာနိုင်လိမ့်မည် ဖြစ်သည်။ မကြာခင် ဆောင်းဝင်တော့မည် ဖြစ်သည့်အတွက် ဆောင်းတွင်းမှာ စားသောက်ရန် ထိုငါးများကို အချဥ်ဖော်ဖို့အတွက် ဝမ့်ရင်းက ရှုရွှမ်းအား ပြောခဲ့သည်။

ဝမ့်ရင်းသည် တမင်တကာ လူတွေကိုရှောင်ပြီး အိမ်ပြန်လာခဲ့သည်။ သူမ အိမ်ကိုရောက်သည့်အခါ ရှုရွှမ်းက သူမကို အိမ်တံခါးနားမှာ စောင့်နေသည်ကို တွေ့ခဲ့ရသည်။

သူတို့နှစ်ယောက်လုံးက လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြသော်လည်း ထိုအိမ်ရဲ့သော့သည် ဝမ့်ရင်းမှာသာ ရှိနေခဲ့သည်။ ရှုရွှမ်းသည် နေ့ခင်း အားလပ်ချိန်ကတည်းက ဝမ့်ရင်းထံ လာခဲ့ပြီး သူမကို မတွေ့ခဲ့သည့်အတွက် သူမကို တံခါးနားတွင် စိတ်ရှည်စွာ စောင့်နေခဲ့ခြင်း ဖြစ်သည်။

“မြန်မြန်၊ မြန်မြန်၊ ရော့ ဒီမှာသော့။ တံခါးမြန်မြန်ဖွင့်။”

ဝမ့်ရင်းသည် မကြာသေးခင်ကမှ အိမ်ပြန်ရောက်လာသော ဝမ့်ယောင်ကျုံးဟုခေါ်သည့် အိမ်နီးချင်း ရှိသည်ကို မေ့မနေခဲ့ပါ။ သူသည် ဒေါသထွက်နေပြီး ပြဿနာတစ်ခုခု ရှာဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။ တကယ်လို့ သူသာ သူမ၏ ငါးတွေအပြည့် ထည့်ထားသော ခြင်းတောင်းကို မြင်သွားပါက ပိုပြီး ပြဿနာကြီးသွားလိမ့်မည် ဖြစ်သည်။

ရှုရွှမ်းသည် ဘာစကားမှ မပြောဘဲ တံခါးကို မြန်မြန်ပဲ ဖွင့်ခဲ့သည်။ သူမတို့ အိမ်ထဲဝင်ပြီးနောက် ရှုရွှမ်းက ဝမ့်ရင်းရဲ့ ကျောပေါ်ရှိ ခြင်းတောင်းကြီးကို ကူပြီး ချွတ်ပေးခဲ့သည်။

ဝမ့်ရင်းသည် သူ့ကို ရတနာများ ပြနေသလို ခြင်းထဲက ငါးများအား ပြသနေခဲ့သည်။

“…မင်း ဘယ်က ပြန်လာတာလဲ။”

တကယ်လို့ တပ်မဟာက ငါးမဖမ်းရဘူးဆိုရင် မြို့ထဲက ငါးစားချင်တဲ့သူတွေက စျေးထဲကိုသွားပြီးပဲ ငါးဝယ်လို့ ရတာလေ။ တပ်မဟာထဲက ရာထူးနိမ့်တဲ့ သူတွေဆို ဖမ်းမိလာတဲ့ ငါတွေထဲက အကြီးဆုံး ငါးတွေကိုပဲ ယူသွားကြတာလေ။

တကယ်လို့ သူတို့က သွားလဲမယ်ဆိုရင်တောင် ဒီလောက်ကြီးတဲ့ ငါးမျိုးတော့ သူတို့ မရနိုင်လောက်ဘူး။

ဒီတစ်ကောင်က ငါးကီလို ခြောက်ကီလိုဂရမ်လောက် ရှိမှာ။

ဝမ့်ရင်းက ရှုရွှမ်းအား တောင်ပေါ်တွင် ရေကန်တစ်ကန် ရှာတွေ့ခဲ့ကြောင်းကို ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောပြခဲ့သည်။ “အထဲမှာ ဒီထက်ကြီးတဲ့ကောင်တောင် ပါသေးတယ်။”

ရှုရွှမ်းက ယူကြည့်လိုက်ကာ မှတ်ချက်ပေးခဲ့သည်။ “တကယ်ကောင်းတဲ့ ငါးပါလား။”

ဒီငါးတွေက သဘာဝအတိုင်းပဲ ကြီးလာကြတာ။ ဒါတွေက ကြီးပြီး အိနေတာပဲ။ သူ့အသားတွေက တကယ်ကို စားလို့ကောင်းနေတော့မှာ။

ဝမ့်ရင်းက အကြံပေးခဲ့သည်။ “မနက်ဖြန် ကျွန်မနဲ့ အတူတူ တောင်ပေါ်ကို လိုက်ခဲ့ပါလား။ အဲ့ဒါဆို ကျွန်မတို့တွေ အခြောက်ခံဖို့ ငါးတွေ ပိုဖမ်းလို့ ရတယ်လေ။”

ရှုရွှမ်း - “နောက်လအထိ စောင့်ကြရအောင်။ တောင်တက်ခွင့် ပိတ်သွားပြီဆိုရင် ငါတို့တွေ အဲ့ကို သွားပြီး ငါးတွေကို ရေခဲရိုက် ယူလာလို့ရတယ်။ ပြီးရင် ငါတို့တွေ အဲ့ထဲက နည်းနည်းကို သိုလှောင်ထားလို့ ရတယ်။”

စားရမည့် အချိန်မျိုးမှာဆို ဝမ့်ရင်းက ရှုရွှမ်းရဲ့ စကားကို အပြည့်အဝ နားထောင်ခဲ့သည်မှာ သူသည် စားဖိုမှူး တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။

“ကောင်းပြီလေ။ ကျွန်မတို့တွေ ပိုဖမ်းကြတာပေါ့။”

သူမ မထွက်လာခင် ကန်ထဲက ငါးများအားလုံးသည် မထင်မှတ်ထားလောက်အောင် ကြီးကြသည်ကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ကြရသည်။ အချို့ အကောင်များသည် တစ်ဆယ်ကီလိုဂရမ်ကျော် လေးသည်။ သူမသည် နွေရာသီရောက်လို့ ငါးများ ထပ်မကြီးလာခင် ထိုငါးများကို ဖမ်းချင်ခဲ့သည်။

All Chapters