အခန်း (၃၅)
Vol. 3 Ch. 35
ရှုရွှမ်းသည် ခြင်းတောင်းထဲက ငါးသုံးကောင်ကို လက်ညှိုးထိုးပြပြီး မေးခဲ့သည်။ “မင်း ဒီငါးတွေကို ဘယ်လို စားချင်လဲ။”
ချက်ချင်းဆိုသလိုပဲ ဝမ့်ရင်းသည် ငါးကို ချိုချဥ်လေး ချက်ထားတာကို တွေးမိခဲ့သည်။ အခုချိန် လိုနေသော အရာတစ်ခုမှာ သကြားဖြစ်သည်။ ထိုအချိန်ခါတုန်းက သကြားသည် အတော်လေးကို စျေးကြီးပြီး အချိန်အတော်ကြာ အလေးသော အရသာရှိသည့် အစားအစာများကိုသာ စားနေခဲ့ရသည်။ ထိုဟင်းလျာများက သူမအတွက် ချိုချိုချဥ်ချဥ် အရသာရှိသော အစားအသောက်များကို လွမ်းမောစေခဲ့သည်။
“ငါးချိုချဥ်ချက်လေ….. ရှင် ချက်တတ်လား။”
ရှုရွှမ်းသည် ငါးတစ်ကောင်ကို ရွေးပြီး ပြင်ဆင်ဖို့အတွက် လိုက်ကြည့်နေခဲ့သည်။ တစ်နပ်စာတည်းအတွက် ငါးကြီး တစ်ကောင်လုံးကိုတော့ သေချာပေါက် စားနိုင်မည် မဟုတ်ပါ။ ကံကောင်းစွာဖြင့် ဝမ့်ရင်းရဲ့ခြံထဲတွင် တိုင်ကီတစ်လုံး ရှိနေပြီး ငါးများကို ထိုထဲတွင်ထည့်ကာ တဖြည်းဖြည်း ယူစားလို့ ရနိုင်သည်။
“လုပ်နိုင်တာပေါ့။”
ရှုရွှမ်းက အကြီးဆုံးတစ်ကောင်ကို အိတ်ထဲထည့်ကာ ပြောခဲ့သည်။ “စားဖို့အတွက် ညကျရင် ငါ့အိမ် လာခဲ့။”
လွန်ခဲ့သော ရက်တုန်းက အမျိုးသမီးကြီးရှုသည် ဟင်းအိုးကြီးတစ်အိုး ချက်ဖို့အတွက် ဝမ့်ရင်းအိမ်မှ ဟင်းခတ်မှုန့်များကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် သူမမှာ ပြည့်ပြည့်စုံစုံ ရှိမနေခဲ့ပါ။ သို့သော် ရှုမိသားစု၏ မီးဖိုချောင်ထဲတွင် ဟင်းခတ်မှုန့်များစွာ ရှိနေခဲ့သည်။
ဝမ့်ရင်းက ဘာမှတောင် မတွေးဘဲ ခေါင်းငြိမ့်ပြခဲ့သည်။ “ကောင်းပြီလေ။”
သဘောတူပြီးတော့မှ သူမက ဒီလူရဲ့အိမ်ကို သွားရမှာ ဆိုတာကို သတိရသွားခဲ့တယ်။
ပြောရမယ်ဆိုရင် ရှုမိသားစုအိမ် သွားရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ဝမ့်ရင်းက ခေါင်းငုံ့လိုက်သည့်အခါ ရှုရွှမ်းရဲ့ အကြည့်များထဲမှ ထွက်လာသော နူးညံ့သည့် အကြည့်တစ်ချို့ကို မမြင်ခဲ့ရပါ။ သူမသည် တုံ့ဆိုင်းသွားခဲ့သည်။ “ကျွန်မ တစ်ခုခုရော ယူလာပေးရဦးမလား။”
ကယ်ပါဦး။ သူမရဲ့ အရင်ဘဝမှာတုန်းက သူမက အပျိုကြီးဖြစ်သည်။ ဒီလိုအခြေနေမျိုးကို ဆက်ပြီး ကိုင်တွယ်ဖို့က သူမအတွက် တကယ်ကို ခက်ခဲသည်။
ရှုရွှမ်းသည် သူမ စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်လိုက်ပုံရပြီး သူ့လက်ထဲက ငါးကို ပြလိုက်သည်။ “ဒါ မင်းယူလာတွေ မဟုတ်ဘူးလား။ အရင်ဆုံး ငါဒါကို ယူသွားလိုက်မယ်။ မင်းကတော့ ညနေမှ လာခဲ့။”
ရှုရွှမ်း ထွက်သွားသည်ကို တွေ့လိုက်ရသည့်အခါ ဝမ့်ရင်းရဲ့ မျက်နှာသည် အနည်းငယ် နီရဲနေသည်ကို တွေ့ခဲ့ရသည်။
မျက်နှာက ဘာလို့ လောင်ကျွမ်းနေသလို ဖြစ်နေရတာလဲ။ သေချာတာကတော့ သူမ တောင်ပေါ်မှာ ငါးသွားဖမ်းရတာ အတော်လေး ပင်ပန်းလာခြင်းကြောင့် ဖြစ်နိုင်သည်။
ဝမ့်ယောင်ကျုံးက ပြန်လာသည့်အခါ လီချွမ်းကျင်က ကြက်သားခေါက်ဆွဲကို ချက်ပြုတ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ သူမသည် ခေါက်ဆွဲကို တစ်ဇွန်းအပြည့် ခပ်ကာ အပေါ်တွင် ကြက်သားကို တင်ပြီး ဝမ့်ယောင်ကျုံး အရှေ့မှာ သွားချပေးခဲ့သည်။
ဝမ့်ယုံရွှင်းက အလုပ်ကနေ အိမ်ပြန်လာသည့်အခါ သူ့ရဲ့သားကို အိမ်မှာ မြင်လိုက်ရသည့်အတွက် ပျော်သွားခဲ့သည်။ သို့သော် သားကို အင်မတန်ချစ်သော သူမျိုး ဖြစ်သော်လည်း စည်းကမ်းတင်းကြပ်သည့် ဖခင်တစ်ယောက်လိုသာ ပြုမူနေဆဲ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက သူ့အဖေ ပြန်လာကို မြင်ရသည့်အခါ သူ့အရှေ့တွင် ရှိနေသော ကြက်သားကို ဘယ်သူ့ကိုမှ မကျွေးချင်သည့်အတွက် ခေါက်ဆွဲကိုသာ ဆက်စားနေခဲ့သည်။
လီချွမ်းကျင်က ဘေးနားတွင်ထိုင်ပြီး ဘာမှမစားဘဲ မေတ္တာတွေ အပြည့်ဖြစ်နေသည့် အကြည့်မျိုးဖြင့်သာ ကြည့်နေခဲ့သည်။
ဝမ့်ယုံရွှင်းက ချောင်းဟန့်လိုက်ပြီး သူ့စိတ်ထဲမှာတော့ ကျိန်ဆဲနေခဲ့သည်။ “မင်း ဘာပြန်လာလုပ်တာလဲ။ ကျောင်းက ပိတ်သွားပြီလား။”
မနှစ်ကတည်းက အချို့ကျောင်းတွေက ပြဿနာ တက်နေခဲ့သည်။ ဆရာများက ထွက်ပြေးသွားပြီး ကျောင်းသားများကလည်း ဆက်ပြီး စာသင်ဖို့ မလိုအပ်ခဲ့ပါ။ သို့သော် ဟုန်ကျိ အထက်တန်းကျောင်းက အတော်လေးကို တည်ငြိမ်နေဆဲ ဖြစ်ပြီး ကျောင်းသားများကလည်း ထုံးစံအတိုင်း ကျောင်းတက်ရသည်။
ဝမ့်ယောင်ကျုံးကို သူ့အမေက ဆူပြီးသည့်အတွက် သူ့အဖေက ဆက်ပြီး မေးမြန်းနေသည်ကို ကြားရသည့်အခါ ပိုပြီး စိတ်မရှည် ဖြစ်လာခဲ့သည်။
“ကျွန်တော် ပြန်လာဖို့ ခွင့်တိုင်ခဲ့တာ။ အဖေ၊ ဘာလို့ အိမ်ကို ဝမ့်ရင်းဆီ ပေးလိုက်ရတာလဲ။ ဦးလေးငယ် ပိုင်ဆိုင်သမျှ အရာအားလုံးက ကျွန်တော့် အပိုင်တွေပဲလို့ အဖေ ပြောခဲ့တယ်မလား။ ကျွန်တော်က ဒေါ်လေးအတွက်လည်း အသက်နဲ့ကိုယ် အိုးစား ခွဲပေးခဲ့တာလေ။ ဘာလို့ ကျွန်တော့်ကျ အိမ်ကို မပေးတာလဲ။”
ဝမ့်ယုံရွှင်းက သူ့သားကို ဘယ်လို ပြန်ပြောရမလဲ ဆိုတာကို တွေးနေဆဲ ဖြစ်သော်လည်း လီချွမ်းကျင်က သူ့ကို အရာအားလုံး ပြောပြပြီးသား ဖြစ်သည်။ ဝမ့်ယုံရွှင်းသည် သူ့ကို ကျောပေးထားသော လီချွမ်းကျင်ကို စိုက်ကြည့်နေခဲ့သည်။ အဲ့နေက ရန်ဖြစ်ရမှ ရရှိခဲ့သော ဒဏ်ရာများသည် သူတို့ကိုယ်ပေါ်တွင် ရှိနေသေးပြီး ဒီရက်ပိုင်းတွင် သူတို့သည် အချင်းချင်း ဘာစကားမှ မပြောခဲ့ကြပါ။
“မင်းအမေရဲ့ သွေးထိုးစကားတွေကို နားယောင်မနေနဲ့။ ဒီကိစ္စက အရမ်းရှုပ်တယ်။ အဖေ မင်းကို နောက်မှ ရှင်းပြမယ်။”
လီချွမ်းကျင်သည် သူဖွက်ထားသော ပိုက်ဆံအကြောင်းကို မသိရှိသေးသလို ဝမ့်ရင်း မိသားစု၏ အတိတ်အကြောင်းကိုလည်း မသိသေးပါ။ သူမသည် ခဲအို၏ အိမ်ကို လိုချင်သည့် အတွေးဖြင့်သာ စိတ်ရှုပ်နေခဲ့ရသည်။ ဒီကိစ္စတွေအပြင် အခြားသော ကိစ္စများကို ဝမ့်ယုံရွှင်း တစ်ယောက်တည်းကသာ သိနေခဲ့သည်။
“မင်းစားပြီးရင် အထဲဝင်လာခဲ့။ အဲ့အကြောင်း ငါ မင်းကို ပြောပြမယ်။”
ဝမ့်ယောင်ကျုံးက သီချင်းလေးညည်းကာ ခေါက်ဆွဲကို အေးအေးလူလူ စားနေခဲ့သည်။ သူက ခေါက်ဆွဲ တစ်ပန်းကန်လုံး စားလိုက်တာကို မြင်လိုက်သည့်အခါ လီချွမ်းကျင်သည် အဝတ်ကိုယူပြီး သူ့ပါးစပ်ကို သုတ်ပေးခဲ့သည်။ “တော်ပြီလား။ ဒါမှမဟုတ် အမေ နောက်ထပ် တစ်ပန်းကန် ထပ်ပြင်ပေးရမလား။”
အိမ်တွင် ဂျုံမှုန့်များ သိပ်မကျန်တော့ပါ။ ထို့ကြောင့် သူမသည် ကျန်ရှိနေသော ကြက်သားများကို ထိုဂျုံမှုန့်နှင့် ကြက်ခြေထောက် တစ်ချောင်းနဲ့သာ လဲလို့ရခဲ့သည်။
တပ်မဟာထဲက မိသားစုတစ်ခုက ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ သားတစ်ယောက်ကို မွေးခဲ့တယ်တဲ့။ ဒီနေ့ သူတို့က ကြက်တစ်ကောင်လုံးကို သတ်လိုက်တာတောင် အလဲအလှယ် အနေနဲ့ ကြက်ခြေထောက် တစ်ချောင်းပဲ ပြန်ရခဲ့တယ်တဲ့။
ဝမ့်ယောင်ကျုံးက ခေါင်းခါပြပြီး ငြင်းခဲ့သည်။ “ကျွန်တော် ဗိုက်ပြည့်နေပြီ။ ကျွန်တော် ဘာမှတော့ အပြောချင်ပါဘူး အမေရယ်။ ဒါပေမယ့် အမေ့ရဲ့ ကြက်သားတုံးတွေက အရမ်း သေးလွန်းတယ်။ နောက်တစ်ခါကျရင် နည်းနည်း ကြီးကြီးလေး တုံးပေးပါဗျာ။”
ကြက်သားတုံးများသည် သေးလွန်းလို့ တူဖြင့် ညှပ်လို့တောင် မရပါ။
လီချွမ်းကျင်က မြန်မြန်ပဲ သဘောတူပေးခဲ့သည်။ “နောက်တစ်ခါ အမေတို့ ကြက်သားရရင် အတုံး ကြီးကြီးလေးတုံးလိုက်မယ်။ ဒါမှ ငါသားလေး ဗိုက်ဝအောင် စားလို့ရမှာ။”
ဒီတစ်ခေါက် ကြက်သားတုံးများသည် တုံးပြီးသားဖြစ်ပြီး အသားများမှာလည်း နည်းသည်။ လီချွမ်းကျင်သည် သူမ၏ ရင်မှာတော့ မကျေမနပ် ဖြစ်နေခဲ့ကာ ထိုဆိုင်က အရမ်းကို ကပ်စေးနဲပြီး ကြက်သားများကို ဒီလို အတုံးလေးတွေသာ တုံးပေးလိုက်သည်ဟု တွေးနေခဲ့သည်။
ဝမ့်ယုံရွှင်းနှင့် ဝမ့်ယောင်ကျုံးသည် အတွင်းခန်းထဲသို့ ဝင်သွားခဲ့သည်။ ဝမ့်ယုံရွှင်းသည် ထောင်ထောင်မောင်းမောင်းရှိသော သူ့ရဲ့သားကို ကြည့်နေရင်း ရုတ်တရက်ဆိုသလို သူ့ရဲ့ဘဝဟာ ထိုအရာများကို ထိုက်တန်ကြောင်း တွေးလိုက်မိသည်။
သားတစ်ယောက်ကို ပြုစုပျိုးထောင်ရသည်မှာ ဝမ့်မိသားစုအတွက်တော့ တကယ်ကို ကောင်းမွန်သော အောင်မြင်မှု တစ်ခုဖြစ်သည်။ နောက်ထပ် ခြေလှမ်းတစ်ခုမှာ သူ့သားအတွက် အလုပ် ကောင်းကောင်း တစ်ခုနှင့် ဇနိီးကောင်းတစ်ယောက် ရှာပေးပြီးပြီးပါက သူ့ရဲ့တာဝန်သည် ပြီးဆုံးသွားပြီ ဖြစ်သည်။
ဝမ့်ယောင်ကျုံးက အရမ်းကို စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်။ သူမိဘနှစ်ပါးလုံးမှာ တစ်ခုခု လွဲနေသည်ဟု ခံစားမိခဲ့ရသည်။ ဒီလောက် သတ္တိမရှိတဲ့ စန်းယာကို သူ့မိသားစုက ဘယ်လိုလုပ် လက်လွှတ်လိုက်ရတာလဲ။ တစ်ကယ်လို့ အဲ့ဒါတွေ တစ်ခုမှ အလုပ်မဖြစ်ဘူးဆိုရင် သူသည် စန်းယာကို သေအောင် ရိုက်ပစ်မည် ဖြစ်သည်။ သူမကိုသာ သနားဖို့ကောင်းအောင်အထိ ရိုက်ပစ်လိုက်ပါက ဒီကောင်မလေးသည် သူတို့ကို ကြောက်လန့်သွားလိမ့်မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည် သူ့သား ဘာကိုတွေးနေလဲဆိုတာ သိနေခဲ့သော်လည်း ဒီတစ်ကြိမ်မှာတော့ သူသည် သူ့ရဲ့ ပုံမှန်အတွေးများကို ဆန့်ကျင်ကာ သူ့သားရဲ့ အတွေးများကို တားဆီးဖို့အတွက် ပြင်ဆင်နေခဲ့သည်။
“ယောင်ကျုံး၊ သား ဒီလိုတွေ မဖြစ်ချင်တာ အဖေတို့ သိသလိုပဲ အဖေတို့လည်း ဒီလိုတွေ မဖြစ်ချင်ခဲ့ပါဘူး။ သားဦးလေးငယ်မှာက ဘာဆွေစဥ်မျိုးဆက်မှ မရှိဘဲ သမီးတစ်ယောက်ပဲ ရှိတာ။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် အိမ်ကို ဒီတိုင်းထားပြီး သားအတွက် အလုပ်တစ်ခုကို စီစဥ်ပေးမှာပဲ။ ပြီးရင် သားကို စစ်တက္ကသိုလ်ဆီ ပို့ပေးလိမ့်မယ်။ သူ့ရဲ့ အသက်အရွယ်အရ သားအပေါ်မှာ မှီခိုရမှာပဲ။ အဲ့တော့ သူက ထုံးစံအတိုင်း အရာအားလုံး အဖေတို့ မိသားစုကို ပေးရမှာပဲလေ။”
ဝမ့်ယုံရွှင်းက သူ့ညီ လက်ထပ်ပြီး တပ်မဟာထဲကို ဝင်သွားသည့်အတွက် တစ်ခုခုမှားနေတယ်ဟု မတွေးမိခဲ့ပါ။ ထိုအချိန်တုန်းက ယောင်ကျုံးကို မမွေးသေးပါ။ တကယ်လို့ ယောင်ကျုံးသာ ထိုအချိန်တုန်းက မွေးခဲ့ပါက သူ့ညီ တပ်ထဲကို မဝင်ခင်မှာဘဲ သူသည် ထိုကိစ္စများကို သေချာအောင် ပြုလုပ်ခဲ့မည် ဖြစ်သည်။
သူတို့ညီအကိုနှစ်ယောက်က ကွဲသွားခဲ့သော်လည်း သူ့ညီမှာ မျိုးရိုးဆက်ခံမည့်သူ မရှိဘဲ နောက်နှစ်ပေါင်း တစ်ရာလောက် ရောက်သည့်အခါမှာ ဘယ်သူမှ သူ့ကိုလာပြီး မကန်တော့မှာကို ကြည့်မနေနိုင်ခဲ့ပါ။ သူ့ရဲ့ သားသည် သူ့ညီရဲ့ သားလိုပဲ ဖြစ်နေခဲ့သည်။ သူတို့ မိသားစု နှစ်ခုလုံးသည် တစ်ဦးတည်းသော ယောင်ကျုံးကို ထောက်ပံ့ပေးကြမည် ဖြစ်သည်။ တကယ်လို့ ယောင်ကျုံးသာ အောင်မြင်သွားခဲ့ပါက ဒါဟာ သူတို့ညီအကို နှစ်ယောက်လုံး ကူညီ ထောက်ပံ့ပေးမှုကြောင့်သာ ဖြစ်သည်။ သူ့ရဲ့ ညီငယ်ကို လာရောက် ဂါရဝပြုမည့် ဆွေစဥ်မျိုးဆက် တစ်ယောက်ကတော့ ရှိလာနိုင်မည် ဖြစ်သည်။
“ရလဒ်အနေနဲ့ကတော့ ရုတ်တရက် ဆိုသလိုပဲ မင်းရဲ့ ဦးလေးငယ်က ငါတို့ကို ဆက်ပြီး မယုံတော့ဘူး။ ငါတို့ မိသားစုမှာက ခက်ခဲတဲ့ အချိန်တစ်ခု ရှိနေခဲ့တာ။ ငါက မင်းဦးလေးရဲ့ သမီးကို ဂရုစိုက်ပေးဖို့ တွေးနေခဲ့တာ။ ဒါပေမယ့် စန်းယာက ခေါင်းထိပြီး သူ့ရဲ့ ယောက်ျား တစ်ယောက်ကို လက်ထပ်လိမ့်မယ်လို့တော့ ဘယ်သူက ထင်ထားပါ့မလဲကွာ။ ပြီးတော့ သူလက်ထပ်မယ့် သူကလည်း မင်းအစ်မရဲ့ ချစ်သူလေကွာ။”
ဝမ့်ယောင်ကျုံးသည် ထိုစကားများကို ကြားပြီးသည့်အတွက် ထပ်နားထောင်ဖို့ ပျင်းနေခဲ့သည်။ သူက လွှတ်ခနဲ ပြောခဲ့သည်။ “ကျွန်တော် ဘေးအိမ်က ဝမ့်ရင်းဆီသွားပြီး သူ့အိမ်ကိုလည်း ဖျက်စီးပစ်မယ်။ သူ့ကိုလည်း သေအောင် ရိုက်ပစ်မယ်။ ကျွန်တော်က သူ့အမေအတွက် အိုးစားခွဲပေးခဲ့ရတာ။ အဲ့တော့ သူ့အမေသာ ရှိနေသေးရင် ဒီအိမ်က ကျွန်တော့်အတွက်လို့ ပြောမှာပဲ။”
ဝမ့်ယုံရွှင်းက မျက်မှောင်ကြုတ်ကာ စိတ်လိုက်မာန်ပါ ပြောဆိုနေသော သူ့ရဲ့သားကို ထိုင်ခုံပေါ် ဆွဲချပြီး ထိုင်ခိုင်းခဲ့သည်။ ထို့နောက် သူက ပြောခဲ့သည်။ “မင်းရဲ့ ဒေါ်လေးက အဲ့လို မလုပ်နိုင်လောက်ဘူး။ မင်းက ငယ်သေးတယ်။ ပြီးတော့ ဒီမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို မင်း ဘာမှ မသိသေးဘူး။”
ဝမ့်ယုံရွှင်းက သူ့လက်ထဲက စက္ကူအိတ်ကို ထုတ်ပြီး ဖွင့်လိုက်သည့်အခါ အထဲတွင် ဘဏ်မှတ်စု အထပ်လိုက်ကို တွေ့ရှိခဲ့ရသည်။
ဝမ့်ယောင်ကျုံးရဲ့ မျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပဲ အရောင်များ တောင်လာကာ ဝမ့်ယုံရွှင်းရဲ့လက်ကို စိတ်လှုပ်ရှားစွာ လှမ်းဆွဲခဲ့သည်။ “အဖေ၊ ဒါတွေ ဘယ်က ရလာတာလဲ။”
ဒီအထပ်က ၂၀၀ လောက်တော့ ရှိတယ်မလား။
ဝမ့်ယုံရွှင်းက တိုးတိုးလေး ပြောခိုင်းခဲ့သည်။ သူသည် ပြန်လာကတည်းက ဝမ့်ရင်းရဲ့အိမ်ကို ချောင်းကြည့်နေခဲ့သည်။ သူသည် ဝမ့်ရင်း အပြင်ထွက်သွားတာ သိပြီးမှသာ ထိုကိစ္စအား သူ့ရဲ့သားကို သေသေချာချာ ပြောပြရဲတော့သည်။
“မင်းဦးလေးငယ်ရဲ့ အကြောင်းက အရမ်းရှုပ်တယ်။ တကယ်တော့ မင်းရဲ့ ဒီလေးငယ်က မြောက်ကိုရီးယားကနေ ရောက်လာခဲ့တာ။ သူက သူ့ရဲ့ ယုံကြည်ချက်တွေကို မရပ်တန့်ခဲ့ဘူးလေ။”
ဝမ့်ယုံရွှင်းသည် တဖြည်းဖြည်းနဲ့ လွန်ခဲ့သော ဆယ်နှစ်တာ ကာလက အတိတ်ဖြစ်ရပ်များကို ပြန်ပြောခဲ့သည်။ “မင်းရဲ့ဦးလေးငယ်က မင်းကို လျှို့ဝှက် လုံခြုံရေး ကိစ္စအချို့ကို ဆောင်ရွက်ဖို့ ပြောခဲ့တာ။ မင်းရဲ့ဦးလေးက အသေးစိတ်ကို စာထဲမှာတော့ မပြောထားဘူး။ သူ့ကို စိတ်မပူဖို့အတွက်ပဲ ပြောထားတာ။ ပြီးတော့ သူ့ကို နောကိပိုင်းကျရင် အခြား နေရာတစ်ခုကို ပြောင်းပေးမယ်ဆိုတာလည်း သေချာတယ်တဲ့။”
“အဲ့လိုနဲ့ ငါးနှစ် ခြောက်နှစ်လောက် ကြာသွားတယ်။ မင်းဦးလေးငယ်ကတော့ မင်းဒေါ်လေးနဲ့ စာတွေ အပြန်အလှန် ပို့နေတုန်းပဲ။ မင်းဦးလေးငယ်က မင်းဒေါ်လေးဆီ တစ်လကို ယွမ်တွေအများကြီး ပို့ပေးခဲ့တာ။”
"အစတုန်းကတော့ ငါ့ညီနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဘယ်သူကမှ မသိခဲ့ကြဘူး။ အဲ့ဒါကြောင့်မလို့ ချက်ချင်းပဲ ငါ့ခေါင်းထဲကနေ အကြံဆိုးတစ်ခု ထွက်လာခဲ့တယ်။"
ဝမ့်ရင်းချန်းက တော်တော်လေးကို လှတယ်။ အဲ့တော့ သူမကို လက်ထပ်ဖို့က လွယ်လွယ်လေးပဲ။ သူမက ဝမ့်မိသားစုအတွက် သားတစ်ယောက်ကို မမွေးပေးနိုင်ခဲ့ဘူးဆိုတော့ သူမက သူ့ညီရဲ့ အိမ်ကိစ္စတွေကို ဘာလို့ ဝင်ပါလို့ရမှာလဲ။
ဒါပေမယ့် အကြံတွေက တစ်ဝက်လောက်ပဲ ရှိသေးတယ် ဝမ့်ရင်ချန်းက သူ့ရဲ့ မရိုးသားတဲ့ ဦးလေးကို သတိပေးဖို့အတွက် အဲ့စာတွေကို ပြသခဲ့တယ်။ ဝမ့်ယိုဖုက တပ်မဟာထဲက လျှို့ဝှက် တာဝန်တစ်ခုကို လုပ်ဆောင်နေတာဆိုတာကို ဝမ့်ရင်ချန်းက သေချာအောင် ပြုလုပ်သွားခဲ့တယ်။ ပြီးတော့ ဒီကိစ္စကို တပ်မှူးကလည်း မသိခဲ့ဘူး။ ဒါပေမယ့် ဒီသတင်းတွေက တပ်မဟာဆီကိုတော့ ဘယ်လိုမှ မရောက်နိုင်ပါဘူး။
သူမ တပ်မဟာထဲကို သွားတဲ့အခါတိုင်း တစ်ယောက်ယောက်ကတော့ သူမရဲ့ ကိစ္စတွေကို သတင်းပို့နေခဲ့တယ်။
ဝမ့်ရင်ချန်းက သူမ အဆင်ပြေတယ်ဆိုတာကို သေချာအောင် ပြုလုပ်ထားသ၍တော့ တပ်မဟာ ဘက်ကလည်း သူမကို ဘာပြဿနာမှ ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူမသာ တစ်ခုခု ဖြစ်သွားရင် တပ်မဟာထဲက တစ်ယောက်ယောက်က အဲ့ကိစ္စကို ချက်ချင်းလာပြီး စုံစမ်းလိမ့်မယ်။ ပြီးရင် ဝမ့်ယုံရွှင်းကလည်း တစ်ခုခုကို မလုပ်ခင်မှာ သေသေချာချာ တွေးကို တွေးရမယ်။
ထိုစကားလုံးများက ဝမ့်ယုံရွှင်းကို ခြောက်လှန့်နိုင်ခဲ့သည်။ ထိုနှစ်များထဲတွင် သူသည် လီချွမ်းကျင်ကို ဝမ့်ရင်ချန်းနှင့် ဘာပြဿနာမှ မဖြစ်ဖို့အတွက် ဖိနှိပ်ထားခဲ့သည်။ တကယ်လို့ အဲ့လိုသာ ဖြစ်ခဲ့ပါက သူမက တပ်မဟာဆီ ချက်ချင်း ပြေးသွားပြီး အစီရင်ခံစာ တင်လိမ့်မည် ဖြစ်သည်။
“အဲ့တုန်းက ဝမ့်ရင်းက ခုနစ်နှစ် ရှစ်နှစ်လောက်ပဲ ရှိဦးမယ်။ မင်းရဲ့အဒေါ်က ဆေးဆရာမ တစ်ယောက် ဖြစ်လာပြီး သူ့ဝင်ငွေနဲ့သူ နေနိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ မင်းရဲ့ဦးလေးကို နောက််ထပ် နေရာတစ်ခုဆီ ပြောင်းလိုက်ပုံရတယ်။ အဲ့အချိန်ကစပြီး မင်းဒေါ်လေးနဲ့လည်း အဆက်အသွယ် ပျက်သွားခဲ့တာပဲ။”
ဝမ့်ယုံရွှင်းက ထိုကိစ္စကို သိနေခဲ့သည်မှာ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်သည်။ ထိုစကားများသည့် ဝမ့်ရင်းလေးရဲ့ နှုတ်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။
“မင်းရဲ့ ဦးလေးက မင်းဒေါ်လေးဆီ ဘာစာမှ မပို့ခဲ့ပေမယ့် အဲ့ဒါက သတင်းကောင်းတစ်ခု ဖြစ်နေဆဲပါပဲ။ တကယ်လို့ အဲ့လူသာ တကယ် သေသွားရင် မင်းဒေါ်လေးက သေချာပေါက် သတင်းရမှာပဲ။ ပြီးတော့ သူမကလည်း အဲ့ဒါကို သူ့မျက်နှာပေါ်မှာ ပြမှာမဟုတ်ဘူး။”
"ဝမ့်ယုံဖုတို့ လင်မယားက ဆက်ဆံရေးကောင်းတယ်။ တကယ်လို့ အဲ့ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ဝမ့်ရင်းရဲ့ အမေက ဒီလောက် နှစ်တွေအကြာကြီး တစ်ယောက်တည်း နေမှာ မဟုတ်ဘူး။"
“လွန်ခဲ့တဲ့ နှစ်နှစ်မတိုင်ခင်အထိ အရာအားလုံးက ပရမ်းပတာ ဖြစ်နေခဲ့တာ။ မင်းဒေါ်လေးက သတင်းဆိုးတွေ ရှိနေသလိုပဲ အချိန်အတန်ကြာ ငေးငိုင်နေခဲ့တာ။ ငါမင်းအမေကို သူ့ဆီကနေ သတင်း သွားနှိုက်ခိုင်းခဲ့တာ။ ဒါပေမယ့်လည်း သူမကတော့ မလုပ်နိုင်ခဲ့ပါဘူးကွာ။ နောက်ပိုင်း မင်းအမေက ညသန်းခေါင်းကြီး မင်းဒေါ်လေးရဲ့ ပြတင်းပေါက်နားကို သွားတော့ သူမ ငိုနေတာကို ကြားခဲ့ရတယ်တဲ့။ သူမ ပြောတာကတော့ သူမယောက်ျား ဆုံးသွားပြီဆိုပြီး တပ်မှူးက ပြောလိုက်တာတဲ့။”
ဝမ့်ယောင်ကျုံးက အနည်းငယ် တွေဝေသွားခဲ့သည်။ ထိုကိစ္စများသည် မနေ့ တစ်နေ့ကလို ဖြစ်နေခဲ့ပုံ ရသော်လည်း သူက ထိုကိစ္စကို ပြောနေချိန်တွင် ထိုအရာသည် အချိန်အကြာကြီး ဖြစ်နေခဲ့ပုံရသည်။
“မင်းအဒေါ်ရဲ့ ကျန်းမာရေးက ပင်ပန်းလို့ ဖြစ်တာလား ဆိုတာတော့ ငါလည်း မသိဘူး။ မထင်မှတ်ထားဘဲ သူမက ဆန်တွေသွားပို့ရင်း သေသွားတာတဲ့။”
ဝမ့်ယုံရွှင်းသည် သူ့သားကို ကြင်နာသော အကြည့်မျိုးဖြင့် ကြည့်ခဲ့သည်။ လူမသိ သူမသိ သေသွားခဲ့သော သူ့ရဲ့ညီငယ်လေးဖြင့် ယှဥ်ကြည့်ပါက သူ့ရဲ့ဘဝသည် ခက်ခဲသော်လည်း လုံခြုံမှုရှိသည်။ လူတွေက မြင့်မားသည့် အရာတစ်ခုကို အတင်းကြီး မလုပ်ယူသင့်ကြောင်းကို သိမြင်နိုင်သည်။ သူတို့သည် မပြည့်စုံသည့် သူများသာ ဖြစ်ကြပြီး ထိုလူများကသာ ပိုမို ကောင်းမွန်သည့် ဘဝမျိုးတွင် နေထိုင်နိုင်ကြသည်။