← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

"အခုဆိုရင် မင်းဦးလေးရဲ့ ခန္ဓာကိုယ်ကို တစ်နေရာရာမှာ သွားပစ်လိုက်ကြပုံပဲ။ ဝမ့်မိသားစုမှာက သမီး တစ်ယောက်ပဲ ရှိတယ်ဆိုပေမယ့် ငါတို့မှာက သမီးရော သားရော ရှိတယ်။ ငါတို့ရဲ့ အနာဂတ်က ခက်ခဲမယ် ဆိုရင်တောင် ငါ့သားမှာကတော့ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိနေတာပဲ။"

“ငါ မင်းကို ဒီအကြောင်းတွေ ပြောပြတယ် ဆိုတာက မင်းစိတ်ထဲမှာ အကြံတစ်ခုခု ထုတ်လို့ရအောင်ပဲ။”

ဒီရက်ပိုင်းထဲတွင် ဝမ့်ယုံရွှင်းက ဘာတစ်ခုမှ လိမ်မပြောခဲ့ပါ။ သူသည် ထိုအရာကို ကြိမ်ဖန်များစွာ သေချာ တွေးတောခဲ့သည်။ နောက်ဆုံးမှာတော့ သူက နောက်ထပ် ခြေလှမ်းတစ်ခုကို လှမ်းဖို့အတွက် ဆုံးဖြတ်ခဲ့သည်။

“မင်းဦးလေးရဲ့ ကိစ္စက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဖြစ်သွားတာ။ အဲ့တုန်းက အရေးခင်းကာလပဲ။ မင်းဦးလေးက အာဇာနည်တစ်ယောက်လား တစ်ခြား အကြောင်းတွေ ရှိလားဆိုတာတော့ ငါတို့လည်း မသိဘူး။”

“ငါက စန်းယာအတွက် တစ်ယောက်ယောက် ရှာပေးဖို့ စဥ်းစားနေတာ။ ဒါဆို ငါတို့က သူ့အိမ်ထဲကို ဝင်လို့ရပြီ။ တကယ်လို့ မင်းရဲ့ဦးလေး ပြန်လာရင်တောင် သူက ဘာမှသိပ်ပြီး ပြောမှာမဟုတ်ဘူး။ သူတို့လင်မယား ဒီမှာ မရှိကတည်းက ငါတို့က သူ့သမီးကို စောင့်ရှောက် ပေးခဲ့တာ။ ပြီးတော့ အရက်သမားလည်း မဟုတ်၊ လောင်းကစားသမားလည်း မဟုတ်ဘဲ အရှုပ်ထွေးဆုံး လူတစ်ယောက်ကို စန်းယာအတွက် ရှာပေးဖို့ ငါ မင်းအမေကို ပြောထားတယ်။”

ဝမ့်ယုံရွှင်းသည် အစကတည်းက ထွက်သွားဖို့ မတွေးထားခဲ့ပါ။ သူသည် ထိုကိစ္စများကို ဂုဏ်ယူရမည့် နည်းလမ်းမျိုးဖြင့်သာ ပြုလုပ်ဖို့အတွက် ရည်ရွယ်ထားခဲ့သည်။

“ဒါပေမယ့် အဲ့ဒါတွေက အခုတော့ မဖြစ်နိုင်တော့ပါဘူး။ စန်းယာက ငါတို့ဆီကနေ ခွဲထွက်သွားပြီ။ မင်း ဒေါသထွက်မယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် မင်း အဖေ့ရဲ့ အကြံကို နားထောင်ပြီး စန်းယာကို နောက်ထပ် ဘာပြဿနာမှ သွားမရှာနဲ့။”

ဝမ့်ယုံရွှင်းရဲ့ စိတ်ထဲတွင် စည်းမျဥ်းတစ်ခု ရှိနေခဲ့ပြီး သူ့ကိုယ်သူ လွယ်အောင်ရုန်းဖို့ နည်းလမ်းတစ်ခုကို အမြဲတမ်း ချန်ထားလေ့ရှိသည်။

ဒီကိစ္စက ပြီးသွားတာကြာပါပြီ။ အဲ့တော့ ဒီကိစ္စကို ထပ်လုပ်ဖို့က မသင့်တော်ဘူး။ တကယ်လို့ ဝမ့်ရင်ချန်းကသာ သာမန်လူဆိုရင်တော့ အဲ့ဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် သူမက တပ်မဟာအတွက် စားနပ်ရိက္ခာတွေ ပို့ပေးရင် သေသွားတာ။ တကယ်လို့ ဝမ့်ရင်းက သူမ အဖေအကြောင်း မပြောရင်တောင် ဝမ့်ရင်ချန်းရဲ့ သေဆုံးမှုက သူမကို တပ်မဟာထဲမှာ စာရင်း ပေးသွင်းပြီးသား ဖြစ်နေပြီပဲလေ။

ဝမ့်ယုံရွှင်းသည် သူ့ရဲ့ညီလေးက သူ့အသက်ကို တိုင်းပြည်အတွက် ပေးဆပ်သွားတာက အဆိုးဆုံး အခြေအနေ တစ်ခုဖြစ်သည်ကို တွေးနေခဲ့ပြီး ဝမ့်ရင်းရဲ့ ကိစ္စနဲ့လည်း ပတ်သက်မှုကြီးတစ်ခု ရှိနေခဲ့ကာ တပ်မဟာက ထိုကိစ္စကို လူသိရှင်ကြား ပြုလုပ်ခဲ့သည်။ ဒီကိစ္စ နှစ်ခုအကြားမှာ ဘယ်အရာကြောင့် သူတို့ မိသားစုရဲ့ အိမ်ကို ပေးလိုက်ရတာလဲ။ သူတို့က ထောင်ထဲ ရောက်သွားရင်တောင် ထိုလူတွေက ဘယ်လိုလုပ် ပျော်နိုင်ကြတာလဲ။

ဝမ့်ယုံရွှင်းက ယွမ်နှစ်ရာကျော်ကို ယူကာ သူ့ရဲ့သားကို လေးလေးနက်နက် ပြောခဲ့သည်။ “ဒီပိုက်ဆံတွေကို ဝမ့်ရင်ချန်းက ထားခဲ့တာ။ အဲ့မိန်းမက ဒီပိုက်ဆံတွေကို သူ့အိမ်ရဲ့ ရေတိုင်ကီအောက်မှာ တိတ်တဆိတ်လေး ဖွက်ထားပြီး သူမ မသေခင်မှာပဲ ငါ့ကို ပြောသွားခဲ့တာ။ ကံသီပေလို့ သူမက သတိလစ်လစ်သွားပြီး အဲ့အချိန်ကတည်းက ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ဒါက ငါ လူတိုင်းကို အဝေးပို့ပြီး သူမ ပြောခဲ့တာတွေကို နားထောင်ပေးခဲ့ရတဲ့ အကြောင်းအရင်းပဲ။”

တကယ်တမ်းတွင် ဝမ့်ယုံရွှင်းက ယွမ်ငါးရာကို ရရှိခဲ့ပြီး သူပိုက်ဆံကို ရချိန်အခါတုန်းက သူ့လက်များမှာ တုန်လှုပ်နေခဲ့သည်။ ဒီလောက် ပိုက်ဆံတွေ အများကြီးကို ကိုင်ဖူးခြင်းမှာ သူ့ဘဝတွင် ပထမဆုံး အကြိမ်သာ ဖြစ်သည်။

အဲ့ယွမ်ငါးရာဆိုတာက အများကြီးလို့ ထင်ရပေမယ့် ငါတော့ အဲ့ပိုက်ဆံတွေ သုံးတာကို မထိန်းနိုင်ခဲ့ဘူး။

သူ့ရဲ့ အပြင်အသုံးစရိတ်တွေအပြင် ဝမ့်ယုံရွှင်းက သူ့ရဲ့သားအား မုန့်ဖိုးများစွာကို တိတ်တဆိတ် ပေးခဲ့သည်။ သူ့ရဲ့သား ကျောင်းပြန်သွားဖို့အတွက် လမ်းရှင်းပေးထားရန် ယွမ်ငါးဆယ်ကိုလည်း သုံးခဲ့သေးသည်။

ပိုက်ဆံတွေအများကြီး သုံးပြီးသွားသည့်နောက် သူသည် သူ့သားအလုပ်ကောင်းကောင်း တစ်ခုရဖို့အတွက် ပိုက်ဆံတွေ အများကြီးကို အသုံးပြုခဲ့ရကြောင်းကို သိရှိသွားခဲ့သည်။

အခြားနည်းလမ်း မရှိတော့ဘဲ ဝမ့်လင်းလင်းနှင့် ဝမ့်ရင်းဆီသွားပြီး အကူအညီ တောင်းခံခဲ့သည်။

သူသည် ယွမ်သုံးရာကျော်ကို စုထားခဲ့ပြီး ဝမ့်လင်းလင်းရဲ့ တင်တောင်း လက်ဆောင်များမှာလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သို့သော် ဆက်တိုက်ဆိုသလို ဖြစ်သွားခဲ့ရသော ပြဿနာများက သူ့ရဲ့ အကြံအစည်ကို ဖျက်စီးသွားခဲ့သည်။

ဝမ့်ယုံရွှင်းက အံကိုကြိတ်ကာ ပြောခဲ့သည်။ “ငါတို့တွေ ဒီလောက် ပိုက်ဆံလေးနဲ့တော့ အလုပ်တစ်ခုကို ရှာလိူ့ ရမှာမဟုတ်တာ သေချာတယ်။ မင်း အထက်တန်း ကျောင်းကနေ ဘွဲ့ရပြီးသွားရင် ကောင်စီမြို့ဆီသွားပြီး ယာယီ အလုပ်တစ်ခုတော့ ရှာလို့ရတယ်လို့ ငါတွေးနေတာ။ မင်းက ပညာရေးမှာလည်း အဆင်ပြေတယ်။ အဲ့တော့ မင်းက သေချာပေါက် ရာထူးတိုးခံရမှာပဲ။ မင်း ဝေဖန်ခံရတဲ့ အချိန်မျိုး ရောက်လာရင်လည်း ငါတို့က မင်းကို အနောက်ကနေ ငွေအင်အားနဲ့ ထောက်ပံ့ပေးပြီး ပုံမှန် ဝန်ထမ်းတစ်ယောက် ဖြစ်လာအောင် လုပ်ပေးမယ်။”

တကယ်လို့ မင်းမှာ ပိုက်ဆံနည်းနည်းပဲရှိရင် သူတို့တွေ အဲ့ပိုက်ဆံကို သေသေချာချာ သုံးကြမယ်။ တကယ်လို့ သူတို့က ယွမ်နှစ်ရာနဲ့ အလုပ်ရှာမရရင် လက်ဆောင်ပေးဖို့ ဘယ်လိုလုပ်ကြမလဲဟု ဝမ့်ယုံရွှင်းက တွေးနေခဲ့သည်။

ဒီအချိန်မှာတော့ သူ့သားက အရည်အချင်း ပြည့်မှီတယ်ဆိုရင် တစ်ခါတည်း သူ့ပိုက်ဆံကို သုံးပြီး နောက်ထပ် မြဲတဲ့ အလုပ်တစ်ခုကို ရှာလို့ရပြီ။

ဝမ့်ယုံရွှင်းက ထိုစကားကို ပျော်ပျော်ရွှင်ရွှင် ပြောနေခဲ့ကာ ရုတ်တရက် အမူအရာ ပြောင်းလဲသွားသည့် သူ့သားရဲ့မျက်နှာကိုတော့ လျစ်လျူရှုထားခဲ့သည်။

ဝမ့်ယောင်ကျုံးကြည့်ရတာ စိတ်မသက်မသာ ဖြစ်နေဟန်ရှိသည်။ သူသည် ဝမ့်ရင်းမိသားစုအကြောင်း ပြောသွားခဲ့သည်ကိုတော့ နားလည်လိုက်သည်။ ဒါက ပြဿနာမရှိပါဘူးဟု သူတွေးနေခဲ့သည်။ သူ့အဖေက ဉာဏ်ကောင်းပြီး သူပြောသွားသည့် စကားမှာလည်း မှန်ကန်နေခဲ့သည်။

တကယ်လို့ ဝမ့်ရင်း မိသားစုရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေပါက ပြဿနာ တစ်ခုခု ရှာဖို့အတွက် တကယ်ကို မသင့်တော်ပါ။

သူတို့မှာ အိမ်နှစ်လုံးရှိတယ်မလား။ ကျေးလက် ဒေသမှာက တဲအိမ်တွေလောက်ပဲ ရှိတာလေ။ ပြီးတော့ သူတို့က မြို့ကို အလုပ်သမားအနေနဲ့ အလုပ်လုပ်ဖို့ ချက်ချင်းသွားပြီး အိမ်ကိုခွဲလိုက်တာ။

ဝမ့်ယုံရွှင်းက သူ့အား ကိုယ့်စာမေးပွဲသာ ကိုယ်ဖြေဖို့ ပြောသည့်အခါ ဒီလို တွေးရမည့် အချိန်မျိုးမှာမှ သူ့မိသားစုက တွန်းအားတစ်ခု ပေးနေခဲ့သည်။ ဝမ့်ယောင်ကျုံးက စိတ်မသက်မသာ ခံစားခဲ့ရသည်။

သူသည် ကျောင်းမှာ စာကို သေချာကြိုးစားသည်ဟု သူ့မိသားစုကို ပြောခဲ့သော်လည်း တစ်ကယ်တမ်း သူက ကျောင်းမှာ အဲ့လိုပုံစံမျိုး မဟုတ်ကြောင်း သူ့ကိုယ်သူ သိနေခဲ့သည်။

သူသည် ကျောင်းကိုရောက်တာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း စာအုပ်များက အသစ်အတိုင်းသာ ရှိနေဆဲ ဖြစ်သည်။

သို့သော် ဝမ့်ယောင်ကျုံးက သူစာမေးပွဲကျသည်ကို တိုက်ရိုက်မပြောရဲဘဲ မြို့မှာ ယာယီအလုပ်တစ်ခု ရှာဖို့ကိုသာ ပြောခဲ့သည်။

ဒီခေတ်အခါမှာ အထက်တန်းကျောင်းက နည်းနည်းပဲ ရှိတယ်ဆိုတာကို သိသင့်သည်။ တကယ်လို့ ကောင်စီမြို့မှာ အလုပ်သမား စုဆောင်းနေတယ်ဆိုရင် ဒါက ယေဘူယျအားဖြင့် အထက်တန်း ကျောင်းသားတွေကို စာမေးပွဲဖြေပြီး ယာယီအလုပ်တစ်ခု ပေးဖို့ဆိုတာ သေချာသည်။

သူက စာမေးပွဲ မအောင်နိုင်ဘူးလို့ ပြောလိုက်သည့်အတွက် သူ့ရဲ့အမှတ်တွေဟာ ဘယ်လောက်တောင် ဆိုးရွားနေလို့ မအောင်နိုင်ရတာလဲဟု တွေးနေခဲ့သည်။

ဝမ့်ယောင်ကျုံးသည် သူ့အဖေလက်ထဲက ယွမ်နှစ်ရာကို ငေးကြည့်နေခဲ့ပြီး ပြောလိုက်သည်။ “အဖေ၊ ကျွန်တော်တို့ နောက်ထပ် နည်းလမ်းတစ်ခု မတွေးသင့်ဘူးလား။”

သူ့အဖေက ဉာဏ်ကောင်းသော သူတစ်ယောက် ဖြစ်သည့်အတွက် ပိုက်ဆံရှာမည့် နည်းလမ်းကို သေချာပေါက် တွေးတောနိုင်မည် ဖြစ်သည်။

သူ့ကိုလည်း အနားပေးပါဦး။ သူတကယ် မလုပ်နိုင်တော့ဘူး။

ဝမ့်ယုံရွှင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ့သားက ယာယီ အလုပ်သမားအဖြစ် စမလုပ်ချင်ဘူးဆိုတာကို သိနေခဲ့သည်။ အဖွဲ့ထဲတွင် ယာယီအလုပ်သမားများက အပင်ပန်းဆုံး အလုပ်များကို လုပ်ရပြီး ပိုက်ဆံလည်း အနည်းငယ်သာ ရကြသည်။

သူက သူ့သားကို စိတ်ဖိစီးစွာ ကြည့်လိုက်ပြီး ပြောခဲ့သည်။ “အဖေ့မှာက အရည်အချင်း မရှိဘူးလေ။ တကယ်လို့ မင်းရဲ့ဦးလေးသာ ဒီနေရာမှာ ရှိနေရင် အဖေက သူ့ကိုဒူးထောက်ပြီး ပိုက်ဆံချေးခိုင်းဖို့တောင် ဆန္ဒရှိနေတာပါ။ ဒါပေမယ့် အခုတော့…..”

ဝမ့်မိသားစုသည် အစကတည်းက အပြင်မိသားစု တစ်စုသာဖြစ်ပြီး အဆင့်အတန်း တစ်ခုအဖြစ် အဖွဲ့ထဲရှိ လူအများစုက ခွဲခြား သတ်မှတ်ထားကြသည်။ ထို့ကြောင့် သူတို့အတွက် ပိုက်ဆံချေးဖို့မှာ ခက်ခဲနေခဲ့သည်။ ထို့အပြင် ယွမ်တစ်ရာ နီးပါးကို ဘယ်သူကများ ချေးနိုင်ပါ့မလဲ။

“ဟုတ်ပါပြီ၊ အဖေရယ်။ ပိုပြီး ကြိုးစားကြမယ်။ ကျွန်တော်က ဘွဲ့ရဖို့ နှစ်ဝက်လောက် လိုသေးတာပဲ။ ဘယ်သူကများ သိနိုင်မှာတဲ့လဲ။”

ဝမ့်ယုံရွှင်းသည် အခြေခံ လုပ်ငန်းများကို သူ့သားထံ လက်လွှဲပြီးတဲ့နောက် ပိုပြီး ပေါ့ပါးသွားသလို ခံစားခဲ့ရသည်။ သူ့သားက ရက်အနည်းငယ်လောက် အိမ်ကို ပြန်မလာခဲ့ဘဲ အိမ်ကလည်း ရှုပ်ပွနေခဲ့သည်။ သူ့ရဲ့မိန်းမ လီချွမ်းသည် ပိုပြီး ပြဿနာရှာကာ သူ့ကို စိတ်ရှုပ်အောင် လုပ်နေခဲ့သည်။

အခုဆိုရင် သူ့သားက ပြန်သွားပြီ ဖြစ်သည့်အတွက် ဝမ့်ယုံရွှင်းက ပိုပြီး တည်ငြိမ်သွားသလို ခံစားခဲ့ရသည်။

“ရော့၊ ဒီငါးယွမ်ကိုယူလိုက်။ ကျောင်းမပြီးခင်အထိ စားဖို့ကလည်း လိုသေးတယ်မလား။ လျှောက် မဖြုန်းပစ်နဲ့။ ကောင်းတဲ့ အစားအစာတွေကိုပဲ စား။ အဲ့ဒါမှ ဆောင်းတွင်းကို ဖြတ်သန်းနိုင်မှာ။”

ဝမ့်ယုံရွှင်းသည် သူ့သားကို ငါးယွမ် ပေးပြီးနောက် အိမ်ရဲ့ ထောင့်နားမှာ ထည့်ထားသည့် ကျန်ရှိနေသော ယွမ်နှစ်ရာကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။

တစ်လကို ငါးယွမ်ရသောကြောင့် ပျော်ရွှင်နေသည့် သူ့ရဲ့သားက သူ့ရဲ့အနောက်တွင် ရပ်ကာ သစ်သားစနားအား ရပ်ကြည့်နေတာကို အနည်းငယ် ရိပ်မိနေခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းတို့ အိမ်တံခါးကို လာခေါက်သည့်အခါ သူမရဲ့ အဝတ်အစားများက နေသာထိုင်သာ မရှိအောင် ကြပ်နေခဲ့သည်။ ဒါဟာ သူမချစ်သူ၏ အိမ်သို့ ပထမဆုံး သွားရတာနှင့် တူသည်ကိုတော့ သူမ မသိခဲ့ပါ။

ဝမ့်ရင်းသည် ဖာထေးထားသည့် အကွက်များ အနည်းဆုံးရှိသည့် အင်္ကျီကို ဝတ်ဆင်လာခဲ့ပြီး သူမရဲ့ ဆံပင်ကိုလည်း ကျစ်ဆံမြီးနှစ်ဖက် ကျစ်ကာ မျက်နှာမှာလည်း ရှင်းလင်းနေခဲ့သည်။ ထို့အပြင် သူမသည် တောင်ပေါ်မှ ခူးယူခဲ့သော မှိုခြောက်များနှင့် ဆေးဖက်ဝင် အပင်များ ထည့်ထားသော အိတ်ကို သယ်လာခဲ့သည်။

ရှုအိမ်တံခါးကို မြန်မြန်ပဲ လာဖွင့်ပေးခဲ့ပြီး တံခါးနားတွင် တစ်စုံတစ်ယောက်က စောင့်နေခဲ့သည်။

တံခါးလာဖွင့်ပေးသည့်သူမှာ အမျိုးသမီးကြီးရှုဖြစ်ပြီး သူမရဲ့ မျက်နှာတစ်ခုလုံးမှာလည်း အပြုံးပန်းကို ပန်ဆင်ထားခဲ့သည်။

“မိန်းကလေးရင်း ရောက်လာပြီ။ လာ အထဲကို မြန်မြန်ဝင်။”

အစပိုင်းတွင် အမျိုးသမီးကြီးရှုက ဝမ့်ရင်းအား “ ရှောင်းရင်” ဟုခေါ်သည့်အခါ ဝမ့်ရင်းက ထိုသို့ခေါ်တာကို အတင်းပဲ ငြင်းခဲ့သည်။ သူမကို “ ရှောင်းရင်” ဟု ခေါ်လိုက်ချိန်တွင် သူမသည် အခြားသူ တစ်ယောက်လို ခံစားလိုက်ရပြီး မှော်ဆန်စွာဖြင့် နောက်ထပ် မိန်းကလေး တစ်ယောက်လို ဖြစ်သွားခဲ့ရသည်။

ဝမ့်ရင်းသည် သူမလက်ထဲက အထုပ်နှစ်ထုပ်ကို ကမ်းပေးခဲ့သည်။ “ဒါက သမီးကိုယ်တိုင် လုပ်လာခဲ့တဲ့ ဆေးစာတွေပါ။ ရှေ့ရက်တုန်းက အဒေါ် ချောင်းဆိုးနေတာကို တွေ့လိုက်လို့ပါ။ ဒါကတော့ ချောင်းဆိုးရင် သောက်ဖို့ပါ။…..”.

အို၊ ဒါက အိမ်တိုင်ရာရောက် ဆေးလိုက်ပို့ပေးတဲ့ စနစ်မျိုးနဲ့ တူတာ ဟုတ်တယ်မလား။

အမျိုးသမီးကြီး မစ္စရှုသည် မတုံ့မဆိုင်းဘဲ ယူလိုက်သည်။ သူမသည် စိတ်ကျေနပ်သွားကာ ပြောခဲ့သည်။ “သမီးက တော်တော်လေး တွေးပေးတတ်တာပဲ။ ဝင်ခဲ့၊ ဝင်ခဲ့။”

အမျိုးသမီးကြီးရှုသည် ဆေးများကို ပို့ပေးခြင်းက ဆိုးရွာသော ကိစ္စတစ်ခုဟု မတွေးမိခဲ့ပါ။ ထိုကောင်မလေးကို ချွေးမအဖြစ် ရလိုက်သည်မှာ သူမအတွက် တကယ်ကို ကံကောင်းတာပဲဟု ပျော်ရွှင်စွာ တွေးတောနေခဲ့သည်။ ကြည့်စမ်းပါဦး။ မကောင်းတာတွေ ပြီးရင် ကောင်းတာတွေက ရောက်လာတာပဲ။

ကောင်းတဲ့အရာတွေဆိုတာ ကံတရားက သတ်မှတ်ပေးထားတာ။ အဲ့ဒါကို ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ရလာမှာ မဟုတ်ဘူး။

ဝမ့်ရင်းက ရှုအိမ်ထဲသို့ ဝင်လာသည့်အခါမှာ အနံ့ချိုချိုလေး တစ်ခုကို ရလိုက်သည်။ လေထဲတွင် သင်းပျံ့နေသည့် ချဥ်ပြုံးပြုံး အနံ့လေးသည် သူမ အမြဲတမ်း စိတ်ကူးယဥ်ခဲ့ရသော ငါးချိုချဥ်ဟင်း၏ အနံ့ ဖြစ်သည်။

အမျိုးသမီးကြီးရှုက မီးဖိုချောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သားလေးက အထဲမှာ ဟင်းချက်နေတယ်။ သူ့ကို တစ်ယောက်တည်း ထားထားလိုက်။ အဒေါ်က သမီးကို အိမ်ထဲ လိုက်ပြပေးမယ်။”

ဝမ့်ရင်းက သားရေကို မြိုချကာ သူမရဲ့ မျက်လုံးများကို မီးဖိုချောင်ဘက်မှ မဖယ်ချင် ဖယ်ချင်နှင့် အကြည့် လွှဲခဲ့ရသည်။

အမျိုးသမီးကြီးရှုသည် ဝမ့်ရင်းရဲ့လက်ကို ကိုင်ကာ အခန်းတိုင်းကို လိုက်ပြခဲ့သည်။ ရှုမိသားစုရဲ့ အိမ်သည် မထင်ထားလောက်အောင် ကျယ်ဝနနေခဲ့သည်။

အထဲမှာ အိမ်လေးအိမ်ရှိပြီး အားလုံးက မြင့်မားသော အိမ်များ ဖြစ်ကြသည်။ ထိုထဲမှ သုံးအိမ်သည် ဆောက်လက်စ အိမ်များ ဖြစ်သည်။ သို့သော် ထိုအိမ်များမှာ အခြားသော အိမ်များနှင့် အတော်လေးကို ကွဲပြားသည်။ အခြားအိမ်များမှာ ရှုပ်ပွပြီး ပျက်စီးကာ ရာသီဥတုဒဏ် ခံထားရသည်။ သို့သော် ရှုမိသားစု၏ အိမ်သုံးအိမ်မှာ သပ်သပ်ရပ်ရပ် ရှိနေပြီး နံရံများ တံခါးများကိုလည်း သေသေချာချာ ပြုပြင်ထားခဲ့သည်။

အမျိုးသမီးကြီးမစ္စရှုက ညည်းခဲ့သည်။ “ ဒါ အဒေါ့် အမျိုးသား ပြန်ဆောက်ချင်နေတဲ့ အိမ်တွေလေ။ ဒီအိမ်ကြောင့် အဒေါ်တို့က ချမ်းသာတဲ့လူတွေ ဖြစ်လာခဲ့ရတာပဲ။”

ကံကောင်းလို့ အဲ့အချိန်တုန်းက သူတို့လင်မယားက မြို့က ချမ်းသာတဲ့ မိသားစုဆီမှာ အလုပ်လုပ်ပြီး ချုပ်ချယ်ခံရတဲ့ လူတွေအဖြစ် လက်ခံကြောင်း လက်မှတ်ထိုးထားခဲ့ရတာလေ။ ဒါကပဲ သူတို့ကို ဂုဏ်သတင်းကောင်းတစ်ခု ပေးသွားခဲ့တာ။

ထိုအခန်းသုံးခန်း၏ ပုံစံမှာ အစတုန်းက အဓိက အခန်းနှင့် ဘေးခန်းနှစ်ခန်းကို ပေါင်းပြီး ဆောက်ထားခြင်း ဖြစ်သည်။ ထိုအခန်းများကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားခဲ့ပြီး နှစ်ခန်းလုံးမှာလည်း မီးလင်းဖိုများ ပါဝင်နေခဲ့သည်။

အမျိုးသမီးကြီးရှု - “ဒီမီးလင်းဖိုက အကောင်းကြီးပဲ ရှိပါသေးတယ်။ အဲ့ဒါကြောင့် အဒေါ်က အဲ့ဒါကို ဖြိုချပြီး ပြန်မဆောက်ချင်သေးတာ။ ရှောင်းအာကလည်း အဲ့လိုပဲ ပြောလို့လေ။ အဒေါ်က ဒီမီးဖိုကြီးကို လိုချင်တာ။ ဒါက ဆောင်းတွင်းရောက်ရင် တော်တော်လေး နွေးတယ်။ သမီးနဲ့ ရှောင်းအာ ကလေးရလာရင် အိမ်မှာ ဒါမျိုး တစ်ခုလောက် ရှိထားတာက အကောင်းဆုံးပဲ။ ဒါမျိုးတစ်ခုလောက် မရှိဘဲနဲ့ ဒီမှာဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။”

ဝမ့်ရင်းသည် ခေါင်းငြိမ့်ရမလား ခေါင်းခါရမလား ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပါ။ ထိုအရာက အတော်လေးကို တွေးလွန်းနေခဲ့သည်။ သူမသည် ကလေးရပြီးမှသာ ထိုကိစ္စကို တွေးတောသင့်သည်။

“အဒေါ်တို့ အိမ်မှာလည်း မီးလင်းဖိုပါတဲ့ အခန်းရှိတယ်။ ပြီးတော့ အဲ့ဒါက ရက်ပိုင်းလောက်ဆို သုံးဖို့ အဆင်သင့် ဖြစ်သွားလိမ့်မယ်။”

မီးလင်းဖိုအကြောင်းပဲ ပြောကြတာပေါ့။

“အဲဲဒါက ကောင်းတယ်။ ဆောင်းတွင်းက တကယ်ကို အေးတာ။ ဒါနဲ့ ဒီနှစ် ကျောက်မီးသွေးတွေ ပိုမှာထားဖို့ သားငယ်ကို ပြောရဦးမယ်။”

မြို့မှာနေတဲ့သူတွေက ကျောက်မီးသွေးဝယ်ဖို့ မီးသွေး ဝယ်ယူခွင့် လက်မှတ်ရှိဖို့ လိုတယ်။ ပြီးတော့ ကျေးလက်မှာ နေတဲ့သူတွေက မီးသွေးခြံကိုသွားပြီး ကိုယ့်ဘာသာ ဝယ်လို့ရတယ်။ ပြီးတော့ အဲ့မှာ ကန့်သတ်ထားတဲ့ ပမာဏက ရှိနေသေးတာ။ အဲ့ဒါကြောင့် သူတို့က အများကြီးလည်း ဝယ်လို့မရဘူး။

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ ဝမ့်ရင်းသည် မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ကို ပြန်ရပြီးတဲ့နောက် ဆောင်းတွင်းအတွက် ပြင်ဆင်ရသည့် အရာများမှာ အတော်လေး ရှုပ်ထွေးသည်ကို သိရှိခဲ့ရသည်။ နိုဝင်ဘာလကတည်းက နှစ်လကျော် စားဖို့အတွက် အစားအသောက်များနှင့် ဟင်းချက်စရာများကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။

အမျိုးသမီးကြီး မစ္စရှုက ဝမ့်ရင်းကို တိုကိအိမ်နား ခေါ်သွားကာ ပြောခဲ့သည်။ “ဒီအိမ်က နောက်ပိုင်းမှ ဆောက်ထားတာ။ မီးဖိုချောင်လည်း ပါတယ်။ ရှောင်းအာလေးက အဒေါ့်ကို အသက်ကြီးနေပြီတဲ့။ အဲ့ဒါကြောင့် ဒီအိမ်ကို နည်းနည်းလေး အိုဟောင်းနေတဲ့ ပုံစံမျိုး ဆောက်ထားတာ။ အဲ့ဒါမှ ပိုပြီးလည်း နေလို့ကောင်းတာလေ။”

ဝမ့်ရင်သည် မီးဖိုချောင်ထဲသို့ ဝင်သွားသည့်အခါ ရှုရွှမ်းကို တွေ့ခဲ့ရသည်။

ထိုနေ့က အေးပြီး မြူဆိုင်းသော နေ့တစ်နေ့ဖြစ်ပြီး ရှုရွှမ်းက အေပရွန်ကိုဝတ်ကာ ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့သည်။

ရှုရွှမ်းရဲ့ ဒီလိုပုံစံမျိုးကို ဝမ့်ရင်းက တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သူသည် မီးဖိုရှေ့သို့ ရောက်သည့်အခါ အတော်လေးကို စိတ်သက်သာရာ ရနေခဲ့သည်။ သူ့ရဲ့ လှုပ်ရှားမှုများသည် ကျွမ်းကျင် မြန်ဆန်သော်လည်း သူ့ရဲ့ ခန္ဓာကိုယ်ကတော့ သက်တောင့်သက်သာ ရှိနေခဲ့ကာ ထိုမီးဖိုက သူ့ရဲ့ တိုက်ပွဲတစ်ခုလိုကို ရှိနေခဲ့သည်။

All Chapters