အခန်း (၂၅)
Vol. 3 Ch. 25
ဝမ့်ရင်းသည် ထိုနေရာကို ရောက်ခဲ့ပြီးနောက် သံသယအချို့ ဝင်လာခဲ့သည်။ အရင်က သူမသည် ထိုပြဿနာများကို ဖြေရှင်းရင်း ကိုယ့်ကိုကိုယ် ဂရုစိုက်နေရသည့်အတွက် ထိုကိစ္စကို သေသေချာချာ မတွေးခဲ့ဖူးသေးပါ။ ဝမ့်ရင်းသည် အခုချိန်မှာ ထိုကိစ္စကို တွေးနေရင်း အတော်လေး စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
သူမ အိမ်ရဲ့ အခြေအနေမှာ အတော်လေးကို တစ်ယောက် တစ်ပေါက် ဖြစ်နေခဲ့သည်။
သူမရဲ့ ဖခင်ဖြစ်သူမှာ တပ်မဟာထဲကို ဝင်သွားခဲ့ပြီး ပြန်မလာခဲ့သလို ဘာသတင်းမှလည်း မကြားခဲ့ရပါ။
သူမရဲ့ မိခင်ဖြစ်သူမှာ လူတစ်ယောက်ကို ရှာဖို့အတွက် အလျင်မလိုနေခဲ့သလို သူမရဲ့ မိဘအိမ်သို့လည်း ပြန်မသွားခဲ့ပါ။ ထိုအစား သူမသည် ဝမ့်ရင်းနှင့်သာ ပျော်ပျော်ရွှင်ရွှင် နေသွားခဲ့သည်။
သူမရဲ့ အမေ ရှိစဥ်အခါတုန်းက သူမဦးလေးတို့ မိသားစုသည် သူမတို့ တစ်မိသားစုလုံးကို ရှင်းထုတ်ချင်ပါက သူမအမေနှင့် သူမကို တစ်ပါတည်း နှင်ချလို့ ရနိုင်သော်လည်း ထိုအချိန်တုန်းက သူမရဲ့ ဦးလေးသည် အတော်လေးကို နှုတ်ဆိတ်နေခဲ့သည်။
မူလပိုင်ရှင်သည် သူမငယ်ငယ်တုန်းက ချောကလက် စားခဲ့ရသည်ကိုလည်း မှတ်မိနေခဲ့သည်။ မူလပိုင်ရှင်သည် ချောကလက်က ဘာမှန်း မသိခဲ့သော်လည်း ဝမ့်ရင်းက ထိုအရာကို စားဖူးပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်ကို ယှဥ်ကြည့်ပါက မူလပိုင်ရှင်သည် ငယ်စဥ်ကတည်းက ထိုကဲ့သို့ ထူးဆန်းသည့် အရာများစွာကို စားခဲ့ဖူးကြောင်း ဝမ့်ရင်းက သိနေခဲ့သည်။
ထိုစဥ်ကတည်းက ထိုကဲ့သို့သော အရာမျိုးသည် အိမ်မှာ ရှိနေခဲ့ဟန် မတူပေ။
သို့သော် ထိုအချိန်မှာပဲ သူမရဲ့အမေကို နယ်လှည့် ဆရာဝန်အဖြစ် လေးစားခဲ့ကြပြီး သူမအိမ်မှာ ကြက်ဥနှင့် အခြားပစ္စည်းများ ပြတ်လပ်တယ်ဟူ၍ မရှိခဲ့ဖူးပါ။ ထို့ကြောင့် ထိုပစ္စည်းများသည် သူမနှင့် စိမ်းမနေခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကို ပိုပြီး သေသေချာချာ တွေးလိုက်ပါက ဝမ့်ရင်းတွင် အိမ်နှင့် ထိုပစ္စည်းများအပြင် သူမအမေက ဘာပစ္စည်းမှ ချန်ခဲ့တာမျိုး မရှိဘူးလား။
နယ်လှည့် အလွတ်တမ်း ဆရာဝန်များသည် လူနာတစ်ယောက်ကို ကုသသည့်အခါ ပိုက်ဆံ အနည်းငယ်သာ ရရှိခဲ့ကြသည်။ သူမသည် အတော်လေးကို လုပ်နိုင် ကိုင်နိုင်ခဲ့သည်။ သူမရဲ့ တပ်မဟာထဲတွင်သာမက အခြားသော တပ်မဟာရှိ လူများကလည်း သူမထံ လာရောက်ခဲ့ကြသည်။
အကြောင်းမှာ အလွတ်တမ်း နယ်လှည့် ဆရာဝန်များသည် များသောအားဖြင့် အကိုက်ခဲ ပျောက်ဆေးကိုသာ ညွှန်ပေးလေ့ ရှိကြသည်။ သို့သော် ဝမ့်ရင်း၏ အမေသည် လူနာများကို ဆေးထိုးပေးခြင်း၊ ဆေးညွှန်းများပေးခြင်း၊ ဆေးများ ပြင်ပေးခြင်းနှင့် ဆေးစာများ ရေပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။
ထိုကဲ့သို့သော ဆရာဝန်များသည် ထိုနယ်ပယ်ထဲတွင်ပဲ အလုပ် လုပ်ကိုင်လေ့ရှိပြီး ထိုအလုပ်သည် အချိန်ပြည့် မဟုတ်ဘဲ နေ့တစ်ဝက်သာ ဖြစ်သည်။
သို့သော် ဝမ့်ရင်း၏ မိခင်ဖြစ်သူမှာ အတော်လေးကို လုပ်နိုင်ကိုင်နိုင်စွမ်း ရှိပြီး သူမထံ လာရောက်ကြသူတိုင်းကိုလည်း ကူညီပေးလေ့ ရှိသည်။ တပ်မဟာသည် သူမအား လုပ်ခရမှတ်ကို အပြည့်ပေးခဲ့သည်။ ထို့ကြောင့် သူမက အလုပ်လုပ်ရန် မလိုအပ်ခဲ့ပါ။ သူမသည် ဆောင်းတွင်း ကောက်ရိတ်သိမ်းရာသီဖြစ်သော တပ်မဟာက အလွန် အလုပ်များသည့် အချိန်မျိုးမှသာ စပါးခင်းများကို သိလှောင် သိမ်းဆည်းဖို့ ကူညီပေးရလေ့ ရှိသည်။
ဒါဟာ ဝမ့်ရင်းရဲ့အမေက ရိက္ခာများ သွားပို့သည့် အချိန်မှာ မတော်တဆ ဖြစ်ခဲ့ရလဲဆိုသည့် အကြောင်းပင် ဖြစ်သည်။
ထိုအရာကို ကြည့်လိုက်ရုံဖြင့် မူလပိုင်ရှင်၏ အမေသည် ဒီနှစ်တွေအတွင်း အိမ်မှာ ပိုက်ဆံ မရှိဘူးလားဟု တွေးနေခဲ့သည်။
ဝမ့်ရင်းသည် အဖြေရှာမရဘဲ သူမဦးလေး မိသားစုက ထိုပိုက်ဆံ အားလုံးကို ယူသွားခဲ့သည်ဟု သံသယ ဝင်နေခဲ့သည်။
သို့သော် နောက်ဆုံးတစ်ခေါက် ပြဿနာတက်တုန်းက သူမဦးလေးရဲ့အိမ်ကို သေချာ ရှာခဲ့သော်လည်း သူမကို ၁၂ ယွမ်သာ ပေးခဲ့သည်။
သူမရဲ့ဦးလေးက ဉာဏ်ကောင်းပြီး သူ့အတွက်သူ ပိုကိဆံကို ဖွက်ထားလား ဒါမှမဟုတ် သူတို့ မိသားစုရဲ့ ပိုက်ဆံတွေကို တစ်ယောက်ယောက်ကများ ယူသွားခဲ့တာလား။
ဝမ့်ရင်းက ရှုရွှမ်းအား သေသေချာချာ ပြောခဲ့သည်။ “ရှင် ဝမ့်ယုံရွှင်းကို လှည့်ဖျားသင့်တာ။ လီချွမ်းကျင်ဆီမှာတော့ သွားရှာမနေနဲ့”
ဝမ့်ရင်းသည် သူမရဲ့ ဦးလေးမှာ စည်းစိမ်တွေ ရှိနေသေးတယ်ဟု ခံစားနေခဲ့ရသည်။
ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ကောင်းပြီလေ။”
ဘေးနားရှိ လူများသည် အချိန်အတော်ကြာ ရှုရွှမ်းနှင့် ဝမ့်ရင်းတို့ စကားပြောနေတာကို ကြည့်နေခဲ့ကြပြီး ရှူရွှမ်းက ခေါင်းငြိမ့်ပြတာကို တွေ့ခဲ့ရသည်။
“ဟေးဟေးဟေး စန်းယာက သဘောတူမယ်လို့ နင်တို့ရော ထင်လား။”
“ဒါက လုံးဝကို မဖြစ်နိုင်ဘူး။ သူမက အထက်တန်းကျောင်းကနေ ဘွဲ့ရပြီးသား။ ပြီးတော့ သူမက အာဇာနည်တစ်ယောက်ရဲ့ သမီးပဲလေ။ သူမက တပ်မဟာထဲမှာ ဆရာမတစ်ယောက်အဖြစ် အလုပ် လုပ်ကောင်း လုပ်နိုင်တယ်။ အဲ့ဒါကို သူမက ဘာလို့ ဒီလို အမဲစက်ရှိနေတဲ့ မိသားစုထဲကလူနဲ့ လက်ထပ်မှာလဲ။”
“ဒါပေမယ့် ငါကတော့ သူတို့နှစ်ယောက်က လိုက်တယ်လို့ ထင်တာပဲ။ ကောင်လေးရဲ့ မိသားစုက သိပ်ပြီးလည်း မဆိုးလှပါဘူး။ ပြီးတော့ သူက ကြည့်ကောင်းတယ်လေ။”
“ သူတို့တွေ ထွက်လာနေပြီ။”
သူတို့နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့ပြီး ရှုရွှမ်းက သူ့အား မျှော်လင့်တကြီး ကြည့်နေသော သူ့အမေကို ခေါင်းခါပြခဲ့သည်။
ရုတ်တရက်ဆိုသလိုပဲ မစ္စရှုက စိတ်ပျက်သွားခဲ့သည်။ သူမကို အဝေးက လှမ်းကြည့်ရင်တောင် အတော်လေး အသက်ကြီးသွားဟန် ရှိနေခဲ့သည်။
သို့သော် မစ္စရှုသည် ဝမ့်ရင်းကို စူးစူးစိုက်စိုက် ကြည့်မနေဘဲ မနာလိုသော အကြည့်မျိုးဖြင့်သာ ကြည့်နေခဲ့သည်။
ဝမ့်ရင်းသည် ဒီရက်ပိုင်း အပြင်တောင်မထွက်ဘဲ သူမကိုယ်သူမ သေချာ ဂရုစိုက်နေခဲ့သည်။ သူမသည် အများကြီး မစားခဲ့သော်လည်း လုံလောက်အောင်တော့ စားခဲ့သည်။ သူမ၏ အသားမှာ ပိုဖြူလာပြီး သူမဆံပင်မှာလည်း နက်မှောင်ကာ ပိုထူလာခဲ့သည်။ သူမသည် ပိုပြီးတော့ကို လှလာခဲ့သည်။
အမျိုးသမီးကြီး မစ္စရှုသည် အတော်လေးကို နောင်တရနေခဲ့သည်။
'ဒီကောင်မလေးက ဝမ့်လင်းလင်းထက်တောင် ကြည့်လို့ကောင်းတာကို သူမ ဘာလို့ အဲ့အချိန်တုန်းက ဝမ့်လင်းလင်းကိုမှ ရွေးချယ်မိခဲ့ရတာလဲ။'
'အခုတော့ သူမတို့က အခြားသူတွေလို အခြေအနေမှာ မဟုတ်တော့ဘူး။ '
'ဒီကောင်မလေးက ကြည့်ကောင်းပြီး အထက်တန်းသူ တစ်ယောက်ပဲ ရှိသေးတယ်။ နောက်ပိုင်း သူမ လက်ထပ်ပြီးရင် ကောင်းကောင်းနေရမှာ သေချာတယ်။ '
'ဒါက ငါထင်ထားသလိုပါပဲလေ။ '
ဝမ့်ရင်းက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး ဆိုတာကို အမျိုးသမီးကြီး မစ္စရှု၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် လူတိုင်း သိခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ရှုရွှမ်းရဲ့ စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ဘူးလို့ ဘေးမှာရှိတဲ့လူတိုင်း တွေးမိကြမှာ သေချာသည်။
'သူက ဘေးပတ်ဝန်းကျင်မှာ အရမ်း လူကြိုက်များခဲ့တာလေ။ ပြီးတော့ တပ်မဟာထဲက မိန်းကလေးငယ်တွေ အကုန်လုံးကလည်း သူနဲ့ လက်ထပ်ဖို့ အရမ်းတွေ ဖြစ်နေကြတာလေ။ '
'ဒါပေမယ့် အခုချိန်မှာ သူမတို့မိသားစုက ဒီလိုတွေ ဖြစ်နေတာလေ။ သူနဲ့ ဒီ မကောင်းဘူးလို့ ခေါင်းစဥ် တပ်ခံထားရတဲ့ လူတွေကြားက ကွာခြားချက်က ဘာလဲ။'
'သူက ဘယ်လိုလုပ် အထက်တန်း ကျောင်းသူ တစ်ယောက်ကို လက်ထပ်ရဲရတာလဲ။ '
'သူ့ကို တစ်ယောက်ယောက်က တွန်းအား ပေးခဲ့တာလား။'
'ဒီလူအုပ်ထဲမှာ လူငယ်တွေမှ အများကြီးပဲ။ သူတို့ဆို ချက်ချင်း စိတ်လှုပ်ရှားသွားကြတာ။ အရင်တုန်းက ရှုရွှမ်းရဲ့ အခြေအနေတွေက ကောင်းတယ်လေ။ ပြီးတော့ သူတို့ရဲ့ တပ်မဟာထဲက လူငယ်တိုင်းကို သူကပဲ အားကျအောင် လုပ်နိုင်ခဲ့တာ။ ပညာတတ်တဲ့ လူငယ်တွေကတောင် သူ့လောက် အဖြစ်မရှိကြဘူး။ '
'အခုဆို ဖီးနစ်ငှက်က သူ့အတောင်တွေ ပျက်စီးသွားတာတောင် ပျံသန်းချင်နေတုန်းပဲ။ '
'စာကလေးတောင် မဖြစ်နိုင်တော့တာကိုဟယ်။ '
“ဝမ့်ရင်းက အထက်တန်း ကျောင်းသူတစ်ယောက် ဖြစ်သလို အာဇာနည်တစ်ယောက်ရဲ့ သမီးလေ။ အချိန်ကျလာရင် တပ်မဟာက သေချာပေါက် သူမကို လာခေါ်မှာပဲ။ သူမ ဘာတွေပဲလုပ်လုပ် အချိန်တန် အလုပ်အကိုင် အတည်တကျ ဖြစ်သွားလိမ့်မယ်။”
“အဲဲဒါက အမှန်ပဲ။ ပြီးတော့ သူမရဲ့ အိမ်မှာရော၊ မိသားစုထဲမှာပါ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသော သူပဲလေ။”
“ဟေ့။ ဝမ့်ရင်းက တော်တော်လေးကို အခြေအနေ ကောင်းတယ်နော်။”
“ဟုတ်ပါ့။ သူမက ဒီမိသားစုထဲမှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသော သူပဲလေ။ သူမရဲ့ စည်းစိမ်တွေကို သူ့ယောက်ျားရဲ့ မိသားစုဆီ ယူသွားလို့ ရတာပဲမလား။”
“အဲဲဒါတော့ အမှန်ပဲဟေ့။”
အစတုန်းက သူတို့သည် ရှုရွှမ်းရဲ့ မကောင်းကြောင်းကို ပြောဖို့အတွက် စုဝေးနေကြရာမှာ ဘာကြောင့်မှန်းမသိ ဝမ့်ရင်းရဲ့ အကြောင်းကို ပြောခဲ့ကြသည်။
သူတို့ရဲ့ ရှုထောင့်တွင် ဝမ့်ရင်းသည် အိမ်၊ မြေ၊ စားစရာ၊ ပရိဘောဂနှင့် ကြက်တွေရှိပြီး ပိုက်ဆံလည်း ရှာနိုင်သည်။ သူမတွင် ယောက္ခမလည်း မရှိသလို ခန်းဝင် ပစ္စည်းအတွက်လည်း ဘာတစ်ခုမှ မမေးခဲ့ပါ။
'သွားပါပြီကွယ်။ တော်လိုက်တဲ့ ကောင်မလေးပါလား။ သူမ ဘာလို့ အရင်က သူ့ကို သတိမထားမိခဲ့ရတာပါလိမ့်။ '
'ပိုပြီး အနီးကပ် ကြည့်လိုက်ရင် ဝမ့်ရင်းကလည်း လှတာပဲ။ '
'သူမမှာ ဘဲဥပုံ မျက်နှာကျလေးနဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေ ရှိတာပဲ။ သူက ဖာထေးထားတဲ့ အဝတ်တွေပဲ ဝတ်တယ်ဆိုပေမယ့် သူမမြင်ဖူးသမျှ တပ်ထဲက မိသားစုက သူတွေနဲ့ ယှဥ်ရင် တော်တော်လေးကို လှတာပဲ။ ပြီးတော့ သူမက မြို့မှာ အလုပ်လုပ်နေတဲ့ မိန်းမငယ်လေးတွေထက်တောင် လှသေးတယ်။ '
ချက်ချင်းဆိုသလို များစွာသော လူငယ်များသည် စိတ်ဝင်စားသွားကြပြီး အိမ်ကိုပြန်ကာ ဒါကို သွားကြည့်ဖို့ သူတို့အမေကို ပြောပြရန် ပြင်ဆင်နေခဲ့ကြသည်။
အချို့သော ဉာဏ်နီဉာဏ်နက်များသည့် သူများသည် အရင်ဆုံး သူတိူ့ရဲ့မိသားစုဝင်များကို မဖိတ်ကြားဘဲ သူတို့ရဲ့ ယဥ်ကျေးမှုကို အရင်ဆုံး ပြဖို့သာ တွေးနေခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူမသည် သူမဦးလေးရဲ့ မိသားစုရဲ့ မျက်စိအောက်က လွတ်ထွက်သွားပြီ ဖြစ်သည့်အတွက် သူတို့သည် ဝမ့်ယုံရွှင်းတို့ လင်မယားကို ကျော်ပြီးမှသာ သူတို့ရဲ့ ပိုက်ဆံကို စုဆောင်းလို့ ရနိုင်မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းက သူ့ရဲ့ရင်ထဲတွင် တရွရွ ဖြစ်နေခဲ့သည်။ ရှုရွှမ်းသည် စကားပြောရန် ဝမ့်ရင်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။ အားလုံးထဲတွင် သူသည် အကြောက်ဆုံး ဖြစ်နေခဲ့သည်။
သူသည် အမြဲတမ်းလိုလို ဝမ့်ရင်းကို လက်ထပ်ပေးချင်ခဲ့သော်လည်း ဒီလူနှစ်ယောက်ကို ဝမ့်ယုံရွှင်းက အတူမြင်လိုက်ရသည့်အခါ ဘာကြောင့် ဒီလိုမျိုး မူမှန်သည့် ခံစားချက်မျိုး ခံစားနေရလဲ ဆိုတာကိုတော့ သူကိုယ်တိုင်လည်း မသိခဲ့ပါ။
လီချွမ်းကျင်၏ မျက်လုံးများမှာ အရောင်တောက်လာခဲ့သည်။ 'ဝမ့်ရင်းက ရှုရွှမ်းကို လက်ထပ်တော့မယ်။ ရှုရွှမ်းက မကောင်းတဲ့ လူတစ်ယောက်ပဲလေ။ တကယ်လို့ သူမသာ သူ့ကို လက်ထပ်လိုက်ရင် ခံစားရတော့မှာ။'
'သူမ အရင် လက်ဦးမှုယူပြီး တင်တောင်းမယ့် လက်ဆောင်တွေအတွက် မေးလို့ ရလောက်တယ်။'
ဝမ့်လင်းလင်းရဲ့ လက်ထပ်ပွဲမှ ပိုက်ဆံများ မရလိုက်ပါ။ အကြောင်းမှာ ထိုနေ့တုန်းက အတော်လေးကို တုန်လှုပ်သွားခဲ့ရသည်။ လီချွမ်းကျင်သည် ဝမ့်လင်းလင်း ပစ္စည်းများ ထုပ်ပိုးနေတာကို တားဖို့တောင် မေ့နေခဲ့ပြီး ထိုကိစ္စ ပြီးသွားသည့်နောက်မှာ သူမသည် အတော်လေး နောင်တရသွားခဲ့ရသည်။
ဝမ့်လင်းလင်းက သူ့ရဲ့အင်္ကျီတွေ၊ သူမ သူ့အတွက် ယူလာတဲ့ ပစ္စည်းအသေးလေးတွေရောနဲ့ သူ့အခန်းထဲက ရေနွေးအိုးတွေရော အကုန်လုံးကို ယူသွားခဲ့တာပဲ။
လီချွမ်းကျင်တွင် အတော်လေး ဆန့်ကျင်ဘက်ဖြစ်သည့် အတွေးတစ်ခုလည်း ရှိနေခဲ့သည်။ သူမသည် ဝမ့်လင်းလင်းကို ချစ်သော်လည်း သူမက လက်ထပ်လိုက်တာနှင့် သူမကို အခြား မိသားစုက ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ တကယ်လို့ သမီးတစ်ယောက်က ပစ္စည်းတွေယူဖို့ မိဘအိမ် ပြန်လာခဲ့ရင် သူမက သမီးကောင်း တစ်ယောက် ဖြစ်သည်။ သို့သော် သမီးတစ်ယောက်က လက်ထပ်ပြီး အဝတ်တွေယူဖို့ သပ်သပ်သာ မိဘအိမ် ပြန်လာခဲ့ပါက သူမသည် သမီးမိုက်တစ်ယောက်သာ ဖြစ်သည်။
ထိုအချိန်တွင် လီချွမ်းကျင်သည် သူမရဲ့ ဒုတိယသမီး ဝမ့်လင်းလင်းသည် ပိုက်ဆံဖြုန်းသော မသိတတ်သည့် သမီးတစ်ယောက်ဟု ခံစားခဲ့ရသည်။
လီချွမ်းကျင်သည် ဝမ့်လင်းလင်းဆီက မရလိုက်သော တင်တောင်းပစ္စည်းများကို ဝမ့်ရင်းဆီက ရနိုင်မည်ဟု ခံစားခဲ့ရသည်။
ရှုရွှမ်းက စားဖိုမှူး တစ်ယောက်ဆိုတော့ သူက ချမ်းသာလိမ့်မယ်။ အဲ့တော့ သူမက ရှုရွှမ်းကို နောက်ထပ် တစ်ရာပေးဖို့ကို ပြောရလိမ့်မယ်။
အမျိုးသမီးကြီး မစ္စစုသည် လှည့်ကြည့်လိုက်ပြီး သူမက ပြဿနာ ရှာမှာလား မရှာဘူးလားဆိုတာကတော့ သိပ်ပြီး မသေချာခဲ့ပါ။ သူမရဲ့စိတ်အရ ဇနီးတစ်ယောက် ရှာဖို့မှာ ခက်ခဲသည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ဝမ့်မိသားစုထဲက တစ်ယောက်ယောက်ကိုတော့ ဘယ်သူမှ မရှာနိုင်ခဲ့ပါ။
'အဆိုးဆုံးက သူမကို လက်ထပ်ဖို့ နင် ပိုက်ဆံတွေ အများကြီး သုံးနိုင်မှ ရမှာ။ ပြီးတော့ နင်က နောက်ခံကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်လို့ရတယ်။'
'တကယ်လို့ သူမက ဝမ့်မိသားစုဆီကနေ ပိုက်ဆံ ပြန်မရဘူးဆိုရင်တောင် သူမရဲ့ ဒေါသတွေကို တစ်နှစ်လောက် ထပ်ပြီး ထိန်းထားရဦးမယ်။'
ရွှမ်းကောင်လေး ထွက်လာတာနှင့် သူ့က ခေါင်းခါပြတာကို မြင်လိုက်ရသည်။ အမျိုးသမီးကြီး မစ္စစုသည် ချက်ချင်းဆိုသလိုပဲ ယုံကြည်ချက်တွေ ရှိလာခဲ့သည်။
“ပိုက်ဆံတွေ ပြန်ပေးစမ်း။”
ဝမ်းရင်းက ပြန်ထွက်လာခဲ့ပြီး ပုခုံးတွန့်ကာ ဝမ့်ယုံရွှင်းအား မေးလိုက်သည်။ “ဦးလေးက ဘာလို့ သမီးကို ကြည့်နေရတာလဲ။ ပြန်ပေးဖို့လား။ ကျွန်မကို ဦးလေး သမီးရဲ့ နေရာမှာ အသုံးချမယ်ဆိုရန် သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူးနော်။”
ဝမ့်ရင်း၏ စကားများအရ သူမ လက်မထပ်ချင်သေးဘူး ဆိုတာကို အတည်ပြုပေးခဲ့ပြီ ဖြစ်သည်။
လီချွမ်းကျင်က အတော်လေး ဒေါသထွက်သွားကာ စပြီး ဆဲဆိုခဲ့တော့သည်။ “နင်က အကျင့်မကောင်းဘဲ ယုတ်မာတဲ့ ကောင်မ။ အတွင်းယုတ်မ။”
ဝမ့်ယုံရွှင်းက ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက်ဆိုသလို စိတ်သက်သာရာ ရသွားခဲ့သည်။
ဝမ့်ယုံရွှင်းသည် သူတို့နှစ်ယောက် အတူရပ်နေတာကို မြင်လိုက်ရသည့်အခါ စိတ်ရှုပ်သွားခဲ့သည်။
သူသည် စိတ်သက်သာရာရပြီး သက်ပြင်း မချခင်မှာပဲ ရှုရွှမ်းက သူ့ကို အနားသိူ့ ဆွဲခေါ်ကာ တီးတိုး ပြောခဲ့သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ကျွန်တော် မြို့က တော်လှန်ရေး ကောင်စီအဖွဲ့ရဲ့ ဂိတ်တံခါးနားမှာ ဝမ့်လင်းလင်းကို တွေ့လိုက်တယ်။”
ဝမ့်ယုံရွှင်း၏ စိတ်မှာ တုန်လှုပ်သွားခဲ့သည်။
ရှုရွှမ်း - “သူမ အဲ့ကိုသွားပြီး နှစ်ရက်လောက်နေတော့ ကျွန်တော့်ရဲ့ အစ်ကိုဆီမှာ ဒီလိုကိစ္စမျိုး ဖြစ်လာရတာပဲ။”
ဝမ့်ယုံရွှင်းက မသိချင်ယောင်ဆောင်ကာ ပြန်ပြောခဲ့သည်။ “မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ။ မင်းအစ်ကိုက နိုင်ငံခြားက စာအုပ်တွေကို လူမသိသူမသိ ဖွက်ထားတာ ဝမ့်လင်းလင်းက ဘယ်လိုလုပ် သိနိုင်မှာလဲကွာ။”
ရှုရွှမ်း - “တစ်ခါတစ်လေ သူ ကျွန်တော်တို့အိမ်ကို လာတယ်လေ။”
ဝမ့်ယုံရွှင်း - “အဲ့အကြောင်း သတင်းပေးခဲ့တဲ့သူက လင်းလင်းပါလို့ မင်း ပြောလို့ မရဘူးလေ။”
ရှုရွှမ်းရဲ့ မျက်လုံးများမှာ ဓားတစ်ချောင်းလို ထက်ရှနေခဲ့သည်။ “ကောင်းပြီလေ။ ဒါဆို ကျွန်တော် ဒီကိစ္စကို အခုချက်ချင်း အဒေါ့်ကို သွားပြောလိုက်မယ်။”
အမျိုးသမီးကြီးစုသည် ကိစ္စတစ်ခုကို အလွယ်လေး အပြီးသတ်သည့်သူမျိုး မဟုတ်ပါ။ သူမသည် အစကတည်းက သူမတူ အငယ်လေးနှင့် စေ့စပ်ထားသည့် မိန်းကလေးကို သဘောမကျနေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူမသည် ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းအကြောင်းကို သိနှင့်ပြီးသားသူ ဖြစ်သည်။ တကယ်လို့ သူမကသာ တူအငယ်လေးနှင့် စေ့စပ်ထားသည့်သူကြောင့် သူမရဲ့ တူအကြီးမှာ ဒီလိုကိစ္စမျိုး ဖြစ်ရတာကို သိသွားခဲ့ပါက သူမသည် ကောင်စီမြို့သို့ ထိုသတင်းများ ပျံ့သွားသည့်တိုင် ဝမ့်မိသားစု၏ အိမ်တံခါးတွင် ထိုင်ကာ သုံးရက် သုံးညလောက် ကျိန်ဆဲနေလိမ့်မည် ဖြစ်သည်။
ဝမ့်ယုံရွှင်းသည် တောင်ရဲ့ အစွန်အဖျားသို့ ရောက်နေသည့်အလား ဘာမှ ဆုံးရှုံးစရာ မရှိတော့သလိုကို ခံစားနေခဲ့ရသည်။
“မင်း ဘယ်လောက်လိုချင်လဲ။”
သူတို့ ရှုရွှမ်းကို ဒီလိုလုပ်ခွင့် မပေးနိုင်ဘူး။
အခုဆိုရင် သူတို့ရဲ့ မိသားစုသည် မျက်နှာ ပျက်ရပြီ ဖြစ်သော်လည်း ထိုကိစ္စသည် အဖွဲ့ထဲက အခြား သူများနှင့်လည်း ဘာမှ မဆိုင်နေခဲ့ပါ။ ထို့ကြောင့် လူတိုင်းက ထိုကိစ္စကို အပျော်အနေနဲ့သာ ကြည့်နေခဲ့ကြသည်။ သူတို့သည် ပုံမှန်အတိုင်းပဲ ရှိနေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဒီလိုသတင်းပေးမှုမျိုးကို ပြုလုပ်ခဲ့ပါက သူတို့မိသားစုသည် တကယ်ကို နာမည်ဆိုးဖြင့် ကျော်ကြားသွားလိမ့်မည် ဖြစ်သည်။