← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

ထိုဆူညံသံများကို ကြားပြီး ထွက်လာသော ဝမ့်ယုံရွှင်းအား ဝမ့်ရင်းက ပြောခဲ့သည်။ “ဦးလေး၊ ကျွန်မ တကယ်ကို ဦးလေးတို့ မိသားစုနဲ့ ဘာစကားမှ မများချင်ဘူး။ ကြီးတဲ့သူတွေက ပြဿနာရှာလိုက်။ အခုလည်း ငယ်တဲ့သူက ပြဿနာ လာရှာလိုက်နဲ့။ ဦးလေးတို့ ဘာတွေ ဖြစ်နေကြတာလဲ။ ကျွန်မရဲ့ ဝမ်းကွဲမောင်လေးက ကျွန်မအိမ်တံခါးကို မြင်ချင်လို့ လာခဲ့တာလား။ ကျွန်မ ရှင်းရှင်းပဲ ပြောမယ်။ ကျွန်မ မိသားစုအပေါ်မှာ ဦးလေးတို့က အကြွေး ရှိလား၊ မရှိဘူးလား ဆိုတာကို ဦးလေး သိမှာပါ။ အခု ကိစ္စကြောင့်နဲ့ ကျွန်မက ဘာပြဿနာမှ ရှာမှာ မဟုတ်ဘူး။ ဦးလေးတို့ ဘုရားနဲ့ ဘိုးဘေးတွေကို ကျေးဇူးတင်သင့်တယ်။ နောက်တစ်ခါကျရင်တော့ မောင်လေး ငါ့အရှေ့လာပြီး ဒေါသလာထွက်ပြလို့ နင့်ကို မျက်နှာသာ မပေးဘူးဆိုရင် ငါ့ကိုလာပြီး အပြစ်မတင်နဲ့တော့။”

ဝမ့်ရင်းက ရှုရွှမ်းကို အိမ်ထဲ ဆွဲခေါ်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။

ဝမ့်ယုံရွှင်းရဲ့ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ဝမ့်ယောင်ကျုံးက သူ့အဖေ ငိုနေတာကို ကြည့်ရင်း သူကပါ မျက်နှာကို လက်ဖြင့် အုပ်ပြီး ငိုနေခဲ့သည်။

“အဖေ၊ ဒါတွေအားလုံးက ဝမ့်ရင်းရဲ့ အမှားတွေပဲ။ သူ ရောက်လာတုန်းက ကျွန်တော်က တံခါးနားမှာ ရပ်နေတာ။ အဲ့ဒါကို သူက ကျွန်တော့လက်ကို ဆွဲဖို့ ရှုရွှမ်းကို ပြောခဲ့တာ။ ကြည့်ပါဦး။ ကျွန်တော့်လက်က ဖြူဖျော့နေပြီ။”

ဝမ့်ယုံရွှင်းက သူ့သားကို တစ်ခုခု ပြောချင်ခဲ့သော်လည်း သူ့ဘာသာ မျိုသိပ်ထားခဲ့သည်။ “ ဆေးလူးပေးဖို့ မင်းအမေကို သွားပြောလိုက်။”

ဝမ့်ယောင်ကျုံးက ခေါင်းငြိမ့်ပြခဲ့ပြီး နောက်ဆုံးမှာတော့ ဝမ့်ယုံရွှင်းက သူ့အား ပြောခဲ့သည်။ “နောက်ပိုင်း ဝမ့်ရင်းနဲ့ သွားပြီး မပတ်သက်ဖို့ မင်းကို ပြောထားတယ်လေ။”

ဝမ့်ယောင်ကျုံးသည် ထိုကိစ္စက ကံမကောင်းဘူးဟု ဆိုကာ စိတ်ထဲကနေ တွေးနေခဲ့သည်။ အခုချိန်မှာ ဒီကောင်မလေးက ဒီလောက်ထိ ခက်ထန်နေလိမ့်မယ်ဟု ဘယ်သူကများ တွေးမိပါ့မလဲ။ သူမတွင် လက်တွဲဖော်တစ်ယောက် ရသွားပြီးကတည်းက အခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။

ဝမ့်ယောင်ကျုံးက ဒီပြဿနာကို လီချွမ်းကျင်အား

ဝမ့်ယုံရွှင်းသည် ဝမ့်ယောင်ကျုံးရဲ့ ဒီပြဿနာကို လီချွမ်းကျင်အား လက်လွှဲပေးလိုက်ချိန်မှာ သူ့ရဲ့ စိတ်တွေ လေးလံနေခဲ့သည်။

'ဝမ့်ရင်းက ဘာကို ဆိုလိုတာလဲ။ သူ ပြောတဲ့ ဒီကိစ္စက အခုထိ မဖြေရှင်းရသေးဆိုတာ ဘာကို ပြောချင်တာလဲ။ ငါတို့ မိသားစုက သူမအမေ ချန်ထားတဲ့ ပိုက်ဆံတွေ ယူသွားတာကို သိသွားတာလား။'

ဝမ့်ယုံရွှင်းသည် အမှားပေါင်းများစွာနှင့် ကျဥ်းထဲကျပ်ထဲ ရောက်နေခဲ့သည်။

တကယ်လို့ ဝမ့်ရင်းသာ သိသွားခဲ့ရင်…….

'မဖြစ်နိုင်တာပဲ။ သူမရဲ့ အရင်က ပုံစံကို ကြည့်လိုက်ရင် တကယ်လို့ သူမက ဒါကို သက်သေပြနိုင်ရင်တောင် သူမက ဆုံးဖြတ်ချက် ချဖို့ အခြားသူတစ်ယောက်ကို သွားမေးမှာ သေချာတယ်။'

ထို့အပြင် အဲ့အချိန်တုန်းက ဆေးရုံမှာ ဘယ်သူမှ ရှိမနေသည့်အတွက် ရင်ချန်းရဲ့ နောက်ဆုံး စကားများကို ဘယ်သူကမှ မကြားခဲ့ရပါ။

ဝမ့်ယုံရွှင်းက အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ 'ဘာသက်သေမှ မရှိသည့်အတွက် ဝမ့်ရင်းက ထိုကိစ္စကို သိနေရင်တောင် ဘာများ လုပ်နိုင်မှာလဲ။ ပိုက်ဆံပေါ်မှာလည်း ဘာအမှတ်အသားမှ မလုပ်ထားသည့်အတွက် ဒီပိုက်ဆံတွေက ဝမ့်ရင်းရဲ့အမေ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေပါလို့ ဘယ်သူကများ ပြောနိုင်ပါ့မလဲ။'

ဝမ့်ယုံရွှင်းက သူ့သားအား သေချာသည့် အလုပ်တစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး ရှာပေးကာ မြို့ကိုပို့ပြီး လက်ထပ်ပေးနိုင်ဖို့အတွက် တွေးနေခဲ့သည်။ ထို့နောက် သူသည် လီချွမ်းကျင်ကိုပါ သူတို့နှင့်အတူ ခေါ်သွားမည် ဖြစ်သည်။ သူတို့ ဝေးအောင် နေနေရင်တောင် ဝမ့်ရင်းက သူတို့ကို ဘာလုပ်ဦးမလဲ ဆိုတာကို ပြောဖို့က ခက်ခဲသည်။

အခုဆိုရင် သူတို့မိသားစုနှစ်စုကို နံရံကြီးတစ်ခုဖြင့် ခြားထားလိုက်ပြီး ထိုအရာကပဲ သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းကို အိမ်ထဲ ဆွဲခေါ်သွားပြီး ခနလောက် နားထောင်နေခဲ့သည်။ သို့သော် သူမသည် လီချွမ်းကျင်၏ ဆဲဆိုသံများမှလွဲလို့ အရေးကြီးသည့် ဘာသတင်း အချက်အလက်ကိုမှ မကြားခဲ့ရပါ။

ဝမ့်ရင်းက သူမရဲ့နားကို နံရံနားတွင် ကပ်ထားသည်ကို ရှုရွှမ်းက မြင်လိုက်ပြီး သူမက အတော်လေးကို တက်တက်ကြွကြွရှိပြီ အရင်တုန်းက ပျင်းရိပျင်းတွဲ ပုံစံမျိုးဖြင့် လုံးဝ ကွဲထွက်သွားသည်ဟု ခံစားခဲ့ရသည်။

“သွားမထိလိုက်နဲ့။ အဲ့နံရံက ဆောက်ထားတာ မကြာသေးတော့ ညစ်ပတ်ပေကျံနေတာ။”

ရှုရွှမ်းက အဲ့လူကို ဆွဲလိုက်သည့်အခါ ဝမ့်ရင်းက အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့သည်။ “ငါ့ဦးလေးက တကယ်ကို နှုတ်လုံတာပဲ။”

ရှုရွှမ်းသည် ဝမ့်ယုံရွှင်းဆီက ယွမ်တစ်ရာကို ရလိုက်ကတည်းက မူလပိုင်ရှင်၏ အမေသည် ပိုက်ဆံတွေ အများကြီး ထားခဲ့လိမ့်မည်ဟု ဝမ့်ရင်း တွေးမိခဲ့သည်။ အဲ့လိုမှ မဟုတ်ပါက သာမန် အရည်အချင်းသာရှိတဲ့ သူမ ဦးလေးတို့ လင်မယားက တစ်ခါတည်းနဲ့ ယွမ်တစ်ရာကို ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ။

ဒါဟာ မူလပိုင်ရှင် စုထားတဲ့ ပိုက်ဆံများသာ ဖြစ်လိမ့်မည်။

ထိုအချိန်မှာတုန်းက ဝမ့်ရင်းရဲ့ လက်ထဲတွင် ယွမ်များစွာ ရှိနေလိမ့်မည်။ ရှုရွှမ်းက သူမအား ယွမ်တစ်ရာကို ပေးခဲ့သော်လည်း သူမက ထိုပိုက်ဆံကို သုံးဖို့ရန် စိတ်မလုံမလဲ ဖြစ်နေခဲ့သည်။

ပြီးတော့ ဒီမင်္ဂလာပွဲမှာ ရှုရွှမ်းထက် သူမက ပိုပြီး အကျိုးရှိသည်။ သူမ နောက်ခံ အနေအထားနဲ့ ရှုရွှမ်းတို့ မိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ ရတဲ့ပုံပဲ။ ဒါပေမယ့် လက်ထပ်တာကလွဲပြီး တစ်ခြား ဘာကိုမှ ပေးဖို့ လိုတဲ့ပုံလည်း မပေါ်ပါဘူး။

ရှုရွှမ်းက နံရံကို သူမအတွက် ဆောက်ပေးခဲ့ပြီး မင်္ဂလာပွဲအတွက် လိုအပ်သမျှ အရာအားလုံးကို ဂရုစိုက်ပေးနေခဲ့သည်။ သူ့အတွက် သူမတစ်ယောက်သာ လိုအပ်နေပုံရသည်။

'သူမတို့တွေ မူလပိုင်ရှင် ထားခဲ့သမျှ အရာရာတိုင်းကို ပြန်ယူကို ယူရမယ်။'

သို့သော် ထိုကိစ္စက ဖြစ်ပျက်ခဲ့တာ ကြာလှပြီ ဖြစ်သည့်အတွ့က် ဝမ့်ရင်းက ဘာအစအနမှ ရှာမရခဲ့ပါ။

ရှုရွှမ်းက ခနတာလောက် တွေးပြီးနောက် ပြောခဲ့သည်။ “ဖြေရှင်းချက် တစ်ခုလောက်ကို ဆေးရုံမှာ သွားရှာကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ။”

ဝမ့်ရင်းရဲ့အမေသည် ဆေးရုံမှာ ဒဏ်ရာရတဲ့ လူတွေ အများကြီး ရှိနေသည့်အတွက် ထိုဆေးရုံကို သွားဖို့အတွက် အလျင်လိုနေခဲ့ပြီး တပ်မဟာမှူးကလည်း အတော်လေးကို အလုပ်ရှုပ်နေခဲ့သည်။ ဝမ့်ယုံရွှင်းတို့ လင်မယားကသာ ဝမ့်ရင်းရဲ့ အမေကို ကြည့်ရှုပေးနေကြသည်။ ထိုအချိန်တုန်းက ဝမ့်ရင်းသည် ကျောင်းမှာပဲ ရှိနေသည့်အတွက် အတော်လေး နောက်ကျကာ နောက်တစ်နေ့မှသာ အလောတကြီးဖြင့် ရောက်လာခဲ့သည်။

ဝမ့်ယုံရွှင်း၏ စရိုက်ကို လေ့လာကြည့်ပါက လီချွမ်းကျင်ကို သူ့ရဲ့ အဝေးသို့ ပို့လိုက်သည်မှာ ပုံမှန်သာ ဖြစ်သည်။

သေချာ ပြန်ပြီး စဥ်းစားကြည့်ရင် လမ်းစရှာလို့ရမယ့် တစ်ခုတည်းသော နေရာက ဆေးရုံမှာပဲ။

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ “ဒီတစ်နည်းပဲ ရှိတာလေ။”

'ဒီလိုကိစ္စမျိုးက သက်သေမရှိဘဲနဲ့ စုံစမ်းဖို့ဆိုတာ မလွယ်ဘူး။ အဲ့ဒါကြောင့် သူမတို့တွေ အဆင်ပြေမယ့် အချိန်ကို စောင့်ရမယ်။ '

ကံကောင်းစွာဖြင့် ဝမ့်ရင်းက ဆေးရုံနှင့် အဆက်သွယ် ရှိတယ်ဆိုတာကို သက်သေပြဖို့အတွက် ကောင်စီမြို့သို့ သွားခဲ့သည်။ ထို့ကြောင့် သူတို့သည် နောက်ပိုင်းကျရင် တဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးလို့ ရနိုင်တော့မည် ဖြစ်သည်။

သူတို့သည် နောက်တစ်နေ့တွင် မိတ်ဆက်စာ သွားယူဖို့အတွက် သဘောတူခဲ့ကြပြီး ရှုရွှမ်းက အမှောင်ထဲကနေ အိမ်သို့ ပြန်သွားခဲ့သည်။ ဝမ့်ရင်းက သူ့ကို အိမ်တံခါးနားထိထိိုက်ပို့ခဲ့ပြီး ရှုရွှမ်းက သူမဖို့ ပစ္စည်းတွေ အများကြီး ဝယ်ပေးခဲ့သည့်အတွက် မနက်ဖြန်ကျရင် သူ့အတွက် တစ်ခုခု ဝယ်ပေးသင့်လား ဆိုကာ တွေးနေခဲ့သည်။

သူမအတွက်သူမတောင် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ မဝယ်နိုင်ခဲ့တာဆိုတော့ သူ့အတွက် ဓာတ်မီးပဲဖြစ်ဖြစ် ဝယ်ပေးလိုက်ရမလား။

နောက်တစ်နေ့ ဝမ့်ရင်းက အိပ်ရာမှ ထသည့်အခါ ဘေးအခန်းကနေ ဘာအသံမှ မကြားခဲ့ရသလို တံခါးကို ဖွင့်လိုက်သည့် အခါတွင်လည်း သူတို့မိသားစု သုံးယောက်လုံးကို မတွေ့ခဲ့ရပါ။ သို့သော် ထိုအကြောင်းကို တွေးပြီးသည့်နောက် သူတို့ လင်မယားနှစ်ယောက်က သူတို့သားကို ကျောင်းပို့ဖို့အတွက် ထွက်သွားကြကြောင်းကို နားလည်သွားခဲ့သည်။

သေစမ်း။ သူတို့သားကို ဘယ်လောက်တောင် အလိုလိုက်ထားမှန်း မသိဘူး။ အထက်တန်း ကျောင်းသားတစ်ယောက်ကို သူ့မိဘတွေက အခုထိ ကျောင်းကို လိုက်ပို့နေကြတုန်း။

ဝမ့်ရင်းသည် ထိုအချိန်တွင် သူမ စုဆောင်းထားသည့် ဆေးဖက်ဝင် အပင်များကို ခွဲထုတ်ကာ မနက်ဖြန် မြို့ကိုယူသွားပြီး စျေးကို မေးဖို့အတွက် စီစဥ်နေခဲ့သည်။

နေ့လည်သို့ ရောက်သောအခါ ဝမ့်ရင်းက တပ်မဟာမှူးအား မိတ်ဆက်စာ ရေးဖို့အတွက် သွားရောက် တောင်းဆိုခဲ့သည်။

ထျန်းယိုဖုသည် ထိုအချိန်တွင် ရှုမိသားစု အကြောင်းကို ကြားခဲ့ရသည်။ သူသည် အစပိုင်းတွင် ရှုရွှမ်းရဲ့ အနေအထားအတွက် စိတ်မကောင်း ဖြစ်ခဲ့ရပြီး ဝမ့်ရင်းက ရှုရွှမ်းနှင့် လက်ထပ်တော့မည်ဟူသော အကြောင်းကို ကြားလိုက်ရသည့်အခါ သူတို့က တကယ်ကို လိုက်ဖက်သည့် စုံတွဲတွေဟု ခံစားခဲ့ရသည်။ သို့သော် သူသည် တပ်မဟာမှူး တစ်ယောက်အနေဖြင့် ဘာခံစားချက်ကိုမှ မပြခဲ့ပါ။

သို့သော် ထျန်းယိုဖုက ဝမ့်ရင်းအတွက် ဝမ်းသာနေခဲ့သည်။ ထိုကောင်မလေးသည် အရင်တစ်ခါတုန်းက သူ့ရဲ့သားကို ကယ်ပေးခဲ့သည်။ ရှောင်ရှိထောင်ကလည်း မကြာခဏဆိုသလို ဝမ့်ရင်းနှင့် သွားရောက် ကစားလေ့ရှိသည်။

ဝမ့်ရင်းက ခြံထဲမှာ ဆေးပင်တွေ အများကြီးကို အခြောက်ခံထားတယ်ဆိုတာ သူ ရှောင်ရှိထောင်ဆီကနေ ကြားမိသည်။

ထျန်းယိုဖုက ဝမ့်ရင်းအား ဆေးပစ္စည်းများ အကြောင်းကို မေးလိုက်သည့်အခါ ဝမ့်ရင်းက ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေခဲ့သည်။ “အရင်က အမေ့ဆီကနေ နည်းနည်းလေး လေ့လာဖူးတာပါ။ ပြီးတော့ ကျောင်းမှာတုန်းကလည်း ဖတ်ဖို့ စာအုပ်တွေလည်း တွေ့ခဲ့ဖူးတယ်လေ။”

ထျန်းယိုဖုက သူမကို မေးခဲ့သည်။ “အခုချိန်မှာ သမီးက ဦးလေးတို့ အဖွဲ့ထဲက လူတွေကိုရော ကုသပေးနိုင်လား။”

ဝမ့်ရင်းသာ အလွတ်တမ်း ဆရာဝန်အလုပ်ကို ရသွားခဲ့ပါက တကယ်ကို ကောင်းမွန်သော အရာတစ်ခု ဖြစ်လာလိမ့်မည်။ ထျန်းယိုဖုအတွက် ဆရာဝန်တစ်ယောက် ရှာဖို့ဆိုတာ ခက်ခဲသည့် အရာတစ်ခု မဟုတ်ပါ။ သို့သော် ဝမ့်ရင်းအမေ ဆုံးပါးသွားပြီးနောက် သူမလို ဆရာဝန်မျိုးကို တပ်မဟာဘက်က ရှာမတွေ့ခဲ့တော့ပါ။ ထို့ကြောင့် သူတို့သည် အချိန်တိုင်းလိုလို အခြားတပ်မဟာဘက်က ဆရာဝန်ကိုသာ သွားသွားရှာခဲ့ရသည်။

အကွာအဝေးကို မဆိုထားနှင့် လူတစ်ယောက်အတွက်ကိုတောင် ၂၀ဆင့် ပေးရပြီး ထိုကိစ္စကြောင့် တပ်မဟာထဲက မကျေမနပ် ဖြစ်ခဲ့ကြသည်။

ဝမ့်ရင်း - “ဒါကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တစ်ယောက်မှာ လေ့လာစရာတွေ အများကြီး ရှိသေးတယ်မလား။ တကယ်လို့ သူတို့ကသာ မလေ့လာထားဘူးဆိုရင် ဒါတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ။”

ထျန်းယိုဖုက လက်ခါပြကာ ပြောခဲ့သည်။ “မကြာခင် ဆောင်းဝင်တော့မှာ။ အရင်ဆုံး မင်း အလုပ်လုပ်ရမှာ။ ဆောင်းကုန်မှ ဆေးတပ်မှာ သွားလေ့လာဖို့ ငါမင်းကို ပို့ပေးမယ်။”

ဒါဟာ ထျန်းယိုဖုက စည်းကမ်းများကို မလိုက်နာခြင်း မဟုတ်ဘဲ ဆောင်းတွင်မှာ လုပ်ရမည့် ခက်ခဲသည့် အရာကိုသာ လုပ်လိုက်ခြင်း ဖြစ်သည်။ ခုနစ်ခုမြောက် တပ်မဟာသည် တောင်ခြေတွင် တည်ရှိပြီး ဆောင်းကုန်သွားပြီးနောက် တောင်ကလည်း နှင်းတွေကြောင့် တောင်တက်ခွင့် ပိတ်ထားခဲ့သည်။ သူတို့သည် နှစ်လကျော်လောက် ကမ္ဘာကြီးနှင့် အဆက်အသွယ် ပျက်နေကြလိမ့်မည်ဖြစ်ပြီး ရှိဖိုမြို့က လမ်းများကိုတောင် ပိတ်ထားခဲ့ကြသည်။

တပ်မဟာထဲတွင် လမ်းပေါ်ရှိ နှင်းများကို ရှင်းလင်းရန်နှင့် ကင်းလှည့်ရန်အတွက် အိမ်ထောင်စု တစ်ခုစီမှ ငယ်ရွယ်ပြီး သန်မာသော သူများကိုသာ ခေါ်ခဲ့သည်။ သို့သော် တပ်မဟာရဲ့ အပြင်ဘက်နှင့်တော့ မတူခဲ့ပါ။ လူအများက အပြင်ထွက်သည့်အခါ ဘာကိုမှ မမြင်ရဘဲ နှင်းများသာ မြင်ခဲ့ရသည်။

ထိုအချိန်မှာ တစ်ယောက်ယောက်က ကလေး မွေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခု အရေးကြီးကိစ္စ ပေါ်လာတာပဲဖြစ်ဖြစ် ထိုသူက အခြား တပ်မဟာဆီ သွားကာ တစ်ယောက်ယောက်ကို သွားရှာလို့ ရနိုင်သည်။ အဲ့လိုမှ မဟုတ်ပါက ဘာအကူအညီမှ ရနိုင်မည် မဟုတ်ပါ။

“ငါတို့တပ်မဟာထဲက ဆရာဝန်တွေကို တစ်လ၂ယွမ် ပေးတယ်။ ပြီးတော့ ဆောင်းတွင်းမှာလည်း သူတို့ရဲ့ လုပ်ခ ရမှတ်တွေကို မလျှော့ချပစ်ဘူး။ ဘယ်သူ့ရဲ့အိမ်မှာ လူကြီးတွေ ကလေးတွေ ရှိလဲဆိုတာ ငါပြောပြမယ်။ ပြီးရင် မင်းက သူတို့ကိုပိုပြီး အာရုံစိုက်ထားရမယ်။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးပြီး သဘောတူခဲ့သည်။ ထိုခေတ်အခါတုန်းက ရွာတွင် ဆရာဝန်တစ်ယောက် ဖြစ်လာရသည်မှာ သိပ်ပြီးလည်း မဆိုးလှပါ။ ဆေးပညာနှင့် ပတ်သက်ပြီးတော့လည်း ဘာပြဿနာမှ မရှိခဲ့ပါ။ သူမရဲ့ မကျန်းမာသည်များကို စစ်ဆေးပေးမည့် လူတစ်ယောက် ရှိနေမှာကို သူမက ကျေးဇူးတင်နေခဲ့သည်။ ထို့အပြင် ဝမ့်ရင်းသည် ထျန်းယိုဖုအပေါ်တွင် အမြင်ကြည်သည်။ တပ်မဟာထဲတွင် မိသားစုပေါင်းများစွာမှ မတူညီသော နာမည်များစွာ ရှိနေခဲ့သော်လည်း အားလုံးက အတူတူ ကောင်းမွန်စွာ နေထိုင်ခဲ့ကြသည်။ ထိုကိစ္စအရ သူတို့ရဲ့ ခေါင်းဆောင်မှာ အရူးတစ်ယောက်မဟုတ်ကြောင်း သိသာနေခဲ့သည်။

“ကောင်းပြီလေ။”

ထျန်းယိုဖု၏ မျက်ဝန်းများမှာ အနည်းငယ် စိတ်ရှုပ်နေဟန် ရှိနေခဲ့သည်။ “အရင်ဆုံး ဒီအလုပ်ကို လနည်းနည်းလောက် လုပ်လိုက်။ ပြီးရင် နွေဘက်ရောက်ရင် ငါမင်းကို တပ်မဟာထဲ ခေါ်သွားဖို့ ပြောလိုက်မယ်။”

သူသည် ဝမ့်ရင်းက အာဇာနည်တစ်ယောက်ရဲ့ သမီးဆိုတာကို သိပြီးဖြစ်ကာ သူမက အထက်တန်းကျောင်းမှ ဘွဲ့ရပြီးသူတစ်ယောက် ဖြစ်သည်။ ထိုအနေအထားအပြင် သူမသည် ဆေးပညာကိုလည်း တက်မြောက်သည့်အတွက် နွေရာသီတွင် ကျန်းမာစင်တာက သူမကို လက်ခံဖို့က ဖြစ်နိုင်သည်။ ထိုအရာသည် တပ်မဟာထဲက သာမန် စောင့်ရှောက်ရေး မူဝါဒတစ်ခုလည်း ဖြစ်သည်။

အခုဆိုရင် ဝမ့်ရင်းသည် ဘွဲ့ရရှိခဲ့ပြီး ဖြစ်ကာ အရွယ် တစ်ခုကိုလည်း ရောက်ရှိနေပြီ ဖြစ်သည်။ ပုံမှန် အခြေနေမျိုးတွင် တပ်မဟာဘက်က သူမအတွက် ဒီနှစ် နွေဦးရာသီ အလုပ်တစ်ခု စီစဥ်ပေးသင့်သည်။ ထိုနေရာတွင် ဘာနှောင့်နှေးမှု ဖြစ်နေလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိခဲ့ကြပါ။

ထျန်းယိုဖု၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် မူလပိုင်ရှင်၏ အာဇာနည် ကလေးငယ်ဟူသော ဂုဏ်ပုဒ်ကြောင့် သူမကို တပ်မဟာထဲတွင် ဦးစားပေး ဆက်ဆံကြသည်ကို ဝမ့်ရင်းက သဘောပေါက်သွားခဲ့သည်။

သို့သော်…..

“တပ်မှူး၊ ကျွန်မ ဆေးပေးခန်းကို မသွားချင်ဘူး။”

ထျန်းယိုဖုက ပျော်နေခဲ့သော်လည်း ဝမ့်ရင်းအား တာဝန်ရှိစွာ ရှင်းပြနေဆဲ ဖြစ်သည်။ “ဒါပေမယ့် အလွတ်တမ်း ဆရာဝန်တွေက နေ့တစ်ဝက်ပဲ လုပ်ရတဲ့ သူတွေပဲ။ ငါတို့တပ်မဟာက မင်းကို အချိန်ပိုင်းပဲ လုပ်ခိုင်းမှာ။ ပြီးတော့ ကျန်တဲ့အချိန်ကိုလည်း လုပ်ခ ရမှတ်တွေနဲ့ တွက်ပြီးပေးမှာ။”

တစ်နည်းအားဖြင့်ဆိုသော် တကယ်လို့ ဝမ့်ရင်းကသာ တပ်ထဲမှာဆိုရင် သူမက အလုပ်ကို သွားရမည်။ သူမက တပ်မဟာထဲမှာ မဟုတ်ဘူး ဆိုပါက နှစ်ကုန်ပိုင်းတွင် သူမရဲ့ ရိက္ခာထဲက ပြန်ပြီး လျှော့လိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ခေါင်းမာနေဆဲ ဖြစ်သည်။ အစပိုင်းတွင် သူမက ဆေးပေးခန်းကို သွားဖို့အတွက် ကန်တင်းဆိုင် ရှိသည့် နေရာ တစ်နေရာကို ရှာဖို့သာ တွေးနေခဲ့သည်။ သို့သော် အခုဆိုရင် သူမသည် တစ်နေ့ကို ထမင်း သုံးနပ် စားရပြီး တစ်နပ်နှင့် တစ်နပ်လည်း မတူပါ။ သူမသည် ဆေးပေးခန်းသို့ မသွားချင်တော့ပါ။ ထို့အပြင် မူလပိုင်ရှင်၏ အမေက အဲ့လောက်တောင်ပဲ တော်လို့လား။

သူမ ဟိုဟိုဒီဒီ လျှောက်ပြေးမနေဘဲ တောင်ပေါ်မှာ ဆေးဖက်ဝင် အပင်တွေကို သွားပြီး ခူးချင် ခူးလို့ရတယ်။

ထျန်းယိုဖုက အတော်ကို ပျော်နေခဲ့သည်။ “ဟုတ်ပြီ။ ဒါဆို မင်းကို တစ်လ သုံးယွမ် ပေးဖို့အတွက် ဌာနခွဲက လူတွေနဲ့ ငါသွားပြီး ဆွေးနွေးလိုက်ဦးမယ်။”

သုံးယွမ်ဆိုတာက သိပ်ပြီး မများလှပါ။ ဝမ့်ရင်းသည် တစ်ခါ ဆေးကုဖို့ သွားတာအပြင် ဆေးဖိုးအပါဆို ၁၀ ဆင့် ၂၀ ဆင့်လောက် ပေးရသည်။ ဒါတောင် တစ်လကို ငါးယွမ် ခြောက်ယွမ်လောက် ရှိသည်။

တကယ်လို့ သူမသာ ဝမ့်ရင်းအမေလို ဆရာဝန်ကောင်း တစ်ယောက်သာဆိုရင် တစ်လကို ဆယ်ယွမ်ကျော် ရနိုင်သည်။

အဲ့အချိန်တုန်းက ငါးယွမ် ခြောက်ယွမ်ဆိုတဲ့ ဝယ်လိုအားက တော်တော်လေးကို အားကောင်းသည်။ ဒါက အနည်းဆုံး မိသားစု တစ်လစားဖို့ အတွက်သာ လုံလောက်သည်။

ဝမ့်ရင်းက သဘောတူခဲ့ကာ သူမက နောက်နေ့ကျရင် ဝယ်စရာများ ရှိသည့်အတွက် မြို့တက်မည်ဟု ပြောကာ ထျန်းယိုဖုအား မိတ်ဆက်စာကို ရေးပေးဖို့ တောင်းဆိုခဲ့သည်။

All Chapters