← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ထျန်းယိုဖုသည် သူမရဲ့ စာရွက်ပေါ်တွင် တံဆိပ် နှိပ်ပေးပြီးနောက် တစ်ခုခုကို သတိရသွားခဲ့သည်။

“မိန်းကလေးရင်း၊ ဒီမှာပါ။ ငါ မင်းကို သုံးယွမ်ပေးမယ်။ ဆေးရုံကိုသွားပြီး အရက်ပြန် တစ်ဗူး ဝယ်လာခဲ့။”

ဒါတွေအားလုံးက ခွေးသား လောင်ကုန်းရဲ့ အမှားတွေပဲ။ သူက တပ်မဟာထဲက ဆေးအရက်တွေကို သောက်သွားပြီး တပ်မဟာကို လာပြီး ထပ်ဝယ်ခိုင်းနေတယ်။

“ငါ ဆိုလိုချင်တာကို မင်းသိတယ်မလား။ တကယ်လို့ ဝယ်ဖို့လိုတဲ့ ဆေးတွေတွေ့ရင် ဝယ်လာခဲ့။ ငါတို့ တပ်မဟာထဲမှာ သိမ်းထားတဲ့ အန်နာဂင်း ဆေးကလည်း ကုန်တော့မယ်။”

နောက်ဆုံးမှာတော့ ထျန်းယိုဖုသည် ဆေးပညာအကြောင်း နားလည်သည့် တစ်စုံတစ်ယောက်ကို ရရှိခဲ့ပြီ ဖြစ်ပြီး သူသည် ထိုဆေးများကို ချက်ချင်းပဲ သုံးချင်နေခဲ့သည်။

ဝမ့်ရင်းသည် ရုံးခန်းထဲတွင် ကျန်ရှိနေသော ဆေးများကို တစ်ချက် ကြည့်လိုက်ပြီး စာရွက်ပေါ်တွင် ဆေးနာမည်များကို ချရေးကာ ထျန်းယိုဖုအား အစီရင်ခံစာ တင်ခဲ့သည်။ “ဒီတစ်မျိုးက ပြည့်ဖြည့်ဖို့ လိုတယ်။ ကျန်တဲ့ နှစ်မျိုးကတော့ အရေးပေါ် သုံးဖို့။ အဲ့တော့ ဒါတွေကို ကောင်းကောင်း ပြင်ဆင်ထားကြတာပေါ့။”

ထျန်းယိုဖုက ဘာမှ မတုံ့ပြန်ခဲ့ပါ။ ထျန်းယိုဖုက နောက်ထပ် ဆယ်ယွမ်ကို ယူလာကာ ပြောခဲ့သည်။ “တကယ်လို့ ဒီပိုက်ဆံက မလောက်ဘူးဆိုရင် မင်း အရင် ပေးထားလိုက်။ ငါပြန်လာမှ အဲ့အတွက် ပြန်ပြီး စီစဥ်ပေးမယ်။”

ဝမ့်ရင်းက မိတ်ဆက်စာကို သူမရဲ့ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ “ သေချာတာပေါ့။ ဘယ်လိုလုပ် လောက်မှာလဲ။”

ဝမ့်ရင်းကို ပြန်လွှတ်ပြီးနောက် ထျန်းယိုဖုက အနည်းငယ် တွေဝေနေခဲ့သည်။

“ဒီကောင်မလေး၊ ငါသိသလောက်ဆို သူ့အမေက အနောက်တိုင်း ဆေးပညာတွေကို မသိဘူး ဟုတ်တယ်မလား။ သူက ဘယ်လိုလုပ် ဒီ အနောက်တိုင်း ဆေးတွေအကြောင်းကို သိနေရတာလဲ။”

“ထားလိုက်ပါတော့။ သူ့အကြောင်း တွေးမနေပါနဲ့။ သူက အထက်တန်း ကျောင်းသူပဲလေ။ အဲ့ဒါကြောင့် ဒါတွေကို သူ့ဘာသာ လေ့လာခဲ့တာ ဖြစ်မယ်။”

ဝမ့်ရင်းက အိပ်ရာထပြီး တံခါးကို ဖွင့်လိုက်သည့်အခါ ရှုရွှမ်းက သူမအိမ်တွင် ရောက်နှင့်နေပြီး ဖြစ်သည်။

“ရှင် ဘယ်ချိန်တုန်းက လာတာလေ။ ဘာလို့ တံခါး မခေါက်တာလဲ။” မနက်ပိုင်းဆို အေးလွန်းလို့ စကားပြောတိုင်း အာငွေ့တွေတောင် ထွက်နေခဲ့သည်။ အပြင်မှာ ထွက်စောင့်ရတာ ကောင်းတဲ့ အရာတစ်ခု မဟုတ်ပါ။ ဝမ့်ရင်းသည် တံခါးကို ပိတ်လိုက်ပြီး သူတို့ နှစ်ယောက်လည်း အတူတူ မြို့ကို လမ်းလျှောက်သွားခဲ့သည်။

ရှုရွှမ်းသည် သူမရဲ့ ရင်ဘက်ပေါ်က စက္ကူအိတ်ကို ယူလိုက်သည်။ “သိပ်မလိုတော့ပါဘူး။”

ဝမ့်ရင်းက စက္ကူအိတ်ကို ဖွင့်လိုက်သည့်အခါ အထဲတွင် အသားပေါက်စီကို တွေ့ခဲ့ရသည်။

“ဟယ်…. စားလို့ကောင်းလိုက်တာ။ ရှင်ရော စားပြီးပြီလား။”

ရှုရွှမ်းသည် လက်ထဲက အစိမ်းရောင် ရေဗူးကို ဝမ့်ရင်းထံ ကမ်းပေးခဲ့သည်။ “ငါက စားပြီးပြီ။ ဒီဗူးက ပဲနို့ဗူး။”

အသားပေါက်စီထဲတွင် ကြာရိုးနှင့် ဝက်သားကို ဌာပနာထားကာ ကြွပ်ရွသည့် အရသာမျိုး ရှိသည်။ ကြာရိုးလေးများကို ကြီးကြီးလေး လှီးထားကာ ဝက်သားရဲ့အဆီနဲ့ နှပ်ထားခဲ့သည်။ ပဲနို့ကတည်း ပူနေအောင် ပေါင်းထားပြီး ပဲအနံ့လေး မွှေးနေခဲ့သည်။

ဝမ့်ရင်းက အသားပေါက်စီကို တစ်ကိုက် ကိုက်လိုက်ပြီး ပဲနို့တစ်ငုံကို သောက်ခဲ့သည်။ စားစရာများကို စားပြီးနောက် သူမသည် တည်ငြိမ်သွားခဲ့သည်။

“ရှင် ဒါတွေကို ဘယ်က ရလာတာလဲ။”

ရှုရွှမ်းက အပြင်ဘက်ရှိ ရှီဖိုမြို့ကို လက်ညှိုးထိုးပြကာ ပြောခဲ့သည်။ “လမ်းဘေးကနေ ကပ်လျှောက်။”

ရှိဖိုမြို့သည် ကောင်စီမြို့နှင့် အနီးဆုံးဖြစ်ပြီး အချို့သော သူများက မြို့ထဲကို စက်ဘီးဖြင့် သွားကြသည်။ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က မတ်တပ်ရပ်ကာ ဖြတ်သွားသည့် စက်ဘီးများစွာကို ကြည့်နေခဲ့ကြသည်။

ဝမ့်ရင်းက ရှုရွှမ်းနှင့် တိုင်ပင်လိုက်သည်။ “ကျွန်မ နာရီ မလိုချင်ဘူး။ စက်ဘီးပဲ ဝယ်ရအောင်။”

ကောင်စီမြို့သို့သွားသည့် ဘက်စ်ကားသည် တစ်နေ့ကို တစ်ကြိမ်သာ ပြေးဆွဲပြီး စောင့်ရတာလည်း အတော်ကို ပင်ပန်းသည်။ သူမသည် နောက်ပိုင်းတွင် မြို့ကို မကြာခန သွားရတော့မည်ဟု တွေးမိခဲ့ကာ စက်ဘီး တစ်စီးလောက် ရှိတာက သူမအတွက် သက်သာလိမ့်မည် ဖြစ်သည်။

ရှုရွှမ်းကလည်း စက်ဘီးကို ဝယ်ချင်သော်လည်း သူက စက်ဘီးကို တစ်ခါတစ်လေမှ စီးတာကို သိနေခဲ့သည်။ ထို့အပြင် ဝမ့်ရင်းအတွက် အိမ်မှာ နာရီတစ်လုံး ရှိနေတာက ပိုကောင်းတယ်ဟု တွေးနေခဲ့သည်။

“အရင်ဆုံး စက်ဘီးကို သွားကြည့်ကြတာပေါ့။ ပြီးမှ ငါ့ဆရာဆီမှာ နာရီအတွက် လက်မှတ်တစ်စောင်လောက် ရှိလားဆိုပြီး သွားမေးလိုက်မယ်။”

သူသည် နှစ်ခုလုံးကို ဝယ်ဖို့ လုပ်နေသည်မှာ အံ့ဩဖို့ အကောင်းဆုံးအရာ ဖြစ်နေခဲ့သည်။ သူ့ကြည့်ရတာ နှစ်ခုလုံးကို ဝယ်ဖို့ မတတ်နိုင်သည့် ပုံမျိုးလည်း မဟုတ်နေခဲ့ပါ။

သူတို့စကားပြောနေရင်း ဘက်စ်ကားက ရောက်လာခဲ့သည်။

ထိုအချိန်တုန်းက ဘက်စ်ကားများသည် နောက်ပိုင်း ကားများနှင့် လုံးဝကို မတူတော့ပါ။ ထိုကားများကို ဆေး အဖြူရောင် မသုတ်ထားဘဲ စစ်စိမ်းရောင်သာ သုတ်ထားခဲ့သည်။ ထိုကားများတွင် ထိုင်ခုံတွေလည်း သိပ်ပြီး မပါပါ။ ထို့ကြောင့် လူအများ မတ်တပ်ရပ်ဖို့ နေရာအကျယ်ကြီး ပါရှိသည်။ ထို့အပြင် လူတွေကလည်း တက်လို့ မရပါ။

အချိန်ကလည်း အတော်လေးကို စောနေပြီး ကိုးနာရီတောင် မထိုးသေးပါ။ သို့သော် ကားက ရောက်နှင့်နေပြီးဖြစ်ကာ လူတွေလည်း ပြည့်နေခဲ့သည်။ သူတို့ထဲက အချို့က တိရိစ္ဆာန်များကို တင်ဆောင်လာကြသည်။ ကြက်နှင့် ဘဲများက အေးနေသည့် အပြင်ဘက်တွင် ခိုက်ခိုက်တုန်နေကြသည်။ ထို့ပြင် ကားစထွက်တာနှင့် ကြက်ဘဲများက ထပျံကာ အသံမျိုးစုံ ထွက်နေခဲ့သည်။ ကားပေါ်တွင် မတ်တပ်ရပ်ဖို့ နေရာတောင် မရှိတော့ပါ။

ကားပေါ်မှာ ရှုရွှမ်းက ဝမ့်ရင်းအား လိုက်လံ စောင့်ရှောက်ပေးခဲ့သည်။ လက်မှတ်ရောင်းသော အမျိုးသမီးက စိတ်မရှည်စွာဖြင့် ပြောခဲ့သည်။ “မြန်မြန်လုပ်ကြ။ အနောက်ကိုတိုးဦး။ တစ်ယောက်ကို ၂၀ ဆင့်ကျတယ်။ စိတ်မရှည်ဘဲ ဆင်းသွားရင် ပိုက်ဆံ ပြန်မအမ်းဘူး။”

ရှုရွှမ်းက ၄၀ ဆင့်ကို ကမ်းပေးခဲ့ပြီး သူတို့နှစ်ယောက်လည်း ဖွင့်ထားသည့် ပြတင်းပေါက်နား ရောက်သည်အထိ ကားရဲ့ အနောက်ဘက်ကို တိုးနေခဲ့ရသည်။ ရှုရွှမ်းရဲ့ လက်နှစ်ဖက်လုံးသည် ပြတင်းပေါက်ကို ကိုင်ထားပြီး အထဲက ဝမ့်ရင်းကို ကာပေးထားခဲ့သည်။

ဝမ့်ရင်း - “……..”

ရှုရွှမ်းက ပုံမှန်အတိုင်း ပြောခဲ့သည်။ “အခုတော့ ဒီလိုပဲ ရပ်ကြရအောင်။ ငါတို့က အနောက်မှာ ရပ်နေတာဆိုတော့ ငါတို့ ရောက်လာတဲ့ချိန် နေရာမရတာက ပုံမှန်ပါပဲ။”

ကားသမားက ဆယ်မီတာလောက် မောင်းခဲ့သည်။ ထို့နောက် အရေးတကြီးဖြင့် ကားကို ရပ်လိုက်သည်။

ကားပေါ်မှာ အစကတည်းက ဆူညံနေခဲ့ပြီး ရုတ်တရက် ရပ်လိုက်သည့်အတွက် ကားပေါ်က တစ်စုံတစ်ယောက်က မြေကြီးပေါ်သို့ ကျမလို ဖြစ်သွားခဲ့သည်။

မကျေမနပ် ပြောဆိုနေခဲ့ အသံများက ဆက်တိုက်ပဲ ဆူညံလာခဲ့ကာ ကားသမားကလည်း အတော်လေး စိတ်မရှည် ဖြစ်လာခဲ့သည်။ သူသည် ထိုဆူညံသံများကို နေ့တိုင်းပဲ ကြားနေခဲ့ရကာ သေလောက်အောင် စိတ်အနှောက်အယှက် ဖြစ်လာခဲ့သည်။

“မင်းတို့က ဘာတွေ ငြင်းခုံနေကြတာလဲ။ လူတစ်ယောက်က လမ်းပေါ်မှာ လာပိတ်ရပ်နေတာကျ မတွေ့ကြဘူးမလား။”

ထို့နောက် သူက ပြတင်းပေါက်ကနေ ခေါင်းထွက်ကာ အော်ခဲ့သည်။ “ဒီလောက် လူတွေအများကြီးကို မမြင်ဘူးလား။ မင်းကရော ဘာလို့ လမ်းလယ်ခေါင်မှာ လာရပ်နေရတာလဲ။”

အမျိုးသမီးတစ်ယောက်က ကားရှေ့တံခါးနားသို့ ခပ်မြန်မြန် လမ်းလျှောက်လာပြီး တံခါးကို နှစ်ခါပြန် ခေါက်ခဲ့သည်။ “ငါ မင်းကို ကားရပ်ဖို့ အော်နေပေမယ့် မင်းက ရပ်မှ မရပ်တာ။ ငါ့ကို တံခါးဖွင့်ပေး။ ငါလည်း မြို့ကို သွားချင်တယ်။”

လတ်မှတ်ရောင်းသည့် အမျိုးသမီးက စပြီး အထက်စီး ဆန်လာခဲ့သည်။ ထို့နောက် သူမက ထိုအမျိုးသမီးကြီး စကားပြောတာ အတော်လေး ရိုင်းလာသည်ကို ကြားလိုက်ရသည့်အခါ ချက်ချင်းဆိုသလို သူမလည်း ဒေါသထွက်လာခဲ့သည်။ “ရှင်က ဘယ်သူလဲ။ စကားကို ဒီလိုပဲ မသင့်မတော်တွေ ပြောလို့ရတာပဲလား။”

အောက်ရှိ အမျိုးသမီးကလည်း ဒေါသထွက်ကာ အသံကုန် အော်ချခဲ့သည်။ “နင်တို့ ငါ့ကို တံခါး မဖွင့်ပေးဘူးဆိုရင် ငါ ဒီလမ်းမ မလယ်ခေါင်မှာပဲ ရပ်နေလိုက်တော့မယ်။ နင်တို့က လူတွေကို အလုပ်အကျွေး ပြုနေရတာလေ၊ ဟုတ်တယ်မလား။ ငါကရော လူထဲက လူပဲ မဟုတ်လို့လား။”

များစွာ ငြင်းခုံပြီးနောက် လက်မှတ်ရောင်သူက တံခါးကို စိတ်ပျက်ပျက်ဖြင့် ဖွင့်ပေးခဲ့ကာ အမျိုးသမီးက ကားပေါ်ကို အနိုင်ရသွားသည့် မျက်နှာထားမျိုးနှင့် တက်လာခဲ့သည်။ သူမကြည့်ရတာ ကြက်ပွဲတွင် အနိုင်ရသွားသလို ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းအား လက်မောင်းကြားကနေ သေသေချာချာ ကြည့်နေခဲ့သည်။

ဝိုး၊ ဒါက နည်းလမ်းဟောင်းတွေပါပဲ။

ဝမ့်လင်းလင်းရဲ့ ဆံပင်တွေက ဖရိုဖရဲဖြစ်ကာ သူမရဲ့ ဖြူဖွေးသော အသားရည်နှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ်မှာလည်း သိပ်ပြီး အရင်လို မရှိတော့ပါ။ သူမရဲ့ ပါးများဟာ ဖြူဖပ်ဖြူရော် ဖြစ်ကာ သူမရဲ့ နှုတ်ခမ်းများကလည်း ခြောက်ကပ်ပြီး ကွဲနေခဲ့သည်။ သူမ ကြည့်ရတာ အနည်းငယ် တောသူမပုံစံ ဖြစ်နေခဲ့သည်။ သူမသည် ခနလေးအတွင်းမှာပဲ အသက်များစွာ ကြီးသွားသလို ဖြစ်နေခဲ့သည်။

ဝမ့်လင်းလင်းကလည်း တတွတ်တွတ်ပြောကာ ကားပေါ်ကို တက်လာပြီး လက်မှတ်ရောင်းသူအား ၂၀ ဆင့် ပေးခဲ့သည်။ “ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့ ကားလဲ။ ငါ့မှာ ၂ ဆင့် လိုနေတုန်းပဲ။”

လက်မှတ်ရောင်းသူက တစ်ချက် ကြည့်လိုက်ပြီး လက်မှတ်ကို ဖြဲကာ သူမလက်ထဲ ထည့်ပေးခဲ့သည်။

ဝမ့်လင်းလင်းက သူမ အမှား တစ်ခုခု လုပ်မိသည်ဟု မခံစားခဲ့ရသလို သူမကို မကျေနပ်သည့် ကားပေါ်က လူများကိုလည်း အာရုံမစိုက်ခဲ့ပါ။ သူမသည် အနောက်ဘက်တွင် မှီရန် နေရာတစ်ခု တွေးလိုက်ရပြီး အနောက်ကို တဖြည်းဖြည်း တိုးလာခဲ့သည်။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ အင်္ကျီစကို ဆွဲပြီး ကြည့်ဖို့အတွက် ပြောလိုက်သည်။

ရှုရွမ်းက သူမကို တစ်ချက်ကြည့်ပြီး ပြောခဲ့သည်။ “မင်း အေးနေပြီလား။”

ပြတင်းပေါက်ကို မှီပြီး ရပ်နေရတာက လူမတိုးရဘဲ အဆင်ပြေတယ် ဆိုသော်ငြားလည်း ပြတင်းပေါက်က လေတိုးပြီး လူတွေကလည်း ခိုက်ခိုက်တုန်နေကြသည်။ ဝမ့်ရင်းက ခေါင်းခါပြခဲ့သည်။ သူမရဲ့ ကိုယ်ခန္ဓာ အခြေနေမှာ အရင်ကထက် အများကြီး တိုးတက်လာခဲ့သည်။ ဒီလိုရာသီဥတုမျိုးက သူမကို အရင်ပိုင်ရှင်ကဲ့သို့ အလွယ်လေး ခြေဖျား လက်ဖျားတွေ အေးလာစေမည် မဟုတ်ပါ။

“အဲဲဒါ ဝမ့်လင်းလင်းမလား။”

ရှုရွှမ်းက ဟင်ခနဲ ဖြစ်သွားခဲ့သည်။ “အခြား တပ်မဟာက လူတွေကလည်း ဒီမှတ်တိုင်ကပဲ လာစီးကြတာလေ။”

အခြားတပ်မဟာတွေမှာလည်း ပို့ဆောင်ရေးယာဥ်များ ရှိသော်လည်း အနည်းငယ် ကွေ့ပတ်သွားကြသည်။ ရှိဖိုမြို့ကလည်း ကောင်စီမြို့နှင့် အနီးဆုံးဖြစ်သည်။ ထို့ကြောင့် ဘေးက တပ်မဟာများရှိ သူများသည် မြို့ကို သွားဖို့အတွက် ထိုမှတ်တိုင်တွင်သာ လာစုနေကြသည်။

သူတို့နှစ်ယောက်လုံးသည် လေသံလေးဖြင့်သာ ပြောနေကြသည်။ ဝမ့်လင်းလင်းက ရင်းနှီးသော အသံများကို နားထောင်နေရင်း မကြာခင်မှာပဲ သူတို့ကို တွေ့လိုက်ရသည်။

ဝမ့်လင်းလင်းက မျက်လုံးများ ပြူးသွားခဲ့သော်လည်း ဒါကို မယုံကြည်နိုင်ခဲ့ပါ။ သူမသည် မျက်လုံးများကို ပွတ်လိုက်ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ဝမ့်ရင်းနှင့် ရှုရွှမ်း ဖြစ်သည်ဆိုတာကို အတည်ပြုခဲ့သည်။

ဝမ့်လင်းလင်း - !!!!!

သူမသည် ကျောက်မိသားစုက သူနှင့် လက်ထပ်ပြီး ကတည်းက သူမ ဘာဖြစ်နေလဲ ဆိုတာကို ဂရုမစိုက်ကြပါ။ ထို့ကြောင့် အခုချိန်တွင် ရှုရွှမ်းနှင့် ဝမ့်ရင်းက ဘာလို့ အတူတူ ရှိနေလဲဆိုတာကို သူမလည်း မသိခဲ့ပါ။

ဝမ့်လင်းလင်းက ထိုမြင်ကွင်းကို ပထမဆုံး မြင်လိုက်သည့်အခါ ဝမ့်ရင်းက သူမဆီကနေ တစ်ခုခု ယူသွားသလို ခံစားလိုက်ရကာ ဒေါသ ထွက်သွားခဲ့သည်။ သူမရဲ့စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားခဲ့သည်။

အစပိုင်းတွင် သူမက ဝမ့်ရင်းနဲ့ ရှုရွှမ်းကို အတူတူ ရှိစေချင်ခဲ့သော်လည်း သူမက အဲ့ဒါကို မလုပ်ခင်မှာပဲ အခြေနေတွေက အများကြီး ပြောင်းလဲသွားကာ စွန့်စားရမည့် အရာတစ်ခုကို လုပ်ဖို့အတွက် တွန်းအားပေးနေခဲ့သည်။

သူတို့နှစ်ယောက်သည် အတူရှိအောင် ဖန်တီးပေးဖို့ မလိုဘဲ အစကတည်းက အတူရှိနေကြပုံရသည်။

ဝမ့်လင်းလင်းက နောင်တရစွာ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းချင်ခဲ့သည်။ သူတို့နှစ်ယောက် ဒီလိုမျိုး ရှိနေတာက ဒီကိစ္စသာ ဒီထက် စောစောဖြစ်သွားခဲ့ပါက သူမရဲ့ အကြံဉာဏ်များ ဖြစ်လာတယ်ဟု ဆိုလိုချင်တာ မဟုတ်ပါလား။

ဝမ့်ရင်းက ဝမ့်လင်းလင်းကို ရွှင်ရွှင်ပြပြနှင့် ကြည့်ကာ ရှုရွှမ်းပေါ်ကို မှီကာ မေးခဲ့သည်။ “သူက မြို့ကို ဘာသွားလုပ်တာ ရှင်ထင်လဲ။”

ရှုရွှမ်းက ဝမ့်ရင်းကို ဖက်ထားသော်လည်း ရုတ်တရက်ဆိုသလို သူ့နား ပိုပြီး ကပ်လာခဲ့သည်။ သူသည် နေရာမှာတင်ပဲ မှင်သက်သွားခဲ့ကာ ပြောခဲ့သည်။ “ငါလည်း မသိဘူးလေ။”

ဝမ့်ရင်းက ဝမ့်လင်းလင်းကို ခနလောက် ကြည့်လိုက်ပြီး ပြောခဲ့သည်။ “ကျွန်မအထင် သူ မြို့မှာ တစ်ခုခု ဝယ်ဖို့ သွားတာဖြစ်မယ်။”

ဝမ့်လင်းလင်းက သူမနှင့်အတူ ဘယ်သူ့ကိုမှ ခေါ်လာခဲ့ပါ။ သူမသည် အဝတ်အိတ်ကြီး တစ်အိတ်ကို သယ်လာခဲ့သည်။ သူမသည် မြို့ကိုသွားဖို့ ဘာအရေးကြီး ကိစ္စမျိုးမှ ရှိပုံမရပါ။ အဲ့အစား သူမက တစ်ခုခု ဝယ်ဖို့သွားတာ ဖြစ်ပုံရသည်။

တကယ်တမ်း ဝမ့်ရင်းရဲ့ ခန့်မှန်းမှုမှာလည်း မှန်နေခဲ့သည်။

ဝမ့်လင်းလင်းက ဒီနေ့ မြို့ကိုသွားဖို့ ပိုက်ဆံ ယူလာခဲ့သည်။ သူမ ကျောက်မိသားထဲကို လက်ထပ်ပြီး ဝင်သွားကတည်းက အသိကပ်ပြီး နေနေရင်တောင် သူမရဲ့ဘဝက မလွယ်ကူခဲ့ပါ။

သူမရဲ့ယောက္ခမသည် ဒေါသထွက်လွယ်ပြီး သူမရဲ့ ယောင်းမများကလည်း ပေါင်းသင်းဖို့ မလွယ်ကူပါ။ အမြဲလိုလို ယောက်ျားတွေက စားစရာတွေကို စားရပြီး အမျိုးသမီးများကတော့ ကျဲတောက်နေသော ဆန်ပြုတ်ကိုသာ သောက်ကြရသည်။

တကယ်လို့ နင်က တစ်လုပ်ပိုစားရင် ငါက လျှော့စားရရော။ ငါတို့က တစ်ခါတစ်လေ ပြဿနာ မတက်ရင်တောင် ငါတို့က နေ့တိုင်းလိုလို မျိုးစုံ လှုပ်ရှားနေကြတာ။

အရင်ဘဝတုန်းက ဝမ့်လင်းလင်းသည် ပိုက်ဆံအများကြီး မရှာနိုင်သော်လည်း ဒီလောက်ထိတော့ မခံစားခဲ့ရပါ။

ရှုမိသားစုထဲတွင် ရှုရွှမ်းသာရှိသည်။ သူ့ရဲ့ အကိုကြီးကလည်း ထွက်သွားပြီ ဖြစ်သည့်အတွက် မိသားစုထဲတွင် ပြဿနာတက်စရာ ဘာယောင်းမမှ မရှိပါ။ ယောက္ခမကလည်း သူတို့အတွဲကြားထဲ ဝင်ပါလေ့ မရှိပါ။ ထို့ကြောင့် ဝမ့်လင်းလင်းသည် လက်ထပ်ပြီး နောက်ပိုင်းတွင် မိသားစုရဲ့ အိမ်ဦးနတ်လို ဖြစ်လာခဲ့သည်။

ရှုရွှမ်းက သူမအား လစာတစ်ဝက်ကို ပေးသည့်အတွက် သူမ စားဖို့သောက်ဖို့ လုံလုံလောက်လောက်ရှိသည်။

သို့သော် ကျောက်မိသားစုက လုံးဝကို ကွဲပြားသည်။ သူတို့မှာ ကျောက်ကျွင်းရှိသော်လည်း သူ့ရဲ့ ခွင့်ပြုချက်များသည် မိသားစု လေးစုလုံး အတူတကွ သုံးဖို့အတွက် မလုံလောက်ပါ။

ကျောက်မိသားစု၏ ယောက်ျားများသည် လယ်ကွင်းထဲတွင် အလုပ်ကြမ်းများကို လုပ်ခဲ့ရသည်။ မိသားစုထဲတွင် ယောက်ျားများစွာ ရှိသော်လည်း စားစရာ များများစားစား မရှိခဲ့ပါ။ ယောင်းမများကလည်း သားသမီးကိုယ်စီ ရှိခဲ့ကြသည်။ အိမ်ရဲ့ အခန်းငါးခန်းသည် နေ့တိုင်းလိုလို ဆူညံနေခဲ့သည်။ အိမ်ထဲတွင် စားဖို့အတွက် ပန်းကန်များစွာနှင့် တူများစွာ ရှိနေခဲ့သည်။

သူမတွင် ငါးနှစ်အရွယ်နှင့် သုံးနှစ်အရွယ် ကလေးနှစ်ယောက် ရှိသည်။ ငါးနှစ်အရွယ် ကလေးလေးသည် နေရာတိုင်းကို ပြေးဆော့သည့်အတွက် အနီးကပ် စောင့်ကြည့်နေရသည်။ ထိုအချိန်တွင် သုံးနှစ်အရွယ် ကလေးကလည်း ငြိမ်ငြိမ်မနေသည့်အတွက် သူမသာ စောင့်ကြည့်မနေပါက လမ်းလျှောက်ရင်း လဲကျသွားတတ်သည်။

သို့သော် ဝမ့်လင်းလင်းရဲ့စိတ်ထဲတွင် အကြံတစ်ခု ရှိနေခဲ့သည့်အတွက် သူမက ကလေးနှစ်ယောက်ကို လွယ်လွယ်ပဲ ထိန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူမက ကလေးနှစ်ယောက်ကို စိတ်ပါလက်ပါ စောင့်ရှောက်ပေးခဲ့သည်။

သို့သော် ဒီကိစ္စက ကလေးတွေကို သူတို့ထက် ပိုစောင့်ရှောက်နေတယ်ဆိုတဲ့ ယောင်းမများရဲ့ အတွေးက သူမကို စော်ကားလိုက်သလို ဖြစ်နေခဲ့သည်။ သူမယောက္ခမ၏ မျက်လုံးထဲတွင် သူမရဲ့ ချွေးမများသည် ပျင်းရိသော သူများသာ ဖြစ်သည် မဟုတ်ပါလား။

ရလဒ်အနေဖြင့် ဝမ့်လင်းလင်းက ကလေး နှစ်ယောာက်ရဲ့ နေ့စဥ်ဘဝအတွက် သူမရဲ့ ယောင်းမများ အကြားတွင် ခုခံတိုက်ခိုက်နေရသည်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ အချိန်အကြာကြီး သည်းခံပြီးသည့်နောက်တွင် သူမသည် စိတ်ရှုပ်လာခဲ့သည်။

All Chapters