← Chapters

အခန်း (၄၂)

Vol. 4 Ch. 42

အခန်း (၄၂)

Vol. 4 Ch. 42

ဆေးရုံရှိ ဆေးပစ္စည်းများသည် ဝယ်ယူရသည့် ဆေးများအပြင် ကိုယ့်ဘာသာ အချိုးညီ ရောစပ်ရသည့် ဆေးများလည်း ပါရှိသည်။ သို့သော် နေ့စဥ် အသုံးပြုနေသော ဆေးများနှင့် ကွာခြားချက် တစ်ခုက ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် အချို့သော ဆေးပစ္စည်းများက ဝယ်ယူရန် ခက်ခဲသည်။ ထို့ကြောင့် စီးပွားရေးအကြောင်း နားလည်သည့် သူမျိုးနှင့် တွေ့ရသည်မှာ အံ့ဩ ဝမ်းသာစရာ ကိစ္စတစ်ခုသာ ဖြစ်သည်။

“ဒါတွေ ဒါတွေက၊ ငါတို့ဆေးရုံမှာ သိပ်ပြီး မရှိဘူး။ အဲ့တော့ ဒါတွေအတွက် ပုံမှန်စျေးနဲ့ပဲ ငါမင်းကို ပေးမယ်။ တစ်ပေါင်ကို တစ်ယွမ်နှုန်းနဲ့လေ။ ဒန်ဒရိုဘီယမ်က နည်းနည်းလေး ပိုပြီး စျေးကြီးတယ်။ ဒါပေမယ့် မင်းသာ ဒါကိုလည်း လုပ်ပေးမယ်ဆိုရင် ငါ မင်းကို ၂၁ပေါင် ပေးလိုက်မယ်။ နောက်ပိုင်း မင်းမှာ ဒန်ဒရိုဘီယမ်ဆေးရှိရင် တက်နိုင်သလောကိ အမြန်ဆုံး ဒီကို လာပို့ပေးပါနော်။ တကယ်လို့ မင်းမှာ ဂျင်ဆင်း ဒါမှမဟုတ် မြွေရဲ့ သည်းခြေတွေဘာတွေ ရှိရင် ငါ့ဆီ အဲ့ဒါတွေကို စိတ်ကြိုက် ပို့ပေးလို့ရတယ်။ မင်းအတွက် ကျသင့်ငွေကို ပေးဖို့အတွက် ဆေးရုံက လူကြီးတွေဆီ ငါသွားပြောလို့ ရတယ်။”

စျေးနှုန်းက မများသော်လည်း ရောင်းဖို့အတွက် ဝမ့်ရင်းက ဆုံးဖြတ်ခဲ့သည်။ ထိုစျေးနှုန်းမှာ သူမ မျှော်လင့်ထားသည်ထက် နည်းမနေခဲ့ပါ။ သို့သော် ကောင်စီမြို့ရှိ လူတွေက အပြင်းအထန် ဖျားနေသည့်အတွက် တရုတ်ဆေးများ၏ ဝယ်လိုအားမှာ သိသိသာသာကို မြင့်တက်လာခဲ့သည်။

“ကောင်းပြီလေ။”

နောက်ဆုံးစကားကို ပြောပြီးနောက် ဆရာဝန်ဝူက ဆေးပင်များကို ယူသွားကာ ဝမ့်ရင်းအတွက် စာတစ်စောင်ကို ရေးပေးခဲ့သည်။ “ဒါကို အရှေ့မှာရှိတဲ့ ဘဏ္ဍာရေးဌာနကို ယူသွားပြီး ပိုက်ဆံသွားယူလိုက်။”

ထိုစာထဲတွင် ဆေးဖက်ဝင် အပင်များစွာ ပါရှိနေပြီး စုစုပေါင်း ကျသင့်ငွေမှာ ၁၂ယွမ်နှင့် ငါးဆယ်ဆင့် ဖြစ်သည်။

ဝမ့်ရင်းက ပိုက်ဆံကို ယူလိုက်ရသည့် အခိုက်အတန့်လေးတွင် အတော်လေး စိတ်သက်သာရာ ရသွားသလို ခံစားခဲ့ရသည်။

ရှုရွှမ်းရဲ့ ပိုက်ဆံကိုသာ သုံးနေရသည့် ဒီအချိန်တွေမှာ သူမက တကယ်ကို အားငယ်သလို ခံစားခဲ့ရသည်။

သူတို့နှစ်ယောက်က တရုတ်ရိုးရာ တိုင်းရင်းဆေး ဆေးရုံကို အမြန်ထပ်သွားခဲ့ကြသည်။ ထိုဆေးရုံမှ ပေးသည့် စျေးနှုန်းမှာလည်း အတူတူပဲ ဖြစ်သည်။ သို့သော် မြို့က ဆေးရုံနှင့် ယှဥ်ကြည့်ပါက ထိုဆေးရုံ၏ အသက်ကယ် ဆေးပစ္စည်းများရဲ့ ဝယ်လိုအားက သိပ်ပြီး မများနေသည်မှာ သိသာနေခဲ့သည်။

ဒါကလည်း အဓိပ္ပါယ်ရှိပါတယ်။ တကယ်လို့ လူနာက သေခါနီးဖြစ်ပြီး တရုတ်ရိုးရာ တိုင်းရင်းဆေး ဆေးရုံကို ရောက်လာရင် သူတို့ထဲက လူအများစုက လူနာတွေရဲ့ အသက်ကို ကယ်ဖို့အတွက် ကောင်စီမြို့က ဆေးရုံကိုပဲ ပို့ကြမှာလေ။

ဆေးရုံနှစ်ရုံလုံးကို သွားပြီးနောက် ဝမ့်ရင်းရဲ့ အိတ်ကပ်မှာ ပိုက်ဆံအပြည့် ဖြစ်နေခဲ့သည်။ သူမသည် စုစုပေါင်း ၂၆ယွမ်နှင့် ၈၅ဆင့်ကို ရှာနိုင်ခဲ့သည်။

“သမဝါယမစျေးကို သွားကြမယ်။” ဝမ့်ရင်းက အတော်လေးကို ကျက်သရေ ရှိနေခဲ့သည်။

သူမရဲ့ မျက်လုံးများမှာ ပြုံးနေသလို ဖြစ်ကာ ရှုရွှမ်းကလည်း သူမကို မြို့မှာရှိတဲ့ အကြီးဆုံး သမဝါယမစျေးဆီ ခေါ်သွားခဲ့သည်။

နန့်ရှောင်မြို့ရဲ့ သမဝါယမစျေးကြီးသည် လူထူထပ်သော နေရာတွင် တည်ရှိပြီး ကျောင်းများ စက်ရုံများနှင့်လည်း သိပ်ပြီး မဝေးပါ။ ထို့အပြင် ဂိတ်ရဲ့ အရှေ့မှာ လမ်းကျယ်တစ်ခု ရှိသည်။

စျေးထဲသို့ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသံ ပေါင်းစုံကို ကြားခဲ့ရသည်။

သမဝါယမစျေးသည် တစ်ထပ်တည်း ရှိသော်လည်း နေရာကတော့ အကျယ်ကြီး ဖြစ်သည်။ တစ်ဖက်တွင် အကြီးစား ပစ္စည်းများဖြစ်သော ထာဝရ ဖီးနစ်ငှက်ကဲ့သို့ ပစ္စည်းများရောင်းသည့် ကောင်တာများ ဖြစ်သည်။ ထိုဆိုင်များတွင် လူနည်းပြီး ရောင်းတဲ့သူများက တစ်နေကုန် ဆိုင်မှာပဲ ဟိုမှီ ဒီမှီ နေနေကြသည်ကို သူတို့ရဲ့ စီးပွားရေးက မကောင်းဘူးလို့တော့ မထင်သင့်ပါ။

တကယ်လို့ ဒီအချိန်တွေမှာ မင်းလက်ထဲ လက်မှတ် တစ်စောင်လောက် ရှိနေရင်တောင် ဒီပစ္စည်းကြီးတွေကို မင်းက ဝယ်လို့ရမှာ မဟုတ်ဘူး။ လူအများစုက အဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက် ပိုက်ဆံကလည်း စုထားရတယ်။ သူတို့မှာ ပိုက်ဆံရော လက်မှတ်ရော ရှိရင်တောင် သူတို့က ပစ္စည်းရောက်တဲ့အထိ စောင့်ရမှာ။ အဲ့တော့ စက်ဘီးစျေးကွက်က ပစ္စည်း ပြတ်နေတယ်ဆိုရင် ပစ္စည်းတွေ ရောက်လာတဲ့အထိ စောင့်ပေတော့။

သူ့ဘေးက အပ်ချုပ်စက်ဆိုင်ကလည်း တူတူပဲ။ အဲ့အပေါ်မှာ သင်္ကေတတစ်ခု ပြထားပေမယ့်လည်း ပစ္စည်းက ကုန်နေပြီ။ ကောင်တာပေါ်မှာ ရေဒီယိုတွေတော့ ရှိတယ်။ ဒါပေမယ့် စျေးတွေကို ကြည့်လိုက်ရင်တော့ လူအများစုက ဝယ်နိုင်ကြမှာ မဟုတ်ဘူး။

တစ်ဖက်မှာရှိသည့် ထမင်းဗူးနှင့် အပူခံဗူးများ ရောင်းသည့် နေရာကလည်း အသံပေါင်းစုံနဲ့ ဆူညံနေသည်။ ထို့အပြင် အဲ့နေရာသည် အခြားသော နေရာက ကောင်တာများနှင့် မတူပုံရသည်။

“ငါ့ကို ပေတစ်ဝက်လောက် ဖြတ်ပေး။ ဒုတိယအတန်းမှာရှိတဲ့ အဆင်လေး လိုချင်တယ်။”

“အနောက်မှာချိတ်ထားတဲ့ ဦးထုပ်လေး တစ်ချက်လောက် ပြပါဦး။”

“ဖိနပ်တွေပဲ။ ဒီထက် ဆိုဒ်သေးတဲ့ ဖိနပ်တွေ ရှိသေးလား။”

အရောင်းသမားက မေးခွန်းများကို သံကုန်ဟစ်ပြီး ဖြေလိုက်သည့်အခါ လူအများက အရှေ့မှာ စုပြုံလာကြသည်။

ဝမ့်ရင်းက ကြောက်လန့်နေဆဲ ဖြစ်သည်။ သူမရော ရှုရွှမ်းရောက သေသေချာချာ မတိုးနိုင်ခဲ့ကြပါ။ သူတို့က တစ်ယောက်ယောက်ကို တွန်းမိပြီး ထိခိုက် ဒဏ်ရာတွေ ရသွားရင် ဘယ်လိုလုပ်မလဲ။

ရှုရွှမ်းသည် ထိုလမ်းကြောင်းကို ရင်းနှီးပြီးသားဖြစ်ကာ သူ့ဆရာ ပေးလိုက်သော လက်မှတ်များကို အရင်ဆုံး ရေတွက်နေခဲ့သည်။ “အထဲမှာ အိတ်ဆောင်နာရီ ဝယ်ဖို့အတွက် လက်မှတ်တစ်စောင် ရှိတယ်။ ငါတို့တွေ အရင်ဆုံး အိတ်ဆောင်နာရီ တစ်လုံးလောက် သွားဝယ်ကြမလား။”

နာရီလက်မှတ်များမှာ အင်မတန် ရှားပါးပြီး ထိုနာရီကို ဝယ်ဖို့ လက်မှတ်ရှိသူများက သေချာပေါက် နာရီဝယ်ဖို့ တက်နိုင်သည့် သူများသာ ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် နာရီဝယ်ဖို့ လက်မှတ်များကို အနည်းငယ်သာ ရရှိနိုင်သည်။

အခုဆို ဒါက ဖက်ရှင်ကျအနေနဲ့ မဟုတ်ဘူး ဆိုပေမယ့် အဲ့ဒါကိုဝတ်တဲ့ ချမ်းသာတဲ့ လူတွေကတော့ ရှိနေဆဲပဲ။

ဝမ့်ရင်းကတော့ ဂရုမစိုက်ခဲ့ပါ။ ဒါဟာ တစ်ခုခုကို ပြောဖို့အတွက် အချိန်ကောင်းပဲ ဖြစ်သည်။ အိတ်ဆောင် နာရီအတွက်ပဲ ဖြစ်ဖြစ် လက်ပတ်နာရီအတွက်ပဲ ဖြစ်ဖြစ် သူမကတော့ ဘာကိုမှ စိတ်ထဲမရှိပါ။

“ကောင်းပြီလေ။ သွားပြီး ကြည့်ကြတာပေါ့။”

လက်ပတ်နာရီတွေ စျေးကြီးတယ် ဆိုပေမယ့် အိတ်ဆောင် နာရီတွေကလည်း သိပ်ပြီးတော့ စျေးမနည်းပါဘူး။ သူမ စျေးကိုတစ်ချက် သွားမေးတုန်းက အနည်းဆုံးဟာက တစ်လုံးကို ယွမ်ငါးဆယ်တဲ့။

ရှုရွှမ်းက ဝမ့်ရင်းက ရွေးဖို့ ပြောခဲ့ပြီး သူမက ယွမ်ငါးဆယ်တန် နာရီကို ရွေးချင်နေပုံရသည်။

ရှုရွှမ်း - “စက်ပိုင်းဆိုင်ရာ ကောင်းတာတစ်ခုကို ရွေးလိုက်။ အဲ့လိုမှမဟုတ်ပဲ နောက်ပိုင်းမှ ပျက်တာတို့ ဘာတို့ဆို ပြင်ဖို့ ခက်လိမ့်မယ်။”

ဝမ့်ရင်းက ထိုအကြောင်းကို တွေးမိပြီး သဘောတူခဲ့သည်။ ထိုခေတ်အခါတုန်းက နာရီပြင်သည့် အလုပ်သည် နည်းပညာပိုင်းဆိုင်ရာ အလုပ်တစ်ခု ဖြစ်သည်။ တကယ်လို့ နာရီ ပျက်သွားပါက အတော်လေးကို ဒုက္ခရောက်လိမ့်မည်။ သူမသာ စျေးအကြီးဆုံး နာရီတစ်လုံးကို မရွေးဘူး ဆိုပါက ခနခန ပျက်တာကို ရှောင်လို့ရအောင် အနည်းဆုံး စျေးအသင့်အတင့်ရှိသော နာရီ တစ်လုံးကိုတော့ သူမ ရွေးချယ်သင့်သည်။

အရောင်းသမားက သူ့ကိုယ်သူ မကျေမနပ် ပြောနေခဲ့သည်။ “ ဒီမှာ ငါတို့အားလုံးက စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လူတွေချည်းပါပဲ။”

သို့သော် သူမကလည်း အရူးတစ်ယောက် မဟုတ်ပါ။ လူတွေက ပစ္စည်းဝယ်ဖို့လာသည့် အချိန်များတွင် သူတို့က စျေးကိုတင်ပြီး ရောင်းကြလိမ့်မည် ဖြစ်သည်။ သူမက ယွမ် ၁၇၀တန် နာရီတစ်လုံးကို ချက်ချင်းပဲ ကောက်ကိုင်လိုက်တာ ထိုနာရီကို မရပ်မနား ချီးကျူးပြနေခဲ့သည်။

ဝမ့်ရင်းသည် ဘေးနားရှိ အဆင်းကြောင်းများစွာ ပါသော အိတ်ဆောင်နာရီကို ကြည့်လိုက်သည်။ ထိုနာရီသည် ရိုးရှင်းပြီး သပ်ရပ်လှပသည်။ “ဒါဆို ဒီနာရီလေးပဲ ယူရအောင်။”

ရှုရွှမ်းက လက်မှတ်နှင့် ပိုက်ဆံကို ပေးလိုက်ပြီး အိတ်ဆောင်နာရီကို ဝမ့်ရင်းထံ ပေးလိုက်သည်။ “ငါကြည့်လို့ရအောင် တစ်ချက် ပတ်ပြပါဦး။ ပြဿနာ တစ်ခုခုရှိလား သေချာအောင်လုပ်ဖို့ ငါကြည့်လို့ မရဘူး။”

ဝမ့်ရင်းက သူပြောတဲ့အတိုင်း အိတ်ဆောင်နာရီကို သူမရဲ့ လည်ပင်းတွေ ဝတ်လိုက်သည်။ “ဘယ်လိုနေလဲ”

ရှုရွှမ်းက သူမနားကို ရောက်လာကာ သူမလည်ပင်းက ကြိုးကို ညှိပေးခဲ့သည်။ “ရပြီ၊ တော်တော်လေးကို အဆင်ပြေတဲ့ပုံပဲ။”

ရုတ်တရက်ဆိုသလို သူက ဝမ့်ရင်းအနားကို ချဥ်းကပ်လာခဲ့သည်။ သူရဲ့မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ သူ့လက်ဖဝါးများမှာလည်း အနည်းငယ် နွေးနေခဲ့သည်။ “အဆင်ရော ပြောရဲ့လား။”

ရှုရွှမ်းက သူ့လက်ကိုချကာ ပြောလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။”

သူတို့နှစ်ယောက်လုံးက စကားလည်း မပြောကြသလို နောက်ထပ် ဘာလုပ်ကြမလဲ ဆိုတာကိုလည်း မဆွေးနွေးခဲ့ကြပါ။ သူတို့နှစ်ယောက်ရဲ့ အခြေအနေမှာ အနည်းငယ် ချိုမြိန်နေခဲ့သည်။

ရှုရွှမ်းက နောက်ပြန်ဆုတ်ကာ ပြောခဲ့သည်။ “ငါ စက်ဘီးဝယ်ဖို့ သွားမေးလိုက်ဦးမယ်။”

ထိုစကားကိုပြောပြီးနောက် သူသည် ဘေးနားမှာရှိသည့် စက်ဘီးကောင်တာသို့ သွားခဲ့သည်။ ဝမ့်ရင်းက သူမ လိုက်သွားရမလား၊ စောင့်နေရမလားဆိုတာကို မသိတော့ပါ။ သူမသည် ရှုရွှမ်း ဘယ်လမ်းက ရောက်လာမလဲ ဆိုတာကို တွေးမရ ဖြစ်နေခဲ့သည်။

အရောင်းသမားက မနာလိုစွာဖြင့် ပြောခဲ့သည်။ “မင်းတို့ နှစ်ယောက်က လက်ထပ်ပြီးခါစလား။ မင်းတို့ အတွဲက တကယ် လိုက်တာပဲ။”

သူမသည် အရောင်းဝန်ထမ်း တစ်ယောက်အနေဖြင့် စုံတွဲများစွာကို မြင်ခဲ့ဖူးပြီး ဖြစ်သည်။ သူတို့က လက်မတွဲထားခဲ့ရင်တောင် အချင်းချင်း သဘောကျနေကြကြောင်း ပြောနိုင်သည်။ သူတို့ရဲ့ အခြေအနေမှာ သကြားများ ဖြူးထားသလိုကို ချိုမြိန်နေခဲ့သည်။

ဝမ့်ရင်းက ရှက်ရှက်ဖြင့် မယိုးမယွ ဖြစ်နေခဲ့သည်။ ထိုခံစားချက်မှာ ရှင်းပြဖို့ ခက်ခဲနေခဲ့သည်။ အခုချိန်မှာ သူမက လက်မထပ်ရသေးဘူးဟု ပြောလိုက်ပါက အများကြီး ရှင်းပြရတော့မည် ဖြစ်သည်။ သူမသည် ထိုလူနှင့် မရင်းနှီးသည့်အတွက် ပြောပြဖို့လည်း မလိုခဲ့ပါ။

တစ်အောင့်ကြာပြီးနောက် ရှုရွှမ်းက ပြန်ရောက်လာခဲ့သည်။ “ထာဝရ စက်ဘီးတွေက သဘက်ခါမှ ပစ္စည်းရောက်မှာတဲ့။ ငါပိုက်ဆံနဲ့ လက်မှတ်တွေတော့ ပေးထားလိုက်ပြီ။ ငါတို့တွေ သဘက်ခါမှ ပြန်လာပြီး စက်ဘီးစီး ပြန်ကြတာပေါ့။”

ဝမ့်ရင်း - “အိုး၊ အဲ့လိုဆိုလည်း အဆင်ပြေတာပါပဲ။”

သူတို့နှစ်ယောက်က ရှက်ကိုးရှက်ကန်းနှင့် အဝတ်များ၊ ဖိနပ်များရောင်းသည့် ကောင်တာများကို တစ်ခုပြီး တစ်ခု သွားကြည့်ခဲ့ကြသည်။

ခနအကြာတွင် ဝမ့်ရင်းက ရှက်သည်ဟု မခံစားရတော့ပါ။

အကြောင်းမှာ ရှုရွှမ်းက သူ့တွင်ရှိသမျှ လက်မှတ်များ အားလုံးကို သုံးပစ်ဖို့ စီစဥ်ထားခဲ့သည်။

အမျိုးသမီး သားရေဖိနပ်များနှင့် ကုတ်အင်္ကျီ နှစ်ထည်သာမက သူမ မူးလောက်အောင် ရွေးထားသော ပုံစံမျိုးစုံနှင့် အင်္ကျီများကိုလည်း အိတ်ကြီးဖြင့် ဝယ်လာခဲ့သေးသည်။

ရှုရွှမ်းက စက်ရုံက လက်မှတ်များကို ရေတွက်ရင်း ကောင်တာရှိ ဝန်ထမ်းနှင့် ညှိနေခဲ့သည်။ “ရေနွေးဗူးအတွက် ဒီစက်ရုံလက်မှတ် သုံးစောင်ကို တစ်စောင်ထဲအဖြစ် လဲလို့ရနိုင်မလား။”

ဒါဟာ အရောင်းဝန်ထမ်းများအတွက်လည်း အထူး အခွင့်အရေးတစ်ခု ဖြစ်သည်။ အချို့လက်မှတ်များက အမျိုးအစား ကွဲပြားပြီး ပြဿနာလည်း တက်နိူင်သည်။ ဥပမာအနေဖြင့် စက်ရုံလက်မှတ်များတွင် အထွေထွေလက်မှတ်၊ အထူးလက်မှတ်၊ နေရာဒေသ တစ်ခုမှာသာ လဲလို့ရသည့် လက်မှတ်နှင့် တစ်နိုင်ငံလုံးမှာ လဲလို့ရသည့် လက်မှတ်ဟူ၍ အမျိုးမျိုး ရှိသည်။ စက်ရုံမှ ပစ္စည်းတစ်ခုကို လိုချင်ပါက ထိုစက်ရုံနှင့် သက်ဆိုင်သည့် လက်မှတ်တစ်ခု လိုအပ်သည်။ ထိုအချိန်တွင် လဲချင်သည့်သူက ထိုအရာကို ဆိုင်များရဲ့ အလယ်တွင်သာ သွားလဲလို့ ရနိုင်သည်။

ရှုရွှမ်းရဲ့လက်ထဲက လက်မှတ်များက သူ့ဆရာ ပေးလိုက်သည့် လက်မှတ်များသာ ဖြစ်သည်။ အချို့ကို ကန့်သတ်ထားသော နေရာတွင်သာ သုံးလို့ရပြီး အချို့ကိုတော့ တစ်နိုင်ငံလုံးမှာ လဲလို့ ရနိုင်သည်။ သူက ထိုလက်မှတ်များကို လဲလှယ်ပြီးမှသာ သုံးလို့ ရနိုင်မည်။

ထိုအချိန်မှာပဲ သူတို့နှစ်ယောက်လည်း စျေးဝယ်လို့ ပြီးသွားကာ ဝမ့်ရင်းတွင် ပလက်စတစ်အနံ့ရသော ရေနွေးဗူး အနီတစ်ဗူး၊ သားရေဖိနပ်တစ်ရံ၊ အစွန်းနားတွင် အနည်းငယ် ဖွာနေသော အပြာရောင် ကုတ်အင်္ကျီနှစ်ထည်နှင့် အရောင်အသွေး စုံလင်သော အဝတ်များစွာကိုလည်း ဝယ်ယူခဲ့သည်။

အိုး၊ သူမရဲ့လည်ပင်းမှာလည်း အိတ်ဆောင်နာရီ တစ်လုံးကို ဆွဲထားသေးတယ်။

သမဝါယမ စျေးထဲမှာတောင် ဒီလို ပစ္စည်းတွေ အများကြီးဝယ်တဲ့ သူမျိုးက မြင်ရခဲတယ်။

ရှုရွှမ်းက သူတို့ကို တစ်ချက်ကြည့်လိုက်ကာ ပြောခဲ့သည်။ “ဖရုံစေ့နဲ့ သကြားလုံးတွေကိုတော့ နောက်မှပဲ ဝယ်တော့မယ်။ မင်းလိုတာရှိသေးလား ဆိုတာကို တစ်ချက်လောက် စဥ်းစားကြည့်ဦး။ ရှိရင် ငါ့စက်ဘီးနဲ့ အဲ့ကို ခေါ်သွားပေးမယ်။”

ဝမ့်ရင်းက အသက်မပါပဲ ပြောခဲ့သည်။ “ရှင့်ရဲ့ လက်မှတ်တွေ အကုန်လုံးကို သုံးလိုက်ပြီလား။”

ရှုရွှမ်းက အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။ “မကုန်သေးဘူး။ ငါက နောက်ထပ် သိုးအရေခွံနဲ့ လုပ်ထားနဲ့ ဦးထုပ်မျိုး ဝယ်ချင်သေးတာ။ ဒါပေမယ့် ကံမကောင်းဘဲ အဲ့ဦးထုပ်တွေက ကုန်သွားပြီတဲ့။”

ဝမ့်ရင်းက ပိုက်ဆံသုံးတဲ့သူ မဟုတ်ရင်တောင်မှ ထိုသိုးမွှေး ဦးထုပ်များက စျေးမပေါဘူးဆိုတာ သိနေခဲ့သည်။

ထိုပစ္စည်းများကို မြို့တော်တွင်သာ ထုတ်လုပ်သည်။ ထိုကဲ့သို့သောပစ္စည်းမျိုးကို မြို့မှာ ဝယ်ယူရဖို့တောင် ခက်ခဲပြီး ပစ္စည်းတစ်မျိုးကို ယွမ်ပေါင်းများစွာ ပေးရသည်။

“ရှင်ပိုက်ဆံတွေ စုထားသင့်တယ်နော်။ ကျွန်မတို့က ဆောင်းတွင်းမှာ အပြင်ထွက်စရာလည်း သိပ်ပြီး ရှိမှမရှိတာ။ အဲ့ဒါကြောင့် ဦးထုပ်က ဝယ်ဖို့ မလိုလောက်ဘူးနော်။”

သို့သော် ဝမ့်ရင်းက သူမရဲ့ အစီအစဥ်ကို ပြောပြခဲ့သည်။ “ရှင့်မှာ စက်ရုံအတွက် လက်မှတ်တွေ ကျန်သေးလား။”

ရှုရွှမ်းက ခေါင်းငြိမ့်ပြခဲ့သည်။ “နောက်ထပ် လေးစောင်လောက် ကျန်သေးတယ်။”

ဝမ့်ရင်း - “ထားလိုက်ပါတော့။ မလောက်ရင်လည်း အဲ့ဒါကို အရောင်းဝန်ထမ်းနဲ့ပဲ လဲလိုက်ကြတာပေါ့။”

သူမက ရှုရွှမ်းအား ကောင်တာကို ခေါ်သွားကာ တင်ထားသော ဓာတ်မီးအား ညွှန်ပြကာ ပြောခဲ့သည်။ “ဒါက ဘယ်လောက်လဲ။”

ဓာတ်မီးရောင်းသည့် ကောင်တာသည် အကြီးဆုံး ဖြစ်သည်။ အထဲရှိ မီးသီးမှာ မီးရောင်တောင်သည့် မီးသီးမျိုးဖြစ်ပြီး လေးမည့်ပုံရသည်။

အရောင်းဝန်ထမ်း - “တစ်လုံးကို သုံးဆယ်။”

ဓာတ်မီးများမှ စျေးကြီးပြီး တောက်ပသော သံအဖုံးများ၊ ကြီးပြီး လုံးဝန်းသည့် ပြောင်းပုံစံနှင့် ဆိုဒ်အကြီးဆုံး နံပါတ်တစ် ဘက်ထရီကို သုံးထားသည်။ ကျေးလက်ဒေသကို မဆိုထားနှင့် မြို့က လူတွေ အများစုမှာတောင် မရှိကြပါ။

ဝမ့်ရင်းက အတော်လေး စိတ်မချမ်းမသာ ဖြစ်နေသော်လည်း သူမကတော့ ထိုဓာတ်မီးကို ဝယ်ဖို့အတွက် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။

ဝမ့်ရင်းသည် ရှုရွှမ်းနှင့် အတူရှိပြီးနောက် သူသည် နိုင်ငံပိုင် အဆင့်ရှိသော ဟိုတယ်တွင်သာ နေထိုင်ပြီး တပ်မဟာထဲ ပြန်ခဲသည်ကို သူမ သိခဲ့ရသည်။ အထူးသဖြင့် အမျိုးသမီးကြီးရှုသည် ကျန်းမာရေးကောင်းပြီး အိမ်မှာရော အပြင်မှာပါ တည်တည်ငြိမ်ငြိမ် ရှိသည့်အတွက် ဘာပြဿနာမှ မဖြစ်ခဲ့ပါ။

သို့သော် ရှုမင်းရဲ့ကိစ္စ ဖြစ်ပြီးသည့်နောက် ညသန်းခေါင် အချိန်တွင် အိမ်တံခါးအား တစ်ယောက်ယောက်က လာခေါက်မည်ကို ရှုရွှမ်းတစ်ယောက် ကြောက်နေခဲ့သည်။ ထို့အပြင် မစ္စရှုက အသက်ကြီးပြီဖြစ်ပြီး မိသားစုနောက်ခံ မကောင်းသော သားတစ်ယောက်လည်း ရှိနေခဲ့သည်။ ရှုရွှမ်းသည် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ သူတို့ကို ပြဿနာရှာမည်ကို စိုးရွံ့နေခဲ့ရသည်။ ထို့ကြောင့် သူသည် အခုချိန်တွင် တပ်မဟာထဲသို့ ညတိုင်း ပြန်ကာ နေ့ခင်းပိုင်းဆို ဟိုတယ်ရှိ အလုပ်ထံ အမြန်ပြေးရသည်။

သူသည် ဝမ့်ရင်းနှင့် အခြေကျပြီးနောက် မနက်ဆို အိမ်ပြန်ပြီး ညနေဆို ဝမ့်ရင်းအတွက် စားစရာများ ယူလာပေးခဲ့သည်။

ဝမ့်ရင်းသည် သူမက ဓာတ်မီးတစ်လက် လိုအပ်သည်ဟု ခံစားခဲ့ရသည်။ အနည်းဆုံးတော့ တောင်တက်လမ်း၌ ပိုပြီး လုံခြုံလိမ့်မည် ဖြစ်သည်။

“ဒါပဲလေ။ ကျွန်မတို့မှာ လက်မှတ်လေးစောင် ရှိတယ်။ ကျန်တဲ့ ဓာတ်မီးတစ်လက်ကို ကျွန်မတို့အတွက် လဲပေးလို့ရနိုင်မလား။”

အရောင်းဝန်ထမ်းက ဝမ့်ရင်းဆီကနေ နှစ်ယွမ် ထပ်ယူကာ ဓာတ်မီးကို သူမလက်ထဲ ပေးခဲ့သည်။ ထို့နောက် ပျော်ပျော်ပဲ ပြောခဲ့သည်။ “ဒီတစ်လက်က အထဲမှာ ဓာတ်ခဲထည့်ပြီးသား။ တကယ်လို့ နောက်ပိုင်း အဲ့ဓာတ်မီးက မလင်းတော့ဘူးဆို ဓာတ်ခဲ လဲပေးလိုက်။ တကယ်လို့ ရုတ်တရက် မီးမလင်းတော့ရင် အဲ့ဒါ မီးသီး ကျွမ်းသွားလို့ပဲ။ အဲ့ကျရင်တော့ မီးသီးလဲပေး။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။

ရှုရွှမ်းက ဘာစကားမှ မပြောဘဲ အနောက်ကနေ လိုက်နေခဲ့သည်။ သူက ပိုက်ဆံထုတ်နေချိန်တွင် တစ်ခုခုကို သတိရလိုက်သော်လည်း ဝမ့်ရင်းက သူ့ကို တွန်းထုတ်ခဲ့သည်။

ဝမ့်ရင်းက ဓာတ်မီးအား ရှုရွှမ်းရဲ့လက်ထဲသို့ ထည့်ပေးခဲ့သည်။ “ဒါက ရှင့်အတွက်။”

ရှုရွှမ်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ “ဒါက ငါ့ကို ပေးတာလား။”

ဝမ့်ရင်းရဲ့နားများဟာ နီရဲလာခဲ့သည်။ “ဟုတ်တယ်လေ။ ရှင်လိုချင်လား။”

သူတို့က ပစ္စည်းများကို ဝယ်ပြီးမှသာ လိုချင်လားဟု မေးကြသည်။ သူတို့နှစ်ယောက်ရဲ့ အနောက်မှာ ရှိနေသည့် အရောင်းဝန်ထမ်းသည် စိတ်ရှုပ်ကာ အံကြိတ်ထားခဲ့သည်။

ရှုရွှမ်းက ဓာတ်မီးကို တင်းတင်းကြပ်ကြပ် ကိုင်ကာ ပြောခဲ့သည်။ “လိုချင်တာပေါ့။”

အခုက ဆောင်းတွင်းဖြစ်သော်လည်း သူတို့ နှစ်ယောက်လုံးရဲ့ နားများဟာ နီရဲနေခဲ့သည်။

ရှုရွှမ်းက လက်တစ်ဖက်နှင့် ဝမ့်ရင်းရဲ့လက်ကို ကိုင်ကာ အခြားတစ်ဖက်က ဓာတ်မီးကို ကိုင်ထားခဲ့သည်။ ထို့နောက် သူရဲ့ကျောပေါ်တွင် ဝယ်လာသမျှ ပစ္စည်းအားလုံးကို ထမ်းလာခဲ့သည်။ “လာ၊ အိမ်ပြန်ကြမယ်။”

အိမ်ပြန်လမ်းက ထုံးစံအတိုင်း လူထူနေသည်မှာ ပြောဖို့တောင် မလိုခဲ့ပါ။ ဝမ့်ရင်းသည် သူမဝယ်ခဲ့သည့် ပစ္စည်းကောင်းတစ်ခုမှ စက်ဘီးတစ်စီးပဲဟု တွေးနေခဲ့သည်။ အဲ့လိုမှ မဟုတ်ရင် သူမသည် မြို့ကို သွားသည့်အချိန်တိုင်း လူများကို တိုးသွားရမည် ဖြစ်ပြီး တကယ်ကို စိတ်ညစ်ဖို့ကောင်းသည်။

ရှုရွှမ်းက ဝမ့်ရင်းကို ကားထဲကနေ ခေါ်ပြီး သူမကို အရင် အိမ်ပြန်ဖို့မပြောဘဲ စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။

All Chapters