← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

အဖွဲ့ထဲသို့ စက်ဘီးစီးပြီး ပြန်သည့်ရက်တွင် အဖွဲ့ထဲမှာ လူတွေက လှုပ်လှုပ်ယွယွ ဖြစ်နေခဲ့ကြသည်။

ဒါ ရှန်လိရဲ့ ခုနစ်ခုမြောက် တပ်မဟာမှာရှိတဲ့ ပထမဆုံး စက်ဘီးပဲ။

အဲ့ဒါကိုဝယ်တဲ့သူက တပ်မှူး ထျန်းယိုဖုတောင် မဟုတ်ဘူး။

ရှုရွှမ်းက ဝမ့်ရင်းအိမ်သို့ လာသည့် လမ်းတစ်လျှောက်လုံးမှာ စက်ဘီးကို စီးလာခဲ့ပြီး အနောက်ကနေ ကလေးများကလည်း ပါလာခဲ့သည်။ အသက်ကြီးသည့် ကလေးများက အဲ့လိုလုပ်ရန် ရှက်နေကြသော်လည်း ကလေးလေးများကတော့ ဘာကိုမှ ဂရုမစိုက်ခဲ့ဘဲ သူတို့ရဲ့မျက်လုံးများမှာ တောက်ပနေခဲ့သည်။ သူတို့က စက်ဘီးကို ထိကြည့်ချင်သော်လည်း ရှုရွှမ်းက ခွင့်မပြုမှာကို စိုးရိမ်နေခဲ့ကြသည်။

တောက်ပနေသည့် လက်ကိုင်တန်းများ၊ ခိုင်ခံ့သော စက်ဘီးရဲ့ကိုယ်ထည်နှင့် ကြီးပြီး တောက်ပနေသော ဘီးများက လူတိုင်းကို အားကျစေခဲ့သည်။

“ရှုရွှမ်းတို့မိသားစုက တကယ်ကို ချမ်းသာတာပဲ။ သူတို့က ဒီစက်ဘီးကိုတောင် ချက်ချင်း ဝယ်လိုက်ကြတာ။”

“ကျွတ်၊ ကျွတ်… ဘယ်လောက်တောင် ကြည်နူးဖို့ ကောင်းလိုက်လဲ။”

“ဒါက ဝမ့်ရင်းအတွက်လား။ ဘာလို့ သူက ဒါကိုစီးပြီး ဝမ့်ရင်းအိမ်ကို တည့်တည့်ကြီး သွားနေရတာတုန်း။”

“ဘယ်လိုပဲဖြစ်ဖြစ် သူက လက်ထပ်ပြီးရင် မိသားစုထဲကို ဝင်ရမှာပဲလေ။ အဲ့ဒါကြောင့် ဒါကို ဝမ့်ရင်းဆီ ပေးလိုက်တာက သူ့ကိုယ်သူ ပေးလိုက်တာနဲ့ တူတူပဲလေ။”

“ရှုမိသားစုက ဒီကလေးက တကယ်ကို အံ့သြစရာပဲ။ သူ့ရဲ့ ကျောထောက် နောက်ခံကြောင့်လည်း အာရုံစိုက်ခံရသေးတယ်။”

…..

ဝမ့်ရင်းက စက်ဘီးလက်ကိုင်ကို ကိုင်လိုက်သည်။ ထိုစက်ဘီးက ယွမ်တစ်ရာ့ငါးဆယ် တန်ဖိုးရှိသည်။

“စီးမှသာ စီးလိုက်ပါ။ နောက်ပိုင်း မြို့ပေါ်တက်ပြီး သကြားလုံးတွေဘာတွေ ဝယ်ဖို့ မရှိဘူးလား။”

တကယ်တမ်း ဝမ့်ရင်း ပြောချင်သည်မှာ ရှုရွှမ်းရဲ့ “လှည့်ကွက်လေး”ကိုသာ ဖြစ်သည်။ စက်ဘီးတစ်စီး ရှိနေတာက သေချာပေါက် ပိုပြီး သက်တောင့်သက်သာ ရှိစေလိမ့်မည်။

ရှုရွှမ်း - “နှစ်ယောက်လုံးအတူတူ စီးကြရအောင်။”

ဝမ့်ရင်းက အလွတ်တမ်း ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပြီး မကြာခန မြို့ကိုသွားဖို့အတွက်လည်း ခွင့်ပြုချက် ရခဲ့သည်။

ဝမ့်ရင်းက ခနလောက် တွေးမိပြီး ပြောခဲ့သည်။ “ဒါဆို ကျွန်မတို့ နောက်အပတ်ကြရင် ထပ်ပြီး သွားကြမယ်လေ။ ကျွန်မမှာရှိတဲ့ ဆေးပင်တွေကို သွားပို့ရဦးမှာ။”

သူမသည် ဆေးပင်များကို တက်နိုင်သလောက် ရောင်းကာ ဒီလအတွက် ဆေးပင်အချို့ကိုလည် စုထားရဦးမည် ဖြစ်သည်။ အကြောင်းမှာ ဒီလကုန်ရင် တောင်တက်လမ်းကို ပိတ်တော့မှာဖြစ်ပြီး ဘယ်သူကမှ တောင်ပေါ်သို့ သွားနိုင်တော့မည် မဟုတ်ပါ။

ရှုရွှမ်း - “ကောင်းပြီလေ။”

သူတို့နှစ်ယောက်က တစ်ချိန်လုံး ကောင်းကောင်းမွန်မွန် ရှိနေကြကာ အခြားသူတို့၏ မျက်လုံးထဲတွင် သူတို့က လိုက်ဖက်သော စုံတွဲအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဘေးအခန်းရှိ ဝမ့်ယုံရွှင်းတို့က အတော်လေး မကျေမနပ်ဖြစ်ကာ သူတို့ရဲ့ရင်ထဲမှာ မအီမသာ ဖြစ်နေခဲ့သည်။

ဝမ့်ရင်းရဲ့ဘဝမှာ ကောင်းသည်ထက် ကောင်းလာပြီး သူတို့ရဲ့ ဘဝတွေကတော့ ဆိုးသည်ထက် ဆိုးလာခဲ့သည်။

လီချွန်းကျင်က ပွစိပွစိလုပ်ကာ ကျိန်ဆဲနေခဲ့ပြီး ဝမ့်ယုံရွှင်းကိုလည်း အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။

“ဒီလောက်ဆို တော်လောက်ပြီ။ မင်း ငါ့ကိုဆက်ပြီး ဆူနေလည်း အဲ့စက်ဘီးက မင်းအပိုင် ဖြစ်လာမှာ မဟုတ်ဘူး။ ထင်းတွေစုဖို့ကိုပဲ တွေးတာက မင်းအတွက် ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ မကြာခင် ငါတို့က စားစရာတွေ လိုက်ဝေပေးရတော့မှာ။”

ဒါဟာ တပ်မဟာထဲတွင် လုပ်နေကြ အရာဖြစ်သည်။ ထိုနေရာဟာ စပါးထုတ်လုပ်သည့် နေရာဖြစ်သည်။ နှစ်တိုင်း အရင်ဆုံး သူတို့ကပဲ စပါးများကို ဝေပေးလေ့ရှိသည်။ ဆောင်းတွင်းအတွက် လုံလောက်သော ပမာတစ်ခုကို ဝေပေးသည်။ ထို့အပြင် ဆောင်းတွင်းကာလ အတွင်းမှာလဲ ထပ်ပြီး ဝေပေးလေ့ ရှိသေးသည်။

ဒါဟာ မတူညီသော နေရာများမှ စားနပ်ရိက္ခာ အသုံးစရိတ်များကို ညှိပေးနိုင်ရုံသာမက ရိက္ခာများကို အကုန်လုံး စားပစ်ဖို့ တွေးနေသည့် အချို့သော မိသားစုများထံမှ ကာကွယ်ပြီးသားလည်း ဖြစ်သည်။

ဆောင်းတွင်းတွင် တောင်တက်ခွင့် ပိတ်သွားသည့်အခါ သူတို့က ငတ်လို့သေရင်သေ၊ ဒါမှမဟုတ် အေးခဲပြီး သေကြရလိမ့်မည် ဖြစ်သည်။

ရိက္ခာများ ဝေပေးပြီးနောက် တပ်မဟာက တောင်ပေါ်တွင် တောဝက်များကို အမဲလိုက်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကြလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ အိမ်ထောင်စုတိုင်းကလည်း ထင်းကောက်ရင်း အလုပ်ရှုပ်နေကြလိမ့်မည်။

သူတို့တွေ ဆောင်းတွင်းမှာ မီးလင်းဖိုတွေကို အပူပေးဖို့ လိုသည်။ အဲ့အတွက် ငါတို့တွေ ထင်းတွေ လုံလုံလောက်လောက် ရှိနေဖို့ လိုသည်။

သူတို့မှာ ပစ္စည်းတွေ လုံလုံလောက်လောက် မရှိရင် ဆောင်းတွင်းမှာ အဲ့ဒါတွေကို အပိုအနေနဲ့ သုံးလို့ရသည်။ နေ့ပိုင်းမှာဆို ငါတို့တွေက အခြား အိမ်တွေဆီသွားပြီး မီးသွေးတွေ သွားလုပ်လို့ရသည်။ ညပိုင်းဆိုရင်တော့ သူတို့တွေက အိမ်ပြန်ပြီး မီးလင်းဖိုကို အပူပေးကြသည်။

မီးသွေးအကြောင်း ပြောနေတော့မှ၊ အရှေ့ပိုင်းက မီးလင်းဖိုတွေက မီးသွေးတွေ သုံးလို့မရဘူး။ ဒါပေမယ့် သူတို့ လှောင်ထားတဲ့ မီးလင်းဖိုက သံပြားတွေနဲ့ပဲ သုံးလို့ရတာ။

ဆောင်းတွင်း အေးတဲ့အချိန်မှာဆို ဆောင်းတွင်း တစ်တွင်းလုံး အဲ့မီးလင်းဖိုနဲ့ နေလို့မရပေ။ အခြား မိသားစုတွေဆီ သွားလည်ပြီး သူတို့နဲ့အတူတူ မီးဖိုတွေနား လိုက်ကြည့်တယ် ဆိုတာကလည်း ဆောင်းတွင်းမှာ အရေးတကြီး လုပ်ရမယ့် အရာတွေပင်။

ဝမ့်ယုံရွှင်း - “ ဒီနှစ်ဆောင်းတော့ လျှော့ဝယ်ကွာ။ ပြီးရင် ဒါတွေကို အရန်အနေနဲ့ပဲ သုံးတော့။ ပြီးရင် ရေနံဆီ မီးအိမ်တွေကို ပိုဝယ်ရမယ်။ ဘာလို့လဲဆိုတော့ ယောင်ကျုံးပြန်လာရင် စာဖတ်ဖို့က အဲ့ဒါတွေကို လိုလိမ့်မယ်။”

လီချွမ်းကျင်က လက်ကို အရှေ့သို့ ဆန့်ထုတ်ကာ တောင်းခဲ့သည်။ “ပိုက်ဆံရော။”

ဝမ့်ယုံရွှင်းက သူသည် ပိုက်ဆံကို ဖွက်ထားပြီး သူမကို ဒီအကြောင်း မပြောသည့်အတွက် လီချွမ်းကျင်က မပျော်မရွှင် ဖြစ်နေကြောင်းကို သူသိနေခဲ့သည်။ ဒီကိစ္စအတွက် ဘယ်သူကမှ အပြစ်တင်လို့ မရပါ။ သို့သော် ထိုကိစ္စအကြောင်းလည်း ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ပါ။ ထို့ကြောင့် အခုချိန်တွင် သူတို့ လင်မယားက ထိုကိစ္စကြောင့် ရန်ဖြစ်နေကြပြီး သူ့လုပ်ရပ်ကလည်း မှန်မနေခဲ့ပါ။

“ငါအဲ့အတွက် မင်းကို ပေးပါ့မယ်။”

ဝမ့်ယုံရွှင်းက ယွမ်နှစ်ဆယ်ကို ထုတ်ပေးကာ လီချွမ်းကျင်အား ပေးခဲ့သည်။ သူသည် ထိုပိုက်ဆံကို ထုတ်နေချိန်မှာ ရင်တွေ တုန်နေခဲ့သည်။ အခုဆိုရင် သူ့မှာ ယွမ် ၁၈၀ သာ ကျန်တော့သည်။

သူက သက်ပြင်းချကာ ပြောခဲ့သည်။ “ယောင်ကျုံးက ဘယ်လို အလုပ်တစ်ခုကို ရှာလို့ရတော့မှာလဲ။”

ဝမ့်ယုံရွှင်းက သနားစရာ အခြေနေတွင် ရှိနေခဲ့သည်။ သို့သော် ဝမ့်ရင်းနှင့် ရှုရွှမ်းမှာတော့ အရာရာက အဆင်ပြေနေခဲ့သည်။

ရှုရွှမ်းက လက်ထပ်ပြီးရင် အရမ်း နောက်ကျသွားမှာကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက အရာအားလုံးကို မင်္ဂလာပွဲ၊ နှစ်သစ်ကူးနှင့် ဆောင်းတွင်းအတွက် တစ်ခါတည်း ဝယ်ထားခဲ့သည်။ သူသည် မီးသွေးချည်းပဲ ယွမ် ၄၀ ဖိုး ဝယ်ထားခဲ့ပြီး တစ်ဝက်ကို အမျိုးသမီးကြီးရှုထံ ပို့ပေးခဲ့သည်။ တစ်ဝက်ကိုတော့ ဝမ့်ရင်းရဲ့အိမ်ကို ပို့ပေးခဲ့သည်။

သူသည် ထင်းကောက်ရမှာ ပျင်းသည့်အတွင် နည်းနည်းချင်းသာ ကောက်ထားခဲ့သည်။ တစ်ရက်မှာတော့ သူသည် သူ့အဒေါ်ရဲ့ အစ်ကိုနှင့် တောင်ပေါ်သို့ တက်သွားခဲ့သည်။ ထင်းခုတ်သမားများနှင့် ပစ္စည်းသယ်သူများက ကိုယ့်အလုပ်ကိုယ် လုပ်နေကြပြီး ထင်းစည်းများကို အချိန်မှီ စုဖို့အတွက် စီစဥ်ထားကြသည်။

သူမ ဝယ်လာသော အထည်များကို ချုပ်ဖို့အတွက် အချိန်မလောက်ခဲ့ပါ။ ထို့ကြောင့် အမျိုးသမီးကြီးရှုက သူ့အလုပ်ကို ကူလုပ်ပေးခဲ့သည်။ အခုဆိုရင် သူမက အင်္ကျီနှစ်စုံကို ချုပ်ပေးခဲ့ပြီး မင်္ဂလာပွဲအတွက် လုံလောက်သွားခဲ့သည်။ ဆောင်းတွင်း၌ သူမ ဘာမှလုပ်စရာ မရှိသည့်အချိန်တွင် အေးအေးဆေးဆေး အနားယူတော့မည် ဖြစ်သည်။

အမျိုးသမီးကြီးရှုက တစ်ယောက်ယောက်ကို ချည်အသစ်များ လဲဖို့ ပြောခဲ့ပြီး ဝမ့်ရင်းအတွက် ချည်အနွေးထည် နှစ်စုံနှင့် ဘောင်းဘီများကို ယူလာရန် ပြောခဲ့သည်။

ထိုနေ့ ဝမ့်ရင်းတစ်ယောက် အိပ်ရာထချိန်မှာ ချမ်းလို့ ခိုက်ခိုက်တုန်နေခဲ့သည်။ ရာသီဥတုကလည်း မြူထူကာ အေးစက်နေပြီး နှင်းကျတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

ရှုရွှမ်း - “ အဲ့ဒါက အစောကြီးပဲ ရှိသေးတယ်။ အဲ့ချိန် နှင်းကျရင်တောင် အရမ်းတော့ နှင်းထူမှာ မဟုတ်ဘူး။”

ဒါက နိုဝင်ဘာလ အစပဲ ရှိသေးတာ။ နောက်လလောက်ထိ နှင်းထူဦးမှာ မဟုတ်ပေ။

ဝမ့်ရင်းက ရှုရွှမ်းရဲ့ စက်ဘီးအနောက်ကနေ ထိုင်ကာ ရှုရွှမ်းကလည်း သူမရဲ့ မျက်နှာနှင့် ခေါင်းကို မာဖလာဖြင့် သေသေချာချာ ပတ်ပေးခဲ့ပြီး သူမကလည်း အလားတူ ပြန်လုပ်ပေးကာ မျက်လုံးလေးပဲ ဖော်ထားခဲ့သည်။

ဒီနေ့မှာတော့ သူတို့နှစ်ယောက်က သကြားလုံးဝယ်ဖို့ မြို့ကို သွားခဲ့ကြသည်။ မင်္ဂလာပွဲအတွက် ရှုရွှမ်းက အားလုံးနီးပါးကို စီစဥ်ပြီးသား ဖြစ်နေခဲ့သည်။ ပရိဘောဂ ပစ္စည်းများကလည်း နောက်အပတ်ဆို ရတော့မည် ဖြစ်ပြီး အခြားသော ပစ္စည်းများကလည်း အဆင့်သင့်နီးပါး ဖြစ်နေခဲ့သည်။ ကျန်သေးသော ပစ္စည်းများမှာ အသား၊ ပန်းကန်နှင့် မင်္ဂလာပွဲအတွက် သကြားလုံးများသာ ကျန်တော့သည်။

ရှုရွှမ်း - “အသားအတွက်တော့ အလောတကြီး လုပ်ဖို့ မလိုပါဘူး။ တပ်မဟာထဲက လူတွေက တောဝက်တွေ အမဲလိုက်ဖို့ တောင်ပေါ်ကို တက်သွားကြတယ်။ သူတို့ ပြန်လာလို့ ပိုက်ဆံပိုပေးလိုက်ရင် တောဝက်သားတွေ ထပ်ပြီး ရလာလိမ့်မယ်။ အဲ့ဒါအပြင် တပ်ဘက်ကလည်း ဝက်သားတွေ ပေးဦးမှာဆိုတော့ လောက်မှာပါ။ အရွက်တွေ အတွက်ကတော့ ပြင်ဆင်ဖို့ အမေ့ကို သွားမေးခိုင်းလိုက်မယ်။ ဘာလို့လဲဆိုတော့ အဲ့မှာက သီးပင်စားပင်တွေ စိုက်တဲ့သူတွေ အများကြီး ရှိတယ်။”

ကျန်တာဆိုလို့ သကြားလုံးတွေနဲ့ ဖရုံစေ့တွေပဲ ကျန်တော့တယ်။ အဲ့ဒါတွေက မင်္ဂလာပွဲအတွက်တင် မကဘူး တရုတ် နှစ်သစ်ကူးပွဲအတွက်ပါ သုံးလို့ရသည်။

ဝမ့်ရင်းသည် ရှုရွှမ်းရဲ့ အနွေးထည်က အိတ်ကပ်ထဲသို့ သူမလက်ကို ထည့်လိုက်ပြီး ဆောင်းလေအေးထဲကနေ မြို့ကို အမြန် သွားနေခဲ့သည်။

တပ်မဟာထဲက မင်္ဂလာဆောင်များတွင် အများဆုံး သုံးသည့် သကြားလုံးမှာ သစ်တော်သီးပုံစံ စျေးပေါသည့် သကြားလုံးများကို သုံးကြသည်။ အနည်းငယ် စျေးကြီးသည့် သကြားလုံးများမှာ ဖြူပြီး မာကျောသော သကြားလုံးများဖြစ်ပြီး မြို့ကလူတွေ အများစုက သကြားလုံးများကို အရောင်မျိုးစုံလုပ်ကာ သုံးကြသည်။ ထိုသကြားလုံးများ တည်ခင်းသည့်အခါ အတော်လေးကို ကြည့်ကောင်းသည်။

ဧည့်သည်များကို ဖျော်ဖြေဖို့အတွက်တော့ စျေးကြီးသည့် သကြားလုံးများကို ဘယ်သူကမှ သုံးကြလိမ့်မည် မဟုတ်ပါ။ နို့သကြားလုံးနှင့် ပုစွန်ပုံစံ သကြားလုံးများကို ချမ်းသာသော မိသားစုများက သူတို့ သားသမီးများ စိတ်ကျေနပ်စေဖို့ အတွက်သာ ဝယ်ကြသည်။ အရွယ်ရောက်ပြီးသား သူတွေကတော့ ထိုသကြားလုံးများကို မစားရဲကြပါ။

ရှုရွှမ်းက ထိုကိစ္စကို အလျှော့မပေးဘဲ တင်းခံထားဖို့ မရည်ရွယ်ခဲ့ပါ။ ထို့ကြောင့် သူက သစ်တော်သီးအရသာ သကြားလုံးနှင့် အဖြူရောင် သကြားလုံးများအပြင် ရောင်စုံ သကြားလုံးများကိုလည်း အနည်းငယ် ဝယ်လာခဲ့ကာ ထိုသုံးမျိုးလုံးကို ရောထားဖို့အတွက် ပြင်ဆင်နေခဲ့သည်။ သို့မှသာ လူတွေရဲ့ အမြင်ကို ဖမ်းစားနိုင်ပြီး အထင်ကြီးသွားကြလိမ့်မည် ဖြစ်သည်။

ထို့နောက်သူက စျေးကြီးသော သကြားကို သုံးပေါင် ဝယ်ခဲ့သည်။

ဆောင်းတွင်းတွင် အေးပြီး လူတွေက အလွယ်တကူ ဗိုက်ဆာကြသည့်အခါ အားအင်များစွာကို အသုံးပြုကြရသည်။ အိမ်မှာ သကြားကို ဆောင်ထားသင့်ပြီး အချိုဓာတ်က ဗိုက်ဆာတာကို သက်သာစေသည်။

ထို့အပြင် ရှုရွှမ်းသည် ဝမ့်ရင်းက ငါးချိုချဥ်ကို သီးသန့် မှာဖူးတာကို သတိရနေဆဲ ဖြစ်ကာ ဝမ့်ရင်းက အချိုကြိုက်တယ်ဟု သူ တွေးမိခဲ့သည်။

သူတို့နှစ်ယောက်လုံးက သကြားလုံးများ၊ ဖရုံစေ့များနှင့် အခြား ကုန်ပစ္စည်းများကို ဝယ်ယူကာ နှင်းမကျခင်မှာ အိမ်ပြန်ခဲ့ကြသည်။

စက်ဘီးကို မြန်မြန် နင်းနေခဲ့သည်။ ဝမ့်ရင်းက သူမရဲ့ မျက်နှာကို ကာထားပြီး ပါးစပ်ထဲမှာလည်း သကြားလုံးကို စားနေခဲ့ကာ နှစ်ယောက်လုံးက အတော်ကို ကြည်နူးနေခဲ့ကြသည်။ သူတို့သည် လမ်းတစ်ဖက်ရှိ အသက်ကြီးကြီး မိန်းမနှစ်ယောက်ကိုတောင် သတိမထားခဲ့ကြပါ။

ဝမ့်လင်းလင်းကို အတော်ကိုပိန်ကာ တုတ်ချောင်း တစ်ချောင်းနှင့်တောင် တူနေခဲ့သည်။ အမျိုးသမီးကြီး မစ္စကျောက်က သူမကိုယ်သူမ ပဝါအထူကြီး ပတ်ထားကာ ဝမ့်လင်းလင်းကို ဆူနေခဲ့သည်။

“နင့်ကိုယ်နင်လည်းကြည့်ဦး။ နင်က ဘာကိုများ ဖြစ်မြောက်အောင် လုပ်နိုင်လို့လဲ။ မြို့ထဲကို ဝင်လို့တောင် အဖမ်းက ခံလိုက်ရသေးတယ်။ နင်က ဘာကိုမှ စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်သလို ဘယ်တော့မှလည်း အောင်မြင်တယ်လို့ကို မရှိဘူး။ နင့်ကို ယူမိတာ ငါ့သား ကံဆိုးတာပဲ။ အိမ်မှာကျ ရိုင်းစိုင်းပြီး အပြင်မှာကျ ပြဿနာရှာနေတာ။”

“နင်က ရူးနေတာ။ နင့်ကို ဖမ်းထားတဲ့အချိန် ထွက်ပြေးဖို့တောင် မကြိုးစားခဲ့ဘူး။ ပြီးတော့ နင်က ငါ့သားကို ခေါ်ပြီး မေးဖို့တောင် တွေးလိုက်သေး။”

“ငါ့သားလေး စန်းကျိက တပ်ထဲမှာ အရမ်းကို အလုပ်ရှုပ်နေတာ။ နင့်ကို လာခေါ်ဖို့အတွက် ငါ့ကို အခြားသူတွေက လာပြောနေလို့နော်။”

“နင်ပြန်ရောက်ရင် ဘာမှ မစားရဘူး။ ရက်ပိုင်းလောက် အငတ်နေပြီး ကိုယ့်လုပ်ရပ်ကိုယ် ပြန်တွေးနေ။”

ဝမ့်လင်းလင်းရဲ့မျက်နှာမှာ ဘာပြောရမလဲမသိ ဖြစ်နေခဲ့သည်။ သူမသည် ဘေးက ဖြတ်သွားသော စက်ဘီးတစ်စီးကိုသာ ငေးကြည့်နေခဲ့သည်။ ထိုစက်ဘီးပေါ်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရှိနေသည်။ နှစ်ယောက်လုံးက သူတို့ရဲ့ မျက်နှာများကို သေချာ အုပ်ထားသည်။ မိန်းမက သူ့ရဲ့လက်ကို အမျိုးသားရဲ့ အိတ်ကပ်ထဲမှာ ထည့်ထားခဲ့သည်။ အမျိုးသားကလည်း သူ့အနောက်မှာ ရှိနေတဲ့ အမျိုးသမီးကို လေတိုးမဝင်အောင် ကပ်ထားခဲ့သည်။

ဒါဟာ သူမ မျှော်လင့်ထားခဲ့ဖူးသော ဘဝမျိုးဆိုတာ သိသာနေခဲ့သည်။

စွဲမက်ဖို့ကောင်းပြီး လှတာအပြင် မင်းကို အဲ့လူက ချစ်နေဖို့လည်း လိုသေးသည်။

တကယ့် လက်တွေ့မှာက ဘယ်လိုမျိုးလဲ။

သူမ အဖမ်းခံရပြီးနောက် နှစ်ရက်လောက် ဆာလောင်နေခဲ့ရသည်။ အစတုန်းက သူမသည် ယောက်ျား မိသားစုဘက်က တစ်ယောက်ယောက်က သူမကို လာတွေ့ပြီးနောက် ပြန်လို့ရမယ်ဟု တွေးနေခဲ့သည်။ သို့သော် သူမ စခန်းမှာ တစ်ပတ်လောက် ထိန်းသိမ်းခံထားရပြီး ဘယ်သူကမှ သူမကို တွေ့ဖို့ မလာကြောင်းကို ရဲသားတစ်ယောက်က လာပြောခဲ့သည်။

ဝမ့်လင်းလင်းက ထိုအရာများကို ထပ်ပြီး မခံစားနိုင်တော့ပါ။ ထို့ကြောင့် သူမက တပ်မဟာထံ ကျောက်ကျွင်းရဲ့နာမည်ကို ပို့ခဲ့ပြီး အဖွဲ့ကို ဆက်သွယ်ပေးဖို့ စုံစမ်းရေးရုံကို ပြောခဲ့သည်။ တကယ်လို့ ဒါက အလုပ်မဖြစ်ရင် တပ်မဟာကို ဆက်သွယ်ခိုင်းခဲ့သည်။ ဒါကပဲ သူမဟာ လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်လိမ့်မည်။

စုံစမ်းရေးရုံးကလည်း သူမကို သံသယ ရှိနေခဲ့သည်။ ဒီလူဟာ ၇ ရက် ၈ ရက်လောက် ဒီမှာရှိနေတာတောင် ဘာတွေကို ဘာလိုပဲမေးမေး သူမဆီက ဘာစကားမှ ထွက်မလာခဲ့ပါ။ အစပိုင်းတွင် သူတို့က သူမကို လက်လွှဲမပေးချင်ဘဲ ဒီမှာသာ ထိန်းထားချင်ခဲ့သည်။ အကြောင်းမှာ သူမဆီကနေ သတင်းတစ်ခခုခုကို သူတို့က လိုချင်ပြီး ဒါဟာ သူတို့ဌာနအတွက် အောင်မြင်မှုတစ်ခုလည်း ဖြစ်လိမ့်မည်။

နောက်ဆုံးမှာတော့ သူမက ဝန်ခံဖို့ကို ငြင်းခဲ့ပြီး သူမက ဝမ့်လင်းလင်း ဖြစ်ကြောင်းကိုသာ ပြောခဲ့သည်။ သူမရဲ့ မိဘများနှင့် မောင်နှမများက ဘယ်သူလဲဆိုတာနှင့် သူမအမက ရှီးဖိုမြို့မှာ ဘယ်သူ့ကို လက်ထပ်ထားကြောင်း ဆိုတာတွေကိုပါ ပြောခဲ့သည်။

သူတို့ သူ့ကို ဒီမေးခွန်းတွေ ထပ်ခါ ထပ်ခါ မေးပြီးပြီ။ တစ်ချိန်လုံး ဒါတွေကိုပဲ ဖြေနေတာ။

နောက်ဆုံးမှာတော့ စုံစမ်းရေးရုံးသည် လူမှားဖမ်းမိပြီး ဒိကိစ္စမှာ ပါဝင်သွားမည်ကို စိုးရိမ်သွားကြသည်။ ထို့ကြောင့် သူတို့က အဖွဲ့နှင့် တပ်မဟာကို ခေါ်ပြီး ဝမ့်လင်းလင်း ဖြစ်ကြောင်းကို အတည်ပြုခဲ့သည်။

စစ်ဆေးတဲ့သူကလည်း မှားနေသည်ဟု ခံစားခဲ့ရသည်။ “ဘာလို့ နင့်မိသားစုထဲက လူတစ်ယောက်လောက်က နင့်ကိုကြည့်ဖို့ မလာကြတာလဲ။”

တကယ်လို့ တစ်ယောက်ယောက်ကလာပြီး အခြေအနေကို ရှင်းပြရင်တောင် သူတို့က ချက်ချင်း လွှတ်ပေးကြမှာ။

ဒီတစ်ကြိမ်မှာတော့ သူတို့က တကယ့် တပ်သားတစ်ယောက်ရဲ့ ဇနီးကို ဖမ်းမိခဲ့ကြခြင်း ဖြစ်သည်။

စုံစမ်းရေးအဖွဲ့က ဝမ့်လင်းလင်းကို ထမင်းနှစ်နပ် ကောင်းကောင်း ကျွေးခဲ့သည်။ သူမက အခုထိ ပြန်ပြီး မသက်သာသေးသော်လည်း သူ့ယောက္ခမ လာသည့်အခါ သူမကို လက်လွှဲပေးရတော့မည် ဖြစ်သည်။ သူတို့က သူမ ဝင်လာတုန်းက ယူလာသည့် အထုပ်များနှင့် ပိုက်ဆံများကိုလည်း မယူသွားခဲ့ကြပါ။ သူတို့က သူမကို နတ်ဘုရားတစ်ပါးလို ပြန်ပို့ပေးခဲ့ပြီး သူမ ပြဿနာတစ်ခုခု ရှာမှာကို ကြောက်နေခဲ့သည်။

သို့သော် ဝမ့်လင်းလင်းက ပြဿနာတစ်ခုခု ရှာချင်နေသော်လည်း ခွန်အား မရှိခဲ့ပါ။

အမျိုးသမီးကြီးကျောက်က ဝင်လာသည့်အခါ သူမက ချွေးမဖြစ်သူကို ဒေါကြီးမောကြီး ဆူပူနေခဲ့ပြီး ပြဿနာရှာဖို့တောင် မေ့နေခဲ့သည်။

သူတို့နှစ်ယောက်က အပြင်မှာ ရပ်နေကာ လေနှင့်အတူ နှင်းများကလည်း ကျနေခဲ့သည်။ အမျိုးသမီးကြီး မစ္စကျောက်က စိတ်မရှည်တော့ပါ။ အစတုန်းက သူမသည် တင်တောင်းငွေ မပေးရသည့် ချွေးမ တစ်ယောက်နှင့် လက်ထပ်ပေးလိုက်တာက အကြံကောင်း တစ်ခုဟု တွေးနေခဲ့သည်။

သို့သော် အချိန်တစ်ခုထိ စောင့်ကြည့်နေပြီးနောက် မစ္စကျောက်က အတော်လေးကို စိတ်မကျေနပ်တော့ပါ။

ဝမ့်လင်းလင်းက အိမ်မှုကိစ္စလည်း မနိုင်နင်းပါ။ အရင်တုန်းက သူမသည် အိမ်မှာ ဘာအလုပ်မှကို မလုပ်ခဲ့ဖူးပေ။ အိမ်မှုကိစ္စအားလုံးကို ဝမ့်ရင်းကသာ လုပ်ခဲ့ခြင်း ဖြစ်သည်။ အခုဆိုရင် သူမက ဒီအလုပ်များကို ယာယီသာ လုပ်ပြီး ဘယ်အရာကိုမှ သေသေချာချာ လုပ်ဖို့အတွက် မတွေးခဲ့ပါ။

အမျိုးသမီးကြီးကျောက်က သူမကို အထင်သေးသည်။ ဒီကောင်မလေးက ဘာကိုမှ မလုပ်တတ် မကိုင်တတ်ဘူးဟု သူမက တွေးနေခဲ့သည်။ အခုဆိုရင် သူမက အိမ်မှုကိစ္စတောင် မနိုင်နင်းဘဲ တစ်ယောက်တည်း အိုးနင်းခွက်နင်း ဖြစ်နေခဲ့သည်။

ကံကောင်းစွာဖြင့် ဒီကိစ္စက ကလေး နှစ်ယောက်အတွက် ကောင်းသွားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးကျောက်က သူမရဲ့ နှာခေါင်းကို ယောင်ကိုင်းအောင် ထိုးလိုက်သည်။

သို့သော် ထိုကိစ္စကြောင့် အမျိုးသမီးကျောက်ဟာ တကယ်ကို ဒေါသထွက်သွားခဲ့သည်။ သူမသားတွင် အောင်မြင်မည့် အနာဂတ်တစ်ခု ရှိနေသော်လည်း သူ့ဇနီးကတော့ ကိစ္စလေးတစ်ခုအတွက် တပ်မဟာထဲသို့ ဝင်သွားခဲ့သည်။ ဒါက သူမသားရဲ့ အနာဂတ်ကို သက်ရောက်မှု ရှိနိုင်ပါ့မလား။

မူးဝေနေသော ဝမ့်လင်းလင်းကို ကြည့်ရင်း အမျိုးသမီးကြီးကျောက်က အတော်လေးကို မသက်မသာ ခံစားနေခဲ့ရသည်။

All Chapters