← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ထျန်းယိုဖုသည် တပ်မဟာဘက်က နှစ်တိုင်း ဝက်ဆယ်ကောင်လုံးကို မပေးနိုင်ကြောင်း တွက်ချက်ထားပြီးသား ဖြစ်သည်။ ပေးနိုင်သော ခုနစ်ကောင် ရှစ်ကောင်ကသာ ကောင်းကောင်း မွေးမြူခံကြရသည်ဟု သတ်မှတ်လို့ ရပြီး ကျန်တဲ့ အကောင်များကိုတော့ သတ်မှတ်ထားသော အနေအထားရောက်အောင် မွေးမြူပြီး နောက်နှစ်မှ တစ်ကောင်ချင်း ပြန်ပေးရမည် ဖြစ်သည်။ ဒါဟာ ဝက်များကို မျိုးပွားပြီး ဝက်ပေါက်လေးများကို မွေးမြူကာ အကျိုးအမြတ် ယူလို့ရမည့် အခွင့်အရေးကောင်း တစ်ခုသာ ဖြစ်သည်။ ထို့အရာက တိရိစ္တာန် မွေးမြူရေး စခန်းမှ ဝက်ပေါက်များကို ဝယ်ယူရမည့် ပိုက်ဆံများကို စုထားသလို ဖြစ်သွားခဲ့ရသည်။

ကျန်ခဲ့သော ဝက်များသည် ဆောင်းတွင်းတွင် ဂရုတစိုက် မွေးမြူတာကို ခံရပြီး ပိုကောင်းသော ဝက်မများ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ထိုဝက်မများက နောက်နှစ်တွင် ဝက်ပေါက်များကို မွေးပေးနိုင်မည် ဖြစ်သည်။

ထျန်းယိုဖုက ဝက်များကို ရေတွက်ရင်း တစ်ခုခု လွဲနေပြီ ဆိုတာကို တွေ့ရှိခဲ့ရသည်။ “တစ်ကောင် ပျောက်နေတယ်။ ဘယ်သူ့ဝက်က အခုထိ ရောက်မလာသေးတာလဲ။”

ဝက်ခြံကို မပို့ခင် သူက လာပို့ထားသော ဝက်များကို အရင် ရွေးချယ်ရပေးရမည် ဖြစ်ပြီး ထို့နောက်မှသာ ထိုနေ့တွင် ပေါ်ရမည့် ဝက်များကို သတ်မှတ်ပေးရမည် ဖြစ်သည်။

ဘေးနားရှိလူများက ဟိုဟိုဒီဒီ ကြည့်ကာ တစ်ခုခုကို သတိထားမိသွားကြသည်။ “ဝမ့်ယုံရွှင်းတို့ မိသားစုက မလာကြဘူး။”

ထျန်းယိုဖုက မျက်မှောင်ကြုတ်လိုက်သည်။ အစတုန်းက သူသည် ထိုဝက်ကို ဝမ့်ရင်းအတွက် သူတို့လင်မယား နှစ်ယောက်အား ပေးလိုက်ခြင်း ဖြစ်သည်။ ဝမ့်ရင်းက ခွဲထွက်သွားသည့်အခါ ထိုဝက်ကို သူက ဝမ့်ရင်းအား မပေးခဲ့ပါ။ အကြောင်းမှာ ဝမ့်ယုံရွှင်းတို့ လင်မယားက အငြိုးထားပြီး ထိုဝက်ကြောင့်နှင့် ပြဿနာ တစ်စုံတစ်ရာ ရှာာမှာဆိုးသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့နောက် ဝမ့်ရင်းသည် တပ်မဟာဘက်ကနေ အကျိုးအမြတ်များ မရရုံသာမက ဝက်ရဲ့ တာဝန်ကိုလည်း ယူပေးရဦးမည် ဖြစ်သည်။ သို့သော် ထျန်းယိုဖုက ထိုအကြောင်းများကို ကြိုတွေးမိပြီးသား ဖြစ်သည်။ သူသည် ဝမ့်ယုံရွှင်းတို့ လင်မယားအတွက် ဝေစုဖြစ်သော ဝက်သားကို ဝမ့်ရင်းအား ပေးဖို့အတွက် စီစဥ်ထားခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် လေးစားမှုမရှိဘဲနဲ့ အဲ့ဝက်ကို ဝမ့်ရင်းဆီက ယူလိုက်တယ်တဲ့။ ပြီးတော့ လွန်ခဲ့တဲ့ ခြောက်လလောက်တည်းက အဲ့ဝက်ကို မွေးထားတဲ့သူက ဝမ့်ရင်းပဲလို့ သူကြားထားသည်။

“ဟိုမှာ လာပြီ။”

သိချင်နေသော သူများက ဟိုးအဝေးကို လှမ်းကြည့်နေခဲ့သည်။ ဝမ့်ယုံရွှင်းတို့ လင်မယားက ဝက်ကို လာပို့ခဲ့ကြသည်။ ဝက်ရဲ့အော်သံကို ဟိုးအဝေးကနေတောင် ကြားနေခဲ့ရသည်။

ထျန်းယိုဖုက ပြောချင်သည့် စကားများကို မြိုသိပ်ထားပြီး အရင်ကို ဝက်ကို ကြည့်ဖို့သာ ပြင်ဆင်ခဲ့သည်။ ဝက်များကို မြင်လိုက်ရသည့်အခါ ဒေါသထွက်သွားခဲ့သည်။

ထိုဝက်ကို ချို့ချို့တဲ့တဲ့ မွေးမြူထားသည်ကို လူတိုင်းက အတည်ပြုပေးနိုင်တာ သေချာသည်။ သူတို့သည် ဒီနှစ်များအတွင်း ဝက်ကို အခုလောက်ထိ ချို့ချို့တဲ့တဲ့ မွေးတာမျိုး မမြင်ဖူးခဲ့ကြပါ။ ဝက်က အားနည်းပြီး နုံးချိနေပုံရသည်။

ဝမ့်ယုံရွှင်းက မျက်နှာကို ပွတ်ကာ တောင်းတောင်းပန်ပန်နှင့် ပြုံးပြခဲ့သည်။ “ဒါက ဒီလိုပါ။ မကြာသေးခင်ကမှ အိမ်မှာလည်း အရမ်းတွေ အလုပ်ရှုပ်နေတာလေ။ ပြီးတော့ ဒီဝက်ကလည်း အရမ်းကြီးတော့ မသေးပါဘူး။”

အခုဆိုရင် သူက အတော်လေးကို ပိုက်ဆံပြတ်နေပြီဖြစ်သည်။ ထို့ကြောင့် သူက ဝက်ကို ပေးပြီး ပြန်ရလာမယ့် ပိုက်ဆံကို မျှော်နေခဲ့ခြင်း ဖြစ်သည်။

ထျန်းယိုဖုက ဒေါသထွက်သွားခဲ့သည်။ “မင်းလို ကောင်မျိုး မွေးတဲ့ဝက်ကို တိရိစ္ဆာန် မွေးမြူရေး စခန်းက ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ဘူး။ အရင်က ဝက်တွေကိုကြည့်ဖို့ ငါ မင်းဆီ လာခဲ့တယ်။ အဲ့တုန်းကတော့ အခုလိုမျိုး မဟုတ်တာ သေချာတယ်။”

ထျန်းယိုဖုသည် ဝက်များကို လက်လွှဲပေးပြီး ဒီတိုင်း လွှတ်ထားသည့် သူမျိုးတော့ မဟုတ်ပါ။ ဝက်များကို ဘယ်လို မွေးလဲဆိုတာ သူက တစ်ခါတစ်လေ သွားကြည့်လေ့ရှိသည်။ ထို့အပြင် သူတို့သည် ဝက်များကို လက်လွှဲပေးဖို့ တာဝန်ရှိရုံသာမက သူတို့အဖွဲ့က ထိုဝက်များကို ကျွေးမွေးဖို့လည်း တာဝန်ရှိသည်။ တကယ်လို့ တစ်ယောက်ယောက်က နှစ်တိုင်း ဒီလို အရိုးပေါ် အရေတင်ရုံသာရှိသည့် ဝက်များကို တစ်ယောက်ယောက်က လက်ခံခဲ့ပါက အခြား အဖွဲ့ဝင်များကလည်း သေချာပေါက် ကျေနပ်ကြလိမ့်မည် မဟုတ်ပါ။

ဝမ့်ယုံရွှင်း ရှက်သွားခဲ့သည်။ ဒါဟာ သူနှင့် လီချွမ်းကျင်တို့ ရန်ဖြစ်ကြခြင်းကြောင့် မဟုတ်ပါ။ သူတို့ မိသားစုသည် မကြာသေးခင်ကမှ ပြဿနာများစွာ တက်နေခဲ့သည့်အတွက် ဝက်များကို ပေါ့ပေါ့တန်တန်ပဲ ကျွေးမွေးခဲ့ကြသည်။ ထို့အပြင် ရာသီဥတုက အေးပြီး ဝက်များကလည်း အလေးချိန် လျှော့နေခဲ့သည့်အတွက် ကြည့်ရတာ မွဲခြောက်ခြောက်ပုံစံမျိုး ဖြစ်နေခဲ့သည်။

“တပ်မှူး၊ ဒီဝက်က ပိန်တယ်ဆိုပေမယ့် တကယ်တမ်း သူရဲ့ဝိတ်က နည်းနည်းလေးပဲ နည်းတာပါ။ သူ့ကို ဝိတ်ချိန်ပြီးရင် ကျွန်တော်တို့အတွက်လည်း အဆင်ပြေသွားမှာပါ။”

သူက လက်လျှော့ဖို့ကို ငြင်းဆန်နေခဲ့ပြီး ဝက်ကို လက်လွှဲပေးဖို့အတွက် တင်းခံနေခဲ့သည်။

ထျန်းယိုဖုက သူနဲ့ ငြင်းခုံနေဖို့ကို စိတ်မပါခဲ့ပါ။ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့လာတာကို မြင်လိုက်ရသည့်အခါ သူက ဝမ့်ရင်းကို လက်ညှိုးထိုးပြီး ပြောခဲ့သည်။ “ဝက်တွေကို မင်း ကောင်းကောင်း မမွေးနိုင်ရင်လည်း ဝမ့်ရင်းကိုသာ ပြန်ပေးလိုက်စမ်းပါကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့တော့ မင်းရဲ့ဝက်တွေကို မယူသွားနိုင်ဘူး။ ပြီးတော့ ငါတို့အဖွဲ့က လူတိုင်းကို ဒီလောက် ပိန်နေတဲ့ ဝက်ကိုလည်း မဝေပေးနိုင်ဘူး။”

'တပ်မဟာ တစ်ခုလုံးမှာ လူက ဘယ်နှစ်ယောက်တောင် ရှိတာလဲ။ တစ်နှစ်မှာ နှစ်ခါပဲ ဝက်တွေကို ဝေပေးတာ။ ဒါတောင် တရုတ်နှစ်သစ်ကူး တစ်ချိန်ပဲ။ ဒီဝက်မှာက ဘာအဆီမှ မရှိဘူး။ အဲ့တော့ ဝေပေးဖို့က ဘယ်လိုမှ မလောက်ဘူး။'

အစတုန်းက လီချွမ်းကျင်က ခေါင်းငုံ့နေခဲ့ပြီး ထိုစကားကို ကြားသည့်အခါမှာတော့ အဲ့လိုလုပ်ဖို့ ငြင်းဆန်နေခဲ့သည်။ “ဝက်တွေကို ကျွန်မပဲ မွေးမယ်။ အဲ့ဝက်တွေကို ကျွန်မတို့က အကြာကြီး မွေးပြီးတော့မှ ဘာလို့ အခြားသူဆီ ပေးလိုက်ရမှာလဲ။ ပြီးတော့ ဒီဝက်တွေကို ကျွန်မကတောင် သေချာ မမွေးနိုင်ရင် သူက ဘယ်လိုလုပ် မွေးနိုင်မှာလဲ။ ဒီလို ပျင်းပုံမျိုးနဲ့ ဝက်တွေကို ဘယ်လိုမွေးနိုင်မှာလဲ။”

ဒါဟာ လီချွမ်းကျင်နှင့် အတင်းတုပ်သူများက ဝမ့်ရင်းအပေါ် ဝေဖန်ခဲ့ကြသော ကိစ္စတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဝမ့်ရင်းက မချက်မပြုတ်ဘဲ ရှုရွှမ်းက အဆင်သင့် ချက်ထားပေးသော အစားအစာများကိုသာ နေ့တိုင်း စားနေသည်ဟုလည်း ပြောခဲ့ကြသည်။ ရှုရွှမ်းက ဝမ့်ရင်းအတွက် စားစရာများ ယူလာပေးသည်ကို လူတွေက တစ်ခါမက မြင်ထားခဲ့ကြသည်။ ရှုရွှမ်းက မယူလာပေးရင်တောင် အမျိုးသမီးကြီးရှုက နေ့ခင်းစာ စားရန် ဝမ့်ရင်းကို ခေါ်ဖို့အတွက် အပြေးလေး လာလေ့ရှိသည်။

သူမက ပျင်းတဲ့သူတစ်ယောက်ပဲမလား။

လီချွမ်းကျင်က ငြင်းခုံခဲ့သည်။ “ဒီဝက်ကို ၁၀ ကီလိုဂရမ်ကနေ အခု ၁၀၀ ကီလိုဂရမ် ရောက်တဲ့အထိ ငါပဲ မွေးထားခဲ့ရတာ။ အဲ့ဒါကို သူက ယူပြီး မွေးမယ်ပေါ့။ ဘာလို့လဲ။ အဲ့လိုမှမဟုတ်ရင် ဒီအသား ၇၀ ၈၀ ကီလိုဂရမ်ဖိုး ကျွန်မကို ပေးဖို့ ပြောလိုက်။ မဟုတ်ရင်တော့ မရဘူးပဲ။”

ထျန်းယိုဖုက ဒေါသထွက်ကာ ထရယ်ခဲ့သည်။ “ဒါက တာဝန်ပေးထားတဲ့ ဝက်ပဲ။ တာဝန်အတွက် လိုအပ်တဲ့ အလေးချိန်မျိုးရောက်အောင် နင်မှ မမွေးနိုင်ဘဲ။ အဲ့ဒါကို နင်က အသား ၇၀၊ ၈၀ ကီလိုဂရမ် ရဖို့ကို မျှော်လင့်နေသေးတယ်။ နင် အိပ်မက် မက်နေလိုက်။”

လီချွမ်းကျင်က ခုခံပြောခဲ့သည်။ “တိရိစ္ဆာန် မွေးမြူရေးစခန်းက ရောက်မလာသေးဘူးလေ။ အဲ့တော့ ဒီအလေးချိန်က မလုံလောက်ဘူးဆိုတာ ရှင်က ဘယ်လိုလုပ် သိနိုင်မှာလဲ။”

ထျန်းယိုဖုက ဘာစကားမှ ဝင်မပြောသည့် ဝမ့်ယုံရွှင်းကို ကြည့်လိုက်ပြီး သူတို့လင်မယားက တိရိစ္ဆာန် မွေးမြူရေး စခန်းက အတိုင်းအတာများနှင့်ချီကာ ပြောတော့ဖို့ ပြင်ထားသည် သူ့စိတ်ထဲကနေ သိနေခဲ့သည်။

“ကောင်းပြီလေ။ မင်းတို့ဝက်တွေကို ခေါ်ထားလိုက်။ တကယ်လို့ တိရိစ္ဆာန် မွေးမြူရေးစခန်းက သတ်မှတ်ထားတာတွေနဲ့ မကိုက်ဘူးဆိုရင် ဒီဝက်ကို မင်းတို့ တပ်မဟာထဲမှာ ဝေပေးလို့ မရဘူးပဲ။ အခုထဲက အဲ့ဝက်တွေ မွေးနိုင်မယ့်သူကို သွားရှာထား။ ဒါမှမဟုတ် မင်းတို့ အဲ့ဝက်တွေကို ပြန်ခေါ်သွားပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် မွေးခဲ့ကြ။”

ဒီလို အလွယ်တကူ လွှတ်ပေးလိုက်သည်မှာ ထျန်းယိုဖုရဲ့ ပုံစံမျိုး မဟုတ်သော်လည်း… ….

ဆောင်းတွင်းမှာ ဝက်စာအတွက် ဘာမြက်မှ မရှိတာ။ အဲ့ဒါကြောင့် ဝက်တွေက အိမ်စာတွေကိုပဲ စားကြရတော့မှာ။

ဝမ့်ယုံရွှင်းတို့ လင်မယားရဲ့ ဝက်တွေမှာ အတော်လေးကို ပိန်နေခဲ့သည်။ တကယ်လို့ သူတို့သာ ထိုဝက်များကို တကယ် မွေးချင်ပါက ဆောင်းတွင်းမှာ အစာများစွာ ကျွေးရလိမ့်မည် ဖြစ်သည်။ ထို့အပြင် ဆောင်းတွင်းက အေးပြီး ဝက်ခြံများကလည်း အေးခဲနေခဲ့သည်။ ထို့ကြောင့် သူတို့သည် ဝက်များ အေးခဲပြီး မသေသွားအောင် သေသေချာချာ မွေးဖို့ လိုအပ်သည်။

အစတုန်းက ထျန်းယိုဖုသည် ဝက်များကို ဝမ့်ရင်းဆီပေးကာ စားစရာအချို့ ထောက်ပံ့ပေးဖို့ စီစဥ်ထားသော်လည်း ဝမ့်ယုံရွှင်းနှင့် သူ့ဇနီးတို့က သူမအစား ယူသွားခဲ့ကြသည်။

တောင်းပန်ပါတယ်၊ အဲ့လိုမဟုတ်ပါဘူး။

တကယ်လို့ ဒီတာဝန်ယူရမယ့် ဝက်တွေကို သတ်လိုက်ရင် မင်းရဲ့ လုပ်ခရမှတ်တွေကို အလျော်အနေနဲ့ ပြန်ပေးရမည်။ အနည်းဆုံးတော့ နောက်ထပ် သုံးနှစ် သုံးလလောက်တော့ အလုပ် လုပ်ရလိမ့်မည်။

ဝမ့်ယုံရွှင်းကို ကြည့်ရတာ မပျော်နေခဲ့ပါ။ ထိုအတွင်းကိစ္စများကို သူက ဘယ်လိုလုပ် မသိရမှာလဲ။ သို့သော် အခုချိန်မှာ သူက တကယ်ကို ပိုက်ဆံပြတ်နေခဲ့သည်။ သူတို့မိသားစုက နောက်နှစ်တွင် ထိုဝက်တာဝန်များကို ယူရတော့မှာ မဟုတ်သည်မှာ သေချာနေခဲ့သည်။ ထို့ကြောင့် သူက ဒီနှစ်မှာ ထိုဝက်များမှ ရမည့်ပိုက်ဆံများကို လိုချင်နေခဲ့သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က အဖွဲ့ရဲ့ အနောက်ဘက်မှာ ရပ်နေခဲ့ကြသည်။ အမျိုးသမီးကြီးရှုက သူတို့ လူငယ်နှစ်ယောက်ကို ပြုံးပြီး ကြည့်နေခဲ့သည်။ သူမက သူတို့ဆီကို မသွားခဲ့ဘဲ အမျိုးသမီးကြီးများ၏ စကားဝိုင်းတွင်သာ ပါဝင်နေခဲ့သည်။ သူမ ကြည့်ရတာ ပျော်နေပုံရသည်။ အဓိပ္ပါယ်မရှိသော ဝမ့်ယုံရွှင်းနှင့် သူ့ဇနီးကိုတော့ အာရုံမစိုက်ခဲ့ပါ။

'ရူးနေတဲ့သူတွေကတော့ ရူးနေမှာပဲ။ အရင်တုန်းက သူမရဲ့ ခမည်းမမက်တွေက ဒီလောက်ထိ ရူးမိုက်တာကို ဘယ်လိုလုပ် မသိခဲ့ရတာပါလိမ့်။'

ခနကြာပြီးနောက် တိရိစ္ဆာန် မွေးမြူရေး စခန်းရဲ့ကားက ရောက်ရှိလာခဲ့သည်။

သံချိန်ခွင်ကြီးကို ချလာပြီး တစ်ကောင်ပြီး တစ်ကောင်ကို စစ်ဆေးနေခဲ့သည်။

“အို၊ မင်းရဲ့ဝက်တွေက တော်တော်လေးကို ပိန်တာပဲ။ အဲ့ကောင်တွေကို မသုံးနဲ့။ အဲ့ကောင်တွေက ရမှာ မဟုတ်ဘူး။”

တိရိစ္ဆာန် မွေးမြူရေး စခန်းကလူက ပိန်သော ဝက်များကို မကြိုက်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့သည်။ “ဒီဝက်က နေမကောင်းတဲ့ပုံပဲ။ မင်းတို့က ဘာလို့ တိရိစ္ဆာန် မွေးမြူရေးစခန်းကိုသွားပြီး ဆရာတစ်ယောက်ကို ကြည့်ပေးဖို့ သွားမပြောကြတာလဲ။”

ပတ်ပတ်လည်တွင် ရယ်သံများက ပေါ်ထွက်လာခဲ့ပြီး ထိုလူငယ်က စိတ်ရှုပ်သွားခဲ့သည်။

ဝမ့်ယုံရွှင်းရဲ့မျက်နှာက နီရဲလာခဲ့ပြီး လီချွမ်းကျင်က သောင်းကျန်းနေဆဲ ဖြစ်သည်။ “စစ်ဆေးမှုတောင် မလုပ်ရသေးဘဲနဲ့ ဒီဝက်တွေက မလုံလောက်ဘူးဆိုတာ ရှင်တို့က ဘယ်လိုလုပ် သိနေရတာလဲ။”

လူငယ် - “ကျွန်တော် ဒီအလုပ်ကိုလုပ်နေတာ ဟိုးအရင်ကတည်းက။ ပြီးတော့ ဒီဝက်က ဘယ်လိုမှ မလောက်ဘူး။”

ဝမ့်ရင်းကလည်း ထရယ်ခဲ့သည်။ ထိုလူက စိတ်ဝင်စားဖို့ ကောင်းနေခဲ့သည်။ သူ့ကြည့်ရတာ ခပ်ငယ်ငယ် လူတစ်ယောက်နှင့်တူသော်လည်း သူပါးစပ်ဟလိုက်တာနဲ့ ဝါရင့် အလုပ်သမား တစ်ယောက်လို ပြုမူပြောဆိုနေခဲ့သည်။

“လာခဲ့၊ လာခဲ့။ ကျွန်တော် ခဗျားကို ဒီဟာ ပေးလိုက်မယ်။”

လီချွမ်းကျင်က သောင်းကျန်းနေခဲ့ပြီး ထိုလူငယ်ကလည်း ဒီကိစ္စကို မထိန်းနိုင်တော့ပါ။

“ကြည့်ဦး။ ခဗျားဟာက သတ်မှတ်ထားတာနဲ့ ကီလို ၄၀ လောက် ကွာနေတုန်းပဲ။ ပြန်သွားပြီး အဲ့ဝက်ကိုပဲ ဂရုစိုက်လိုက်ဦး။”

ဘေးပတ်ပတ်လည်က လူတွေက ထပ်ပြီး ရယ်ခဲ့ကြပြန်သည်။ လူငယ်က အကြောဆန့်လိုက်ကာ ဒီတပ်က အတော်လေး စိတ်ပျက်ဖို့ကောင်းတယ်ဟု တွေးနေခဲ့သည်။

“ဟုတ်ပြီ။ ဒါတွေက ကျွန်တော်တို့ ယူသွားမယ့် အကောင်တွေပဲ။ ဒီအရေအတွက်က မှန်တယ်လို့ ခဗျားရော ထင်လား။”

ထျန်းယိုဖုက တပ်မဟာရဲ့စာရေးမကို ပိုက်ဆံတွက်ပေးဖို့ အချက်ပြကာ ဝမ့်ယုံရွှင်းတို့ လင်မယားကို ပြောခဲ့သည်။ “မင်းတို့ ဒါကို မြင်လိုက်လား။ မင်းတို့ဝက်တွေကို ခွဲပေးလို့မရဘူးလို့ ငါပြောသားပဲ။ ဒီမှာ လိုအပ်ချက်တွေက အများကြီး ရှိသေးတယ်။ ပြီးတော့ အဲ့ဒါကို တပ်မဟာထဲ ဝေဖို့က ဘယ်လိုမှ လောက်မှာ မဟုတ်ဘူး။ အဲ့တော့ မွေးဖို့ လူတစ်ယောက်ကို ရှာမလား၊ ဒါမှမဟုတ် မင်းတို့ဘာသာ ပြန်ပြီး မွေးမလားဆိုတာ ဆုံးဖြတ်ထားကြ။”

လီချွမ်းကျင်က ပါးစပ်ပြင်ကာ ရိုင်းပြသော အမူအရာဖြင့် ထိုဝက်ကို ပြန်ခေါ်သွားပြီး မွေးမယ်ဟု ပြောချင်နေခဲ့သည်။

ဝမ့်ယုံရွှင်းက နားလည်သွားပြီး သူမကို ထိုလူအနားက ဆွဲခေါ်သွားကာ သူ့မျက်နှာကို သုတ်ပြီး ပြောခဲ့သည်။ “ငါ သူ့ကိုထပ်ပြီး ထောက်ခံပေးတော့မှာ မဟုတ်ဘူး။”

ဒီနှစ်မှာတော့ ဝမ့်ရင်းနှင့် ဝမ့်ယုံရွှင်းတို့က ကျွေးရမည့် လူနှစ်ယောက် လျော့သွားပြီ ဖြစ်သည်။ သို့သော် ဝင်ငွေတွေကလည် နည်းနေခဲ့ပြီ ဖြစ်သည်။ ဝမ့်ယုံရွှင်းရဲ့ နှလုံးသားများဟာ ကွဲကြေနေခဲ့ရသည်။ “ငါတို့ ဒီကောင်တွေကို ထပ်ပြီး မမွေးနိုင်တော့ဘူး။ အဖွဲ့ဘက်ကနေ ငါ့အတွက် ဒီကောင်တွေကို ကီလီနဲ့တွက်ပြီး လုပ်ခရမှတ်တွေ ပေးလို့များ ရနိုင်လား။”

'ဟုတ်တယ်။ သိပ်ပြီး မများဘူးဆိုပေမယ့် ဝက်တွေကို မွေးပေးတာနဲ့လည်း လုပ်ခရမှတ်တွေ ပေးသေးတယ်။ ဒါပေမယ့် ဒါက တစ်ခုခုတော့ တစ်ခုခုပဲ။'

ဝမ့်ယုံရွှင်းက ပိုက်ဆံကို ရှာနိုင်သလောက် ရှာထားမည်ဟု တွေးနေခဲ့သည်။

လီချွမ်းကျင်ကိုတော့ သိမ်းသွင်းလို့ မရခဲ့ပါ။ သူမက ဝက်များကို သတ်မှတ်ချက် ကိုက်ညီအောင် မမွေးနိုင်ခဲ့ဘူးဟု ခံစားခဲ့ရသော်လည်း သတ်မှတ်ထားတာရဲ့ တစ်ဝက်ကျော်အောင်တော့ မွေးမြူနိုင်ခဲ့သည်။ ထို့ကြောင့် သူမကလည်း လုပ်ခရမှတ်ကို ယူကာ ပိုက်ဆံကိုလည်း သူမနှင်အတူ ခွဲဝေပေးရမည် ဖြစ်သည်။

ထျန်းယိုဖုက ထေ့ငေါ့ကာ ပြောခဲ့သည်။ “မင်း ဝက်တွေကို ပြန်မပေးခဲ့ရဘူးလေ။ အဲ့တော့ ဘယ်လောက်ရမလဲဆိုတာ ငါလည်း မသိဘူး။ ပြီးတော့ သူတို့က ဝက်တွေကို လာခေါ်တဲ့အချိန်ကျရင် ပိုနေတာတွေပါ ထည့်တွက်တာ။ မင်းက သတ်မှတ်ထားတာကိုတောင် မကျော်နိုင်ဘူး။ အဲ့တော့ သူတို့က ဘာလို့ မင်းအတွက် ထည့်တွက်ပေးရမှာလဲ။”

ထျန်းယိုဖုက လက်ပြကာ ပြောခဲ့သည်။ “လာခဲ့။ ဒီမှာ ဘာမှမရှိဘူး။ မင်းသာ ဒီလိုမျိုး လေ့ကျင်ရင် မင်းက အမှားတွေအတွက် တာဝန်ခံပေးတယ်ဆိုပြီး အဖွဲ့ထဲက လူတွေက မင်းကို ထပ်ပြီး ပြောကြမှာ မဟုတ်ဘူး။ တကယ်လို့ မင်း မလုပ်ချင်လည်း ပြန်ပြီးပဲ ဝက် ဆက်မွေးလိုက်ပါ။”

ထိုဝက်ကို ပြန်ယူသွားဖို့ကတော့ မဖြစ်နိုင်ပါ။ ဝမ့်ယုံရွှင်းက ဘယ်လောက်ပဲ တုံးအနေပါစေ သူသည် အရှုံးပေါ်မည့် လုပ်ငန်းမျိုးကိုတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါ။

ထျန်းယိုဖုက သူတို့လင်မယားကို ထိန်းထားပြီး ဝက်များကို ဝမ့်ရင်းထံ ပေးအပ်ခဲ့သည်။ “ဝမ့်ရင်း၊ မင်း ဒီဝက်ကို မွေးချင်လား။”

သူ့အမြင် ကိုယ့်အမြင်များကို မေးဖို့က လိုအပ်နေဆဲ ဖြစ်သည်။ ထို့အပြင် ဆောင်းတွင်းမှာ ဝက်မွေးဖို့ဆိုတာ အနည်းငယ် ပြဿနာရှိသည်။

ဝမ့်ရင်းက ထိုအကြောင်းကို တွေးကာ ပြောလိုက်သည်။ “ကျွန်မ မွေးချင်တယ်။”

အခုချိန်မှာ တောင်ပေါ်တက်ပြီး ငါးကန်တစ်ကန်ကို ရှာဖို့က အဆင်ပြေသေးသော်လည်း ကြားရက်တွေမှာ အသားနှင့် ဝက်သားကတော့ ကုန်နေခဲ့ပြီ ဖြစ်သည်။ ရှုရွှမ်းက စားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး လတိုင်း အသားနဲ့လဲဖို့ လက်မှတ်များရဲ့ ဝေစုတစ်ခုကို ရရှိကာ ထိုအရာများကလည်း လုံးဝ စိတ်မချရပါ။

'အသားစားဖို့အတွက် နှစ်ကုန်တဲ့အထိ စောင့်ရမှာလား။ ဝမ့်ရင်းက ထိုမကျေနပ်ချက်ကို မထိန်းနိုင်တော့ပါ။'

'နောက်နှစ် ရာသီဥတုပူလာတဲ့အထိစောင့်ပြီး ဝက်တွေကို ပြန်ပြီး လက်လွှဲပေးလိုက်ရင် ပိုက်ဆံတွေ အများကြီး ရနိုင်တယ်။'

အဲ့လိုနဲ့ ဝမ့်ရင်းက ပိန်လှီနေသော ဝက်များကို အိမ်သို့ ခေါ်သွားခဲ့သည်။

လီချွမ်းကျင်က သူမရဲ့နောက်ကွယ်မှာ အကျယ်ကြီး ရယ်မောနေခဲ့သည်။ “ဘယ်လိုဟာသမျိုးလဲ။ သူ့ရဲ့ ပျင်းပုံမျိုးနဲ့ဆို သူလုပ်လို့ ဝက်တွေက ပိုပြီးတောင် ပိန်သွားလိမ့်မယ်။”

All Chapters