← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

ဝမ့်ရင်းနှင့်ရှုရွှမ်းတို့က အိမ်ကို အတူ ပြန်သွားခဲ့သည်။ ခြံထဲတွင် စွန့်ပစ်ထားသော ဝက်ခြံ တစ်ခြံလည်း ရှိနေခဲ့သည်။ ရှုရွှမ်းက ကျန်ရှိနေသော အုတ်ခဲများအား ဝက်ခြံရဲ့တံခါးကို ဖာထေးဖို့အတွက် သုံးခဲ့သည်။ “မနက်ဖြန်ကျရင် ဝက်ခြံမှာ အမိုးလုပ်ဖို့ တစ်ယောက်ယောက်ကို ငါပြောလိုက်မယ်။”

ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ ရှုရွှမ်း အာရုံမစိုက်မိခင်မှာပဲ သူမက ဝက်အား ဝိဉာဥ်စမ်းရေမှ ရေအချို့ကို လောင်းချပေးခဲ့သည်။

ထိုနေရာတွင် အလုပ်ပြီးတဲ့နောက် ထိုနေရာတွင် မောင်းတစ်ခုကို ချိတ်ဆွဲထားခဲ့သည်။ ဝက်မွေးဖို့ တာဝန်ကို လက်လွှဲယူပြီးနောက် အဖွဲ့က ဝက်ကိုပေါ်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။

ဝက်ပေါ်သည့်လုပ်ငန်းက ကြောက်ဖို့ကောင်းသော်လည်း ကလေးများက ကြောက်ကြောက်နှင့် ကြည့်ချင်နေကြသည်။ သူတို့က မျက်လုံးများကို အုပ်ထားပြီး ဝက်တွေက ကြောက်ပြီး အော်နေတာကို သူတို့လက်ကြားထဲကနေ ကြည့်နေခဲ့ကြသည်။

ထျန်းယိုဖုသည် မြို့က သားသတ်သမားကို ကူညီပေးဖို့အတွက် မပြောခဲ့ပါ။ အဲ့အစား ဝက်ကို ပေါ်ဖို့အတွက် တပ်မဟာထဲက ငယ်ရွယ်ပြီး သန်မာသည့် ယောက်ျားသားများကိုသာ ပြောခဲ့သည်။ ဒီနှစ်များအတွင်း ဝက်ပေါ်ဖို့ ကူညီပေးခဲ့သည့် လူကြီးများစွာကလည်း ရွာထဲတွင် ရှိသည်။ သူတို့က လျင်မြန်ပြီး ဓားကိုင်ကျွမ်းသည်။

ဝက်ကိုပေါ်ပြီးနောက် ဝက်သားဝေပေးသည့် လုပ်ငန်းမှာ အင်မတန် အားရဖို့ကောင်းသည်။

ထျန်းယိုဖုက ထိုအရာကို သေချာ တွက်ချက်ဖို့အတွက် စာရေးမအား ပြောခဲ့ပြီး ကျန်တဲ့အရာ အားလုံးကတော့ နာမည်ခေါ်ကာ ဝက်များကို ဝေပေးဖိုပဲ ဖြစ်သည်။

ရှုရွှမ်းက စာရေးမအား ပြောခဲ့သည်။ “ကျွန်တော်တို့ မိသားစုနဲ့ ဝမ့်ရင်းရဲ့ မိသားစုကို ပေါင်းပြီး တွက်ပေးပါ။”

စာရေးမက ထိုအရာကို တွက်ဖို့အတွက် အချိန်မရှိပါ။ သူတို့မိသားစု နှစ်စုအလှည့်သို့ ရောက်သည့်အခါ သူတို့က အလယ်မှာရှိပြီး ရှုရွှမ်းနဲ့ ဝမ့်ရင်းတို့ကတော့ ဝက်ရဲ့အရှေ့မှာ ရှိနေခဲ့သည်။

ရှုရွှမ်းက ဝက်ရဲ့လည်ပင်းကို လက်ညှိုးထိုးပြခဲ့သည်။ “ဒီဟာ။”

ချက်ချင်းဆိုသလိုပဲ ဝမ့်ရင်းက ဝက်ဗိုက်သားကို စားဖို့အတွက် နည်းများစွာကို တွေးနေခဲ့ပြီး သူမရဲ့ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။

ရှုရွှမ်းက ဦးဆောင်ပြီး ဝက်ဗိုက်သား သုံးပေါင်ကို ရွေးလိုက်ပြီး ကျန်တာကတော့ ဝမ့်ရင်း ဘာလိုချင်လဲ ဆိုတဲ့အပေါ်မှာ မူတည်သည်။

ရှုရွှမ်းလို ကျွမ်းကျင်သည့် စားဖိုမှူးတစ်ယောက်က ဘေးနားတွင် ရှိနေသည့်အတွက် ဝမ့်ရင်းက ယုံကြည်မှူ ရှိနေခဲ့သည်။ “ဝက်အရိုးရယ်၊ ဝက်ခြေထောက်၊ ဝက်လက်ရယ်၊ ဝက်အူရယ်၊ ပြီးတော့ ဝက်ဦးနှောက်။”

လီချွမ်းကျင်က အူတက်အောင် ရယ်နေခဲ့သည်။ ဝမ့်ရင်းက သူများအကျန်များကိုသာ ရွေးချင်နေခဲ့သည်။

အမျိုးသမီးကြီးရှုရဲ့ ဘေးမှာရှိတဲ့ အမျိုးသမီးကြီးက ပြောခဲ့သည်။ “ရင်းမိန်းကလေးက မိသားစုကို စီမံဖို့ သင့်တော်တဲ့သူ မဟုတ်ဘူး။ နောက်ပိုင်း နင် သူ့ကို သင်ခန်းစာတွေ သင်ပေးသင့်တယ်။”

အမျိုးသမီးကြီးရှုက မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ “ဘာအတွက်လဲ။ နင်က ငါ့သားလေး ချက်တဲ့ ဝက်ခြေထောက်ကို စားမှ မစားဖူးသေးတာ။ နင် အဲ့ဒါကို တစ်ခါ မြည်းကြည့်လိုက်တာနဲ့ ထပ်ပြီး ဝက်သားကို စားချင်တော့မှာတောင် မဟုတ်ဘူး။ ငါတို့မြို့က လူဘယ်နှစ်ယောက်ကများ ဝက်ခြေထောက် စားဖို့ စားသောက်ဆိုင်ကို သွားဖူးလို့လဲ။ တကယ်လို့ နင်က ဘာမှ နားမလည်ရင်လည်း ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားမနေနဲ့။ ငါ့အထင်ကတော့ မိန်းကလေးရင်းက အကောင်းဆုံးအပိုင်းကို ရွေးလိုက်တာပဲ။”

ထျန်းယိုဖုက ဘေးကနေ ကြည့်နေခဲ့သည်။ ဝက်များကို ခွဲပေးတိုင်း စိတ်ရှုပ်စရာ အကောင်းဆုံး အရာကတော့ ဝမ်းတွင်းသားများနှင့် အကျန်များသာ ဖြစ်သည်။ အဖွဲ့သားများက ထိုအရာများကို လိုချင်ခဲ့ကြသည်။ သူတို့မှာ ရွေးချယ်စရာ မရှိဘဲ ဝမ်းတွင်းသားများကို စားရမယ်ဆိုပါက အတော်လေး ပျော်နေကြလိမ့်မည် ဖြစ်သည်။ သို့သော် ဝက်သားနှင့် ဗိုက်သားများကို တွေ့သည့်အခါမှာတော့ အသဲ၊ အမြစ်များနှင့် ဝမ်းတွင်းသားများကို ချန်ထားခဲ့ကြသည်။

ဒါကိုချက်လိုက်ရင် အရာသာရှိတယ်ဆိုတာ သူတို့အားလုံး သိသည်။ ဒါပေမယ့် လူတိုင်းမှာက ပါဝင်ပစ္စည်းတွေ စုံစုံလင်လင် မရှိတော့ သူတို့က သေသေချာချာ ပြုတ်လို့မှာ မဟုတ်ပေ။ ညှီနံ့ကို ဖယ်လိုက်ရင်တောင် သူ့အသားရဲ့ အရသာက ပိုဆိုးသွားလိမ့်မည်။

အတီတစ်ထပ် အသားတစ်ထပ် အပိုင်းကို ပြောရရင် လူတိုင်း အဲ့လိုအသားမျိုး စားရတာကို ကြိုက်ကြတာပဲ။ အဓိက အကြောင်းပြချက်က အရမ်း အရေးကြီးတဲ့ ပြဿနာတစ်ခုပဲ။ အဲ့ဒါက ဆီသုံးရမယ့် ပြဿနာပဲ။

ကျေးလက်ဒေသတွေမှာ အများဆုံးသုံးတဲ့ ဆီက ပဲဆီပဲ။ မိသားစုတိုင်းနီးပါးက သူတို့စားဖို့ ဆီပမာဏ ရအောင် သူတို့ရဲ့ ခြံဝန်းထဲမှာ မြေပဲပင်တွေ စိုက်ကြသည်။ ဒါပေမယ့် အဲ့ဒါက မလောက်ရင်တော့ မိသားစုတိုင်းက လျှော့စားပြီးပဲ နေကြရတာ။

မြို့က အခြေနေတွေနဲ့လည်း သိပ်ပြီး မကွာပါဘူး။ အဲ့မှာက ဆီလဲဖို့ ကူပွန်တွေရှိသည်။ အဲ့ပေးတဲ့ ဆီတွေက မိသားစုတစ်စု လကုန်တဲ့အထိ စားဖို့တောင် မလောက်ပေ။ အဲ့တော့ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ရသလောက် စုထားဖို့ပဲ။

ဝမ့်ရင်းသည် ထိုခေတ်အခါတုန်းက ဆီစိမ်ပိတ်စဟူသည့် အရာတစ်ခုကို တွေ့ရိခဲ့ရသည်။ အဝတ်ကိုယူပြီး ဆီထဲတွင်နှစ်ကာ အိုးရဲ့အောက်ခြေကို ပွတ်လိုက်ရသည်။ ထိုသို့ လုပ်သည့်အခါ ဟင်းချက်ဖို့အတွက် ဆီပမာဏ အနည်းငယ်သာ လိုအပ်သည်။

ဒီမှာက ဆီပြတ်သွားတတ်သည်။ လူတိုင်းက ဆီထုတ်ဖို့ ဝေပေးထားတဲ့ ဝက်သားတွေကို ကြည့်နေကြတာ။ အဲ့ရလာတဲ့ ဝက်ဆီနည်းနည်းလေးက နှစ်ခါပြန် ကောက်ရိတ်သိမ်းတဲ့ နောက်နှစ် နွေရာသီအထိ ခံလိမ့်မယ်။

ဝမ့်ရင်းက ဝက်ရဲ့ ဝမ်းတွင်းသားများကို ရွေးလိုက်ပြီး ထျန်းယိုဖုကတော့ သူမကို ဘာဆုံးရှုံးမှုမှ မဖြစ်စေချင်ခဲ့ပါ။ “ငါတို့ ဒီဝက်ရဲ့ ဝက်တွင်းသား သုံးပေါင်ကို နှစ်ပေါင်အနေနဲ့တွက်ပြီး ငါ မင်းအတွက် ဝက်ဗိုက်သားကို အပိုအနေနဲ့ ထည့်ပေးလိုက်မယ်။”

ဝမ့်ရင်းက သားရေကျကာ ခေါင်းငြိမ့်ပြခဲ့သည်။

ဒီလိုအသားတွေ အများကြီးနဲ့ဆိုရင် ဘယ်လို စားရမလဲ ဆိုတာတဲ့ အကြံများစွာကို သူမ ခေါင်းထဲမှာ တွေးနေခဲ့သည်။

ရှုရွှမ်းကတော့ လုံးဝ မပျော်ခဲ့ပါ။ သူသည် ရလာသော ဝက်သားများကို ဘေးမှာ ချထားလိုက်ပြီး အမျိုးသမီးကြီးရှုကို ခေါ်ကာ ဝမ့်ရင်းနှင့်အတူ အိမ်ပြန်သွားခဲ့သည်။

အနောက်မှာ တီးတိုးပြောသံများက ကျန်ခဲ့သည်။

“ဒီကောင်မလေးရင်းက ဘယ်လို နေရ ထိုင်ရမလဲဆိုတာ တကယ်ကို မသိတာပဲ။”

“ထားလိုက်ပါတော့။ သူ့ကို သင်ပေးမယ့်သူက ရှိမှ မရှိတာ၊ ဟုတ်တယ်မလား။ ဒါပေမယ့် ရှုရွှမ်းကလည်း အရမ်းကြီး ပျော့ညံ့လွန်းပါတယ်။ ဘာလို့ ဝမ့်ရင်း ရွေးချင်တာကို ရွေးခွင့်ပြုလိုက်ရတာလဲ။”

“ကျွတ်၊ ကျွတ် ရှုမိသားစုရဲ့ ကလေးကတော့ ပြန်ပြီး ပြောရခက်တော့မှာပဲ။ အခုကစပြီး သူက မိန်းမစကားပဲ နားထောင်ရတော့မယ်။”

ရှုရွှမ်းသည် နောက်ပိုင်း၌ လူတွေက သူ့အကြောင်း အချိန်အကြာကြီး နားလည်မှု လွဲသွားကြမည်ကိုတော့ မသိခဲ့ပါ။ သူက ဝက်အူများကို သန့်ရှင်းရေးလုပ်ရင်း အလုပ်ရှုပ်နေခဲ့သည်။

ဝမ့်ရင်းက ထိုနေရာမှာပဲ ထိုင်ကြည့်မနေနိုင်ခဲ့ပါ။ သူမက ဝက်ဦးနှောက်များကို သန့်ရှင်းရေး လုပ်ပေးနေခဲ့သည်။ ထျန်းယိုဖု မထွက်သွားခင် သူက သူမကို ဝက်သွေးအနည်းငယ် ပေးသွားခဲ့သည်။ ဝမ့်ရင်းက ဝက်ဦးနှောက်ကို ဘေးမှာထားပြီး အမျိုးသမီးကြီးရှုအား ပြောခဲ့သည်။

“အဒေါ် သွေးနည်းနည်း တိုးနေတယ်။ ကျွန်မ အိမ်ပြန်ပြီး Gastrodia elata အချို့ သွားယူလိုက်မယ်။ ပြီးရင် ဝက်ဦးနှောက်နဲ့ အဲ့ဆေးပင်နဲ့ကို ရောပြီး ဟင်းချိုတစ်ခွက် ချက်ပေးဖို့ ရှုရွှမ်းကို ပြောလိုက်မယ်။ အဒေါ် အဲ့ဒါကို နှစ်ရက်ဆက်တိုက်လောက် သောက်ပြီးမှ နောက်ထပ် ဆေးညွှန်းနှစ်ခုကို ထပ်ပေးမယ်။ အဲ့ဒါနဲ့ဆို အဒေါ် ဆောင်းတွင်းမှာ အေးအေးဆေးဆေး ဖြစ်သွားလိမ့်မယ်။”

အမျိုးသမီးကြီးရှုက လက်ခါပြခဲ့သည်။ “ငါဆေးသောက်တာက အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ။ မင်းအတွက် ဦးနှောက်စွပ်ပြုတ်တစ်ခွက် လုပ်ပေးဖို့ ရှောင်းအာကို ပြောလိုက်။”

ဝမ့်ရင်းက ဦးနှောက်ရဲ့အရသာကို သိနေပြီး သဘောမတူဘဲ တိုက်တွန်းပေးနေခဲ့သည်။ “ ဒီမှာက အသားတွေ အများကြီး ရှိသေးတယ်။ အဲ့ဒါကြောင့် ဦးနှောက်တွေ ချက်လိုက်လည်း ကိစ္စမရှိပါဘူး။ ဒီနေ့လည်ကျရင် အဒေါ်အတွက် ဟင်းချိုချက်ပေးဖို့ ရှုရွှမ်းကို ပြောလိုက်ပါ့မယ်။”

အမျိုးသမီးကြီးရှုသည် အင်မတန် ပျော်ရွှင်နေခဲ့ပြီး မျက်ရည်များတောင် ကျချင်နေခဲ့သည်။ သူမသည် ရင်းမိန်းကလေးက သူမအပေါ်မှာ ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာကို ပြဖို့အတွက် မဲ့ရွဲ့ကာ ပြောခဲ့ဖူးသော မိန်းမကြီးများကို ခေါ်လာချင်ခဲ့သည်။

'တကယ်တော်တဲ့ ချွေးမလေးပဲ။ ဒီလိုလူမျိုးကို မီးခွက်ထွန်းရှာရင်တောင် သူမ ရှာတွေ့မှာ မဟုတ်ဘူး။'

ရှုရွှမ်းက ဝက်အူများကို သိမ်းဆည်း ထုပ်ပိုးကာ ဝက်ရိုးများကိုလည်း နှစ်ပိုင်းခွဲကာ အိုးထဲသို့ ထည့်ခဲ့သည်။ သူ့ရဲ့ ဘယ်ဘက်လက်မှာ ဝက်လက်၊ ဝက်ခြေထောက်များကို ကိုင်ထားပြီး ညာဘက်မှာတော့ အူများကို ကိုင်ထားကာ ဝမ့်ရင်းအား မေးခဲ့သည်။ “ဒါတွေကို မင်း ဘယ်လိုလုပ်စားချင်လဲ။”

ဝမ့်ရင်းက စိတ်အားထက်သန်စွာဖြင့် သူမလက်ကို ဆန့်ထုတ်ပေးလိုက်သည်။ “အူအစုံ ခေါက်ဆွဲ။ ပြီးတော့ ပဲပိစပ်နဲ့ ဝက်ခြေထောက်နှပ်ထားတာ။”

ရှုရွှမ်း - “ကောင်းပြီလေ။”

အိုးကြီးတစ်အိုးကို ယူကာ ဝက်ခြေထောက်များကို ထိုအိုးထဲထည့်ပြီး ဆေးကြောခဲ့သည်။ ထို့နောက် ပဲပိစပ်ပါ ရောထည့်ပြီး ချက်ပြုတ်ခဲ့သည်။ ချက်နေရင်း ဆန်အရက် ခွက်တစ်ဝက်ကိုလည်း လောင်းထည့်ခဲ့သည်။ ထို့နောက် ဟင်းအနံ့မှာ အိုးထဲကနေ သင်းပျံ့နေခဲ့တော့သည်။

အနံ့ထွက်လာသည့်တိုင် ဝက်အူများကို ထည့်နှပ်ကာ ကြော်နေခဲ့သည်။ ထို့နောက် လက်လုပ်ခေါက်ဆွဲပေါ်ကို ဝက်အူ တစ်ဇွန်း ထည့်ကာ ဟင်းရည်ထဲသို့ ဂေါ်ဖီ နှစ်စိတ်လောက် ထည့်ခဲ့သည်။

ဟင်းရည်မှာ ပျစ်နှစ်ပြီး မွှေးကြိုင်နေသည်။ အနံ့အရသာ အစုံကလည်း သင်းပျံ့နေခဲ့သည်။

ဝမ့်ရင်းက ဝက်ခြေထောက်တစ်ဝက်နှင့် ဝက်အူခေါက်ဆွဲ တစ်ပန်းကန်လုံးကို စားခဲ့သည်။ ကျန်တာကိုတော့ သူမ မစားနိုင်တော့ပါ။ ရှုရွှမ်းက အိုးအောက်ခြေတွင် ကျန်နေသေးသော ပန်းကန် တစ်ဝက်လောက် ကျန်ရှိနေသော ပဲပိစပ်များကို ထည့်လိုက်သည်။

“ဒါကို ညစာအတွက် ထမင်းနဲ့စားဖို့ သိမ်းထားလိုက်။”

'တကယ်လို့ မင်း ဝက်အူခေါက်ဆွဲ စားလို့မဝသေးရင် ဝက်ခြေထောက်နဲ့ ချက်ထားတဲ့ ပဲပိစပ်ဟင်းကို ထမင်းနဲ့ စားလိုက်။ ထမင်းပေါ်မှာ စမ်းပြီး သေချာ မွှေလိုက်။ အဲ့ဟင်းရည်က ထမင်းနဲ့ဆို ပိုစားကောင်းတယ်။'

ဝမ့်ရင်းက အစားကြီးသည်ဟု အမျိုးသမီးကြီးရှုက မတွေးခဲ့ပါ။ ခေါက်ဆွဲတစ်ပန်းကန်လုံး စားဖို့ကို ဝမ့်ရင်းက သူမအား ဦးဆောင်ပြောပြခဲ့ခြင်း ဖြစ်သည်။ သူမ စားတာရပ်လိုက်သည့်ချိန်တွင် သူမဘဝက တကယ်ကို အဆင်ပြေသွားသည်ဟု ခံစားခဲ့ရသည်။

'ငါ့သားကြီးကို လွမ်းလိုက်တာ။ '

အမျိုးသမီးကြီးရှုက ရုတ်တရက် တိတ်ဆိတ်သွားသော်လည်း သူမက ထိုအရာကို တောင့်ခံထားခဲ့သည်။ သူမသားကို ထပ်ပြီး ဆက်သွယ်ဖို့အတွက် နောက်နှစ်အထိ စောင့်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် သူမ ဒီနှစ်မှာတော့ သူ့သားကြီးကို ခက်ခဲတဲ့ ဘဝအား ဖြတ်သန်းခွင့် ပြုခဲ့သည်။

ဝမ့်လင်းလင်းရဲ့ သတင်းပို့မှုအကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်က သူမအား ရှုရွှမ်းမှ ပြောပြခဲ့သည်။ အမျိုးသမီးကြီးရှုက ထိုကိစ္စကို အတော်လေး နောင်တရနေခဲ့သည်။ သူမက ဝမ့်ယုံရွှင်းတို့ မိသားစုကို ဘယ်လိုလုပ် ရှာနိုင်တော့မှာလဲ။ ထို့အပြင် ပြဿနာ ရှာထားသော ဝမ့်လင်းလင်းဆီ ပြေးသွားချင်ခဲ့သည်။

ဝမ့်ရင်းကို ထပ်ကြည့်လိုက်သည့်အခါ သူမက ပိုပြီး စိတ်မကျေနပ်နိုင်တော့ပါ။ ဝမ့်ရင်းရဲ့အမေ ရှိကတည်းက သူတို့နှစ်ယောက်ကို စေ့စပ်ပေးလိုက်ရင် ကောင်းသားဟု တွေးနေခဲ့သည်။

ဝမ့်ရင်းက နှစ်နှစ်လောက် ထိုကိစ္စများကို ခံစားရတော့မည် မဟုတ်ပါ။ ထို့အပြင် သူမတို့ မိသားစုကလည်း အခုလို ကံဆိုးမှုများကို ရင်ဆိုင်ကြုံတွေ့ရတော့မည် မဟုတ်ပါ။

ဝက်သားကို ဝေပြီးနောက် နောက်ထပ် လုပ်ရမည့် အရာမှာ ဆန်စပါးများ ဝေငှပေးရန် ဖြစ်သည်။ ထျန်းယိုဖုက အတော်လေးကို အလုပ်ရှုပ်နေခဲ့သည်။ သူသည် ဆန်များကို ဝေလို့ ပြီးသွားသည့်နှင့် တစ်ပြိုင်နက် တောင်ပေါ်မှာ တောဝက်သွားဖမ်းဖို့ လူစုရပြန်သည်။

နှစ်တိုင်း သူတို့တွေက တောဝက်တွေကို ခုနစ်ရက် ရှစ်ရက်လောက် သွားပြီး အမဲလိုက်ကြရသည်။ ဘေးပတ်ပတ်လည်မှာရှိတဲ့ အဖွဲ့တွေအများကြီးနဲ့ အလုပ်လုပ်ကြသည်။ သူတို့က ဟိုးတောင်ပေါ်တက်ပြီး ငါတို့သတ်လာတဲ့ တောဝက်တွေကို ပြန်ဝေခွဲယူကြသည်။ ဒီတောဝက်တွေက ညှီနေရင်တောင် ဆောင်းတွင်း အသားစားတဲ့ အချိန်ကျရင် ဘာလို့ အဲ့လိုတွေ တစ်ယောက် တစ်ပေါက်ဖြစ်ဖို့ လိုအပ်နေမှာလဲ။

အဖွဲ့နှင့်အတူ တောင်ပေါ်မှာ တောဝက် အမဲလိုက်ပြီးနောက် ဝမ့်ရင်းက ငါးကန်သို့ ထပ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ထိုနေရာကို ပိတ်ထားပြီး အစွန်အဖျား နေရာတွင် ရှိနေသည့်အတွက် ဘယ်သူကမှ သူမတို့ကို ရှာမတွေ့နိုင်ပါ။

ဒီလောက်ကြီးတဲ့ ငါးတစ်ကောင်ကို ရဖို့အတွက် အဲ့ငါးကြီးဖို့ နှစ်တွေအကြာကြီး စောင့်ရမည် ဖြစ်သည်။ ထိုအရာကြောင့်ပဲ အရင်က ဘယ်သူကမှ ထိုနေရာကို မျက်စိ မကျခဲ့ကြပါ။

ဝမ့်ရင်းက နောက်တစ်ကောင်ကို ဖမ်းမိပြီး အရင်ဆုံး သူမ ဗိုက်ဖြည့်ဖို့အတွက် အိမ်ကို ယူသွားရန် ပြင်ဆင်နေခဲ့သည်။ မင်္ဂလာပွဲကလည်း နီးနေပြီ ဖြစ်သည့်အတွက် ပွဲထဲမှာ ငါးကို တည်ခင်းဖို့က မသင့်တော်ခဲ့ပါ။ တကယ်လို့ သူတို့သာ ငါးကို တည်ခင်းခဲ့ပါက ရှင်းပြဖို့ ခက်ခဲလိမ့်မည် ဖြစ်ကြောင်းကို ရှုရွှမ်းက ပြောခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ဒီကိစ္စကို လျှို့ဝှက်ထားပြီး မင်္ဂလာပွဲ ပြီးမှသာ ဆောင်းတွင်းအတွက် ငါးသိုထားဖို့ တောင်ပေါ်သို့ ထပ်သွားကြလိမ့်မည် ဖြစ်သည်။

မင်္ဂလာပွဲ ပိုနီးလာလေလေ ဝမ့်ရင်းက ပိုပြီး ပျင်းလာလေ ဖြစ်သည်။

ရှုရွှမ်းက အရာအားလုံး ဂရုစိုက်ပေးနေခဲ့သည်။ သူ့ဆရာကလွဲလို့ မီးဖိုချောင်ထဲမှာ ကူညီနေသမျှ လူများသည် ကောင်စီမြို့က သူ့ရဲ့ စီနီယာ အစ်ကိုများသာ ဖြစ်နေခဲ့သည်။ သူ့အဒေါ် အမျိုးသမီးကြီးစုကလည်း လက်ဆက်သော အသီးအရွက်များကို ပို့ပေးခဲ့ပြီး နွေရာသီတုန်းက တပ်ထဲမှာ အခြောက်ခံထားသော အသီးအရွက်များကိုလည်း သွားရောက် သိမ်းယူခဲ့သည်။ မင်္ဂလာပွဲအတွက် စီစဥ်စရာ အားလုံးက နေရာတကျ ဖြစ်နေခဲ့သည်။

ဝမ့်ရင်းက အိမ်မှာ နှစ်ရက်လောက်နေပြီး နောက်ဆုံးမှာတော့ သူမရဲ့ ကိုယ်ပိုင် စီးပွားရေးကို စတင်ဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့သည်။

အရင်ဆုံး သူမသည် ထျန်းယိုဖုက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ရှိတယ်ဟု ပြောထားသော ထျန်းတာရှုရဲ့အိမ်ကို ရှာတွေ့ခဲ့သည်။

ဝမ့်ရင်းက အိမ်ထဲကို ဝင်သွားပြီးနောက် မျက်မှောင်ကြုတ်ခဲ့သည်။ ထျန်းတာရှုရဲ့အိမ်သည် တပ်မဟာရဲ့ ကုန်းဆင်းပိုင်းတွင် ရှိနေပြီး အထဲမှာလည်း အတော်လေးကို အေးသည်။ ပုံမှန်ဆိုရင် အိမ်တစ်အိမ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ရှိနေပါက ဒီလိုအချိန်မျိုးမှာ မီးလင်းဖိုကို အပူပေးထားရမည် ဖြစ်သည်။ လူကြီးများက ထိုအအေးဒဏ်ကို ခံနိုင်ရည် ရှိသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးကိုတော့ ပိုပြီး ဂရုစိုက်ပေးသင့်သည်။

မျက်နှာပေါ်တွင် အမဲစက်များရှိနေသော ကောင်မလေး တစ်ယောက်က ဝမ့်ရင်းကို မြင်သည့်အခါ ပုန်းနေခဲ့သည်။ နောက်ထပ် အရပ်ပုပုနှင့် ကောင်မလေးကလည်း အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။ ဝမ့်ရင်းက နှစ်ခါပြန် အော်လိုက်သည်။

ခနကြာပြီးနောက် ပိန်ပိန်နှင့် အမျိုးသမီးတစ်ယောက်က ထွက်လာခဲ့သည်။ သူမတွင် ကိုယ်ဝန်ရှိနေပြီး သူမရဲ့ မျက်ခုံးကြားမှာလည်း မှဲခြောက်များက ရှိနေခဲ့သည်။ “မင်း ဒီမှာ ဘာလုပ်နေတာလဲ။”

ဝမ့်ရင်းက ရိုရိုသေသေ ပြန်ပြောခဲ့သည်။ “ကျွန်မက ဒီတပ်မဟာထဲက အလွတ်တမ်း ဆရာဝန်ပါ။ ရှင်က အစ်မကျွီဟွာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ တပ်မှူးက ကျွန်မကို အစ်မရဲ့ ကိုယ်ဝန်ကို သွားကြည့်ပေးဖို့ ပြောထားလို့ပါ။”

All Chapters