← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

ချမ့်ကျွီဟွာက အေးတိအေးစက်နှင့် ပြန်ပြောခဲ့သည်။ “ငါ့ကိုယ်ဝန်က အဆင်ပြေတယ်။ နင်လာကြည့်ပေးဖို့ မလိုဘူး။”

ဝမ့်ရင်းက စိတ်ရှည်ရှည်နှင့် ရှင်းပြခဲ့သည်။ “အခုဆို ရှင့်ကိုယ်ဝန်က ငါးလကျော်ပြီ။ ဒီအချိန်မှာဆို သန္ဓေသားက မြန်မြန် ကြီးထွားလာပြီ။ ရှင့်ရဲ့ သွေးပေါင်ချိန်က ကလေးအတွက် ပြဿနာ တစ်ခုခု ရှိနေမလားဆိုတာ ကြည့်ပေးဖို့ လိုတယ်လို့ ကျွန်မ ခံစားမိတယ်။ ရှင်က လနည်းနည်းလောက်ထပ်ပြီး အာရုံစိုက်ထားဖို့ လိုသေးတယ်။ တကယ်လို့ ကလေးက နေရာလွဲနေတာတွေကို စောစော သိခဲ့ရရင် ကျွန်မက ရှင့်ကို အရင်ဆုံး တွန်းပြီး ပြင်ပေးရမှာ။”

သူမရဲ့စကားများ မဆုံးခင်မှာပဲ ချမ့်ကျွီဟွာက ဒေါသထွက်လာပြီး သူမကို ပြောဆိုနေခဲ့သည်။ “နင်လို ကောင်မလေး ငယ်ငယ်လေးကများ၊ ဘာသိလို့လဲ။ ဒါက ငါ့ရဲ့သားပဲ။ ငါက သူ့ကို သေသေချာချာ မွေးထားခဲ့တာ။ အဲ့ဒါကိုနင်က ငါ့ဆီလာတာ သန္ဓေသားက မှားနေတယ်ဆိုပြီး ကျိန်ဆဲဖို့ပေါ့။ ပြီးတော့ နင်ကရော ကလေးမွေးဖူးလို့လား။ ကလေး မွေးတဲ့အချိန်ကျရင် ငါက ဘာလုပ်ရမလဲဆိုတာ နင့်ထက် အများကြီး ပိုသိတယ်။ နင်က ဒီမှာ ငါနဲ့ စကားများချင်နေတာခါး။ ထွက်သွား။ နင့်ကို ငါ ထပ်ပြီး မမြင်ရစေနဲ့။”

ဝမ့်ရင်းက မျက်မှောင်ကြုတ်လိုက်သည်။ “အဲ့လောက်ကြီးလဲ ခံစားချက်တွေကို ရှေ့တန်း တင်မနေနဲ့။ ရှင့်ကို ကျွန်မ ပြောပြမယ်။ တောင်တက်ခွင့်က နှစ်လကျော်လောက် ပိတ်တော့မှာ။ ရှင်က ဂရုစိုက်ဖို့လိုတယ်။ ဒီမှာ ကြိုတင် ကာကွယ်လို့ ရတာတွေကလည်း ရှိသေးတယ်။ အဲ့ဒါတွေကို ကျွန်မက ရှင့်ကို သေချာနားလည်အောင် ရှင်းပြရဦးမှာ။”

“နင်က ဘာမှမသိပါဘူး။ ငါက ကလေးနှစ်ယောက် မွေးပြီးသွားပြီ။ အကုန်လုံးက ချောချောမွေ့မွေ့ပဲ။ အဲ့ဒါကို နင်က ဘာလို့ ငါ့ကိစ္စမှာ ဝင်ပါချင်နေရတာလဲ။”

“နင့်ကို ကြည့်ပေးဖို့ ငါ့ဘက်က ဘာပိုက်ဆံမှ တောင်းမှာ မဟုတ်ဘူး။ အဲ့တော့ နင့်ဘက်က အရှုံးမရှိဘူး။”

“အခုချက်ချင်း ဒီကနေ ထွက်သွား။ ကောင်မလေး၊ ငါ နင့်ကို လိုလည်း မလိုချင်ဘူး။ နင့်မျက်နှာကို မြင်လည်း မမြင်ချင်ဘူး။”

ချမ့်ကျွီဟွာက အိမ်ထဲမှာ အော်ပြီး ပုန်းနေခဲ့သည်။ သူမက ပြန်ထွက်လာသည့်အခါ သူအနောက်မှာ ရပ်နေသော ကောင်မလေးကို မတော်တဆ တိုက်မိခဲ့သည်။

သူမက အော်ကာ သူ့ကို အားနဲ့ ကန်လိုက်သည်။ “ထွက်သွား။ ထွက်သွားကြ။ နင်တို့နှစ်ယောက်ကို အိမ်ထဲ ဝင်မလာနဲ့လို့ ငါမပြောခဲ့ဘူးလား။ အခုချက်ချင်း ထွက်သွားကြစမ်း။”

သူမက ကလေးနှစ်ယောက်ကို တွန်းထုတ်ကာ တံခါးကို ဆောင့်ပြီး ပိတ်ခဲ့သည်။

ထို့နောက် ဝမ့်ရင်းက ကလေးနှစ်ယောက်ရဲ့ပုံစံကို သေသေချာချာ မြင်ခဲ့ရသည်။ တစ်ယောက်က အသက်ကြီးပြီး ဆယ်နှစ်လောက် ရှိပုံရသည်။ နောက်တစ်ယောက်က ပိုငယ်ပြီး ငါးနှစ်လောက်သာ ရှိဦးမည်။

အကြီးလေးက ကြောက်ကြောက်နှင့် ပြောခဲ့သည်။ “အစ်မ၊ ကျေးဇူးပြုပြီး သွားပါတော့။ သမီးမောင်လေးက ကြောက်ပြီး မိန်းကလေးတွေ အများကြီးမြင်ရင် ပုန်းနေတတ်တယ်လို့ အမေက ပြောတယ်။”

အငယ်လေးကလည်း ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ “သမီးတို့မောင်လေးက သမီးနဲ့ မမကို မမြင်ချင်ဘူးလို့ အမေကပြောတယ်။ အဲ့ဒါကြောင့် အမေက သမီးတို့ကို သူနဲ့ ဝေးဝေးနေလို့ ပြောနေတာ။”

ချက်ချင်းဆိုသလိုပဲ ဝမ့်ရင်းက တစ်ခုခုကို ခံစားခဲ့ရသည်။ သူမက ကလေးနှစ်ယောက် ပြောသည့်စကားကို ကြားလိုက်ရသည့်အခါ သူမရဲ့ မျက်နှာတွင် ဖော်ပြမရသော အကြည့်မျိုးက ရှိနေခဲ့သည်။

သူမက ယောက်ျားလေးတွေကို မိန်းကလေးတွေထက် ပိုပြီးသဘောကျမယ့် အခြေအနေမျိုးကို မျှော်လင့်ထားသော်လည်း တစ်ယောက်ယောက်က ဒီလို ခေါင်းမာတဲ့စိတ်မျိုး ရှိနေတာကို ပေါ်ပေါ်ထင်ထင် မြင်နေရတာမျိုးကတော့ ပုံမှန်မဟုတ်နေခဲ့ပါ။

သူက စောင့်ကြောင့်ထိုင်ကာ သကြားလုံးနှစ်လုံးကို ထုတ်လိုက်ပြီး ကလေးမလေးနှစ်ယောက်အား တစ်ယောက် တစ်လုံးစီ ပေးခဲ့သည်။ “ကောင်းပါပြီ။ ဒါဆို အစ်မပြန်တော့မယ်။ တကယ်လို့ သမီးတို့ အမေက နေမကောင်းဘူးဆိုရင် သမီးတို့နှစ်ယောက်က လိမ္မာရမယ်နော်။ ပြီးရင် အပြင်ပြေးထွက်ပြီး အကူအညီ သွားတောင်းရမယ်နော်။”

သူမက ဘာကိုမှ မကူညီနိုင်တော့ပါ။ ထို့အပြင် လူကြီးဖြစ်သူကလည်း အကြံကို လုံးဝ ငြင်းဆန်နေခဲ့သည်။ ဒါဟာ ဒီမိသားစုထဲတွင် ဒီကလေးနှစ်ယောက် မွေးဖွားလာရက သူတို့ရဲ့ အပြစ်သာ ဖြစ်သည်။

ဝမ့်ရင်းက လှည့်ထွက်သွားခဲ့ပြီး ချမ့်ကျွီဟွာက လက်မခံဘူးဆိုတာကို ထျန်းယိုဖုထံ သတင်းပို့ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။ သူမရဲ့ လူကလည်း တပ်မှူးရဲ့စကားကို အမြဲတမ်းလိုလို နားထောင်ခဲ့သည်။

တပ်မှူးက သူမတို့မိသားစုကို အနည်းဆုံး အိမ်မှာ မီးလင်းဖိုတစ်ခု ဆောက်ပြီး ကိုယ်ဝန်သည်ကို ပိုပြီး အာဟာရရှိရှိ ကျွေးဖို့အတွက် ပြောခဲ့သည်။ အခုဆိုရင် ချမ့်ကျွီဟွာက ပုံမှန်မဟုတ်ဘဲ ပိန်နေခဲ့သည်။

ဝမ့်ရင်းက မထိန်းနိုင်ဘဲ သကြားလုံးများကို ရတနာသဖွယ် ကိုင်ထားသော ကောင်မလေး နှစ်ယောက်ကို ကြည့်လိုက်ကာ သူမရဲ့စိတ်တွေ ပိုပြီး လေးလံလာခဲ့သည်။

ခုနစ်ခုမြောက် တပ်မဟာက ဘေးပတ်လည်တွင် အတော်လေး နေလို့ကောင်းသော တပ်မဟာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် ဘယ်သူကမှ ငတ်ပြီး မသေခဲ့ကြသလို ဘယ်မိသားစုကမှလည်း မဆာလောင်ခဲ့ကြပါ။ သို့သော် ထိုကောင်မလေး နှစ်ယောက်ကတော့ ထိုအကျိုးအမြတ်များကို မခံစားခဲ့ကြရပါ။

သူတို့ရဲ့ တပ်မဟာထဲတွင် မူကြိုကျောင်း မရှိသည့်အတွက် ရှန်လိတပ်မဟာရှိ ကလေးများ အားလုံးက ကျောင်းတက်ချင်ပါက ရှန်လိ တပ်မဟာထဲရှိ မူကြိုကျောင်းကိုသွားရန် တစ်ရက်ကို တစ်နာရီကျော် လမ်းလျှောက်ရမည် ဖြစ်သည်။ တကယ်လို့ သူတို့က ကံကောင်းပြီး အလယ်တန်းကျောင်း တက်ရပါက ရှန်လိ တပ်မဟာထဲရှိ ကျောင်းသားများကို ဟုန်ကျိ အလယ်တန်းကျောင်း တက်ဖို့အတွက် အနီးအနားက ရှီးဖိုမြို့သို့ ပြောင်းပေးရမည် ဖြစ်သည်။

အခုချိန် ခုနစ်ခုမြောက် တပ်မဟာထဲတွင် စာသင်ရသော ကလေးအရေးအတွက်မှာ လက်ချိုးရေလို့တောင် ရနိုင်ပြီး သူတို့ထဲတွင် မိန်းကလေး တစ်ယောက်မှ မရှိပါ။

ဝမ့်ရင်းက ချမ့်ကျွီဟွာတို့ရဲ့ မိသားစု အခြေအနေကို ထျန်းယိုဖုအား တိုးတိုးသာသာ ပြောခဲ့သည်။ ထျန်းယိုဖုကလည်း စိတ်ညစ်သွားခဲ့သည်။ သူသည် ချမ့်ကျွီဟွာက ဘယ်လိုလူမျိုးလဲ ဆိုတာကို သိပြီးသား ဖြစ်သော်လည်း ဒီလူက အလွန် အထင်သေးပြီး ဆရာဝန် တစ်ယောက်ကိုတောင် မမြင်မတွေ့ချင် ဖြစ်နေမယ်ဆိုတာကိုတော့ သူ မမျှော်လင့်ထားခဲ့ပါ။

“အဲ့ကိစ္စအတွက် မပူပါနဲ့။ ငါ သူ့ယောက်ျားကို ပြောလိုက်မယ်။ ဒါပေမယ့် သူ့ယောက်ျားက အေးတဲ့သူဆိုတော့ သူ့ကို မထိန်းနိုင်လောက်ဘူး။ အခု သူက သားတစ်ယောက် ရလာပြီး ရူးသွားတာကို မင်း သိမှာမဟုတ်ပါဘူး။”

ဝမ့်ရင်းက ဘယ်လိုလုပ် မသိနိုင်ပါ့မလဲ။ ကလေးမလေး နှစ်ယောက်ကို ကြည့်လိုက်ရုံဖြင့် ဒီမိသားစုက ဘာတွေ တွေးနေလဲဆိုတာကို သိနိုင်သည်။

ကမ္ဘာမပျက်ခင်က တွေ့ဖူးသော အချို့ ယောက်ျားလေးများနှင့်တူပြီး အစ်မတွေကလည်း နားထောင်ရုံဖြင့် အကြောင်းပြချက်ကို သိနိုင်သည်။

ချမ့်ကျွီဟွာရဲ့မိသားစုရဲ့ ပြဿနာကို ဘေးဖယ်လိုက်ပါက အခြား သက်ကြီးရွယ်အို နှစ်ယောက်ကတော့ အဆင်ပြေသည်။ ဝမ့်ရင်းက စျေးချိုသော ဆေးနှစ်ခွက်ကို ညွှန်ပေးခဲ့ပြီး မိသားစုနှစ်ခုလုံးက ထိုဆေးများကို အင်တင်တင်ဖြင့် ဝယ်ခဲ့ကြသည်။ သူတို့က နှစ်သစ်ကူးမတိုင်ခင် ဝမ့်ရင်းနဲ့ ထပ်တွေ့ဖို့အတွက်လည်း ပြောခဲ့ကြသည်။ သို့မှသာ ဘယ်ရောဂါကိုမဆို အချိန်မှီ ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက အိမ်ကိုပြန်ပြီး အရင်ဆုံး ဝက်ခြံထဲက ဝက်များကို အစာကျွေးခဲ့သည်။ ထူးဆန်းစွာဖြင့် သူမရဲ့မူလ ဝိဉာဥ် စမ်းရေမှာ သူမအပေါ်တွင်သာ အလုပ်ဖြစ်သည်။ ပထမဆုံး ထိုဝိဉာဥ်စမ်းရေက သေခါနီး ဆေးပင်ကို ရှင်သန်စေခဲ့သည်။ ထို့နောက် အဲ့ဒါကို ဝက်များအား ကျွေးပြီးနောက် သူ့ရဲ့ အာသိသင်မှာ တော်တော်လေး သိသာသည်။

ဝမ့်ရင်းက ဝိဉာဥ်စမ်းရေ သက်ရောက်မှုရှိသော ဘေးပတ်ဝန်းကျင်ကို သံသယ ဖြစ်နေခဲ့သည်။ အတိတ်မှာတုန်းက ကမ္ဘာကြီး ပျက်စီးခါနီး ရက်တွေတုန်းက ပတ်ဝန်းကျင်မှာ အတော်လေးကို ဆိုးရွားခဲ့သည်။ ထို့ကြောင့် အဲ့ရေက သူမကိုယ်သူမသာ သက်ရောက်မှု ရှိနိုင်ခဲ့သည်။ အခုဆိုရင် သူမက လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေရှိရာ နေရာသစ်တစ်ခုကို ပြောင်းရွှေ့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမရဲ့စိတ်ထဲက ဝိဉာဥ် စမ်းရေရဲ့ ပမာဏမှာလည်း အတော်လေး များလာခဲ့သည်။

ပိန်လှီနေသော ဝက်ကလေးက အသားအများကြီး မစားသော်လည်း အမြင်အရတော့ သက်သာလာပုံရသည်။ ဝက်က ဝမ့်ရင်းကို မြင်သည့်အခါ အစာ တောင်းခဲ့သည်။

ဝမ့်ရင်းရဲ့ခြံထဲတွင် စပါးကျီကြီးတစ်ကျီ ရှိသည်။ သူမသည် တပ်မဟာက ဝေပေးထားသော ဖွဲနုများကို သုံးပြီး ကျန်ရှိနေသော ငါးအရိုးများကို သူမဘာသာ အိမ်တွင် အမှုန့်ကြိတ်ပြီး ဆောင်းတွင်းမှာ ဝက်များကို ကျွေးရန်အတွက် စီစဥ်ထားခဲ့သည်။

ဝက်များကို အစာကျွေးပြီးနောက် ဝမ့်ရင်းက ရှုရွှမ်းကို ရှာဖို့အတွက် နိုင်ငံပိုင် စားသောက်ဆိုင်ကို သွားခဲ့သည်။

သူမက ချမ့်ကျွီဟာရဲ့အိမ်ကြောင့် စိတ်တိုနေခဲ့ပြီး ပူပူနွေးနွေး တစ်ခုခုကို စားချင်နေခဲ့သည်။ တကယ်လို့ ဒီအချိန်မှာ သူတို့ အဲ့ကိုသွားပါက ညစာကို အဲ့မှာစားပြီး အဖွဲ့ထဲကို အတူတူ ပြန်လာလို့ ရနိုင်သည်။

နိုင်ငံပိုင်အဆင့်ရှိသော စားသောက်ဆိုင်သို့ ရောက်သည့်အခါ မျက်လုံးမှေးမှေးနှင့် ရှဲ့ယွဲ့ကျင်းက ဆိုင်ဘေးက တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို ဝမ့်ရင်းက အဝေးကနေ တွေ့လိုက်ရသည်။ ဝမ့်ရင်းက သူမရဲ့အရှိန်ကို လျှော့လိုက်ပြီး ခြေငါးလှမ်းလောက်အလိုမှာ ရပ်လိုက်ပြီး နောက်ဆုံးမှာတော့ ရှဲ့ယွဲ့ကျင်းနှင့် စကားပြောနေသောသူကို တွေ့ခဲ့ရသည်။

ရှဲ့ယွဲ့ကျင်းက တစ်ဖက်လူနှင့်ပြောနေသော စကားစကို မြန်မြန်ဖြတ်လိုက်ပြီး အရင်ဆုံး ထွက်သွားဖို့အတွက် မျက်စပစ်ပြခဲ့သည်။ ထို့နောက် သူက တက်တက်ကြွကြွနှင့် လာခဲ့သည်။

“ခယ်မလေး၊ ဒီကိုလာတာ အကိုရှုကို တွေ့ဖို့လား။ အကိုရှုက မီးဖိုချောင်ထဲမှာ။ ကျွန်တော် အဲ့ကို ခေါ်သွားပေးမယ်။”

ဝမ့်ရင်းက မတည်မငြိမ်နှင့် မေးခဲ့သည်။ “အခုလေးတင် နင် အဲ့လူကို ဘာပြောလိုက်တာလဲ။”

ထိုမေးခွန်းကို ရုတ်ချည်းဆိုသလိုပဲ မေးခဲ့ပြီး ပုံမှန်လူသာဆိုရင် သူတို့က အချင်းချင်း အရမ်း မရင်းနှီးဘဲ မေးကြလိမ့်မည် မဟုတ်ပါ။

မျက်လုံးမှေးမှေးနှင့် ရှဲ့ယွဲ့ကျင်းက ဝေ့လည်ကြောင်ပတ်နှင့် ဖြေခဲ့သည်။ “ဒါ ကျွန်တော့်ရဲ့ ဝမ်းကွဲပါ။ သူက ကျွန်တော့်ဆီ လာပြီးတော့ မိသားစုကိစ္စတွေ ပြောပြနေတာ။”

ဝမ့်ရင်း - “အို…”

သူမရဲ့ စူးရှသော အကြားအာရုံက ရှဲ့ယွဲ့ကျင်း ပြောတာကို သေချာ ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ရှုရွှမ်းက ဆောင်းတွင်းကို ဖြတ်သန်းဖို့အတွက် တပ်မဟာထဲ ပြန်မှာဖြစ်ပြီး သူကတော့ ဆိုင်မှာရှိတဲ့ အခြောက်ခံထားသော ပစ္စည်းကောင်းများကို ရောင်းပစ်တော့မည်ဟု ပြောနေသော ရှဲ့ယွဲ့ကျင်း၏ အသံကို သေချာ ကြားခဲ့ရသည်။

ဝမ့်ရင်းက ရှဲ့ယွဲ့ကျင်းအား မေးပြီးနောက် အကြံတစ်ခုကို ရခဲ့သည်။ သူမက အနောက်ဘက် မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ရှုရွှမ်းက ပစ္စည်းများ ပြင်ဆင်နေသည်ကို တွေ့ခဲ့သည်။ နိုင်ငံပိုင်အဆင့်ရှိသော စားသောက်ဆိုင်တွင် အရောင်းရဆုံးသော စားစရာမှာ ဖက်ထုပ်နှင့် ပေါက်စီများ ဖြစ်သည်။ ပေါက်စီများ ပြုလုပ်ဖို့က ရှုရွှမ်းရဲ့ တာဝန် မဟုတ်သော်လည်း စားစရာများကို ပြင်ဆင်ပေးဖို့အတွက်တော့ တာဝန်ရှိသည်။

ဝမ့်ရင်းလာနေသည်ကို မြင်လိုက်သည့်အခါ ရှုရွှမ်းက သူမအတွက် ဖက်ထုပ်တစ်ပွဲကို လုပ်ပေးခဲ့သည်။ မြို့ထဲတွင် နေ့လည်စာ စားချိန်မှာ အလုပ်အရှုပ်ဆုံးဖြစ်ပြီး ညနေပိုင်းမှာတော့ လူပါးသည်။ ထိုအချိန်မှာ အပြင်ဘက်တွင် ထိုင်နေတဲ့သူက အနည်းငယ်သာရှိပြီး စားပွဲများကိုမှာကာ စကားပြောနေကြသည်။

ရှုရွှမ်းက ဝမ့်ရင်းအား ဖက်ထုပ်တစ်ပွဲနှင့် မြေပဲပြုတ်တစ်ပန်းကန်ကို ချပေးခဲ့ပြီး လက်မှတ်နှင့် ပိုက်ဆံကို စားပွဲထိုးအား ပေးခဲ့သည်။

စားပွဲထိုးက ဝမ့်ရင်းကို မေ့နေခဲ့သည်။ အကြောင်းမှာ ဝမ့်ရင်းက အရင်ထက်စာရင် အများကြီး ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။ ပထမဆုံးအကြိမ် သူမ လာတုန်းက သူမက ပိန်ပြီး အဝတ်အစားများကိုလည်း ဖာထေးထားခဲ့သည်။ အခုဆိုရင် ဝမ့်ရင်းက အဝတ်အစား အသစ်များကို ဝတ်ထားပြီး ဆံပင်များကလည်း အနည်းငယ် နက်မှောင်နေခဲ့သည်။ သူမရဲ့ပါးကလည်း မို့မောက်နေသည်။ အထင်ရှားဆုံးကတော့ သူမရဲ့ အသားရည်မှာ ပိုပြီး ဖြူဖွေးနေခဲ့သည်။

စားပွဲထိုးက အနည်းငယ် မနာလိုဖြစ်ကာ ပြောခဲ့သည်။ “ဖက်ထုပ်တစ်ပွဲကို ၁.၂ ယွမ်ပဲ ကျတာပါ။ ဒီလောက်အများကြီး ပေးဖို့ မလိုပါဘူး။”

ရှုရွှမ်းက သူ့ကို တစ်ယွမ်နဲ့ ငါးဆယ်ဆင့် ပေးတာ။

ရှုရွှမ်းကလည်း ပြတ်ပြတ်သားသား ပြောခဲ့သည်။ “ငါနည်းနည်း ထပ်မှာဦးမှာ။”

စားပွဲထိုးက ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ တကယ်တမ်းမှာတော့ ရှုရွှမ်းက မီးဖိုချောင်ထဲမှာ သူ့တာဝန်သူ လုပ်နေခဲ့သည်။ တကယ်လို့ သူက အနည်းငယ် ထပ်မှာခဲ့ရင်တောင် ဘယ်သူကမှ သတိထားမိမှာ မဟုတ်ပါ။ သို့သော် အမြဲလိုလို ရှုရွှမ်းက စည်းကမ်းများကို လိုက်နာပြီး လုပ်ရမည့် အရာကိုသာ လုပ်လေ့ရှိသည်။

ဝမ့်ရင်းသည် ပန်းကန်ထဲမှ ဖက်ထုပ်ဖြူများကို တွေ့ခဲ့ပြီး သူမရဲ့ သောကများလည်း ပျောက်သွားခဲ့သည်။ ဝက်သားနဲ့ ဂေါ်ဖီ ဖက်ထုပ်များက အသားအပြည့် ဖြစ်နေသည်ကို တစ်ကိုက်တည်းဖြင့် အရသာ ခံစားနိုင်သည်။

ရှုရွှမ်းက ဘေးကထိုင်ကာ ကြည့်နေခဲ့သည်။ သူက ညစာစားပြီးပြီ ဖြစ်သည့်အတွက် ဝမ့်ရင်း စားတာကို ကြည့်နေရတာက သူ့အတွက် ဘာပြဿနာမှ ရှိမနေခဲ့ပါ။ ဝမ့်ရင်းက ဖက်ထုပ် စားပြီးနောက် ရှုရွှမ်းက မီးဖိုချောင်ထဲမှ ခေါက်ဆွဲပြုတ် တစ်ဝက်ကို ယူလာပေးခဲ့သည်။

စားပြီးသောက်ပြီးနောက် ရှုရွှမ်းက မီးဖိုချောင်ထဲမှာ သန့်ရှင်းရေးလုပ်ပြီး သူတို့နှစ်ယောက်အတူတူ ဓာတ်မီးလေးနှင့် အဖွဲ့ထဲသို့ ပြန်လာခဲ့ကြသည်။

လမ်းမှာ ဝမ့်ရင်းက ရှုရွှမ်းအား သူမ ကြားခဲ့သည်ကို ပြောပြခဲ့သည်။

“ရှဲ့ယွဲ့ကျင်းက တစ်ခြားသူနဲ့ သဘောတူညီမှု တစ်ခုကို လုပ်ထားတယ်။ သူပြောတာက ဆောင်းတွင်း အေးတဲ့အချိန်မှာဆို ဆိုင်ထဲမှာ အသီးအရွက်ခြောက်တွေ အများကြီးပဲ ရှိတယ်တဲ့။ သူက အဲ့အရွက်ခြောက်တွေကို အစားထိုးပြီး တစ်ချို့တစ်ဝက်ကိုတော့ ယူထားမလို့တဲ့။ ရှင် ဒီမှာ မရှိတဲ့အချိန်ကျရင် မီးဖိုချောင်ထဲမှာက သူ့လက်သူ့ခြေပဲ။ အဲ့ကျရင် သူက ဆီတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေကို ယူလို့ရသွားလိမ့်မယ်။”

ရှုရွှမ်းက ဝမ့်ရင်း ဘာမှ မပြောခင်ကတည်းက သူမရဲ့လက်ကို အကြာကြီး ကိုင်ထားခဲ့ပြီး သူမပြောသမျှကိုလည်း နားထောင်ခဲ့သည်။ “ဟမ်….”

ဝမ့်ရင်း - “အဲ့တော့ ရှင်က ဘာလုပ်မှာလဲ။”

ရှုရွှမ်းက လမ်းမကိုသာ ငေးနေခဲ့သည်။ ရာသီဥတုကလည်း အေးနေသည့်အတွက် သူ့ရဲ့ အလုပ်ကနေ အိမ်ပြန်လမ်းမှာ ဂရုတစိုက် ပြန်ရမည် ဖြစ်သည်။ ရွှံ့ထူသော လမ်းကလည်း အတော်လေး ခဲနေခဲ့ပြီး ခြေတစ်လှမ်းချင်း မလှမ်းပါက လမ်းလျှောက်ဖို့ ခက်ခဲသည်။ ဘယ်နေရာက ဘယ်လို တိုက်မိတာတွေက ပေါ်လာမလဲ ဆိုတာကို သူလည်း မသိခဲ့ပါ။

“သူ့ကို လွှတ်ထားလိုက်။”

သူသည် ရှဲ့ယွဲ့ကျင်းက ဉာဏ်နီဉာဏ်နက် များတဲ့သူဆိုတာကို ဟိုးအရင်ကတည်းက ခံစားမိနေသည့်အတွက် သူနှင့် ညှိယူဖို့ကို စိတ်မရှည်ခဲ့ပါ။ ထို့အပြင် သူက မီးဖိုချောင်ထဲ အလုပ်လုပ်နေချိန်မှာ အတော်လေးကို စည်းကမ်းတင်းကြပ်သည်။ ထို့ကြောင့် ရှဲ့ယွဲ့ကျင်းက ဘာမှကို မလုပ်ရဲခဲ့ပါ။ ထိုရှုထောင့်မှ ကြည့်ကြည့်ပါက ရှုရွမ်း အနားမှာ မရှိချိန်တွင် ဒီလိုလုပ်ရပ်မျိုး လုပ်ချင်သည်မှာ အထူးအဆန်းတော့ မဟုတ်ပါ။

ဝမ့်ရင်းက သူ့အား သတိပေးခဲ့သည်။ “သူက ဆောင်းတွင်းအတွက် ထားထားတဲ့ ပစ္စည်းတွေကို အစားထိုးတာပဲဖြစ်ဖြစ် ခိုးတာပဲဖြစ်ဖြစ် အဲ့လိုတွေလုပ်ပြီး အဲ့ကရတဲ့ အကျိုးအမြတ်တွေကို ယူသွားမှာတော့ စိုးရိမ်မိတယ်။ ပြီးတော့ သူက ရှင် ပြန်လာမှ အဲ့ကိစ္စအတွက် ရှင့်ကို အပြစ်တင်လိမ့်မယ်။”

ရှုရွှမ်း - “တကယ်မဟုတ်လောက်ပါဘူး။ သူ မလုပ်ရဲဘူး။”

All Chapters