အခန်း (၄၉)
Vol. 5 Ch. 49
ရှုရွှမ်းက ဝမ့်ရင်းအား ကိစ္စတစ်ခုလုံးကို ရှင်းပြခဲ့သည်။ တကယ်တော့ ဟိုတယ်က တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက ရာထူး နှစ်လ အနားခံရလို့ သိပ်ပြီး မကျေနပ်ကြပေ။
ရှုရွှမ်းက မြို့ထဲတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့ ဟင်းချက်စွမ်းရည်မှာ အတော်လေးကို ကောင်းသည်။ တစ်ခါတစ်ရံ ကောင်စီထဲကလူတွေက သူ့ရဲ့လက်ရာကို မြည်းဖို့အတွက် လာလေ့ရှိကြသည်။ ထိုအရာကပဲ သူ့ရဲ့ လက်ရာက အတော်လေး အသိအမှတ် ပြုခံထားရကြောင်းကို ပြသနေခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ သူက နှစ်လကျော်လောက် ဘေးထွက်နေခဲ့ရသည်။ အကြောင်းမှာ ရှုရွှမ်းက သူ့ခေါင်းဆောင်တွေရဲ့ လှည့်စားမှုလေးတွေကို အင်မတန် မကျေမနပ် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
စားသောက်ဆိုင်က စားဖိုမှူး တစ်ယောက်တည်း အပေါ်မှာ မီခိုနေသည့်အကြောင်းကို ပြောဖို့က မသင့်တော်ဘူးဟု ခေါင်းဆောင်က ခံစားခဲ့ရသည်။ အစတုန်းက ခေါင်းဆောင်က ရှဲ့ယွဲ့ကျင်းကို ရှုရွှမ်းရဲ့တပည့်အဖြစ် သတ်မှတ်ပေးဖို့ ပြောခဲ့သော်လည်း ရှုရွှမ်းက ငြင်းခဲ့ပြီး သင်ကြားပေးရတယ်ဆိုတာက ကိစ္စတစ်ခုပဲဟု ပြောခဲ့သည်။ ထို့နောက် ဒါက ပတ်ဝန်းကျင်အသစ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စမဟုတ်သည့်အတွက်ကြောင့် ရှဲ့ယွဲ့ကျင်းက သူ့ရဲ့စကားများကို မပြောင်းပစ်ချင်ခဲ့ပါ။
သူရဲ့စကားတွေ မပြောင်းရင်တောင် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေကို သူ့ကို သင်ပေးနိုင်တာပဲမလား။
ရှုရွှမ်းက ပြောတဲ့စကားကို မနာခံသည့်အတွက် ခေါင်းဆောင်က မကျေနပ်ခဲ့ပါ။ ထို့အပြင် ရှဲ့ယွဲ့ကျင်းကလည်း ထိုပညာရပ်များကို မလေ့လာနိုင်ဘူးဟု ရှုရွှမ်းက ခံစားခဲ့ရသည်။
ဒီတစ်ခေါက် ခွင့်ယူဖို့ ပြောသည့်အချိန်တွင် ရှဲ့ယွဲ့ကျင်းက တာဝန်များအား ပြီးဆုံးအောင် လုပ်မည့်အကြောင်းကို အားတက်သရော ကတိပေးခဲ့သည်။ ခေါင်းဆောင်က ရှုရွှမ်းကို ဒေါသထွက်နေခဲ့ပြီး မင်းက စားဖိုမှူး တစ်ယောက်။ မင်းလို သားသတ်သမား မရှိရင် တစ်ခြားသူတွေက ဒီလို အမွှေးထူတဲ့ ဝက်တွေကို ဘယ်လိုစားမလဲဟုဆိုကာ တွေးနေခဲ့သည်။
လုပ်စမ်းပါ။
တကယ်လို့ ရှဲ့ယွဲ့ကျင်းသာ ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ရင် ဒီဆိုင်မှာ နောက်ပိုင်း စားဖိုမှူး နှစ်ယောက်တောင် ရှိလာတော့မှာ။
ရှုရွှမ်း - “ဒါဆိုလည်း ရှဲ့ယွဲ့ကျင်းက ငါ့ကိုလာပြီး အပြစ်မတင်နဲ့။ သူ့ဟာသူသာ အင်တိုက်အားတိုက်နဲ့ ကောင်းကောင်း လုပ်ရမှာ။”
ခေါင်းဆောင်းတွင် ရှဲ့ယွဲ့ကျင်းကို ရာထူးတိုးပေးပြီး ရှုရွှမ်းကိုတော့ ဖိနှိပ်ထားမည့် အကြံတစ်ခု ရှိနေခဲ့သည်။ အခုဆိုရင် ရှုရွှမ်းက မထွက်လာနိုင်ဘဲ ရှဲ့ယွဲ့ကျင်း၏ အခွင့်အရေးကသာ ဒီနေရာမှာ ရှိနေခဲ့သည်။
တကယ်လို့ သူသာ အလုပ်ကောင်းကောင်း လုပ်ရင် ရှုရွှမ်းကို ဖိနှိပ်ထားဖို့က ပြောစရာတောင် မလိုဘူး။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေက လက်ခံလို့ရပြီး ဆိုင်ထဲက စီးပွားရေး အများစုကို ထောက်ပံ့ပေးနိုင်တာ။ ပြီးတော့ ရှုရွှမ်းက မီးဖိုချောင်ထဲ ပြန်ဝင်ခဲ့ရင်တောင် ဆိုင်ထဲမှာက သူ့အတွက် နေရာတစ်နေရာက ရှိနေတုန်းပဲ။ ပြီးတော့ သူ့ကို ချီးမြှောက်ပေးပြီး ရာထူး တစ်ခုကတော့ တိုးပေးမှာ သေချာတယ်။
ဒါပေမယ့် အခုက သူ့မှာ မကောင်းတဲ့ အတွေးတွေ ရှိနေသည်။ ဆီတွေ ရေတွေ လုံလုံလောက်လောက် မရှိဘဲနဲ့ စားသောက်ဆိုင်ထဲမှာရှိတဲ့ ဟင်းတွေရဲ့ အရသာက ဘယ်လိုလုပ် ကောင်းနိုင်ပါ့မလဲ။
စားသောက်ဆိုင်တန်းကို ပြင်ဆင်လို့ မရနိုင်ခဲ့ပါ။ ရှုရွှမ်းက ပြန်လာချိန်မှာ ခေါင်းဆောင်က ပြောခဲ့သည်။ တကယ်လို့ အခြေအနေတွေ မကောင်းရင် မီးဖိုချောင်ထဲ အစားထိုးလို့ရမယ့် လူတစ်ယောက်က ဒီပညာတွေကို သင်ထားရမှာပဲ။
ရှုရွှမ်းက သဘောမတူခဲ့ပါ။ “သူက ပစ္စည်းတွေကို ယူသွားပြီး ပြချင်နေတာ။ သူ ဘာလိုချင်လဲဆိုတာကို သူ့ဘာသာ အဖြေ ရှာနိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ ဒါမှမဟုတ်လည်း သူက လောဘကြီးပြီး အရာရာတိုင်းကို လိုချင်နေတာဖြစ်မယ်။”
ရှုရွှမ်းက မဟုတ်တာတစ်ခုခု ကြံစည်ခံရမှာကို စိုးရိမ်မနေခဲ့ပါ။ သူ့ရဲ့အကျင့်က နေ့စဥ် လုပ်ငန်း တာဝန်များကို မှတ်သားထားဖို့ ဖြစ်သည်။ သူသည် လဝက်တိုင်း ဆိုင်ရဲ့ ဝယ်ယူမှုစာရင်းတွေကို စစ်ဆေးပေးရသည်။ ထို့အပြင် လွန်ခဲ့သော နှစ်တွေတုန်းက ဆိုင်မှာ အမှားများစွာ ရှိခဲ့ဖူးသည်။
ရှဲ့ယွဲ့ကျင်းက ရှုရွှမ်းကို အချိန်အတော်ကြာ ဆိုင်ထဲမှာ စောင့်ကြည့်နေခဲ့သော်လည်း သူ့ကို ဆန့်ကျင်ရမည့် ဘာသက်သေ အထောက်အထားမှ ရှာမတွေ့ခဲ့ပါ။
ထို့ကြောင့် တကယ်လို့ သူက တစ်ခုခုကို နည်းနည်းလေး သတိထားမိရင်တောင် သူက ရှုရွမ်းကို အဲ့ကိစ္စအတွက် အပြစ်တင်လိမ့်မည် မဟုတ်ပါ။
ဝမ့်ရင်းက ရှုရွှမ်းကို သတိပေးနေခဲ့သည်။ ထို့နောက် ရှုရွှမ်းက ယုံကြည်ချက်ရှိနေတာကို မြင်လိုက်ရသည့်အခါ သူမက စကားစ ဖြတ်လိုက်သည်။
ဒါက ဖြစ်နိုင်ချေရှိသည်။ ရှုရွှမ်းမှာက ကိုယ်ပိုင် အဆက်အသွယ်များစွာ ရှိနေသည့်အတွက် သူက အလုပ်မှာ ဘာလိမ်လည်မှုမှ လုပ်လိမ့်မည် မဟုတ်ပါ။ သူက အကျိုးအမြတ် နည်းနည်းလေးအတွက်တော့ စိတ်ဝင်စားမည် မဟုတ်ပါ။
ရှဲ့ယွဲ့ကျင်းက အတော်လေး သတိထားနေခဲ့သည်။ နောက်နှစ်လအတွင်း သူက ဝယ်ယူသူများကို ထိန်းထားနိုင်မလား။ ဒါမှမဟုတ် ဆိုင်က ပစ္စည်းများကို တိတ်တဆိတ် သိမ်းသွားမလားက သူ့အပေါ်မှာပဲ မူတည်သည်။
ဝမ့်ရင်းရဲ့ စကားများကြောင့် ရှုရွှမ်းက ရှဲ့ယွဲ့ကျင်းကို အရမ်းကြီး စိတ်မဝင်စားခဲ့ပါ။ ရှုရွှမ်းက ခေါင်းဆောင်အား ရေကရားဖြင့် ပေါက်လိုက်သည်။ အစတုန်းက သူတို့သည် ဒီဇင်ဘာလမှာ ဆက်ပြီးမလုပ်ဖို့ သဘောတူထားသည့်အတွက် ရှုရွှမ်းက မင်္ဂလာဆောင် မတိုင်ခင် ကိစ္စအားလုံးကို ပြီးအောင်လုပ်ပြီး မင်္ဂလာပွဲ အဆင်ပြေဖို့အတွက် အချိန်ကို ချန်ထားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ရှဲ့ယွဲ့ကျင်း အတွက်ကရော။
ရှုရွှမ်းက သူနဲ့ညှိဖို့အတွက် အချိန်တစ်ပတ်ကို အရင်ဆုံး ဖယ်ထားခဲ့သည်။ တောင်တက်ခွင့် ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုရွှမ်းကို ဘာပြဿနာအတွက်မှ အပြစ်တင်လို့ ရတော့မည် မဟုတ်ပါ။
၂၄ရက်နေ့တွင် ရှုရွှမ်းသည် ဆိုင်ထဲက အရာအားလုံးကို လက်စသတ်ပေးခဲ့သည်။ သူက သိမ်းဆည်းထားသော အသီးအရွက်ခြောက်များကို တစ်ခုချင်း အသေးစိတ် စစ်ဆေးထားခဲ့ကာ ဘယ်လောက် ကီလိုဂရမ် ရှိကြောင်းကို စာရွက်များပေါ်၌ ရေးထားပေးခဲ့သည်။ ဝမ့်ရင်းက အကြံတစ်ခုကို တွေးမိသွားခဲ့သည်။ ပစ္စည်းများကို သိမ်းဆည်းပြီးနောက်တွင် ပစ္စည်းများ ထိန်းသိမ်းရန်အတွက် အခြား သူတစ်ယောက်ကို လက်မှတ်ထိုးဖို့ တောင်းဆိုလိုက်တာက အကောင်းဆုံးပဲဟု ပြောခဲ့သည်။ ဒါဟာ အကြံကောင်းတစ်ခုပဲဟု ရှုရွှမ်းကလည်း တွေးမိခဲ့သည်။
သူက မှတ်စုပေါင်း ခုနစ်ခု၊ ရှစ်ခုလောက်ကို ရေးထားခဲ့သည်။ ခေါင်းဆောင်ရဲ့ ညွန်ကြားမှု လက်အောက်မှာ ရှိနေသည့် ရှဲ့ယွဲ့ကျင်းရဲ့ လက်ထဲကို လွှဲထားပေးသမျှ မီးဖိုချောင်ထဲက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့သည်။
ခေါင်းဆောင်က စိတ်မသက်မသာနှင့် ပြောခဲ့သည်။ “ဒါက ပြဿနာ အရမ်း များမနေဘူးလား။ ကြည့်ရတာ မင်းပြန်မလာမယ့် ပုံမျိုးလည်း ဟုတ်မနေပါဘူးကွာ။”
ရှုရွှမ်းက မှတ်စုကို ဘေးမှာထားပြီး ပြောခဲ့သည်။ “ဒါတွေအားလုံးက ပြည်သူပိုင် ပစ္စည်းတွေပဲ။ ကျွန်တော်တို့ ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြလို့ ရရင် နောက်ပိုင်း ဒီကိစ္စကို လွယ်လွယ်လေး ဖြေရှင်းလို့ ရနိုင်တယ်။”
သူက ပြန်မလာဘူးလား ဆိုတာကိုတော့ လုံးဝ မပြောပြခဲ့ပါ။
ခေါင်းဆောင်က ထ်တ်လန့်သွားခဲ့သည်။ “ဒီလူက တကယ်ကို ဒီအလုပ်ကနေ ပြောင်းဖို့ စီစဥ်နေတာရော ဖြစ်နိုင်ပါ့မလား။”
ခေါင်းဆောင်က ချက်ချင်းဆိုသလိုပဲ အနည်းငယ် နောင်တရသွားသလို ခံစားခဲ့ရသည်။ ရှုရွှမ်းရဲ့ ဟင်းချက်စွမ်းရည်မှာ ကောင်းပြီး ရှန်လိအဖွဲ့ထဲ စားသောက်ဆိုင် တစ်ဆိုင်ကလည်း ရှုရွှမ်းကို အလုပ်ခန့်ချင်နေခဲ့သည်။ ထို့နောက် ရှုရွှမ်းရဲ့ မူလဇာစ်မြစ်မှာ ရှန်လိအဖွဲ့ထဲက ဖြစ်သည့်အတွက် ရှုရွှမ်းက သူ့ရဲ့ တပ်မဟာထဲသို့ သွားခဲ့ရင်တောင် ဒါဟာ ပုံမှန် ကိစ္စတစ်ခုသာ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ရှုရွှမ်းက သူတို့ရဲ့ တပ်မဟာက အတော်ကို ဝေးပြီး နေ့တိုင်း တစ်နာရီကျော်လောက် အသွားအပြန် လုပ်နေရတာက ပြဿနာတစ်ခုဟု မြင်နေခဲ့သည့်အတွက် သူက အနီးအနားရှိ ဟုန်ကျိ တပ်မဟာကိုသာ သွားဖို့အတွက် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
အစတုန်းက ဒါဟာ အကြံကောင်းတစ်ခုဟု ခေါင်းဆောင်များက တွေးထားခဲ့ကြသည်။ ရှုရွှမ်းက ဂျူနီယာ အထက်တန်းကျောင်းမှ ဘွဲ့ရခဲ့ပြီး ပညာရေးအချို့လည်း တက်သေးသည်။ သူရောက်လာကတည်းက မီးဖိုချောင်ထဲက ကိစ္စအားလုံးကို အစီစဥ်တကျ စီစဥ်ပေးခဲ့ပြီး ခေါင်းဆောင်များကလည်း ဆိုင်နှင့် ပတ်သက်ပြီး စိတ်ပူရခဲသည်။
သူက အတော်လေးလည်း အရည်အချင်း ရှိသည်။ နှစ်အနည်းငယ် ကြာပြီးနောက် တကယ်လို့ သူသာ ပိုမြင့်တဲ့ နေရာတစ်ခုကို ရောက်ဖို့အတွက် စာမေးပွဲကို အောင်ခဲ့ပါက သူ့ရဲ့ စားသောက်ဆိုင်ကို ပိုပြီး အောင်မြင်အောင် လုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။
ဒီလိုလူမျိုးသာ ထွက်သွားရင် ဆိုင်အတွက် နစ်နာစရာတွေ ဖြစ်ကုန်တော့မှာပဲ။
ရှုရွှမ်းက ကြီးကြပ်ရေးမှူး၏ အတွင်းရေး ပြဿနာများကိုတော့ ဂရုမစိုက်ခဲ့ပါ။ ကိစ္စအားလုံးကို သိမ်းဆည်းပြီးနောက် သူက အဖွဲ့ထဲသို့ ပြန်လာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်လောက်အထိ နှင်းမကျသေးပါ။ ထို့ကြောင့် ဟိုတယ်က ထိုကိစ္စအတွက် ဂရုမစိုက်နိုင်သေးပါက သူ့ကို အချိန်မှီ ရှာတွေ့လိမ့်မည် ဖြစ်သည်။
ရှုရွှမ်းက မြန်မြန်ပဲ ထွက်သွားခဲ့သည်။ အကြောင်းမှာ တောင်ပေါ်သို့ တက်သွားသော အဖွဲ့က ဒီကနေ့မှာ ပြန်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့ တောင်ပေါ်ကို တက်သွားတုန်းက အယောက် နှစ်ဆယ်ကျော်သည်။ ထို့အပြင် သူတို့ ပြန်လာအချိန်တွင် တောဝက်နှစ်ကောင်၊ တောယုန်၊ မြေခွေးများနှင့် အခြား အရာများကို သယ်လာကြမည် ဖြစ်သည်။
တပ်မဟာတစ်ခုလုံးက စိတ်အား ထက်သန်နေကြသည်။ ဝက်များ ဝေပေးချိန်တုန်းက မိသားစုတစ်စုကို ကီလိုဂရမ်များစွာ ရရှိခဲ့သည်။ မိသားစုဝင်များသော မိသားစုများတွင် အကုန်လုံးကို ကျွေးဖို့အတွက် တစ်ယောက်ကို အနည်းငယ်သာ စားလိုက်ရနိုင်မည် ဖြစ်သည်။ တောင်ပေါ်တွင် ဖမ်းမိခဲ့သော တောဝက်ရဲ့ အသားသည် အလကား လာယူလို့ ရနိုင်မည် ဖြစ်သည်။ မိသားစုတိုင်းက ဝက်သားများစွာကို အလကား ရရှိနိုင်မည် ဖြစ်သည့်အတွက် ပျော်ရွှင်နေကြသည်။
ရှုရွှမ်းက တောဝက်သားကို ၁၂ပေါင်လောက် ယူလာခဲ့ပြီး ခွဲဝေပေးထားသော အသားများကို ရင်းနှီးသော မိသားစုအနည်းငယ်နှင့် သွားလဲခဲ့သည်။ နောက်ဆုံးမှာတော့ သူ့မှာ တောဝက်ပေါင်ချိန် သုံးဆယ်လောက် ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့မှာ အခြောက်ခံထားသော ယုန်သား အနည်းငယ် ကျန်ရှိနေသေးသည်။ ထိုအသား နှစ်မျိုးနှင့် သူလဲလာခဲ့သော စားစရာများက မင်္ဂလာပွဲကို တက်ရောက်မည့် ဧည့်သည်များကို တည်ခင်းဖို့အတွက် လုံလောက်သည်။
ရှုရွှမ်းက တပ်မဟာမှ အစည်းအဝေးခန်းမကို ငှားရမ်းခဲ့ပြီး စားပွဲခုံများ၊ ထိုင်ခုံများနှင့် ပန်းကန်များအားလုံးကိုလည်း ငှားခဲ့သေးသည်။
အမျိုးသမီးကြီး မစ္စရှုရဲ့ အရင်က သိုသိုသိပ်သိပ် နေတတ်သော အပြုအမူမှာလည်း လုံးဝကို ပျောက်ကွယ်သွားကာ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား ကျင်းပဖို့အတွက် ဆုံးဖြတ်ထားခဲ့သည်။
အန်တီရှုရဲ့အိမ်ဘက်ကနေ လူအယောက် ၂၀ ကျော်လောက် လာလိမ့်မည်။ ပြီးရင် သူတို့ မိသားစုနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အဖွဲ့ထဲက လူတွေကလည်း လာကြလိမ့်မည်။ လူတွေက အများကြီးပဲ လာကြမှာဖယ အဲ့တော့ သူတို့တွေ အနည်းဆုံး ဆယ်ဝိုင်းလောက် ပြင်ထားရမည်။
ဝမ့်ရင်းက အများကြီး မကူညီနိုင်ခဲ့သလို အခုဆိုရင် လူတွေ အကုန်လုံးကိုပါ မမှတ်မိနိုင်တော့ပါ။
ထို့အပြင် ဝမ့်မိသားစုဘက်မှာ အမျိုးဆိုလို့ ဝမ့်ယုံရွှင်းနှင့် လီချွမ်းကျင်တို့သာ ရှိသည်။ ထို့အပြင် ဝမ့်ရင်းက သူတို့နှစ်ယောက်ကို ဖိတ်တောင် မဖိတ်ထားခဲ့ပါ။
ဝမ့်ယုံရွှင်းက ဆေးလိပ်ကို ဖွာလိုက်သည်။ သူသည် အစတုန်းက ဆေးလိပ် မသောက်တတ်သော်လည်း မကြာခင်က ဖြစ်သွားခဲ့ရသော ပြဿနာ တစ်စီတစ်တန်းကြီးကြောင့် သူ့ရဲ့စိတ်တွေက အတော်လေး ပင်ပန်း စိုးရိမ်ခဲ့ရသည်။ လီချွမ်းကျင်ကလည်း ပြဿနာတွေ ရှာတတ်သေးသည်။ ဝမ့်ယုံရွှင်းက အတော်လေး စိတ်ဓာတ်ကျလာသည််အတွက် ဆေးလိပ်များကို စတင် သောက်လာခဲ့သည်။
လီချွမ်းကျင်က အိမ်ထဲတွင် ဝက်သားများကို သန့်ရှင်းရေး ပြုလုပ်နေခဲ့သည်။ သူမက အသားများကို ပိုင်းရင်း ဝမ့်ရင်းကို ကျိန်ဆဲနေခဲ့သည်။
“ကောင်မစုတ်လေး။ နင်က ကိုယ့်မိဘရဲ့ အိမ်ကိုတောင် မလိုချင်တော့ဘူး။ ငါ ခေါ်ရင်တောင် နင်က ပြန်မလာမှာ မဟုတ်တော့ဘူး။”
“ငါ့မှာတော့ နင့်ကို နှစ်နှစ်လောက် ကိုယ့်ဆွေမျိုးမလို့ ကျွေးမွေးခဲ့ရတာ။ နင်ကတော့ ကျေးဇူးကန်းတဲ့လူမျိုးပဲ။”
တောဝက်များကို ပြန်ယူလာပြီးနောက် ဝမ့်ယုံရွှင်းတို့ လင်မယားက လေး၊ ငါးပေါင်လောက် ခွဲယူလာခဲ့သည်။ သို့သော် သူတို့က အသားကို စားတောင် မစားနိုင်ကြဘဲ ထိုကိစ္စကို လက်မခံနိုင်ကြသေးပါ။
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က မနက်ဖြန်ကျရင် လက်ထပ်ကြတော့မည် ဖြစ်ပြီး ဒီနေ့မှာတော့ အမျိုးသမီးကြီးရှုက လပ်ထပ် သကြားလုံးများကို စတင် ဝေပေးနေခဲ့သည်။ တပ်မဟာထဲမှ ကလေးများက အနည်းငယ်သာ ရခဲ့ရပြီး သူတို့နှင့် သိပ်ပြီး မရင်းနှီးသည့် သူများက သစ်တော်သီးပုံစံ သကြားလုံး တစ်လုံး နှစ်လုံးလောက်သာ ရခဲ့ကြသည်။
သို့သော် အဲ့ဒါကို မရသည့်သူဆိုလို့ တစ်ယောက်သာ ရှိသည်။
သကြားလုံးသာမက မင်္ဂလာပွဲသို့ တက်ရောက်ခွင့်လည်း မရခဲ့ကြပါ။ ဝမ့်ယုံရွှင်းက သူတို့ မျက်နှာသာရဖို့ အလို့ငှာ ရှုရွှမ်းတို့က သူတို့ကို ထမင်း ဖိတ်ကျွေးသင့်သည်ဟုတောင် တွေးနေခဲ့သည်။ လက်ထပ်တဲ့အခါကျရင် သတို့သမီးဘက်က အကြီးအကဲတွေက အဲ့မှာ မရှိနေဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သို့သော် ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က အတိုင်အဖောက် ညီကြသည်။ သူတို့နှစ်ယောက်လုံးက ဘာစကားမှ မပြောကြသလို အမျိုးသမီးကြီး မစ္စရှုကလည်း ဘာမျက်နှာကိုမှ မထောက်ထားခဲ့ပါ။
သူတို့ရဲ့ အတွေးများအရ ဒါက အမျိုးသမီးဘက်အတွက် သိပ်ပြီး အဆင်မပြေသော်လည်း အဖွဲ့ထဲက ဘယ်သူကမှ အဲ့လိုမျိုး မထင်ခဲ့ပါ။
“ဝိုး၊ ရှုမိသားစုဘက်က ကလေးလေးက ပစ္စည်းတွေ အများကြီး ထုပ်ပိုးထားတာပဲ။ သူတို့ကြည့်ရတာ အားကျဖို့ ကောင်းလိုက်တာ။”
“သုံးဆယ့်ခြောက်ယောက်တောင် ဟုတ်တယ်မလား။ ငါတို့ တပ်မဟာထဲမှာ ငါတို့က အရင်ဆုံးပဲ။”
“အိပ်ရာခင်း အသစ်တွေဆိုတာ မိန်းကလေးဘက်က လုပ်ပေးရတာမလား။ ဘာလို့ ရှုရွှမ်းက ဒါတွေကို ပြင်ဆင်လာတာလဲ။”
“ဒါက မိသားစုထဲဝင်ပြီး လက်ထပ်တာလား။ ဒါမှမဟုတ် မိန်းမယူတာလား။ မသဲကွဲတော့ဘူး။”
များစွာသော အားကျမှုများက လီချွမ်းကျင်ကို ဒေါသထွက်စေခဲ့သည်။
သူ့မိဘတွေကို ပျက်စီးအောင်လုပ်တဲ့ ကောင်မလေးက အခုဆိုရင် လူပြောများတဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာတာလား။
လူတွေက သူတို့အား ဆူနေတာကို ကြားလိုက်ရသည့်အခါ ဝမ့်ယုံရွှင်းက ခေါင်းကိုက်လာခဲ့သည်။ အတိတ်မှာတုန်းကလည်း ဒီလိုပဲ ဖြစ်သည်။ သူဟာ ဝမ့်ရင်းကို ကိစ္စသေးသေးလေးအတွက် သေလောက်အောင် ဆူလေ့ရှိပြီး သူ စိတ်တိုလာသည့် အချိန်မျိုးမှာဆိုလည်း သူမကို ရိုက်တတ်သည်။ အတော်ကြာဆူပြီး နောက်ဆုံးမှာတော့ သူက သူမအား တွန်းအားပေးခဲ့သည်။
အခုချိန်ထိ ဒီလိုပဲ။
“ငါ့ကိုဆူနေတာ ရပ်ပါတော့လားကွာ။ အသားကို ကြော်ပြီး ဆီကို သိမ်းထားလိုက်။ ယောင်ကျုံးက ဝက်ဆီနဲ့ကြောတဲ့ ထမင်းကို အကြိုက်ဆုံးပဲ။ လုပ်ပေးပြီး မနက်ဖြန် အဲ့ဒါကို ယောင်ကျုံးဆီ ပို့ပေးလိုက်။”
အခုချိန် စိတ်ပူဖို့ ထိုက်တန်တဲ့ အရာတစ်ခုရှိနေမယ်ဆိုရင် အဲ့ဒါက ဝမ့်ယောင်ကျုံးပဲ။
ဝမ့်ယုံရွှင်းသည် သူ့သားက မိသားစုကို ဂုဏ်သတင်းတွေ သယ်ဆောင်လာပေးမယ့်သူဟု မျှော်လင့်ကာ ဝမ့်ယောင်ကျုံးဟု နာမည်ပေးခဲ့သည်။ ဝမ့်ယောင်ကျုံး ဘွဲ့ရပြီးနောက် ဝမ့်ယုံရွှင်းသည် မိန်းမနှင့် သားကိုခေါ်ကာ မြို့မှာ ပျော်ရွှင် ကောင်းမွန်ပြီး သာယာသည့် ဘဝမျိုးကို ဖြန်သန်းဖို့အတွက် စီစဥ်ကာ စောင့်နေခဲ့သည်။
လီချွမ်းကျင်က အတော်လေးကို ဒေါသထွက်သွားပြီး ဓားကို အဝေးသို့ ကောက်ပေါက်လိုက်သည်။ “ရှင်ဘာမှ လာပြောစရာအကြောင်း မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူက ရှင့်တူမပဲလေ။ အဲ့ဒါကို ရှင်က ဘာလို့ မင်္ဂလာဆောင်ရဲ့ အဓိကနေရာမှာ မထိုင်ရတာလဲ။”
ဝမ့်ယုံရွှင်းက သူ့ရဲ့ဆေးတံကို အောက်သို့ ပစ်ချကာ ပြောခဲ့သည်။ “မင်းလုပ်နိုင်ရင် သွားလုပ်လေ။ မင်းကို သတိမပေးဘူးလို့ ငါ့ကို လာပြီး အပြစ်မတင်နဲ့။ အခုဆိုရင် အဲ့ကောင်မလေးက တကယ်ကို ရက်စက်တတ်နေပြီ။”
လီချွမ်းကျင်က ဒေါသထွက်နေသော်လည်း သူမ လုပ်နိုင်တာ ဘာမှ မရှိခဲ့ပါ။ ဝမ့်ယုံရွှင်း ပြောသလိုပဲ ဝမ့်ရင်းက ဘယ်အမျိုးကိုမှ မဖိတ်ကြားခဲ့ပါ။
တကယ်လို့ မင်းက သူတို့ကို မင်းရဲ့အကြီးတွေလို သဘောထားသေးတယ်ဆိုရင် ဘာလို့ သူတို့ကို မင်္ဂလာပွဲအတွက် မဖိတ်တာလဲ။
ရှုရွှမ်းက သူမပြောသမျှ အရာအားလုံးကို နားထောင်သည်။
“ကောင်မစုတ်လေး။ နင်က ငါ့အတွက်တော့ ကံဆိုးမှုတွေ ယူလာတဲ့သူပဲ။” လီချွမ်းကျင်က ထပ်ပြီး ကျိန်ဆဲခဲ့ပြန်သည်။