အခန်း (၅၀)
Vol. 5 Ch. 50
ဝမ့်ယုံရွှင်းက ထပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူသည် လီချွမ်းကျင်၏ ဆူပူသံများကို နားထောင်ရမှာ အလွန် ပျင်းနေသည့်အတွက် အိမ်ထဲသို့ ဝင်သွားပြီး အိမ်ရဲ့ ထောင့်မှာရှိတဲ့ သစ်သားတိုင်များဆီ လမ်းလျှောက်သွားကာ သူတို့မိသားစု၏ ပိုင်ဆိုင်သမျှ အရာများကို ရေတွက်ဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့သည်။
ဝမ့်ယုံရွှင်းက ထိုကိစ္စကြောင့် အံ့အားသင့်သွားခဲ့သည်။
အစတုန်းက အဲ့အထဲတွင် ယွမ်၁၈၀ ရှိနေခဲ့သော်လည်း အခုအခါမှာတော့ ယွမ်၁၀၀ သာ ကျန်တော့သည်။
ဝမ့်ယုံရွှင်းရဲ့ ခြေထောက်များဟာ ပျော့ခွေသွားခဲ့သည်။ သူသည် ယောင်ကျုံး မြို့မှာ အလုပ်ရဖို့အတွက် ထို ယွမ်၁၈၀ကို စုထားခဲ့ခြင်း ဖြစ်သည်။
သူသည် လေပွေတစ်ခုလို ထရပ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး လီချွမ်းကျင်ကို ပါးရိုက်ချလိုက်သည်။ “ဒါ မင်းပဲမလား။ မင်း ပိုက်ဆံတွေကို ယူသွားတယ်မလား။ မင်းကတော့ တကယ်ကို ကံဆိုးစေတဲ့ မိန်းမပဲ။ မင်းကို လက်ထပ်ရတာကိုက ငါ ကံဆိုးတာ။”
မထင်မှတ်ထားဘဲ လီချွမ်းကျင်က ပါးရိုက်ခံလိုက်ရပြီး သူမရဲ့မျက်နှာဟာ ယောင်ရမ်းလာခဲ့သည်။ သူမက ဘာတွေ ဖြစ်နေလဲဆိုတာကို သိလိုက်ရချိန်တွင် ရူးမလိုတောင် ဖြစ်သွားခဲ့ရသည်။
သူမသည် ဝမ့်ယုံရွှင်းနှင့် စတင် တိုက်ခိုက်ခဲ့ပြီး သူတို့နှစ်ယောက်လုံးက ရန်သူတွေလိုပဲ အဆင်မပြတ် အပြန်အလှန် တိုက်ခိုက်နေခဲ့သည်။
ထိုအချိန်မှာ ပိုက်ဆံက သိပ်ပြီး အရေးမကြီးတော့ဘဲ နှစ်ယောက်လုံးက အတော်လေး ဒေါသထွက်နေခဲ့သည်။ လီချွမ်းကျင်က ဆံပင်ကို ဆွဲပြီး ဝမ့်ယုံရွှင်းက ဒေါသထွက်သော အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။
ရန်ဖြစ်ပြီးနောက် လီချွမ်းကျင်သည် သူမက ပိုက်ဆံများကို ယူသွားကြောင်း ဝန်ခံဖို့ ငြင်းဆန်ခဲ့သည်။ “ရှင်ဘယ်လောက် ဖွက်ထားလဲဆိုတာ ဘယ်သူက သိမှာလဲ။ ကျွန်မကို အပြစ်လာမဖို့နဲ့။”
ဝမ့်ယုံရွှင်းရဲ့ မျက်လုံးများက နီရဲလာခဲ့သည်။ “မင်းမှမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ။ ဒီမိသားစုထဲမှာ မင်းနဲ့ငါပဲ ရှိတာလေ။ တကယ်လို့ မင်းမဟုတ်ဘူးဆိုရင် အဲ့ဒါက ဘယ်သူများ ဖြစ်နိုင်မှာတဲ့လဲ။”
လီချွမ်းကျင်က သေချာပေါက် သူမရဲ့ သားလေးကို အပြစ်မတင်ရက်ပါ။ “ဘာ၊ အဲ့ဒါတွေကို ကြွက်ကိုက်သွားရင်ရော ဘယ်သူကများ သိမှာလဲ။ အခြားသူတွေကို အပြစ်တင်မနေနဲ့။”
ဝမ့်ယုံရွှင်းက မြေကြီးပေါ်တွင် လဲကျသွားခဲ့သည်။ “ဒါက ယွမ်ရှစ်ဆယ်တောင်ကွ။”
လီချွမ်းကျင်ကလည်း ထိန်းမနိုင် ဖြစ်သွားခဲ့သည်။ သူမရဲ့ မိသားစုက ပိုက်ဆံရှိပြီး ထိုအကြောင်းကို ဝမ့်ယုံရွှင်းက သူမအား မပြောပြသည့်အတွက် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သို့သော် တစ်ချိန်တည်းမှာပဲ သူမက ယွမ်ရှစ်ဆယ်ကို ဆုံးရှုံးလိုက်ရပြီး သူမရဲ့ နှလုံးသားကို ထုတ်ယူကာ အစိမ်းလိုက် ဝါးစားနေသလို ခံစားခဲ့ရသည်။
လီချွမ်းကျင်က စိတ်ပူသွားခဲ့သည်။ “အဲဲဒါဆိုလည်း ထပ်ပြီး ရှာကြည့်ပါဦး။ တစ်နေရာရာမှာ အထားမှားတာလည်း ဖြစ်မှာပါ။”
ယွမ်ရှစ်ဆယ်။
ထိုပိုက်ဆံတွေ ပြန်ရဖို့အတွက် သူမက လယ်ထဲမှာ အချိန်ဘယ်လောက်တောင် ထပ်ပြီး အလုပ်လုပ်ရပါ့မလဲ။
ဝမ့်ယုံရွှင်းက စိတ်ဓာတ်ကျပြီး ရင်တွေလေးကာ သူ့ရဲ့မျက်လုံးများကို အုပ်ထားခဲ့သည်။ တကယ်လို့ အဲ့ဒီ ယွမ် ၈၀ ကို လီချွမ်းကျင်က မယူဘူးဆိုရင် ဘယ်သူများ ယူမှာလဲ။
ယောင်ကျုံးကလည်း ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနှေးနဲ့အမြန်ပဲ ဒီပိုက်ဆံတွေက သူ့အတွက် သုံးမှာပဲလေ။ ပြီးတော့ သူက ယူသွားမှာ မဟုတ်တာလည်း သေချာပါတယ်။
အဲ့ဒါက ဝမ့်ရင်းများလား။
လီချွမ်းကျင်က အဲ့ဒါဝမ့်ရင်းပဲဟု စွပ်စွဲနေခဲ့သည်။
“အဲ့ကောင်မစုတ်လေးက ဒါတွေ ဒါတွေ ယူသွားတာလို့ ကျွန်မ ပြောသားပဲ။ အခုက ကျွန်မတို့ရဲ့ ပိုက်ဆံတွေကို ခိုးတော့မယ့် အလှည့်ပဲ။”
လီချွမ်းကျင်က အပြင်ထွက်ဖို့ တာဆူနေခဲ့ပြီး ဝမ့်ရင်းကို ပြဿနာ ရှာချင်နေခဲ့သည်။
ဝမ့်ယုံရွှင်းကလည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် မိသားစုထဲ မဟုတ်သည့် အပြင်လူ တစ်ယောက်ယောက်က ပိုက်ဆံများကို ယူသွားသည်ဟု ခံစားနေခဲ့ရသည်။ သို့သော် အဲ့လူက ဝမ့်ရင်းဆိုတာလည်း မသေချာနိုင်ပါ။ အဲ့ဒါက ဝမ့်ရင်းဆိုရင်တောင် သူ့ရဲ့ ပိုက်ဆံဆိုတာကို ဘယ်လိုလုပ် သက်သေပြလို့ ရနိုင်ပါ့မလဲ။
ပိုက်ဆံပေါ်မှာ ဘာအမှတ်အသားမှ မလုပ်ခဲ့ပါ။
ဒါဟာ သူ ဝမ့်ရင်ချန်း၏ ပိုက်ဆံကို ယူခဲ့ပုံ ဖြစ်ပြီး သူ့ကိုဆန့်ကျင်ဖို့ ဝမ့်ရင်းမှာလည်း ဘာသက်သေမှ မရှိဘူးဆိုတာကိုလည်း သူက သေချာသိနေခဲ့သည်။
အခုဆိုရင် ဝမ့်ရင်းက သူ့ပိုက်ဆံတွေကို ယူသွားခဲ့ရင်တောင် သူ့မှာ ဘာသက်သေမှ မရှိပါ။
ဝမ့်ယုံရွှင်းက မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ဘဝဟာ အတော်လေး ခက်ခဲသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
လီချွမ်းကျင်က တစ်ခုခု လုပ်ချင်နေသော်လည်း ဝမ့်ယုံရွှင်းက သူမကို မတားခဲ့ပါ။
အခုဆိုရင် သူကလည်း အတော်လေးကို ဒေါသထွက်နေခဲ့သည်။
သူတို့တွေ အဆက်အသွယ် ဖြတ်လိုက်ပြီးပြီမလို့ လုပ်ချင်တာသာ လုပ်လိုက်။
ဝမ့်ယုံရွှင်းက လီချွမ်းကျင်ကို လမ်းညွှန်ပေးခဲ့သည်။ “ငါတို့ ပြဿနာ မရှာခင် မနက်ဖြန် ရှုရွှမ်းက ငါတို့ကို လာခေါ်မယ့် အချိန်ထိတော့ စောင့်ကြတာပေါ့။”
ပိုက်ဆံကို ပြန်ရှာတွေ့တွေ့၊ မတွေ့တွေ့ အနည်းဆုံးတော့ ဝမ့်ရင်းရဲ့ မင်္ဂလာဆောင်က စီစဥ်ပြီးသွားပြီ။
အိမ်က လူတွေရဲ့ဘဝက ဒီလောက် ခက်ခဲနေတာကို သူမက ဘာလို့ ဒီလို ကြီးကျယ်တဲ့ ပွဲမျိုးနဲ့ လက်ထပ်ရမှာလဲ။
ဆုတောင်းလေ။
......
မင်္ဂလာပွဲမတိုင်ခင် တစ်ရက်၌ ဝမ့်ရင်းနှင့် ရှုရွှမ်းတို့က တပ်မဟာထဲသို့ သွားခဲ့ကြသည်။
သူမရဲ့ကိုယ်ပိုင် တပ်မဟာထဲသို့ သွားရသည်မှာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့နှစ်ယောက်က စက်ဘီးကို အတူတူ စီးသွားကြပြီး ရှန်လိတပ်မဟာသို့ သွားခဲ့ကြသည်။
ထိုခရီးကို သွားပြီး နောက်ဆုံးမှာတော့ ဝမ့်ရင်းက ဆင်းရဲရခြင်း၏ အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
တပ်မဟာ တစ်ခုတည်းမှာပဲ ခုနစ်ခုမြောက် တပ်မဟာက လူတွေက ကောင်းမွန်သော ဘဝတစ်ခုကို အသီးသီး ပိုင်ဆိုင်ထားကြသည်။ သို့သော် တပ်မဟာထဲက တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်ကတော့ အရင်က စက်ဘီးစီးသွားသည့် ပိန်ပိန်ပါပါးရှိသော လူအများကို မြင်နိုင်သည်။
ကလေးအချို့က စက်ဘီးများကို တွေ့သောအခါ စိတ်ဝင်စားကြပြီး သူတို့အနောက်က ပြေးလိုက်ခဲ့ကြကာ ပြေးနေရင်း ဖင်ထိုင်ရက် လဲကျကုန်ကြသည်။
ထိုအရာကို မြင်သည့်အခါ ဝမ့်ရင်းက အတော်လေးကို ကျေးဇူးတင်နေခဲ့သည်။ တပ်မှူးနှင့် သူမတို့ တပ်မဟာထဲက လုံခြုံရေး နှစ်ယောက်လုံးက လူကောင်းများ ဖြစ်ကြပြီး စိတ်မြန် လက်မြန် ရှိကြသည်။ သူတို့က တပ်မဟာနှင့် နီးကပ်နေသော တောင်များရှိ နေရာများကို ဦးဆောင်ကာ အရင်တုန်းက သီးပင်စားပင်များပါ စိုက်ပျိုးခဲ့ရသည်။ သူတို့က ပိုက်ဆံအများကြီး မရသော်လည်း အခြားသော တပ်မဟာများထပ်တော့ ပိုပြီး အဆင်ပြေပြေ နေကြရသည်။
ရှုရွှမ်းက ဝမ့်ရင်းကို ခေါ်ကာ တပ်မဟာထဲသို့ သွားခဲ့သည်။ ထို့နောက် အဖွဲ့ရုံးကို တွေ့ခဲ့ပြီး သူတို့က လက်ထပ်ဖို့ စာရင်းသွင်းချင်လို့ပါဟု ပြောခဲ့ကြသည်။
သူတို့နှစ်ယောက်လုံးမှာ မိတ်ဆက်စာများ ပါရှိသည့်အတွက် သူတို့ ရောက်သွားချိန်တွင် အားလုံးက အဆင်ပြေပြေ ပြီးသွားခဲ့သည်။ ရှုရွှမ်းက အလုပ်လုပ်ပေးသော သူအား သကြားလုံး ပေးခဲ့ပြီး တစ်ဖက်လူက ပျော်သွားသည့်အတွက် သူတို့အား မင်္ဂလာစကား အနည်းငယ်ကို ပြောပေးခဲ့သည်။
ဝမ့်ရင်းက ရီဝေဝေနှင့် တံခါးဘက်သို့ ထွက်လာခဲ့ပြီး သူမက အခြားတစ်ယောက်နှင့် လက်ထပ်ထားသည့် လက်ထပ်စာချုပ်ကို ရသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။
ထိုအရာကို လက်ထပ်စာချုပ်ဟု ခေါ်သည်။ သို့သော် တကယ်တမ်းမှာတော့ ဒါဟာ တံဆိပ်တုံး ထုထားသော စာရွက်သပ်သပ်သာ ဖြစ်သည်။
ဒါကိုယူသွားပြီး ဘောင်ထဲကို ထည့်ထားလိုက်။ အဲ့ဒါမှ ဒါက လက်ထပ်စာချုပ်နဲ့ တူမှာ။
သူတို့မှာ လက်ထပ်စာချုပ် ရှိသွားပြီ ဖြစ်သည့်အတွက် ရှုရွှမ်းက ဝမ့်ရင်းရဲ့လက်ကို လမ်းထဲမှာ ကိုင်ရဲခဲ့ပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးရဲ့ လက်ဖဝါးများတွင် ချွေးများ ထွက်နေခဲ့သည်။
ဝမ့်ရင်းက အရင်ဆုံး စကားစပြောခဲ့သည်။ “ဘာလို့ ကျွန်မတို့တွေ ဓာတ်ပုံ မရိုက်ကြတာလဲ။”
'သူမ ဒါကို မေ့နေတာ။ အရင်တုန်းက သူမ မြို့ကို သွားတိုင်း ဓာတ်ပုံရိုက်လေ့မရှိလို့။ သူမ ဘဝမှာ ဒီလောက်ထိ အရေးကြီးတဲ့ အခိုက်အတန့်လေးကို အမှတ်တရအနေနဲ့ မသိမ်းထားပဲ ဘယ်လိုလုပ် နေနိုင်ပါ့မလဲ။'
သူတို့သာ ဓာတ်ပုံအတူတူ ရိုက်မည်ဆိုပါက ကောင်စီမြို့သို့ သွားကြရမည် ဖြစ်သည်။ တပ်မဟာထဲမှာ ဓာတ်ပုံရိုက်ဖို့ နေရာ တစ်နေရာမှ မရှိပါ။ ထို့ကြောင့် ရှုရွှမ်းက ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချလိုက်သည်။ “သွားကြစို့။”
နေ့လည်တောင် မရောက်သေးသည့်အတွက် သူတို့မှာ မြို့ကိုသွားဖို့ အချိန်ရှိနေသေးသည်။
သူတို့နှစ်ယောက်ကို စက်ဘီးကို ထပ်ပြီး စီးသွားကာ ကောင်စီမြို့ကို သွားဖို့အတွက် ပြင်ဆင်ခဲ့ကြသည်။
ကောင်စီမြို့သို့ ရောက်သည့်အခါ သူတို့ နှစ်ယောက်က ဓာတ်ပုံရိုက်ရန် စတူဒီယိုသို့ သွားခဲ့ကြသည်။
ကောင်စီမြို့ တစ်ခုလုံးတွင် ဓာတ်ပုံရိုက်ဖို့ စတူဒီယို တစ်ခုသာ ရှိသည်။ ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က တံခါးကိုတွန်းပြီး ဝင်သွားချိန်တွင် အထဲရှိ လူအများက အော်နေခဲ့ကြသည်။
“ရဲဘော်တို့။ ငါတို့ဆိုင်က လူတိုင်း ဓာတ်ပုံရိုက်ဖို့လို့ ပြောထားပြီးသား။ လာပြီး ကြွားဝါနေဖို့ မဟုတ်ဘူး။”
အထဲမှာရှိတဲ့ အဖိုးအို၏ မျက်နှာမှာ ဝမ်းနည်းနေပုံရပြီး စကားတွေလည်း အများကြီး ပြောနေခဲ့သည်။ သူက စကားပြောနေရင်းတန်းလန်းမှာ လူငယ်စုံတွဲ တစ်တွဲက အထဲ ဝင်လာသည်ကို သိလိုက်သည်။
“မင်္ဂလာပါ ရဲဘော်။ ကျွန်တော်တို့ ဓာတ်ပုံ တစ်ပုံလောက် ရိုက်ချင်လို့ပါ။”
အဖိုးအိုက စိတ်သက်သာရာရပြီး သက်ပြင်းချခဲ့သည်။ “ဓာတ်ပုံရိုက်ဖို့။ ကောင်းပြီ။ ဝင်ပြီး လာထိုင်ဦး။”
“မင်္ဂလာဆောင် ဓာတ်ပုံလား။”
ဝမ့်ရင်းက ရှက်ရှက်နှင့် ဟိုရောက်ဒီရောက် ပြောနေခဲ့သည်။
အဖိုးအိုကလည်း ကင်မရာကို အမြန် ပြင်လိုက်သည်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရတာ သန့်သန့်ပြန့်ပြန့် ရှိနေပြီး အဝတ်အစား အသစ်တွေကို ဝတ်ထားသည်။ ထို့နောက် သူက တစ်ခုခုကို ရုတ်တရက် တွေးမိခဲ့သည်။ “ရဲဘော်၊ မင်းတို့နှစ်ယောက် ငါ့အတွက် ရုပ်ပြပုံလေးတွေ ရိုက်ပေးလို့ ရနိုင်မလား။ ငါ အဲ့ဒါတွေကို အပြင်မှာ မချိတ်ပါဘူး။ ဆိုင်ထဲမှာပဲ ချိတ်ထားမှာပါ။ ဒီတစ်ကြိမ် မင်းတို့ကို ပုံရိုက်ပေးခလည်း မယူပါဘူး။ ပြီးတော့ ငါအဲ့ပုံတွေကို မင်းတို့ နောက်ပိုင်း ကလေးတွေ မွေးလာတဲ့အထိ သေသေချာချာ ထားပါ့မယ်။”
ရှုရွှမ်းက အနည်းငယ် သတိထားနေခဲ့သည်။ “အဖိုး ဘာလုပ်ဖို့လဲ။”
တစ်ဖက်လူက အထင်လွဲသွားသည်ကို မြင်လိုက်ရသည့်အခါ အဖိုးအိုက မြန်မြန် ရှင်းပြခဲ့သည်။ “ငါ ဒီမှာ ချိတ်ထားသမျှ ရုပ်ပြပုံတွေ အားလုံးက အဟောင်းတွေချည်းပဲ။ အဲ့ဒါတွေ အားလုံးက အရုပ်လေးတွေနဲ့ ဇာတွေဝတ်ထားတဲ့ ကောင်မလေးငယ်တွေချည်းပဲ။ ပြီးတော့ တစ်ချို့ပုံတွေမှာတော့ မင်္ဂလာဝတ်စုံလေး ဝတ်ထားကြတယ်။ သိပ်မကြာခင်ကမှ လူတွေက ပြောနေကြသေးတယ်။ ငါက အပျော်အပါး လိုက်စားတဲ့သူတဲ့။ ပြီးတော့ ငါက ဓာတ်ပုံရိုက်ပေးလို့ ပိုက်ဆံယူတယ်ဆိုတာ အလုပ်လုပ်ပေးနေတဲ့ သူတွေဆီကနေ အမြတ်ထုတ်နေတာတဲ့ကွာ။ ငါ့အတွက် မင်းတို့ကို မင်္ဂလာဓာတ်ပုံ ရိုက်ခိုင်းတာက ဒုက္ခပေးသလို ဖြစ်သွားမယ်ဆိုတာကိုတော့ တွေးမိပါတယ်။ အဲ့ဒါကြောင့် ငါ အဲ့ဒီ့ ရုပ်ပြပုံလေးတွေကို ချိတ်ထားချင်လို့ပါကွာ။”
အဖိုးအိုသည် ထိုကိစ္စကို ရှင်းပြဖို့အတွက် မကျေနပ်ချက်များစွာ ရှိနေခဲ့သည်။ အစတုန်းက သူသည် လူတွေကို ဓာတ်ပုံရိုက်ပေးဖို့ ဒီအလုပ်ကို လုပ်ကိုင်ခဲ့ပြီး သေသေချာချာလည်း လုပ်ခဲ့သည်။ သို့သော် အခုလောက်ထိ အများကြီး ပြောင်းလဲသွားမည်ဟု ဘယ်သူကများ မျှော်လင့်ထားပါ့မလဲ။ ထိုပုံများသည် ခေတ်ဆန်သော်လည်း အကြာကြီး မထားတော့ဘဲ သူက အားလုံးကို ဖျက်စီးလုနီးပါး ဖြစ်နေခဲ့သည်။
ရှုရွှမ်းနှင့် ဝမ့်ရင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့သည်။ ရှုရွှမ်းသည် ဒါက မလိုအပ်ဘူးဟု ခံစားခဲ့ရသည်။ တစ်ပုံအတွက် နှစ်ယွမ်ဆိုတာက စျေးကြီးသော်လည်း သူတို့ ပေးနိုင်သည်။ ထို့ကြောင့် လျှော့စျေးရရန် ကြိုးစားဖို့အတွက် မဖြစ်သင့်ပါ။
ဝမ့်ရင်းက ရိုးရိုးလေးပဲ ပြောခဲ့သည်။ “အားနာလိုက်တာရှင်။ အဲ့လိုလုပ်ဖို့ ဆန္ဒရှိတဲ့သူ တစ်ယောက်ယောက်ရှိရင် ပြန်လာခဲ့ပါ့မယ်။”
သူမက အခြားသူတွေကို ပြဖို့အတွက် စတူဒီယိုထဲမှာ သူမရဲ့ပုံများကို ချိတ်ဖို့အတွက် ဆန္ဒမရှိပါ။
အဖိုးအို၏ ဆန္ဒကိုတော့ မဖြည့်ဆည်းပေးနိုင်ပါ။ ထို့အပြင် မင်္ဂလာဆောင်ပုံ ရိုက်ပေးရမည့် သူတို့နှစ်ယောက်ရဲ့ မျက်နှာမှာ စိတ်ပျက်သွားသည့်ပုံမျိုး ဖြစ်သွားခဲ့သည်။
မထွက်သွားခင်မှာ ဝမ့်ရင်းက သူ့အား အကြံတစ်ခုကို ပေးခဲ့သည်။ “တကယ်လို့ ဒီအမြင်တွေကို ပြောင်းလဲချင်ရင် နိုင်ငံပိုင် စက်ရုံကိုသွားပြီး အဲ့ကလူတွေကို မေးလို့ရတယ်။ မင်္ဂလာဆောင်ပုံပဲဖြစ်ဖြစ်၊ စက်ရုံမှာရှိတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ရဲ့ ပုံပဲဖြစ်ဖြစ် အဖိုးကြိုက်တဲ့ပုံစံကို ပြောပြီး အလကား ရိုက်လို့ရတယ်။ ပြီးရင် အဲ့ရိုက်ထားတဲ့ ပုံတွေကို ဆိုင်ထဲမှာ ချိတ်ထားလို့ရတယ်။ အဲ့ဒါက သမီးတို့ကို ပုံရိုက်ဖို့ မေးနေတာထက်တော့ ပိုကောင်းတယ်မလား။”
အဖိုးအိုက အမြဲတမ်း တစ်ခုခုကို တွေးနေခဲ့သည်။ သို့သော် သူက ဒီကိစ္စကိုတော့ မတွေးမိခဲ့ပါ။
'ဟုတ်သားပဲ။ ကောင်စီမြို့က စက်ရုံတိုင်းမှာက ကင်မရာတွေ မရှိဘူးလေ။ သူ သွားပြီး သူတို့ကို ဓာတ်ပုံ နှစ်ပုံလောက် အလကား ရိုက်ပေးလိုက်မယ်။ အဲ့ဒါက မင်္ဂလာဆောင် ဓာတ်ပုံရိုက်ဖို့ လူငှားတာထက်တော့ ပိုကောင်းတယ်မလား။'
“ကောင်မလေး။ မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။”
သူ မနက်ဖြန် ပုံရိုက်ဖို့အတွက် စက်ရုံကလူတွေကို သွားမေးလိုက်မယ်။
ဒါက အဓိပ္ပါယ်ရှိသည်။ အတိတ်မှာတုန်းက သူသည် ဖောက်သည်များအတွက် ဓာတ်ပုံသာ ရိုက်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူက စက်ရုံအတွက် ဓာတ်ပုံများကို ရိုက်ပေးနိုင်မည် မဟုတ်ပါလား။ မည်သို့ပင် ဖြစ်စေကာမူ ကင်မရာကြီးကို ရွှေ့ပြီး အပြင်ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
ဓာတ်ပုံရိုက်ပြီးနောက် သူတို့နှစ်ယောက်သည် ခနလောက် ကောင်စီမြို့ကို ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ခဲ့ကြသည်။
ရှုရွှမ်မှာ အကြံကောင်းတစ်ခု ရှိနေခဲ့ပြီး ဝမ့်ရင်းကို မှောင်ခိုစျေးထဲသို့ ခေါ်သွားခဲ့သည်။
ဝမ့်ရင်း - “ရှင် ဘာလို့ ကျွန်မကို ဒီနေရာ ခေါ်လာတာလဲ။”
အရင်က ဒီနေရာမှာ စုံစမ်းရေးရုံးက လူတွေကို ဖမ်းမိခဲ့တာမလား။
ရှုရွှမ်းက ဝမ့်ရင်းအား ခြေဟန်လက်ဟန်ပြကာ သူမအား လမ်းကြားထဲသို့ တိတ်တဆိတ် ခေါ်သွားခဲ့သည်။
ထိုလမ်းကြားက မှောင်ခိုစျေးကွက်ပိုင် လမ်းဖြစ်ပြီး ကောင်စီမြို့ရဲ့ ရပ်ကွက်ဟောင်းကြီး တစ်ခုလည်း ဖြစ်သည်။ ထိုလမ်းသည် ရှုရွှမ်းရဲ့ဆရာ ချမ့်ထောင်၏ အိမ်နှင့် သိပ်မဝေးပါ။ ထိုလမ်းကြားကို ဖြတ်ပြီး လမ်းမသို့ ရောက်သည့်အခါ ရှုရွှမ်းက ခနလောက် ဟိုဘက်လှည့်ကာ ဟိုဟိိုဒီဒီ လျှောက်ကြည့်ပြီး နောက်ဆုံးမှာတော့ အိမ်အိုကြီးတစ်လုံးကို တွေ့ခဲ့သည်။
ဝမ့်ရင်း - ! !!!
ထိုအိမ်သည် အပြင်ဘက်တွေ နံရံတစ်ခုရှိပြီး အထဲမှာတော့ ခြံစည်းရိုး တစ်ခုရှိသည့် တိုက်အိမ်တစ်လုံးဖြစ်သည်။ ထိုအိမ်က အတော်လေး ပျက်စီးနေသော်လည်း အထဲမှာ လူတွေ ဝင်ထွက် သွားလာနေသံကို ကြားနိုင်သည်။
ရှုရွှမ်းက တစ်ဖက်အိမ်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေသည့် အဓိက ဝင်ပေါက်တံခါးကို ရှာဖို့အတွက် ဝမ့်ရင်းအား ခေါ်သွားခဲ့သည်။ အိမ်ထဲတွင် အခန်းတစ်ခန်းသာ ရှိပြီး ထိုအခန်းက အတော်လေး စုတ်ပြတ်နေသည်။ တံခါးမှာလည်း ကြေးဝါရောင် သော့ကြီးတစ်ခုကို ချိတ်ထားခဲ့သည်။
ရှုရွှမ်းက သော့ကိုထုတ်ကာ တံခါးကိုဖွင့်ရက်း ဝမ့်ရင်းအား ရှင်းပြခဲ့သည်။ “ဒါက ငါ့ဆရာရဲ့ အိမ်ပဲ။ ဒီအိမ်က သူများကို လှူဖို့တောင် တော်တော်လေး ပျက်စီးနေပြီ။ အမိုးကလည်း ပေါက်နေပြီလေ။”
ဒါပေမယ့် နေဖို့အတွက်လည် သင့်တော်တဲ့ နေရာတစ်ခုပါပဲ။ ဒီမှာ လူတွေက စိတ်လည်း မဝင်စားကြသလို အဝင်၊ အထွက်လည်း မရှိဘူး။
အကြောင်းမှာ အမိုးက အခြေအနေ မကောင်းသည့်အတွက် ရှုရွှမ်းက အခန်းထဲမှာ ဘာတန်ဖိုးကြီး ပစ္စည်းကိုမှ မထားရဲခဲ့ပါ။ အထဲမှာလည်း အိပ်ရာလေးတစ်ခုနှင့် တစ်ဖက်တွင် သေတ္တာတစ်လုံးသာ ရှိသည်။
ရှုရွှမ်းက သေတ္တာကို ဖွင့်လိုက်သည့်အခါ တစ်ဝက်လောက်ထိ သားရေများ ထည့်ထားသည်ကို တွေ့ခဲ့ရသည်။
ရှုရွှမ်း - “ကိုယ် မြို့ကို အခြောက်ခံထားတဲ့ ယုန်အသားတွေ ယူလာတယ်။ တစ်ချို့ကိုတော့ မှောင်ခိုစျေးထဲမှာ ရောင်းလိုက်ပြီ။ အဲ့ထဲက အချို့ကိုက ဆရာနဲ့ ကိုယ့် စီနီယာ အစ်ကိုဆီ ပို့လိုက်တယ်။ ကျန်တဲ့ဟာတွေကိုတော့ ကိုယ် ဒီမှာ သိမ်းထားတယ်။”
ရှုရွှမ်း ရှာထားသော ပိုက်ဆံတစ်ခုတည်း အပေါ်မှာပဲ မှီခိုလို့ မရနိုင်ပါ။ ရှုရွှမ်းက တောင်ပေါ်မှာ ဘယ်လိုပဲ ဖမ်းမိပါစေ၊ သူက အဲ့ဒါတွေကို မြို့ဆီယူလာပြီး ပိုက်ဆံနှင့် လဲရမည် ဖြစ်သည်။
“ဒါပေမယ့် ကိုယ်က ဒါတွေကို မနှစ်ကတည်းက နည်းနည်းလေး လုပ်ဖူးတယ်။ ပြီးတော့ အခုဆိုရင် ကောင်စီမြို့မှာက ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီ။”
ရှုရွှမ်းက အနည်းငယ် နောင်တရနေခဲ့သည်။ “ကိုယ့်မှာ လုံလုံလောက်လောက် ရှိရင် ဒီအရေခွံတွေကို ရောင်းဖို့အတွက် စီစဥ်နေတာ။ ဒါပေမယ့် အခုတော့ အဲ့ဒါတွေကို ရောင်းဖို့က ခက်သွားပြီ။”
“သားရေတွေဆိုတာ လူတွေ မျက်စိအကျဆုံး အရာပဲ။ ဒါပေမယ့် အခုတော့ ဒါကို အပြင်မှာ ဝတ်ရဲတဲ့သူဆိုလို့ နည်းနည်းပဲ ရှိတော့တယ်။”
ရှုရွှမ်းက ယုန်သားရေကို ထုတ်လိုက်ပြီး တစ်ဒါဇင်လောက်ကတော့ ကောင်းပုံရသည်။ သူက ဒါတွေကို သူ့လက်ထဲမှာ ထားပြီး ပြောလိုက်သည်။ “သွားကြမယ်။ ပြန်ပြီး မင်းအတွက် အိပ်ရာဖြစ်ဖြစ်၊ ကုတ်အင်္ကျီဖြစ်ဖြစ် လုပ်ပေးဖို့ အမေ့ကို ပြောကြမယ်။ မင်းက အဲ့ဒါကိုဝတ်ပြီး အပြင်ထွက်ဖို့ မလိုဘူးဆိုပေမယ့် အိမ်ထဲမှာ ဝတ်လည်း အဆင်ပြေတယ်လေ။”
တံခါးအပြင် ထွက်ပြီးနောက် ရှုရွှမ်းက ကြေးသော့ကြီးကို ခတ်လိုက်သည်။ ရှုရွှမ်းက အမှန်တွေ ပြောနေတာလား ဆိုတာကို ဝမ့်ရင်းက နောက်ကျမှ သိခဲ့ရသည်။
'သူမ အထင် ရှုရွှမ်းက ဒီနေရာကို ကောင်စီမြို့မှာ သေသေချာချာ ဖွက်ထားတာပဲ။ အဲ့ဒါကြောင့် အခု သူက သူမ ကို အကုန်လုံး လာပြောပြနေတာ။'
ရှုရွှမ်း - “နောက်မှ ကိုယ် မင်းအတွက် သော့တစ်ချောင်း လုပ်ထားပေးမယ်။”