အခန်း (၅၂)
Vol. 5 Ch. 52
လီချွမ်းကျင်က အတော်လေး မကျေမနပ်ဖြစ်ကာ ပြောခဲ့သည်။ “အဲ့တော့ ဝမ့်ရင်းက ငါတို့ ပိုက်ဆံ ယွမ်၈၀ ကို ခိုးသွားတာကျ ငါတို့က ဒီတိုင်းပဲ လွှတ်ပေးလိုက်ရမှာလား။ ဒီရက်ထဲမှာ သူက စောင်တွေ၊ အဝတ်အသစ်တွေ အကုန်လုံးကို ဝယ်နေတာ။ ငါတို့ရဲ့ ယွမ် ၈၀ ကို ဒီတိုင်းပဲ သုံးခိုင်းရတော့မှာလား။ ငါကတော့ ဒါကို လက်မခံနိုင်ဘူး။ တကယ်လို့ နင်တို့ ငါ့ကို ပိတ်ထားရင် ငါကလည်း ပြန်ပိတ်ထားမယ်။ ပြီးရင် မနက်ဖြန်ကျရင် ငါ တစ်ယောက်ယောက်ကို ရှာပြီး မကျေနပ်ချက်တွေကို သွားပြောလိုက်မယ်။”
လီချွမ်းကျင်က တကယ်ကို ပိုက်ဆံပဲ စိတ်ဝင်စားသည်။ ဒီနှစ်ထဲတွင် သူမကိုယ်တိုင်က ဒီလောက် ပိုက်ဆံအများကြီး တစ်ခါမှ မရှိခဲ့ဖူးပါ။ သူမ အများဆုံး ရခဲ့သည့် ပိုက်ဆံမှာ သူမသမီးကြီးကို တင်တောင်းသည့် ယွမ်တစ်ရာသာ ဖြစ်သည်။ သို့သော် သူမက ဒီလောက်ထိတော့ မရခဲ့ဖူးပါ။ သူမက ဝမ့်ယုံရွှင်းကို ပိုက်ဆံအကြောင်း မေးသည့်အခါ သူက ပိုက်ဆံမရှိဘူးဟုသာ ပြောလေ့ရှိသည်။
ယွမ်ရှစ်ဆယ်။ လီချွမ်းကျင်ရဲ့ ရင်ဘက်ထဲမှာ အောင့်ခနဲ ဖြစ်သွားခဲ့သည်။
ယောင်ကျုံးအတွက် တစ်လကို ငါးယွမ်၊ ခြောက်ယွမ်သာ သုံးလေ့ရှိပြီး သူ အိမ်သို့ ပြန်လာသည့်အခါ ကြက်တစ်ကောင်နှင့် ဆန်တွေ၊ ခေါက်ဆွဲတွေ ဝယ်ဖို့က နှစ်ယွမ်၊ သုံးယွမ်သာ ကုန်ကျသည်။ ယောင်ကျုံး အများကြီး စားဖို့အတွက် ယွမ်ရှစ်ဆယ်ဆိုတာ လုံလောက်သည်။
ရှုရွှမ်းရဲ့ ဝမ်းကွဲများက နားမလည်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ “ငါ့အစ်ကိုက ခယ်မလေးရဲ့ ပစ္စည်းတွေ အကုန်လုံးကို ယူသွားတာပဲ။ အဲ့ဒါတွေ ယူသွားပြီး မင်းက ဘာလုပ်ဖို့လဲ။”
ရှုရွှမ်းက ပိုက်ဆံများကို သုံးလိုက်ရသည့်အတွက် နောင်တမရခဲ့ဘဲ သူ့ရဲ့ ဝမ်းကွဲများကတော့ တုန်လှုပ်သွားခဲ့သည်။ ဒါက မိန်းမယူတာမျိုး မဟုတ်ပါ။ နတ်သမီးတစ်ပါးကို လက်ထပ်ရင်တောင် ဒီလောက်ထိ ငွေကုန်ကြေးကျ များလိမ့်မည် မဟုတ်ပါ။
သို့သော် ဒါဟာ နှစ်ပေါင်းများစွာ ကြာပြီးမှ ရှုရွှမ်းက မိန်းကလေး တစ်ယောက်ကို ချစ်မိသွားတာဟု သတ်မှတ်လို့ ရသည့်အတွက် ဝမ်းကွဲများက ဘာတစ်ခွန်းမှ မပြောခဲ့ကြပါ။
“ငါတို့ ခယ်မလေးက လက်ထပ်ချင်တာ ဘာပိုက်ဆံ တစ်ပြားမှတောင် မတောင်းဘူးလို့ ဒုတိယ အဒေါ်က ပြောတယ်။ မင်း စဥ်းစားပြီးမှ ဒီစကားကို ပြောသင့်တယ်လို့ ငါထင်တယ်။ ပြီးတော့ ငါတို့ခယ်မလေးက အရည်အချင်း ရှိတယ်။ မင်း သူ့ကို သူခိုးတစ်ယောက်လို့ စွပ်စွဲလို့ မရဘူး။”
ရှုရွှမ်းရဲ့ ဝမ်းကွဲများသည် ရှုရွှမ်းက မိန်းမယူဖို့အတွက် ပိုက်ဆံကို အရမ်းသုံးတယ်ဟု ထင်ခဲ့ပြသော်လည်း သူတို့က ဝမ့်ရင်းကိုတော့ အမြင်ကြည်ကြသည်။
အဲ့ကောင်မလေးက ပညာတတ်တယ်၊ ကြည့်ကောင်းတယ်။ ပြီးတော့ နာမကျန်းတာတွေကိုလည်း ပြုစုပေးနိုင်တယ်။ သူတို့ဝမ်းကွဲက သူတို့မိသားစုထဲကို လက်ထပ်ပြီး ဝင်ဖို့အတွက် သူပေးနိုင်သမျှ ပေးနေတာပဲ။ အဲ့ဒါမှ နောက်ပိုင်း သူက ကောင်မလေးရဲ့ အိမ်ထဲမှာ နေလို့ရမှာ။
ဝမ့်ရင််းက လီချွမ်းကျင်နှင့် သူမယောက်ျားရဲ့ ပိုက်ဆံကို ခိုးတယ်ဟု ပြောသံကို သူတို့ ကြားသည့်အခါ လူအများက ထိုစကားကို ယုံဖို့အတွက် ခက်ခဲနေကြသည်။
လီချွမ်းကျင်က အောက်ကို ခုန်ဆင်းလာခဲ့သည်။ “ငါ့မိသားစုရဲ့ ပိုက်ဆံက ဘယ်ကို ရောက်သွားရမှာလဲ။ မိသားစုထဲမှာက ငါတို့ပဲရှိတာ။ ငါတို့သားကို ဂရုစိုက်ပေးရင်း အနီးစပ်ဆုံးသူဆိုလို့ ဝမ့်ရင်းပဲ ရှိတာ။ သူကလွဲလို့ ဘယ်သူကများ ဖြစ်နိုင်ဦးမှာလဲ။”
ဝမ်းကွဲတစ်ယောက်က သူ့ရဲ့ခေါင်းကို လှည့်ကြည့်လိုက်သည်။ “ဒါဆို မင်းရဲ့သားရော မဖြစ်နိုင်ဘူးလား။”
လီချွမ်းကျင်က ဘာကိုမှ မပြောနိုင်ခင်မှာဘဲ ဝမ့်ယုံရွှင်းက ပြတ်ပြတ်သားသား ပြောခဲ့သည်။ “မဖြစ်နိုင်ဘူး။”
သူ့သားက မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေကို သိရဲ့သားနဲ့ သူက ဘာလို့ ခိုးရမှာလဲ။ ဒီပိုက်ဆံဟာ သူမြို့သွားသည့်အခါ သုံးဖို့အတွက် ဖြစ်သည်။ တကယ်လို့ သူက အဲ့ပိုက်ဆံကို ခိုးခဲ့ပါက သူဘယ်လိုလုပ် မြို့ကို သွားနိုင်ပါတော့မလဲ။
သူ့သားက ငတုံးမဟုတ်ဘူး။ ဒါမျိုးက သူက သေချာပေါက် လုပ်မှာ မဟုတ်ဘူး။
ဝမ်းကွဲတစ်ယောက်က လှောင်ခဲ့သည်။ “မင်းက မခိုးဘူး၊ မခိုးဘူးချည်းပဲ ပြောနေတာ။ မင်းက အခြားသူအပေါ် အပြင်တစ်မယ်ဆိုလည်း မင်းရဲ့ မိသားစုကိုတော့ အရင်ဆုံး သေချာအောင် မေးထားသင့်တာပေါ့။ မင်းရဲ့သားက ဘယ်မှာလဲ။ သူက ဘာလို့ အိမ်မှာ ရှိမနေရတာလဲ။”
ဝမ့်ယုံရွှင်းရဲ့ မျက်နှာက သုန်မှုန်သွားခဲ့သည်။ “သူက မြို့မှာ ကျောင်းသွားတက်တယ်။ ငါ့သားက ခိုးမှာမဟုတ်ဘူး။ ငါသူ့ကို လတိုင်း ငါးယွမ် ပေးနေတာ။ သူက ပိုက်ဆံမလိုဘူး။ အဲ့တော့ သူက ဘာလို့ ခိုးရမှာလဲ။”
လီချွမ်းကျင်ကလည်း သဘောတူခဲ့သည်။ “အဲ့ပိုက်ဆံကို ခိုးတဲ့သူက ဝမ့်ရင်းပဲ။ မနက်ဖြန် ငါ သူ့ကို တရားစွဲပစ်မယ်။”
စိတ်လိုက်မာန်ပါ လုပ်ပါက ဝမ်းကွဲသုံးယောက်က တစ်ယောက်ယောက်ကို ဆွဲပြီး တူဖြင့် ရိုက်လိုက်ချင်သည်။ သို့သော် ပိုက်ဆံခိုးရမည့် အချိန်ရောက်ပါက သူတို့ထဲက တစ်ယောက်ကမှ အဲ့လိုမျိုး လုပ်လိမ့်မည် မဟုတ်ပါ။ သူတို့လင်မယားက ပိုက်ဆံခိုးတာ ဝမ့်ရင်းပါဟု အခိုင်အမာ ပြောနေခဲ့သည်။
“ခိုးတဲ့သူက ဝမ့်ရင်းပဲ။ ဟုတ်လို့ကတော့ သူ့ရဲ့ခေါင်းကို အခန်းထဲမှာ အိုးအဖြစ်နဲ့ ထားလိုက်မယ်။”
ရုတ်တရက်ဆိုသလို အပြင်ဘက်ကနေ တစ်ယောက်ယောက်က ပြေးဝင်လာခဲ့သည်။ “ဟေ့၊ ဝမ့်ယုံရွှင်း။ မင်းအိမ်မှာလား။ ငါ မင်းကို နေရာတိုင်း လိုက်ရှာနေတာ။ မြို့ကို မြန်မြန်သွားပြီး ကြည့်လိုက်ဦး။ မင်းရဲ့သား ယောင်ကျုံးက သူ့ရဲ့ပိုက်ဆံတွေ ဓားပြတိုက်ခံလိုက်ရပြီး ကျောင်းမှာလည်း အရိုက်ခံလိုက်ရတယ်ဆိုပြီး သူတို့တွေ ပြောနေကြတယ်။ ကံကောင်းလို့ ဖြတ်သွားဖြတ်လာ လူတစ်ယောက်က လာကယ်လို့ သူ့ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို ပြန်ရလိုက်တာ။ အခုတော့ သူ့ကို ကောင်စီမြို့က ဆေးရုံကိုလည်း ပို့ပေးထားတယ်တဲ့။”
ဝမ်းကွဲတစ်ယောက်က ရုတ်တရက် သတိရသွားခဲ့သည်။ “ဝမ့်ယောင်ကျုံး ပိုက်ဆံ ဘယ်လောက် ဓားပြတိုက်ခံလိုက်ရလဲဆိုတာ ကျွန်တော့ကို ပြောပြပါလား။”
ထိုလူက သူ့ရင်ဘက်ကို သပ်ကာ ပြောခဲ့သည်။ “ပိုက်ဆံက တော်တော်များတယ်ကွ။ သတ္တိရှိနဲ့ လူတွေကတော့ အဲ့ဓားပြတွေကို ရဲစခန်း ပို့လိုက်တယ်တဲ့။ သူတို့ပြောတာတော့ ယွမ်ရှစ်ဆယ် ကျော်တယ်တဲ့။ ဝမ့်ယုံရွှင်းရာ၊ ကြည့်ပါဦး။ မင်းသူ့ကို ဘယ်လောက်ပဲ အလိုလိုက်လိုက် ဒီလောက် ပိုက်ဆံတွေ အများကြီးတော့ ကလေးကို မပေးသင့်ပါဘူး။ အဲ့ဒါကြောင့် လူတွေက အာရုံစိုက်သွားကြလိမ့်မယ်။”
ဝမ်းကွဲများ၊ လီချွမ်းကျင်နှင့် ဝမ့်ယုံရွှင်း - "......"
အကြီးဆုံးဝမ်းကွဲ - “အာ၊ ခဗျားပြောတာ ယွမ်၈၀တဲ့၊ ဟုတ်တယ်မလား။”
သူက လီချွမ်းကျင်ကို သနားစွာဖြင့် ကြည့်လိုက်သည်။ “ဘယ်လိုတောင် သနားဖို့ ကောင်းလိုက်တာလဲကွာ။ ခဗျားခေါင်းထဲမှာ မဟုတ်တာတွေပဲ တွေးပြီး နေနေတာပဲ။”
လီချွမ်းကျင် - "...."
အခုဆိုရင် သူတို့ကို စောင့်ကြည့်နေဖို့ မလိုတော့ပါ။ ထိုစကားများကြောင့် ဝမ့်ယုံရွှင်းက တုန်လှုပ်သွားခဲ့သည်။ သူ့သားက ပိုက်ဆံ ဘာလို့ ခိုးလဲဆိုတာကို သူ နားမလည်နိုင်တော့ပါ။ သူက သူ့ရဲ့သားကို လျှို့ဝှက်ချက်တွေ အကုန်လုံး ပြောပြခဲ့သော်လည်း သူ့ရဲ့သားက သူ့အပေါ်မှာ အခုလိုမျိုး လုပ်လိမ့်မည်ကို မမျှော်လင့်ထားခဲ့ပါ။
လီချွမ်းကျင်သည် သူ့သားက ဒဏ်ရာရပြီး ဆေးရုံတင်ထားသည်ကို ကြားလိုက်ရသည့်အခါ ရှုရွှမ်းရဲ့ ဝမ်းကွဲများနှင့် စကားများဖို့အတွက် ခွန်အားတွေ မရှိတော့ဘဲ ချက်ချင်း အထုပ်ဆွဲကာ ကောင်စီမြို့သို့ လိုက်သွားခဲ့သည်။
ပိုက်ဆံရှိတာ၊ မရှိတာက ကိစ္စကြီး မဟုတ်ဘူး။ ဒါပေမယ့် ငါ့သား ဒဏ်ရာရတာကမှ ကိစ္စကြီး တစ်ခုပဲ။
ထိုပြဿနာ ဖြစ်သည့်အတွက်တွင် ဘက်စ်ကားက ထွက်သွားခဲ့ပြီ ဖြစ်ပြီး လီချွမ်းကျင်တစ်ယောက် ဘယ်သွားရမလဲ ဆိုတာကို မသိတော့ပါ။ ထို့ကြောင့် သူမက ရှုရွှမ်းဝမ်းကွဲကို သွားရှာခဲ့သည်။ “ငါ ဝမ့်ရင်းရဲ့ စက်ဘီးကို ငှားသွားမယ်။”
အဲ့လိုမှမဟုတ်ပဲ သူတို့နှစ်ယောက် မြို့ကို လမ်းလျှောက်သွားရင် အဲ့ကိုရောက်တဲ့အချိန်က မှောင်သွားလိမ့်မည်။
ရှုရွှမ်းရဲ့ ဝမ်းကွဲက မယုံသင်္ကာ ဖြစ်နေခဲ့သည်။ ' မဟုတ်သေးပါဘူး။ ဒီမိန်းမက ရူးနေတာလား။'
“ခဗျားက ကျွန်တော့်ခယ်မကို ခဗျားတို့ပိုက်ဆံ ခိုးတယ်ဆိုပြီး ပြောနေကြတာလေ။ အခုတော့ ခဗျားက စက်ဘီးကို ငှားချင်နေတယ်။ ဘယ်လိုတောင် အရှက်မရှိရတာလဲ။”
ပြောရရင် ဒီနေ့က သူများရဲ့ မင်္ဂလာဆောင်လေ။ အခုလေးတင် ခဗျားက ဆူပူနေတဲ့ ပုံစံတွေအရဆို ဒီကမ္ဘာပေါ်မှာ သူများပစ္စည်းကို ဘယ်မျက်နှာနဲ့ သွားငှားရဲရတာလဲ။
ရှုရွှမ်းရဲ့ ဝမ်းကွဲသုံးယောက်က တကယ်ကို အံ့ဩသွားခဲ့ရသည်။ သူတို့က ဘယ်လို မိသားစုမျိုးလဲ။
လီချွမ်းကျင်က သူမ မှားနေတယ်ဟု မတွေးမိခဲ့ဘဲ စို့နင့်ကာ ငိုနေခဲ့သည်။ “ငါ့သားလေး ယောင်ကျုံးက ဒုက္ခရောက်နေတာ။ အဲ့ဒါကို သူက ဘာလို့ ငါ့ကို စက်ဘီး မငှားနိုင်ရမှာလဲ။”
ဝမ်းကွဲသုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဒီလို မလုပ်သင့်ဘူးဟု ခံစားမိခဲ့ကြသည်။
အခုချိန် သူတို့ ဒိမိန်းမကို သွားခိုင်းလိုက်ရင် သူမက ဒီကိုပြန်လာပြီး ပြဿနာ လာရှာဦးမှာပဲ။ ပျော်ရွှင်မှုတွေကို မဖျက်စီးသင့်ဘူးမလား။
ဝမ့်ယုံရွှင်းက အပြင်ထွက်ဖို့ ပြင်ဆင်ကာ အထုပ်အပိုးတွေ ထုပ်နေခဲ့သော်လည်း ရုတ်တရက် အိမ်ထဲမှာ ရပ်လိုက်သည်။
ဝမ့်ယုံရွှင်းကို အသိပေးဖို့ ရောက်လာသော သူက အခုထိ မပြန်သေးပါ။ သူက တံခါးကို မှီပြီး ဟိုဟိုဒီဒီ ကြည့်နေခဲ့သည်။ သူက ဝမ့်ယုံရွှင်းရဲ့ကိုယ်စား မေးခဲ့သည်။ “ဟေ့၊ လူငယ်လေး။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ဝမ့်ယုံရွှင်းရဲ့သားက ဆေးရုံမှာမလား။ အဲဒါကို မင်းက ဘာလို့ သူ့ကိုသွားဖို့ မပြောတာလဲ။”
သန်မာတဲ့ ဝမ်းကွဲတစ်ယောက်က အသံ အကျယ်ကြီးနှင့် ပြောခဲ့သည်။ “မင်း ဘာလို့ ထွက်သွားတာလဲ။ ဒီနေ့ ပြဿနာတွေ ရှင်းအောင် မလုပ်ပေးရင် မင်း ထွက်သွားလို့ မရဘူးကွ။ မင်း ထွက်သွားချင်ရင် ငါတို့က မင်းကို လိုက်ပို့ပေးမယ်။”
ဝမ့်ယုံရွှင်းက တုန်လှုပ်နေရာမှ ပြန်ပြီး အသိဝင်သွားခဲ့သည်။ “ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လုပ်မယ် ဆိုတာက မင်း ဘာကို ဆိုလိုချင်တာလဲ။”
ဝမ်းကွဲက လက်ချိုးရေတွက်ရင်း ပြောခဲ့သည်။ “မင်းတို့ကောင်တွေက ဒီနေ့ မင်္ဂလာဆောင်မှာ လာပြီး ပြဿနာရှာသွားကြတာ။ အဲ့ကိစ္စကိုပဲ အရင်ဆုံး ရှင်းကြပါဦး။ ပြီးတော့ ခဗျားက ကျွန်တော့် ခယ်မကို ပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲထားတာ။ အဲ့ဒါကို ဒီတိုင်း မထားနိုင်ဘူး။ တကယ်လို့ ခဗျားတို့ သွားချင်တယ်ဆိုရင် ငါတို့ကို ဒီကိစ္စနှစ်ခု ဖြေရှင်းပေးသွား။”
ဝမ့်ယုံရွှင်းက ထုံထုံအအနှင့် ပြောခဲ့သည်။ “အဲ့တော့ မင်းက ဘာလုပ်ချင်လား။ ငါ့ကို ရိုက်မလား။”
ရှုရွှမ်းရဲ့ဝမ်းကွဲက ခေါင်းခါကာ ပြောခဲ့သည်။ “ခဗျားကို ရိုက်လို့လည်း ကျုပ်ကို ပိုပြီး အဆင်ပြေတယ်လို့ ခံစားရမှာ မဟုတ်ဘူး။ ခဗျားနဲ့ ခဗျားတို့ နှစ်ယောက်လုံး တောင်းပန်စာ ရေးသင့်တယ်။”
သူတို့ညီအစ်ကို သုံးယောက်သည် သူတို့အမေရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာကြသည်။ အဖွားသူသည် အိမ်တွင်းရော အိမ်ပြင် ကိစ္စများကို တာဝန်ယူထားသည်။ သူမက သူမရဲ့ ကလေးတွေကို သူတို့အမုန်းဆုံး ကိစ္စများကို လုပ်ခဲ့ပါက အပြစ်ပေးဖို့ သင်ကြားပေးခဲ့သည်။ သူတို့သုံးယောက်က ပညာရေးမှာ မထူးချွန်သည့်အတွက် အဖွားစုက သူတို့ကို တောင်းပန်စာ ရေးဖို့အတွက် အပြစ်ပေးခဲ့သည်။
ထိုအချိန်မှာပဲ သူတို့ဝမ်းကွဲ ညီအကိုများက အဖြေတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ “ခဗျား အဲ့ဒါကို ရေးဖို့အတွက် ကျုပ်တို့က ပြောပြမယ်။ အဲ့ဒါကို ခဗျားရေးပြီးရင် အဲ့အပေါ်မှာ လက်ဗွေရာကို နှိပ်လိုက်။”
ဝမ့်ယုံရွှင်း - “ငါ မရေးပေးနိုင်ဘူး။”
တကယ်တမ်းမှာ ဝမ့်ယုံရွှင်းက ထိုစာကို ရေးလို့ရသော်လည်း သူက မရေးချင်ခဲ့ပါ။ ဒီလိုကိစ္စမျိုးကို ဘာကိစ္စကြောင့် သူ့ရဲ့အမှားပါလို့ ဝန်ခံရမှာလဲ။ တကယ်လို့ သူက ဝမ့်ရင်းအပေါ် အမှားလုပ်မိရင်တောင် သူမဘက်က ဘာတစ်ခုမှ နစ်နာမှု မရှိတာ၊ ဟုတ်တယ်မလား။ ထို့အပြင် သူ့သားက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ အခုဆိုရင် သူက ဆေးရုံတင်ထားရပြီ ဖြစ်သည်။ အဲ့ဒါကပဲ ဝမ့်ယုံရွှင်းကို စိတ်ပူစေခဲ့သည်။ သူသည် ဆေးရုံမှာ သူ့သားကို သွားတွေ့ဖို့အတွက် ရင်တွေတုန်နေခဲ့သည်။
ရှုရွှမ်းရဲ့ ဝမ်းကွဲက တံခါးကို ပိတ်ချင်ယောင် ဆောင်လိုက်သည်။ “ဒါဆိုလည်း မထွက်ကြနဲ့။”
တံခါးနားကလူက ရင်ခုန်စရာများကို အလကား ကြည့်နေခဲ့ရပြီး မနေနိုင်ဘဲ ဝင်ပြောခဲ့သည်။ “ဘာလို့ ဝမ့်ရင်းကို ပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲရတာလဲ။ ဝမ့်ယုံရွှင်းနဲ့ သူ့မိန်းမက ဘာကို လုပ်လိုက်လို့လဲ။”
ဝမ်းကွဲများထဲက တစ်ယောက်က ကိစ္စ တစ်ခုလုံးကို အခြားသူတွေအား ရှင်းပြခဲ့သည်။ “ သူတို့ရဲ့သားက သူ့ဘာသာ ယွမ် ၈၀ ကို ခိုးသွားတယ်။ ဒါပေမယ့် သူတို့က အဲ့ကိစ္စကို ငါ့အစ်ကိုနဲ့ ခယ်မလေး အပေါ်မှာ အပြစ်ပုံချကြတယ်။ အဲ့ဒါက တရားလွန်တယ်လို့ မင်းတို့ရော ထင်လား။ သူတို့က မင်္ဂလာဆောင် ပေါက်ဝရှေ့မှာတောင် ပြဿနာ လာရှာသွားသေးတာ။”
တံခါးနားကလူ - “အာ….”
ဝမ့်ယုံရွှင်း အရူးတစ်ယောက်လို ဖြစ်နေတာကို အရင်တုန်းက တစ်ခါမှ မမြင်ခဲ့ဖူးဘဲ လီချွမ်းကျင်ကိုသာ အဲ့လို ထင်ခဲ့ကြသည်။ သို့သော် အခုဆိုရင် သူတို့လင်မယားက အတူတူပဲ ဖြစ်သည်။ လူတွေက တစ်မိုးအောက်ထဲမှာ ရှိနေကြသော်လည်း မတူညီကြဘူးဆိုသည့် စကားက အမှန်ပင် ဖြစ်သည်။
ဝမ့်ယုံရွှင်းက ရေးဖို့ကို အကြောက်အကန် ငြင်းနေခဲ့သည်။ ထိုအချိန်တွင် လီချွမ်းကျင်က ငိုနေကာ အိမ်ရဲ့နံရံကို သူမရဲ့ခေါင်းနဲ့ ပြေးတိုက်ချင်နေခဲ့သည်။
“ငါ့ရဲ့သားက ဆေးရုံတက်နေရတာတောင် နင်တို့က ငါတို့ကို သွားခွင့်မပေးနိုင်ဘူး။ နင်တို့က တော်တော်လေး အသဲနှလုံး မရှိတာပဲ။ ဘုရားရှင်က နင့်ကို သေအောင် ရိုက်မှာ မကြောက်ဘူးလား။”
“ရေးစမ်းပါ။ ခဗျား အဲ့စာကိုရေးရင် ကျွန်တော်တို့က ခဗျားကို သွားခွင့်ပေးမယ်။ ခဗျား အဲ့စာကို မြန်မြန်ရေးပြီး ကားလာရင် တက်သွားဖို့ ဘေးနားမှာ ထိုင်စောင့်နေလို့ ရတယ်။”
ဝမ့်ယုံရွှင်းရဲ့မျက်နှာက ဒယ်အိုးဖင်လိုပဲ မဲနက်နေခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ သူက ထိုစာကို ရေးပေးဖို့အတွက် သဘောတူခဲ့သည်။
ဝမ်းကွဲ - “အဲ့စာကို ရေးဖို့အတွက် ကျွန်တော် ခဗျားကို ပြောသားပဲ။ ငါ့မိန်းမ လီချွမ်းကျင်က ပြဿနာတက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့တူမကို ပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ ဒီအပြုအမူက မှားပြီးတော့ အရှက်မရှိပါဘူး။ ကျွန်တော့်ရဲ့ တူမလေးနဲ့ သားမက်လေးကို တကယ် တောင်းပန်ပါတယ်။ နောက်ကျရင် အဲ့လိုမျိုးတွေ ထပ်မလုပ်တော့ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်။”
ဝမ့်ယုံရွှင်းက ဘောပင်ကိုယူပြီး စာများကို တစ်လုံးချင်း လိုက်ရေးနေခဲ့သည်။
ရှုရွှမ်းရဲ့ ဝမ်းကွဲက တောင်းပန်စာကို ရပြီး ဖတ်ပြခဲ့သည်။ “ဒီအပိုင်းက ရေးထားတာ မရှင်းဘူး။ ဒီမှာ ဘာလို့ အရှက်မဲ့တယ်ဆိုတဲ့ စကားလုံးကို မရေးထားတာလဲ။”
ဝမ့်ယုံရွှင်း - “သိပ်အများကြီးလည်း မတွေးပါနဲ့။”
ရှုရွှမ်းရဲ့ ဝမ်းကွဲက သူ့ရဲ့နားကိုဆွဲပြီး ပြောခဲ့သည်။ “ဒီစကားကို မထည့်ဘူးဆိုရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။”
သူတို့ညီအစ်ကို သုံးယောက်က အပြစ်ပေးခံရသည့်အခါ တောင်းပန်စာ ရေးပေးရသည့် အတွေ့အကြုံက ရှိနေခဲ့သည်။ အမျိုးသမီးကြီးစုက အရမ်းကြီး ပညာမတတ်သည့်အတွက် သူမက သားသုံးယောက်ကို ဆူလေ့ရှိသော စကားများအား ချရေးခိုင်းလေ့ရှိသည်။
ဒီနေ့ သူတို့က သွားဖို့ အလျင်လိုနေတာကို သူ တွေ့လိုက်တော့ သူတို့ကို အရမ်းအရှည်ကြီး မရေးခိုင်းတော့ပါဘူး။ မင်းက ဘယ်လိုလုပ် ထောင့်တွေကို ဖြတ်ပစ်ရဲရတာလဲ။
ဝမ့်ယုံရွှင်းက ဒေါသထွက်လာသည့်အတွက် သူ့ရင်ဘက်က အောင့်လာခဲ့သော်လည်း သူက ဘာမှမလုပ်နိုင်ဘဲ စာရွက်ကို ဖြဲပစ်ကာ နောက်ထပ် တစ်ရွက်ဖြင့် ရေးခဲ့ရသည်။
ဝမ်းကွဲသုံးယောက်က ကျေနပ်ကာ ပြောခဲ့သည်။ “ဟုတ်ပြီ။ ဒီအပေါ်မှာ ခဗျားလက်ကို တင်လိုက်။”
ဝမ့်ယုံရွှင်းက လီချွမ်းကျင်နှင့် သူ့ရဲ့ လက်ဗွေရာကို ထိုအပေါ်မှာ နှိပ်လိုက်သည်။ “ဒါဆို အဆင်ပြေပြီလား။”
“ရပြီ။ သွားကြမယ်။ ကျွန်တော် ခဗျားကို လမ်းမဘေး ခေါ်သွားပေးမယ်။”
စက်ဘီးငှားလို့ မရဘူးဆိုတာကို ဝမ့်ယုံရွှင်းက သိနေခဲ့သည်။ လီချွမ်းကျင်က ရွေးချယ်စရာ မရှိသော်လည်း လက်ခံခဲ့ရသည်။
ဝမ်းကွဲညီအစ်ကို သုံးယောက်က တောင်းပန်စာကို သူတို့ရဲ့ အိတ်ကပ်ထဲတွင် ထည့်ကာ ထိုလူကို လမ်းမပေါ်သို့ လမ်းလျှောက်ခေါ်သွားကြသည်။ “လာခဲ့၊ လာခဲ့။ အခု ခဗျားတို့ မြန်မြန်သွားပြီး ပြန်မလာရင် စားဖို့ အကျန်တွေပဲ ရှိတော့မယ်နော်။”
နောက်ဆုံးတစ်လုတ်ကို စားဖို့ကတော့ မလိုတော့ပါ။ သူတို့သုံးယောက် ရောက်လာသည့်အခါ စားပွဲများက တည်ခင်းပြီးနှင့်ပြီ ဖြစ်သည်။