အခန်း (၅၃)
Vol. 5 Ch. 53
ရှုရွှမ်းက အရမ်းကြီး အထက်စီး ဆန်မနေခဲ့ပါ။ ထိုအချိန်တုန်းက ဘဝတွေမှာ ခက်ခဲနေခဲ့ကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ရာသီဥတုက ဆိုးရွားပြီး တပ်မဟာထဲက လူအနည်းငယ်ကသာ မင်္ဂလာပွဲကို ကျင်းပနိုင်ကြသည်။ သူတို့က စားစရာများကို အတူတူ စားခဲ့ပြီး နောက်လိုက် ရွာသားများနှင့်လည်း သကြားလုံးများကို ဝေငှခဲဲ့ကြသည်။ ထို့နောက် ဥက္ကဌရဲ့ ရုပ်ထုကို ဦးညွှတ်ခဲ့သည်။
ရှုရွှမ်းက သူသည် ဒီမင်္ဂလာပွဲကို ကျင်းပကာ လူလေးဆယ်၊ ငါးဆယ်လောက်ကို ဖိတ်ကြားခဲ့သော်လည်း စားပွဲခုံကြီးက နှစ်ခုံသာ ရှိသည်ဟု ပြောခဲ့သည်။
ဟင်းပွဲများကလည်း အတော်လေးကို အရသာရှိသည်။ တောဝက်သားကို တို့ဟူးခြောက်၊ အာလူးနှင့် ကြာဇံတို့ထည့်ကာ အိုးကြီးထဲတွင် နှပ်ထားပြီး ယုန်သားကိုလည်း အပိုင်းလေးတွေ လှီးကာ ကြော်ထားခဲ့သည်။ ထို့အပြင် အာလူးကြော်နှင့် တရုတ်ဂေါ်ဖီကို တို့ဟူးနှင့် ချက်ထားတာလည်း ပါရှိသည်။
ဟင်းပွဲတွေက အများကြီး မရှိသော်လည်း သူတို့အားလုံးက ပျော်ရွှင်နေခဲ့ကြသည်။
ပေါက်စီကို ဂျုံမှုန့်နှစ်မျိုးဖြင့် ပြုလုပ်ထားပြီး အများကြီးတော့ မပါရှိပါ။ နောက်ဆုံးမှာတော့ ဖက်ထုပ်ပန်းကန်ကို တည်ခင်းခဲ့သည်။
ထိုစားပွဲ တစ်ဝိုင်းတည်းနှင့် တပ်မဟာထဲက အဆင့်မြင့် စားစရာများကို ရှားရှားပါးပါး မြင်နိုင်သည်။
စားဖို့လာခဲ့ကြစော ဆွေမျိုးများကလည်း အံ့သြသွားခဲ့ကြသည်။ “ဒီလူအေးလေးက တကယ်ကို လုပ်တတ်ကိုင်တတ်တာပဲ။”
ဘယ်လိုတောင် ရက်ရောလို့ သူတို့က ဒီလို စားပွဲနှစ်ဝိုင်းကို စီစဥ်ထားရတာလဲ။ ကြည့်ရတာ ရှုမိသားစုက ချမ်းသာနေတုန်းပဲ ထင်တယ်။
အသားပြားကြီးတွေ၊ အသားတုံးကြီးတွေက အနံ့ရရုံဖြင့် လူတွေကို သွားရည်ကျအောင် လုပ်နိုင်သည်။
အမျိုးသမီးကြီး မစ္စရှုက ထိပ်ဆုံးမှာထိုင်ပြီး သူမရဲ့ အမကြီးက ဘေးနားမှာ ထိုင်နေခဲ့သည်။ အမျိုးသမီးနှစ်ယောက်လုံးက အင်မတန် ပျော်ရွှင်နေခဲ့ကြသည်။
အမျိုးသမီးကြီးရှုက လူတိုင်းကို ခေါ်ခဲ့သည်။ “လာစားကြနော်။ ငါတို့အားလုံးက အချင်းချင်း ရင်းနှီးကြတာပဲ။ တစ်ယောက်ပြီးတစ်ယောက် လိုက်ခေါ်ရအောင် မလုပ်နဲ့နော်။ ဒီကိုလာကြ။ ရင်းမိန်းကလေး၊ ငါ မင်းကို လူတွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်။”
ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကလည်း အဓိက စားပွဲမှာ ထိုင်နေခဲ့ကြသည်။ အမျိုးသမီးကြီးရှုက ဝမ့်ရင်းကို မိတ်ဆက်ပေးခဲ့သည်။ “ဒါက သမီးရဲ့ အဒေါ်။ သူနဲ့ အရင်က တွေ့ဖူးပါတယ်။ သူက ဘေးက တပ်မဟာထဲမှာ နေတာ။ သူ့မှာက ရှုရွှမ်းထက်ကြီးတဲ့ သားသုံးယောက်ရှိတယ်။”
အမျိုးသမီးကြီးစုက ဖော်ဖော်ရွေရွေနှင့် လက်ဆွဲကာ နှုတ်ဆက်ခဲ့သည်။ “ဒီကောင်မလေးက ကြည့်လို့ကောင်းလိုက်တာ။ ဘယ်လိုကြည့်ကြည့် ကျက်သရေ ရှိနေရော။ နင်က ငါ့ထက် ချွေးမရွေးတာ ပိုတော်တာပဲ။”
အမျိုးသမီးကြီးစုရဲ့ ချွေးမတွေကလည်း ရှိနေခဲ့သည်။ ထို့အပြင် သူတို့က သူမပြောသည့် စကားကို ကြားလိုက်ရသည့်အခါ အမြင်အမျိုးမျိုး ဖြစ်သွားခဲ့ရသည်။
အမျိုးသမီးကြီးရှုက မိတ်ဆက်ပေးခဲ့သည်။ “ဒါကတော့ သူ့တတိယအဒေါ်ရဲ့ အငယ်ဆုံး သမီးလေ။ နာမည်က စွန်းမိန်တဲ့။ သူက သမီးရဲ့ အရွယ်လောက်ပဲ။ ဒါပေမယ့် ရှုရွှမ်းထက်တော့ ငယ်တယ်။ သမီးက သူ့ကို ဝမ်းကွဲလို့ပဲ ခေါ်လို့ရတယ်။”
ဝမ့်ရင်းက ဘာလို့ ဝမ်းကွဲတစ်ယောက်က သူမ တတိယအဒေါ်ရဲ့ အိမ်ကို လာလည်းဆိုတာတော့ မမေးခဲ့ပါ။ ထို့ပြင် ရယ်ရယ်မောမောပဲ နှုတ်ဆက်ခဲ့သည်။ “မင်္ဂလာပါ၊ ဝမ်းကွဲညီမလေး။”
စွန်းမိန်ကြည့်ရတာ ပျော်မနေခဲ့ပါ။ ထို့အပြင် သူမက အမျိုးသမီးကြီးရှု မကြည့်နေတဲ့ အချိန်မျိုးမှာမှ သူမရဲ့ မျက်လုံးများကို ကြည့်ခဲ့သည်။ “မင်္ဂလာပါ၊ ယောက်မလေး။”
ရှုရွှမ်းက ဝမ့်ရင်းရဲ့ဘေးမှာထိုင်းရင်း သူမကို ဧည့်ခံနေခဲ့သည်။ ထို့ကြောင့် စွန်းမိန်က မျက်စိလည်နေသည်ကိုတော့ သူ မမြင်ခဲ့ပါ။
“ဒါက ငါ့ဦးလေးရဲ့ မိသားစုကပဲ။ အဲ့ဒါကြောင့် သူ့ကို ဝမ်းကွဲလို့ ခေါ်လို့ရတာ။
အမျိုးသမီးကြီးရှုက စားပွဲဝိုင်းမှာ ရှိသမျှ လူတိုင်းကို မိတ်ဆက်ပေးခဲ့သည်။ တကယ်တမ်းတော့ ဝမ့်ရင်းက ဘယ်သူက ဘယ်သူဆိုတာကို မမှတ်မိသလို လူတိုင်းကို နှုတ်ဆက်ခဲ့သည်။
သူမတို့ နောက်ထပ် စားပွဲဝိုင်းကို ရောက်သွားတော့ အဲ့မှာ ပိုပြီး ရင်းနှီးတဲ့သူတွေက ရှိနေသည်။ ထျန်းယိုဖုကလည်း အဲ့မှာ ရှိနေတာ။ ဒီနေ့တော့ သူက ရှိထောင်လေးကိုလည်း ခေါ်လာသည်။ ရှိထောင်လေးက ဝမ့်ရင်းလာနေတာကို မြင်တော့ သူမကို ပြေးပြီး ဖက်ချင်နေခဲ့သည်။
အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က ချက်ချင်းပဲ စလိုက်သည်။ “ရင်းရေ၊ ကလေးကို မြန်မြန် ဖက်လိုက်ပါဦး။ နောက်နှစ်ကျရင် နင်တို့မှာ ကလေးတွေ ရှိရင်လည်း ရှိလာတော့မှာ။”
ဝမ့်ရင်းက ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်သော်လည်း သူမက ပိုပြီး ရှက်လေလေ၊ လူတွေက သူမကို ပိုပြီး စလာလေလေ ဖြစ်သည်။
ရှုရွှမ်းက သူမကို ကူညီဖို့ ရောက်လာခဲ့ပြီး အဓိက စားပွဲဆီသို့ ပြန်ပြီး ခေါ်သွားခဲ့သည်။
စားစရာများကို တည်ခင်းပြီး သိပ်မကြာခင်မှာပဲ ဝမ်းကွဲသုံးယောက်က ပြန်ရောက်လာခဲ့သည်။
ရှုရွှမ်းက ဝမ့်ရင်းကို သူတို့သုံးယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ “ဒါက အစ်ကိုကြီးနျို၊ ဒါက ဒုတိယအစ်ကို နျို၊ ပြီးတော့ ဒါက တတိယအစ်ကိုနျိုပဲ။”
အမျိုးသမီးကြီးစုက ပညာမတတ်သည့်အတွက် သူမ ရွေးပေးထားသော နာမည်များမှာ အတော်လေးကို ရိုးရှင်းသည်။ ထို့အပြင် အဲ့ဒါက သူမရဲ့ ရိုးရှင်းသော ဆုတောင်း တစ်ခုဖြစ်တဲ့ သူမဟာ နွားတစ်ကောင် လိုချင်နေကြောင်းကို ဖော်ပြနေခဲ့သည်။
သို့သော် အဲ့လိုတွေ တွေးနေလည်း အပိုသာ ဖြစ်သည်။ အကြောင်းမှာ အခုချိန်တွင် ကိုယ်ပိုင် ကျွဲနွားများ သားဖောက်မွေးခြင်းကို ခွင့်မပြုထားပါ။ ကျွဲနွားများမှာ တပ်မဟာရဲ့ တန်ဖိုးကြီးသည့် ပိုင်ဆိုင်မှုမျိုး ဖြစ်သည်။
ဝမ့်ရင်းက ဝမ်းကွဲသုံးယောက်ကို နှုတ်ဆက်ခဲ့သော်လည်း သူတို့က တွေဝေနေသလို ပြုမူကာ တစ်ခုခု ပြောဖို့အတွက် ရှုရွှမ်းအား ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။ ခနကြာပြီးနောက် ရှုရွှမ်းက ပြန်လာပြီး ကြည့်ရတာလည်း ပုံမှန်ပဲ ဖြစ်သည်။
လူတိုင်းက စားသောက်နေချိန် အတွင်းမှာ အပျော်ကြီး ပျော်နေခဲ့ကြသည်။ တောဝက်သားက အချိန်အကြာကြီး နှပ်ထားသည့်အတွက် အရေခွံက ကြွပ်ရွနေပြီး အသားကလည်း နူးညံ့နေသည်။ ချမ့်ထောင်က အရည်အချင်းရှိသော စားဖိုမှူးတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူက ငါးကြေးခွံ ဖယ်ရာမှာလည်း အင်မတန် ကျွမ်းကျင်သည်။ အသားဟင်းပွဲ အားလုံးရဲ့ အနံ့ အရသာမှာ အရသာ ရှိလွန်းနေခဲ့သည်။
လူတိုင်းက တောဝက်သား တစ်ပန်းကန်၊ အရွက်တွေနဲ့ ပေါက်ဆီနှစ်လုံး စားခဲ့ကြတာ။ ဖက်ထုပ်တွေ လာချတဲ့အချိန် သူတို့အားလုံးက ဗိုက်ပြည့်လုနီးပါး ဖြစ်နေပြီ။ ငါတို့က နောက်ထပ် ဖက်ထုပ်တွေကို စားဖို့ ကိုယ့်ဘာသာ အားယူလိုက်ရသည်။ သူတို့လည်း ထွက်သွားမယ့် အချိန်မှာ သူတို့ စားထားတာတွေက တော်တော်လေး များနေခဲ့ပြီ။
စားပြီးသောက်ပြီးနောက် ကျန်ရှိနေသော နေ့လည်ပိုင်းတွင်လည်း မနားခဲ့ကြရပါ။
လာရောက်ပြီး ပြန်သွားကြသော ဧည့်သည်များကို တစ်ယောက်ချင်း နှုတ်ဆက်ကာ ပို့ပေးခဲ့ကြသည်။ ရှုရွှမ်းက သူ့ဆရာအတွက် တောင်ပေါ်မှ ပစ္စည်းအချို့ကို ထုပ်ပိုးပေးခဲ့ကြီး သူ့ရဲ့စီနီယာအစါကို လျှိုသုကို အန်ပေါင်းတစ်အိတ် ပေးခဲ့သည်။ မနေ့က လျှိုသုသည် ထိုနေရာကို စက်ဘီးဖြင့် လာခဲ့ပြီး အခုဆိုရင် သူက ဦးလေးကို သူနှင့်အတူ ခေါ်သွားချင်ခဲ့သည်။
အမျိုးသမီးကြီးရှုက နေ့ဝက်လောက်အထိ လူအများနှင့် စကားပြောနေခဲ့သည်။ ညနေမရောက်ခင်အထိ သူက လူအများကို ကြိုဆိုပြီး ဧည့်သည်များနှင့် တွေ့ရသည့် အလုပ်ကို လက်စသတ်ခဲ့သည်။
ဝမ့်ရင်းက အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည့်အတွက် ရှုရွှမ်းက သူမလက်ကို ဆွဲပြီး အိမ်သို့ သွားခဲ့သည်။
သူမက တံခါးဖွင့်ပြီး ဝင်လိုက်သည့်အခါ ဝမ့်ယုံရွှင်းနှင့် သူ့ဇနီးက အခုထိ ကောင်စီမြို့မှ ပြန်မရောက်သေးတာကို တွေ့လိုက်ရသည်။ သူတို့ရဲ့ ပတ်ဝန်းကျင်က အတော်လေး တိတ်ဆိတ်နေပြီး ဝမ့်ရင်းက ပုံမှန်မဟုတ်ဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။
ရှုရွှမ်း - “ရေမိုးချိုးပြီး အိပ်ရာဝင်ရအောင်။”
ဝမ့်ရင်း - “ကောင်းပြီလေ။”
ရှုရွှမ်းက ဟိုဟိုဒီဒီ ပြေးလွှားကာ ရေနွေးကျိုရင်း အလုပ်ရှုပ်နေခဲ့သည်။ သူတို့နှစ်ယောက် အတူတူ ရှိရသည့်အချိန်မှာ ရှားသည့်အတွက် တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ တိတ်တဆိတ်ပဲ ကိုယ်လက် သန့်စင်ခဲ့ကြသည်။
ရေနံဆီမီးအိမ်ကို မငြိမ်းလိုက်ခင်မှာ ဝမ့်ရင်းက အိပ်ရာထဲမှာ လှဲနေခဲ့ပြီး ရှုရွှမ်းက သူမအနား အရမ်းကြီး နီးကပ်လာတာကို ခံစားမိခဲ့သည်။
ရှုရွှမ်း - “မင်း အိပ်ပျော်နေပြီလား။”
ဝမ့်ရင်းက မျက်လုံးဖွင့်ထားလျက်သားနဲ့ လိမ်ပြောခဲ့သည်။ “ကျွန်မ အိပ်ပျော်နေပြီ။”
ရှုရွှမ်းက ဝမ့်ရင်းရဲ့လက်ကို ကိုင်ပြီး ဝမ့်ရင်းက သူမနားကနေ လေပူအချို့ ထွက်လာသည်ကို ခံစားနိုင်ခဲ့သည်။
ရှုရွှမ်းရဲ့အသံက တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း ဘာကြောင့်မှန်းမသိ ရှုရွှမ်းက ရယ်နေတယ်ဟု ခံစားမိခဲ့သည်။
“ကိုယ် မယုံပါဘူးကွာ။”
ဝမ့်ရင်းက တွေးမိခဲ့သည်။ အခုချိန်မှာ လျှပ်စစ်မီး မရှိတာက ကောင်းတဲ့ အရာတစ်ခုပဲ။ တကယ်လို့ မီးတွေသာရှိရင် အခုဆိုရင် သူမက စောင်တွေနဲ့ လုံးထွေးပြီး နေနေရတော့မှာ။
ရှုရွှမ်းက သူမကို စောင်ထဲမှာ ပုန်းနေခွင့် မပေးခဲ့ပါ။ သူ့ရဲ့ ကြီးမားသော လက်ကြီးက သူမရဲ့ ခါးနားကို ရောက်လာခဲ့ပြီး တုန်ရီနေခဲ့သည်။
ဝမ့်ယုံရွှင်းနှင့် သူ့ဇနီးတို့က လမ်းဘေးမှာ ကားတားရင်း ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သို့သော် အချိန်အတန်ကြာသည်အထိ တစ်စီးမှ တားမရခဲ့ပါ။ ထို့ကြောင့် သူတို့က ဆောင်းလေအေးနေသည့် ကြားထဲကနေ ကောင်စီမြို့သို့ လမ်းလျှောက်သွားဖို့သာ တက်နိုင်သည်။
သူတို့ ကောင်စီမြို့သို့ ရောက်ချိန်တွင် မှောင်နေခဲ့ပြီ ဖြစ်သည်။ ယောက်ျားနှစ်ယောက်က သူတို့ကို ကောင်စီ ဆေးရုံသို့ သွားရမည့် လမ်းကို လမ်းပြခဲ့ပြီး အားစိုက်စရာ သိပ်မလိုလိုက်ဘဲ ဝမ့်ယောင်ကျုံးကို တွေ့ရှိခဲ့ကြသည်။
ဝမ့်ယောင်ကျုံးကို တွေ့သည့်အချိန်မှာ လီချွမ်းကျင်က ငိုချလိုက်သည်။
ထိုအသံမှာ ကျယ်လောင်လွန်းသည့်အတွက် ဘေးလူနာဆောင်မှာ ရှိနေသည့် သူနာပြုများကတောင် လန့်သွားခဲ့ကြသည်။
သူနာပြု - “ရှင်တို့ ဘာတွေ စကားများနေကြတာလဲ။ ဆေးရုံဝန်းအတွင်းမှာ ဒီလို ဆူညံသံတွေ လုပ်လို့မရဘူးဆိုတာ ရှင်တို့ မသိကြဘူးလား။”
တစ်ကိုယ်လုံးမှာမှ ဒဏ်ရာ နည်းနည်းလေးပဲ ရတာကို ဘာလို့ ဒီလိုမျိုးကြီး ငိုနေရတာလဲ။
ဝမ့်ယောင်ကျုံးက အရိုက်ခံထားရပြီး သူ့ရဲ့ နှာခေါင်းနှင့် မျက်နှာမှာ ယောင်ကိုင်းနေခဲ့ပြီး သူ့ရဲ့ ပါးမှာလည်း ယောင်နေခဲ့ပြီး သူ့ရဲ့ မူလပုံစံကိုတောင် မှတ်မိဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ဒဏ်ရာများမှာလည်း သိပ်ပြီး မပြင်းထန်ပါ။ အပေါ်ယံ ဒဏ်ရာများက ဆယ်ရက်၊ ဆယ့်ငါးရက်လောက် အချိန်ယူရုံဖြင့် ပြန်သက်သာလာနိုင်သည်။
သို့သော် အဲ့ဒါကပဲ လီချွမ်းကျင်ကို ပူပင်သောက ရောက်နေပြီး သူမကိုယ်သူမ အိပ်ရာပေါ်သို့ လှဲချကာ စတင်ပြီး အော်ခဲ့သည်။ “ယောင်ကျုံး၊ သား ဘာဖြစ်တာလဲ။ သားနာနေလား။ သားလုပ်တာ အမေ့ရင်တွေ ကျိုးပါပြီ။ ငါ့သားကို ဘယ်သူကများ ဒီလိုဖြစ်အောင် ရိုက်သွားရတာလဲ။”
ဝမ့်ယောင်ကျုံးသည် သူ့သားရဲ့ ဒဏ်ရာများကို မြင်လိုက်ရသည့်အခါ ဒေါသများ ပျောက်သွားခဲ့သည်။ သူ့သားက အခုလိုမျိုး ရိုက်ခံလိုက်ရသည့်အတွက် အတော်လေး စိုးရိမ်နေခဲ့သည်။
ဝမ့်ယောင်ကျုံးက အနည်းငယ်သာ ဒဏ်ရာရခဲ့သော်လည်း လီချွမ်းကျင်က သနားဖို့ ကောင်းလောက်အောင် ငိုနေခဲ့သည်။ “အဖေ၊ အမေ။ သား အရမ်းနာတာပဲ။ ဘယ်လိုဖြစ်လို့ အမေတို့က ဒီကို ချက်ချင်းကြီး ရောက်လာကြတာလဲ။”
လီချွမ်းကျင်က သူမသားရဲ့ ခေါင်းကိုကိုင်ကာ ငိုခဲ့သည်။ “အမေ ဒီမှာ ရှိပါတယ်။ အမေ သားအတွက် တရားမျှတအောင် လုပ်ပေးမယ်။ သားကို ဒီလိုဖြစ်သွားအောင် ရိုက်တဲ့ကောင်ကို အမေ ဘယ်တော့မှ လွှတ်မပေးဘူး။”
ဝမ့်ယုံရွှင်းကလည်း အိပ်ရာဘေးတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ “မင်းအမေပြောတာ မှန်တယ်။ ငါတို့ကို ဒီလိုမျိုး လာပြီး အနိုင်ကျင့်လို့ မရဘူး။”
ဝမ့်ယောင်ကျုံးက ချောင်းဆိုကာ ဒေါသတကြီး ပြောခဲ့သည်။ “အဲဲဒါက နောက်ကျသွားပြီ။ အဲ့လူက ထွက်ပြေးသွားတာ ကြာလှပြီ။”
လီချွမ်းကျင်က မှင်သက်သွားခဲ့သည်။ “တစ်ယောက်ယောက်က သူ့ကို ရဲစခန်းဆီ ခေါ်သွားတယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။”
ဝမ့်ယောင်ကျုံးက အိပ်ရာကို လက်ဖြင့် ရိုက်လိုက်ပြီး သူ့မျက်လုံးများကလည်း ဒေါသအပြည့် ဖြစ်နေခဲ့သည်။ “သေစမ်း။ အဲ့လူက ဟန်ဆောင်နေတာဗျ။”
ဝမ့်ယောင်ကျုံးက ထိုအရာကို နောင်တ ရသွားခဲ့သည်။ သူက နာရီဝယ်ဖို့အတွက် သူ့မိသားစုဆီကနေ ယွမ် ၈၀ ကို ယူလာခဲ့သည်။ အခုဆိုရင် ကျောင်းက ပရမ်းပတာ အခြေအနေမျိုး ဖြစ်နေသည့်အတွက် နေ့တိုင်း သူတို့ကျောင်းက ကျောင်းသားများအကြား အခြားကျောင်းသားများက ရောထွေးနေခဲ့သည်။ ဝမ့်ယောင်ကျုံးက ထိုလူများအကြား သူ့ထက်ကြီးတဲ့ လူနှစ်ယောက်နှင့် တွေ့ခဲ့ရသည်။
ထိုလူနှစ်ယောက်က သူ့ကို နာရီအဟောင်းများ ပြပေးနိုင်သည်ဟု ပြောခဲ့သည်။ နာရီအဟောင်းများဟု ပြောခဲ့သော်လည်း အားလုံးက အသစ်များသာ ဖြစ်သည်။ ထို့အပြင် ထိုနာရီများသည် သေချာပေါက် တရားဝင် ပစ္စည်းများ မဟုတ်ပါ။
သို့သော် ယောင်ကျုံးက နာရီအရမ်း လိုချင်နေခဲ့သည်။
ကျောင်းမှာ နာရီရှိသည့်သူမှာ တစ်ယောက်၊ နှစ်ယောက်သာ ရှိသည်။ ထိုနာရီများကို သူတို့ရဲ့ လက်မှာ ပတ်လိုက်ချိန်တွင် အရမ်းကို ကြည့်လို့ ကောင်းနေခဲ့ပြီး မိန်းကလေးများကလည်း သူတို့အနားမှာသာ ဝိုင်းနေခဲ့သည်။
ဝမ့်ယောင်ကျုံးရဲ့ အတွေးမှာ သူ့အဖေက သူ့ကို အလုပ်တစ်ခုရှာဖို့ ပြောခဲ့သော်လည်း သူတို့ရဲ့ မိသားစုက ရှာဖို့အတွက် ပိုက်ဆံ အလုံအလောက် မရှိနေခဲ့ပါ။ ထို့ကြောင့် သူက ကျောင်းမှာ မိသားစုနောက်ခံကောင်းသည့် မိန်းကလေး တစ်ယောက်ကို မြှူစွယ်တာက ပိုကောင်းလိမ့်မယ်ဟူ၍ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ကျောင်းမှာရှိတဲ့ ဒုတိယနှစ် ကျောင်းသားများသည် ထိုအရွယ်မှာကတည်းက သူတို့ရဲ့ လုပ်ငန်းများကို တွေးနေခဲ့ကြပြီ ဖြစ်သည်။ တကယ်လို့ သူသာ မြို့မှာရှိတဲ့ အထက်တန်း မိသားစုတစ်ခုက မိန်းကလေးတစ်ယောက်ကို ရှာနိုင်ခဲ့ပါက မိသားစု နှစ်ခုလုံးက ပေးသော ပိုက်ဆံဖြင့် မြို့မှာ အလုပ်တစ်ခု ဝယ်နိုင်မည်ပဲ မဟုတ်ပါလား။
ထို့ကြောင့် ဝမ့်ယောင်ကျုံးက သူ့အိမ်ကနေ ယွမ် ၈၀ ကို ခိုးလာခဲ့ပြီး ဒါဟာ သူ့အတွက် သိပ်မများဘူးဟု တွေးနေခဲ့သည်။ ထို့ကြောင့် သူက ထိုကိစ္စကို ဆက်လုပ်ရန်အတွက် ယွမ်၈၀နှင့် နာရီဟောင်းတစ်လုံးကို ဝယ်ခဲ့သည်။
“သူတို့နှစ်ယောက်လုံးမှာ နာရီမရှိဘူးဆိုတာ ကျွန်တော်သိသွားတော့ သူတို့က ကျွန်တော့်ကို ရိုက်ပြီး ပိုက်ဆံတွေ အကုန်လုံးကို ယူသွားကြတာ။”
ဝမ့်ယောင်ကျုံးက အံကိုကြိတ်ပြီး ပြောခဲ့သည်။ “ သူတို့ ကျွန်တော့်ကို ရိုက်တဲ့အချိန်မှာ တစ်ယောက်ယောက်က အဲ့ဒါကို မြင်လိုက်တယ်။ သူတို့က အဲ့ဒါနဲ့ ရဲခေါ်မှာကို ကြောက်သွားကြတယ်။ အဲ့ဒါနဲ့ သူတို့ထဲက တစ်ယောက်က လာကယ်ချင်ယောင်ဆောင်ပြီး တစ်ခြားတစ်ယောက်ကပဲ ဝန်ခံခဲ့တာ။ ပြီးတော့ ဒီတစ်ယောက်က ကျွန်တော့်ကို ရိုက်တာဆိုပြီး ပြောသွားခဲ့တာ။”
ဝမ့်ယောင်ကျုံးက ဒေါသထွက်လို့ စကားတောင် မပြောနိုင်တော့ပါ။ သူက အတော်လေး အရိုက်ခံထားရသည့်အတွက်လည်း ဘာစကားမှ မပြောနိုင်ခဲ့ပါ။ သူ့ကို ရိုက်သွားတဲ့သူက သူတို့အရှေ့မှာ ဟန်ဆောင်နေတာကို ကြည့်နေခဲ့ရသည်။
နောက်ဆက်တွဲ ဖြစ်ရပ်များကတော့ ထုံးစံအတိုင်းပဲ ဖြစ်သွားခဲ့သည်။ သူက လာကယ်ချင်ယောင်ဆောင်ပြီး ဘေးနားက ဖြတ်သွားဖြတ်လာ တစ်ယောက်ကို ဆေးရုံပို့ပေးဖို့ ပြောခဲ့ပြီး အခြားတစ်ယောက်ကိုတော့ တပ်မဟာဆီသွားပြီး သူ့ရဲ့မိဘတွေကို ရှာဖို့အတွက် ပြောခဲ့သည်။ ထို့နောက် သူက ထိုလူကို ရဲစခန်း ပို့ချင်ယောင်ဆောင်ပြီး တကယ်တမ်းမှာတော့ နှစ်ယောက်လုံးက ပိုက်ဆံကိုယူပြီး ထွက်ပြေးသွားခဲ့ကြသည်။
ဝမ့်ယောင်ကျုံးကိုတော့ ဆေးရုံသို့ ပို့ပေးခဲ့ကြသည်။ အကြောင်းမှာ သူက ရည်ရွယ်ချက်ရှိရှိနှင့် သတိမေ့အောင် အရိုက်ခံထားရသောကြောင့် ဖြစ်သည်။ ထိုအချိန်မှာပဲ သူက နိုးလာပြီး ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ရှင်းပြခဲ့သည်။ ထိုကိစ္စက နဂိုအတိုင်း မဟုတ်နေခဲ့ပါ။
သူ့အတွက် ဆေးရုံက ရဲတွေကို ခေါ်ပေးခဲ့သော်လည်း ဒီကိစ္စအတွက် ဘာသက်သေမှ မရှိဘဲ ထိုလူကလည်း ထွက်ပြေးသွားခဲ့ပြီ ဖြစ်ပြီး သူဘယ်ရောက်နေလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိပါ။ ထို့အပြင် တစ်ဖက်လူကလည်း ထွက်ပြေးဖို့အတွက် အချိန်ကောင်းကို စောင့်နေပြီး အခုဆိုရင် သူက ပိုက်ဆံကိုယူပြီး ဘယ်ရောက်သွားလဲ ဆိုတာကိုလည်း မတွေးမိခဲ့ကြပါ။
ဝမ့်ယုံရွှင်းက မျက်လုံးပြူးသွားခဲ့သည်။ “မင်းပြောချင်တာက…. သူတို့က ယွမ် ၈၀ လုံးကို ယူသွားကြတာပေါ့။”
ဝမ့်ယောင်ကျုံးက ခေါင်းကိုငုံ့ပြီး ပြောခဲ့သည်။ “ယွမ် ၈၀ ဆိုတာထက် ပိုတယ်။ သူတို့က ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံရော စားဖို့ ကူပွန်တွေရော အကုန်လုံးကို ယူသွားတာ။”