အခန်း (၅၄)
Vol. 5 Ch. 55
ဝမ့်ယုံရွှင်းက ဆက်ပြီး မထိုင်နိုင်တော့ပါ။ သူသည် ဆေးရုံပေါ်က အိပ်ရာပေါ်သို့ လဲမလိုတောင် ဖြစ်နေခဲ့သည်။ အစတုန်းက သူ့မိသားစုရဲ့ စုငွေအဖြစ် ယွမ် ၁၈၀ သာ ရှိခဲ့ပြီး အခုဆိုရင် သူ့မှာ ယွမ်တစ်ရာသာ ကျန်တော့သည်။
တစ်ရာတည်းနဲ့ ဘာလုပ်နိုင်မှာလဲ။
အခြေကျတဲ့ ဆက်ဆံရေးမျိုးရှိအောင် လက်ဆောင်ပေးမယ် ဆိုရင်တောင်မှ ဒါက မလောက်နိုင်ဘူး။
ဝမ့်ယောင်ကျုံးက တံတွေးကို မျိုချပြီး ပြောခဲ့သည်။ “အဖေ၊ ကျွန်တော်တို့ မိသားစုရဲ့ အခက်အခဲတွေကို မျှဝေခံစားပေးနိုင်မယ့် ချွေးမမျိုး ရှာပေးဖို့ ကျွန်တော် တွေးနေတာ”
ဝမ့်ယုံရွှင်း - “မင်း ရှာတွေ့ခဲ့လား။”
ဝမ့်ယောင်ကျုံး - “ကျွန်တော် အခုထိ နာရီတောင် မဝယ်ရသေးဘူး။ အဖေပြောကြည့်၊ ကျွန်တော့်မှာသာ နာရီတစ်လုံး ရှိနေရင် သေချာပေါက် မြို့ကနေ အဲ့လို ချွေးမမျိုး ရှာနိုင်မှာပဲ။”
ဝမ့်ယောင်ကျုံးက ဆက်ပြီး စကားမပြောနိုင်တော့ပါ။ အကြောင်းမှာ ဝမ့်ယုံရွှင်းရဲ့ မျက်လုံးများက စိတ်မဝင်စားမှုများနှင့် ပြည့်နေခဲ့သည်။
လီချွမ်းကျင်က သူမရဲ့သားကို ဘယ်ပြန်ဘာပြန် ရိုက်ပြီး ပြောခဲ့သည်။ “မင်းဘာလို့ ဒီလောက်ထိ ရှုပ်ထွေးအောင် လုပ်နေရတာလဲ။ အဲ့နာရီက ဝယ်ဖို့ ဒီလောက်ထိ ခက်ခဲတာကို။ မင်းက သူတို့ဘာပြောပြော ယုံနေတာပဲ။”
ဝမ့်ယောင်ကျုံးက မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ “ဒါက ပစ္စည်းလေး တစ်ခုပဲလေ။ ကျွန်တော်တို့ကျောင်းက တစ်ယောက်ကလည်း ဒီလိုနည်းနဲ့ပဲ နာရီကို ရခဲ့တာလို့ ကြားထားတာ။”
ဝမ့်ယုံရွှင်းက ခနလေးအတွင်းမှာပဲ အသက်ဆယ်နှစ်လောက် ကြီးသွားပုံရသည်။ “မင်းက နာရီအကြောင်းပဲ တွေးနေတာ။ ငါက မင်းကို မြို့တက်ပြီး ယာယီအလုပ်တစ်ခု ရှာဖို့ ပြောခဲ့တာ။ ပြီးမှ မြဲတဲ့အလုပ်တစ်ခု ရမှာ။ မင်းက ဘာလို့ ငါပြောတဲ့အတိုင်း မလုပ်ရတာလဲ။ အခုတော့ မင်းက ပိုက်ဆံကို ယူသွားပြီးပြီ။ ဒီလမ်းကြောင်းကို ပြန်လျှောက်ဖို့က မင်းအတွက် ပိုပြီးတောင် ခက်ခဲသွားပြီ။ မြို့ကို ထပ်သွားဖို့က လွယ်တော့မှာ မဟုတ်ဘူးကွ။”
ထိုအချိန်မှာ ဝမ့်ယောင်ကျုံးက ကလန်ကဆန် လုပ်နေခဲ့သည်။ သူက မျက်နှာချို သွေးနေချိန်မှာ သူ့ဖင်ကို ပိတ်ကန်ခံရတော့မည် ဖြစ်သည်။ ဝမ့်ယုံရွှင်း ပြောသည့်စကားကို ကြားလိုက်ရချိန်တွင် သူက မပျော်နိုင်တော့ပါ။ “အဖေပြောပုံအရဆို ကျွန်တော်က နှစ်တွေ အများကြီး စောင့်ရဦးမယ်။ အခုချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းလွန်းတယ်။ ကျွန်တော်နဲ့အတူတူ မိန်းမ မရှာပေးနိုင်လို့လား။ အဲ့ဒါက အလုပ်မဖြစ်ရင် ကျွန်တော် မြို့တက်ပြီး အလုပ်သွားရှာမယ်။”
ဝမ့်ယုံရွှင်း - “မြို့က မိန်းကလေးတွေ၊ မင်းက စိတ်ကူးယဥ်ရဲသားပဲ။ ငါတို့တပ်မဟာထဲမှာ လူတွေ ရာနဲ့ချီပြီး ရှိတယ်။ မြို့ကမိန်းကလေးက ဒီလိုလူတွေကို လက်ထပ်တာ မင်းမြင်ဖူးလား။ သူတို့က မြို့ကိုသွားတာလား။ မြို့မှာ ယောက်ျား သွားရှာတာလားဆိုတာတောင် မသိကြဘူး။”
ဝမ့်ယောင်ကျုံး - “ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ ပြောကြည့်လေ။ ပိုက်ဆံကလည်း မရှိတော့ဘူး။ အဲ့တော့ အခု ကျွန်တော်တို့ ဘာလုပ်နိုင်သေးလဲ။”
ဝမ့်ယုံရွှင်းက ကြမ်းပြင်ပေါ်တွင် ထိုင်ချခဲ့သည်။ သူက ဘာလုပ်ရမလဲ ဆိုတာကိုလည်း မသိတော့ပါ။
သို့သော် ဝမ့်ယောင်ကျုံးက ဆက်ပြောနေခဲ့သည်။ “အဖေ၊ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ပိုက်ဆံ သွားပေးပေးပါ။ ကျွန်တော့်မှာ ပိုက်ဆံ မရှိတော့ဘူး။ အဲ့ဒါကြောင့် ဆေးရုံပေါ်မှာ အကြွေးတင်နေတုန်းပဲ။”
ဝမ့်ယုံရွှင်း - ……
ရှိနေတော့ရော ဘာကောင်းကျိုးပေးလို့လဲ။ သေလိုက်တာက ပိုတောင် ကောင်းဦးမယ်။
မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့တွင် ဝမ့်ရင်းက ပုံမှန်ထက် နောက်ကျမှ နိုးလာခဲ့သည်။ သူမ နိုးလာသည့်အခါ ရှုရွှမ်းရဲ့ လက်ကို ကိုင်ထားသော သူမကိုယ်သူမ တွေ့ခဲ့ရသည်။ ရှုရွှမ်းက ပိန်ပုံရသော်လည်း သူ့ရဲ့ လက်မောင်းက အတော်လေး သန်မာသည်။ ထို့အပြင် သူမက အားနှင့် ညှစ်လိုက်သည့်အခါ သူ့ရဲ့ ခရမ်းရောင် သွေးကြောများကို မြင်နိုင်သည်။
ဝမ့်ရင်းရဲ့ ပထမဆုံး တုံ့ပြန်ချက်မှာ ထိုသွေးကြောများက အလွယ်လေး ဖောက်လို့ရသည်ဟူ၍ ဖြစ်သည်။
သူမလည်း ဘယ်လိုမှ မနေနိုင်ဘဲ ထိကြည့်ခဲ့တယ်။ သူမလှုပ်ရှားမှုတွေက အရမ်း ညှင်သာနေတာတောင် အနောက်ကနေ ဆွဲဆောင်မှုရှိတဲ့ ညည်းသံ တစ်သံကို ကြားလိုက်ရသည်။
ရှုရွှမ်းရဲ့ လှုပ်ရှားမှုမှာ မြန်ဆန်ပြီး သူ့ရဲ့လက်မောင်းဖြင့် ဖက်လိုက်သည်။
“နိုးပြီလား။”
ရှုရွှမ်းက အိပ်ရာထဲမှာ ရှိမနေခဲ့ပါ။ ရှုရွှမ်းက သူ့ရဲ့လက်ဖြင့် ဝမ့်ရင်းရဲ့ လည်တိုင်ကို ပွတ်လိုက်ပြီး အိပ်ရာမထခင်မှာဘဲ အခြေအနေက ကြောက်စရာ ကောင်းနေခဲ့သည်။
“ခနလောက် လှဲနေလိုက်။ ကိုယ် ရေနွေး သွားကျိုလိုက်ဦးမယ်။”
ဝမ့်ရင်းက ရီဝေဝေနှင့် အိပ်ရာထဲမှာ လှဲနေခဲ့ပြီး ရှုရွှမ်းက ဝင်လိုက်၊ ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည်ကို ပြတင်းပေါက်ကနေ မြင်ခဲ့ရသည်။
ခနကြာပြီးနောက် ရှုရွှမ်းက ရေနွေးကို ယူလာပြီး သူမအား မေးခဲ့သည်။ “မနက်ပိုင်း မင်း ဘာစားချင်လဲ။”
တကယ်တမ်းမှာတော့ ဒါက မနက်ပိုင်း မဟုတ်တော့ပါ။ ဝမ့်ရင်းက အိပ်ရာဘေးတွင် ချိတ်ထားသော အိတ်ဆောင်နာရီကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ “မနက်စာနဲ့ နေ့လည်စာကို တစ်ခါတည်း စားကြရအောင်။ တစ်ခုခုပဲ လုပ်လိုက်ပါ။”
အိပ်ရာထပြီးနောက် ဘေးအခန်းကနေ ဘာအသံမှ မကြားရသည့်အတွက် သူတို့ လင်မယားမှာ အတော်လေး စိတ်သက်သာရာ ရနေခဲ့သည်။ ဝမ့်ရင်းက သူမရဲ့ ရေတိုင်ကီထဲသို့ ဝိဉာဥ်စမ်းရေကို တိတ်တဆိတ် ထည့်လိုက်သည်။ ရှုရွှမ်းက သံသယဖြစ်မှာ ဆိုးသည့်အတွက် ဝမ့်ရင်းသည် အရင်က ရှုရွှမ်းအား ထိုရေကို သောက်ဖို့အတွက် မပေးခဲ့ဖူးပါ။ အခုဆိုရင် သူတို့က အတူနေပြီ ဖြစ်ပြီး သူမက ရေတိုင်ကီထဲသို့ ဝိဉာဥ်စမ်းရေအချို့ကို ထည့်ခဲ့ခြင်း ဖြစ်သည်။ သို့မှသာ သူတို့က အတူတူ သောက်နိုင်မည် ဖြစ်သည်။
နေ့လည်ရောက်သည့်အခါ သူတို့က မနက်စာရော နေ့လည်စာပါ စားပြီးပြီ ဖြစ်သည်။
မြေပဲနီထည့်ထားသော ဆန်ပြုတ်၊ ကော်ဖီကြော်၊ မုန်လာခြောက်နှင့် ချဥ်ဖက် ရောထားသော ပေါက်စီနှင့် တောဝက်သားနှင့် ရောထားသော အာလူးချောင်းကြော်တို့နှင့် စားခဲ့သည်။
ဝမ့်ရင်းက အများကြီးကို ပျော်ရွှင်စွာ စားခဲ့သည်။ ဆန်ပြုတ်က ပျစ်နှစ်ပြီး မြေပဲကလည်း နူးညံ့နေခဲ့သည်။ ချဥ်ချဥ်စပ်စပ် ချက်ထားသော ဂေါ်ဖီကလည်း အတော်လေး စားကောင်းသည်။ ထို့အပြင် အာလူးနှင့် အသားကို တွဲကြော်ထားတာကလည်း ကျွတ်ကျွတ်လေးနှင့် စားကောင်းပြီး အရသာ စုံလင်နေခဲ့သည်။
သူတို့နှစ်ယောက်က စားစရာများကို စားပြီးနောက် အပြင်ထွက်ဖို့ လောမနေခဲ့ပါ။ ရှုရွှမ်းက ဝမ့်ရင်းနှင့်အတူ အင်္ကျီဆင်တူ ဝတ်ခဲ့ပြီး ဝက်များကို အတူတူ အစာကျွေးခဲ့သည်။
ဝမ့်ရင်းက တောင်ပေါ်မှာရှိတဲ့ ငါးများအကြောင်းကို တွေးနေဆဲ ဖြစ်သည်။ “နောက် နှစ်ရက်လောက်နေရင် ကျွန်မတို့ အဲ့ကို သွားကြမလား။”
သူမက နောက်ကျမှ သွားမိပါက ငါးကန်မှာ ရေခဲပြီး ဖမ်းဖို့ ခက်ခဲသွားမှာကို စိုးရိမ်နေခဲ့သည်။
ရှုရွှမ်း - “နောက်ရက်နည်းနည်းလောက်နေမှ သွားကြရအောင်။ အဲ့ချိန်က နှင်ကျလုနီးပါး ဖြစ်နေပြီ။”
"ကိုယ်တို့တွေ နှင်းကျတဲ့အချိန်မှ ငါးသွားဖမ်းပြီး ခြံထဲမှာ အခန်းလေးတစ်ခု လုပ်ပြီး ငါးတွေကို ထားကြမယ်။ ကိုယ်တို့ ငါးတွေကို အဲ့ထဲမှာ ခဲပြီး ထားလိုက်ရင် ဆောင်းတွင်း တစ်တွင်းလုံး စားလို့ရသွားပြီ။"
ဝမ့်ရင်းက စားဖို့အတွက် ငါးတွေအများကြီးကို အတော်လေး လိုချင်နေခဲ့သည်။ ထို့ကြောင့် သူမက အဲ့နေ့ကို လက်ချိုးရင်း ရေတွက်နေခဲ့သည်။
လေးငါးရက် ကြာပြီးနောက် ကောင်ကင်ကြီးက မဲမှောင်စပြုလာပြီး နေက ကွယ်နေခဲ့သည်။ လေထုကလည်း အေးစက်နေခဲ့သည်။ ရှုရွှမ်းက ထိုအရာကို တွက်ချက်ပြီး နှင်းကျ များမည့်အချိန်ဟု တွေးနေခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က အိမ်နီးနားချင်းများ အိမ်မှာ မရှိသည့်အချိန် တောင်ပေါ်မှာ ငါးဖမ်းဖို့ သွားခဲ့ကြသည်။
ဝမ့်ရင်း နောက်ဆုံးတစ်ခေါက် တောင်ပေါ်မှာ ငါးဖမ်းဖို့ သွားတုန်းက သူမသည် ကျောပိုးအိတ်ဖြင့် ငါးများကို ဖမ်းဖို့ သုံးခဲ့သည်။ ဒီတစ်ကြမ် သူမ ငါးဖမ်းဖို့ တောင်ပေါ်တက်သည့်အခါ ထိုနည်းက အလုပ်ဖြစ်မှာ မဟုတ်ဘူးဟု ရှုရွှမ်းက ပြောခဲ့သည်။
“လွယ်အိတ်က အရမ်း လေးလွန်းတယ်။ ကိုယ်တို့တွေ တစ်ခေါက်တည်းနဲ့ အများကြီး ဖမ်းနိုင်မှာ မဟုတ်ဘူး။”
ရှုရွှမ်းက ဆောင်းတွင်းအတွက် တစ်ခါတည်း လုံလောက်အောင် ဖမ်းခဲ့ဖို့အတွက် စီစဥ်နေခဲ့သည်။ ထို့ကြောင့် လွယ်အိတ် နှစ်အိတ်ကလည်း လုံလောက်မည် မဟုတ်ပါ။
ထို့ကြောင့် သူက ရက်အနည်းငယ်ကြာပြီး မြို့သို့ သွားသည့်အခါ ပိုက်ဆံအနည်းငယ် သုံးပြီး သမဝါယမစျေးမှ ငါးဖမ်းပိုက်ကွန်ကို ဝယ်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက အေးနေချိန် တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။ ငါးကန်မှာ ရေခဲပြင်ပါးလေးဖြင့် ဖုံးနေခဲ့သည်။ ရှုရွှမ်းက သူ့ရဲ့လက်ဖြင့် ပွတ်လိုက်ပြီး ဝမ့်ရင်းကိုလည်း သူ့အနောက်မှာ နေဖို့ ပြောလိုက်ကာ ရေခဲကို ခွဲဖို့အတွက် ကျောက်ခဲတစ်တုံးကို သုံးခဲ့သည်။
ဒါက ရာသီဥတုကြောင့် ဖြစ်တာလားဆိုတာ ကိုယ်လည်း မသိဘူး။ ဒါပေမယ့် ကြည်လင်နေတဲ့ ငါးကန်ရဲ့ မျက်နှာပြင်က ဆောင်းတွင်းမှာဆို မဲနေခဲ့တာ။ အဲ့ဒါက ရေကန် မဲမဲကြီးရဲ့အထဲမှာ ဖွက်ထားတာ ရှိနေသလိုပဲ။ အထဲမှာ ဘာရှိနေလဲဆိုတာ ကိုယ်လည်း သေချာ မမြင်ရဘူး။ အဲ့ဒါကပဲ ဝမ့်ရင်းကို စိတ်လှုပ်ရှားစေတာ။
ကိုယ်က ငါးဖမ်းပိုက်ကွန်ကို ချလိုက်ပေမယ့် အချိန်အတော်ကြာတဲ့အထိ ဘာလှုပ်ရှားမှုမှ ရှိမနေခဲ့ဘူး။
ဝမ့်ရင်းက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ “ဒါက ဆောင်းတွင်းမလို့ ငါးတွေ အကုန်လုံးက ထွက်ပြေးသွားတာ ဟုတ်တယ်မလား။”
ရှုရွှမ်းက ငါးဖမ်းပိုက်ကို အားဖြင့် ဆွဲလိုက်သည်။ “ကိုယ်တို့တွေ ဒါကို ဆွဲတင်ပြီး တစ်ချက်လောက် ကြည့်ကြတာပေါ့။”
ရလဒ်အနေဖြင့် ငါးဖမ်းပိုက်ကို ဆွဲလိုက်သည့်အခါ အဲ့ဒါက သူတို့ရဲ့ လက်ထဲသို့ ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည်နူးစွာ ကြည့်နေခဲ့ကြသည်။
သေချာတာကတော့ သူတို့တွေ ငါးဖမ်းပိုက်ကို ဆွဲလိုက်တော့ သူတို့ရဲ့ မျက်စိအရှေ့ကို ပါးစပ် ဟစိဟစိ ဖြစ်နေတဲ့ ငါးကြီးတစ်ကောင်က ပေါ်လာခဲ့သည်။
ဝမ့်ရင်းက မျက်လုံးပြူးသွားခဲ့သည်။ အရင်က ငါးဖမ်းတာဟာ ဒီလောက်ထိ အဆင်မပြေသော်လည်း အခုဆိုရင် သူမက ငါးဖမ်းပိုက်ကွန်ကို သုံးလိုက်ပြီး ဒီကန်လေးထဲမှာ ငါးတွေ ပေါပေါများများ ရှိနေမှုကြောင့် သူမ အံ့ဩသွားခဲ့ရသည်။
အဲ့ကန်ထဲမှာ ငါးအကြီးကြီးများက ဆယ့်နှစ်ကောင်ကျော် ရှိနေပြီး ငါးကြီး တစ်ကောင်ကို ဆယ်လက်မကျော် ရှည်သည်။ ငါးလေးတွေကလည်း ခုနစ်လက်မ၊ ရှစ်လက်မလောက် ရှိသည်။ သူမ ငါးတွေကို ပထမဆုံးအကြိမ် သွားဖမ်းတုန်းက လေးတယ်လို့ ထင်နေတာ မထူးဆန်းတော့ဘူး။ ဒီလိုငါးကြီးတွေကို ဘယ်သူမှ မဖမ်းတာ ဘယ်နနှစ်လောက် ရှိနေပြီလဲဆိုတာ သူမ လည်း မသိတော့ချေ။
ရှုရွှမ်းက သူ့ရဲ့ ခွန်အား အားလုံးကို သုံးခဲ့သည်။ ထို့ကြောင့် သူ့ရဲ့အသက်ရှုသံမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သို့သော် သူက သူ့ရဲ့ပျော်ရွှင်မှုကို မဖုံးကွယ်နိိုင်ခဲ့ပါ။ “အဲဲဒါကို ကောက်ပြီး ထုပ်လိုက်။ ပြီးမှ အဲ့ဒါကို သွားပို့ကြမယ်။”
လွယ်အိတ်နှစ်အိတ်က အများဆုံး ငါးဆယ်ကောင်အထိ သယ်နိုင်သည်။ ငါးတွေက ကြီးပြီး များသော်လည်း ဆောင်းတွင်းက အတော်လေး ကြာဦးမည်။
အိမ်မှာ နှစ်လကျော်လောက် သိမ်းထားရင်တောင် တစ်ခါဝေထားတဲ့ ဝက်သားပဲကို ၁၂လပိုင်းအထိ ထားနိုင်သည်။ ရှုရွှမ်းက အတော်လေး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိနေရင်တောင် သူက ဝမ့်ရင်းအပေါ် မတရား ဆက်ဆံနေသည်ဟု ခံစားခဲ့ရသည်။
ဒီတစ်ခေါက် ဖမ်းမိတဲ့ ငါးတွေနဲ့ဆို သူတို့ ခန္ဓာကိုယ် အာဟာရဖြစ်အောင် ဟင်းတွေ အများကြီး လုပ်စားလို့ ရသည်။
သူတို့နှစ်ယောက်က ပိုက်ကွန်ကို သုံးခါလောက် ချခဲ့ပြီး ငါးသေးလေးများကို ရွေးကာ ကန်ထဲသို့ ပြန်လွှတ်ပေးခဲ့သည်။ ငါးကြီးများကသာ ဆယ်လက်မလောက် ရှည်ပြီး ပိုလည်း ကြီးသည်။
သူတို့က ကိုယ်စီ အလုပ်များကို ခွဲဝေကာ အတူတူ လုပ်ကိုင်ခဲ့ကြသည်။ တစ်ယောက်က တောင်ပေါ်မှာရှိတဲ့ ငါးကန်ကို ကြည့်နေစဥ် တစ်ယောက်က ငါးခြင်းကို သယ်ပြီး တောင်ပေါ်ကနေ အိမ်သို့ သယ်သွားခဲ့သည်။
ရှုရွှမ်းက အနည်းငယ် အကျပ်ရိုက်နေခဲ့သည်။ သူက ဝမ့်ရင်းကို ကျောပေါ်မှာ ငါးခြင်းကို သယ်ပြီးသွားခဲ့ရသည့်အတွင် အနည်းငယ် စိုးရိမ်နေခဲ့သည်။ ငါးများက မပေါ့ပါ။ ခြင်းတောင်းထဲတွင် ခြောက်ကောင်၊ ခုနစ်ကောင်လောက် ရှိနေခဲ့သည်။ အလေးချိန်က အတော်စီးပြီး သယ်ဖို့ ခက်ခဲသည်။
သို့သော် ဝမ့်ရင်းကို တောင်ပေါ်မှာ တစ်ယောက်တည်း ထားခဲ့ပါက တောရိုင်း တိရိစ္ဆာန်များ ထိုနေရာမှာ ရှိနေမလား ဆိုတာကိုလည်း စိတ်ပူနေရမည် ဖြစ်သည်။
ထိုအချိန်မှာပဲ အပင်ပေါ်က သစ်ရွက်များ အားလုံးက ကြွေကျလာခဲ့ပြီး တောရိုင်း တိရိစ္ဆာန်များ စားဖို့အတွက် တောင်ပေါ်မှာ ဘာအစာမှ မရှိတော့ပါ။ လွန်ခဲ့သော ရက်အနည်းငယ်က တပ်မဟာသည် လူတွေကို တောဝက်များ ဖမ်းဖို့အတွက် စေလွှတ်ခဲ့သော်လည်း သူတို့တွေ အကုန်လုံးက အောင်မြင်ခဲ့ရဲ့လား ဆိုတာကို ဘယ်သူကများ သိနိုင်ပါ့မလဲ။
ဝမ့်ရင်းက သူမရဲ့ရင်ဘက်ကို ပုတ်ကာ ပြောနေခဲ့သည်။ “မပူနဲ့၊ ကျွန်မ ဒါကို လုပ်နိုင်တယ်။”
အခုဆိုရင် သူမက ရှုရွှမ်းလောက်တော့ မသန်မာသော်လည်း သူမက ပိုပြီး လုပ်နိုင် ကိုင်နိုင်လာခဲ့သည်။
ပိုပြီးဆိုးလာရင် သစ်ပင်ပေါ်တက်ပြီး ပုန်းနေလို့ ရသည်။
သူမက မရမက တောင်းဆိုသည့်အတွက် ရှုရွှမ်းက သဘောတူခဲ့ရသည်။ “ဒါဆိုလည်း ဂရုစိုက်သွား။ လျှောက်မပြေးနဲ့။”
ဝမ့်ရင်းက တက်တက်ကြွကြွနှင့် ခေါင်းငြိမ့်ပြခဲ့သည်။ “ကျွန်မ သေချာပေါက် လျှောက်မပြေးပါဘူး။”
ရှုရွှမ်းက မရိုးမယွဖြစ်ကာ သူမရဲ့ခေါင်းကို ထိလိုက်သည်။ “ကောင်ပြီလေ။ အတော်ဆုံးလေးရဲ့။”
သူလုပ်သင့်တာ အကုန်လုံးကို လုပ်ပေးပြီးသော်လည်း ဝမ့်ရင်းက ရှက်သွေးဖြာနေခဲ့သည်။ “အခုတော့ မင်း သွားသင့်ပြီ။”
မဟုတ်လို့ နောက်ကျရင် တစ်ယောက်ယောက်က မင်းကို တွေ့သွားလိမ့်မယ်။
ဒါက နွေရာသီလို မဟုတ်ပေ။ လမ်းပြထားတဲ့ သစ်ရွက်တွေ မြက်တွေက နှင်းဖုံးသွားပြီ။ အခုဆိုရင် မဖုံးသေးတာဆိုလို့ ငါးကန်ကြီးပဲ ရှိတော့တာ။ ဒီနေရာမှာ ဆူညံသံတစ်ခုခု ဖြစ်ရင်တောင် အဆင်ပြေသည်။ ဒါပေမယ့် တစ်ယောက်ယောက်က သဲလွန်စတွေကို ရှာတွေ့သွားရင်တော့ ပြဿနာတွေ တစ်စီ တစ်တန်းကြီး ဖြစ်လာမှာ သေချာသည်။
ရှုရွှမ်းက ငါးခြင်းတောင်းကို သယ်ရင်း တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ဝမ့်ရင်းက ပျင်းနေသော်လည်း သတ်ခံရမှာ ဆိုးသည့်အတွက် ဟိုဟိုဒီဒီ လျှောက်မသွားနေခဲ့ပါ။ ထိုအစား သူမက ဘေးပတ်ဝန်းကျင်ကိုသာ ငေးရင် ဘယ်ပြန် ညာပြန် ကြည့်နေခဲ့သည်။
ဝမ့်ရင်းက ကြည့်နေရင်း ရုတ်တရက်ဆိုသလို အနည်းငယ် ပိုမြင့်နေသော နေရာတစ်ခုကို တွေ့ရှိခဲ့သည်။ အကြောင်းမှာ ထိုမြေ အနေအထားက အနောက်က အနေအထားနှင့် မတူဘဲ အပင်ရဲ့ အမြစ်အနည်းငယ်ဟာ ဖြတ်ထားသလို ထိုးထွက်နေခဲ့သည်။
ဝမ့်ရင်းက အပိုင်းသေးလေးကို ချိုးဖို့အတွက် အားသုံးကာ ကြိုးစားနေခဲ့သည်။ သူမက ချက်ချင်းပဲ ပျော်သွားခဲ့ပြီး အဲ့ဒါက ဝဥများ ဖြစ်နေခဲ့သည်။
တောင်ပေါ်မှာ ဝဥများ ရှာတွေ့သည်မှာ မထူးဆန်းသော်လည်း အဲ့ဒါကို ဘယ်သူကမှ ရှာမတွေ့သေးတာကမှ အထူးအဆန်း ဖြစ်နေခဲ့သည်။
ဝမ့်ရင်းရဲ့ မျက်လုံးများက အရောင်တောက်လာခဲ့ပြီး သူမက လက်တစ်ဆုတ်စာ ကျောက်တုံးကို ကိုင်ကာ စပြီး တူးနေခဲ့သည်။
ဝမ့်ရင်းက ထိုဝဥများကို အိမ်ရောက်ရင် စားမည်ဆိုသော်လည်း ထိုအရာများကို တူးဖို့နှင့် ပုံစံပျက်သွားမည်ကို စိုးရိမ်ဖို့ မလိုဘဲနဲ့ အတော်လေးကို ဂရုတစိုက် တူးနေခဲ့သည်။ အကောင်းအတိုင်း ရှိနေသော အမြစ်များနှင့် ဝဥနှစ်လုံးကို တူးဖို့က သူမအတွက် အတော်လေး အချိန်ယူရသည်။
ယှဥ်ကြည့်မည်ဆိုပါက ထိုဝဥသည် လူတစ်ယောက် အရပ်ရဲ့ တစ်ဝက်လောက် ရှိနေခဲ့သည်။
ရှုရွှမ်းက ငါးတစ်ခြင်းကို သွားထားပြီးနောက် ပြန်လာသည့်အခါ ဝမ့်ရင်းက မြေကြီးအား တူးနေသည်ကို သူက တွေ့ခဲ့ရသည်။
“မင်း ဘာလုပ်နေတာလဲ။”
ဝမ့်ရင်းက ဝဥကို ရတနာတစ်ခုလို ကိုင်ကာ ပြောခဲ့သည်။ “ကျွန်မ ဝဥတွေကို တူးနေတာလေ။”
ဝဥများက အတော်လေး အဟာရရှိပြီး အစာအိမ်ကို အားဖြည့်ပေးကာ ခြောက်သွေ့မှုကိုလည်း သက်သာစေသည်။ ဝမ့်ရင်းက ဝဥများကို မြင်သည့်အခါ သူမက ဝက်သားနှင့် ဝဥကို စွပ်ပြုတ်လုပ်သောက်မည်ဟု တွေးနေရင်း ရုတ်တရက်ဆိုသလို အားအင်အပြည့် ဖြစ်သွားသလို ခံစားခဲ့ရသည်။
ရှုရွှမ်းက ချက်ချင်းပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ “ငါးတွေကို အရင်ဆုံး ဖမ်းကြရအောင်။ ကိုယ် အပေါက်တစ်ခုရှာပြီး နောက်မှ အဲ့ဒါတွေကို လာယူလိုက်မယ်။”
အဲ့ဒါတွေကို လက်နဲ့တူးတာက အရမ်း ပင်ပန်းသည်။ အပေါက်က ဝဥတွေကို သေချာပေါက် ချိုးလို့ရတယ် ဆိုပေမယ့်လည်း ပြတ်သွားတဲ့ အပိုင်းတွေက ယူသွားပြီး လှီးတာ၊ အခြောက်ခံတာ ဒါမှမဟုတ် ရောတာတွေ လုပ်လို့ရသည်။ ဝဥနဲ့ ခေါင်ရမ်းပန်း ဟင်းချိုက လိုက်သည်။ ပြီးတော့ သူ့အရသာကလည်း ဒီလို ရာသီဥတုမျိုးနဲ့ အသင့်တော်ဆုံးပဲ။
ဒီလိုနည်းနဲ့ သူတို့နှစ်ယောက်က ငါးအကောင်ရေ သုံးဆယ်နီးပါးကို ဖမ်းပြီး ယူသွားခဲ့ကြသည်။
ရှုရွှမ်းကလည်း ဆယ့်နှစ်ကီလိုဂရမ်လောက် ရှိသည့် ဝဥများကို တူးခဲ့သည်။
ဝမ့်ရင်းက မနေနိုင်ဘဲ သက်ပြင်းချခဲ့သော်လည်း သူမက တကယ်ကို အမှီလိုက်နေခဲ့ရသည်။
တောင်ပေါ်က ဝဥများသည် နောက်ပိုင်း စိုက်ပျိုးထားသော ဝဥများကဲ့သို့ ပုံမှန်မဟုတ်ပါ။ အရှေ့က တူးထားသော အစင်းနှစ်ခုကလွဲလို့ ဝဥ၏ အနောက်ဘက် ပုံစံမှာ ကွဲပြားသည်။ သူတို့နှစ်ယောက်က မြွေလိုပဲ ပူးပူးကပ်ကပ် ရှိနေကြသည်။ တကယ်လို့ သူမသာ ဝေးဝေးသွားရင် သူတို့ကို တွေ့တဲ့အခါ ဒါတွေကို ဖွက်ထားရလိမ့်မည်။
ကံကောင်းစွာဖြင့် ကြီးမားသော ဝဥကြီးကိုတော့ သူတို့ မရလိုက်ပါ။ ထိုဝဥကို ဟိုးအရင်ကတည်းက တစ်ယောက်ယောက်က တူးသွားခဲ့ပြီ ဖြစ်သည်။