← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

တပ်မဟာထဲက လူတွေကလည်း တောင်ပေါ်ကို ခိုးကြောင်ခိုးဝှက် လာကြသည်ကို ဝမ့်ရင်း သိနေခဲ့သည်။ ထို့အပြင် တောင်ပေါ်က ပေါကြွယ်ဝသော သယံဇာတများသည် သူမ မိသားစုအတွက်ပဲ မဟုတ်ပါ။ သူတို့က တောင်ပေါ်မှာ တောဝက်တွေကို အမဲလိုက်ဖို့ သွားသည့်အချိန်မှာ မိသားစုများကလည်း တောရိုင်းတိရိစ္ဆာန်များကို အမဲလိုက်ဖို့အတွက် တောင်ပေါ်သို့ သွားခဲ့ကြသည်။

တပ်မဟာက ဂျုံ၊ ဆန်များ ဝေပေးသော်လည်း သူတို့က ဒါကိုချည်းပဲ မစားနိုင်ကြပါ။ မိသားစုများသည့် အိမ်ထောင်စုများအတွက် နွေရာသီရောက်ပြီး ရာသီဥတု နွေးလာသည်အထိ သူတို့က ဆာလောင်မှုကို ရှောင်ရှားရန် ရှိနေသော အစားအသောက် ပမာဏကို တွက်ချက်နေရသည်။

အိမ်ကိုပြန်ပြီးနောက် ရှုရွှမ်းက မနားဘဲ ငါးကို ဆက်ကိုင်နေခဲ့သည်။ သူက အသက်ရှင်နေသော ငါးများကို ရေကန်ထဲသို့ ထည့်ထားခဲ့ပြီး ကျန်တစ်ဝက်ကို အအေးရိုက်ပြီး သိမ်းထားဖို့ ပြင်ဆင်နေခဲ့သည်။ ကျန်တဲ့အနည်းငယ်ကို လှီးကာ ဆားဖြင့် ပွတ်ပြီး ရာသီဥတု ကောင်းလာသည့်အခါ နေရောင်အောက်မှာ အခြောက်ခံဖို့ တံစက်မြိတ်အောက်တွင် ချိတ်ထားခဲ့သည်။ ရာသီဥတုက ပိုပြီး အေးလာသည့်အခါ သူက ထိုငါးများကို ယူပြီး မီးလင်းဖိုနှင့် အခြောက်ခံခဲ့သည်။ ထိုငါးများကို ဆောင်းကုန်တဲ့အထိ စားလို့ရအောင် သေချာ လုပ်နေခဲ့သည်။

ဝမ့်ရင်းက မြေအောက်ခန်းသို့သွားကာ ဝဥများကို သိမ်းထားခဲ့သည်။

အစတုန်းက သူမအိမ်တွင် ဘာမြေအောက်ခန်းမှ မရှိသော်လည်း အရင်တစ်ခေါက် ရှုရွှမ်းက ခြံထဲရှိ တံတိုင်းကို ပြင်ပေးတုန်းက တစ်ခါတည်း ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ထိုမြေအောက်ခန်းထဲတွင် မုန်လာဥနှင့် ဂေါ်ဖီများ၊ များစွာသော ဝဥများ၊ မှိုမဲများနှင့် တို့ဟူးခြောက်များက ရှိနေခဲ့သည်။

ထိုကဲ့သို့သော သီးသန့်နေရာများကသာ အကောင်းဆုံး ဖြစ်နေခဲ့သည်။ တပ်မဟာ တစ်ခုလုံးကို လိုက်ကြည့်ပါက ဆောင်းတွင်းအတွက် ဒီလို ပြင်ဆင်ထားတဲ့ မိသားစုဟူ၍ များများစားစား မရှိပါ။

သူမရဲ့ အခန်းထဲတွင် သကြားလုံးထုပ်ကြီးနှင့် မက်မွန်သီး ကိတ်မုန့်နှစ်ထုပ် ရှိနေတာက ပြောပြနေစရာတောင် မလိုခဲ့ပါ။

လွန်ခဲ့သော ရက်အနည်းငယ်က ဧည့်သည်များကို တည်ခင်းဖို့ ထားထားသော အိုးတစ်ဝက်လောက် ကျန်သေးသော ဝက်ဆီများနှင့် ယုန်သားများကလည်း မီးဖိုချောင်ထဲတွင် ရှိနေသေးသည်။ ရှုရွှမ်းက သူ အရွက်များ၊ ပဲ၊ အာလူး အစရှိသည်တို့ကို နွေရာသီ မတိုင်ခင်ကတည်းက အခြောက်ခံထားကြောင်း သူမကို ပြောခဲ့သည်။ ထို့အပြင် ဂေါ်ဖီချဥ်နှင့် ချဥ်ဖက် မျိုးစုံတို့ကို ပြုလုပ်ထားခဲ့သေးသည်။

ဝမ့်ရင်းက အတော်လေး ကျေနပ်နေခဲ့သည်။ သူမရဲ့ဘဝက အနာဂတ်မှာလောက် မကောင်းသော်လည်း ဒီလို စားဖို့၊ သောက်ဖို့ လုံလုံလောက်လောက် ရှိနေတာကပဲ သူမအတွက် ကံကောင်းနေခဲ့သည်။ ဝမ့်ရင်းက သူမသည် ကမ္ဘာပျက်မည့် အချိန်ကနေ ဒီကို ရောက်လာပြီး ရှုရွှမ်းနှင့် တွေ့ဆုံခွင့် ရတာက ကံကောင်းတယ်ဟု ခံစားခဲ့ရသည်။

ရှုရွှမ်းက နေ့လည်စာအတွက် ငါးဟင်းနှင့် ပန်ကိတ်ကို သံမီးဖိုနှင့် ချက်ပြုတ်နေခဲ့သည်။

သံအိုးကြီးထဲတွင် လက်ဆက်သော ငါးများ ရှိနေပြီး ဂေါ်ဖီ၊ တို့ဟူးခြောက်တို့နှင့် ရောချက်ထားသည်။ ထို့နောက် ပြောင်းဂျုံ ပန်ကိတ်ကိုလည်း တစ်ဖက်အိုးမှာ တစ်ချိန်တည်း လုပ်နေခဲ့သည်။

ဝမ့်ရင်းက မီးညှိပြီးတာနဲ့ ဆက်တိုက်ပဲ မေးနေခဲ့သည်။ “အဲဲဒါက ပြီးပြီလား။ ပြီးပြီလားဟင်။”

သူမက ဟင်းအနံ့များကိုတောင် အနိုင်နိုင် ခုခံနေခဲ့ရသည်။

ရှုရွှမ်းက ပြုံးပြီး ပြောခဲ့သည်။ “ခနနေ ရပြီ။”

နေ့လည်ရောက်သည့်အခါ အမျိုးသမီးကြီးရှုက မြန်မြန် ရောက်လာခဲ့သည်။ ရှေ့ရက်တွေတုန်းက သူမသည် ကိုယ့်ဘာသာ ချက်စားနေခဲ့ပြီး ထိုလူငယ်နှစ်ယောက်ကို ဒီတိုင်းထားလို့ မဖြစ်ဘူးဟု တွေးမိလိုက်သည်။ သို့သော် ရှုရွှမ်းက သူမကိုတွေ့ဖို့ သွားခဲ့ပြီး နေ့လည်စာအတွက် ငါးဟင်းချက်မှာမလို့ စောစောလာရန် ပြောခဲ့သည်။

အမျိုးသမီးကြီးရှုက တွေဝေသွားခဲ့သည်။ ရှုရွှမ်းကိုကြည့်ရတာ အတော်လေး ငြိမ်သော်လည်း သူ့မှာ လှည့်ကွက်တွေ အများကြီး ရှိနေခဲ့သည်။ လွန်ခဲ့သော နှစ်တွေကတည်းက သူသည် ကိစ္စများကို တိတ်တဆိတ်သာ လုပ်လေ့ရှိသည်။ သို့သော် သူက ပစ္စည်းများကို ဘယ်လို အသစ်ထွင်ရမလဲ ဆိုတာကို သိနေခဲ့ပြီး အမျိုးသမီးကြီးရှုကတော့ သိပ်ပြီး ဂရုမစိုက်ခဲ့ပါ။

ဒါပေမယ့် သူတို့က လက်ထပ်ပြီးနောက်မှာပဲ ငါးသွားဖမ်းခဲ့ကြတာ။ ပြီးတော့ သူတို့တွေ မြို့ကို တက်သွားတာလည်း သူမ မမြင်မိပါဘူး။

အမျိုးသမီးကြီးရှုက တံခါးမှ ဝင်လာပြီးနောက် အံ့သြသွားခဲ့သည်။

ဝမ့်ရင်းရဲ့ခြံထဲတွင် ငါးများစွာကို ချိတ်ထားခဲ့သည်။

ဝိုး၊ ဒီငါးတစ်ကောင်ကို ကြည့်ရတာ တစ်ဆယ် ကီလိုဂရမ် ကျော်မယ်။

ဝမ့်ရင်းက သူမရဲ့ ယောက္ခမ လာတာကို မြင်လိုက်သည့်အခါ မြန်မြန်ပဲ သွားပြီး နှုတ်ဆက်ခဲ့သည်။ “အမေ၊ ခနနေရင် အဆင်သင့် ဖြစ်တော့မှာ။ နေ့လည်စာအတွက် သံအိုးကြီးထဲက ငါးဟင်းကို စားကြရအောင်။”

အမျိုးသမီးကြီးရှုက စိတ်မသက်မသာ ခံစားနေခဲ့ရသည်။ ထို့ကြောင့် သူမက တိတ်တဆိတ်နှင့် ဝမ့်ရင်းကို ဘေးနား ဆွဲခေါ်ပြီး တုန်လှုပ်စွာ ပြောခဲ့သည်။ “မင်းတို့ နှစ်ယောက် ဘာတွေ လုပ်ခဲ့ကြတာလဲ။”

ဒီလောက်ငါးတွေအများကြီး ဘယ်လိုလုပ် ရလာတာလဲ။

ဝမ့်ရင်းက ဒါဟာ သူမတို့ ခိုးလာတာလည်း မဟုတ်သလို လုလာတာလည်း မဟုတ်ကြောင်း အလျင်အမြန် ရှင်းပြခဲ့သည်။ သို့သော် ဒီငါးတွေသည် တောင်ပေါ်က ရေကန်တစ်ကန်မှ ဖမ်းလာခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။

မစ္စရှုက ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားပြီး စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ “အဲ့လိုဆိုရင်တော့ ကောင်းသားပဲ။ နောက်ဆုံးတော့ ဒီဆောင်းတွင်းမှာ ငါတို့တွေ ကောင်းကောင်း စားရတော့မယ်။”

အမျိုးသမီးကြီးရှု၏ နေထိုင်မှု အဆင့်အတန်း မြင့်မားသည်မှာ တပ်မဟာထဲရှိ ကျန်သူများနှင့် ယှဥ်ကြည့်ရုံသာ ဖြစ်သည်။ ဆောင်းတွင်းတိုင်း သူတို့က တောင်ပေါ်သို့ မသွားနိုင်သည့်အတွက် အသားစားရဖို့အတွက် ခက်ခဲသည်။

ဒီနှစ်မှာ သူမ တို့တွေ ငါးတွေအများကြီး ရထားတယ်။ ပြီးတော့ သူမ တို့တွေ နှစ်တိုင်းလည်း ငါးတွေ ရတော့မယ်။ အဲ့ဒါ သူမတို့က ချွေးမကောင်းလေးကို လက်ထပ်လိုက်လို့ ဘုရားရှင်က သူမတို့ကို ကူညီ မစပေးတာပဲ။

ရှုရွှမ်းက ငါးဟင်းကို သံအိုးထဲမှ မချခဲ့ပါ။ မိသားစုဝင်တွေက မီးဖိုချောင်ထဲရှိ သံအိုး ဘေးပတ်လည်မှာ ထိုင်ပြီး စားခဲ့ကြသည်။ ထို့အပြင် ငါးဟင်းက အေးသွားသည့်အခါမှာ အရသာ မရှိတော့ဘဲ အနံ့လည်း ပြင်းသည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့က လူနည်းနည်းပဲ ရှိသည့်အတွက် ကျယ်ကျယ်ဝန်းဝန်း ထိုင်လို့ရသည်။ အိုးကို ပူနေအောင် ထားဖို့အတွက် မီးဖိုအောက်မှာလည်း မီးမွှေးထားခဲ့သည်။ သူတို့ သုံးယောက်လုံးက မီးဖိုဘေးတွင် ပျော်ရွှင်စွာ စားသောက်နေခဲ့ကြသည်။

ဝမ့်ရင်းက မထင်ထားလောက်အောင် နူးညံ့နေသည့် ငါးအသားတုံးကြီးကို ယူခဲ့သည်။ တောထဲက ငါးများတွင် ဘာသဘာဝ ဘေးအန္တရာယ်မှ ရှိမနေခဲ့ပါ။ ထို့အပြင် အသားက နူးညံ့ပြီး အရိုးနည်းသည်။ ငါးဟင်းထဲက တို့ဟူးကလည်း အတော်လေး အရသာ ရှိနေခဲ့သည်။ အရံဟင်းပဲဖြစ်သည့် အရွက်ကြော်ကလည်း ငါးဟင်းလောက်နီးပါး အရသာရှိသည်။

ဝမ့်ရင်းက အိုးထဲက ပြောင်းဂျုံဖြင့် ပြုလုပ်ထားသော ပန်ကိတ်ကို ယူကာ နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြီး မျက်လုံးများ မှေးသွားထိတိုင် စားနေခဲ့သည်။

အမျိုးသမီးကြီးရှုကလည်း ချီးကျူးနေခဲ့သည်။ “ဒီငါးက စားကောင်းလိုက်တာ။ ဒါ နင့်အဖေ အရင်က ချက်တာထက်တောင် စားကောင်းသေးတယ်။”

သူတို့က ငါးမွေးဖို့ အနေအထားတစ်ခု မရှိဘူးလို့ ဘယ်သူတွေကများ သူတို့ကို ပြောခဲ့လဲ။ ပြီးတော့ သူတို့က ငါးသိပ်မစားဘူးဟု ဘယ်သူကများ ပြောခဲ့တာလဲ။ ရှုရွှမ်းရဲ့အဖေက အခြားနေရာတွေမှာ ကျွမ်းကျင်ပေမယ့် သူ့ရဲ့ ဟင်းချက်စွမ်းရည်က ငါးဟင်းချက်ရာတွင် သိပ်ပြီး မကောင်းပါ။

ဝမ့်ရင်းက နှစ်ပန်းကန် စားပြီးနောက် ဗိုက်တင်းသွားခဲ့သည်။ “ငါ ထပ်ပြီး မစားနိုင်တော့ဘူး။”

အိုးထဲက ငါးဟင်းသည် ကုန်လုနီးပါး ဖြစ်နေခဲ့ပြီး ဟင်းရည်တွေသာ ကျန်တော့သည်။ သူတို့ သုံးယောက်လုံးကလည်း ဗိုက်တင်းနေခဲ့သည်။

ညစာစားပြီးနောက် ရှုရွှမ်းက ပန်းကန်များကို ဆေးနေခဲ့သည်။ ဝမ့်ရင်းက အပြင်ဘက်မှာ အမျိုးသမီးကြီးရှုနှင့် စကားထိုင်ပြောဖို့အတွက် ခုံများကို ထုတ်လာခဲ့သည်။

သူတို့တွေ စကားပြောနေရင်း အပြင်ဘက်မှာ နှင်းတွေ စကျလာခဲ့သည်။

နှင်းတွေက ပိုပိုပြီး ကျလာခဲ့ကာ သိပ်မကြာခင်မှာပဲ ခြံထဲမှာ နှင်းတွေက ဖုံးသွားခဲ့သည်။

အမျိုးသမီးကြီးရှုက တတွတ်တွတ် ပြောနေခဲ့သည်။ “နိမိတ်ကောင်းတဲ့ နှင်းတွေက စိုက်ပျိုးရေး ဖြစ်ထွန်းမှာကို ညွှန်ပြတာပဲ။ နောက်နှစ်ကတော့ ကောင်းတဲ့နှစ်တစ်နှစ်ဖြစ်မှာ သေချာသွားပြီ။”

ဝမ့်ရင်းရဲ့ဘက်မှာတော့ စည်စည်ကားကားနှင့် နွေးနွေးထွေးထွေး ရှိနေသော်လည်း ဝမ့်ယုံရွှင်းတို့ မိသားစုကတော့ ကံမကောင်းခဲ့ကြပါ။ ဝမ့်ယောင်ကျုံးရဲ့ ဒဏ်ရာတွေက မပြင်းထန်သော်လည်း သူ့ရဲ့မျက်နှာက ကြောက်စရာ ကောင်းနေခဲ့သည်။

သူက ကျောင်းကိုသွားဖို့ ရှက်နေသည့်အတွက် ဆေးရုံတွင်သာ ရက်အနည်းငယ် နေနေခဲ့သည်။ ဝမ့်ယုံရွှင်းက နှင်းကျတော့မည်ကို မြင်လိုက်ရပြီး သူ့ကို ဆေးရုံက ဆင်းခိုင်းကာ ချက်ချင်း အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။

ရိုက်ပြီး ထွက်ပြေးသွားသော လူနှစ်ယောက်အတွက် ဝမ့်ယုံရွှင်းက စခန်းသို့ ခနခနသွားကာ ရဲကို မေးနေခဲ့သော်လည်း ဘာမှ မထူးခြားခဲ့ပါ။

ဝမ့်ယုံရွှင်းက သူ့သားကို တစ်ယောက်ယောက်က ရိုက်သွားသည်ကိုသာ ပြောနိုင်ပြီး တစ်ခြား ဘယ်အရာကိုမှ တိတိကျကျ မပြောနိုင်ခဲ့ပါ။ ဝမ့်ယောင်ကျုံး၏ အပြုအမူတွေက ထင်မြင်ချက်များဟုသာ ပြောနိုင်သည်။ ဒီထက်ပိုပြီး ပြင်းထန်လာပါက သူသည် ခိုးရာပါ ပစ္စည်းများကို ဝယ်ယူချင်သည့်အတွက် သေချာပေါက် စစ်ဆေးမေးမြန်းခံရမည် ဖြစ်သည်။

သူ့အထင် ဒီလူနှစ်ယောက်က အကြောက်အလန့် မရှိတာတော့ သေချာသည်။ ဒီလို လှည့်စားနေတဲ့ သူတွေကလည်း အပြစ်ကင်းမှာ မဟုတ်ပေ။ အဲ့ဒါကြောင့် သူတို့က ထုံးစံအတိုင်း သူတို့ရဲ့ အပြစ်တွေကို ထုတ်မပြောချင်ကြတာ။ ဒီလူနှစ်ယောက်က ပုန်းနေမယ်ဆိုရင် နောက်တစ်ခါ မတိုင်ခင်ထိ လုံခြုံလိမ့်မည်။

ဝမ့်ယုံရွှင်းက တစ်ခေါက်တည်းနှင့် ယွမ် ၈၀ကို ဆုံးရှုံးခဲ့ရပြီး ဝမ့်ယောင်ကျုံးက ဆေးရုံစရိတ်အတွက် နောက်ထပ် ၁၀ ယွမ်ကို သုံးလိုက်ပြန်ပြီ ဖြစ်သည်။ သူ မျက်စိဖွင့်လိုက်တိုင်း ရင်တွေကွဲမလိုကို ခံစားနေရသည်။

မြို့ပေါ်တွင် စားဖို့၊ သောက်ဖို့က စျေးကြီးသည်။ ထို့အပြင် သူတို့မှာလည်း စားဖို့ ကူပွန် တစ်ခုမှ မကျန်တော့ပါ။ ထို့ကြောင့် သူက ဆေးရုံ အပြင်ဘက်မှာ တိတ်တဆိတ် သွားလဲရသည်။ ထိုအရာများက မထင်ထားလောက်အောင် စျေးကြီးနေခဲ့သည်။

နှင်းကျနေတာကို မြင်လိုက်ရသည့်အခါ ဝမ့်ယုံရွှင်းက မြန်မြန်ပဲ ထွက်သွားရန် တိုက်တွန်းခဲ့သည်။

တကယ်လို့ နှင်းတွေက ဒီထက်ပိုကျလာပါက တောင်တက်လမ်းတွေဟာ လမ်းလျှောက်ဖို့ ပိုခက်ခဲသွားမည် ဖြစ်သည့်အတွက် သူတို့က အဖွဲ့ဆီပြန်ရန် တစ်လှမ်းချင်း သွားရတော့မည် ဖြစ်သည်။

ဝမ့်ယောင်ကျုံးက စိတ်တွေ လေးလံစွာဖြင့် ဆေးရုံမှ ထွက်ခွာလာခဲ့ပြီး သူတို့သုံးယောက်က မြန်မြန် ပြန်လာခဲ့ကြသည်။ သို့သော် လမ်းတစ်ဝက်မှာပဲ နှင်းတွေက စကျလာခဲ့သည်။ သူတို့က အင်မတန် အေးနေခဲ့သည့်အတွက် ခိုက်ခိုက်တုန်နေကာ ဘာစကားမှ သေသေချာချာ မပြောနိုင်ကြတော့ပါ။

သူတို့သုံးယောက် မြို့က ပြန်သည့်အချိန်မှာ အတော်လေး အေးနေခဲ့ပြီး စကားလည်း မပြောနိုင်တော့ပါ။

ဝမ့်ယုံရွှင်းက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောခဲ့သည်။ “ပင်းပင်းရဲ့အိမ်ကို သွားပြီး ငါတို့ ခရီးမဆက်ခင် တစ်ခုခု သွားသောက်ရအောင်။”

ရာသီဥတုက အတော်လေးကို အေးနေခဲ့သည်။ သူနှင့် လီချွမ်းကျင်က မြန်မြန်ထွက်လာကာ အနွေးထည်များကို မယူမိခဲ့ကြပါ။ သူတို့က အဝတ်ပါးလေးတွေကိုသာ ဝတ်ခဲ့ကြသည်။ သူတို့က ခိုက်ခိုက်တုန်အောင် အေးနေကြရုံသာမက သူတို့သည် ဗိုက်ဆာပြီး မူးဝေနေခဲ့ကြပြီ ဖြစ်သည်။

ဝမ့်ပင်းပင်းက လက်ထပ်ထားတာ တစ်နှစ်ကျော်ပြီ ဖြစ်ပြီး မြို့က လီမိသားစုနှင့် အိမ်ထောင်ကျခဲ့သည်။

သူတို့သုံးယောက်က လက်ကို အိတ်ကပ်ထဲ ထည့်ရင်း ခြေတစ်လှမ်းချင်း လှမ်းကာ လီမိသားစုရဲ့အိမ်သို့ လမ်းလျှောက်သွားခဲ့သည်။

လီမိသားစုသည် လီချွမ်းကျင်၏ အလှမ်းဝေးသော ဆွေမျိုးများ ဖြစ်ကြသည်။ အကြောင်းမှာ လီချွမ်းကျင်က သူ့ရဲ့ သမီးကြီးကို မြို့မှာ လက်ထပ်ပေးလိုက်သည့် ဆက်ဆံရေးမျိုး ရှိနေခြင်းကြောင့် ဖြစ်သည်။

လီချွမ်းကျင်က ဒီကိစ္စကို အချိန်အကြာကြီး ဂုဏ်ယူနေခဲ့ပြီး နေရာတိုင်းမှာ သူမရဲ့ လုပ်နိုင်စွမ်းကို ကြွားဝါနေခဲ့သည်။

သို့သော် ဒီနှစ်ကုန်ပိုင်းမှာ ထိုကြွားဝါမှုက ရုတ်တရက်ဆိုသလိုပဲ အဆုံးသတ်သွားခဲ့ရသည်။

အခြား အကြောင်းပြချက်များကြောင့် မဟုတ်ဘဲ ဝမ့်ပင်းပင်းက လက်ထပ်တာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ကိုယ်ဝန်နှင့် ပတ်သက်သည့် ဘာသတင်းမှ မရှိနေခြင်းကြောင့် ဖြစ်သည်။

လီချွမ်းကျင်သည် သူမက မနားတမ်း ကလေးသုံးယောက်ကို တစ်ပြိုင်ထဲ ဘယ်လို မွေးခဲ့လဲဆိုတာကို နားမလည်နိုင်တော့ပါ။ သူမက မီးဖွားပြီးတာနဲ့ နောက်ထပ် ကိုယ်ဝန်ကို ချက်ချင်း ဆောင်ခဲ့ရသည်။ ပထမ နှစ်ကြိမ်လုံး သမီးမိန်းကလေးတွေချည်းပဲ ဖြစ်နေလို့ အနည်းငယ် စိတ်ပျက်ရသော်လည်း သူမ ကိုယ်ဝန်ဆောင်နိုင်သမျှ ကာလပတ်လုံး ဘယ်သူကမှ သူမကို ပြောကြလိမ့်မည် မဟုတ်ပါ။

ကျေးလက်ဒေသတွေမှာက ကံမကောင်းတဲ့ သူတွေကလွဲလို့ နင် ကလေးမွေးနိုင်တယ်ဆိုရင် သူတို့အများစုက သားယောက်ျားလေးတွေပဲ မွေးကြလိမ့်မည်။

သို့သော် ဒီကိစ္စမျိုးက ဝမ့်ပင်းပင်းမှာတော့ မဖြစ်လာခဲ့ပါ။ သူမသည် လီမိသားစုနှင့် အိမ်ထောင်ကျပြီးကတည်းက တစ်နှစ်လုံး ဘာသတင်းမှ မကြားခဲ့ရသည်မှာ လူတွေကို အာရုံစိုက်လာစေခဲ့သည်။

အထူးသဖြင့် ဝမ့်ပင်းပင်း၏ ယောက္ခမက သူမကို ကုသဖို့အတွက် ဆေးခန်းကို ခေါ်သွားခဲ့သည်။ ကုသမှု ခံယူပြီးနောက် ထိုသတင်း အစအနများသည် ဝမ့်မိသားစုရဲ့ နားထဲသို့ ရောက်ရှိခဲ့ရသည်။

ဝမ့်ပင်းပင်းက ကလေးမမွေးနိုင်ဘူး။

ထိုစာ ရောက်လာသည့်အခါ လီချွမ်းကျင်က စွံ့အသွားခဲ့သည်။

ဝမ့်ပင်းပင်းက မြုံနေလိမ့်မည်ကို သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။

ကံကောင်းထောက်မစွာဖြင့် လီမိသားစုက ထိုသတင်းကို သူမတို့ မိသားစုထံသာ ပို့ခဲ့ပြီး ဘာသတင်းမှ မဖြန့်ခဲ့ပါ။

လီချွမ်းကျင်သည် လီမိသားစုက ဝမ့်ပင်ပင်းနှင့် ကွာရှင်းမည်ကို စိုးရိမ်နေခဲ့သည်။ သူမက ပြန်လာရင်တောင် ဒီလိုမျိုး မြုံနေသည့် ကောင်မလေးမျိုးကို ဘယ်သူကမှ လက်ခံမည် မဟုတ်ပါ။ သူမက အိမ်ကို ပြန်လာပြီး မကောင်းသော အစားအစာများကိုသာ စားရမည် မဟုတ်ပါလား။

သူတို့မိသားစုနှစ်စု အတူတူ နေတုန်းက ဝမ့်ပင်းပင်းက မြို့မှာရှိတဲ့ သူမရဲ့ မောင်လေးထံ စားစရာ၊ သောက်စရာများကို အမြဲတမ်း ပို့ပေးခဲ့ပြီး အချိန်တိုင်း ညစာလာစားဖို့အတွက် သူ့ကို ဖိတ်ခေါ်နေခဲ့သည်။ ပွဲတော်ရက်တွေမှာဆိုရင်လည်း သူမက မိဘအိမ်ကို လက်ဗလာဖြင့် ဘယ်တုန်းကမှ မပြန်ခဲ့ပါ။

သူမက ကလေးမမွေးနိုင်ဘူးဆိုသည့် သတင်းမှာ ပျံ့နှံ့သွားပြီးနောက် လီချွမ်းကျင်ကိုသာမက ဝမ့်ယောင်ကျုံးကိုလည်း လာလည်ဖို့ မပြောရဲတော့ပါ။ ထို့အပြင် ဝမ့်ပင်းပင်းသည် သူမကိုယ်သူမ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် မနည်း ထိန်းနေခဲ့ရသည်။

သူမတို့တွေ အချင်းချင်း တွေ့ခဲ့တာက သုံးလေးလလောက် ရှိနေပြီ။

ထိုအချိန်တွင် သူမတို့ မိသားစုသုံးယောက်မှာ အတော်လေး အေးနေခဲ့သည့်အတွက် သူတို့ဆီ သွားကာ ရေတိုက်ဖို့ သွားတောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။

လီမိသားစုသည် မြို့ထဲမှာ အိမ်မရှိသေးဘဲ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်ခင်ကတည်းက ဆောက်ထားခဲ့သော ကောင်စီမြို့လေးတွင်သာ နေထိုင်နေကြဆဲ ဖြစ်သည်။

All Chapters