← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

မစ္စလီက ဝမ့်ပင်းပင်းအပေါ် ပိုပြီး အထင်သေးလာခဲ့သော်လည်း လီရင်းကတော့ ဆက်ပြီး ပြောနေခဲ့သည်။

“ ရှေ့ရက်တုန်းက သမီးသူ့ကို တွေ့လိုက်တယ်။ သူ့ကြည့်ရတာ တော်တော်လေး သနားဖို့ ကောင်းတယ်။ ဆောင်းတွင်းအလယ်ကြီး မြစ်ကမ်းဘေးမှာ အဝတ်တွေ လျှော်နေရတာ။”

မစ္စလီက အံ့ဩသွားခဲ့သည်။ “မြစ်ရေက ခဲလုနီးပါး ဖြစ်နေပြီမလား။ အဲ့ဒါကို သူက အဲ့မှာ အဝတ်လျှော်ဖို့ သွားတာပေါ့။”

လီရင်း - “အဲဲဒါက အမှန်ပဲ။ သူ့ယောက္ခမက သူ့ကို တော်တော်လေး ဆိုးဆိုးရွားရွား ဆက်ဆံတယ်ဆိုပြီး ပြောသံတွေလည်း ကြားထားတယ်။”

မစ္စလီသည် ပူနေသော ဖရုံသီးကို တစ်ကိုက် ကိုက်လိုက်ပြီး အိမ်ရဲ့ ပြတင်းပေါက်က ရွေ့သွားသည်ကို သတိမထားမိခဲ့ပါ။

ဝမ့်ပင်းပင်းက အိမ်ရဲ့ အပြင်ဘက်မှာ ရပ်နေရင်း သူမက ရေခဲအပေါက် တစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။

သူမရဲ့ဘဝက ဘယ်လိုလုပ် ဒီလောက် ဆိုးရွားသွားလဲ ဆိုတာကို သူမက နားမလည်နိုင်တော့ပါ။

ဝမ့်လင်းလင်းက ဘာတွေ တွေးနေတာလဲ။ သူမက ဘာကိုမှ ဂရုမစိုက်ဘဲ လက်ထပ်သွားတာ။ အဲ့ဒါက သူမကိုယ်တိုင်ပဲ ဒုက္ခများရတာမလား။ နောက်ဆုံးတော့ သူမရဲ့ အစ်မကပဲ မိထွေး ဖြစ်သင့်တယ်ဆိုပြီး အပြစ်တင်ခံနေရပြီ။ သူမရဲ့ဘဝက အစကတည်းက ခက်ခဲပြီးသား။ အခုဆိုရင် သူမရဲ့ ယောင်းမတွေ အနိုင်ကျင့်တာကိုပါ ခံနေရပြီ။

ဝမ့်ပင်းပင်းက အတော်လေးကို စိုးရိမ်နေခဲ့သည်။

တစ်ဖက်က ဝမ့်လင်းလင်းကတော့ ဘာကိုမှ စိုးရိမ်မနေခဲ့ပါ။ ဒီတစ်ချိန်မှာတော့ သူမသည် ကိုယ့်ကိုကိုယ်ပဲ မေးခွန်းတစ်ခု မေးနေခဲ့သည်။ ဒီမှာပဲ လက်ထပ်ဖို့ကို သူမက ဘယ်လို ဆုံးဖြတ်မိခဲ့တာလဲ။

ကောင်းကင်တွင် နှင်းများ ကျနေသော်လည်း အမျိုးသမီးကြီးကျောက်က အိမ်မှာ တို့ဟူးမရှိလို့ ပွစိပွစိ လုပ်နေခဲ့ပြီး အပြင်ဘက်က ရာသီဥတု အေးနေချိန်တွင် ဝမ့်လင်းလင်းကို ပဲမှုန့်ကြိတ်ရန် အတင်း ပြောနေခဲ့သည်။

ကြိတ်ဆုံကို လှည့်လိုက်သည့်အခါ ဝမ့်လင်းလင်းသည် သူမဘဝက ပဲများနှင့် ဘာမှမကွာဘူးဟု ခံစားလိုက်ရသည်။ ဘဝဟာ ထိုကျောက်တုံးကြီးလိုပဲ သူမကို အရမ်း ဖိနှိပ်ထားသည့်အတွက် နားဖို့နေရာတောင် ရှိမနေခဲ့ပါ။

ဝမ့်လင်းလင်းသည် ဝမ့်ရင်းရဲ့ အခြေနေကို ကားပေါ်မှ ကြားပြီးကတည်းက သူမရဲ့ဘဝဟာ ခက်ခဲတော့မည်ကို သိနေခဲ့သည်။ သူမရဲ့ဘဝက တကယ်ကိုလည်း ခက်ခဲနေခဲ့သည်။

သို့သော် အမျိုးသမီးကြီးကျောက်က သူမကို နှိပ်စက်နေတာကကတော့ မဖြစ်သင့်ပါ။

ဝမ့်လင်းလင်းသည် အရင်ထဲက အိမ်ရဲ့ ကိစ္စအများစုကို လုပ်နေခဲ့ရသည်။ ထို့ပြင် သူမသည် တစ်ခါတစ်လေ အမျိုးသမီးကြီးကျောက်၏ ဆူပူတာကိုလည်း ခံရသည်။ သူမက ဆီမပါတဲ့ စွပ်ပြုတ် အကျဲကိုသာ စားရသည်။

ဝမ့်လင်းလင်းက သည်းခံနေရင်း သူမက ဒါတွေကို ဒီထပ်ကိုပြီး သည်းမခံနိုင်တော့ဘူးဟု ခံစားခဲ့ရသည်။

သူမက ကလေးနှစ်ယောက် အဆင်သင့်ပါသည့် လူအား လက်ထပ်ထားတာကို တွေးမိလိုက်သည်။ သို့သော် သူမက အရင်ဆုံး သူမရဲ့ ယောက္ခမဖြစ်သူကို ကျော်ဖြတ်ရမယ်လို့ မထင်ထားခဲ့ပါ။

ဒါဟာ သူမလိုချင်တဲ့ ဘဝမျိုး မဟုတ်ပါ။

ဝမ့်လင်းလင်းက ဒေါသတကြီးနှင့် လှည်းကို တွန်းလိုက်သည်။ သူမကျမှ ဘာလို့ ဒီလိုမျိုး နေရမှာလဲ။

အခုဆိုရင် သူမက ပြန်လည် မွေးဖွားလာခဲ့ပြီး အရာအားလုံးကလည်း အဆင်ပြေနေသင့်သည်။

အနာဂတ်မှာ ပိုကောင်းတဲ့ဘဝရအောင် သူမက ကျောက်ကျွင်းကို ရွေးချယ်ခဲ့တာက ဒီလိုမျိုး အေးခဲနေသည့် အခန်းထဲတွင် ဆယ့်ရှစ်နှစ်တာ စောင့်နေဖို့ ရည်ရွယ်ထားခြင်း မဟုတ်ပါ။

ဝမ့်လင်းလင်းက ခြင်းတောင်းကို မြေပေါ်သို့ အားဖြင့် ပစ်ချလိုက်သည့်အခါ ဘေးမှာရှိသည့် သူမရဲ့ ယောင်းမက ရုတ်တရက် လန့်သွားခဲ့သည်။ “နင်ဘာတွေ အရူးထနေတာလဲ။”

အမျိုးသမီးကြီးကျောက်က ဝမ့်လင်းလင်းကို အလုပ်လုပ်ဖို့ ပြောထားပြီး သူမရဲ့ ယောင်းမအား အလုပ်ကို ကြီးကြပ်ဖို့ စီစဥ်ပေးထားခဲ့သည်။ ယောင်းမက အအေးဓာတ်ကို တောင့်ခံရလို့ မပျော်မရွှင် ဖြစ်နေသော်လည်း သူမ ဘာမှမလုပ်ရချိန်မှာ ဝမ့်လင်းလင်းက အလုပ် လုပ်နေရတာကို မြင်ရသည့်အခါ သူမက ဘာအကျိုးမှ မရှိဘူးဟု ခံစားလိုက်ရသည်။

ဝမ့်လင်းလင်းက ခြင်းတောင်းကို အဝေးသို့ ပစ်လိုက်သည့်အခါ စိမ်ထားသော ပဲများက ထွက်ကျသွားခဲ့သည်။

“စောင့်နေ။ ငါ အခုချက်ချင်း အမေ့ကို သွားပြောမယ်။”

ယောင်းမက ကျေနပ်နေသော မျက်နှာထားမျိုးနှင့် အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ဝမ့်လင်းလင်းက လက်လျှော့လိုက်ပြီး လက်ဗလာဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။

သူမ အိမ်တံခါးနားကိုရောက်တော့ မစ္စကျောက်ရဲ့ အော်သံ အကျယ်ကြီးကို ကြားလိုက်ရတယ်။ “သူက သောင်းကျန်းနေတဲ့သူပဲ။ ဘာလို့ သူ့ရဲ့မျက်နှာကို ကန်ရဲရတာလဲ။”

ဝမ့်လင်းလင်းက အတော်လေး ဒေါသထွက်နေသည့်အတွက် ပြေးဝင်ကာ တိုင်ပြောနေသော သူ့ရဲ့ယောင်းမကို စပြီး တိုက်ခိုက်ခဲ့သည်။ သူတို့နှစ်ယောက်က လုံးထွေး သတ်ပုတ်နေပြီး အမျိုးသမီးကြီးကျောက်က စားပွဲခုံကို ဒုန်းခနဲ ရိုက်လိုက်ပြီး ခုန်အုပ်ခဲ့သည်။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ကွဲသွားသည့်အခါ ဝမ့်လင်းလင်းရဲ့ နှုတ်ခမ်းထောင့်မှာ ဒဏ်ရာတစ်ခု ရသွားပြီး သူမရဲ့ ယောင်းမကတော့ မျက်လုံးထောင့်မှာ ဒဏ်ရာတစ်ခု ဖြစ်သွားခဲ့ရသည်။

“နင်ရူးနေလား။”

ဝမ့်လင်းလင်းက အထင်သေးသည့် အကြည့်ဖြင့် ပြောခဲ့သည်။ “ကျွန်မက ရူးနေတယ်။ အဲ့တော့ ဘာဖြစ်လဲ။ ကျွန်မ ရှင့်ကို ပြောမယ်။ ရှင်က ကျွန်မရဲ့ဘဝကို သနားစရာကောင်းအောင် လုပ်ရင် ရှင်တို့ အားလုံးလည်း အတူတူပဲ သနားဖို့ ကောင်းနေမှာပဲ။ အခုကစပြီး ကျွန်မကို အဝတ်လျှော်ဖို့ လာပြောရင် အဲ့အဝတ်တွေကို မိလ္လာကန်ထဲ ပစ်ချပစ်မယ်။ ဟင်းချက်ခိုင်းရင် ရှင်တို့ တစ်အိမ်လုံးကို ကြွက်သတ်ဆေး ခတ်ပစ်မယ်။ ကျွန်မ အိမ်အလုပ်တွေ မလုပ်တော့ဘူး။ ကျွန်မရဲ့ ကလေး နှစ်ယောက်ကိုပဲ ကျွန်မ ဂရုစိုက်ပေးတော့မယ်။”

အမျိုးသမီးကြီးကျောက်က မျက်ခုံးကိုပင့်ကာ ပြောခဲ့သည်။ “နင်ကများ။”

ဘယ်သူကမှ သူမကို စားပွဲခုံ လှန်ရလောက်အောင်အထိ မလုပ်ခဲ့ဖူးပါ။ သူမရဲ့ ချွေးမတွေ အားလုံးကလည်း သူမ ပြောသမျှကို နာခံကြသည်။

ဝမ့်လင်းလင်း - “ကျွန်မက ဘာလို့ မလုပ်ရဲရမှာလဲ။ ရှင့်သားနဲ့ ကျွန်မမှာက လက်ထပ်စာချုပ် ရှိပြီးသား။ တကယ်လို့ ရှင်က ကျွန်မကို ထပ်ပြီး ဒုက္ခပေးရင် ကျွန်မက အနိုင်ကျင့်မှုနဲ့ အမြင့်ဆုံး အာဏာပိုင်တွေကို သတင်းပို့ပစ်မယ်။”

အမျိုးသမီးကြီးကျောက်က ရင်ဘက်ကိုဖိရင်း ငိုနေခဲ့သည်။ “နင်က ငါ့ကို စိတ်ကုန်ပြီး သေအောင် လုပ်ချင်နေတာ၊ ဟုတ်တယ်မလား။ နင်က ဘာမှ မဟုတ်ပါဘူး။ ဒီကနေ ထွက်သွားစမ်း။ ငါတို့လည်း နင့်လိုချွေးမမျိုး မလိုချင်ဘူး။”

ဝမ့်လင်းလင်း - “ရှင်က ကျွန်မကို နှင်ချချင်တယ်ပေါ့။ ကောင်းပြီလေ။ ဒါက တပ်မဟာထဲမှာ လက်ထပ်ထားတာဆိုတော့ ရှင်က ရှင့်သားကို ကျွန်မနဲ့ ကွာရှင်းဖို့ သွားပြောလို့ ရတယ်။ ပြီးရင် ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့။”

အမျိုးသမီးကြီးကျောက်က ဝမ့်လင်းလင်းရဲ့ မထင်မှတ်ထားသော စကားများအတွက် ဘာမှ မပြင်ဆင်ထားခဲ့ပါ။ သူမက တပ်မဟာထဲက လက်ထပ်ပွဲ၏ လိုအပ်ချက်များကို မတွေးထားခဲ့ဘဲ ဝမ့်လင်းလင်းက အဓိပ္ပါယ် မရှိတာတွေ ပြောနေတယ်ဟုသာ တွေးနေခဲ့သည်။ “နင်က အိပ်မက် မက်နေတာပဲ။ နင်က အိမ်အလုပ်တွေ မလုပ်ဘူးဆိုရင် ဘယ်သူက လုပ်မှာလဲ။ နင်က ဘာအလုပ်မှ မလုပ်ဘဲနဲ့ ဘာလို့ ဒီမိသားစုထဲကို ဝင်လာရတာလဲ။ ဒီအိမ်ထဲကနေ မြန်နိုင်သမျှ အမြန်ဆုံးသာ ထွက်သွားတော့။ ငါ့သားမှာ သူ့အိမ်ကို လာချင်တဲ့ မိန်းမတွေမှ အများကြီး။”

အမျိုးသမီးကြီးကျောက်က လွန်ခဲ့သော ရက်ပိုင်းအတွင်းမှာထဲက တကယ်ကို နောင်တရနေခဲ့သည်။ သူမက ဝမ့်လင်းလင်းကို တွေ့ခဲ့တာက ဆုံးရှုံးမှုတစ်ခုပဲဟု တွေးနေခဲ့ကာ ဝမ့်ရင်းလို အနေအထားမျိုးရှိသည့် မိန်းကလေးတစ်ယောက်ကို ရှာချင်နေခဲ့သည်။ ထိုအချိန်မှာပဲ မစ္စကျောက်က သူမရဲ့ ခံစားချက် အစစ်အမှန်တွေကို ထုတ်ပြောခဲ့သည်။ “နင့်ကိုယ်နင်လည်း ကြည့်ဦး။ နင်က ဝမ့်ရင်းရဲ့ ခြေဖျားလောက်တောင် တော်မနေဘူး။ နင့်လို လူမျိုးကို ရှာတွေ့ခဲ့တာ ငါ ကန်းနေလို့ပဲ။”

ဝမ့်လင်းလင်းက ဒေါသထွက်သွားခဲ့သည်။ “သူမက ကောင်းတယ်ဆိုလည်း သူ့ကို သွားရှာလေ။ ရှင့်ကို ကျွန်မက သတိ မပေးဘူးလို့တော့ လာပြီး အပြစ်မတင်နဲ့။ သူမက လက်ထပ်ပြီးသွားပြီ။ ရှင့်သားကလည်း ကျွန်မနဲ့ လက်ထပ်ပြီး ဒီကလေးနှစ်ယောက်ကို စောင့်ရှောက်မယ်လို့ ကျွန်မက ပြောပြီးသား။ ဝမ့်ရင်းက မိထွေးဖြစ်ဖို့ ဆန္ဒရှိလား ဆိုတာတော့ ရှင့်ဘာသာပဲ ဆုံးဖြတ်ပေါ့။”

အမျိုးသမီးကြီးကျောက်က မြေပေါ်မှာ လဲမလို ဖြစ်သွားခဲ့သည်။ “နင်က ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ။ နင် ငါ့ကို တော်တော်လေး ဒေါသထွက်အောင် လုပ်နေတာပဲ။ သားကြီးနဲ့၊ ဒုတိယသားတို့ သူ့ကို ဝိုင်းရိုက်ကြ။”

ဝမ့်လင်းလင်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြောခဲ့သည်။ “ရှင်တို့ကများ။ ရှင်တို့ ကျွန်မကို ရိုက်ရင် ကျွန်မက တပ်မဟာထဲကို သွားပြီး ရှင့်သားကို သွားရှာလိုက်မယ်။”

အမျိုးသမီးကြီးကျောက်က သူမ ဘယ်လို ချွေးမမျိုးကို ရှာတွေ့ခဲ့လဲဆိုတာ သိသွားခဲ့သည်။ ဝမ့်လင်းလင်းရဲ့ သောင်းကျန်းမှုကြောင့် အမျိုးသမီးကြီး မစ္စကျောက်က တစ်နေ့လုံးနီးပါး အိပ်ရာထဲတွင် လဲသွားခဲ့ရသည်။

ဝမ့်လင်းလင်းက ရက်တော်တော်များများ ဘာအလုပ်မှ မလုပ်ခဲ့ပါ။ သူမက အခန်းထဲတွင်သာ လှဲနေခဲ့ပြီး ထိုနေ့တွေ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

ကလေးနှစ်ယောက် ပြောသည့်စကားများက သူမကို ဝမ်းနည်းစေသော်လည်း သူမက ဘယ်လိုလုပ် သူတို့ကို အပြစ်တင်နိုင်ပါ့မလဲ။ ဒါဟာ တစ်မိသားစုလုံးရဲ့ ပါဝင်မှုကြောင့် ဖြစ်ပြီး သူမရဲ့ ယောင်းမများက ကလေးတွေကို ဒီလိုပြောဖို့ ချော့မြှူထားခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် အမျိုးသမီးကြီးကျောက်က သူမကို အနိုင်ကျင့်ဖို့ ဘာအခွင့်အရေးများ ရှိနေလို့လဲ။ တပ်မဟာထဲတွင် ကျောက်ကျွင်းရှာသမျှ ပိုက်ဆံတွေကို တစ်မိသားစုလုံးထံ ပြန်ပို့ခဲ့သည်။ သူမက ကျောက်ကျွင်းရဲ့ မိန်းမဖြစ်သည့်အတွက် ယောင်းမများက သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်သည်။

ဝမ့်လင်းလင်းက ထိုအကြောင်းကို ထပ်ခါထပ်ခါ တွေးနေခဲ့သော်လည်း သူမစိတ်ထဲက အတွေးကိုတော့ မမျိုသိပ်ထားနိိုင်ခဲ့ပါ။

ခွဲနေမယ်။

တကယ်လို့ သူမက ကောင်းမွန်တဲ့ ဘဝတစ်ခုကို လိုချင်ပါက ဒီမိသားစုကြီးနှင့် အတူတူ နေလို့ မရပါ။

ခွဲထွက်တယ် ဆိုတာက ပုံမှန်ပဲ။

စိတ်ထဲကအတိုင်း ဝမ့်လင်းလင်းက အိပ်ရာမှ ထကာ ကျောက်ကျွင်းထံ စာရေးဖို့အတွက် စာရွက်နှင့် ဘောပင်ကို ဆွဲယူလိုက်သည်။

ကျောက်ကျွင်းက မိသားစုနှင့် ခွဲနေမည့် ဆုံးဖြတ်ချက်ကို သေချာပေါက် လုပ်ရမည်ဟု တွေးနေခဲ့သော်လည်း ဝမ့်လင်းလင်းကတော့ ကျောက်ကျွင်း သဘောမတူဘူးဟု မတွေးထားခဲ့ပါ။ သူရဲ့ပိုက်ဆံတွေကို တစ်မိသားစုလုံးက သုံးနေတာကို သူက ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။

ဝမ့်လင်းလင်းက စကားလုံးများကို သေချာ ရွေးချယ်ပြီး ကျောက်ကျွင်းထံ စာအရှည်ကြီး တစ်စောင်ကို ပို့ခဲ့သည်။ စာထဲတွင် သူမက ဝမ်းနည်းရရုံသာမက ကလေးနှစ်ယောက်သည် အမျိုးသမီးကြီးကျောက်နှင့် အဆင်မပြေသည့်အတွက် ကြက်ဥတစ်လုံးတောင် မစားရဘူးဟု ပြောထားခဲ့သည်။

စာကို ရေးပြီးနောက် ဝမ့်လင်းလင်းက မနက်ဖြန် ထိုစာကို သွားပို့အတွက် မြို့ကိုသွားရန် ပြင်ဆင်နေခဲ့သည်။

သူမက ထိုစာအတွက် ရမှတ်အချို့ကို ပေးရမည် ဖြစ်သည်။

နှင်းများ ကျလာသည့်အခါ ရှုရွှမ်းက အိမ်က မီးလင်းဖိုကို မီးမွှေးလိုက်သည်။ မီးလင်းဖိုက အနွေးဓာတ်ကြောင့် တစ်အိမ်လုံးလည်း ထပ်ပြီး မအေးတော့ပါ။

နေ့လည်စာ စားပြီးနောက် အမျိုးသမီးကြီး မစ္စရှုက အိမ်ပြန်သွားခဲ့ပြီး သူမက နေ့လည်စာ လာစားဖို့ ရှုရွှမ်းက ပြောခဲ့သည်။ ဒါမှ သူတို့က မနက်နှင့် ညနေကို အိမ်မှာ နည်းနည်းပဲ စားလို့ရတော့မည် ဖြစ်သည်။

သို့သော် ရှုရွှမ်းက သူမကို အလုပ် အရမ်းကြီး ကြိုးစားလုပ်ဖို့ မရည်ရွယ်ခဲ့ပါ။ ထို့ကြောင့် ရှုရွှမ်းက နေ့လည်ပိုင်းတွင် ပေါက်ဆီအိုးကြီးကို တည်လိုက်ပြီး ပေါက်ဆီ အများစုကို အမျိုးသမီးကြီးရှုအား ပေးခဲ့သည်။ ပေါက်စီကို အချဥ်တည်ထားသော အရွက်များနှင့် ပြုလုပ်ကာ ဆန်ပြုတ်နှင့် စားတာက အတော်လေး လိုက်ဖက်သည်။

ညနေအစောပိုင်းသို့ ရောက်လာသည့်အတွက် ရှုရွှမ်းက ခြေထားသော ဝဥကို ကြက်ဥနှင့် ရောကာ စွပ်ပြုတ်တစ်ခွက် ပြုလုပ်ခဲ့ကာ ထိုစွပ်ပြုတ်ကို ညစာအဖြစ် ပေါက်စီရယ်၊ ချဥ်ဖက်ရယ်နှင့် တွဲစားခဲ့သည်။

သူမရဲ့ ညစာကို စားပြီးတော့ ဘေးခန်းက တံခါးဖွင့်သံကို ကြားလိုက်ရသည်။

ချွင်ချွင်ချွမ်ချွမ်ဆိုတဲ့ အသံပြီးနောက် ဝမ့်ယောင်ကျုံးရဲ့ ညည်းသံကို ကြားလိုက်ရသည်။ “တော်တော်လေး အေးတာပဲ။ မီးလင်းဖိုကို မြန်မြန်လေး မီးပေးလိုက်ပြီး ကျွန်တော့်ကို နွေးအောင် လုပ်ပေးပါဦး။”

လီချွမ်းကျင်က မြန်မြန် မီးမွှေးလိုက်သည်။ သူမက အိမ်ကို ပြန်မရောက်တာ ရက်အနည်းငယ် ကြာနေပြီ ဖြစ်သည့်အတွက် အိမ်က အအေးခန်းကြီးကို အေးစက်နေခဲ့သည်။

ဘေးအခန်းမှာပဲ မီးလင်းဖိုကို ဆောက်ထားပြီး ချက်ပြုတ်နေသည့် အသံကို ကြားလိုက်ရသည်။ လီချွမ်းကျင်က ရုတ်တရက်ဆိုသလိုပဲ ငိုချလိုက်သည်။

ဝမ့်ရင်းက တခစ်ခစ်ရယ်ကာ ရှုရွှမ်းအား တီးတိုး ပြောခဲ့သည်။ “ကျွန်မအဒေါ်က ကြက်တစ်ကောင်လို အော်နေမယ်လို့ ရှင်ရော ထင်လား။”

ထိုနေရာမှာ အသံတစ်သံက အမြဲလိုလို ရုတ်တရက် ထွက်လာတတ်သည်။

ရှုရွှမ်းက ကြက်က ဘယ်လိုအော်လဲဆိုတာ မသိသော်လည်း ချက်ချင်းဆိုသလိုပဲ ကြက်မတွန်သံကို တွေးမိလိုက်သည်။ “အဲ့လိုနဲ့ နည်းနည်းတော့ တူလောက်မယ်။”

လီချွမ်းကျင်က အော်ပြီး ရူးချင်သွားခဲ့သည်။ “အသားက ဘယ်ရောက်သွားတာလဲ။ အခန်းထဲမှာ ချိတ်ထားတဲ့အသားက ဘယ်ကို ရောက်သွားရတာလဲ။”

လီချွမ်းကျင်က သူ့သားပြန်လာတဲ့အခါ စားဖို့အတွက် ချန်ထားခဲ့သော အသားဖြစ်သည်။ သူမက မိသားစုအတွက် ရထားသော ဝက်သားကို နှစ်ပိုင်း ခွဲထားခဲ့သည်။ တစ်ပိုင်းက ဝက်ဆီလုပ်ဖို့ရန် ဖြစ်ပြီး နောက်တစ်ပိုင်းက ဝမ့်ယောင်ကျုံး ပြန်လာသည့်အခါ ငရုတ်သီးနှင့် ကြော်ကျွေးဖို့ ထားထားခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်မှာပဲ မီးဖိုချောင်ထဲတွင် ချိတ်ထားသည့် အသားချောင်းမှာ ပျောက်သွားခဲ့ကာ လီချွမ်းကျင်ကလည်း တုန်လှုပ်သွားခဲ့သည်။

ဝမ့်ယုံရွှင်းက ဟိုဟိိုဒီဒီ ကြည့်လိုက်သည့်အခါ အကြောင်းအရင်းကို သိသွားခဲ့သည်။ “မင်းမှာ ဦးနှောက်ရော ရှိသေးရဲ့လား။ ဘယ်လိုလုပ် အသားကို ဒီမှာပဲ ထားရဲရတာလဲ။ ကြောင်က ယူပြေးသွားပြီ။”

ရွာထဲတွင် တောကြောင်များ ရှိနေခဲ့ပြီး ဘယ်သူကမှ ထိုကြောင်များကို စောင့်ကြည့်မနေခဲ့ပါ။ လူတွေက ထိုကြောင်များသည် ကြွက်များ ဖမ်းနိုင်ဖို့အတွက် မျှော်လင့်ထားကြသည်။ အဲ့လိုမှ မဟုတ်ပါက အိမ်တိုင်းမှာ သိုလှောင်ထားသော အစားအသောက်များ ရှိနေပြီး ကြွက်များက စားသွားပါက ပိုဆိုးသွားလိမ့်မည် ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပဲ တောကြောင်များကလည်း မီးဖိုချောင်ထဲ ခိုးဝင်လေ့ ရှိသည်။ တကယ်လို့ လူတွေက ပစ္စည်းများကို သေသေချာချာ မထားထားပါက ကြောင်များက အလွယ်တကူပဲ ယူသွားကြလိမ့်မည် ဖြစ်သည်။

လီချွမ်းကျင်က ချာချာလည်သွားခဲ့သည်။ သူမက ဝမ့်ရင်းရဲ့ အိမ်ထဲက မီးဖိုချောင်ကို သုံးလေ့ရှိသည်။ တံခါးကလည်း ထူပြီး တစ်ထပ်အိမ်လေး ဖြစ်သည်။ တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားချိန်တွင် သူမက အထဲသို့ ဝင်မရတော့ပါ။

အခုဆိုရင် သူမက ကိုယ်ပိုင် မီးဖိုချောင်မှာပဲ ချက်ပြုတ်ရတော့မည် ဖြစ်သည့်အတွက် အရင်တုန်းက ပြုလုပ်ခဲ့သည့် ပစ္စည်းများကို သော့ခတ်သိမ်းဆည်းရမည့် အလုပ်ကို မေ့လျော့နေခဲ့သည်။

“ငါ့အသားတွေ။”

အသားက အကြီးကြီးပဲ။ အဲ့ဒါက ချိန်ကြည့်ရင် နှစ်ကီလိုဂရမ် ရှိတာ။

ဝမ့်ယုံရွှင်းက စိတ်ညစ်သွားခဲ့သော်လည်း သူက ဒီနာကျင်မှုကိုတော့ မထိန်းထားနိုင်ခဲ့ပါ။

ဒီအချိန်အတောအတွင်း ပထမဆုံး ပိုက်ဆံကိစ္စ၊ ပြီးရင် အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်နေရတာ။ ဘာလို့ သူ့မှာမှ ဒီလို ကံတရားမျိုးတွေက ဖြစ်နေရတာလဲ။

“မငိုပါနဲ့တော့။ မြန်မြန် တစ်ခုခု ချက်လိုက်။”

All Chapters