← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

ဆောင်းနေ့ရက်များဟာ တကယ်ကို ပျင်းရိဖွယ် ကောင်းတယ်။ နှင်းတွေကလည်း ကျစမြဲပဲ။ ခုနစ်ခုမြောက် တပ်မဟာက တောင်တက်ဖို့ကို ဘာလို့ ပိတ်လဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမယ့် နှင်းတွေက တစ်ရက်တည်းနဲ့ လူတစ်ယောက်ရဲ့ တစ်ဝက်လောက်ကို ပုံနေနိုင်တယ်။

ဝမ့်ရင်းက နောက်တစ်ရက် နိုးလာသည့်အခါ သူမအရှေ့တွင် နှင်းတွေ ထူထပ်နေသည်ကို မြင်လိုက်ရသည့်အခါ တောင်ပေါ်ကို နှင်းဖုံးတယ် ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတာကို သူမ သိသွားခဲ့သည်။ ဒါဟာ နှင်းတွေက လူတစ်ယောက်ရဲ့ အရပ်ထပ် မြင့်ပြီး လူတွေ ပိတ်မိနိုင်တယ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် တောင်တက်လမ်း အခြေအနေသည် ရှုပ်ထွေးနေပြီး ဘယ်နေရာမှာ နှင်းထူပြီး ဘယ်နေရာမှာ နှင်းမထူဘူးလဲ ဆိုတာကို မပြောနိုင်ပါ။

နောက်ထပ် ခြေလှမ်းတစ်လှမ်းက နှင်းခဲကြီးထဲ ပြုတ်ကျသွားနိုင်ပြီး လေပြင်းတွေက တိုက်ကာ အပေါ်ကို မမြင်နိုင်တော့တဲ့အထိ နှင်းတွေက ဖုံးသွားလိမ့်မည် ဖြစ်သည်။

ဒါတောင်မှ အမျိုးသမီးကြီးရှုက အခြေအနေတွေ အများကြီး တိုးတက်သွားပြီဟု ပြောနေခဲ့သည်။ “အရင်ကဆို ဒီမှာ ဘာလမ်းမှ မရှိဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ နောက်ထပ် အဖွဲ့ကို သွားဖို့ လူတွေစုပြီး လမ်းလေးတစ်လမ်းကို ဖောက်ခဲ့ကြတာ။ အဲ့လိုမှ မဟုတ်ရင် ရှေ့နှစ်တွေတုန်းက နှင်းကျပြီဆိုတာနဲ့ တစ်ခါတည်း ပြန်ထွက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။”

အခုဆို တစ်ခုခုဖြစ်ရင် နင်က နှင်းမကျတဲ့ ရက်တစ်ရက်ကို ရွေးပြီး မြို့ကိုသွားလို့ ရပေမယ့် နည်းနည်းတော့ ခက်ခဲလိမ့်မယ်။

ဒီအရွယ်အထိ အမျိုးသမီးကြီးရှုက ကမ္ဘာကြီး ပြောင်းလဲလာတာကို ထိုင်ကြည့်နေခဲ့ပြီး သူမရဲ့ ဘဝဟာလည်း တဖြည်းဖြည်း သာယာလာခဲ့သည်။ “နောက်ပိုင်း လမ်းတွေက ပိုပြီး ခက်ခဲရင်လည်း ခက်ခဲလာနိုင်တယ်။ အဲ့ချိန်ကျရင် ငါတို့တွေ ဆောင်းတွင်း တစ်တွင်းလုံး တံခါးတောင် ပိတ်လို့ရမှာ မဟုတ်ဘူး။”

ဒါပေမယ့် တံခါး ပိတ်လို့ရတာ၊ မရတာက ကိစ္စရှိပုံ မရပါ။ ဒါဟာ ရှုရွှမ်းလို လူမျိုးတွေ အတွက်သာ အလုပ်သွားဖို့ နှောင့်နှေးလိမ့်မည် ဖြစ်သည်။ တပ်မဟာထဲက လူများသည် ဆောင်းတွင်းမှာ အပြင်သို့ မထွက်ကြပါ။

ဒါက အရမ်း အေးလွန်းတယ်လေ။

ဆောင်းတွင်းမှာက လယ်စိုက်စရာ အလုပ်လည်း မရှိဘူး။ ပြီးတော့ အပြင်ထွက်ဖို့ အရေးကြီး ကိစ္စမျိုးလည်း မရှိဘူး။ အဲ့ဒါကြောင့် သူတို့က အိမ်ထဲမှာပဲ သက်သက်သာသာ နေနေကြတာ။

နှင်းအရမ်းကျတဲ့အချိန်က သိပ်တော့လည်း မကြာပေ။ ဒါပေမယ့် လေကတော့ ထန်သည်။ မကြာခင် တပ်မဟာ တစ်ခုလုံးက စောင်အထူကြီးတွေ ခြုံကြတော့မည်။ တစ်စက်စက်ကျနေတဲ့ နှင်းတွေက ညဘက်ကျမှ လူတွေအမြင်ကို ပိုကောင်းအောင် လုပ်ပေးလိမ့်မည်။

နှင်းတွေမထူခင် အချိန်မှာကတည်းက အဖွဲ့က အကူညီတောင်းဖို့အတွက် ရောက်လာကြလိမ်မည်။

အကြောင်းမှာ ဒီနှစ်မှာတော့ ရှုရွှမ်းက အလုပ် မသွားပါ။ ထျန်းယိုဖုက သူ့အား လုပ်စရာ လုပ်ငန်း၊ တာဝန်အချို့ ပေးထားခြင်းကြောင့် ဖြစ်သည်။

အမျိုးသမီးကြီး မစ္စရှုက ကောင်းကောင်း နားလည်သည်။ “ယိုဖုက ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ။”

ရှုမင်းရဲ့ကိစ္စက ဖုံးသွားပြီ ဖြစ်သော်လည်း မကြားဝံ့ မနာသာသေးပါ။ ထို့အပြင် သူ ဝမ့်ရင်းကို လက်ထပ်ချိန်မှာ ပွဲကြီးတစ်ပွဲ ဖြစ်သွားခဲ့ပြီး ရှုရွှမ်းက ဘာမှ မလုပ်သင့်ဘူးဟု လူအချို့က တိတ်တဆိတ် တီးတိုးပြောနေကြသည်။

သူက တပ်မဟာထဲမှာ နေဖို့အတွက် မြေနေရာ တစ်ခုကိုလည်း ရတယ်၊ မြို့ကနေ လစာလည်း ရတယ်။ ပြီးတော့ ကျောထောက်နောက်ခံ ကောင်းတဲ့ ဇနီးကိုလည်း ရှာတွေ့ထားသည်။

ကောင်းတဲ့အရာတွေ အကုန်လုံးက ဘာလို့ သူ့ဆီမှာမှ လာဖြစ်နေရတာလဲ။

ဒီရက်တွေမှာ လွယ်ကူတဲ့ ဘဝတစ်ခုကို ရတာက ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါ။

ဒီနှစ် ဆောင်းတွင်းတွင် ရှုရွှမ်းက အိမ်မှာ ရှိနေစဥ် အခြားသူတွေက ရှုရွှမ်းအပေါ် အထင်သေးကြမည်ကို ရှောင်ဖို့အတွက် ထျန်းယိုဖုက တမင်တကာ သူ့ကို အလုပ်အချို့ လုပ်ခိုင်းထားခြင်း ဖြစ်သည်။ အလာတူ ရှုရွှမ်းကလည်း သူ့ဆရာဆီက ပညာအချို့ကို သင်ယူကာ ဘွဲ့ရပြီးနောက် စားသောက်ဆိုင် တစ်ဆိုင်မှာ အလုပ် ဝင်လုပ်ခဲ့သည်။ ထို့အပြင် သူသည် တပ်မဟာထဲက အခြား မိသားစုများနှင့်လည်း အရမ်း မရင်းနှီးပါ။ ထျန်းယိုဖုက ရှုရွှမ်းက အခြားသူများ မနာလိုဖြစ်ပြီး မကောင်းတာတစ်ခုခု လုပ်ခံရမှာကို ရှောင်ဖို့အတွက် အခြားသူများနှင့် ဆက်ဆံရေးကောင်း တစ်ခု ရှိစေချင်ခဲ့သည်။

ဆောင်းတွင်းမှာ အလုပ်ကို နှစ်ပိုင်း ခွဲထားသည်။ ပထမတစ်ခုက နှင်းဖယ်ရတဲ့ အလုပ်ပဲ။ အဖွဲ့က အပြင်ထွက်လို့ မရတော့ အထဲမှာပဲ လမ်းလျှောက်ဖို့ နေရာတစ်ခု လုပ်ထားရသည်။ နှင်းတွေအကုန်လုံးကို ဖယ်ဖို့ မပြောနဲ့၊ အနည်းဆုံးတော့ သွားဖို့ လမ်းလေး တစ်လမ်းရဖို့ကိုပဲ လုပ်နေရသည်။ ဒါက လူတွေ အချင်းချင်း သွားလည်ရတာ အဆင်ပြေဖို့ အတွက်ပဲ။

နောက်တစ်ခုကတော့ ကင်းလှည့်ရတာပင်။ တောင်ပေါ်က တောရိုင်းကောင်တွေကို အကြာကြီး အမဲလိုက်ကြတယ် ဆိုပေမယ့်လည်း ဆောင်းတွင်းရောက်တိုင်း ဘေးနားက အဖွဲ့တွေက တောရိုင်းတိရိစ္ဆာန်တွေ တောင်ပေါ်က ဆင်းလာပြီး တိုက်ခိုက်ကြတယ်ဆိုတဲ့ အကြောင်းတွေကို ငါတို့ ကြားနေရသည်။

အထူးသဖြင့် သူတို့က တောဝက်တွေပဲ။ တစ်ခါတစ်လေတော့ ယုန်လေးတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စိုက်ပျိုးရေး သိပ်အဆင်မပြေတဲ့ အချိန်မှာ တောင်ပေါ်ကနေ ဝံပုလွေတွေ ဆင်းလာတယ်ဆိုတဲ့ သတင်းကိုတောင် ကြားခဲ့ရသေးသည်။

ထိုအခြေနေတွင် ထျန်းယိုဖုက ပုံမှန်အတိုင်း သတိပေးပြီး လူတွေကို သေနတ်သယ်ကာ အဖွဲ့ထဲတွင် ပတ်ကြည့်ဖို့ကို စီစဥ်ပေးခဲ့သည်။

နောက်ထပ် အလုပ်ကတော့ အပြင်ထွက်စရာ မလိုဘူး။ ဟုတ်တယ်။ အဲ့ဒါက ဆောင်းတွင်းမှာတောင် အိမ်မှာပဲ လုံးဝကြီး အချိန်ဖြုန်းပြီး နေလို့ မရဘူး။

ထျန်းယိုဖုက အသင်းအဖွဲ့ စိတ်ဓာတ်ကို လေ့လာဖို့အတွက် အဖွဲ့များကို တပ်မဟာ ရုံးသို့ စေလွှတ်ရန် စီစဥ်ခဲ့သည်။ တပ်မဟာဘေးတွင် ပြောင်းခင်းများ ရှိနေပြီး အစည်းအဝေး လုပ်နေချိန်တွင် ပြောင်းများကို ပွတ်တိုက်နေကြသည်။

သို့သော် အဖွဲ့သားများကတော့ သိပ်ပြီး မကွာခြားကြပါ။ အကြောင်းမှာ အစည်းအဝေး ခန်းမထဲတွင် တပ်မဟာမှ ပိုက်ဆံပေးထားသော မီးဖိုအိုးကြီးလည်း ရှိနေခဲ့သည်။ ပြောင်းတိုက်ရင်း၊ အတန်းများ တက်ရင်းနှင့် လုပ်ခ ရမှတ်များကို ရနိုင်သည်။

အချို့သော အဖွဲ့ဝင်များက လက်များကို မပွတ်ဘဲ ထိုနေရာသို့ သွားခဲ့ကြသည်။ ထို့အပြင် သူတို့ချုပ်နေသည့် ဖိနပ်ခုံများကိုလည်း ဘယ်သူကမှ စိတ်မဝင်စားပါ။

ထျန်းယိုဖု စီစဥ်ပေးထားသည့် အလုပ်မှာ ဒုတိယအဆင့်ဖြစ်ပြီး အဓိက အလုပ်မှာ လူများကို အတူတကွ စုစည်းရန် ဖြစ်သည်။ ထို့ကြောင့် ထျန်းယိုဖုက ကိုယ်ပိုင် အလုပ်လုပ်နေသည့် သူများကို အမြင်ကျယ်စေရန် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

သူတို့ စိတ်အနှောက်ယှက်ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ တစ်ချိန်လုံး စကားပြောနေရခြင်း ဖြစ်သည်။ သို့သော် ထိုကိစ္စကို တာဝန်ယူ လုပ်ဆောင်ပေးနေသည့် တပ်ခွဲ လုံခြုံရေး စုန့်တာကွေ့က အတော်လေး အသက်ကြီးနေပြီ ဖြစ်သည့်အတွက် သိပ်ပြီး မကူညီပေးနိုင်တော့ပါ။

နှစ်နှစ်ဆက်တိုက် ကြာပြီးနောက် ထျန်းယိုဖု ကိုယ်တိုင်ကလည်း ပင်ပန်းနေပြီး နောက်ဆုံးမှာတော့ ဘာမှ ပြောစရာ မရှိတော့ပါ။

အတိတ်မှာတုန်းက အမျိုးသမီးအဖွဲ့ ခေါင်းဆောင်သည် သူမရဲ့ နေရာကို ယူပြီး အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးခဲ့သည့်အတွက် သူက အနားယူနိုင်သည်။

ဒီနှစ်မှာတော့ သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ နှင်းကျလာသည့်အခါ ထျန်းယိုဖုက သူဘာမှ မလုပ်နိုင်မှာကို အတော်လေး စိတ်ပူနေခဲ့သည်။

မနက်ပိုင်းတွင် တပ်မဟာထဲက လူငယ်များကို လာခေါ်ခဲ့ပြီး ထိုအချိန်မှစလို့ သူတို့က နှင်းများကို စပြီး ရှင်းနေကျသလို ထျန်းယိုဖုကလည်း စိတ်ပူနေခဲ့ရသည်။

ရှုရွှမ်းကလည်း နာခံစွာဖြင့် မနက်စာကို စားပြီး နှင်းများကို ရှင်းလင်းရန် ထွက်လာခဲ့သည်။ သူသည် သူ့ခြံဝန်းထဲက နေရာတွေကို လှည်းကျင်းပြီးနောက် ခြံဝန်းရဲ့ အခြားတစ်ဖက်ကို ဆက်ပြီး လှည်းခဲ့သည်။

ထျန်းယိုဖုက ဦးထုပ်မပါဘဲ တုန်ရီနေကာ ရှုရွှမ်းအား မေးခဲ့သည်။ “မင်း ဒီဟာကို စားသောက်ဆိုင်မှာ ဘယ်လို လုပ်တာလဲ။”

အခုဆိုရင် အဖွဲ့အားလုံးကလည်း အတူတူပဲ ဖြစ်သည်။ သူတို့က စိတ်ဓာတ်တွေ တိုးမြင့်အောင် အစည်းဝေးပွဲများ ကျင်းပကြသည်။ ကျောင်းများကိုလည်း ပြန်ဖွင့်ခဲ့ပြီ ဖြစ်သည်။ အချိန်တစ်ဝက်ကို စာတွေဖတ်ရင်း အချိန်ကုန်ကာ ကျန်တစ်ဝက်ကို အတိတ်ကို ပြန်ဖော်ကာ လယ်အလုပ်များ လုပ်ကိုင်ရင်း ကုန်ဆုံးခဲ့သည်။

ရှုရွှမ်းက နှင်းများကို သေသေချာချာ လှည်းကျင်းနေဆဲ ဖြစ်သည်။ “ကျွန်တော်တို့က အတူတူပါပဲ။ ကျွန်တော် ဆရာ့ကို ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာကို သင်ပေးမယ်။”

ထျန်းယိုဖု - “ချက်ပြုတ်လို့ ရပါ့မလား။”

ရှုရွှမ်း - “ဘာလို့ မရရမှာလဲ။ ကျွန်တော်တို့ ကိုယ်တိုင်က စားသောက်ဆိုင် တစ်ဆိုင်ပဲ။ ကျွန်တော်တို့က အဖွဲ့အစည်း တစ်ခုကို တည်ဆောက်တယ်။ လူတွေနဲ့ မိတ်ဖွဲ့ရမယ့် နည်းလမ်းက ချက်ပြုတ်ဖို့ပဲ။ အစားအသောက် ကောင်းကောင်းတွေ ချက်ပြုတ်တယ် ဆိုတာက တည်ဆောက်နေတာပဲ။”

ရုတ်တရုက်ဆိုသလို ထျန်းယိုဖုက ခရစ်တော် မွေးဖွားခြင်းနေ့ကို သတိရသွားခဲ့သည်။ သူက ဘာလို့ ဒီလို အက်ကြောင်းထပ်နေတဲ့ စကားမျိုးကို ခပ်မာမာနဲ့ ပြောနေရတာလဲ။

ရှုရွှမ်း - “ဆရာ၊ ကျွန်တော်တို့ရဲ့ ခြံထဲမှာ စိုက်ပျိုးရေး လုပ်တဲ့ အကြောင်းကိုလည်း ပြောလို့ ရပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေကို အသေးစိတ် ပြောဖို့အတွက် အတွေ့အကြုံရှိတဲ့ လယ်သမား နည်းနည်းကို ရှာလိုက်။ ကျွန်တော်တို့ တပ်မသာထဲမှာ ပညာတတ်တဲ့ လူငယ်တွေ ရှိတယ်မလား။ သူတို့ကို ဆရာအတွက် မှတ်တမ်းတင်ပေးထားဖို့ ပြောလိုက်။”

ထျန်းယိုဖု - !!!!

ဒီလိုနည်းမျိုး ရှိလိမ့်မည်ကို ထျန်းယိုဖုက ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။

ဟုတ်သားပဲ။ ဆောင်းတွင်းမှာဆို ပညာတတ် လူငယ်တွေက အားနေကြတာ။ ဒီအချိန်မှာ သူတို့တွေက သူတို့ကို မှတ်တမ်းတင်ဖို့ ပြောပြီး နောက်မှ အဲ့ဒါတွေကို လက်ကမ်းပေးလို့ ရတာပဲ။ ဒါဆို လုံလောက်ပြီမလား။

ဒါဟာ အကြံကောင်းတစ်ခုပဲဟု ထျန်းယိုဖုက တွေးလိုက်သည်။ ဒါဟာ သူ့ကို များစွာသော အစည်းအဝေးများမှ ကယ်တင်နိုင်ရုံသာမက မိန့်ခွန်း ပြောသည့်အခါမှာလည်း အဆင်ပြေသည်။

လူတွေရဲ့ခွန်အားက အံ့မခန်းပဲ။

ထျန်းယိုဖုက သူ့လက်ကို ပွတ်လိုက်ပြီး ထိုအကြောင်းကို ဆွေးနွေးဖို့အတွက် စုန့်တာကွေ့ဆီ သွားရန် ပြင်ဆင်လိုက်သည်။ ဒါက အကြံကောင်း တစ်ခုပဲ။ ဒါကို ပြည့်စုံအောင် လုပ်ရမယ်။ စိုက်ပျိုးရေး အကြောင်းကို ပြောရုံတင်မကဘူး တစ်နိုင်ငံလုံးက ပညာတတ် လူငယ် ကိုးယောက်ကလည်း လာကြမှာ။ အဲ့ကျရင် သူတို့ကို မြို့အကြောင်း ပြောခိုင်းလိုက်။ နောက်မှ ဝမ့်ရင်းကို ခေါ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေ အစရှိတဲ့ ဟာတွေကို ပြောခိုင်းလိုက်။

ထျန်းယိုဖု ထွက်သွားပြီးနောက် ရှုရွှမ်းက သူ့အား တာဝန်ပေးထားသော နေရာကို နှစ်နာရီလောက် လှည်းကျင်းနေခဲ့သည်။ သူသည် တံခါးက နှင်းများကို ခါချကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ ထိုအချိန်မှာ ဝမ့်ရင်းက သူ့အတွက် လက်ဖက်ရည် ပူပူလေး တစ်ခွက်ကို ယူလာပေးခဲ့သည်။

ဝမ့်ရင်း - “ရှင် နေ့လည်ကျရင်ရော အပြင်ထွက်ဖို့ လိုသေးလား။”

ရှုရွှမ်းက ခေါင်းခါပြခဲ့သည်။ “ကိုယ်တို့ နေ့လည်ကျရင် အပြင်ထွက်ပြီး လမ်းလျှောက်ရမှာ။ အဲ့ဒါက နှစ်နာရီလောက်တော့ ကြာလိမ့်မယ်။”

ဆောင်းတွင်းမှာ လူတိုင်းက အလုပ်လက်မဲ့ ဖြစ်နေကြသည်။ လူတစ်ယောက်ကို တစ်ရက် လေးနာရီလောက်သာ အလုပ်လုပ်ရပြီး အဲ့ထပ် ပိုမလုပ်ရပါ။

ရှုရွှမ်းက လက်ဖက်ရည်ကို အရသာခံပြီး မေးခဲ့သည်။ “မင်း သကြား ထည့်ထားလား။”

ဒါက ရိုးရိုးရေပဲလေ။ အဲ့ဒါကို ဘာလို့ သူ့အရသာက ချိုနေရတာလဲ။

ဝမ့်ရင်းက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ရှုရွှမ်းရဲ့လျှာက အတော်လေး အရသာခံနိုင်သည်။ ထိုလက်ဖက်ရည်က ရေဖြင့် ဖျော်ထားတာ မဟုတ်ဘဲ ဝိဉာဥ်စမ်းရေဖြင့် ဖျော်ထားခြင်း ဖြစ်သည်။ နောက်တစ်ခါ ထိုရေကို တိုင်ကီထဲက ရေဖြင့် ရောထားတာက ပိုကောင်းပုံ ရသည်။

“မထည့်ပါဘူး။ အိမ်မှာက သကြားကုန်နေပြီလေ။”

ဘဝမှာ မင်းပြင်ဆင်ထားသလို ဖြစ်လာချင်မှ ဖြစ်လာလိမ့်မည်။ သူတို့နှစ်ယောက်က ပစ္စည်းတွေ အားလုံးကို အရံထားထားသော်လည်း သကြားတစ်အိတ် ပိုဝယ်ဖို့ကို မေ့သွားခဲ့ကြသည်။

အခုဆို ကျွန်မတို့ အိမ်မှာ နို့သကြားလုံးတွေ၊ ဝါးလို့ကောင်းတဲ့ သကြားလုံးတွေနဲ့ သကြားလုံး အမာတွေ ရှိတယ်ဆိုပေမယ့် သကြားဖြူကတော့ တစ်အိတ်ပဲ ကျန်တော့တယ်။

ဝမ့်ရင်းက ချိုချဥ်ဟင်းများကို စားချင်နေခဲ့သည်။ ထို့ကြောင့် သူမက ထိုအရာများကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ သုံးမိလိုက်သည်။

နေ့လည်စာအတွက် ရှုရွှမ်းက ငါးဟင်းချိုကို အိုးကြီးတစ်အိုးဖြင့် ချက်ပြုတ်ခဲ့သည်။ သူက ငါးဟင်းချိုကို ဖြူပြီး ပျစ်နှစ်နေအောင် ချက်ပြတ်ပြီးနောက် ဂေါ်ဖီနှင့် တို့ဟူးခြောက်ကို ထည့်ခဲ့သည်။ သူသည် ငါးဟင်းရည်ကို ရိုးရိုးဟင်းရည်အဖြစ် သုံးခဲ့ပြီး လက်ဖြင့်လုပ်ထားသော ခေါက်ဆွဲကို လက်တစ်ဆုပ်စာ ထည့်လိုက်သည်။

ဝမ့်ရင်းကလည်း ဟင်းချိုကို ရဲရဲလေး ဖြစ်သွားအောင် ဘယ်ရီသီးအချို့ကို ထည့်ခဲ့သည်။ ထိုဟင်းခွက်များကို လူတွေက ကြည့်လိုက်ရုံဖြင့် သားရေကျစေခဲ့သည်။

ငါးဟင်းက အရသာရှိပြီး ငါးအသားက နူးညံ့ကာ လက်ဆက်ပြီး အရသာရှိတဲ့ ငါးခေါက်ဆွဲ တစ်ပန်းကန်ကို စားလိုက်ရုံဖြင့် လုံးဝကို နွေးထွေးသွားလိမ့်မည် ဖြစ်သည်။

ဝမ့်ရင်းက ပျော်ရွှင်စွာ ငါးဟင်းချိုကို သောက်နေချိန်မှာ ဘေးအခန်းရှိ လီချွမ်းကျင်က အနံ့ရကာ သားရေကျနေခဲ့သည်။

ဝမ့်ယောင်ကျုံးက ပိုပြီးတောင် မကျေမနပ် ဖြစ်နေခဲ့သည်။ ဘေးအခန်းရှိ ဟင်းအနံ့က အတော်လေး ကောင်နေသော်လည်း သူကတော့ နေ့လည်စာအတွက် အိမ်မှာ ဘာစားရမှာလဲ။

သူတို့အိမ်မှာတော့ ဆီနည်းနည်းသာပါသည့် ဂေါ်ဖီနှင့် အာလူးကို ချက်ထားသည်။ သူ့အရှေ့တွင် ဝက်ဆီဖြင့် ကြော်ထားသော မုန်လာဥကြော် တစ်ပန်းကန် ရှိနေခဲ့သည်။ သို့သော် ထိုဟင်းတွေက သိပ်ပြီး မများပါ။ ဒါက လူတိုင်းအတွက်လည်း စားဖို့ ဘယ်လိုမှ မလုံလောက်ပါ။

လီချွမ်းကျင်က သူမရဲ့သားကို အမြန်ပဲ ချော့ပြောခဲ့သည်။ “ရက်နည်းနည်းလောက်ပဲ စောင့်နော်။ ကြက်တစ်ကောင်လောက် သတ်တဲ့သူကို မြင်ရင် အမေ သူ့ဆီကနေ သားအတွက် ကြက်ခြေထောက် သွားလဲပေးမယ်။”

နောက်ဆုံးမှာတော့ သူမရဲ့သားကို ချော့ပြီး လီချွမ်းကျင်က မထိန်းနိုင်ဘဲ သူမရဲ့ ဘေးမှာရှိတဲ့ သူကို ဆောင့်အောင့် ပြောလိုက်သည်။

စား၊ စား၊ စား။ ဘာလို့ သေအောင် မစားတာလဲ။

လီချွမ်းကျင်က သူမရဲ့ အိမ်နောက်ဖေးကို ကြည့်လိုက်သည့်အခါ စပြီး စိတ်ပူသွားခဲ့သည်။

ရှေ့ရက်တွေတုန်းကလည်း ကျွန်မက သားကို ဆေးရုံမှာ ဂရုစိုက်ပေးရင်း အလုပ်ရှုပ်နေတာ။ အိမ်အတွက် လိုတာတွေ ဝယ်ဖို့ အချိန်တောင် ရှိနေခဲ့ဘူး။

အခုဆို အိမ်မှာ မုန်လာဥရယ်၊ ဂေါ်ဖီရယ်နဲ့ အာလူးတွေပဲ ရှိတော့တယ်။ နှစ်ကီလိုလောက် ရှိတဲ့အသားကိုလည်း ကြောင်က ဆွဲသွားပြီ။ အခုဆို အိမ်မှာ ဘာမှကို လုံလုံလောက်လောက် မရှိဘူး။

သူတို့အိမ်တွင် ဝမ့်ရင်း ဖျက်စီးသွားပြီး ပြန်မပြင်ရသေးသည့် အရင်က မှန်ပြတင်းပေါက်သာ ရှိသည်။ အခုဆိုရင် သူတို့က ထိုပြတင်းပေါက်ကို သစ်သားပြားဖြင့် ကာထားရသည်။ ထိုအရာကို ကြည့်ရတာ နေ့ရော၊ ညရော စိတ်ရှုပ်ဖို့ ကောင်းနေခဲ့သည်။

ဝမ့်ယုံရွှင်းကလည်း တိတ်ဆိတ်နေခဲ့သည်။ မိသားစုမှာက မီးသွေးအလုံအလောက် ရှိသောလည်း ထင်းမီးတော့ လုံလောက်စွာ ရှိမနေခဲ့ပါ။

ထင်းမီးသာ ထိုပမာဏလောက် ရှိပါက နွေဦးရာသီအထိ လိုအပ်မည် မဟုတ်ပါ။

ဝမ့်ယုံရွှင်းက ဆေးလိပ်နှစ်လိပ်ကို လီချွမ်းကျင်ထံ ယူသွားပြီး ပြောလိုက်သည်။ “ပိုက်ဆံစုရအောင်။ နေ့ပိုင်းမှာ မင်း တပ်မဟာရဲ့ အစည်းအဝေးပွဲကို သွားသင့်တယ်။ ငါက နေ့ဘက်ဆို ယောင်ကျုံးရဲ့ အခန်းထဲကို သွားလိုက်တယ်။ ပြီးရင် ညဘက် အိပ်ရာစောစော ဝင်ကြမယ်။”

သူ့ရဲ့အိမ်မှာ အခန်းနှစ်ခန်းသာ ရှိသည့်အတွက် သူ့သားရဲ့ အခန်းထဲမှာသာ မီးလင်းဖိုကို ထားဖို့ လိုအပ်သည်။ ကံကောင်းစွာဖြင့် အိမ်က စောင်မှာလည်း အရမ်းကြီး မပါးပါ။ အဲ့လိုမှ မဟုတ်ပါက ဒီရာသီအတွင်းမှာ သူက အေးခဲသွားလိမ့်မည် ဖြစ်သည်။

စောင်အကြောင်း ပြောရရင် လီချွမ်းကျင်က သူမသားအတွက် လုပ်ပေးထားသော ဂွမ်းစောင် အသစ်ကြီးကို သတိရသွားခဲ့သည်။ ထိုစောင်ကို ဝမ့်ရင်းက အတင်းပဲ ယူသွားခဲ့သည်။ ထိုစောင်က အလွန်ထူပြီး သူမကိုယ်တိုင် စောင်တစ်ထည်လုံးကို ချုပ်ထားပေးခဲ့ခြင်း ဖြစ်သည်။

လီချွမ်းကျင်က အံကိုကြိတ်ပြီး ဝမ့်ယုံရွှင်းအား ပြောခဲ့သည်။ “ နွေရာသီရောက်တဲ့အထိ အဲ့ဒါကို ကြည့်ပေးမယ့်သူ တစ်ယောက်လောက် ကျွန်မတို့ ရှာသင့်တယ်။ စန်းယာမှာ မကောင်းတဲ့ စွမ်းအားတွေကို တန်ပြန်နိုင်တယ်လို့ ရှင်ထင်လား။ ကျွန်မတို့ရဲ့ မိသားစုကို ကြည့်ဦး။ လွန်ခဲ့တဲ့ နှစ်လလောက်ထိ အားလုံးက အဆင်ပြေနေတာ။”

ဝမ့်ယုံရွှင်းက ထိုအရာကို ထူးဆန်းစွာ ရှာတွေ့ခဲ့သည်။ အစပိုင်းမှာ ဝမ့်ရင်းက ပြဿနာတစ်ခု ရှိနေခဲ့ပြီး လီချွမ်းကျင်ကိုလည်း ပြန်ပြီး တုံ့ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းမှ ဖြစ်လာသည့် မကောင်းတဲ့ အရာများကိုတော့ နှိုင်းယှဥ်လို့ မရပါ။ ဝမ့်ယောင်ကျုံးက နာရီတစ်လုံးကို လိုချင်ခဲ့သော်လည်း အရိုက်ခံခဲ့ရသည်။ အိမ်ထဲက အသားကလည်း ကြောင်ရိုင်းတစ်ကောင်၏ ယူသွားခြင်းကို ခံခဲ့ရသည်။

အကုန်လုံး မဟုတ်ရင်တောင် ထိုပြဿနာထဲက အချို့မှာ ဝမ့်ရင်းနှင့် ပတ်သက်နေခဲ့သည်။ ဆက်တိုက်ဆိုသလိုပဲ သူတို့က ဘာလို့ ဒီလောက်ထိ ကံဆိုးနိုင်ရမှာလဲ။

“ကောင်းပြီ၊ နောက်ပိုင်း လျှောက်ပတ်သွားပြီး အလုပ်ဖြစ်မယ့် လူတစ်ယောက်ကို ရှာကြမယ်။”

All Chapters