← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

ထိုခေတ်အခါတုန်းက လူများသည် အဲ့လို ကိစ္စမျိုးကို မယုံကြည်ကြသော်လည်း အဲ့လို ကိစ္စမျိုးကို တိတ်တဆိတ် လုပ်ကိုင်ကြသည့် လူအများက ရှိနေခဲ့သည်။ ထျန်းတာရှု၏ မိန်းမလိုမျိုး သမီးနှစ်ယောက် မွေးပြီးနောက် ဒီအသက်အရွယ်မှာ ကလေးထပ်မရနိုင်ဘူးဟု ပြောခဲ့သော်လည်း သူမက ကိုယ်ဝန်ရနေဆဲ ဖြစ်သည်။

လီချွမ်းကျင်က ချွမ့်ကျွီဟွာက ထိုအချိန်တုန်းက အမျိုးသားတစ်ယောက်ရဲ့ ကျင်ငယ်ရေကို တိတ်တဆိတ် တောင်းယူနေခဲ့ပြီး မကြာခင်မှာပဲ သူမက ကိုယ်ဝန် ရသွားသည်ဟု ပြောသံကို ကြားခဲ့ရသည်။

လူတွေကို ထိုကဲ့သို့သော နတ်တွေ၊ ဝိဉာဥ်တွေကို ယုံနေကြဆဲ ဆိုတာကို တွေ့မြင်နိုင်သည်။

လီချွမ်းကျင်က သူမရဲ့စိတ်ကို ပြင်ဆင်ထားပြီး အခုဆိုရင် သူမတို့ မိသားစု နှစ်ခုလုံးက ဘာအဆက်အသွယ်မှာ မရတော့ဘဲ လုံးဝကို ရန်သူတွေလို ဖြစ်သွားခဲ့ရသည်။

တကယ်လို့ ဝမ့်ရင်းရဲ့ဘဝက ဒီထပ်ပိုပြီး ကောင်းလာရင် သူမက ဒီလို အသီးအပွင့် ကောင်းတွေကို သူမက သူမရဲ့ ကိုယ်ပိုင် မိသားစုနှင့် အတူတူ ဝေမျှနိုင်ပါ့မလား။

ထို့ကြောင့် လီချွမ်းကျင်က ထိုအရာကို အဖြေရှာနိုင်ခဲ့သည်။ တကယ်လို့ သူမက ပြန်ပြီး ကံမကောင်းရင်တောင် သူမက ဝမ့်ရင်းကို ဖျက်စီးပစ်တော့မည် ဖြစ်သည်။

ဝမ့်ရင်းသည် သူမရဲ့ အိမ်နီးချင်းက ဘာကို တွေးနေလဲဆိုတာ မသိခဲ့နေခဲ့ပါ။ သို့သော် သူမက သိနေရင်တောင် ဘာကိုမှ ဂရုစိုက်မည် မဟုတ်ပါ။

ဒီလိုလူတွေကို ဒေါသထွက်ရတာထက် ကောင်းကောင်း စားသောက်နေရတာက ပိုကောင်းတယ်။

ငါးခေါက်ဆွဲကို စားပြီးနောက် ရှုရွှမ်းက ကျန်ရှိနေသော ငါးအရိုး၊ ငါးခေါင်းနှင့် ငါးကလီစာများကို ထုတ်ပြီး ဘေးမှာ ထားခဲ့သည်။ ထို့နောက် သူက ပန်းကန်များကို ဆေးဖို့အတွက် အင်္ကျီကို ခေါက်တင်ခဲ့သည်။ ရာသီဥတု အေးလာသည့်အခါ ပန်းကန်ဆေးခြင်းကဲ့သို့ အလုပ်မျိုး လုပ်ဖို့မှာ အတော်လေး ခက်ခဲသည်။ မနက်ပိုင်းတွင် ခြံထဲရှိ ရေကန်မှ ရေဆွဲပြီးနောက် နေ့တစ်ဝက်လောက် အကြာရင် အပေါ်မှာ ရေခဲပြင် ပါးပါးလေးတစ်ခုက ဖုံးသွားခဲ့သည်။ ပန်းကန်ဆေးဖို့ အထဲကရေကို သုံးမည်ဆိုပါက ရေခဲကို ခွဲရမည် ဖြစ်သည်။

ဝမ့်ရင်းက အနည်းငယ် ရှက်သွားခဲ့သည်။ “ကျွန်မ အဲ့ဒါကို လုပ်လိုက်မယ်။”

ဘယ်လိုလုပ် သူတို့က တစ်ယောက်တည်းကိုပဲ အကုန်လုံး လုပ်ခိုင်းလို့ ရမှာလဲ။

ရှုရွှမ်းက သူမအား ဘေးကို တွန်းလိုက်သည်။ “မင်းရဲ့လက်တွေ မညစ်ပတ်စေနဲ့။ ဟိုမှာ ရေနွေးနွေးလေးရှိတယ်။ အဲ့ဒါနဲ့ဆို ဘာမှ ဖြစ်တော့မှာ မဟုတ်ဘူး။”

အိမ်က မီးလင်းဖိုထဲတွင် ရေနွေးအိုး တစ်အိုးကို အမြဲတမ်း တည်ထားခဲ့သည့်အတွက် သူတို့ရဲ့အိမ်မှာ ရေနွေးမပြတ်သွားခဲ့ပါ။

အိုးခွက်၊ ပန်းကန်များကို ဆေးပြီးနောက် ရှုရွှမ်းက ဝမ့်ရင်းကို ပြောခဲ့သည်။ “မင်း နည်းနည်း ပျင်းနေပြီလား။”

သူတို့နှစ်ယောက် အတူတူနေကတည်းက စိုးရိမ်စရာများ နည်းသွားခဲ့သည်။ သို့သော် ဒါကပဲ သူတို့ကို တက်တက်ကြွကြွ သိပ်မရှိစေတော့ပါ။

ဝမ့်ရင်းက သူမရဲ့ခေါင်းကို ခါပြခဲ့သည်။ “ဟင့်အင်း။”

ရှုရွှမ်းက အပြင်ဘက်မှာဆို စကား မများသော်လည်း အိမ်မှာဆိုရင်တော့ အတော်လေး စကားများသည်။ သူတို့နှစ်ယောက်သည် ဘဝရဲ့ ဘယ်လို အချိန်မှာမဆို အချင်းချင်း ရှေ့သွား၊ နောက်လိုက်ညီသည်။ သူတို့က ကိုယ့်အလုပ်နှင့်ကိုယ် မအားလို့ စကားများ မပြောဖြစ်ကြရင်တောင် သူတို့က အတော်လေး သက်တောင့်သက်သာ ရှိနေကြသည်။

ရှုရွှမ်းက လှည့်ကင်းပတ်ရန် သွားခါနီး အချိန်တွင် ဝမ့်ရင်းကို အကြံပေးခဲ့သည်။ “မင်းက ဘာလို့ တပ်မဟာရဲ့ အစည်းအဝေး အခန်းကို မသွားတာလဲ။”

ဝမ့်ရင်းမှာက ဘာမှလုပ်စရာ မရှိသည့်အတွက် မြန်မြန်ပဲ သဘောတူလိုက်သည်။ “ကျွန်မ အမေနဲ့ သွားလိုက်မယ်။”

အမျိုးသမီးကြီး မစ္စရှုက တက်တက်ကြွကြွ ရှိပုံရသည့်အတွက် သူမက သွားဖို့အတွက် ဆန္ဒရှိနေမှာ သေချာသည်။

ဝမ့်ရင်းက နေ့လည်ဘက်တွင် အစည်းဝေးခန်းမသို့ သွားခဲ့သည်။ ဒီလောက် လူတွေအများကြီးကို မြင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ အစည်းအဝေး ခန်းမထဲက ခုံတွေအများကြီးကို ယူသွားကြပြီး ဘာမှမရှိသည့် အခန်းလွတ်ကြီးထဲတွင် လူတွေအများကြီးနဲ့ ပြည့်နေခဲ့သည်။

ပြောင်းတိုက်ဖို့အတွက် အမျိုးသမီး ခုနစ်ယောက်၊ ရှစ်ယောက်လောက်က စုနေခဲ့ကြသလို အင်္ကျီနှင့် ဖိနပ်များ ချုပ်ဖို့အတွက်လည်း အမျိုးသမီးကြီး တစ်ဖွဲ့က အတူတူ စုနေခဲ့ကြသည်။ အိမ်ထဲတွင် လူတွေများစွာ ရှိနေသည့်အတွက် မီးလင်းဖိုများကို အခန်းရဲ့ ထောင့်များတွင် ထားခဲ့ကြသည်။ လူတွေက ထိုအရာဟာ နွေးတယ်ဟု ပြောကြသော်လည်း တကယ်တမ်းမှာတော့ မီးလင်းဖို၏ သက်ရောက်မှုမှာလည်း ကန့်သတ်ချက် တစ်ခု ရှိနေခဲ့သည်။ အဓိက အကြောင်းအရာမှာ ထိုအခန်းထဲတွင် လူတွေများစွာ ရှိနေသည့်အတွက် တံခါးများကို ပိတ်လိုက်ပြီး သူတို့က အတူတူ စုနေလိုက်တာနှင့် အေးတယ်ဟု ခံစားရတော့မည် မဟုတ်ပါ။

လီချွမ်းကျင်လို နွေးနွေးထွေးထွေး နေချင်သည့် လူတွေကလည်း အများအပြား ရှိနေခဲ့သည်။ သူတို့အားလုံးက ထိုင်ခုံကို ယူလာရင် ယူလာ၊ မဟုတ်ပါက ကြမ်းပြင်မှာ ထိုင်နေခဲ့ကြသည်။ အိမ်ထဲမှာလည်း ကလေးတွေက ဟိုဟိုဒီဒီ ပတ်ပြေးနေပြီး နေရာတိုင်းမှာ ပွစိပွစိ ပြောနေခဲ့ကြသည်။

ဝမ့်ရင်းနှင့် အမျိုးသမီးကြီးရှုက ထိုင်စရာ နေရာ တစ်နေရာကို တွေ့ရှိခဲ့သည်။ အမျိုးသမီးကြီးရှုက သူမ ချုပ်လုပ်နေသည့် ပိတ်စတစ်စကို သူမရဲ့လက်ထဲတွင် ကိုင်ထားခဲ့သည်။ သူမ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူမကို လာပြီး နှုတ်ဆက်ခဲ့သည်။

“အိုး၊ ဒါက ဘယ်သူ့အတွက် လုပ်နေတာလဲ။ ကောင်းလိုက်တဲ့ အစလေး။”

လှတယ်မလား။ ဒီအရောင်က အနီရောင် မဟုတ်တာတောင် အဖြူပေါ်မှာ ပန်းပွင့်ပုံစံလေးတွင် ရှိနေတော့ ဘယ်လိုပဲ ကြည့်ကြည့် အဲ့ဒါက ခေတ်ဆန်တယ်လေ။

အမျိုးသမီးကြီးရှုက လူအများနှင့် ရင်းနှီးသည့်အတွက် သူမက ကြည့်ကာ ပြောခဲ့သည်။ “ငါတို့ မိသားစုထဲမှာ ဘယ်သူက အဲ့လိုမျိုး ဝတ်လို့လဲ။ အဲ့လိုတွေဝတ်တာ ငါပဲ ရှိတာမလား။ တကယ်လို့ ငါသာ အဲ့လိုမျိုး အရောင်တောက်တောက်ကြီးတွေ ဝတ်ရင် ငါ့ကို မသိတဲ့သူကတော့ ငါက အခြား ယောက်ျားတစ်ယောက်ကို သွားရှာမှာလို့ တွေးနေတော့မှာ။”

အမျိုးသမီးကြီးတစ်စုက ထရယ်လိုက်သည့်အတွက် ဝမ့်ရင်းက အနည်းငယ် ရှက်သွားခဲ့သည်။

“ဝိုး၊ ငါတို့တွေ ဒီလိုမျိုး ဂရုစိုက်ပေးတတ်တဲ့ ယောက္ခမမျိုးကို ဘယ်မှာ သွားရှာလို့ ရမှာလဲ။”

အမျိုးသမီးကြီးရှုက လက်မခံဘဲ ကြွားလုံးထုတ်ခဲ့သည်။ “ရင်းက ငါ့ကို တစ်ခုခု လုပ်ပေးဖို့အတွက် သားငယ်လေးကနေ တစ်ဆင့် ဟိုရက်တုန်းက ပြောလိုက်တာ။ ဝက်ဦးနှောက်ကို Gastrodia elata နဲ့ ချက်ခိုင်းတာ။ အဲ့ဒါက ဘာလဲဆိုတာ နင်တို့ရော သိကြလားဟင်။”

“အဲ့နာမည်က ဆေးဖက်ဆိုင်ရာ အခေါ်အဝေါ်နဲ့ ဘာဖြစ်လို့ တူနေရတာလဲ။”

အမျိုးသမီးကြီး မစ္စရှုက အင်မတန် ဂုဏ်ယူနေခဲ့သည်။ “အဲဲဒါက တရုတ်ဆေး တစ်မျိုးပဲ။ ရှာဖို့က ခက်ခဲတယ်။ ငါလေ အဲ့ဆေးကို သောက်ပြီးနောက်ပိုင်း ထပ်ပြီး ခေါင်းမကိုက်တော့ဘူး။ ပြီးတော့ ငါက တစ်ခါစားရင် နှစ်ပန်းကန်လောက် စားနိုင်တယ်။”

“ဘယ်လိုဆေးက ဒီလောက်ထိ အာနိသင် ရှိနေရတာလဲ။ ရင်းမိန်းကလေး၊ အဒေါ်တို့ကိုရော ဆေးနည်းနည်းလောက် ပေးလို့ရလား။”

ဝမ့်ရင်းက ထိုဆေးကို ပုံမှန်အတိုင်း မညွှန်းပေးရဲသည့်အတွက် မြန်မြန်ပဲ ငြင်းလိုက်သည်။ “ဒီဆေးက ကျွန်မရဲ့ အမေနဲ့က တည့်တယ်။ အဒေါ်တို့က ကျန်းမာရဲ့သားနဲ့ ဘာလို့ ဆေးသောက်ရမှာလဲ။ အဲ့ဆေးသောက်လိုက်မှ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ။”

ထိုအမျိုးသမီးကြီးများက အကြောင်းအရင်း တိတိကျကျ မရှိပါ။ “အဲဲဒါကတော့ မှန်ပါတယ်။ ဒါပေမယ့် ရင်းမိန်းကလေး၊ သမီးက တကယ် နေမကောင်းဖြစ်တာတွေကို ကုပေးနိုင်တာလား။”

ထိုကာလအတွင်း ဝမ့်ရင်းထံ ရောက်လာကြသော လူအများစုသည် အအေးမိခြင်းကဲ့သို့ အသေးစား ရောဂါများအတွက်သာ လာခဲ့ကြခြင်း ဖြစ်သည်။ အသက်ကြီးနေသော အမျိုးသမီးများက အားနည်းနေကြသည်။ အကြောင်းမှာ အလွတ်တမ်း ဆရာဝန်က သူတို့ကို မစမ်းသပ်ပေးခြင်းကြောင့် ဖြစ်သည်။

ဝမ့်ရင်းက ဘာကတိမှ အများကြီး မပေးခဲ့ပါ။ “အပြင်းဖျားတာတွေ အတွက်ကျတော့ ကျွန်မတို့က ကောင်စီဆေးရုံကို သွားကြရမယ်။ ကောင်စီဆေးရုံမှာက ပစ္စည်းကိရိယာ အစုံအလင် ရှိတယ်။ တစ်ချို့ ဖျားနာတာတွေက တိတိကျကျ စမ်းသပ်လို့မရဘူး။ ဒါပေမယ့် ကောင်စီမြို့က ဆေးရုံမှာက X-rays စက်တွေ ရှိတယ်။ တစ်ခါတစ်လေဆို သူတို့က တစ််ချက်တည်း ကြည့်လိုက်ရုံနဲ့ ဘယ်နေရာမှာ ဘာဖြစ်လဲဆိုတာကို ပြောပြနိုင်တယ်။”

“အဲဲဒါက ဓာတ်ပုံရိုက်လိုက်သလိုပဲလား။”

ဝမ့်ရင်း - “….. ဟုတ်တယ်။ ပုံစံကတော့ အဲ့လို အလားတူပဲ။ ဒါပေမယ့် X-rays စက်တွေက အထဲကိုပါ မြင်ရတယ်။ အဲ့ဒါတွေကနေ ကိုယ်တွင်း ကလီစာတွေကိုပါ မြင်နိုင်တယ်လေ။”

“ဘုရားရေ။ ကြားရတာ ကျောချမ်းစရာ ကောင်းလိုက်တာ။”

“အဲဲဒါဆို အဒေါ်က နေမကောင်း မဖြစ်ဘဲနဲ့ရော ဓာတ်ပုံတစ်ပုံလောက် သွားရိုက်လို့ရော ရလား။ အဲ့လို ဓာတ်ပုံတစ်ပုံ ရိုက်ဖို့က ပိုက်ဆံတွေ အများကြီး ကုန်ကျမှာလား။”

ဝမ့်ရင်း - “တစ်ချိန်လုံးတော့ ဘယ်လိုလုပ် သွားလို့ရပါ့မလဲ။ အလင်း ထိုးဖောက်မှု အရမ်းများတာက ခန္ဓာကိုယ်အတွက် မကောင်းဘူး။ တစ်ခါတစ်လေ ကျွန်မတို့က ရောဂါရဲ့ အရင်းအမြစ်ကို ရှာမရတာတို့၊ ဒါမှမဟုတ် ရောဂါလက္ခဏာတွေက အရေးပေါ် ဖြစ်နေတာမျိုးမှ။ အဲ့လိုတွေ စစ်ဆေးပြီးမှ ဆရာဝန်ကပဲ သင့်တော်တဲ့ ဆေးကို ညွှန်းပေးလို့ ရနိုင်မှာလေ။”

“ဒါဆို သမီးကရော အဲ့လိုပုံတွေ ရိုက်တတ်လား။ ဒါက ရုပ်ရှင်ပြတာနဲ့ရော တူလား။ အဲ့ဒါကို လေ့လာဖို့ကရော အချိန်ကြာမှာလား။”

အမျိုးသမီးကြီးများက တစ်ယောက်ပြီး တစ်ယောက် မေးခွန်းတွေအများကြီး မေးနေခဲ့သော်လည်း ဝမ့်ရင်းက စိတ်မရှည်သည့် ပုံစံမျိုး ဖြစ်မနေခဲ့ပါ။ သူမက ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ပြုံးရင်း ဖြေနေခဲ့သည်။

အမျိုးသမီးကြီးရှုက သူမကို ကြည့်လေလေ၊ သူမက ပိုပြီး ပျော်လေလေ ဖြစ်နေခဲ့သည်။ သူမဘေးက အမျိုးသမီးက သူမကို ပုပ်ကာ အားကျစွာဖြင့် ပြောလိုက်သည်။ “အစ်မက တကယ်တော်တဲ့ ချွေးမလေးကို ရထားတာပဲ။”

သူမကိုကြည့်ရတာ ကြောက်နေတတ်သော်လည်း အခုဆိုရင် သူမက အတော်လေး ယုံကြည်ချက်ရှိပြီး ပင်ကိုယ်အတိုင်းလေး ရှိနေခဲ့သည်။ ထို့အပြင် သူမကို ကြည့်လိုက်ရုံဖြင့် နှစ်လိုဖွယ် ကောင်းနေခဲ့သည်။

သူမက အားလုံးကို ရှင်းပြပြီးသွားသည့်နောက် အမျိုးသမီးကြီးရှုက သူမကို ဂုဏ်ပြုပေးဖို့ မေ့မနေခဲ့ပါ။ “ ဘုရားရှင်က ကျေးဇူးကြီးလိုက်တာ။ ငါ့ရဲ့ ကလေးမလေးက အရမ်း ကြည့်လို့ကောင်းတာပဲ။”

အမျိုးသမီးကြီးရှုက ဝမ့်ရင်းသည် ရှုရွှမ်းနှင့် ဘယ်လိုလုပ် ချစ်မိသွားလဲဆိုတာကို သူမလည်း မသိခဲ့ပါ။ သူမရဲ့သားမှာ ပြဿနာ ကြီးကြီးမားမား မရှိသော်လည်း သူက အတော်လေး အနေအေးသည်။ အဲ့လိုမှ မဟုတ်ပါက အရင်တုန်းက အမျိုးသမီးကြီး မစ္စရှုသည် အရမ်းကြီး စိုးရိမ်နေရမည် မဟုတ်ပါ။ သူမက ချွေးမတစ်ယောက်ကို ရွေးထားပြီးသား ဖြစ်နေကာ သူမသားက အနှေးနှင့်အမြန် ထွက်ပြေးသွားပြီး တစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်နေခဲ့သည်။

ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ လက်ထပ်လိုက်သည့်အခါ မစ္စရှုက ရက်အတော်ကြာ တွေးပြီး နောက်ဆုံးမှာတော့ ဝမ့်ရင်း ရှုရွှမ်းကို ရွေးလိုက်တာဟာ သူ့ရဲ့ ရုပ်ရည်ကြောင့်ဖြစ်မှာ သေချာသည်ဟု တွေးမိလိုက်သည်။

အမျိုးသမီးကြီး မစ္စရှုက သူမရဲ့ရင်ဘက်ကို ပုတ်ကာ သက်ပြင်းချခဲ့သည်။ ထို့နောက် သူမက ဝမ့်ရင်း သဘောကျသော ကျန်းမာသည့် သားတစ်ယောက်အား မွေးခဲ့ရသည်မှာ ကံကောင်းသည်ဟု ရေရွတ်လိုက်သည်။

တစ်ခါတစ်လေ သူမက ကြည့်ကောင်းတဲ့ ကောင်လေးတွေဆိုတာ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးမိခဲ့တာ။ ဒါပေမယ့် အခုဆိုရင် ကြည့်ကောင်းတာကလည်း တကယ် အဆင်ပြေတယ်လို့ တွေးနေမိပြီ။ ကြည့်ပါဦး။ နင့်ရဲ့မျက်နှာကိုပဲ ကြည့်မယ့် မိန်းမ တစ်ယောက်ကို မရှာနိုင်ဘူးလား။

ဝမ့်ရင်းက လူကြီးတွေအကြားမှာ အတော်လေး ကောင်းကောင်းမွန်မွန် လုပ်ပေးနေခဲ့သည်။ အစတုန်းက သူမသည် နှစ်တွေအများကြီး အတွေ့အကြုံရှိခဲ့သော စိတ်ထားနူးညံ့သည့် ဆရာဝန်တစ်ယောက် ဖြစ်သည်။ သူမက အခြားသူများအပေါ်မှာလည်း စိတ်ရှည်သည်။ မကြာခင်မှာပဲ လူအများက သူမထံ အိမ်မှာ ကိုယ်တိုင်လုပ်ထားသော ပဲမှုန့်များကို လာပေးခဲ့ကြသည်။

လီချွမ်းကျင်က အခြား အတင်းတုပ်သူများနှင့် အဖွဲ့ကျနေခဲ့ပြီး ပြောင်းစေ့များကို ကောက်ကာ အတင်းတုပ်နေခဲ့သည်။

“သူ့ရဲ့ မျက်နှာချိုသွေးနေတဲ့ အပြုအမူကိုလည်း ကြည့်လိုက်ဦး။”

“ဘာလုပ်ရမလဲ ငါတောင် မသိတော့ဘူး။”

“နင်က ငပျင်းပဲ။ ဒီမှာလာထိုင်နေတာ၊ ပြောင်းတွေ မရှာချင်လို့မလား။”

လီချွမ်းကျင် - “နင် မသိပါဘူးဟာ။ သူက အရမ်း အပျင်းကြီးပြီး သူ့ရဲ့ အလုပ်တွေကို ရှုရွှမ်းကိုပဲ လုပ်ခိုင်းနေတာ။ သူက အလုပ် လုပ်ရုံတင်မကဘူး နေ့တိုင်း အိမ်မှာပဲ စားရတာ။”

လီချွမ်းကျင်က ထိုအကြောင်းကို တွေးမိသည့်အခါ မနေနိုင်ဘဲ သွားရည်များ ကျလာခဲ့သည်။ လွန်ခဲ့သောနှစ်ရက် သူမ ပြန်လာကတည်းက စားချိန်ရောက်တိုင်း ဝမ့်ရင်းအိမ်က ချက်ပြုတ်နေသည့် ဟင်းနံ့များကို ရနေခဲ့သည်။

“သူက စားဖို့ပဲသိတာ။ ငါ့အထင် အနှေးနဲ့ အမြန်ပဲ ရှုရွှမ်းက သူ့ကို ဖျက်စီးပစ်လိမ့်မယ်။”

အမျိုးသမီးများအားလုံးက စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ ဝမ့်ရင်းက ကြီးလာတဲ့အခါ လူငယ်တစ်ယောက်နှင့် လက်ထပ်ပြီး သူတို့ ပေးသမျှ ဖိအားတွေအကုန်ကို လက်ခံကာ စားစရာ၊ သောက်စရာများကိုလည်း သူတို့နှင့်အတူ ဝေမျှကာ စားသောက်မည်ဟု တွေးထားခဲ့သည်။

ဝမ့်ရင်းက အဲ့လိုနည်းအတိုင်း ဖြစ်မလာဘူးလို့ ဘယ်သူကများ ထင်ထားပါ့မလဲ။

ဝမ့်ရင်းက သူတို့နှင့်ပတ်သက်ချင်သည့် ဆန္ဒမျိုးလည်း ရှိမနေဘဲ အသက်ကြီးသော သူများနှင့်သာ ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သည်။

“အဖွဲ့ခေါင်းဆောင် ရောက်လာရင် ငါတို့ ရောက်လာကတည်းက ပြောင်းတွေ တူးနေတာလို့ သူ့ကို ပြောလိုက်မယ်။ ငါတို့တွေ ဒီနေရာမှာ ဘာမှမလုပ်ဘဲနဲ့တော့ ထိုင်နေလို့ မရဘူး။”

များစွာသော အမျိုးသမီးများသည် ဝမ့်ရင်းက အသုံးမကျ ဖြစ်နေသည်ကို မမြင်ရတာက သူတို့အတွက် နှလုံးသားကို ဓားနဲ့ မွှန်သည့်အလား ဖြစ်နေခဲ့သည်။

သူတို့အားလုံးမှာ ချွေးမတွေ ရှိရဲ့သားနဲ့ ဘာလို့ သူတို့ကျ ဒီလိုအလုပ်မျိုး ရှိမနေရတာလဲ။

လူအနည်းစုက ထိုအကြောင်းကို ဆွေးနွေးပြီးနောက် သူတို့က ထျန်းယိုဖု ရောက်လာမှာကို စတင်ပြီး စောင့်နေခဲ့ကြသည်။

ရလဒ်အနေနဲ့ကတော့ သူတို့ ဘယ်လောက်ပဲ စောင့်နေပါစေ ထျန်းယိုဖုကတော့ ရောက်မလာပါ။

အချို့သော လူအများက သူတို့ရဲ့ ကလေးများကို လမ်းညွှန်ပေးနေခဲ့သည်။ “ငါတို့တွေ ဘယ်အချိန် စရမလဲဆိုတာ သွားပြီး မေးလိုက်ဦး။”

အချိန်ခနလောက် စောင့်နေပြီးနောက် ထျန်းယိုဖုက ရောက်မလာဘဲ စုန့်တာကွေ့က ရောက်လာခဲ့သည်။

စုန့်တာကွေ့ - “ဒီနေ့တော့ အစည်းဝေးပွဲ မလုပ်ဖြစ်ပါဘူး။ လူတိုင်းရဲ့ လုပ်ခရမှတ်တွေကို တွက်ကြရအောင်။ လူတိုင်း ဒီမှာပဲ နေကြပါ။ ပြီးရင် မင်းတို့ကို တစ်ခုခု ပြောဖို့အတွက် ယိုဖုကို ငါခေါ်လိုက်ပါ့မယ်။”

လုပ်ခရမှတ်များကို တွက်ချက်ပေးမည်ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက ထွက်မသွားဘဲ စောင့်နေခဲ့ကြသည်။

တစ်စုံတစ်ယောက်မှ ထမေးခဲ့သည်။ “ဘာတွေ ဖြစ်နေလို့လဲ။ ကျွန်တော်တို့က အဖွဲ့မှူး လာမှာကို စောင့်နေကြတာ။ လုံခြုံရေးမှူးကြီး၊ ခဗျားပြောလို့ရော အဆင်ပြေတယ်မလား။”

စုန့်တာကွေ့က သူ့ရဲ့လက်ကို ခါပြခဲ့သည်။ “စောင့်ပဲ စောင့်လိုက်ကြပါ။ သူ မကြာခင် ဒီကို ရောက်လာပါလိမ့်မယ်။”

အခုဆိုရင် ဒါက ကိစ္စကြီးတစ်ခုဆိုတာ လူတိုင်းက သိနေခဲ့ကြပြီ ဖြစ်သည်။

အစည်းအဝေး ခန်းမထဲတွင် တစ်နာရီနီးပါး ကုန်ဆုံးသွားပြီးနောက် ထျန်းယိုဖုက ပြန်ရောက်လာခဲ့သည်။

နေ့လည်ပိုင်းတွင် နှင်းတွေက ထပ်မံ ကျလာခဲ့သည်။ ထျန်းယိုဖုရဲ့ ပုခုံးက စိုနေခဲ့ပြီး သူ့ရဲ့ ခွေးသားရေ ဦးထုပ်ကလည်း နှင်းမှုန်များဖြင့် ဖုံးနေခဲ့သည်။

ထျန်းယိုဖုရဲ့မျက်နှာက အဆင်ပြေသည့်ပုံ ပေါ်မနေခဲ့ပါ။ ထို့နောက် သူက လူတိုင်းကို မတ်တပ်ရပ်ဖို့အတွက် ပြောခဲ့သညိ။ “မင်းတို့ရဲ့ ကလေးတွေကို အပြင်ထွက်ပြီး အော်ဖို့ ပြောလိုက်။ အဲ့ဒါကို မိသားစု တစ်စုကို တစ်ယောက်ပဲ လုပ်ရမယ်။”

ဝမ့်ရင်းက လူအုပ်ရဲ့ အနောက်မှာ ရပ်နေရင်း စိတ်ရှုပ်သွားခဲ့သည်။

လူတိုင်း ရောက်လာသည့်အခါ အစည်းအဝေး ခန်းမကြီးက ဆူညံသံများဖြင့် ပြည့်သွားခဲ့သည်။

“ငါတို့ကို ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ။ ဒီထဲမှာ ဘာအခန်းမှတောင် မကျန်တော့ဘူး။”

“မင်း ဘာတွေ ပြောနေတာလဲ။ မင်းရဲ့ စကားတွေကို မြန်မြန် ရပ်လိုက်။ ငါက မီးလင်းဖိုနားကနေ ထလာရတာ။ ချမ်းလွန်းလို့ သေတော့မယ်။”

“အဲဲဒါက နှင်းကျနေတာနဲ့ ဘာဆိုင်လို့လဲ။”

All Chapters