အခန်း (၆၀)
Vol. 5 Ch. 60
လူတိုင်းကို တိတ်တိတ်နေဖို့အတွက် ထျန်းယိုဖုက အော်ပြောလိုက်ပြီးနောက် စုန့်တာကွေ့က တပ်သားများကို ခြံရံကာ လူနှစ်ယောက်အား ခေါ်ဆောင်လာခဲ့သည်။
ဝင်လာသော လူနှစ်ယောက်လုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး သူတို့နှစ်ယောက်ကို ကြည့်ရတာ အမေနှင့်သမီး ဖြစ်ပုံရသည်။ အသက်ကြီးသည့် တစ်ယောက်က လေးဆယ်နီးပါးရှိပြီး သူမရဲ့ပုံစံမှာ အရပ်ရှည်ပြီး လှပသော မျက်နှာလေး ရှိသည်။ သို့သော် သူမက အရိုးချည်းပဲ ရှိသကဲ့သို့ ပိန်ပါးနေခဲ့သည်။ သူမရဲ့ဆံပင်မှာ စိုရွှဲပြီး ခဲနေကာ မျက်လုံးနှင့် မျက်ခုံးပေါ်မှာလည်း နှင်းချပ်များ ရှိနေခဲ့သည်။ ဒီလိုရာသီဥတုမျိုးမှာ သူမက ဒီလို အင်္ကျီတစ်ထပ်တည်း ဝတ်ထားပြီး အတော်ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေခဲ့သည်။ သူမ ထိုနေရာတွင် ရပ်လိုက်သည့်အခါ လဲကျမလိုတောင် ဖြစ်သွားခဲ့သည်။
သူမအနောက်မှာ ကောင်မလေးငယ် တစ်ယောက်က ရှိမနေသည့်အတွက်သာ လဲမကျသွားခြင်း ဖြစ်သည်။ ထိုကောင်မလေးက ၁၃ နှစ်၊ ၁၄နှစ်သာ ရှိသေပြီး သူမကလည်း ပိန်ပိန်လေး ဖြစ်သည်။ သို့သော် သူမရဲ့ မျက်လုံးများက တလက်လက် တောက်ပနေခဲ့ပြီး သူမရဲ့ အဝတ်တွေကတော့ သူမအမေထက် ပိုထူသည်။ သူမက မိခင်ကို သေသေချာချာ ထိန်းထားပြီး သူတို့ နှစ်ယောက်လုံးက တံခါးနားမှာ ရပ်နေခဲ့သည်။
ရှုရွှမ်းက တံခါးကိုဆွဲကာ ဝမ့်ရင်းအနောက်တွင် ရပ်လိုက်သည်။ သူက ဝမ့်ရင်းရဲ့လက်ကို အဝတ်အောက်ကနေ မြန်မြန်ပဲ ကိုင်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြုံးပြနေခဲ့ပြီး ထျန်းယိုဖု ဘာပြောမလဲဆိုတာကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။
ထျန်းယိုဖုက လည်ချောင်းရှင်းလိုက်ပြီး စကားရှည်ကြီး တစ်ခွန်းကို ပြောခဲ့သည်။ ထို့နောက် သူက ထိုအမျိုးသမီးနှစ်ယောက်၏ အကြောင်းကို ပြောခဲ့သည်။
“ချန်ရှုဖန်းက ပီကင်း အော်ပရာ ပြဇာတ်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ။”
ဝမ့်ရင်းက ထိုစကားကို ကြားပြီးနောက် သူမက ထိုလူနှစ်ယောက်၏ အကြောင်းကို သိလိုက်သည်။ အသက်ကြီးသည့် တစ်ယောက်က အော်ပရာ အဆိုတော် တစ်ယောက်ဖြစ်သည်။ သူမရဲ့ အဝတ်တွေ မီးလောင်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး လူတစ်ယောက်နှင့် ပြဿနာတစ်ခု ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူမကို မကောင်းတဲ့သူအဖြစ် စာရင်းသွင်းလိုက်ကာ ပေကျင်းသို့ ပို့ခဲ့သည်။ သူမက ထိုနေရာသို့ ပို့ခံလိုက်ရသည်။
အငယ်လေးက သူမရဲ့ သမီးမဟုတ်ပါ။ တိတိကျကျ ပြောရရင် သူမရဲ့ အလုပ်သင်ဟု သတ်မှတ်လို့ ရနိုင်သည်။ သို့သော် သူမက အတူတူ လိုက်ဖို့အတွက် တောင်းဆိုခဲ့ခြင်းကြောင့် သူတို့နှစ်ယောက်လုံးကို ခုနစ်ခုမြောက် တပ်မဟာသို့ ပို့ဆောင်လိုက်ကြသည်။
ဒီလိုကိစ္စမျိုးကို ကြုံတွေ့ရတာ တပ်မဟာအတွက် ပထမဆုံးအကြိမ်ပဲ။ ဒီလိုလူတွေကို မြို့ပြင် ပို့ပစ်တယ်ဆိုတာ အရင်ကပဲ ကြားဖူးတာ။ ဒါပေမယ့် သူတို့ကို အမြဲလိုလို အနောက်မြောက်ဘက်နဲ့ လယ်ထဲပဲ ပို့ကြတာပါ။ သူတို့ထဲက အများစုကို သူတို့ရဲ့ ကိုယ်ပိုင် တပ်မဟာထဲပဲ ပို့ပစ်ကြတာ။ အဲ့တော့ ထျန်းယိုဖုက လူတွေကို ပြုပြင်ဖို့ လုပ်တာမျိုး မြင်ရတာ ဒါက ပထမဆုံး အကြိမ်ပဲ။
ထျန်းယိုဖုက ဆက်တိုက်ပဲ ပြောခဲ့ပြီး အခု ဖြေရှင်းဖို့ လိုအပ်သည့် ပြဿနာများကို အကျဥ်းချုပ် ပြောခဲ့သည်။ ထိုပြုပြင်ရမည့် ကိစ္စများကလည်း ပြန်လည် နေရာချထားဖို့ လိုအပ်ကာ စည်းမျဥ်းများလည်း သတ်မှတ်ရဦးမည် ဖြစ်သည်။
လူတွေ ဘယ်နေရာမှာ နေရမလဲ ဆိုတာကတော့ ပထမဆုံး အကြောင်းအရာ ဖြစ်သည်။ တကယ်တမ်း ဒီတစ်ကြိမ်မှာတော့ လူတွေ အများကြီးက သူတို့ဟာ နွားတင်းကုပ်ထဲသို့ ပို့ခံခဲ့ရကြောင်းကို ပြောခဲ့သည်။ ဒါက တိတိကျကျ မဟုတ်ပါ။ တပ်မဟာထဲတွင် နွားများက အတော်လေး တန်ဖိုးကြီးသည်။ တပ်မဟာထဲရှိ လူများသည် နွားများကို မွေးမြးဖို့ တာဝန်များ ပေးခံကြရသည်။ နှင်းကျများသည့် ဆောင်းတွင်းချိန်သို့ ရောက်လာသည့်အခါ နွားများ တစ်ခုခုဖြစ်မှာ ကြောက်သည့်အတွက် ထျန်းယိုဖုက နွားများအတွက် ခိုင်မာသော နေရာများ တည်ဆောက်များဖို့အတွက် လူများကို အထူးတလည် ထားရှိသည်။
တကယ်လို့ ပြန်လည် ပြုပြင်ရမည့် သူများကို နွားများနှင့်အတူ ထားပါက ထျန်းယိုဖုသာမက အဖွဲ့ဝင်များကပါ စိတ်ညစ်ရမည် ဖြစ်သည်။ ထိုမကောင်းတဲ့ သူများကသာ နွားများကို သတ်သွားပါက ဘယ်သူကများ တာဝန်ယူပါ့မလဲ။
ထို့ကြောင့် ထျန်းယိုဖုက လက်ရှိအချိန်မှာ ထိုလူများကို ဘယ်နေရာမှာ ထားရမလဲ ဆိုတာကို အတော်လေး စိုးရိမ်နေရသည်။
ထိုပြန်လည် ပြုပြင်ရမည့် နေရာမှာ လူတွေနှင့် နီးကပ်နေလို့ မဖြစ်ပါ။ ထို့ကြောင့် အဖွဲ့ဝင်များ လမ်းမပျောက်ရန်နှင့် သိပ်မဝေးသည့် နေရာတွင် ထားရှိရမည် ဖြစ်သည်။ သို့မှသာ ကင်းလှည့် အဖွဲ့များက ထိုနေရာသို့ သွားပြီး ကင်းလှည့်နိုင်မည် ဖြစ်သည်။
ထျန်းယိုဖုမှ အကြံပေးခဲ့သည်။ “ သူတို့ကို တောင်ရဲ့ အနောက်ဘက်နေရာဆီ ပြန်ပြီး နေရာချထားပေးမလို့။ အဲ့က အိမ်တွေက ပျက်စီးနေပြီမလား။ အဲ့အိမ်တွေကို ပြန်ပြင်ပေးပြီး လူတွေကို အဲ့နေရာဆီ ရွှေ့ပေးလိုက်။ တပ်မဟာက နောက်မှ စားစရာတွေ ခွဲပေးမယ်။ အဲ့လိုဆို သူတို့က နောက်နှစ် နွေဦးရာသီအထိ မြေသြဇာတွေကို သယ်သွားလို့ရပြီ။”
သူတို့က ပြန်လည် ပြုပြင်မယ့်သူတွေကို အရမ်းကြီး ကောင်းကောင်းမွန်မွန် မဆက်ဆံရင်တောင် သူတို့ကို မြို့ပြင်ဆီ ပို့ပစ်တာကတော့ ဆုံးရှုံးမှု တစ်ခု ဖြစ်လိမ့်မည်။ ဒါပေမယ့် ထျန်းယိုဖုက အခြား လူတွေဆီကနေ အမြတ်ထုတ်မယ့် သူမျိုးတော့ မဟုတ်ပါပေ။ ဘာလို့လဲဆိုတော့ သူတာဝန်ပေးလိုက်တဲ့ လူနှစ်ယောက်က အမျိုးသမီးတွေ ဖြစ်နေလို့ပဲ။
သူတို့ထဲက တစ်ယောက်က ငယ်ငယ်လေးပဲ ရှိသေးတာ။ တကယ်လို့ သူတို့နှစ်ယောက်အတွက် စီစဥ်ပေးတာတွေက လိုအပ်ချက် ရှိသွားရင် ဒီဆောင်းတွင်းမှာ သူတို့နှစ်ယောက်လုံး အသက်မရှင်မှာ စိုးရိမ်မိသည်။
လီချွမ်းကျင်က သူမရဲ့ မကျေနပ်ချက်ကို အရင်ဆုံး ထုတ်ပြောခဲ့သည်။ “ဘာလို့ ကျွန်မတို့က ဘာတို့ကို စားစရာတွေ ခွဲပေးရမှာလဲ။ ဒါက ကျွန်မတို့ တပ်မဟာရဲ့ ရိက္ခာတွေလေ။ ပြီးတော့ သူတို့မှာက ဘာလုပ်ခ ရမှတ်မှ ရှိမနေတာ။ တကယ်လို့ ကျွန်မတို့က သူတို့ကို ရိက္ခာတွေ ပေးလိုက်ရင် ကျွန်မတို့ပဲ ဆုံးရှုံးရမှာ မဟုတ်ဘူးလား။”
ထျန်းယိုဖုရဲ့ မျက်နှာက ခပ်တည်တည် ဖြစ်သွားခဲ့သည်။ “ဒါဆို ငါတို့ ဘာလုပ်သင့်တယ်ဆိုတာ မင်း ပြောကြည့်။”
လီချွမ်းကျင်က မတုံ့မဆိုင်းဘဲ ပြောခဲ့သည်။ “ကျွန်မတို့က အခြား တပ်မဟာတွေ လုပ်တဲ့အတိုင်း လုပ်ရမယ်။”
အခြားတပ်မဟာတွေက သူတို့အတွက် စုတ်ပြတ်နေတဲ့ အိမ်တစ်အိမ်ကို ရှာပေးပြီး အမိုးအဖြစ် ပြောင်းရိုးကိုသုံးကာ အခြား ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ အစည်းအဝေး လုပ်မည့် အချိန်သို့ ရောက်လာသည့်အခါ သူတို့ကို ဆွဲခေါ်လာပြီး အပြစ်တင်ခဲ့ကြသည်။ သူတို့က အခက်ခဲဆုံး အလုပ်ကို လုပ်ကြရပြီး ရိက္ခာကိုလည်း အနည်းဆုံးသာ ရခဲ့ကြသည်။
ထျန်းယိုဖု၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ “ဒါဆို လက်မြှောက်ပြီးပဲ မဲခွဲ ဆုံးဖြတ်ကြတာပေါ့။”
သူသည် ထိုကဲ့သို့သော ကိစ္စများတွင် တစ်ဖက်သတ် ဆုံးဖြတ်လေ့ မရှိပါ။ အကြောင်းမှာ လူအများရဲ့ တာဝန်ကို လက်ခံထားရသော သူများက ဒီလို ဘဝနှင့်ဆိုင်သော ကိစ္စများတွင် ပါကို ပါဝင်ကြရမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုအစည်းအဝေးပွဲတွင် လီချွမ်းကျင်လို လူမျိုးက အများကြီး ရှိမနေခဲ့ပါ။ ဆန့်ကျင်ဖို့အတွက် လက်ထောင်သည့် လက်နည်းစုကလွဲလို့ လူအများစုက ထျန်းယိုဖု၏ သဘောထားကို သဘောတူ လက်ခံခဲ့ကြသည်။
ထျန်းယိုဖုကလည်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းချခဲ့သည်။ “ဒါဆို ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။ အခု လူတစ်ယောက်ကို ရွေးချယ်ကြရအောင်။ ငါတို့အဖွဲ့ရဲ့ ပြန်လည် ပြုပြင်ဖို့ လူတွေရဲ့ လုပ်ငန်းစဥ်ကို လမ်းပြပေးမယ့် လူတစ်ယောက်ကို ငါတို့ လိုအပ်တယ်။”
အတိုချုပ်ပြောရရင် ဒါက မင်းတို့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် ရှာနေတယ်လို့ ဆိုလိုလိုက်တာပဲ။
ထျန်းယိုဖုက အမျိုးသားများကို မကြည့်ခဲ့ပါ။ “ဒီအလုပ်က အမျိုးသမီး တပ်သားတွေ အတွက်ပဲ။ တကယ်လို့ ဒီိကိစ္စကို စိတ်ဝင်စားတဲ့ သူတွေရှိရင် မင်းတို့ရဲ့လက်ကို မြှောက်လိုက်ကြပါ။”
ထိုအခန်းထဲတွင် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
တံခါးနားတွင် ရပ်နေကြသော သူတို့နှစ်ယောက်က မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင် ဖြစ်နေကြသည်။ ချမ်ရှုဖန်း၏ မျက်လုံးများမှာ အသနားခံနေခံပြီး သူမဘေးရှိ ကောင်မလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။
ထျန်းယိုဖု - “တစ်ယောက်မှ ဆန္ဒမရှိဘူး ဆိုရင်လည်း မဲနှိုက်ကြမယ်။”
လီချွမ်းကျင်က ကြည့်ကာ အော်လိုက်သည်။ “ ဒီနှစ်ယောက်လို မကောင်းတဲ့ လူတွေကို ဉာဏ်ကောင်းတဲ့ သူတွေကပဲ ကယ်ပေးသင့်တာ။ ကျွန်မကတော့ အဲ့လို နောက်ခံကောင်းတဲ့ လူမျိုးကို ရှာဖို့အတွက်ပဲ အကြံပေးတယ်။”
ထျန်းယိုဖုက ဆက်တိုက်ဆိုသလို နှစ်ခါပြန် ကြားဖြတ် ပြောခံရပြီးနောက် သူရဲ့လေသံက သိပ်ပြီး အဆင်မပြေတော့ပါ။ “ဒါဆို ဘယ်သူ့မှာ အဲ့လို အနေအထားမျိုး ရှိတယ်လို့ နင်ထင်လဲ။”
မျှော်လင့်ထားသလိုပဲ လီချွမ်းကျင်က တုံ့ပြန်ခဲ့သည်။ “ဝမ့်ရင်းကို သွားမေးပေါ့။”
“သူက အာဇာနည်တစ်ယောက်ရဲ့ သမီးပဲလေ။ အဲ့တော့ သူ့မှာက အသိဉာဏ် ကြွယ်ကို ကြွယ်ဝရမှာပဲ။ တကယ်လို့ သူကသာ ဒီနှစ်ယောက်ကို တာဝန်ယူမယ်ဆို သူက သူတို့ နှစ်ယောက်ကို ရွက်သစ်လေးအဖြစ် ထွက်လာဖို့ ဦးဆောင်ပေးနိုင်မှာ သေချာတယ်။
“ရွက်သစ်လေး ထွက်လာဖို့” ဆိုသည့် စကားကို လီချွမ်းကျင်က ပထမဆုံးအကြိမ် ပြောခဲ့သည်။ ဒါဟာ သူမက ဒီကိစ္စအတွက် အတော်လေး ဂုဏ်ယူနေခဲ့သည်။
“အဲဲဒါမှန်တာပဲ မဟုတ်ဘူးလား။ အဲ့ဒါအပြင် တကယ်လို့ တပ်မဟာထဲက လူတွေက ရိက္ခာ ပြတ်လပ်သွားရင်တောင် ဝမ့်ရင်းကတော့ ပြတ်လပ်မှာ မဟုတ်လုး။ ဘာလို့ သူက ဂရုမစိုက်ပေးသင့်ရမှာလဲ။”
လီချွမ်းကျင်၏ မသင့်တော်သော အပြုအမူမှာ တကယ်ကို အထင်သေးဖို့ ကောင်းနေခဲ့သည်။
သို့သော် အဖွဲ့ထဲက လူအချို့က ဝမ့်ရင်းနှင့် ရှုရွှမ်းကို အားကျနေကြကာ သူတို့က သဘောတူခဲ့သည်။ “အဲဲဒါတော့ မှန်တယ်။ ဝမ့်ရင်းရဲ့ မိသားစုက ငါတို့ တပ်မဟာထဲမှာ အကောင်းဆုံးထဲက တစ်ခုပဲ။ ပြီးတော့ သူတို့ရဲ့ မိသားစုထဲမှာက ရှုရွှမ်းနဲ့ သူမပဲရှိတာ။ အဲ့တော့ သူက ဒီကိစ္စကို တာဝန်ခံပေးသင့်တယ်။”
ဝမ့်ရင်းက ဘာမှ မပြောခင်မှာပဲ ရှုရွှမ်းက အရှေ့သို့ တက်သွားခဲ့ကာ ပြောလိုက်သည်။ “ကျွန်တော်တို့က လူတွေကို စီမံ ခန့်ခွဲပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာကို ဆိုလိုလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်။ တကယ်လို့ အခြေအနေတွေ ပိုကောင်းလာဖို့ ကိုယ်က အနစ်နာခံရမယ်ဆိုရင် ဘယ်သူကမှ လုပ်မှာ မဟုတ်ဘူး။ အခုကနေစပြီးတော့ ခဗျားတို့က ပိုပြီး ဆင်းရဲလာလေလေ၊ ပိုပြီး ရလာလေပဲ။ တပ်မှူး၊ ဆရာကရော သဘောမတူဘူးလား။”
ထျန်းယိုဖုက လီချွမ်းကျင်ကြောင့် စိတ်ရှုပ်နေသော်လည်း ရှုရွှမ်းက ရုတ်တရက် ထရပ်ကာ ပြောလိုက်သော စကားကြောင့် အံ့ဩသွားခဲ့ရသည်။
မင်းတို့သိကြလား။ ရှုရွှမ်း အရင်က စကားနည်းတယ် ဆိုပေမယ့်လည်း သူက ဒီလို ကြမ်းတမ်းတဲ့ စကားတွေ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။
ရှုရွှမ်း စကားပြောပြီးသည့်နောက် ဘယ်သူကမှ ဘာစကားမျှ မပြောကြတော့ပါ။
ဟုတ်တယ်။ ဝမ့်ရင်းက ချမ်းသာတယ်ဆိုရင် လူတိုင်းက အလုပ်လုပ်နေတုန်းပဲမလား။ လူတိုင်းက ရှောင်ပြေးနေကြတော့ ပိုပိုပြီး ဆင်းရဲလာကြလိမ့်မယ်။
လီချွမ်းကျင်က တစ်ခုခု ပြောချင်သော်လည်း ထျန်းယိုဖုက ထပ်ပြီး နားမထောင်ချင်တော့ပါ။ “မင်းက ခေါင်းဆောင်လား၊ ငါက ခေါင်းဆောင်လား။ မင်းက ဒါကို ဘယ်လို ထင်လဲ။”
လီချွမ်းကျင်က အားလုံးရဲ့ အရှေ့ကို ထွက်လာခဲ့သော်လည်း သူမသည် ထျန်းယိုဖု ဒေါသထွက်နေသည်ကို မြင်လိုက်ရသည့်အခါ ဘာစကားတစ်ခွန်းမှ မပြောရဲတော့ပါ။
ထျန်းယိုဖုကလည်း ဘယ်သူ့ကိုမှ မနစ်နာစေရဘူးဟု တွေးနေခဲ့သည့်အတွက် သူက စမ်းပြီး မေးကြည့်ခဲ့သည်။ “ဒီအလုပ်အတွက်လည်း လုပ်ခ ရမှတ်တွေ တွက်ပေးမယ်။ တစ်ရက်ကို လုပ်ခရမှတ် လေးမှတ်ပဲ။”
လုပ်ခရမှတ် လေးမှတ်ဆိုသည်မှာ အရမ်းလည်း မများသလို အရမ်းလည်း မနည်းပါ။ သူတို့က နေ့တစ်ဝက် အလုပ်သမားများနှင့် ညီမျှသည်။
“ဒီလူတွေကို စောင့်ရှောက်ရုံပဲ။ အနည်းဆုံးတော့ ဒီဆောင်းတွင်းမှာ ဘာပြဿနာမှ မဖြစ်ရဘူး။”
ထျန်းယိုဖုက ပြုပြင်မည့်သူ တစ်ယောက်ကို တစ်ခါမှ မရခဲ့ဖူးသော်လည်း သူက ဒီစကားကို ဘေးအခန်းရှိ ခေါင်းဆောင် တစ်ယောက်ထံမှ ကြားခဲ့ရခြင်း ဖြစ်သည်။ ထိုနေရာကို ရောက်လာသည့် သူများထဲမှ အချို့က နိုင်ငံခြား အဆက်အသွယ်များ ရှိပြီး တစ်ချို့က ဆရာ၊ ဆရာမများ ဖြစ်ကာ ဂုဏ်ယူပြီး မာနကြီးသော အသက်ကြီးသည့် လူအချို့လည်း ရှိသေးသည်။ အချို့သော သူများက ပြန်လာရမည့် နှစ်နှစ်တာကို သည်းမခံနိုင်ဘဲ ဆုံးပါးသွားခဲ့ကြသည်။
ထျန်းယိုဖုက ပိန်လှီနေသည့် အမျိုးသမီး နှစ်ယောက်ကို မြင်လိုက်ရသည့်အခါ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
ဝမ့်ရင်းက ဆရာဝန်တစ်ယောက် ဖြစ်ပြီး သူက များစွာသော သေဆုံးမှုများနှင့် ခွဲခွာခြင်းများကို မြင်ခဲ့ဖူးသော်လည်း သူတို့ကိုတော့ သနားနေခဲ့သည်။
“ရပါတယ်။”
သူမက သဘောတူခဲ့သော်လည်း သူမဘေးက လူအချို့ကတော့ ထိုကိစ္စနှင့် ပတ်သက်ပြီး ဘဝင်မကျခဲ့ပါ။ တကယ်လို့ ဒီအလုပ်အတွက် လုပ်ခရမှတ် လေးမှတ်ပေးမည်ဆိုသော စကားကို စောစောစီးစီး ပြောခဲ့ပါက သူတို့က သဘောတူကြမှာ သေချာသည်။
ဒါက သူတို့ကို ဂရုစိုက်ပေးပြီး မသေဘူးဆိုတာ သေချာရင် ရပြီမလား။ အဲ့နားကို နေ့တိုင်းသွားပြီး တစ်ချက် ကြည့်ပေးလိုက်ရုံပဲ။
လီချွမ်းကျင်က အနည်းငယ် နောင်တရသွားခဲ့သည်။ အစတုန်းက သူမသည် ဝမ့်ရင်းအား ဒုက္ခများကို တိတ်တဆိတ် ခံစားစေချင်ခဲ့သည်။ သူမ မိသားစုမှာ စားစရာတွေ အများကြီး ရှိတာပဲမလား။ ကျွေးရမယ့်သူ နှစ်ယောက် ထပ်ပိုလာပြီဆိုတော့ ဒီလောက် အသား၊ ငါးတွေ အများကြီးကို နေ့တိုင်း ဘယ်လိုစားမလဲ ဆိုတာကို ကြည့်ရတာပေါ့။
ရလဒ်အနေဖြင့် ထျန်းယိုဖုက သူမအား လုပ်ခရမှတ်ကို အစားထိုး ပေးခဲ့သည့်အတွက် လီချွမ်းကျင်က ပိုက်ဆံများ ဆုံးရှုံးသွားသလို ခံစားခဲ့ရသည်။
သို့သော် အခုမှတော့ ဘာမှ သွားပြောလို့ မရတော့ပါ။ ဝမ့်ရင်းကလည်း သဘောတူလိုက်ပြီ ဖြစ်သည်။
ထိုလူနှစ်ယောက်က မပျော်မရွှင် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ဝမ့်ရင်းက တပ်သားများအား သူတို့ကို သတ်မှတ်နေရာဆီ အရင်ဆုံး ပို့ပေးဖို့အတွက် ပြောခဲ့သည်။
သူမက ဆေးဖက်ဝင် အပင်များ၊ ရေနွေးတစ်အိုးနှင့် ဆန်အရက်များသွားယူရန် အိမ်သို့ ပြန်သွားခဲ့သည်။
ရှုရွှမ်းက အနောက်က လိုက်သွားချင်သော်လည်း ဝမ့်ရင်းက သူ့အား တားလိုက်သည်။ “ရှင်သွားဖို့က မသင့်တော်ဘူးလေ။”
သူမက ဒီလူနှစ်ယောက်နှင့် ပတ်သက်ပြီး တစ်ခုခု မှားနေလားဆိုတာကို သွားကြည့်ချင်ခဲ့သည်။ ဒါဆို ဘာလို့ ရှုရွှမ်းက သူတို့ကို စုံစမ်းခဲ့ရတာလဲ။
ဝမ့်ရင်းက သူ့အား ညွှန်ကြားခဲ့သည်။ “ပိန်နေတဲ့ တစ်ယောက်အတွက် ဖက်ထုပ်စွပ်ပြုတ်လေး လုပ်ပေးပါနော်။ ပြီးရင် ကျွန်မ အဲ့ဒါကို လာယူမယ်။”
ဝမ့်ရင်းက ထိုနေရာကို ပစ္စည်းများယူပြီး ပြေးသွားခဲ့သည်။ တပ်ဖွဲ့ခေါင်းဆောင်က မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေခဲ့သည်။ ထျန်းတာရှုက ထိုနေရာဆီ လူအချို့ကို စေလွှတ်လိုက်ပြီး ဝမ့်ရင်း ထွက်လာသည်အထိ စောင့်နေပြီး မထွက်သွားဖို့ မှာလိုက်သည်။
ဝမ့်ရင်းက ပစ္စည်းတွေ အများကြီး ယူလာသည်ကို မြင်လိုက်ရသည့်အခါ ထျန်းတာရှုက ဝမ့်ရင်းအား အနားကို ဆွဲလိုက်ကာ တိတ်တဆိတ် ပြောလိုက်သည်။ “ဒီလူတွေ အကုန်လုံးက လူဆိုးတွေ။ အဲ့ဒါကို မင်းက ဘာလို့ ဒီလောက်ထိ အသေးစိတ် လိုက်လုပ်ပေးနေတာလဲ။ ဒါကို တစ်ခြားသူတွေ မတွေ့စေနဲ့။ မဟုတ်ရင် ဒီကိစ္စက မင်းကိုယ်တိုင် ရှင်းပြလို့ ရမှာ မဟုတ်ဘူး။”
ဝမ့်ရင်း - “ သူတို့ ရောက်လာရင် ပြဿနာတစ်ခုခု ရှိနေမလားဆိုတာကို သိချင်လို့ပါ။ သူတို့က ဒီကို ပြန်လည် ပြုပြင်ဖို့ ရောက်လာတာဆိုရင် သူတို့က ကျန်းမာရေး ကောင်းနေမှ အောင်အောင်မြင်မြင် ပြုပြင်လို့ ရမှာလေ။ ဆရာရော အဲ့လို မထင်ဘူးလား။”
ထျန်းတာရှုက သူ့ခေါင်းကို ကုတ်လိုက်သည်။ “ကောင်းပြီလေ။ မင်းဒီထက်ပိုပြီး ဂရုစိုက်သင့်တယ်။ အထူးသဖြင့် မင်းရဲ့ အဒေါ်ကိုပေါ့။”
ဝမ့်ရင်းက ထျန်းတာရှုကို ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ “နောက်မှ ဆရာ့ဆီ မင်္ဂလာ သကြားလုံးတွေ ပို့ပေးဖို့အတွက် ရှုရွှမ်းကို ကျွန်မ ပြောလိုက်မယ်။ အရင် တစ်ခေါက်တုန်းက ဆရာက အဖွဲ့ထဲမှာ မရှိဘူးလေ။ အဲ့ဒါကြောင့် ကျွန်မက ဆရာ့ဆီကို ပို့ပေးလို့ မရခဲ့ဘူး။”
ထျန်းတာရှုသည် သူမကို အရင်တစ်ခေါက်က လီချွမ်းကျင်နှင့် ပြဿနာတက်တုန်းက ကူညီပေးခဲ့တာကို သတိရနေဆဲ ဖြစ်သည့်အတွက် သူမက သူ့ကို အတော်လေး ကျေးဇူးတင်နေခဲ့သည်။
ထျန်းတာရှုက နောက်ထပ် တပ်သားနှစ်ယောက်ကို ခေါ်ပြီး ထွက်ခွာဖို့အတွက် ပြင်ဆင်ခိုင်းခဲ့သည်။ “ကောင်းပြီလေ။ ငါတို့ အရင်ဆုံး ထွက်သွားကြမယ်။”
ဝမ့်ရင်းက လူတိုင်းကို အဝေးသို့ ပို့ပြီးနောက် ဟိုဟိုဒီဒီ ကြည့်ဖို့အတွက် ပြန်လှည့်လာခဲ့သည်။