← Chapters

သစ္စာရှိတဲ့ မိုချင်းချန်

Vol. 3 Ch. 22

သစ္စာရှိတဲ့ မိုချင်းချန်

Vol. 3 Ch. 22

ဒါဆို အတိအကျ ဘာဖြစ်သွားတာလဲ။

အမှောင်မြူခိုးတွေကြား လှည့်လည်သွားလာနေတဲ့ လူက ဘယ်သူများလဲ။

"အဲဒီလူကများ... ဖြစ်နေမလား" လင်းချင်ရှန်းရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ အသံလေး ထွက်ပေါ်လာပြီးနောက် သူမ၏ဒုတိယဆရာတူအစ်ကို၏ မျက်နှာကတော့ သတ်ဖြတ်လိုစိတ်တွေ လွှမ်းမိုးသွားသောအမူအရာအဖြစ် ပြောင်းလဲသွားသည်။

"စီနီယာအစ်ကို ရှန်းချန်ကောက ယုတ်မာတယ်၊ ကောက်ကျစ်တယ်၊ သဘောထားသေးသိမ်ပြီး ရည်မှန်းချက်ကြီးလွန်းတယ်။ သူ့စိတ်နေသဘောထားက ဆရာနဲ့ ဘာမှမခြားဘူး။ တကယ်လို့ သူသာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာပြီး လူလုံးမပြဘဲ နောက်ကွယ်မှာ နေချင်တယ်ဆိုရင် ငါ မိုချင်းချန်ခေါင်းနဲ့လမ်းလျှောက်ပြီး မစင်စားပြလိုက်မယ်" ဟု မိုချင်းချန်က ပြောလိုက်သည်။

မိုချင်းချန်၏လေသံက အလွန်အေးစက်နေသည်။

လင်းချင်ရှန်း သက်ပြင်းချလိုက်မိသည်။

သူမ၏ဒုတိယဆရာတူအစ်ကိုမှာ ကြင်နာတတ်သူဖြစ်သော်လည်း စိတ်သဘောထားအတော်လေး ခိုင်မာသူဖြစ်သည်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က သူတို့ငယ်စဉ်အခါက အဖြစ်အပျက်ကို သူမ မှတ်မိနေပါသေးသည်။

ထိုစဉ်က ရှန်းချန်ကော ကောင်းကင်ဘုံဓားဂိုဏ်းကို ရောက်စအချိန်ဖြစ်သည်။

နောက်ပိုင်းတွင် စီနီယာအစ်ကိုများ အသီးသီး ပြဿနာတက်ကုန်ကြသဖြင့် ရှန်းချန်ကောမှာ စီနီယာအကိုကြီး ဖြစ်လာခဲ့သည်။

ထိုအချိန်က မိုချင်းချန်မှာ ၁၂ နှစ်သာ ရှိသေးပြီး လူသားတို့စိတ်နှလုံးသား၏ယုတ်မာမှုကို စတင်သင်ခန်းစာရခဲ့သည့်အချိန် ဖြစ်သည်။

သူမ မှတ်မိနေသေးသည်။

ထိုအချိန်က သူမ၏စီနီယာအစ်ကိုကြီး တောင်ပေါ်သို့တက်၍ သွားဆော့ကစားနေချိန်ဖြစ်သည်။

သို့သော် အမှောင်မြူခိုးများကျရောက်လာခဲ့ပြီးနောက် မကြာမီမှာပင် သူမ၏စီနီယာအစ်ကိုကြီးက ဝမ်းချုပ်နေသည့် မျက်နှာထားမျိုးဖြင့် မိုချင်းချန်ကို လာရှာခဲ့သည်။

"ချင်းချန်... အစ်ကို့ကို စမ်းသပ်မှုတစ်ခုလောက် ကူညီစမ်းပါ။ ဒါက အရမ်းအရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုပဲ။တကယ်လို့ အစ်ကိုသာ အောင်မြင်ပြီး ချမ်းသာသွားရင် မင်းပါ စံစားရမှာ" ဟု ရှန်းချန်ကောက ပြောခဲ့သည်။

"ရတာပေါ့ စီနီယာအစ်ကို။ ကျွန်တော် အစ်ကို့ကို နောက်ဆုံးတော့ ကူညီပေးနိုင်ပြီပဲ" မိုချင်းချန်၏ နုနယ်ပျိုမြစ်သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့သည်။

ထိုစဉ်က အမှောင်မြူခိုးများ ကျရောက်ကာစ ဖြစ်ပြီး ဂိုဏ်း၏အခြေအနေမှာလည်း အလွန်တင်းမာနေသည်။

ဂိုဏ်းကို ကူညီနိုင်မည်ဟု ကြားလိုက်ရသောအခါ မိုချင်းချန် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

"အစ်ကို မင်းကို ခဏနေရင် ရိုက်လိမ့်မယ်။ မင်းက ပြန်မချရဘူးနော်။ ဒါက အရမ်းအရေးကြီးတဲ့ အချက်ပဲ။အမှောင်မြူခိုးတွေနဲ့ သက်ဆိုင်နေလို့"

ထိုအချိန်က ရှန်းချန်ကော၏ မျက်နှာထားမှာ လေးနက်တည်ကြည်ပြီး လျှို့ဝှက်ဆန်းကြယ်ဟန် ပေါက်နေသည်။

စိတ်လှုပ်ရှားမှုများ လွှမ်းမိုးနေသော မိုချင်းချန်တစ်ယောက် သူစီနီယာအစ်ကိုကြီးစကားကို ယုံကြည်ခဲ့လေသည်။

ထို့နောက်တွင်တော့...

ရှန်းချန်ကောသည် သေလုမျောပါးဖြစ်ပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော မိုချင်းချန်ကို ဘေးသို့ ပစ်လိုက်ပြီး ဝမ်းနည်းပူဆွေးသည့် မျက်နှာထားဖြင့် ဟန်ဆောင်ကာ အရသာခံနေသကဲ့သို့ နောက်ထပ် နှစ်ချက်ဆင့်ကန်လိုက်သေးသည်။

ယခု မိုချင်းချန် အရွယ်ရောက်လာသောအခါမှ ထိုစဉ်က သူ့ဆရာတူအစ်ကို ဘာ့ကြောင့် ပြန်မတိုက်ခိုက်ခိုင်းသလဲဆိုသည်ကို နားလည်သွားတော့သည်။

တကယ်လို့များ ထိုအချိန်က သူသာ ပြန်တိုက်ခိုက်ခဲ့လျှင် ထိုးသွင်းသိမြင်ခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သော မိုချင်းချန်က ရှန်းချန်ကောကို အလွယ်တကူ ရိုက်သတ်နိုင်ပေလိမ့်မည်။

ယောက်ျားလေးတစ်ယောက်ဟာ တစ်ရက်တည်းနဲ့ လူကြီးဖြစ်လာနိုင်တယ်လို့ ဆိုကြတယ်။

အဲဒီနေ့ ပြီးနောက်မှာတော့ မိုချင်းချန် ရင့်ကျက်သွားသလို ခံစားလိုက်ရသည်။

ထိုစဉ်တုန်းက သူခံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း မိုချင်းချန်၏မျက်နှာမှာ မဲမှောင်သွားတတ်သည်။

သူ့စီနီယာအစ်ကိုရဲ့အမှောင်မြူခိုး စမ်းသပ်မှုကို နှောင့်နှေးစေမှာ၊ သူရဲကောင်းလုပ်ရပ်ကို အဟန့်အတားဖြစ်စေမှာ စိုးရိမ်ခဲ့လို့ သူ့ရဲ့ဝိညာဉ်စွမ်းအင်အကာအကွယ်ကိုတောင် ဖြေလျှော့ပေးပြီး အစ်ကိုဖြစ်သူ စိတ်ကြိုက်ရိုက်လို့ရအောင် အခွင့်အရေးပေးခဲ့မိတာ။

အခုပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီအချိန်တုန်းက ရှန်းချန်ကောဟာ လက်ယားပြီး တစ်ယောက်ယောက်ကို ရိုက်ချင်နေတာတတ်တတ်ဆိုသေချာတယ်။

သူ့အသက်က ၁၅ နှစ်သာ ရှိသေးသော်လည်း လူ့စိတ်တို့၏သစ္စာမဲ့မှုကို သူ ကောင်းကောင်းကြီး နားလည်ပြီး ရင့်ကျက်နေပြီဖြစ်သည်။

လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ ငါ ဘာတွေကြုံခဲ့ရလဲ သိကြလား။

စီနီယာအစ်ကိုရှန်းချန်ကောက သူ့ရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ ငါ့ကို ဂျင်းထည့်ခဲ့တာ နတ်ဘုရားတွေပဲ သိလိမ့်မယ်။

ငါ ဒီလောက်ထိ ကြိုးစားလေ့ကျင့်နေရတဲ့ အကြောင်းရင်းက စီနီယာအစ်ကို ရှန်းချန်ကော သေမယ့်နေ့ကို စောင့်နေတာပဲ။

ငါ အသက်ရှည်ရှည်နေရရင် စီနီယာအစ်ကို ရှန်းချန်ကော သေသွားတဲ့အချိန် သူ့အုတ်ဂူပေါ်တက်ပြီး လေးလေးစားစားနဲ့ သေးပူပူလေး ပန်းပေးလိုက်ရရင် ငါ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်က အလဟသ မဖြစ်တော့ဘူး။

"အဟွတ်... အဟွတ်... စီနီယာအစ်ကို ချင်းချန်၊ စီနီယာအစ်ကို ရှန်းချန်ကောက အစ်ကို့ကို အဲဒီတစ်ခါပဲ အနိုင်ကျင့်ခဲ့တာပါ..." လင်းချင်ရှန်းက ပြောလိုက်သည်။

နောက်ဆုံးတွင် မိုချင်းချန်၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်သန်းနေသော အကြည့်ကို လင်းချင်ရှန်း မြင်လိုက်ရပြီးနောက် သူမ ငြိမ်ကျသွားသည်။

စီနီယာအစ်ကို ရှန်းချန်ကောက တကယ်ကို ဆိုးသွမ်းတာပဲ။

သို့သော် ထိုအချိန်၌ ချင်းချွမ်က အနည်းငယ် တိတ်ဆိတ်နေသည်။

သူက ဘေးတစ်ဖက်တွင် ထိုင်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

အချိန်အတန်ကြာပြီးနောက် သူတို့ ပြန်လျှောက်လာကြသည်။

လမ်းတွင် ဂိုဏ်းအကြီးအကဲကို တွေ့လိုက်ရသည်။

မိုချင်းချန်က အလျင်အမြန်သွားရောက်ပြီး အကြီးအကဲ၏ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဖိနှိပ်ရန် သူ၏ဝိညာဉ်စွမ်းအင်ကို ထိုးတွင်းပေးလိုက်သည်။

"အကြီးအကဲ..." သူက ခေါ်လိုက်သည်။

အကြီးအကဲ နိုးလာပြီး မောဟိုက်နေသော အသက်ရှူသံကို မထိန်းနိုင်ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက အသက်အန္တရာယ်မရှိသော်လည်း အဆိပ်များကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။

ဒါပေမယ့် စောစောကိစ္စက ဘာကြီးလဲ။

အကြီးအကဲ၏မျက်နှာထားတွင် ထူးဆန်းမှုအချို့ ယှက်သန်းသွားသည်။

ဘာမှမဖြစ်သလို ရှိနေသော မိုချင်းချန်နှင့် အခြားသူများကို ကြည့်ပြီး သူ မမေးဘဲ မနေနိုင်တော့ချေ။

"နတ်ဆိုးသစ်ပင်ကြီး ဘယ်ရောက်သွားလဲ"

"နတ်ဆိုးသစ်ပင်ကြီး အသတ်ခံလိုက်ရပါပြီ..."

ဘာ...

နတ်ဆိုးသစ်ပင်ကြီး အသတ်ခံလိုက်ရတယ် ဟုတ်လား။

အဲဒီ နတ်ဆိုးသစ်ပင်က လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်မှာ ရှိတာလေ။

အမှောင်မြူခိုးထဲက အဲဒီလို နတ်ဆိုးမျိုးနဲ့တွေ့ရင် နတ်တံတားအဆင့် ကျွမ်းကျင်ပညာရှင်တွေတောင် အသာစီးရဖို့ မလွယ်ကူဘူး။

အဲဒီ နတ်ဆိုးတွေမှာက နည်းလမ်းပေါင်းစုံ ရှိနေတတ်တယ်။

ပြီးတော့ သူတို့က အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။

နတ်ဆိုးတစ်ကောင်အကြောင်း ဘာမှမသိရတဲ့ အခြေအနေမျိုးမှာ လူတွေအလစ်အငိုက်မိပြီး အသတ်ခံရတာမျိုးက ခဏခဏ ဖြစ်လေ့ရှိတယ်။

စောစောက ပုံရိပ်ကြောင့်များလား။

သူသတိလစ်မသွားစဉ်က ပုံရိပ်တစ်ခုမှ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် ဓားအလင်းတန်းကို သူ ရုတ်တရက်သတိရသွားသည်။

ထို့နောက် ကြောက်စရာကောင်းတာ တစ်ခုခုကို အာရုံခံမိသလိုမျိုး သစ်ပင်အမြစ်များ အားလုံး ဖရိုဖရဲထွက်ပြေးသွားကြတာကိုလည်း မှတ်မိနေလေ၏။

လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ် နတ်ဆိုးတစ်ကောင်ကိုတောင် ကြောက်ရွံ့သွားစေတဲ့ အရှိန်အဝါမျိုး...

သူ မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။

"မင်းတို့အားလုံး ဘာမြင်လိုက်ရလဲ" အကြီးအကဲက မေးလိုက်သည်။

"နေမင်းကြီးလို ကောင်းကင်ပေါ် ထိုးတက်သွားတဲ့ ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။ ပြီးတော့ နေရာတစ်ခုလုံးကို ရွှေရောင်အလင်းတွေ လွှမ်းခြုံသွားတာပဲ။ အဲဒီအလင်းတွေက ကုဋေပေါင်းများစွာသော ဓားတွေအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးသစ်ပင်ရဲ့ ကိုယ်ပွားကို ချက်ချင်း ပြာကျသွားစေခဲ့တာ"

မိုချင်းချန်တစ်ယောက် သူမြင်တွေ့ခဲ့ရသည်ကို ပြန်ပြောပြရင်း ကြက်သီးထလာသည်။

အခုပြန်စဉ်းစားကြည့်ရင် အဲဒီ မီးတောက်ဓားအလင်းတန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မှန်းဆကြည့်လို့ရတယ်။

အထွတ်အထိပ်အခြေအနေရှိတဲ့ ဆရာတောင်မှ အဲဒီ ထိုးဖောက်ဝင်ရောက်လာတဲ့ အလင်းတန်းကို ရှောင်တိမ်းရလိမ့်မယ်။

ဒါဆို ဘယ်လိုလုပ်ပြီး စီနီယာအစ်ကို ရှန်းချန်ကော ဖြစ်နိုင်မှာလဲ။

မိုချင်းချန် စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

"နေမင်းကြီး ထွက်ပေါ်လာသလို ရွှေရောင်အလင်းတွေ လွှမ်းခြုံသွားတာ... ဒါ သူရိယဓားဂိုဏ်းများလား" အကြီးအကဲ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး "ထင်တဲ့အတိုင်းပဲ။ တတိယညီလေးက ငါ့ကိုသတင်းစကားပါးဖူးတယ်။ အမှောင်မြူခိုးထဲမှာ တခြားဂိုဏ်းတွေ အသက်ရှင်ကျန်ရစ်နေနိုင်သေးတယ်တဲ့"

"သူရိယဓားဂိုဏ်းက ကောင်းကင်ဘုံဓားနယ်မြေ အပြင်ဘက်ကနေ ဝင်ရောက်လာကြတာ။ သူတို့ စရောက်တုန်းကတော့ မထင်ပေါ်သေးဘူး။ ဒါပေမယ့် သူတို့ရဲ့ နောက်ခံက အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်..."

"သူတို့ဆီမှာ အဲဒီလောက် စွမ်းတဲ့ ပညာရှင် ရှိတာလား"

ဤကိစ္စ၏လေးနက်မှုကို သဘောပေါက်သွားသော အကြီးအကဲ၏ မျက်နှာမှာ မှေးမှိန်သွားသည်။

ဒီနေ့ သူရိယဓားဂိုဏ်းက ပညာရှင်တစ်ယောက်က သူတို့ကို ကူညီပေးခဲ့တယ်။

ဒါက ဘာသဘောလဲ။

သူတို့က တစ်စုံတစ်ရာ သတင်းစကား ပါးချင်နေတာလား။

အသက်အရွယ် ရလာပြီဖြစ်သောကြောင့် သူ့ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။

ခဏတာအချိန်တွင် သူ့မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။

အချိန်အတန်ကြာသောအခါ...

"ချင်းချွမ်... မင်း ဘာလို့ စကားမပြောတာလဲ"

ချင်းချွမ် လန့်ဖျပ်သွားသည်။

"ကျွန်တော် အဆင်ပြေပါတယ် ဆရာ။ စောစောက နတ်ဆိုးသစ်ပင်ရဲ့ ထိန်းချုပ်တာ ခံလိုက်ရလို့။ အခု နည်းနည်း ခေါင်းမူးပြီးနေရခက်သလို ဖြစ်နေလို့ပါ..." ဟု ပြန်ဖြေလိုက်သည်။

"စီနီယာအစ်ကို ချင်းချွမ် အဆင်ပြေရဲ့လား။ ကောင်းကင်ဘုံဓားဂိုဏ်းကို အမြန်ပြန်ကြတာ ကောင်းမယ်ထင်တယ်"

"အရင်းအမြစ်တွေ ကျွန်မတို့ဆီမှာ ရှိပါသေးတယ်။ ဒီတစ်ခေါက် ပြန်သယ်လာတဲ့ အစားအစာတွေက ကောင်းကင်ဘုံဓားဂိုဏ်းအတွက် နောက်ထပ် တစ်ပတ်လောက်တော့ လောက်ငစေလိမ့်မယ်"

...

ကောင်းကင်ဘုံဓားဂိုဏ်းသို့ ပြန်ရောက်သောအခါ။

"စီနီယာအစ်ကို ချင်းချန်... အဲဒါ စီနီယာအစ်ကို ရှန်းချန်ကော ဖြစ်နိုင်တဲ့ အခွင့်အရေး လုံးဝမရှိဘူးလား" လင်းချင်ရှန်း ထပ်ခါထပ်ခါ စဉ်းစားကြည့်သော်လည်း ထိုလူ၏ခန္ဓာကိုယ်ပုံစံနှင့် အသံမှာ သူမ၏ စီနီယာအစ်ကိုကြီးနှင့် တူနေသည်ဟု ခံစားနေရဆဲဖြစ်သည်။

သို့သော် ထိုကဲ့သို့ တူလွန်းနေသည်ကပင် မဖြစ်နိုင်ဘူးဟု ထင်ရစေခြင်းဖြစ်သည်။

မိုချင်းချန် မျက်နှာမည်းမှောင်သွားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဂျူနီယာညီမလေး... နင် တွေးတာ များလွန်းနေပြီ။ အဲဒီလူက စီနီယာအစ်ကို ရှန်းချန်ကော လုံးဝ မဖြစ်နိုင်ဘူး"

သူမ၏ ဒုတိယဆရာတူအစ်ကို မည်မျှယုံကြည်မှုရှိနေသည်ကို မြင်သောအခါ လင်းချင်ရှန်း သက်ပြင်းချလိုက်ပြီး ထိုအတွေးကို လက်လျော့လိုက်ရတော့သည်။

ဂျူနီယာညီမလေး အနားယူရန် ပြန်ထွက်သွားသည်ကို ကြည့်ပြီး မိုချင်းချန်၏ မျက်နှာ မဲမှောင်သွားသည်။

သူက စီနီယာအစ်ကို နေထိုင်ရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သူ့မျက်နှာထားက အုံ့မှိုင်းနေသော်လည်း အစ်ကိုဖြစ်သူ၏အခန်းအနီးသို့ ရောက်သောအခါ မျက်နှာပေါ်မှ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက မျက်နှာထားကို အနည်းငယ် ပြင်ဆင်လိုက်ပြီး နူးညံ့သိမ်မွေ့ကာ ရိုသေလေးစားဟန် ပြောင်းလိုက်သည်။

သူ့စီနီယာအစ်ကိုက သူ့ကို ကန်ထုတ်ရင်း သင်ခန်းစာတစ်ခု ပေးဖူးသည်။

ကိုယ့်ရဲ့တကယ့်အတွေးကို ဘယ်သူ့ကိုမှ အသိမခံနဲ့၊ ပြီးတော့ ပြုံးနေတဲ့သူကို ဘယ်တော့မှ ပါးမရိုက်နဲ့။

သူ တံခါးကို ခေါက်လိုက်သည်။

"စီနီယာအစ်ကို ချန်ကော... ရှိလား ဟု သူ လှမ်းခေါ်လိုက်သည်။

All Chapters