← Chapters

သူရိယဓားဂိုဏ်း၏ပြင်ဆင်မှုများ

Vol. 3 Ch. 24

သူရိယဓားဂိုဏ်း၏ပြင်ဆင်မှုများ

Vol. 3 Ch. 24

ထိုအချိန်၊ သူရိယဓားဂိုဏ်း၌

"သူ နေ့တိုင်းလာနေတာပဲ... ဘာကိစ္စနဲ့ လာမှန်းလည်း မသိဘူး... ဂိုဏ်းထဲမှာ အပန်းဖြေခရီးထွက်နေသလိုမျိုး လျှောက်သွားနေတယ်... သူ လာချင်တဲ့အချိန်လာ ပြန်ချင်တဲ့အချိန် ပြန်နဲ့..."

အကြီးအကဲတစ်စု စုဝေးနေကြပြီး ၎င်းတို့၏ မျက်နှာထားများမှာ ကြည့်မကောင်းလှပေ။

ထိုလူငယ်သည် လူသူကင်းမဲ့သည့်နေရာသို့ လမ်းလျှောက်ဝင်လာသကဲ့သို့ သူရိယဓားဂိုဏ်းအတွင်း လျှောက်သွားနေသည်ကို ကြည့်ပြီး သူတို့ကို လုံးဝလေးစားမှုမရှိကြောင်း ခံစားမိကြသည်။

"ကျုပ်ရဲ့ သေဆုံးသွားတဲ့ သားအတွက် ကလဲ့စားချေရမယ်"

ထိုအချိန်၌ လင်းကျန်းဟုန်၏ မျက်လုံးများတွင် အေးစက်မှုများ ပေါ်ထွက်လာပြီး စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ကျုပ်အထင်တော့ ဒီလူက နေ့တိုင်း သူရိယဓားဂိုဏ်းထဲ တစ်ပတ်ပတ်ပြီး သတ်မှတ်ထားတဲ့ နေရာတွေကို ဖြတ်သွားလေ့ရှိတယ်။ သူ့မှာ အကြောင်းပြချက် တစ်ခုခု ရှိကိုရှိရမယ်။ ဒါပေမယ့် သူက သူရိယဓားဂိုဏ်းထဲ နေ့တိုင်း လမ်းလျှောက်လာတတ်မှတော့ သူ့ကစားကွက်နဲ့ပဲ သူ့ကို ပြန်ကစားရမှာပေါ့"

ထိုအချိန်တွင် အကြီးအကဲတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

ထိုသူမှာ အကြီးအကဲ ကျန်းကျန့် ဖြစ်သည်။

ယခုအချိန်မှာတော့ အကြီးအကဲ ကျန်းကျန့်၏ မျက်လုံးများသည် အုံ့မှိုင်းနေပြီး ဖော်ပြမရနိုင်သော ကောက်ကျစ်စဉ်းလဲမှု အရိပ်အယောင်များ စွန်းထင်းနေသည်။

သေဆုံးသွားသော တပည့်များထဲတွင် သူ့တပည့်တစ်ဦးလည်း ပါဝင်ခဲ့သည်။

"ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ အကြီးအကဲ ကျန်းကျန့်။ ကျုပ် မြင်သလောက်နဲ့ နားလည်သလောက် ပြောရရင် အဲဒီလူက နေ့တိုင်း ကျမ်းစာတိုက်နဲ့ တိုက်ခိုက်ခြင်းဓားခန်းမဆောင် အပြင်ဘက်မှာ ပေါ်လာလေ့ရှိတယ်။ ဒါကို သိနေရင်တောင် သူ့ကိုသတ်ဖို့ ခက်ခဲနေတုန်းပဲ။ ကျုပ် နေ့တိုင်း အဲဒီနားမှာ ချောင်းနေပေမယ့် သူ့ရဲ့ ရွေ့လျားခြင်းနည်းစနစ်က အရမ်းထူးဆန်းတယ်။ နတ်တံတားအဆင့် ရောက်နေတဲ့ ကျုပ်အတွက်တောင် သူ့ကိုသတ်ဖို့ ခက်ခဲနေတုန်းပဲ။ ကျွန်တော်ထင်တာကတော့ သူက ရွေ့လျားခြင်းနည်းစနစ်ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ချုပ်ငြိမ်းခြင်းအဆင့်ကို ရောက်နေလောက်ပြီ။ ကျုပ်တောင် သူ့အမြန်နှုန်းကို လုံးဝ မမှီနိုင်ဘူး"

"ဟုတ်တယ်ဗျ သူ ဘယ်ကနေ ရောက်လာလဲဆိုတာ ကျုပ် သိချင်လိုက်တာ။ အဲဒါက အမှန်တရားပြန်လည်ခြင်းအဆင့် ရွေ့လျားခြင်းနည်းစနစ်ပဲ။ တော်တော်လေး တွေ့ရခဲတဲ့ မြင်ကွင်းမျိုးပဲ။ ပြီးတော့ သူက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံမျိုးဟန်ဆောင်ထားတယ်လို့ ခံစားရတယ်။ ဒါ့အပြင် သူ့ရဲ့ စွမ်းအားအဆင့်တွေကလည်း အကန့်အသတ်မရှိသလိုပဲ..."

"သူက လွတ်မြောက်ခြင်းအဆင့်မှာပဲ ရှိပါသေးတယ်။တကယ်လို့ ကျုပ်တို့ သူ့ကို ဖမ်းဆီးနိုင်ရင် ကျုပ် သူ့ကိုသတ်နိုင်မယ်လို့ ယုံကြည်တယ်..."

လင်းကျန်းဟုန်၏မျက်နှာထားမှာ သိပ်မကောင်းလှပေ။

လင်းယွဲ့လွန် သူရိယရုပ်တုပေါ်တွင် သစ်တုံးပေါ်ရိုက်နှစ်ခံထားရသောသံမှိုကဲ့သို့ အသတ်ခံလိုက်ရသည့်နေ့ကို ပြန်သတိရတိုင်း ရှန်းချန်ကောကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ချင်သည့် စိတ်ဆန္ဒများ ဖြစ်ပေါ်လာလေ့ရှိသည်။

သို့သော် အကြီးအကဲ ကျန်းကျန့် ရုတ်တရက် ရယ်မောလိုက်သည်။

"မပြင်ဆင်ထားတဲ့အရာအတွက် ပြင်ဆင်ပြီး မထင်မှတ်ထားတဲ့သူကို အလစ်အငိုက်ဖမ်းဖို့... ခင်ဗျားတို့က ဒါကို ခက်ခဲတဲ့ကိစ္စလို့ ထင်နေကြတာလား" ဟု သူက မေးလိုက်သည်။

ကျန်းကျန့်သည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်ဟန်ရှိသော မျက်လုံးအကြည့်များဖြင့် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

"ကျန်းကျန့်... ခင်ဗျား ဘာပြောချင်တာလဲ။ မြန်မြန်ပြောစမ်းပါ"

"လိုရင်းကို ပြောလို့မရဘူးလား။ ငါတို့ အခု ဘယ်လိုအခြေအနေမျိုး ရောက်နေလဲဆိုတာ မမြင်ဘူးလား"

ကျန်းကျန့် ပြုံးလိုက်သည်။

"ကျုပ်က ကျမ်းစာတိုက်ကို တာဝန်ယူထားတာလေ။ အဲဒီနေရာနဲ့ပတ်သက်ရင် ခင်ဗျားတို့အားလုံးထက် ကျုပ်က ပိုနားလည်တယ်။ ကျမ်းစာတိုက်ထဲမှာ မပြည့်စုံတဲ့ရှေးဟောင်းမှော်စာလိပ်တစ်ခု ရှိတယ်။ အဲဒါက ရှေးဟောင်း မှော်အစီအရင်တစ်ခုပဲ"

"မှော်အစီအရင်"

ရှေးဟောင်း မှော်အစီအရင်။

ထိုကဲ့သို့သောအရာမျိုးသည် အစဉ်မြဲ ရှားပါးပြီး အရေအတွက် နည်းပါးလှသည်။

သို့သော် ၎င်း၏သက်ရောက်မှုမှာတော့ အံ့မခန်းပင်။

"အတိအကျပဲ။ ဒီ မှော်အစီအရင်က ကျုပ်တို့ရဲ့နဂါးချုပ်နှောင်အစီအရင်ပဲ"

ချက်ချင်းပင် လူတိုင်း၏စိတ်ဓာတ်များ တက်ကြွလာကြလေ၏။

လင်းကျန်းဟုန်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာပြီး ပြောလိုက်သည်။

"ခင်ဗျား ဆိုလိုတာက ဒီထောင်ချောက်ကို အဲဒီ အဖြူရောင်ဝတ်လူငယ် ဖြတ်သွားမယ့် နေရာဖြစ်တဲ့ ကျမ်းစာတိုက်လို နေရာမျိုးမှာ ဆင်ထားပြီး သူရောက်လာတဲ့အခါ အစီအရင်ကို အသက်သွင်းပြီး ဖမ်းချုပ်ထားလိုက်မယ်ပေါ့၊ ဟုတ်လား။ သူ့ကို ဖမ်းချုပ်ထားပြီး သူ့ရဲ့ ရွေ့လျားခြင်းနည်းစနစ်ကို အသုံးမပြုနိုင်အောင် တားဆီးထားနိုင်ရင် လုံလောက်ပြီ"

ထိုကောင်လေးသာ သူ့၏ရွေ့လျားခြင်းနည်းစနစ်ကို အသုံးမပြုနိုင်လျှင် လင်းကျန်းဟုန်က မော်ကွန်းအစီအရင်ထဲထိ ဝင်ပြီးတိုက်ခိုက်ပစ်လိုက်မည်။

အဲဒီကျရင် သူက မြေအိုးထဲရောက်နေတဲ့ လိပ်လို ဖြစ်သွားလိမ့်မယ်။

"အကြီးအကဲ ကျန်းကျန့်... အဲဒီ အစီအရင်ကို ဘယ်တော့ စီစဉ်နိုင်မလဲ"

အကြီးအကဲများအားလုံး စိတ်လှုပ်ရှားနေကြသည်။

ထိုလူအပေါ် ထားရှိသည့် သူတို့၏အမုန်းတရားမှာ အလွန်ကြီးမားလွန်းသည်။

အကြီးအကဲ ကျန်းကျန့် သက်ပြင်းချလိုက်သည်။

သို့သော် သူ့မျက်လုံးထဲတွင် ဖုံးကွယ်မရနိုင်သော ယုံကြည်မှုများဖြင့် ပြောလိုက်သည်။

"အဲဒီ မှော်အစီအရင်က မပြည့်စုံသေးဘူး၊ ဒါပေမယ့် ကျုပ် လေ့လာနေတာ တော်တော်ကြာပြီ။ အဲဒီလူ ကျူးကျော်ဝင်ရောက်လာတဲ့ကိစ္စကြောင့် မကြာသေးခင်ကမှ ရက်အနည်းငယ်လောက် ပြန်လေ့လာထားတယ်။ အခုဆိုရင် သူ့ကို ဖမ်းချုပ်ထားဖို့ ကျုပ်လုပ်နိုင်စွမ်း ရှိနေပြီ။ နတ်တံတားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်တောင်မှ ဒီအထဲကနေ လွတ်မြောက်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူရလိမ့်မယ်"။

"နေ့တစ်ဝက်လောက် အချိန်ယူပြီး အပြင်အဆင်ကို အပြီးသတ်နိုင်တယ်!"

ထို့ကြောင့် မနက်စောစောအချိန်တွင် သူရိယဓားဂိုဏ်းမှ တပည့်များအားလုံး အပြင်ထွက်ခွင့် တင်းကျပ်စွာ ပိတ်ပင်လိုက်သည်။

ထို့နောက် အကြီးအကဲတစ်စု၏ ဦးဆောင်မှုအောက်တွင် ရှေးဟောင်း မော်ကွန်း အစီအရင်ကို စတင်ပုံဖော်ကြလေသည်။

ဂိုဏ်း၏ဘဏ္ဍာတိုက် အောက်ခြေတွင် သိမ်းဆည်းထားသော ဝိညာဉ်ကျောက်တုံး အများအပြားကိုလည်း မော်ကွန်း အစီအရင်အတွင်းသို့ ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းရန် အသုံးပြုခဲ့ကြသည်။

"ဒီ မှော်အစီအရင်က တကယ်ကို စွမ်းအားကြီးတာပဲ ဖမ်းချုပ်မယ့်အစီအရင်အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေပြီလို့ ခံစားရတယ်။ တကယ်လို့ သူ့ကိုသာ ဖမ်းချုပ်နိုင်ခဲ့ရင် သူ့မှာ အတောင်ပံ ပါလာရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

အကြီးအကဲများအဖွဲ့ မော်ကွန်း အစီအရင်ကို ပုံဖော်နေစဉ် သူတို့၏ အစီအစဉ် ဖြစ်မြောက်နိုင်ခြေရှိသည်ဟု ခံစားရပြီး ခေတ္တမျှ စိတ်လှုပ်ရှားနေခဲ့ကြသည်။

"ဒီအစီအရင်ကသာ အဲဒီလူကို တကယ်ဖမ်းချုပ်နိုင်ရင် အရှင်လတ်လတ် အရေခွံဆွဲပစ်မယ်"

မော်ကွန်း အစီအရင်၏ အပြင်အဆင် ပြီးစီးသွားပြီဖြစ်သည်။

"ရန်သူ ရိပ်မိသွားမှာစိုးလို့ ခင်ဗျားတို့အားလုံး ထွက်သွားကြတော့။ ကျွန်တော် တစ်ယောက်တည်းပဲ ဒီမှာ ပုန်းပြီး ကျန်နေခဲ့မယ်" လင်းကျန်းဟုန်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

အဖြူရောင်ဝတ် လူငယ်ကို မြင်သည်နှင့် တခါတည်း ဓားဖြင့် ထိုးဖောက်သတ်ဖြတ်တော့မည့်အလား သူ၏ တိုက်ခိုက်ခြင်းဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

ကျန်းကျန့်၏ မျက်လုံးများ လှုပ်ခတ်သွားသည်။

"ကျုပ်လည်း နေခဲ့မယ်။ ကျုပ်ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ နည်းစနစ်တစ်ခု သင်ထားတယ်။ ကျုပ် ပုန်းနေရင် ကိုယ့်ကိုယ်ကိုယ်ထင်မပြသရွေ့ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ မော်ကွန်း အစီအရင်ကို အသက်သွင်းရမှာက ကျုပ်လေ" ဟု သူက ပြောလိုက်သည်။

အကြီးအကဲများမှာ ကျန်းကျန့်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ဒီလူက တကယ်ကို အချိန်အကြာကြီး ကလဲ့စားချေဖို့ ကြံစည်ထားခဲ့တာပဲ။

ပြောရရင် သူက ဂိုဏ်းရဲ့ ဩဇာအာဏာ ဗဟိုချက်မရဲ့ အပြင်ဘက်မှာပဲ အမြဲရှိနေခဲ့တာ။

ဒါပေမယ့် ဒီကိစ္စပြီးသွားရင်တော့ ဂိုဏ်းထဲက သူ့ရဲ့ အဆင့်အတန်းက ဒီရေတက်သလို မြင့်တက်လာတော့မှာ သေချာတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာ ကျမ်းစာတိုက် စောင့်ကြပ်နေတဲ့ ကျန်းကျန့်က အထဲမှာရှိတဲ့ ကျမ်းစာအများစုကို ဖတ်ရှုပြီး တော်တော်များများကို တတ်မြောက်ထားလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

"ခင်ဗျား ဒီနားမှာ ပုန်းနေလိုက်။ ကျုပ် အရှိန်အဝါက အရမ်းကြီးမားလွန်းလို့ ရိပ်မိသွားမှာ စိုးရိမ်ရတယ်။ဒါပေမယ့် အဲဒါအတွက် ကျုပ်မှာ တခြားအစီအစဉ် ရှိပါတယ်။ ကဲ... ဒါပါပဲ အဲဒီလူ မကြာခင် ရောက်လာတော့မယ်" လင်းကျန်းဟုန်က ကျန်းကျန့်ကို ပြောလိုက်သည်။

လက်ရှိအချိန်ကို ကြည့်ရသလောက် အဖြူရောင်ဝတ် လူငယ် ရောက်လာတော့မည်။

ထိုအချိန်၌ ကောင်းကင်ကြီး တဖြည်းဖြည်း လင်းလာသည်။

အမှောင်မြူခိုးများအောက်တွင် သူရိယဓားဂိုဏ်းတစ်ခုလုံး အနည်းငယ် တိတ်ဆိတ်ခြောက်ကပ်နေသည်။

အဖြူရောင်ဝတ် ပုံရိပ်သည် အချိန်တိကျစွာရောက်ရှိလာသည်။

ရှန်းချန်ကော သူရိယဓားဂိုဏ်းအတွင်းသို့ ခြေချလိုက်သည်။

သို့သော် ထိုခဏ၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုသူမှာ လင်းကျန်းဟုန် ဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင် သူက ချက်ချင်း ဓားမဆွဲထုတ်ပေ။

ထိုအစား ခါးသက်သက် အပြုံးတစ်ခုကို ထုတ်ပြပြီး ပြောလိုက်သည်၊ "ကောင်းပြီ... ငါ.. တော်လောက်ပြီ။ မင်း ဘာလိုချင်တာလဲ"

ရှန်းချန်ကော သူ့ကို နားလည်ရခက်သော အပြုံးဖြင့် ကြည့်လိုက်သည်။

ဒီလူက ငြိမ်းချမ်းရေး စကားဆိုချင်နေတာလား။

ကောင်းပြီ... ငါ့အတွက် အကွက်တစ်ခုခုတော့ ပြင်ဆင်ထားတယ် ထင်တယ်... ဟုတ်လောက်တယ်မလား။

"အဟွတ်... အဟွတ်... ငါ မင်းကို တကယ် မသတ်နိုင်ဘူးလို့ ခံစားရလို့ပါ။ တကယ်လို့ မင်း သူရိယဓားဂိုဏ်းကို နေ့တိုင်း လာနေတဲ့ အကြောင်းရင်းကို ပြောပြရင် ငါ နောက်နောင် မင်းကို လုံးဝ မနှောင့်ယှက်တော့ဘူး။ မင်း သူရိယဓားဂိုဏ်းရဲ့ ကျမ်းစာတွေကို လိုက်ဖတ်ကြည့်ချင်ရင်တောင် ခွင့်ပြုပေးနိုင်တယ်" လင်းကျန်းဟုန်က ပြောသည်။

သူတို့ရဲ့ ကျမ်းစာတွေကို ဖတ်ရှုခွင့်တဲ့။

တကယ့်ကို ရက်ရောတဲ့ ကမ်းလှမ်းမှုတစ်ခုပဲ။

ဒီလိုအချိန်မျိုးမှာ ဂိုဏ်းတစ်ခုရဲ့ ကျမ်းစာဆိုတာ သူတို့ရဲ့ အပေးအယူလုပ်စရာ အသပြာပြားတွေလို တန်ဖိုးရှိတာမျိုးလေ။

သို့သော် ရှန်းချန်ကောက လင်းကျန်းဟုန်ကို နားမလည်နိုင်သလို ကြည့်လိုက်လေ၏။

လင်းကျန်းဟုန် သက်ပြင်းချလိုက်ပြီး ပြောလေသည်။

"ထားလိုက်ပါတော့။ မင်း ငါ့ကို မယုံရင် ငါကိုယ်တိုင် လိုက်ပို့ပေးမယ်။ ငါတို့ရဲ့ ကြိုက်တဲ့ကျမ်းစာကို စိတ်ကြိုက် လေ့လာလို့ရတယ်"

လင်းကျန်းဟုန် ထိုအချိန်မှစ၍ ရှန်းချန်ကောကို ဂရုမစိုက်တော့ပေ။

သူ လှည့်ထွက်လိုက်ပြီး ကျမ်းစာတိုက်ဘက်သို့ ဦးတည် လျှောက်သွားလိုက်သည်။

သူ ငါ့နောက်လိုက်လာတာပဲ။

ရှန်းချန်ကော သူ့အနောက်မှ လိုက်ပါလာသည်ကို အာရုံခံမိသောအခါ လင်းကျန်းဟုန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

ရှန်းချန်ကော မျက်လုံးများက သက်တောင့်သက်သာဖြစ်နေပြီး ခြံဝင်းအတွင်း အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းနေသည်။

သို့သော် ကျမ်းစာတိုက်အပြင်ဘက်သို့ ရောက်သောအခါ သူ့နှုတ်ခမ်းထောင့်စွန်း ရုတ်တရက် ကွေးတက်သွားပြီး လင်းကျန်းဟုန်၏ကျောပြင်ကို နားလည်ရခက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

အခုချက်ချင်း သူ့ကို ခုတ်ပိုင်းလိုက်ရင်...

ထားလိုက်ပါတော့။

ရှန်းချန်ကော လက်ကို နောက်ပစ်လိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်ကာ လင်းကျန်းဟုန်နောက်သို့ ဖြည်းညှင်းစွာ လိုက်ပါသွားလေသည်။

ရှန်းချန်ကောသည် နဂါးချုပ်နှောင်အစီအရင် ခင်းကျင်းထားသော နေရာသို့ လိုက်ပါလာသည်ကို မြင်သောအခါ လင်းကျန်းဟုန်၏ စိတ်နှလုံးသည် ယခင်ကထက် ပိုမိုပြတ်သားခိုင်မာလာလေတော့သည်။

All Chapters