← Chapters

နတ်ဆိုး ကျိလင်

Vol. 4 Ch. 33

နတ်ဆိုး ကျိလင်

Vol. 4 Ch. 33

လင်းချင်ရှန်းသည် ကြောက်ရွံ့တုန်လှုပ်မှုများနှင့်အတူ ရှန်းချန်ကော၏ ညစ်ပေသောအဝတ်များကို သယ်ဆောင်၍ အဆောင်မှ ထွက်ခွာသွားသည်။

သူမ ထွက်သွားပြီးနောက် ရှန်းချန်ကော၏ မျက်နှာသည် လုံးဝ မည်းမှောင်သွားသည်။

'ဂျူနီယာညီမလေးက ငါနဲ့ အတော် ရင်းနှီးတယ်။ ဒါ့အပြင် သူရှိမှငါ့အဝတ်အစားတွေက အမြဲ သပ်ရပ်သန့်ရှင်းနေမှာ။ သူက ငါ့ကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံတယ်။ သူ့ကို ခြိမ်းခြောက်ရဲတဲ့သူက ငါ့ကို ခြိမ်းခြောက်တာနဲ့ အတူတူပဲ...'

ဂျူနီယာညီမလေးသာ မရှိလျှင် ကလေးဆိုးများ ပန်းချီဆွဲထားသကဲ့သို့ ညစ်ပေနေသော အဝတ်အစားများဖြင့် လက်ကိုနောက်ပစ်ကာ ကောင်းကင်တောင်ထွတ်ပေါ်တွင်ရပ်ပြီး ကမ္ဘာအနှံ့လှည့်လည်သွားလာရမည်ကို ရှန်းချန်ကော တွေးမိသောအခါ သူ့မျက်နှာထား မတည်မငြိမ် ဖြစ်လာသည်။

သူ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ဝူး...

ရုတ်တရက် သူ့ကုတင်အောက်မှ ဓားသုံးလက် ပျံထွက်လာသည်။

ထိုဓားသုံးလက်သည် သူရိယဓားဂိုဏ်းမှ သူ ရရှိထားခဲ့သော ဓားများ ဖြစ်သည်။

စီးနင်းခြင်းဓား - နတ်လေပြေ

သဏ္ဍာန်ဖော်ခြင်းဓား - နေနာရီ

တိုက်ခိုက်ခြင်းဓား - တောက်ပအလင်း(သောက်ချီးပဲဟေ့)

ဤဓားသုံးလက်သည် 'မူလဝိညာဉ်အဆင့်' ဓားများ ဖြစ်ကြသည်။

လက်နက်အဆင့်များမှာ - 'စွမ်းအင်စုဆောင်းခြင်းအဆင့်'၊ 'မူလဝိညာဉ်အဆင့်' နှင့် 'ဘုရင်အဆင့်' တို့ ဖြစ်ကြသည်။

ဒါက လက်ရှိ ရှန်းချန်ကော သိထားသည့် အဆင့်များ ဖြစ်သည်။

ဤဓားသုံးလက်သည် မူလဝိညာဉ်အဆင့် အလယ်အလတ်မှ အဆင့်မြင့်ရှိသော ဓားများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် စွမ်းအင်စုဆောင်းခြင်းအဆင့် ဓားများကိုသာ အသုံးပြုလေ့ရှိသော ရှန်းချန်ကောအတွက်မူ ဤဓားများသည် ယခင်က မကြုံဖူးလောက်အောင် စွမ်းအားကြီးမားနေသည်။

ကောင်းကင် မှောင်လာသည်ကို မြင်သောအခါ ရှန်းချန်ကောသည် အိမ်မှ ထွက်ခွာပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းရှိ တပည့်များအားလုံးသည် တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။

"ဂိုဏ်းထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပိုများလာတယ်။ ကျန်းထုံရဲ့ အသက်စွမ်းအင်တွေ စုပ်ယူခံလိုက်ရပြီး ခြောက်သွေ့တဲ့ အလောင်းကောင်အဖြစ် ပြောင်းလဲသွားတယ်။ ဟင်း... အမှောင်မြူခိုးထဲမှာ အသက်ဆိုတာ တကယ် ပျက်စီးလွယ်တာပဲ..."

"ဟုတ်တယ်။ ငါတို့ အခု အမှောင်မြူခိုးထဲ ရောက်နေတာဆိုတော့ ငါတို့ မမြင်နိုင်တဲ့ နေရာကနေ ဘယ်လောက်များတဲ့ အေးစက်ပြီး ခြောက်ခြားဖွယ် မျက်လုံးတွေက ငါတို့ကို စိုက်ကြည့်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."

ယနေ့တွင် တပည့်များသည် အပြင်ထွက်ရန် အနည်းငယ် ကြောက်ရွံ့နေကြသည်။

ဂိုဏ်းထဲတွင် ခြောက်သွေ့နေသော အလောင်းကောင်တစ်ခု ပေါ်လာခဲ့ပြီး လူသတ်သမားကို ရှာမတွေ့သေးပေ။

ထို့ကြောင့် နောက်ထပ် သားကောင်က သူတို့ ဖြစ်လာမလား ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။

လူတိုင်း စိုးရိမ်ပူပန်နေကြသည်။

အစပိုင်းတွင် မိန်းကလေးငယ် ပုံသဏ္ဌာန်ဖြင့် နတ်ဆိုး ဝင်ရောက်တိုက်ခိုက်စဉ်ကကဲ့သို့ပင် ဖြစ်သည်။

နောက်ထပ် ဘယ်အချိန်မှာ ဘယ်သူ ထပ်သေဦးမလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။

"ဂျူနီယာညီမလေး... ဒီည ကိုယ် မင်းအိမ်မှာ လာအိပ်လို့ ရမလား။မင်းအခန်းထဲကိုပဲ ဝင်မှာပါ... မင်း ကိုယ်ထဲကို ဝင်မှာ မဟုတ်ပါဘူးကွာ..."

"သွားစမ်း ဒီည ငါ့အိမ်မှာလာအိပ်ဖို့ စီနီယာအစ်မ နှစ်ယောက်ကို ခေါ်ထားပြီးသား..."

"သြော်... ကံဆိုးလိုက်တာ။ မင်း ငါ့ရဲ့... အဟမ်း... အဟမ်း... ဓားထုတ်တာကို မြင်ခွင့်ရမယ့် အခွင့်အရေး ဆုံးရှုံးသွားပြီ။ဂျူနီယာညီမလေး... ဓားပြန်သိမ်းလိုက်ပါဦး... ကိုယ်တို့ စကားပြောလို့ ရပါတယ်..."

"သွား...စမ်း..."

တပည့်အများအပြားသည် အမှောင်ထဲတွင် ပုန်းအောင်းနေသော နတ်ဆိုးတိုက်ခိုက်ခွင့် မရစေရန် သုံးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ အုပ်စုဖွဲ့ နေထိုင်လာကြသည်။

မည်သို့ပင်ဖြစ်စေ လက်များပါက အလုပ်ပိုတွင်သည်မလော။

ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လျှင် အလွန် အန္တရာယ်များသည်။

သို့သော် ထိုအခိုက်အတန့်တွင်...

"ကောင်စုတ်လေး မင်းဘာလုပ်လိုက်တာလဲ"

"မင်း ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"

အခန်းတစ်ခန်းထဲတွင် အကြီးအကဲ မို ၏ မျက်လုံးများတွင် ဒေါသနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

မူလ သူရိယဓားဂိုဏ်းကို သူတို့ဂိုဏ်းနှင့် ပေါင်းစည်းခြင်း ကိစ္စရပ်များကို ဖြေရှင်းပြီးခါစ ဖြစ်သဖြင့် သူသည် သူ့တပည့်ကို သွားရောက်တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

သို့သော် ကျိလင်၏နေအိမ်သို့ ရောက်သည်နှင့် သူ့၏ ဂုဏ်ယူရသော တပည့်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူ့ရှေ့၌ အလောင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုအလောင်းသည် သူရိယဓားဂိုဏ်းမှ တပည့်တစ်ဦး၏အလောင်းဖြစ်ပြီး ထိုအချိန်တွင် အလောင်း၏အသက်စွမ်းအင်များ ဆွဲထုတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။

၎င်းသည် တဖြည်းဖြည်း ခြောက်သွေ့သွားပြီး ရှုံ့တွသွားသည်။

ဒါ နတ်ဆိုးရဲ့ နည်းလမ်းပဲ

အကြီးအကဲ မို ခေါင်းမူးသွားသလို ခံစားလိုက်ရသည်။

ဤအဖြစ်အပျက်၏ သက်ရောက်မှုသည် သူ့အပေါ် အလွန်ကြီးမားလွန်းသည်။

သူ အကျေနပ်ရဆုံးတပည့်က နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုအချိန်တွင် ကျိလင်၏မျက်နှာအမူအရာသည် ရှက်ရွံ့ခြင်းမှ ကြောက်ရွံ့ခြင်းသို့၊ ထိုမှတဆင့် အပြစ်ရှိစိတ်သို့၊ နောက်ဆုံးတွင် အားလုံး ပျောက်ကွယ်သွားပြီး ဂရုမစိုက်သော အသွင်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် သူသည် အရေပြားအားလုံးကို ဖုံးအုပ်ထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

မတော်တဆ ပေါ်နေသော သူ့အရေပြားပေါ်တွင် သွေးကဲ့သို့ နီရဲနေသော ဦးခေါင်းခွံ အမှတ်အသားများကို ဝါးတားတား မြင်တွေ့ရသည်။

၎င်းတို့သည် အလွန်ပြည့်နှက်နေသည်။

"ဆရာ..."

သူ့အသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေသော်လည်း ထိုအချိန်တွင် အလွန် အက်ကွဲနေပြီး လူသားတစ်ယောက်၏ အသံနှင့် မတူတော့ပေ။

"သစ္စာဖောက်ကောင်"

"ဘာလို့လဲ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲဒီလိုလုပ်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်း မသိဘူးလား" အကြီးအကဲ မို အလွန် နာကျင်သွားသည်။

သူ လက်မခံနိုင် ဖြစ်နေပါသည်။

ကျိလင်သည် လူလည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ် ဖြစ်သွားခဲ့ပါပြီ။

"အသက်ရှင်ဖို့အတွက်" ကျိလင် ရုတ်တရက် အော်ပြောလိုက်သည်။

အကြီးအကဲ မို ကြောင်အသွားသည်။

"အမှောင်မြူခိုးတွေ ကျရောက်လာပြီ။ ခေတ်သစ်တစ်ခု ရောက်လာပြီ၊နတ်ဆိုးတွေ နတ်ဆိုးတွေပဲ ရှင်သန်နိုင်မှာ ခင်ဗျားတို့အားလုံး သေရလိမ့်မယ် သက်ရှိတွေရှိနေခြင်းက အမှောင်မြူခိုးတွေနဲ့ ဆန့်ကျင်ဘက်ပဲ အမှောင်မြူခိုးထဲမှာ နတ်ဆိုးတွေပဲ ပိုကောင်းတဲ့ဘဝကို နေနိုင်မှာ၊ ဟို မြူခိုးနေထိုင်သူတွေလည်း အတူတူပဲ မဟုတ်ဘူးလား၊ သူတို့က အမှောင်မြူခိုးတွေနဲ့ လိုက်လျောညီထွေ နေထိုင်ပြီး ပိုသန်မာလာကြတာ..."

ကျိလင်၏မျက်နှာသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

အမှန်တကယ်တော့ သူ အရင်က ဤအရာကို အမြဲ ဆန့်ကျင်ခဲ့ဖူးသည်။

ထို အရိုးခေါင်းလေးနှင့် သဘောတူညီချက် တစ်ခုခု ရှိခဲ့သော်လည်း ကောင်းကင်ဘုံဓားဂိုဏ်းမှ အကြီးအကဲများ၏မြူခိုးနေထိုင်သူများအကြောင်း ပြောပြချက်ကို ကြားရသည်အထိ သူ ဆက်လက် တုံ့ဆိုင်းနေခဲ့သည်။

ထို့နောက်တွင် သူ၏ကမ္ဘာအပေါ် အမြင်များ ချက်ချင်း ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

မြူခိုးနေထိုင်သူတွေ...

သူတို့က နတ်ဆိုးတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။

သူတို့က နတ်ဆိုးအဖြစ် ပြောင်းလဲသွားတဲ့ လူတွေပဲ...

ရလဒ်အနေဖြင့် ကျိလင်၏ နှလုံးသားထဲမှ နောက်ဆုံး ခံစစ်စည်းကျိုးပေါက်သွားခဲ့သည်။

ထို့ကြောင့် သူသည် သူရိယဓားဂိုဏ်းနှင့် ကောင်းကင်ဘုံဓားဂိုဏ်းကြား ပဋိပက္ခကို အခွင့်ကောင်းယူကာ သက်ရှိများစွာကို အရိုးခေါင်းလေးထံ ပူဇော်ခဲ့ခြင်း ဖြစ်သည်။

"မြူခိုးနေထိုင်သူတွေက အဲဒီလို မဟုတ်ဘူး..."

အကြီးအကဲ မို၏မျက်နှာ နာကျင်နေသည်။

"ကျွန်တော် ဂရုမစိုက်ဘူး ကျွန်တော် စွမ်းအား လိုချင်တယ် ကျွန်တော် အသက်ရှင်ချင်တယ် ကြာရင် ခင်ဗျားတို့ အားလုံး သေရမှာပဲ" ကျိလင်၏ မျက်နှာပေါ်မှ နာကျင်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်ကာ ရုပ်ပျက်ဆင်းပျက် အသွင်သို့ ပြောင်းလဲသွားသည်။

"ကောင်စုတ်လေး မင်း ယုတ်မာတဲ့ကောင်"

အကြီးအကဲ မိုသည် ကျိလင်၏ ပျက်စီးနေသော အသွင်ကို ကြည့်ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။

သူ လက်ဝါးကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်များ စုဝေးလာသည်။

"ငါတို့ ပတ်သက်မှု ဒီနေ့နဲ့ အဆုံးသတ်ပြီ... ငါ့အိမ်ထဲက အမှိုက်ကို ငါကိုယ်တိုင် ရှင်းပစ်မယ်"

အကြီးအကဲ မို လက်ဝါး ရိုက်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအင်များ လှိုင်းထွက်လာပြီး ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ ဖိချလိုက်ရာ အနီးနားရှိ အိမ်များ ပြိုကျပျက်စီးသွားသည်။

"ဆရာ့ရဲ့ စွမ်းအားနဲ့ ကျွန်တော့်ကို အနိုင်ယူနိုင်ပါ့မလား..."

ကျိလင် လှောင်ပြုံး ပြုံးလိုက်သည်။

သူ့ခန္ဓာကိုယ်သည် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲ မို၏ တိုက်ခိုက်မှုကို အလွန် ထူးဆန်းသော နည်းလမ်းဖြင့် ရှောင်တိမ်းလိုက်သည်။

မသိလိုက်ဘဲ ကျိလင်သည် 'လွတ်မြောက်ခြင်းအဆင့်' အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ကျိလင်၏ လက်များပေါ်မှ အသားများ ရုတ်တရက်ကွာကျသွားပြီး အဖြူရောင် အရိုးများသာ ကျန်ရစ်သည်။

သူ့အရိုးလက်များသည် မှိုင်းညို့သော အရောင်ဖြင့် တောက်ပနေပြီး သူ့အရှိန်အဝါသည် အေးစက်မှုများနှင့် ရောနှောနေသည်။

"သတ်လိုက်... သူ့ကို သတ်... ပြီးတော့... ပို... သန်မာလာမယ်..."

ထိုအချိန်တွင် ကျိလင်၏အရိုးလက်ပေါ်၌ အရိုးခေါင်းလေးတစ်ခေါင်း ပေါ်လာသည်။

၎င်းသည် အဆက်မပြတ် တုန်ခါနေပြီး နတ်ဆိုးအလင်းရောင်များ ပွင့်လန်းကာ စွမ်းအားများ ပေါက်ကွဲထွက်နေသည်။

ဘုန်း...

စက္ကန့်ပိုင်းအတွင်း ကျိလင်၏လက်ဝါးသည် အကြီးအကဲ မို၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ဝုန်း...

အိမ်တစ်လုံးလုံး ချက်ချင်း ပေါက်ကွဲသွားသည်။

"အကြီးအကဲ မို"

ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် ပုံမှန်မဟုတ်သောအရှိန်အဝါကို စောစီးစွာကတည်းက အာရုံခံမိကြသည်။

ထိုအချိန်တွင် သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

အိမ် ပေါက်ကွဲသွားသောအခါ အကြီးအကဲ မို လွင့်စင်ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ထို့နောက် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျိလင် ပေါ်လာခြင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။

"ဘာကြီးလဲဟ"

"အဲဒါ ကျိလင်ပဲ သူ ဘာလို့ အဲဒီလို ကြောက်စရာကောင်းတဲ့ ကောင်ကြီး ဖြစ်သွားရတာလဲ"

ကျိလင် ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင် သူ့ခန္ဓာကိုယ်သည် အနီရောင်အလင်းတိမ်တိုက်အဖြစ် ပေါက်ကွဲသွားပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။

"အကြီးအကဲ မို ဘာဖြစ်တာလဲ"

"ဂိုဏ်းချုပ်ကြီးကို... သွားပြော... ကျိလင်... သူ... သူ နတ်ဆိုးပူးနေပြီ..."

"ဘာ"

လူတိုင်း၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

လူတိုင်း ရင်ထဲ အလွန်အေးစက်သွားသည်ကို နက်ရှိုင်းစွာခံစားလိုက်ရသည်။

သူတို့သည် မြေပြင်ပေါ်တွင် ခြောက်သွေ့သော အလောင်းကောင်အဖြစ် ပြောင်းလဲသွားသည့် သူရိယဓားဂိုဏ်းမှ တပည့်ဟောင်းကို ကြည့်လိုက်ကြသည်။

ဆိုလိုသည်မှာ ယခု 'လွတ်မြောက်ခြင်းအဆင့်' သို့ ရောက်ရှိနေပြီဖြစ်သော ကျိလင်သည် ကောင်းကင်ဘုံဓားဂိုဏ်းထဲတွင် စားသောက်ရန် အသားနှင့် သွေးများကို အမြဲမပြတ် ရှာဖွေနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

All Chapters