လက်နောက်ပစ်ရပ်နေသော ရှန်းချန်ကော
Vol. 4 Ch. 35
ငါ သေရတော့မှာလား။
အမှောင်မြူခိုးထဲတွင် လူတစ်ဦးသည် ရုပ်ပျက်ဆင်းပျက်မျက်နှာဖြင့် ဖြည်းညှင်းစွာ လျှောက်လာနေသည်။
ထိုသူသည် ကျိလင် ပင် ။
လင်းချင်းရှန် သူ့ကို မှတ်မိသည်။
ထိုသူသည် တကယ်ပင် ကျီလင် ဖြစ်သည်။
ဝါစဉ်အရပြောလျှင် သူမ သူ့ကို စီနီယာအစ်ကိုဟု ခေါ်ရမည်။
သူ မည်သို့ ဖြစ်သွားသနည်း။
ကျိလင် တစ်လှမ်းချင်းစီ လျှောက်လာသည်။
သူ့နောက်ကျောရှိ အမှောင်မြူခိုးများ နီရဲတောက်နေလေ၏။
ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိအသားများ တစ်ဝက်နီးပါးအရည်ပျော်နေပြီး ကျန်တစ်ဝက်မှာ ရုပ်ဆိုးအကျည်းတန်နေသည်။
သူ၏ဦးခေါင်းခွံဖြူဖြူပေါ်တွင် သွေးများပင် စွန်းထင်းနေသေးကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ရုတ်တရက် သူ့ဦးခေါင်းခွံပေါ်တွင် သေးငယ်သော အရိုးခေါင်းလေးတစ်ခေါင်း ပေါ်လာလေသည်။
ထိုအရိုးခေါင်းသည် အနီရောင်တောက်ပနေပြီး အဆက်မပြတ် တဝီဝီမြည်နေသည်။
စိတ်အားထက်သန်နေသကဲ့သို့ အားသွန်ခွန်စိုက် ခုန်ပေါက်နေသည်။
သူ့အသံသည် နတ်ဆိုးဆန်ပြီး ဖျားယောင်းဆွဲဆောင်နေလေ၏။
"သတ်..သတ်..စား..စား..ပိုသန်မာ.." ဟု ၎င်းက ဆိုသည်။
သူ၏အသံနှင့်အတူ ထိုပွတ်တိုက်မိသော အရိုးများ၏အက်ကွဲသံများသည် လူတစ်ဦး၏ စိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်လေသည်။
ကျိလင်သည် သူ၏အသိစိတ်အားလုံးကို ဆုံးရှုံးသွားပုံရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရိုးစုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
အလွန်ထူးဆန်းသော အနီရောင်တောက်ပနေကာ လင်းချင်းရှန်ကို ကြည့်လိုက်သည်။
သူသည် ရွေ့လျားခြင်းနည်းစနစ် ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ တိုးလာသည်။
"ကောင်စုတ်လေး"
သစ်တောထဲမှ ရုတ်တရက်ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
၎င်းသည် အလျင်အမြန် ပြေးလာသော အကြီးအကဲတစ်ယောက်ပင်။
သူ၏အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။
'လွတ်မြောက်ခြင်းအဆင့် နောက်ဆုံး' ဖြစ်သည်။
"ချင်းရှန် နောက်ဆုတ် ဒီကောင်စုတ်လေးကို ငါ သတ်မယ်ဘကောင်းကင်ဘုံဓားဂိုဏ်းမှာ မင်းလို ဘေးဥပဒ်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ခဲ့ဘူးငရဲကို သွားပေတော့" ထိုအကြီးအကဲ ဒေါသတကြီး ပြောလိုက်ပြီး ချက်ချင်း ဓားဆွဲလိုက်သည်။
လင်းချင်းရှန် သက်ပြင်းချလိုက်သည်။
သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် သူမ စိတ်ထဲတွင် လုံခြုံသည်ဟု မခံစားရပေ။
"အကြီးအကဲ သတိထား" ဟု သူမ အော်ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင်...
ကျိလင်သည် ထိုအကြီးအကဲ၏ဓားနှင့် ထိပ်တိုက်မိသော လက်ဝါးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဘုန်း...
ပတ်ဝန်းကျင်ရှိ မြေပြင်ပျက်စီးသွားပြီး ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများ မြေပြင်ပေါ် ပျံ့နှံ့သွားသည်။
အမှောင်မြူခိုးများပင် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
ထိုအကြီးအကဲ သွေးပျက်ဖွယ် အော်ဟစ်လိုက်သည်။
သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
"မင်း... မင်း... လွတ်မြောက်ခြင်းအဆင့် နောက်ဆုံး..."
ကျိလင်ကို ခဏလေးမတွေ့လိုက်ရသည်နှင့် သူသည် လွတ်မြောက်ခြင်းအဆင့် နောက်ဆုံး ကို ချိုးဖျက်ဝင်ရောက်ခဲ့သည်။
ထို့အပြင် သူ၏အင်အားသည် အလွန်အမင်း ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းလှလေသည်။
ကျင့်ကြံခြင်းအဆင့် တိုးတက်မှု အရှိန်နှုန်းက အလွန် ကြောက်စရာကောင်းမှုသည်... ထိုအကြီးအကဲ၏နှလုံးသား အေးခဲသွားစေ၏။
လက်ဝါးချက်ကြောင့် သူသည် မြေပြင်ပေါ်တွင် ပြင်းထန်စွာဒဏ်ရာရရှိစေခဲ့သည်။
ဝှစ်...
ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများ ဝဲပျံလာပြီး သူ့ကိုချက်ချင်း ဝန်းရံကာ မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဖိထားလိုက်သဖြင့် သူ ရွေ့လျားနိုင်စွမ်း မရှိတော့ပေ။
ဒါ မကောင်းတော့ဘူး
သူ့ကို ဝါးမြိုခြင်းခံလိုက်ရလျှင် ကျိလင် မည်မျှထိပင် အင်အားတိုးသွားမည်နည်း။
သို့သော် ကျိလင်သည် သူ့ကို ဝါးမြိုလိုပုံ မရကြောင်း သူ တွေ့ရှိလိုက်ရသည်။
"သတ်..စား..ပိုသန်မာ..."
အရိုးခေါင်းလေးဆက်လက် တုန်ခါနေပြီး အဆက်မပြတ် တဝီဝီ မြည်နေသည်။
ကျိလင်ကမူ လင်းချင်းရှန်ကို စိုက်ကြည့်နေသည်။
သူ့၏နီရဲတောက်ပနေသော မျက်လုံးများ သူမထံမှ တစ်စက္ကန့်မျှပင် မခွာသွားပေ။
လင်းချင်းရှန် အော်ဟစ်လိုက်သည်။
သူမ၏လည်ပင်းနောက်ဘက်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူမ၏လည်ပင်းပေါ်ရှိ ဦးခေါင်းခွံ အမှတ်အသား ရုတ်တရက် လင်းလက်လာပြီး ပူလောင်ကာ တောက်ပသောအနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် အသက်ဝင်လာသကဲ့သို့ ခံစားရသည်။
ကျိလင် ရူးသွပ်စွာ ပြေးဝင်လာသည်။
ထိုအကြီးအကဲ အံကြိတ်လိုက်သည်။
ချက်ချင်းပင် သူ လက်ကိုမြှောက်လိုက်ပြီး နူးညံ့သော စွမ်းအင်လှိုင်းတစ်ခုက လင်းချင်းရှန်အားအဝေးသို့ တွန်းထုတ်လိုက်သည်။
ဝုန်း...
ထိုအကြီးအကဲအတွက် အားလုံး ရှင်းလင်းသွားသည်။
ဤအရာက အဆိပ်ရှိအင်းဆက်များကို မွေးမြူသလိုပင်။
သူ၏အသက်စွမ်းအင်က သေချာပေါက် စွမ်းအားကြီးသော်လည်း ကျိလင်အတွက်တော့ အကျိုးအမြတ်က အလယ်အလတ်သာရှိမည်။
အမှန်တကယ်ကြီးမားသော အကျိုးသက်ရောက်မှု ပေးမည့်အရာကတော့ သက်ရှိဝိညာဉ်ပေါ်တွင် ကပ်ပါနေသော လင်းချင်းရှန်၏လည်ပင်းမှ ဦးခေါင်းခွံ အမှတ်အသားပင်။
ထိုအရာက အဆက်မပြတ်ကြီးထွားနေလေသည်။
ထို့ကြောင့် နတ်ဆိုးများက လူများအားမှတ်သားပြီးနောက်မှ ရိတ်သိမ်းလေ့ရှိလေ၏။
ကျိလင်အား လင်းချင်းရှန်ကို မိခွင့်ပေးလိုက်၍မဖြစ်ပေ။
ထိုအချိန်တွင် ထိုအကြီးအကဲ ထုတ်လွှတ်လိုက်သော စွမ်းအင်၏တွန်းအားကြောင့် လင်းချင်းရှန်သည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားသည်။
သို့သော် ထိုအကြီးအကဲ၏မျက်နှာ လေးနက်နေသည်။
လင်းချင်းရှန် လုံးဝ ထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိသည်။
လင်းချင်းရှန် ဝါးမြိုခံလိုက်ရလျှင်...
ကျိလင်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်တံတားအဆင့် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားမည်လော။
ထိုသို့ ဖြစ်လာပါက ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။
"အကြီးအကဲ"
ထိုအချိန်တွင် မိုချင်းချန်သည် မဝေးသော နေရာမှ စိုးရိမ်တကြီး ပြေးလာသည်။
"မြန်မြန်... ချင်း... ချင်းရှန်ကို... ကယ်... ကယ်... သူမ... သူမ ပစ်မှတ်ထားခံနေရတယ်..." ဟု ထိုအကြီးအကဲ ပြောလိုက်သည်။
မိုချင်းချန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရုတ်တရက် အေးစက်မှိုင်းညို့သွားသည်။
"စိတ်ချပါ အကြီးအကဲ၊ဂျူနီယာညီမလေးနဲ့ ကျွန်တော်က ဆရာတူ တပည့်တွေပါ။ သူ့ကို ဘာမှ ဖြစ်စေမှာ မဟုတ်ဘူး"
သူ ချက်ချင်း ဓားဆွဲလိုက်သည်။
သူ့မျက်လုံးများဟာ ကြောက်စရာကောင်းနေသည်။
သူ၏ရွေ့လျားခြင်းနည်းစနစ်သည်လည်း သာမန်မဟုတ်ပေ။
သူ ချက်ချင်းပင် အရှိန်ပြင်းပြင်းဖြင့် ထိုနေရာမှ ထွက်ခွာသွားသည်။
"ငါ့ကို အရင် ကယ်... မင်း... မင်း မိုက်မဲတဲ့ကောင်..."
ထိုအကြီးအကဲ ခေါင်းစောင်းသွားပြီး မြေပြင်ပေါ် လဲကျကာ မေ့မြောသွားသည်။
ကျိလင်၏လက်ဝါးချက်သည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ထိုအခိုက်အတန့်တွင်...
လင်းချင်းရှန် ရူးသွပ်စွာ ပြေးလွှားနေလေ၏။
"သတ်... စား... ပိုသန်မာ..."
အရိုးခေါင်းလေး၏အသံသည် သစ်တောတစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။
လက်စားချေရန် ကြိုးပမ်းနေသော နာကျည်းဝိညာဉ်ကဲ့သို့ အဆုံးမရှိ ပဲ့တင်ထပ်နေသည်။
၎င်းသည် အဆုံးမရှိ သကဲ့သို့ပင်။
သို့သော် ထိုအကြီးအကဲ၏စွမ်းအင်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။
သူမ၏နောက်ကျောရှိ ချမ်းတုန်ဖွယ် အရှိန်အဝါသည် ပိုမို နီးကပ်လာနေသည်။
ငါ သေရတော့မှာလား။
လင်းချင်းရှန်သည် ပိုတိုးလာသော အအေးဓာတ်ကို ခံစားရသောအခါမျက်လုံးများ မှိတ်မထားဘဲ မနေနိုင်တော့ပေ။
ထို လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်သည် တကယ်ပင် စီနီယာအစ်ကိုကြီး ချန်ကော မဟုတ်ဘူးလော။
'အဲဒီတုန်းက "အိမ်ပြန်တော့..." ဆိုတဲ့ အရမ်းရင်းနှီးတဲ့ အသံက တကယ်ပဲ စီနီယာအစ်ကိုကြီး ချန်ကော မဟုတ်ဘူးလား။'
သူမ၏နှလုံးသား တဖြည်းဖြည်း အေးစက်လာပါသည်။
ကျိလင် အနီးအနားရောက်လာပြီ ဖြစ်ကြောင်း လင်းချင်းရှန် ခံစားလိုက်ရသည်။
အေးစက်သော အရိုးလက်တစ်ဖက် ဆန့်တန်းလာသည်။
၎င်းသည် အေးစက်ပြီး အနီရောင်တောက်ပနေလေ၏။
အရိုးများက စူးရှသောအသံများမြည်ပေါ်လာပြီး အရာအားလုံးကို ထိုးဖောက်နိုင်သော စွမ်းအားကို သိုဝှက်ထားသည်။
"အား"
လင်းချင်းရှန် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
နောက်တစ်စက္ကန့်တွင်...
သူမ၏နောက်က ကျိလင်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို အာရုံခံမိသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ဝှစ်...
ပတ်ဝန်းကျင်ရှိ လေများ ရုတ်တရက်အငွေ့ပြန်သွားသလိုပင်။
အေးစက်သော လေများဟာ အဆုံးမဲ့သောဓားသွားများကဲ့သို့ တိုက်ခတ်လာသည်။
၎င်းသည် လုံးဝ ကြောက်မက်ဖွယ်ကောင်းသော ကြီးကျယ်ခမ်းနားသည့် စွမ်းအားလှိုင်းတစ်ခု ဖြစ်သည်။
လေထုထဲရှိ ပတ်ဝန်းကျင် အရှိန်အဝါသည် ချက်ချင်း သေခြင်းတရား၏အရှိန်အဝါနှင့် ပြည့်နှက်သွားသည်။
မိုးကြိုးများ ဟိန်းသောက်ကာ မှောင်မိုက်သော လျှပ်စီးကြောင်းများလက်လာရာ အေးစက်ပြီး မကောင်းဆိုးဝါးဆန်သော အရှိန်အဝါကို ထုတ်လွှတ်သည်။
ဘုန်း...
သစ်ပင်များ ကြေမွသွားပြီး ကွေးညွတ်သွားသည်။
ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားရင်း လင်းချင်းရှန်သည် မျှော်လင့်ချက်မဲ့ခြင်း၏ နက်နဲသောပင်လယ်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
နစ်မြုပ်နေသကဲ့သို့သော ခံစားမှုတစ်ခုက သူမကို ချက်ချင်း လွှမ်းမိုးသွားသည်။
ဝှစ်...
ခြောက်ခြားဖွယ် ဓားအလင်းရောင်တစ်ချက်ဟာ စွမ်းအား၏အမြင့်ဆုံးသို့ ရောက်လုနီးပါး ထုတ်လွှတ်လိုက်သည်။
ဓားနည်းစနစ်အကြောင်း သိထားသော လင်းချင်းရှန်သည် ဤမျှတောက်ပသော ဓားအလင်းတန်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အထွတ်အထိပ်သို့ ရောက်နေသော ဆရာပင်လျှင် သူ့ဓားဖြင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကို မထုတ်နိုင်ခဲ့ပါဘူး။
ကျိလင် ဆိုးရွားစွာ အော်ဟစ်လိုက်သည်။
လင်းချင်းရှန် ကြောင်အကာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ကျိလင်မကြာခြင်ကဆန့်တန်းထားသော လက်ပြတ်သွားလေသည်။
မြေပြင်တစ်ခုလုံးတွင် မည်းညစ်နေသော သွေးများ ဖုံးလွှမ်းနေသည်။
အရိုးခေါင်းမှာမြေကြီးပေါ်သို့ ပြုတ်ကျပြီး ကြောက်မက်ဖွယ် ဓားချီစွမ်းအင်ကြောင့် ဖုန်မှုန့်အဖြစ်ကြေမွသွားကာ မြေပေါ်သို့ ကျရောက်သည်နှင့် ပေါက်ကွဲသွားသည်။
လက်ရှိတွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်များ လေထုထဲတွင် ကျန်ရှိနေဆဲပင်။
လျှပ်စီးကြောင်းများ မှောင်မိုက်ခြောက်သွေ့နေသောအကိုင်းအခက်များကဲ့သို့ မြေပြင်တစ်လျှောက် စီးဆင်းနေသည်။
၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေကြီး တုန်လှုပ်ပြီး အက်ကွဲသွားသည်။
ဦးရေပြား ထုံကျင်ချင်စရာပင်။
လင်းချင်းရှန်၏ကြီးမားကာချစ်စဖွယ် မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုအချိန်တွင် မိုချင်းချန်သည် အမောဖောက်လျက် အလျင်အမြန် ပြေးလာသည်။
သူ့မျက်လုံးများ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။
"ဂျူနီယာညီမလေး..."
သူသည် သူ့မိသားစုဝင် မည်သူ့ကိုမျှ ဘာမှ ဖြစ်စေမည် မဟုတ်ပေ။
သူ့စီနီယာအစ်ကိုကြီးက သူ့ကို မကြာခဏ အနိုင်ကျင့်ခဲ့သော်လည်း သူ စီနီယာအစ်ကိုကြီးထက် ကျင့်ကြံခြင်းအဆင့် သာလွန်သွားကတည်းက သူ့ကို ပြန်အနိုင်မကျင့်ခဲ့ပေ။
ထို့အပြင် သူနှင့်ပတ်သက်နေသော မည်သည့်ကိစ္စတွင်မဆို သူ၏ဂျူနီယာညီမလေးကို ကာကွယ်ပေးလိမ့်မည်။
သူ အလေးထားဆုံးအရာမှာ သူတို့ကြားက ခင်မင်ရင်းနှီးမှု ဖြစ်သည်။
ကျိလင် စွမ်းအားကြီးသော်လည်း သူ၏ ထိလွယ်ရှလွယ်သော အချက်ကို ထိပါက သူ မိုချင်းချန်သည် ရဲရဲဝံ့ဝံ့ တိုက်ခိုက်မည် သေချာသည်။
နောက်ဆုံးတော့
ငါ ရောက်လာပြီ
သူသည် ကျိလင်၏အရိုးလက်က သူ့ဂျူနီယာညီမလေးနောက်မှ ဆန့်တန်းလာသည်ကို မြင်လိုက်ရသည်။
ထိုလက်သည် အနီရောင် တောက်ပနေသည်။
ထိမိပါက ထိုးဖောက်ကာဒဏ်ရာ သေချာပေါက် ရစေလိမ့်မည်။
သူ သတိပြုမိလိုက်သောအခါ သူ့မျက်လုံးများ ဒေါသဖြင့် ပြူးကျယ်လာသည်။
သူ၏သိမြင်နိုင်စွမ်းထက် ကျော်လွန်သော ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ချက် ရုတ်တရက်ထွက်ပေါ်လာသည်။
လွတ်မြောက်ခြင်းအဆင့် နောက်ဆုံး တွင် ရှိနေသော ကျိလင်၏လက် ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
သူ၏ ကြောက်ရွံ့မှု အတိုင်းအဆမရှိ မြင့်တက်လာသည်။
ဘယ်သူလဲ။
ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်တဲ့ ဓားအလင်းတန်းလဲ။
ဓားအလင်းတန်းသည် အသက်ရှူရပ်လုနီးပါး ဖြစ်သွားစေခဲ့လေသည်။
သူသည် ကောင်းကင်ဘုံဓားကျမ်း၏ ဓားစီးနင်းခြင်းအပိုင်း ကို ကျင့်ကြံခဲ့ပြီး သူ့ဆရာ ကျင့်ကြံသည်ကိုလည်း မြင်ခဲ့ရသည်။
သို့သော် လက်ရှိအချိန်တွင် ဤဓားအလင်းတန်းနှင့် နှိုင်းယှဉ်ပါက သူ့ဓားအလင်းတန်းနှင့် သူ့ဆရာ၏ ဓားအလင်းတန်းသည် သာမန်လူတစ်ဦးက လုပ်ဆောင်နေသကဲ့သို့ ထင်ရသည်။
ဒါက စစ်မှန်တဲ့ ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းအပိုင်းပဲ
အလွန်နက်နဲလွန်းသောကြောင့် သူ နားလည်နိုင်စွမ်းကို ကျော်လွန်နေလေ၏။
ပတ်ဝန်းကျင်တွင် ကြီးမားသော လေပြင်းမုန်တိုင်းစွမ်းအားတစ်ခု မြင့်တက်လာသည်။
အနက်ရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဟာ ပေါက်ကွဲထွက်လာသည်။
ဓားစီးနင်းခြင်း၏အမြင့်ဆုံးအဆင့် - 'ယင်ဒြပ်စင်ငါးမျိုး'
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အဲဒီလူ ဘယ်သူလဲ။
သူ ပတ်ပတ်လည်ကို အလျင်အမြန်ကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူ့မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွားလေ၏။
ကောင်းကင်တောင်ထွတ်ပေါ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရလေသည်။
ဓားကဲ့သို့ ထက်ရှသောမျက်ခုံးမွေးများနှင့် အဆုံးမရှိသောရေကန်ကဲ့သို့ အေးစက်သောမျက်လုံးများရှိသည့် ထိုလူသည် ကောင်းကင်နှင့်မြေကြီးကို စိုက်ထူနေသော နတ်ဓားတစ်လက်ကဲ့သို့ မတ်မတ်မားမား ရပ်နေသည်။
လေညင်းများ ညင်သာစွာ တိုက်ခတ်နေသည်။
လေပင် သူ့ထိန်းချုပ်မှုအောက်မှ ဓားတစ်လက် ဖြစ်သွားသကဲ့သို့ ခံစားရလေသည်။
ထိုသူသည် တကယ်ပင် သူ၏အကြီးဆုံး စီနီယာအစ်ကိုကြီး ရှန်းချန်ကော ဖြစ်သည်။
ထိုအချိန်တွင် ရှန်းချန်ကောသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
သူ့မျက်လုံးများ အေးစက်နေပြီး သတ်ဖြတ်ခြင်းဆန္ဒများဖြင့် တောက်ပနေသည်။
သူ့နောက်ကျောရှိ ဓားသုံးလက်ထဲမှ တစ်လက်သည် ဓားအိမ်မှထွက်နေပြီးဖြစ်လေသည်။