မဟာပျက်သုဉ်းခြင်းကျမ်း
Vol. 4 Ch. 40
(၃) ရက် ကြာပြီးနောက်...
ရှန်းချန်ကောသည် 'နေမင်းကြွေကျခြင်း' နည်းစနစ်၏အမြင့်ဆုံးအဆင့်သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သည်။
ယခု သူသည် 'အမှန်တရားပြန်လည်ခြင်းအဆင့်' တိုက်ခိုက်ခြင်းနည်းစနစ်၏ အမြင့်ဆုံးစွမ်းအားကို ထုတ်သုံးနိုင်ပြီ ဖြစ်သည်။
အဆုံးစွန်အဆင့်ရှိသော 'အမှန်တရားပြန်လည်ခြင်းအဆင့်' တိုက်ခိုက်ခြင်းနည်းစနစ်၏ စွမ်းအားသည် ရှန်းချန်ကောကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။
ထို့အပြင် သူသည် စိတ်ဝိညာဉ်အသက်စည်းချက် နည်းစနစ်ဖြစ်သော 'စိတ်ဝိညာဉ်လမ်းညွှန်' ၏ အမြင့်ဆုံးအဆင့်သို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ ရှန်းချန်ကောသည် စိတ်ဝိညာဉ်လမ်းညွှန်ကို လေ့ကျင့်နေစဉ် သူ၏ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ခံစားနေရပြီ ဖြစ်သည်။
၎င်းသည် နှေးကွေးစွာ တိုးတက်နေသော သွေးကြောပြန်လည်ဆန်းသစ်ခြင်း လုပ်ငန်းစဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
"ဒါပေမဲ့ ဘာလို့ ငါ အဆင့်မတက်သေးတာလဲ"
ရှန်းချန်ကော၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
သူသည် 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ်တွင် ရှိနေခဲ့သည်မှာ (၃) ရက် ရှိပြီ ဖြစ်သည်။
ထို (၃) ရက်ကို အထင်သေး၍ မရပေ။
လေ့ကျင့်ရေးကွင်းပြင်တွင် (၃) ရက်ကြာ ချက်အင်ဝင်ပြီးနောက် ရှန်းချန်ကောအတွက် နှစ် (၁၅၀၀) စာ ကျင့်ကြံခြင်းအားထုတ်မှုနှင့် ညီမျှနေပြီ ဖြစ်သည်။
သို့သော် ထိုနှစ် (၁၅၀၀) သည် ရှန်းချန်ကောကို နောက်တစ်ဆင့်သို့ တက်လှမ်းရန် ခွင့်မပြုခဲ့ပေ။
ငါ့ပါရမီက အရမ်း ညံ့ဖျင်းလွန်းလို့လား။
မဟုတ်ဘူး အဲဒါ မမှန်ဘူး။
ရှန်းချန်ကောသည် ထိုအရာက သူ့ပြဿနာ၏ အဓိကသော့ချက် မဟုတ်ကြောင်း ခံစားမိလေ၏။
သူဟာ ပိတ်ဆို့မှုတစ်ခုအခြေအနေကို ရောက်နေပြီဟုခံစားရသည်။
နောက်တစ်ဆင့်က သူ့လက်ချောင်းထိပ်တွင် ရှိနေသလို ထင်ရလေ၏။
သို့သော် သူ့အား ထိုအဆင့်နှင့် ခြားနားထားသော ထူးဆန်းသည့် အတားအဆီးတစ်ခု ရှိနေလေသည်။
နတ်တံတားအဆင့်
လူများစွာ ထိုအဆင့်ကို ရောက်ဖူးကြလေသည်။
သူရိယဓားဂိုဏ်းချုပ်ကြီးနှင့် ဂိုဏ်းမှ အဘိုးကြီး နှစ်ယောက်စလုံးဟာ နတ်တံတားအဆင့်ရှိသော သတ္တဝါများပင်။
သို့သော် ရှန်းချန်ကောကတော့ ထိုအဆင့်ဟာ ထူးခြားသည့်အရာဟု မခံစားရပါဘူး။
"ဒါက နည်းနည်း ထူးဆန်းတယ်... ဒါပေမဲ့ ငါ တက်လှမ်းတော့မယ့် နတ်တံတားအဆင့်က သူတို့နဲ့ အရမ်း ကွာခြားနေတယ်လို့ ခံစားရတယ်..."
ထိုအချိန်တွင် ရှန်းချန်ကောသည် ကောင်းကင်တောင်ထွတ်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။
သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့အသိစိတ်သည် သူ့ကိုယ်ထဲသို့ နစ်မြုပ်နေသည်။
သူ့အသိစိတ်သည် နှလုံးသားကို ဖြတ်သန်းသွားပြီး သူ၏ကျင့်ကြံခြင်းအခြေအနေကို ခံစားလိုက်သည်။
ထိုအချိန်တွင် သူ့အတွင်းစိတ်ထဲရှိ ဟင်းလင်းပြင် ကြေမွသွားသကဲ့သို့ သူ့အတွင်းစိတ်သည် နောက်တစ်ဆင့်သို့ စတင်တက်လှမ်းနေပြီ ဖြစ်သည်။
နတ်တံတားကို တည်ဆောက်ရန်သာ လိုတော့သည်။
သို့သော် သူ နောက်တစ်ဆင့်ကို ခံစားနေရဆဲ ဖြစ်သည်။
ထိုအရာက နောက်တစ်ဆင့်ဆီ သွားရာလမ်းပင်
"ဟမ်..."
ရုတ်တရက် ရှန်းချန်ကော သံသယဖြစ်ဖွယ် အသံတစ်ခု ပြုလိုက်သည်။
သူ့ကျင့်ကြံခြင်းအခြေခံ ဦးတည်နေသော နေရာသည် အရောင်အသွေး စုံလင်ပြီး အလွန် လှပနေသည်။
တစ်စုံတစ်ခုက သူ့ကို ဆွဲခေါ်နေသည်ကို ဝါးတားတား ခံစားလိုက်ရပြီး၊ ထို မမြင်ရသော ဆွဲငင်အားကပင် သူ၏နောက်တစ်ဆင့်ကို အလွန် ထူးဆန်းစေသည်။
ထိုအရာက သူ့ခန္ဓာကိုယ်ထဲတွင် သဘာဝအတိုင်း ရှိနေသော အရာတစ်ခု မဟုတ်တာ သေချာလေ၏။
ထိုအရာက ဖြစ်နိုင်ချေအများဆုံးမှာ...
ပြင်ပအရာဝတ္ထုတစ်ခုပင်။
အမှောင်မြူခိုးထဲက ပြင်ပအရာဝတ္ထုတစ်ခု
"ပြန်လည်မွေးဖွားခြင်း "
ရှန်းချန်ကောသည် ပြောင်းပြန်တွက်ချက်မှု ကို ချက်ချင်း စတင်လိုက်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာအမူအရာ အနည်းငယ် ဆိုးရွားလာသည်။
"ငါ မီးနဲ့ ကစားနေတယ်လို့ ထင်တယ်။ ဒီအရာဝတ္ထုက အရမ်း ကြောက်စရာကောင်းတယ်။ ငါ တစ်ချက်ပဲ မြင်လိုက်ရပေမယ့် အဲဒါက အမှောင်မြူခိုးထဲမှာ အမြစ်တွယ်နေတဲ့ ကျောက်တိုင်တစ်ခုဆိုတာ တွေ့လိုက်ရတယ်။ နည်းနည်း ဟောင်းနွမ်းနေပြီး မျက်နှာပြင်ပေါ်မှာ စာလုံးတွေ အများကြီး ထွင်းထုထားတယ်။ ဒါပေမဲ့ အဲဒီစာလုံးတွေ ဘာရေးထားလဲဆိုတာ ငါ ဖတ်လို့မရဘူး..."
...
ဤနေရာသည် ဘာမှမရှိသော ကွင်းပြင်တစ်ခု ဖြစ်သည်။
အမှောင်မြူခိုးများ အတိုင်းအတာတစ်ခုအထိ ထူထဲလာသောအခါ ထိုနေရာရှိ ဒြပ်ဝတ္ထုအားလုံး တဖြည်းဖြည်း တစ်သားတည်း ဖြစ်သွားသည်။
မြေပြင်သည် ဗလာဖြစ်ပြီး ခြောက်သွေ့ကာ အချိန်စီးဆင်းမှုပင် ထိခိုက်ခံရပုံရသည်။
ဝှစ်...
အမှောင်မြူခိုးများ ရုတ်တရက် တုန်ခါသွားသည်။
အမှောင်မြူခိုး အနည်းငယ် ပါးလွှာသော ဗဟိုချက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်တိုင်တစ်ခု ပေါ်လာသည်။
အမည်းရောင် ကျောက်တိုင်၏မျက်နှာပြင်ကို အထူးပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားပြီး အချိန်ကာလ၏အမှတ်အသားများနှင့် ပြည့်နှက်နေသဖြင့် ရှေးကျသော ဖိနှိပ်မှု အာရုံခံစားမှုကို ပိုမို တိုးပွားစေသည်။
ရုတ်တရက် ပုံရိပ်အချို့ အဝေးမှနေ၍ ဤနေရာသို့ရွှေ့ပြောင်း ရောက်ရှိလာကြသည်။
သူတို့၏ခန္ဓာကိုယ်များသည် အမှောင်မြူခိုးများနှင့် တစ်သားတည်း ဖြစ်နေသည်။
ထိုနေရာရှိ အမှောင်မြူခိုးများနှင့် သူတို့၏ ရှူရှိုက်မှုတိုင်းသည် တစ်ခုနှင့်တစ်ခု သိမ်မွေ့ပြီး လှပသော တောက်ပမှုဖြင့် အပြန်အလှန် အားဖြည့်ပေးနေသကဲ့သို့ ရှိသည်။
"ဒီအကြိမ်အတွက် အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့ အဖွဲ့ဝင်ကို အတည်ပြုပြီးပြီလား"
သူတို့၏အသံများသည် အထူးပြုလုပ်ထားသကဲ့သို့ အက်ကွဲနေသည်။
တဝုန်းဝုန်း မြည်နေသည်။
သူတို့၏အသံသက်သက်ဖြင့်ပင် မြေကြီး တုန်ခါသွားစေသည်။
သူတို့သည် ရှေးဟောင်းကျောက်တိုင်ပေါ်တွင် ပေါ်လာသော နာမည်ကို ဂရုတစိုက် ကြည့်လိုက်ကြပြီး ရုတ်တရက် တစ်စုံတစ်ယောက်က သံသယဖြစ်ဖွယ် အသံတစ်ခု ပြုလိုက်သည်။
"အပြင်ဘက်စက်ဝိုင်း က တစ်ယောက်ယောက်က အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့ စာရင်းထဲ ပါလာတာလား"
"အပြင်ဘက်စက်ဝိုင်းလား"
အမှောင်မြူခိုး၏အပြင်ဘက်စက်ဝိုင်းသည် အမှောင်မြူခိုး ပါးလွှာပြီး ရင်းမြစ်ရှားပါးသော နေရာကို ကိုယ်စားပြုသည်။
ထိုနေရာရှိ ဂိုဏ်းများသည် အများအားဖြင့် မထင်ရှားသော ဂိုဏ်းငယ်လေးများသာ ဖြစ်သည်။
သူတို့ဟာ မည်သို့ဖြစ် အမှောင်နတ်ဘုရားကျောက်တိုင်၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်နည်း။
"အမှောင်နတ်ဘုရားကျောက်တိုင်က ဂိုဏ်းရုပ်တုတွေနဲ့ နီးကပ်စွာ ဆက်စပ်နေတယ်။ ဘယ်တော့မှ မှားနိုင်မှာ မဟုတ်ဘူး..."
"သူက 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ်ကို ရောက်ရှိလာတဲ့ နောက်ဆုံး (၁၀၀) မြောက် လူပဲ။သူ အတော်အတန် ပါရမီပါလောက်တယ်။ ဒါပေမဲ့ မြူခိုးသမုဒ္ဒရာအတွင်းမှာ ငါတို့ မရှားပါးတာက ပါရမီရှင်တွေပဲ..."
ဤအရာက အမှန်ပင်။
ထိုနေရာတွင် စုဝေးနေသော ပုံရိပ်အချို့သည် စတင်မှတ်တမ်းတင်ကြပြီး အပြင်ဘက်စက်ဝိုင်းမှ တပည့် ရှန်းချန်ကော သည် အမှောင်မြူခိုးတွင် အပြင်ဘက်စက်ဝိုင်း ရှိနေကြောင်းကိုသာ သူတို့ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ထိုထက် မပိုပေ။
"ဒီအကြိမ်အတွက် အမှောင်သခင် ဘယ်သူ ဖြစ်လာမလဲ မသိဘူး..."
"အဲဒါကို စောစောစီးစီး မပြောနဲ့ဦး။ ငါတို့ဆီမှာ အမှောင်သခင် မရှိတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဖြတ်ကျော်ခြင်းကို လှုံ့ဆော်ဖို့ အမှောင်နတ်ဘုရားကျောက်တိုင်က မှော်စွမ်းအင်တွေ လွှဲပြောင်းပေးပြီး သူတို့ရဲ့အရည်အသွေးတွေကို ပြီးပြည့်စုံအောင် ပုံဖော်ရမယ်။ ဒါ့အပြင် သူတို့ရဲ့ စွမ်းရည်တွေကို အမှောင်နတ်ဘုရားကျောက်တိုင်က အသိအမှတ်ပြုရမယ်။ ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး..."
သူတို့ထဲမှ အချို့ သက်ပြင်းချလိုက်ကြသည်။
ချက်ချင်းပင် သူတို့၏ခန္ဓာကိုယ်များသည် အမှောင်မြူခိုးများအဖြစ် ပေါက်ကွဲသွားပြီး ပျောက်ကွယ်သွားကြသည်။
...
ထိုအချိန်တွင် ရှန်းချန်ကော၏ ချက်အင်ဝင်ခြင်းက သူ့ကို ထူးခြားသော နည်းစနစ်တစ်ခု ဆုချီးမြှင့်လိုက်သည်။
[ ချက်အင်ဝင်ခြင်း အောင်မြင်သည် +၁ ]
[ ရရှိသောဆုလဘ်- ဝိညာဉ်ကျမ်း (မပြည့်စုံ) ]
ရှန်းချန်ကော အတော်လေး စိတ်ဝင်စားသွားသည်။
ဤ ဝိညာဉ်ကျမ်းသည် စိတ်ဝိညာဉ်ကို ကျင့်ကြံအားထုတ်သော နည်းစနစ်တစ်ခု ဖြစ်ပုံရသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
သူ့၏နည်းစနစ် လက်နက်တိုက်သည် အမြဲမပြတ် ကြီးထွားနေပြီး ဤအရာက သူ့ကို ထိခိုက်စေမလားဟု တွေးမိသည်။
မည်သို့ပင်ဖြစ်စေ နည်းစနစ်ပေါင်းစုံကို တစ်ပြိုင်နက်တည်း ကျင့်ကြံသူအများစုသည် ဘာမှ သေချာ မကျွမ်းကျင်ဘဲ ဟိုစပ်စပ် ဒီစပ်စပ်သာ ဖြစ်တတ်ကြသည်။
ကျင့်ကြံသူများသည် တစ်စုံတစ်ရာ အောင်မြင်ရန်အတွက် နည်းစနစ်တစ်ခုကို ပြီးပြည့်စုံအောင် လေ့ကျင့်သင့်သည်။
သို့သော် ရက်အနည်းငယ် ချက်အင်ဝင်ရုံဖြင့် သူ၏ နည်းစနစ်အချို့ကို အလိုအလျောက် အမြင့်ဆုံးအထိ ရောက်ရှိစေခဲ့သည်ကို သတိရလိုက်သောအခါ ထိုဆိုရိုးစကားသည် သူနှင့် မသက်ဆိုင်ကြောင်း သဘောပေါက်လိုက်သည်။
ကျင့်ကြံခြင်းက ငါ့အလုပ် မဟုတ်ဘူး။
သူဟာ အင်အားကြီးသော စနစ်ပိုင်ရှင်ဖြစ်နေပြီ။
သူ ပိုကြိုးစားပြီး ကျင့်ကြံရမည်။
သို့သော် လက်ရှိအချိန်မှာ ရှန်းချန်ကော အရာတချို့ကို စမ်းသပ်ချင်နေသည်။
ထို အရိုးခေါင်းက မြူခိုးသမုဒ္ဒရာ အကြောင်း သူ့ကို အများကြီး ပြောပြခဲ့သည်။
ဤအရာက ရှန်းချန်ကောကို ခန့်မှန်းချက်အချို့လည်း ပေးခဲ့သည်။
အကယ်၍ သူသာ မြူခိုးသမုဒ္ဒရာ အတွင်းမှာရှိတဲ့ အမှောင်မြူခိုးထဲတွင် ချက်အင်ဝင်ရင် မည်သည့်ဆုလာဘ်များ ရမည်နည်း။
ရှန်းချန်ကော အမှောင်မြူခိုးထဲသို့ ဝင်ရောက်သွားသည်။
"ချက်အင်"
[ ချက်အင်ဝင်ခြင်း အောင်မြင်သည် ]
ချက်အင်ဝင်တာ အောင်မြင်သွားပြီ
ရှန်းချန်ကော၏ စိတ်ဓာတ်များ အနည်းငယ် တက်ကြွလာသည်။
အမှောင်မြူခိုးသည် ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်သည်။
၎င်းထဲတွင် ချက်အင်ဝင်ခြင်းဖြင့် မည်သည့်ဆုလာဘ်များ ရနိုင်မည်နည်း။
[ ရရှိသောဆုလဘ်-မဟာပျက်သုဉ်းခြင်းကျမ်း- ပျက်စီးခြင်း ]
စွမ်းရည်ကျမ်းတစ်အုပ်လား။
ရှန်းချန်ကော၏မျက်ဝန်းများ ရုတ်တရက် ကျုံ့သွားသည်။
အဆုံးမဲ့ ရှေးဟောင်းသတင်းအချက်အလက်များ သူ့စိတ်ထဲတွင် ပေါက်ကွဲထွက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
၎င်းက သူ့ကို ခေါင်းကွဲမတတ် ကိုက်ခဲစေသည်။
သို့သော် မဟာပျက်သုဉ်းခြင်းကျမ်း ကို ရရှိပြီးနောက် ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများသည် သူ့အပေါ် အနည်းငယ် ပိုမို ရင်းနှီးလာသည်ကို ခံစားလိုက်ရသည်။
ယရင်တုန်းက သူ အမှောင်မြူခိုးထဲမှာ အကြာကြီး နေခဲ့ရင် အလွန်မသက်မသာစွာ ခံစားရလေ့ရှိသည်။
စိတ်ကို ထိခိုက်စေသော စွမ်းအင်များ သူ့စိတ်ထဲတွင်ပေါ်လာပြီး မရေမတွက်နိုင်သော သရဲလေးများက သူ့နားထဲတွင် တီးတိုးပြောနေသကဲ့သို့ ခံစားရလေ့ရှိသည်။
သို့သော် ယခုတော့ ရှန်းချန်ကောသည် အမှောင်မြူခိုးကို ကြွယ်ဝသော စွမ်းအင်များ ပါဝင်သည့် ကြီးမားသော ရတနာသိုက်တစ်ခုအဖြစ် ခံစားနေရသည်။
မဟာပျက်သုဉ်းခြင်းကျမ်း...
ဒီနည်းစနစ်က အရမ်း ကြောက်မက်ဖွယ် ကောင်းလောက်တယ်။
ရှန်းချန်ကော၏မျက်နှာထား တင်းမာနေသည်။
ဤကျမ်းကို ဖတ်ပြီးနောက် သူ ကောင်းကောင်း နားမလည်သော်လည်း ကျယ်ပြန့်ပြီး ခမ်းနားသော စာသားများက ပေးစွမ်းသော လျှို့ဝှက်ဆန်းကြယ်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့ကို ခံစားနေရဆဲ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် ကောင်းကင်ဘုံဓားကျမ်း ပင် အလွန် ရိုးရှင်းနေပုံရသည်။
"အမှောင်မြူခိုးရဲ့ နည်းစနစ်... မြူခိုးနေထိုင်သူတွေ..."
"စိတ်ဝင်စားစရာပဲ" ရှန်းချန်ကော ပြောလိုက်သည်။
သူသည် မြူခိုးထဲသို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများ လှိုင်းထလာပြီး သူ့ပတ်လည်တွင် မုခ်ဦးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
စာစဉ်၄ပြီး#