ကြီးမားတဲ့ အံ့သြမူ
Vol. 32 Ch. 411
ဘထ္ထရီ နမူနာက တစ်လုံးပဲရှိတော့ အစိတ်အပိုင်း တွေအဖြစ် ဖြုတ်လိုက်ရင် အရေအတွက်က အလွန် နည်းပေသည်။
အချို့နည်းပညာအဖွဲ့ခေါင်းဆောင်တွေက သုတေသ နအတွက် သတ်မှတ်ထားတဲ့ အစိတ်အပိုင်းတစ်ခုကို လိုအပ်ကြသလို တခြားနည်းပညာအဖွဲ့ ခေါင်းဆော င် တွေကလည်း ဒီအစိတ်အပိုင်းကို လိုချင်ရင် အ ငြင်းပွားမှုတွေ မလွဲမသွေ ဖြစ်လာပေလိမ့်မည်။
ဟူနမ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
"ဒီလို ဘထ္ထရီတွေ နည်းနည်း ပိုရရင် အရမ်း ကောင်း မှာပဲကွာ.."
"ဟုတ်ပါ့ဗျာ..နောက်ထပ် နည်းနည်း ပိုရရင် ဒီအခြေ အနေမျိုး ဖြစ်လာမှာမဟုတ်ဘူး...ကျွန်တော်တို့ရဲ့ သုတေသနတိုးတက်မှုကလည်း ပိုမြန်လာမယ်... သု တေသီတွေကလည်း အစိတ်အပိုင်းတွေအတွက် စေ ာင့်နေစရာမလိုတော့ဘူး..တခြားလူတွေရဲ့ သုတေ သနပြီးမှ သူတို့ လေ့လာဖို့ အစိတ်အပိုင်းတွေ ရမယ့် အခြေအနေမျိုး ဖြစ်တော့မှာမဟုတ်တော့ဘူး . . ."
နှစ်ယောက်စလုံးက ဒီဘထ္ထရီ နမူနာကို ပိုရချင်ပေမဲ့ ဒါက အလွန်ခက်ခဲပြီး မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူတို့ ကောင်းကောင်းသိထားကြသည်။
ဒီအကြောင်းအရာကို သူတို့ ဆွေးနွေးတာက အလွန် လေးနက်နေပြီး ဘထ္ထရီ နမူနာ နည်းနည်း ပိုင်ဆိုင်နိုင် ဖို့ မျှော်လင့်ချက်ကလည်း မရှိသ လောက်မှေးမှိန် နေ၏။ နှစ်ယောက်သား ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီရဲ့ တိုးတက်မှုအကြောင်းကို စကား လမ်း ကြောင်းပြောင်းကာ အမြန်ပြောဆိုလိုက်ကြသည်။
"ဟူနမ်..ခဗျားတို့ရဲ့ စီမံကိန်းက ဘယ်လောက် တိုး တက်နေပြီလဲ..."
"တိုးတက်မှုက အလွန်ချောမွေ့ပါတယ်.. ဓာတ်ခွဲခန်း အခြေအနေမှာ ပထမဆုံးနမူနာဘက်ထရီကို ထုတ် လုပ်ဖို့ သုံးလကြာအုံးမယ်လို့ ကျွန်တော်ထင်တယ်... အဲဒီခန့်မှန်းချက်က နည်းနည်းတော့ စိုးရိမ်ခဲ့ရတယ် အများဆုံး နောက်ထပ် တစ်လအတွင်း ကျွန်တော် တို့ ပထမဆုံး ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီကို ထုတ်လုပ်နိုင်လောက်မှာပါ.."
"ဝိုး.အရမ်းမြန်တယ်..."
"ဒါ အရမ်းအံ့သြစရာကောင်းတာပဲ..."
ဒါဟာ ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီပါပဲ။နိုင်ငံရဲ့ သုတေသနဌာနများစွာက ဒီနယ်ပယ်တွင် သီအိုရီ ဒါ မှမဟုတ် အယူအဆတွေကိုသာ တင်ပြ ထားကြ သည်။
ယူနီဗာဆယ်လ် သိပ္ပံသုတေသနစင်တာက ပထမဆုံး ဘထ္ထရီနမူနာကို မကြာခင် ထုတ်လုပ်နိုင်တော့မည်။
ဒါက အရမ်းမြန်ဆန်ပြီး လျူယောင်အတွက်ယူဆော င် လာတဲ့ အံ့သြစရာက အလွန်ကြီးမားလှသည်။
ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီရဲ့ အားသွင်း ချိ န်က တခြား လစ်သီယမ်ဘက်ထရီတွေထက် အဆ ၁၀၀ ကျော်မြန်ပြီး အားသွင်းနိုင်စွမ်းကလည်း လစ် သီယမ်ဘထ္ထရီတွေထက် ၅ ဆကျော် မြန်နေသည်။
ဆိုလိုတာက စွမ်းအင်သုံးယာဉ် အသစ်တစ်စီးကို ဒီ ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီကို အသုံးပြုမယ် ဆိုရင် တစ်ကြိမ်အားသွင်းရုံနဲ့ လစ်သီယမ်ဘထ္ထရီ စွ မ်းအင်သုံးယာဉ်ရဲ့ မိုင်အကွာအဝေး ၅ ဆကျော်ကို ပိုမောင်းနှင်နိုင်ပေသည်။
လစ်သီယမ်ဘထ္ထရီ စွမ်းအင်သုံးယာဉ်အသစ်က တ စ်ကြိမ်အားသွင်းရုံနဲ့ ကီလိုမီတာ ၃၀၀ မောင်းနှင် နိုင် ရင် ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီကို အသုံးပြုတဲ့ ယာဉ်က ကီလိုမီတာ ၁,၅၀၀ ကျော် မောင်းနှင်နိုင် ပေ သည်။
မိုဘိုင်းဖုန်းတွေအတွက်လည်း အလားတူပါပဲ။လစ် သီယမ်ဘထ္ထရီ အသုံးပြုတဲ့ ဖုန်းဆို တစ်ရက်တစ်ကြိ မ် အားသွင်း အသုံးပြုရပြီး ဂရက်ဖင်း-အလူမီနီယ မ် ဘထ္ထရီပါတဲ့ ဖုန်းဆို တစ်ခါ အားသွင်းယုံနဲ့ အနည် းဆုံး ၅ ရက်လောက် အသုံးပြုနိုင်ပေသည်။
"ဘုရားရေ ဘယ်လောက်တောင် ကောင်းတဲ့ ပစ္စည်း လဲကွာ.."
Universal ကသာ ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီ ကို ဈေးကွက်ထဲ မိတ်ဆက်လိုက်တာနဲ့ ချက်ချင်းကို ဆူညံမူတွေ ဖြစ်ပေါ်စေမယ်လို့ ခန့်မှန်းရသည်။
လျူယောင်က အံ့သြနေပေမဲ့ တည်ညိမ်နေပြီး ဒီဘ ထ္ထရီရဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာကို ချက်ချင်းမေးလိုက်သည်။
ဟူနမ်က သေချာ ရှင်းပြလိုက်၏။
"သူဋေး..ကျွန်တော်တို့က သုတေသနနဲ့ ဖွံ့ဖြိုးတိုး တ က်မှု လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်နည်းတဲ့ နည်းဗျူ ဟာကို လိုက်နာခဲ့ပါတယ်.. သူ့ရဲ့ ထုတ်လုပ်မှုကုန် ကျစရိတ်ဟာ လက်ရှိ လစ်သီယမ်ဘထ္ထရီရဲ့ ထက်ဝ က်အောက် နည်းလောက်ပါတယ်.."
"အင်း လစ်သီယမ်ဘထ္ထရီရဲ့ ကုန်ကျစရိတ် ထက်ဝ က်အောက် နည်းတယ်ဆိုတော့ကုန်ကျစရိတ်က ကောင်းပါတယ်..."
လျူယောင် အလွန် ကျေနပ်သွားသည်။
"မင်း ပြောသလိုဆိုရင် ငါလည်း အဲ့ဒါကို အမြန် ထု တ်လုပ်ပြီး ဈေးကွက်မှာ အမြန်ဆုံး ဖြန့်ချိနိုင်ဖို့ တ ကယ်မျှော်လင့်မိတယ်.."
နန်ဇေထောင်ကလည်း ဝင်ပြောလိုက်၏။
"သူဋေး..ဒါက ပြဿနာမရှိလောက်ပါ ဘူး..အရေး အကြီးဆုံးကတော့ ဘထ္ထရီစက်ရုံ ဆောက်လုပ်ဖို့ နေ ရာရွေးချယ်ဖို့ပါပဲ..."
"ဟုတ်ပြီ..ငါ ချက်ချင်း နေရာရွေးချယ်ပြီး ငါတို့ရဲ့ ဘထ္ထရီစက်ရုံကို တည်ဆောက်လိုက်မယ်.."
ဟူနမ် ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"နေရာရွေးချယ်ပြီး စက်ရုံအသစ် တည်ဆောက်တာ က အဓိကအဖြစ်အပျက်တစ်ခုပါပဲ.. ဒါပေမယ့် ကျွန်တော်တို့ကို အလေးအနက် ကန့်သတ်ထားတဲ့ နောက်ထပ်အဓိက အဖြစ်အပျက်တစ်ခု ရှိပါတယ်.."
လျူယောင်က အလွန် စိတ်ပူစွာ မေးလိုက်သည်။
"အော်... ဘာအရေးကြီးတာလဲ..ပြောပါဦး"
ဟူနမ် စကားရှည်မနေတော့ပဲ တိုက်ရိုက်ပြောလိုက် သည်။
"သူဋေး...ခင်ဗျား ကျွန်တော်တို့ကို ပေးခဲ့တာက ဘ ထ္ထရီနမူနာတစ်ခုပဲရှိတယ်.. တကယ်လို့ ကျွန်တော် တို့မှာသာ အဲဒီလို ဘထ္ထရီနမူနာအနည်းငယ် ပိုရနိုင် ရင်..မဟုတ်ဘူး..နောက်ထပ် တစ်ခုပဲ ရရင်တောင် ကိစ္စမရှိဘူး.."
နန်ဇေထောင်ကလည်း အလျင်အမြန် ဝင်ပြောလိုက် ၏။
"ဟုတ်ပါတယ်.. ကျွန်တော်တို့မှာ ဒီလို ဘထ္ထရီနမူနာ တစ်ခုပဲရှိတယ်.. ကျွန်တော်တို့ သုတေသနလုပ်တဲ့ အခါ အမြဲတမ်း မလုံလောက်ဘူးလို့ ခံစားရတယ်.. တစ်ခါတစ်လေ သုတေသနအဖွဲ့က အဲ့ဒါကို အသုံး ပြုဖို့ လိုအပ်တယ်.. တခြားသုတေသနအဖွဲ့ကလည်း ဒါကို အသုံးပြုနေတာကြောင့် အငြင်းပွားမူတွေ မ ကြာခဏ ရှိပါတယ်.."
ဒီစကားကိုကြားတော့ လျူယောင် ပျော်ရွှင်စွာ ရယ် မောလိုက်သည်။
" ဟားဟားဟား ငါသိပြီ ငါသိပြီ.."
ဟူနမ်နဲ့ နန်ဇေထောင်ကတော့ ဒီကိစ္စကို ပြောပြတဲ့ အခါ သူဋေးက ဘာလို့ ဒီလောက် ပျော်ရွှင်စွာ ရယ် နေလဲဆိုတာကို နားမလည်နိုင်ဘဲ အံ့သြနေကြသည် ။
ခဏ ရယ်ပြီးတဲ့နောက် ထိုင်ခုံကနေ လျူယောင် ထ ရပ်လိုက်ပြီး သူတို့နှစ်ယောက်ရဲ့ ရှေ့မှာရှိတဲ့ မီးခံ သေတ္တာကြီးကို ဖွင့်လိုက်သည်။ သူက ဘာလျို့ဝှက် မှုမှ မလုပ်တော့ပေ။ ဘာလို့လဲဆိုတော့ ဒီလူနှစ်ယော က်ကို စွမ်းရည်အမှတ်တွေ ပေးပြီးနောက်မှာ ဒီလူ တွေက သူ့အပေါ် သစ္စာရှိလာပြီး သစ္စာဖောက်နိုင်မှာ မဟုတ်တော့လို့ပါပဲ။
လျူယောင်က မီးခံသေတ္တာကို ဖွင့်ပြီးတဲ့နောက် သေတ္တာကြီးတစ်လုံးကို အထဲကနေ ထုတ်ယူကာ စားပွဲပေါ် တင်ပြီးနောက် မီးခံသေတ္တာကို ပြန်ပိတ် လိုက်သည်။
ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး လျူယောင် လက်ဝှေ့ယ မ်းကာ ပြောလိုက်သည်။
"မင်းတို့.. ဒီသေတ္တာကို ဖွင့်ပြီး အတွင်းမှာ ဘာရှိလဲ ကြည့်လိုက်ပါ.."
ဟူနမ်တို့နှစ်ယောက်ကတော့ အံ့သြနေကြသည်။
ဒါပေမယ့် နှစ်ယောက်သား အတူတူထပြီး သေတ္တာ ကို ဖွင့်လိုက်ချိန်တွင် အတွင်းထဲက အရာတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ နှစ်ယောက်စ လုံး အံ့အားသင့်သွားကြသည်။
လူတစ်ယောက်က သူတို့ကို တိုက်လိုက်သလိုမျိုး သတိ ပြန်ဝင်လာဖို့ စက္ကန့်အနည်းငယ်ကြာအောင် အဲဒီနေရာမှာ သူတို့ ရပ်နေမိကြ၏။ ချက်ချင်းပဲ ကြီးမားတဲ့ အံ့သြမှု့ကို ခံစားလိုက်ရသလို သူတို့ရဲ့ မျက်နှာပေါ်မှ အမူအရာက အံ့ဩမူ့များနဲ့ ပြည့်နှက် နေတော့သည်။
"ဒါ.. ဒါ.. ဒါ..."
"ဟုတ်တယ် ..ဒါက ဘထ္ထရီ နမူနာ တွေပဲ.. အရင်တုန် းက ဟာနဲ့ အတိအကျတူနေတယ်.. သေတ္တာတစ်ခု လုံးမှာ အနည်းဆုံး အလုံး ၃၀ လောက်ရှိတယ်ဟ.."
“ဟူနမ်..ကျွန်တော်တို့ အိပ်မက်မက်နေတာ မဟုတ်ပါ ဘူးနော်..." နန်ဇေထောင်က အံ့သြစွာ ပြောလိုက်သ ည်။
ဟူနမ်က ခက်ခဲတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်၏။
"လူအိုနန်..ကျွန်တော်တို့ အိပ်မက်မက်နေတာ မဟုတ်ပါဘူး..ဒါ တကယ်..အိပ်မက်မဟုတ်ဘူး"
ဒီလူနှစ်ယောက်ရဲ့ အမူအရာနဲ့ တုံ့ပြန်မှုတွေကို မြင် တော့ လျူယောင်က ကျယ်လောင်စွာ ပြောလိုက်သ ည်။
"စုစုပေါင်း ဘက်ထ္ထရီ ၃၂ လုံးကို ခင်ဗျားတို့ သုတေ သနအတွက် အခု လွှဲပြောင်းပေးလိုက်မယ်. ..ဒီဘထ္ထ ရီတွေရဲ့ နည်းပညာကို အမြန်ဆုံး နားလည်နိုင်ဖို့ ငါ မျှော်လင့်တယ်... အနာဂတ်မှာ ပိုကောင်းတဲ့ ဘထ္ထရီ တွေကို တီထွင်နိုင်ဖို့ မင်းတို့ ကြိုးစားပါ.."
လျူယောင်ရဲ့ ကျယ်လောင်တဲ့အသံကိုကြားတော့ နှစ်ယောက်သား သတိပြန်ဝင်လာကြသည်။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာပေါ်မှ အံ့သြမှုနဲ့ စိတ်လှုပ်ရှားမှုတွေ ကတော့ လုံးဝ မပျောက်သေးပေ။
နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာပဲ ပြိုင်တူ ဖြေ လိုက်ကြသည်။
"စိတ်ချပါ.. သူဋေး...ကျွန်တော်တို့က ဒါတွေကို ကေ ာင်းကောင်းအသုံးချပြီး ပိုကောင်းတဲ့ သုတေသန ရလဒ်တွေ ရအောင် အမြန်ဆုံး ကြိုးစားပါ့မယ်.."