ဘထ္ထရီစက်ရုံ တည်ဆောက်မည်
Vol. 32 Ch. 413
လျူယောင်က ဘထ္ထရီစက်ရုံအသစ်ကို ကျင်းဖန်း ခရိုင်တွင် ထားရှိရန် စီစဉ်ထား၏။
အခု သူ့ စိတ်ထဲတွင် ဒီလို ဆုံးဖြတ်ချက်ချပြီးသား ဖြစ်တာကြောင့် နေရာရွေးချယ်ရန်အတွက် ကျင်းဖန် းခရိုင်ကို သူ ပြန်သွားရပေမည်။
ဒါ့အပြင် သူ့ မိဘများကိုလည်း သွားကြည့်ရအုံးမည် ။
လျူဟုန်ဖူနဲ့ဇနီးသည်က တစ်ခါတစ်ရံတွင် သူတို့ရဲ့ ဇာတိမြို့သို့ ပြန်လာပြီး ခေတ္တနေထိုင်ကြသည်။ ပြီး ခဲ့သည့်လက ထိုနေရာတွင် ဆယ်ရက်ကျော်ကြာ သူတို့ နေထိုင်ခဲ့ကြသည်။
လျူယောင် အိမ်ပြန်လာသောအခါ သူ့မိဘများကို သွားရော က်ကြည့်ရှုရပေမည်။
"လဲ့လဲ့..ကိုယ် မနက်ဖန် ဇာတိမြို့ကို ပြန်တော့မယ်.. မင်း...ကိုယ်နဲ့အတူ ပြန်လိုက်မလား..."
လီချန်လဲ့က ပျော်ရွှင်စွာ အံ့အားသင့်သွား၏။
"တကယ်လား..မနက်ဖန် သောကြာနေ့ဆိုတော့.. ပ ထမဆုံး အတန်းက ကျွန်မရဲ့ အတန်းပဲ...အတန်းပြီး သွားရင် ကျွန်မတို့ အတူတူပြန်ကြမယ်လေ.."
လျူယောင်လည်း ပျော်ရွှင်သွားကာ သဘောတူလို က်သည်။
အိမ်ကို လက်ဆောင်ပေးဖို့အတွက် နှစ်ဦးသား ဟွာ ဟိုင်းမြို့ရှိ အကြီးဆုံး စျေးဝယ်စင်တာသို့ ညဘက် မှာ သွားရောက်ကာ ပစ္စည်းများစွာ ဝယ်ယူလိုက်ကြ သည်။
....
နောက်တစ်နေ့နံနက် စောစောတွင်..
ကားနှစ်စီးရှိနေကာ ရှေ့ကမောင်းနေသော ကားက မာစီဒီး-ဘင့်ဇ်ဂျီ အမျိုးအစားဖြစ်ပြီး ကိုယ်ရံတော် လေးဦး ပါရှိသည်။
သူတို့အားလုံးက ဆံပင်တို၊ နေကာမျက်မှန်ကြီးများ နှင့် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး သူတို့ပုံစံက အေးစက်ပြီး ခေတ်ဆန်ပုံရသည်။
နောက်ဘက်တွင် ကာရီလန် အမျိုးအစား ကားတစ်စီ းရှိနေပြီး ရှောင်ကျောက်က မောင်းနှင်နေသည်။ ချန်းဟူက ရှေ့မှ ယဥ်မောင်းဘေး ထိုင်ခုံတွင် ထိုင်နေ ပြီး လျူယောင်နဲ့ လီချန်လဲ့ တို့က နောက်ဘက်တွင် ထိုင်နေကြသည်။
ကားလေးမှာ ဟွာဟိုင်းမြို့ အမှတ် (၁) အလယ်တန်း ကျောင်း၏ ဝင်ပေါက်မှ ထွက်ခွာလာသည်။ မကြာမှီ မှာပဲ အဝေးပြေးလမ်းမကြီးပေါ် ရောက်ရှိပြီး ကျင်း ဖန်းခရိုင်သို့ ဦးတည်သွားတော့သည်။
လီချန်လဲ့က ဝမ်းနည်းစွာ ပြောလိုက်၏။
"ကျွန်မ တစ်လကျော်လောက် မပြန်ဖြစ်တာ... မိဘ တွေကို နည်းနည်း လွမ်းနေပြီ "
သူမက နှစ်သစ်ကူးကာလတွင် တစ်ကြိမ်သာ ပြန်ခဲ့ သည်။ ကျောင်းစတင်ပြီး တစ်လကျော်ရှိပြီဖြစ်တာ ကြောင့် လီချန်လဲ့က တစ်လကျော်တောင် မပြန် ဖြစ် သေးပေ။အဓိကအားဖြင့် အချိန်မရှိတာကြောင့် ဖြစ် ၏။
လျူယောင် အကြုံပြုကာ နှစ်သိမ့်လိုက်သည်။
" လဲ့လဲ့..ဦးလေးနဲ့ အန်တီတို့ကို ဒီမှာ လာနေဖို့ ဘာလို့ မခေါ်တာလဲ.. ဖီးနစ်တောင်ခြေမှာ ဗီလာတွေ အတေ ာ် များများ ရှိပါတယ်..အရမ်းလည်း မဝေးဘူး လာရောက်လည်ပတ်ဖို့ အဆင်ပြေပါတယ်.. "
လီချန်လဲ့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ.. ပြန်ရောက်မှ သူတို့ကို ပြောကြည့် အူံးမယ်..သက်ကြီးရွယ်အိုနှစ်ယောက်က ကျွန်မတို့ ဘေးမှာ နေမယ်ဆိုရင် စိတ်ချရပါတယ်.."
လမ်းတစ်လျှောက် စကားပြောဆိုလာရာတွင် အချိန် က လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု လျူယောင် ခံ စားရသည်။ ကားလေးမှာ အဝေးပြေးလမ်းမကြီးမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီး ရှေ့တွင် ကျင်းဖန် း ခရိုင်ကို ရောက်တော့မည်။
အခွန်ကောက်ခံရေးနေရာ..
ထိုနေရာတွင် ကားတစ်ဒါဇင်ကျော် တန်းစီနေသည်။ ဒီကားများအားလုံးက အစိုးရလိုင်စင်နံပါတ်ပြားများ ဖြစ်ကြောင်း အသိဥာဏ် ရှိသူတိုင်းက တစ်ချက် ကြ ည့်ရုံဖြင့် သိနိုင်ပေသည်။
ခရိုင်ဝန်ဝမ်က ဦးဆောင်ပြီး အရာရှိ ဒါဇင်နှင့်ချီရှိနေ ကာလူအုပ်စုကြီးတစ်စုက ညီညီညာညာ ရပ်နေကြ သည်။
ထိုနေရာတွင် မကြာခဏ ယာဉ်များ ဝင်ထွက်နေသ ည်။ဒီလို မြင်ကွင်းကို မြင်တဲ့အခါ လူတချို့က အန ည်းငယ် မကြည့်ပဲ မနေနိုင်ကြပေ။
"ဘာလဲဟ ဒီကြီးမားတဲ့ လူပ်ရှားမူ့က တစ်စုံတစ်ယေ ာက်ကို ကြိုဆိုနေတာလား..."
"ဟေး.ကြည့်လိုက်ပါဉီး.. အစိုးရကားတွေချည်းပဲ.. ခေါင်းဆောင်တွေ အများကြီးက ဒီမှာရပ်ပြီး ကြိုဆို နေကြတာ..ကျွန်တော်တို့ရဲ့ ကျင်းဖန်းခရိုင်ကို အဆ င့် အရာရှိကြီးတချို့ ရောက်လာတာဖြစ်လိမ့်မယ်..."
"ဘယ်ခေါင်းဆောင်ကြီးလဲဆိုတာ ငါ..တကယ် သိချ င်မိတယ်ကွာ.."
ထိုနေရာမှ ဖြတ်သွားသော မည်သူမဆို စကား အန ည်းငယ် ပြောဆိုနေကြသည်။ လူတိုင်းက ဘယ်ခေါ င်းကြီး ရောက်လာမလဲဆိုတာကို အလွန်သိချင် နေ ကြ၏။
"ဘယ်သူက ဒီလောက် မျက်နှာပန်းလှပါသလဲ..."
ကျင်ဖန်းခရိုင်ရဲ့ အရာရှိအားလုံးက ဒီနေရာတွင် ရပ် ပြီး ကြိုဆိုနေကြသည်။
ထိုအချိန် ခရိုင်ဝန်ဝမ်က ကျယ်လောင်စွာ အော် ပြော လိုက်၏။
" မစ္စတာလျူတို့ရောက်လာပြီ..ပိုပြီး စိတ်အား ထက် သန်ကြပါ..."
ပြောပြီးနောက် ဝမ်ရုံဝမ်က သူ့လည်စည်းကို ချိန်ညှိ ပြီး သပ်သပ်ရပ်ရပ် ဆံပင်ကိုပင် လက်ဖြင့် ဖီးလိုက် ၏။ ပြဿနာ ဘာမှမရှိကြောင်း ခံစားရပြီးနောက် သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးဖြင့် လျူ ယောင်ထံကို သူ လျှောက်လာသည်။
လျူယောင်တို့ကားက အခွန်ကောက်ခံရေးနေရာမှ ထွက်လာကြသည်။ သူတို့ရှေ့မှ မြင်ကွင်းကို မြင် သောအခါ လျူယောင်က ယဥ်မောင်းအား အမိန့် ပေးလိုက်သည်။
"ကားကို .. ဘေးဘက်ဆွဲပြီး ရပ်လိုက်"
ကားက လုံးဝ ရပ်တန့်သွားပြီးနောက် လျူယောင် က လီချန်လဲ့နှင့်အတူ ကားထဲမှ ထွက်ကာ နှုတ်ဆ က်ရန် လျှောက်လာလိုက်သည်။
ခရိုင်ဝန်ဝမ်က အဝေးမှပင် ကျယ်လောင်စွာ နူတ်ဆ က်လိုက်၏။
" မစ္စတာလျူ..ပြန်လာတာကို ကြိုဆိုပါတယ်..."
လျူယောင်က ညာလက်ကို ဆန့်ထုတ်ပြီး ရယ်မော ရင်း ပြောလိုက်သည်။
"ဟားဟား ခရိုင်ဝန်ဝမ်... ဒါက နည်းနည်းလေး ပုံ ကြီးချဲ့သလို ဖြစ်နေပါပြီ..ဒီမှာ ကျွန်တော့်ကို ကြို ဆိုဖို့ လူတွေ အများကြီး စောင့်နေကြတာလား.. တ ခြားလူတွေက ခေါင်းဆောင်ကြီး ရောက်လာပြီလို့ ထင်နေကြတယ်ဗျာ.. "
ခရိုင်ဝန်လည်း ပြုံးရယ်ကာ ပြန်ဖြေလိုက်၏။
" ဒါက ဖြစ်သင့်ပါတယ်. မစ္စတာလျူက ကျွန်တော် တို့ရဲ့ ချမ်းသာခြင်း နတ်ဘုရားပါ..ခင်ဗျားရဲ့ ရင်း နှီးမြုပ်နှံမှုမရှိရင် ကျင်ဖန်းခရိုင်က အခုလို ဘယ်လို ဖြစ်လာမှာလဲ.. "
နှစ်ယောက်သား နှုတ်ဆက်စကားအချို့ကို ယဥ် ကျေးစွာ ဖလှယ်ပြီးနောက် ဝမ်ရုံဝမ်က ကျင်းဖန်း ခရိုင်မှ အဓိကအရာရှိများစွာနဲ့ လျူယောင်အား မိတ် ဆက်ပေးလိုက်သည်။ သူတို့က တစ်ဦးပြီးတစ်ဦး လျူယောင်နဲ့ လက်ဆွဲနှုတ်ဆက်ရန် ရှေ့သို့ထွက်လ ာကြသည်။
အချို့လူများကိုတော့ လျူယောင် ရင်းနှီးပေသည်။ ဒီလူတွေနဲ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တွေ့ဆုံ ဖူးသည်။ အချို့လူများနဲ့တော့ ရင်းနှီးမှု မရှိပေ။
လက်ဆွဲနှုတ်ဆက်ပြီးနောက် ခရိုင်ဝန်ဝမ်က ယဥ် ကျေးစွာ ဖိတ်ခေါ်လိုက်၏။
"မစ္စတာလျူ..ကျွန်တော့်ရုံးကို အရင် လာထိုင်ပြီး စကားပြောဆိုရင်ရော ဘယ်လိုသဘောရလဲ"
အခုချိန်က နံနက် ၁၁ နာရီသာ ရှိသေးသည်။ ဝမ်ရုံ ဝမ်ရဲ့ အဓိပ္ပါယ်သည် ရှင်းနေ၏။ပထမဆုံး သူ့နေရာ တွင် ခဏထိုင်ပြီးနောက် နေ့လယ်တွင် လျူယောင် တို့အဖွဲ့အတွက် ဧည့်ခံပွဲတစ်ပွဲ ကျင်းပပေးပေမည်။
"ကောင်းပါပြီ...ဒါဆိုရင် ခရိုင်ဝန်ဝမ်ကို အနှောင့်အ ယှက်ပေးပါအုံးမယ်..."
ကားတစ်ဒါဇင်ကျော်ပါသည့် ယာဉ်တန်း တစ်တန်း က ထိုနေရာမှ ထွက်ခွာလာကြပြီး လမ်းများနှင့် လမ်းကြားများကို ဖြတ်ကာ ခရိုင်အစိုးရရုံးဆီသို့ ဦးတည်မောင်းလာကြသည်။
လမ်းတစ်လျှောက်တွင် ထိုကားတန်းက လူအများရဲ့ အာရုံကို ဖမ်းစားခဲ့သည်။
"ဝိုး ကားတွေ အများကြီးပဲ.. အားလုံးနီးပါးက အစိုး ရလိုင်စင်နံပါတ်ပြားတွေချည်းပဲ.. ဘယ်လိုခေါင်း ဆောင်ကြီးက ငါတို့ရဲ့ ကျင်းဖန်းခရိုင်ကို ရောက်လာ တာလဲဟ..."
"အဲဒီ Rolls-Royce ကို ကြည့်လိုက်..ခေါင်းဆောင် ကြီး တစ်ဦးဦး မဟုတ်ဘဲ သူဋေးကြီး တစ်ဦးဦး ဖြစ်ရမယ်..."
"ဘယ်လို သူဋေးမျိုးက ဒီလောက်အထိ အံ့သြစရာ ကောင်းတာလဲကွာ...အရာရှိတွေ အများကြီးက သူ့ ကို ကြိုဆိုနေကြတယ်.."
သာမန်ပြည်သူများက လျူယောင် ပြန်လာပြီ ဖြစ် ကြောင်းကို ယာယီအားဖြင့် မသိကြချေ။ ဒီလို ယာ ဥ်တန်းကို မြင်တဲ့အခါ သူတို့က စူးစမ်းလိုစိတ်နှင့် မခန့်မှန်းဘဲ မနေနိုင်ကြပေ။
ဧည့်ခံခန်းကို ကြာမြင့်စွာကတည်းက ပြင်ဆင်ထား ပြီးသား ဖြစ်၏။ ခရီးဆုံးတာနဲ့ လျူယောင်နှင့်အခြာ း လူများက ဝမ်ရုံဝမ်ရဲ့ ဖိတ်ခေါ်ချက်အရ ဧည့်ခံခန် းသို့ ရောက်လာကြသည်။
လူတိုင်း အတူတူထိုင်လိုက်ပြီး ချက်ချင်းပဲ စိတ်အား ထက်သန်စွာ စကားပြောဆိုနေကြသည်။
လျူယောင်ရဲ့ရင်းနှီးမြှုပ်နှံမှုအတွက် ခရိုင်ဝန်ဝမ်က ပထမဆုံး ကျေးဇူးတင်စကားပြောလိုက်၏။ထို့နော က် နယူနီဗာဆယ်လ် ချပ်ပြားထုတ်လုပ်ရေး အမှတ် (၂) စက်ရုံရဲ့ အခြေအနေကို မိတ်ဆက်ပေးပြီး လျူ ယောင်အား ကျေးဇူးတင်ကြောင်း ထပ်မံဖော်ပြလို က်သည်။
ထိုအရာကို ပြောပြီးနောက် သူက စမ်းသပ်ကာ မေး မြန်းလိုက်၏။
" မစ္စတာလျူ ဒီတစ်ကြိမ် ပြန်လာတာက အရေးကြီး တဲ့ အလုပ်ကိစ္စ ရှိလို့လား .."
ဝမ်ရုံဝမ်က ဒီမေးခွန်းကို အကြိမ်များစွာ စဉ်းစား ခဲ့ပြီး မစ္စတာလျူဆီမှာ အရေးကြီးသော အလုပ် ကိစ္စ ရှိရမည်ဟု ထင်မိသည်။
မဟုတ်ပါက ဒီကို မလာမှီ သူ့ကို လျူယောင် ဖုန်းခေ ါ်ဆိုမည် မဟုတ်ပေ။
လျူယောင်က ရိုးသားစွာ ပြုံးပြီး မည်သည့်အရာကို မျှ ဖုံးကွယ်မထားပေ။
" ကျွန်တော် ပြန်လာတာက လုပ်စရာတစ်ခုတော့ ရှိ ပါတယ်.. ကျွန်တော်က အခု ဘထ္ထရီစက်ရုံအသစ် တစ်ရုံ တည်ဆောက်ဖို့ ပြင်ဆင်နေတယ်.. "
"အဲဒါက အဓိကအားဖြင့် စွမ်းအင်သစ်ဘထ္ထရီတွေ ကို ထုတ်လုပ်မှာပါ.. ရင်းနှီးမြုပ်နှံမှုပမာဏက ယွမ် ဘီလီယံ ၃၀ လောက် ရှိပါတယ်..ပြီးစီးသွားရင် ထု တ်လုပ်မှု့တန်ဖိုးက ယွမ် ဘီလီယံ ၁၀၀ ကျော်နိုင်ပါ တယ်..."
"ဘာ..."
ဝမ်ရုံဝမ်နဲ့ အခြားလူများက အံ့အားသင့်သွားသည်။
"နှစ်စဉ် ထုတ်လုပ်မှုတန်ဖိုး ဘီလီယံ ၁၀၀ ကျော်ရှိတဲ့ စက်ရုံကြီးလား..."
အရာရှိများအနေဖြင့် ဒီအရာက ဘာကိုဆိုလိုမှန်း သူ တို့ ကောင်းစွာနားလည်သည်။ ဒီရင်းနှီးမြုပ်နှံမှုကို ကျင်းဖန်းခရိုင်မှာသာ ထားရှိပါက ကျင်းဖန်းခရိုင် ၏ စီးပွားရေးက နောက်တစ်ကြိမ် တိုးတက်လာပေ တော့မည်။
ဆိုလိုတာက " ဒုံးပျံဖြင့် ကောင်းကင်သို့ ပျံသန်းသွား တာ" လို့ ပြောသင့်သည်။
လူတိုင်းက ပြန်လည် သတိဝင်လာပြီးနောက် အံ့ အားသင့်မှု့အပြည့်နဲ့ ဖြစ်နေကြသည်။
ထိုအံ့အားသင့်မှုက အမှန်တကယ်ပင် အလွန်ကြီး မားလှသည်။
ဝမ်ရုံဝမ် စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်ပြီး ရိုးရှင်းစွာ တောင်းဆို လိုက်သည်။
" မစ္စတာလျူ ဒီရင်းနှီးမြုပ်နှံမှုကို ကျင်းဖန်းခရိုင်မှာ ထားရှိဖို့ ခင်ဗျားကို ကျွန်တော် တောင်းဆိုပါတယ် ဗျာ.."
"ဟုတ်ပါတယ်.. Mr.လျူက ကျွန်တော်တို့ရဲ့ ကျင် ဖန်းခရိုင်မှာ ရင်းနှီးမြှုပ်နှံပါက ကျွန်တော်တို့ အကေ ာင်းဆုံး အခွင့်အရေးတွေ ပေးနိုင်ပါတယ်..."
"မစ္စတာလျူ ကျင်းဖန်းခရိုင်မှ ပြည်သူတွေက ခင် ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုကို လိုအပ်ပါတယ်.. ကျွန်တော် တို့ရဲ့ ကျင်းဖန်းခရိုင်ကို ထည့်သွင်းစဉ်းစားပေးပါ"
"ကျွန်တော်တို့ရဲ စက်မှု့ဥယျာဉ်ကို မူ ၁,၀၀၀ ထပ်ချဲ့ ပေးပါ့မယ်...ဒါဆို စက်ရုံကြီးတစ်ရုံကို တည်ဆောက် နိုင်မှာပါ..."
ကျင်းဖန်းခရိုင်မှ အဓိက အရာရှိများစွာက တစ်ယေ ာက်ပြီးတစ်ယောက် အလွန်ရိုးသားသော သဘော ထားဖြင့် တောင်းဆိုလိုက်ကြ၏။ ဒီအနေအထားကို ကြည့်ခြင်းအားဖြင့် လျူယောင်သာ ရင်းနှီးမြှုပ်နှံ မှုကို ကျင်းဖန်းခရိုင်တွင် ထားရှိပါက မည်သည့် အ ခြေအနေကိုမဆို ဒီလူတွေက သဘောတူမဲ့ သ ဘောထားကို ပြသနေပေသည်။