မစ္စတာလျူက ရဲရင့်လိုက်တာ
Vol. 32 Ch. 414
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လျူယောင် စိတ် သက်သာရာရသွားသည်။
သူ့ အမြင်အရဆိုရင် ဒီရင်းနှီးမြုပ်နှံမှုက ကျင်းဖန်း ခရိုင်တွင် ပိုပြီးသင့်တော်နေသည်။ အားသာချက် တွေက အားနည်းချက်တွေထက် ပိုများတာကြောင့် အထူးအခွင့်အရေးဆိုင်ရာ မူဝါဒတွေ အများကြီး ခံစားရပေမည်။
လျူယောင် ပြုံးကာ ပြောလိုက်သည်။
"အားလုံးပဲ..ဒီကျင်းဖန်းခရိုင်က ကျွန်တော် စဉ်းစ ားထားတဲ့ အထဲမှာ ပါပြီးသားပါ..ကွင်းဆင်း စစ် ဆေးမှုလုပ်ပြီးရင်.. အားလုံးအတူတူထိုင်ပြီး အသေ းစိတ် ဆွေးနွေးကြတာပေါ့.."
ဒါက အမှန်တရားပါပဲ။
ကွင်းဆင်းစစ်ဆေးမှု လုပ်ဖို့ လိုအပ်ပေသည်။
" အခုထိတော့ ကျွန်တော်..ဆုံးဖြတ်ချက် မချနိုင် သေးဘူး.. ပထမဆုံးအနေနဲ့ ကွင်းဆင်းစစ်ဆေးမှု တစ်ခု လုပ်ရမယ်.."
ဒါပေမဲ့ လူတိုင်းက စိုးရိမ်ပူပန်နေကြ၏။သူတို့ရဲ့ ရ င်ထဲမှာ ခဲလုံးကို ကြိုးနဲ့ချည်ပြီး ဆွဲထားသလို မျိုး ခံစားနေကြရသည်။ အခြေအနေတွေက ပြောင်းလဲ သွားပြီး ဒီရင်းနှီးမြှုပ်နှံမှုက ပြေးထွက်သွားရင် သူ တို့အတွက် မကောင်းဘူးလေ။
ခရိုင်ဝန်ဝမ်က ပိုပြီး စိတ်ပူနေပုံရ၏။သူက လက်ကို မြှောက်ပြီး အချိန်ကြည့်လိုက်တော့ ၁၁ နာရီခွဲ ကျော် ကျော်လေးပဲ ရှိသေးသည်။ဒါကြောင့် သူ အကြံပေး လိုက်၏။
"မစ္စတာလျူ..နေ့လယ်စာအရင်စားကြရအောင်.. ပြီးတော့မှ ကွင်းဆင်းစစ်ဆေးဖို့ သွားကြတာပေါ့ ..ဘယ်လိုလဲ.."
ခရိုင်ဝန်ဝမ်တို့အတွက်ကတော့ ဒီကိစ္စကိုစောနိုင်သ မျှ စောစော အကောင်အထည်ဖော်နိုင်လေ ပိုကောင် းလေပါပဲ။
လျူယောင် ပြုံးပြီး လက်ဝှေ့ယမ်းက ပြန်ပြော လိုက်သည်။
"ရပါတယ်..အဲဒီလိုပဲ စီစဉ်လိုက်ပါ.."
ခရိုင်ဝန်ဝမ်က အရမ်းပျော်သွားပြီး နေရာမှ ထကာ လျူယောင်ကို နွေးထွေးစွာ ဖိတ်ခေါ်ရင်း ပြောလိုက် ၏။
"မစ္စတာလျူ ဒါဆို နေ့လယ်စာအရင်သွားစား ကြရ အောင်.."
လျူယောင်နဲ့ လီချန်လဲ့တို့ရဲ့ ရှေ့ကနေ သူ လျှောက် ခဲ့သည်။တခြား အရာရှိအားလုံးကလည်း နောက်က နေလိုက်လာကြပြီး မကြာခင်မှာပဲ ခရိုင်ဟိုတယ်ကို ရောက်လာကြ၏။
စားပွဲပေါင်းများစွာ ရှိကာ အားလုံး နေရာယူပြီးတော့ ဝမ်ရုံဝမ်က ဟင်းပွဲတွေပြင်ဖို့ အချက်ပြလိုက်ရာ ကြိုတင်ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေက ရေစီးသလို တန်းစီ ရောက်လာတော့သည်။
ဟင်းပွဲတွေက အစုံအလင်ပါပဲ။
ခရိုင်ဝန်ဝမ်က ဝိုင်ကောင်းတွေကိုလည်း ပြင်ဆင်ထ ားပြီး သေတ္တာထဲကနေ တစ်ဘူးပြီးတစ်ဘူး ယူလာ ခဲ့သည်။ ဝိုင်သောက်ရတာ ကြိုက်တဲ့လူတွေက ဒီဝိုင် ကောင်းတွေကိုမြင်တော့ စိတိလှုပ်ရှားသွား၏။
လျူယောင်က ဝင်တွေအများကြီးမြင်တော့ ခရိုင် ဝန်ဝမ်ကို ပြောလိုက်သည်။
"ခရိုင်ဝန်ဝမ်.. ဒီနေ့ နေ့လည်စာကို ဝိုင်အစား အချို ရည်တွေ အစားထိုးကြရင် ဘယ်လိုလဲ..နေ့လည်စ ာစားပြီးရင် ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေး ရေး သွားရဦးမှာလေ.."
ခရိုင်ဝန်ဝမ်က စဉ်းတောင် မစဉ်းစားတော့ဘဲ ချက် ချင်းပဲ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"ဝိုင်တွေ အားလုံး ဖယ်လိုက်ကြ.. ဒီနေ့ နေ့လည်စာ ကို ဝိုင်မသောက်ဘူး.."
ကျန်တဲ့လူတွေ အားလုံးက အံ့သြသွားကြသည်။
" မစ္စတာလျူရဲ့ စကားတစ်ခွန်းတည်းနဲ့ ခရိုင်ဝန်ဝမ် က ဝိုင်တွေကို ဖယ်ခိုင်းလိုက်တာလား.."
တခြားသူတစ်ယောက်သာဆိုရင် ဒီအကြံပြုချက်ကို လုံးဝ ပြောရဲမှာ မဟုတ်ပေ။ပြောရင်တောင် ခရိုင်ဝ န်ဝမ်က ဒီလောက် လွယ်လွယ်ကူကူ သဘောတူမှာ မဟုတ်လောက်ပေ။
"မစ္စတာလျူက စကားတစ်ခွန်းပဲ ပြောလိုက်တာနဲ့ ခရိုင်ဝန်က တစ်ခါတည်း သဘောတူလိုက်တာ.."
"မစ္စတာလျူဟာ တကယ့်ကို မိုက်တာပဲ.."
" ကျင်းဖန်းခရိုင်ရဲ့ ဘဏ္ဍာစောင့်နတ်မင်းကြီးလိုပါပဲ ”
စားပွဲဝိုင်းတွင် ဝိုင်မရှိတော့ဘဲ အချိုရည်နဲ့ လက်ဖ က်ရည်ပဲ ရှိတော့၏။ပတ်ဝန်းကျင်မှ လေထုရဲ့ အ ငွေ့ အသက်ကလည်း အရမ်းနွေးထွေးနေပေသည်။ ဝိုင်မသောက်တတ်တဲ့ အမျိုးသမီးတွေက လျူယေ ာင်ကို ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ လျို့ဝှက်စွာ ကြည့်နေကြသည်။
လူအများအပြားကလည်း ဝိုင်အစား အချိုရည်တွေ နဲ့ လျူယောင်ကို ဖိတ်ခေါ်ပြီး ဖော်ရွေတဲ့စကားများ ပြောနေကြသည်။
လျူယောင်က ဒီနေရာမှာ အဓိကဇာတ်ဆောင်ဖြစ် ပြီး အိမ်ရှင် ဝမ်ရုံဝမ်တောင်မှ ဘေးမှာ ရပ်နေခဲ့ရသ ည်။
နေ့လည်စာစားပြီးနောက် လူအားလုံးက ခဏနား လိုက်ကြ၏။
နေ့လယ် ၂ နာရီလောက်တွင် ရှည်လျားတဲ့ ယာဉ် တန်းကြီးက ထွက်ခွာလာပြီး လမ်းတွေ၊ လမ်းကြား တွေကို ဖြတ်ကျော်ကာ ခရိုင်စက်မှုဥယျာဉ်ကို ရောက်လာခဲ့သည်။
ဒီလိုကြီးမားတဲ့ ယာဉ်တန်းကြီးကို မြင်တော့ လူအမျ ားအပြားက ရပ်ကြည့်နေကြကာ သာမန်ပြည်သူ တွေကလည်း စိတ်အားထက်သန်စွာ ဆွေးနွေးနေ ကြသည်။
"ဝိုး..ကားတန်းကြီးက ဘာလို့ ဒီလောက်တောင် ရှည် နေရတာလဲ.."
"ငါ ရေတွက်ကြည့်တာ..စုစုပေါင်း ကား ၁၈ စီးရှိ တယ်..ဘယ်သူဋေးလဲကွာ .. သူက အရမ်းမိုက်တာ ပဲ.."
"Universal ရဲ့ သူဋေးလျူယောင် ပြန်လာပြီလို့ ငါ ကြားတယ်..ငါတို့ ကျင်းဖန်းခရိုင်မှာ စက်ရုံကြီး တစ် ရုံ ဆောက်ဖို့ ရင်းနှီးမြုပ်နှံမယ်လို့လည်း ကြားရတ ယ် ..”
"တကယ်လား ဟားဟား ဒါဆို အရမ်းကောင်းတာ ပဲ.. ငါ့ကလေးက ကောလိပ်ကနေ ဘွဲ့ရပြီးကတည်း က အလုပ်ကောင်းကောင်း မရသေးဘူး..သူကို သူ ဋေးလျူရဲ့ စက်ရုံအသစ်ထဲကို ဝင်လုပ်ခိုင်းရမယ်.."
...
ယာဉ်တန်းက မြို့ပြင်ကို ထွက်လာပြီး.လမ်းအချို့နဲ့ လမ်းဆုံတွေကို ဖြတ်သွားတော့ လူအများရဲ့ အာရုံ စိုက်မှုကို ခံရတာကြောင့် ပြည်သူတွေက စိတ်အား ထက်သန်စွာ ဆွေးနွေးနေကြသည်။
နောက်ဆုံးတော့ ခရိုင်စက်မှုဥယျာဉ်ကို ယာဥ်တန်း က ရောက်လာခဲ့၏။
လျူယောင်က ဒီနေရာကို မရောက်ဖူးပေမဲ့ သူနဲ့ ရင်း နှီးနေသည်။ ပထမဆုံးအကြိမ် ရောက်ဖူးတုန်းကနဲ့ နှိုင်းယှဉ်ရင် မြေငလျင် လူပ်လိုက်သလိုမျိုး ပြောင် းလဲမှုတွေ ဖြစ်ပေါ်နေသည်။
လျူယောင် ပထမဆုံးအကြိမ်ရောက်တုန်းက ဒီနေရ ာက မြေရိုင်းဖြစ်နေပြီး မြက်ရိုင်းတွေလည်း ပေါ က်နေသည်။သေချာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အ ရင်က သေးငယ်တဲ့ စက်ရုံ ၂ ရုံ ၃ ခု ရုံပဲ ရှိ၏။
အခုတော့ ဒီနေရာရဲ့ လမ်းက ကျယ်ဝန်းပြီး ဖြောင့် တန်းနေကာ လုံးဝအသစ်ဖြစ်နေတဲ့ စက်ရုံကြီး တစ် ရုံက သူ့ ရှေ့မှာ ပေါ်လာသည်။
ဒါက ယူနီဗာဆယ်လ်ရဲ့ ချပ်ပြားထုတ်လုပ်တဲ့ နံပါ တ် ၂ စက်ရုံ ဖြစ်ပြီး ဧက ၈၀၀ ကျော်ကို လွှမ်းခြုံထ ားကာ အလွန်ကြီးမားလှသည်။
လျူယောင်က သူ့ စက်ရုံကို ကျေနပ်စွာ ကြည့်လိုက် ၏။ သူက အခုအတွင်းထဲ ဝင်စစ်ဆေးဖို့ ရည်ရွယ် ချက် မရှိပေ။ ခရိုင်ဝန်ဝမ်နဲ့ တခြားသူတွေရဲ့ အဖေ ာ်ပြုမှုနဲ့အတူ စက်မှုဥယျာဉ်ရဲ့ စီမံခန့်ခွဲရေးကော်မ တီနေရာကို ဆက်သွားလိုက်သည်။
စီမံခန့်ခွဲရေးကော်မတီကို ကြိုတင်အသိပေးပြီး သားမို့ အရာအားလုံးကကြိုတင် ပြင်ဆင်ထားပြီး သားဖြစ်နေ၏။
ဒါရိုက်တာဂျင်က စက်မှုဥယျာဉ်ရဲ့ အခြေအနေကို လျူယောင်အား ကိုယ်တိုင် မိတ်ဆက်ပေးလိုက် သ ည်။
စက်မှုဥယျာဉ်ရဲ့ ကြီးမားတဲ့ မြင်ကွင်းက လူတိုင်း ရဲ့ရှေ့မှာ ပေါ်လာ၏။ဒါရိုက်တာဂျင်က စက်မှုဥယျာ ဥ်ရဲ့ အခြေအနေကို ပုံတွေနဲ့တကွ စာသားနဲ့ရော ဆက်ပြီး မိတ်ဆက်ပေးနေသည်။
သူက သေချာ ရှင်းပြလိုက်၏။
"ကျွန်တော်တို့ ဒီဧရိယာကို ချက်ချင်း ညီသွားအောင် လုပ်ပါမယ်..ပြီီးသွားရင် နေရာက အနည်းဆုံး ဧက ၁၀၀၀ ရှိပါလိမ့်မယ်..."
လျူယောင်က အဲဒီဧရိယာကို ကြည့်ပြီး စိတ်ထဲမှာ စဉ်းစားလိုက်သည်။
" အင်း အဲဒီဧရိယာက မဆိုးဘူး.. ယူနီဗာဆယ်လ် နံပါတ် ၂ စက်ရုံနဲ့ ကပ်လျက်ရှိပြီး ဧရိယာကလည်း ကြီးတယ်.."
ဒါရိုက်တာဂျင်ရဲ့ စက်မှုဥယျာဉ်ဆိုင်ရာ အစီရင်ခံစာ ကို လျူယောင် နားထောင်ပြီးတော့ နောက်တစ် ဆင့်ကတော့ စက်မှုဥယျာဉ်ကို ကွင်းဆင်းလည်ပတ် ပြန်သည်။
"ခရိုင်ဝန်ဝမ်.. ကျွန်တော်တို့ အဲဒီနေရာကို သွားကြ ည့်ကြရအောင်..ဘယ်လိုလဲ.."
ဒီစကားကို ကြားတော့ ဝမ်ရုံဝမ် တိတ်တိတ်ကလေး ဝမ်းသာသွားသည်။
လျူယောင်က ဒီနေရာရဲ့ မြေကွက်ကို စိတ်ဝင်စား တာကြောင့် ရင်းနှီးမြုပ်နှံမှုကို ကျင်းဖန်းခရိုင်မှာ ဆက်ထားဖို့ အရမ်းဖြစ်နိုင်ခြေရှိတယ်လို့ သူတွေးမိ သည်။သူက ချက်ချင်းပဲ မျှော်လင့်ချက်အလင်းရော င်ကို မြင်လိုက်ရသလိုပါပဲ။
" ဘုရားရေ ဒါက ယွမ် ၃၀ ဘီလီယံ ရင်းနှီးမြှုပ် နှံမှုပဲ.."
" ယွမ်ဘီလီယံ ၁၀၀ ကျော် တန်ဖိုးရှိတဲ့ စက်ရုံတစ်ရုံ ဆိုတာ ဘယ်လောက်ကြီးကျယ်လိုက်မလဲ.."
ဝမ်ရုံဝမ်က စိတ်ထဲက မငြိမ်သက်မှုကို ထိန်းချုပ်ပြီး နေရာမှ ထကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..ကျွန်တော်တို့ အဲဒီနေရာကို အတူလိုက်ခဲ့ ပါမယ်.."
လူအုပ်စုလိုက် စီမံခန့်ခွဲရေးကော်မတီက ထွက်ခွာ လာကြသည်။ လျူယောင်ရဲ့ အကြံပြုချက်အရ ကားမစီးဘဲလမ်းလျှောက်ရင်း စက်မှုဥယျာဉ် တစ်ခု လုံးကို လေ့လာကြည့်ရှုခဲ့ကြသည်။
မသိလိုက်ခင်မှာပဲ သူတို့ဟာ အဲဒီလယ်ကွင်းရဲ့ ဘေး ကို ရောက်လာခဲ့ကြသည်။ဒီနေရာက မြေရိုင်းဖြစ်ပြီး မြေပြင်အနေအထားက ပြန့်ပြူးပေမဲ့ အဝေးမှာ တော့ သေးငယ်တဲ့ တောင်ကုန်းတစ်ကုန်း ရှိနေသည် ။
မြေကွက်ထဲတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းအချို့ နဲ့ ပြန့်ကျဲနေတဲ့ အိမ်အချို့ ရှိနေ၏။
ဒီအရာတွေကို ကြည့်ပြီးတော့ လျူယောင်က ဘေး ပတ်ဝန်းကျင်က အခြေအနေကို အာရုံစိုက်ကာ ကြ ည့်လိုက်သည်။
ဒီနေရာက လက်ရှိ Universal ရဲ့ နံပါတ် ၂ စက်ရုံနဲ့ ကပ်လျက်ရှိပြီး အဝေးကကြည့်လိုက်ရင် မြစ်တစ် စင်း ရှိပြီး ဒီမြစ်က ကျင်းဖန်းခရိုင်မှာ အကြီးဆုံးနဲ့ အရေးပါဆုံး မြစ်ပဲ ဖြစ်၏။
"နေရာကောင်းပဲ..."
ခဏလောက် ကြည့်ပြီးတော့ လျူယောင် ကျေနပ် သွားသည်။
"ခရိုင်ဝန််ဝမ်.. ကျွန်တော် ဒီမှာ စက်ရုံဆောက်ပြီး ရင်းနှီးမြုပ်နှံမယ်ဆိုရင် ဘယ်လို အထူးအခွင့်အရေး ဆိုင်ရာ မူဝါဒတွေ ရရှိနိုင်မလဲ.."
မစ္စတာလျူရဲ့ စကားက သူ့ကို လက်ယက်ခေါ်နေတဲ့ ယွမ် ဘီလီယံ ၃၀ ရင်းနှီးမြုပ်နှံမှုကို မြင်နေရသလို ပါပဲ။
ခရိုင်ဝန်ဝမ် အသက်ပြင်းပြင်း ရူလိုက်ပြီး စိတ်ကို အေးချမ်းအောင် ကြိုးစားပြီိးမှ ပြန်ဖြေလိုက်၏။
"မစ္စတာလျူသာ ဒီနေရာမှာ စက်ရုံဆောက်ပြီး ရင်း နှီးမြုပ်နှံမယ်ဆိုရင် ကျွန်တော်တို့က ဒီမြေအတွက် ရေ၊ မီး၊ လမ်း၊ မြေညှိတာတွေအတွက် ကုန်ကျစ ရိတ်ကို ပေးဆောင်ပါ့မယ်.. ဒါအပြင်..မစ္စတာလျူ ကယူနီဗာဆယ်လ်ရဲ့ ရရှိထားတဲ့ အထူးအခွင့်အရေး ဆိုင်ရာ မူဝါဒတွေနဲ့ တူညီတဲ့ အခွင့်အရေးတွေကို ရရှိနိုင်ပါလိမ့်မယ်"
အခမဲ့မြေကွက်တစ်ခုနဲ့ အထူးအခွင့်အရေးဆိုင်ရာ မူဝါဒများစွာ ရရှိခဲ့တာကြောင့် လျူယောင် ကျေနပ် သွားခဲ့ရသည်။
လျူယောင်က ရိုးရိုးသားသားနဲ့ တည်ညိမ်စွာ ပြော လိုက်၏။
"ကောင်းပြီလေ .. ဒါဆို ကျွန်တော့်ရဲ့ စက်ရုံကို ဒီမှာ ဆောက်ပါမယ်.."
" ဒီလောက်တောင် ရဲရင့်တာလား.."
ကျင်းဖန်းခရိုင်က အရာရှိတွေ အားလုံး အံ့အားသင့် သွားခဲ့ကြပြီး သတိပြန်ဝင်လာတော့ အံ့သြမှုတွေ လေးစားမှုတွေ အပြည့်နဲ့ ဖြစ်နေကြသည်။
" မစ္စတာလျူက ရဲရင့်လိုက်တာ.."
" ဒါက ယွမ် ဘီလီယံ ၃၀ ရင်းနှီးမြုပ်နှံမှုပဲ.. ယွမ် ၃ သန်း မဟုတ်ဘူး..ဒီလိုမျိုး ချက်ချင်း ဆုံးဖြတ်ချ က်ချဖို့ဆိုတာ အရမ်းကို ရဲရင့်တာပဲ.."
ခရိုင်ဝန်ဝမ်က အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေ၏။
သူ့ကိုယ်သူ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့တာကို သူ့ရဲ့ မျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်း ပေါ်နေပြီး သူ့ လက်တွေကလည်း လျူယောင်ရဲ့ လက်တွေကို တင်းတင်းဆုပ်ကိုင်ထားတာကြောင့် လက်တွေက နည်းနည်း တုန်ယင်နေသည်။
"မစ္စတာလျူ.. ကျေးဇူးအများကြီးတင်ပါတယ် ဗျာ.."
ဒီကျေးဇူးတင်စကားထဲမှာ အရာအားလုံး ပါဝင်နေ ကာ စကားလုံးပေါင်းများစွာ ရှိပေမဲ့ သူက အရမ်း စိတ်လှုပ်ရှားနေတာကြောင့် ခဏလောက် မပြောနို င်ခဲ့ဘဲ ဒီရိုးရှင်းတဲ့ ဝါကျသာ ပြောထွက်လာခြင်းပဲ ဖြစ်သည်။