ယူနီဗာဆဲလ် လုပ်ငန်းစု
Vol. 32 Ch. 415
" ဖြောင်း ဖြောင်း ဖြောင်း "
ဘယ်သူက ဦးဆောင်ပြီး လက်ခုပ်တီးလဲတော့ မသိ ပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံး နွေးထွေးတဲ့ လက်ခုပ် သံတွေ ထွက်ပေါ်လာခဲ့သည်။
ကျင်းဖန်းခရိုင်မှ ရုပ်သံလိုင်းနဲ့ နေ့စဉ်ထုတ်ဝေတဲ့ သတင်းစာတိုက်မှ လိုက်ပါလာတဲ့ သတင်းထောက် တွေက သူတို့ရဲ့ ကင်မရာတွေကို လျူယောင်နဲ့ ဝမ်ရုံ ဝမ်ဆီ ချက်ချင်း ချိန်လိုက်ကြ၏။
သတင်းထောက်တစ်ယောက်က ကင်မရာကိုယူပြီး လျူယောင်နဲ့ ဝမ်ရုံဝမ်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ မြင်ကွင်းကို အလျင်အမြန် ဓာတ်ပုံရိုက် လိုက်ကြ သည်။
အဲ့ဒီညမှာပဲ ကျင်းဖန်းခရိုင်ရဲ့ အများပြည်သူသုံး ဝီချက်အကောင့်နဲ့ ရုပ်သံလိုင်းတွေက ဒီအဖြစ်အ ပျက်ကို တစ်ခုပြီးတစ်ခု ဖော်ပြခဲ့ကြ၏။
ဒီသတင်းကောင်းကြီးက ကျင်းဖန်းခရိုင်တစ်ခုလုံး ကို တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ပါ းစပ်ဖျားမှာ ရှိတဲ့သတင်း ဖြစ်လာပေသည်။
ခရိုင်ထဲက သာမန်ပြည်သူတွေအတွက်တော့ ဒါက သတင်းကောင်းကြီးပါပဲ။
"ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်.. ယွမ် ၃၀ ဘီလီယံ ရင်းနှီးမြုပ်နှံပြီး ယွမ် ၁၀၀ ဘီလီယံတန် စက်ရုံကြီး ဆောက်တာဆိုတော့ မစ္စတာလျူက တော်တော်လေး ရဲရင့်တာပဲ.."
"ငါတို့ခရိုင်က ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.. ဒီ လို ရဲရဲဝံ့ဝံ့ ရင်းနှီးမြုပ်နှံမှုမျိုးက တကယ်ကို ရှား တယ်ကွာ.."
"ငါ ဒီစက်ရုံထဲကို ဝင်ရမယ်.. ဒီစက်ရုံရဲ့ အဖွဲ့ဝင်တစ် ယောက် ဖြစ်အောင် ကြိုးစားရမယ်.."
...
ဒီ သတင်းက သာမန်ပြည်သူတွေကြားမှာ ပူပူနွေး နွေး ဖြစ်နေကြသည်။ဒေသခံတွေရဲ့ သူငယ်ချင်းအ သိုင်းအဝိုင်းကလည်း ဒီကိစ္စကို ပြန်လည်မျှဝေပြီး ဆွေးနွေးကြလို့ ဖုန်းမျက်နှာပြင်မှာ ဒီသတင်းတွေပဲ အပြည့်ဖြစ်နေပေသည်။
ဒါပေမဲ့ အဲ့ဒီအချိန်မှာတော့ လျူယောင်က သူ့ရဲ့ ယောက္ခမအိမ် ရောက်နေသည်။
မုန်ချွမ်းလီက သမီးနဲ့ သားမက်ပြန်လာတယ်လို့ ကြားတော့ နေ့လယ်ပိုင်း တစ်ပိုင်းလုံး မီးဖိုချောင်မှာ အလုပ်ရှုပ်နေပြီး အရမ်းကောင်းတဲ့ ညစာကို ပြင်ဆ င်နေသည်။
လီကျန့်ခိုင်က မောက်ထိုင်ဝိုင်တစ်ပုလင်းဖွင့်ပြီး စိတ် အားထက်သန်စွာ သောက်နေ၏။သူက လျူယောင် နဲ့ စကားပြောရင်း ဝိုင်သောက်နေသည်။
"ရှောင်ယောင်.. မင်းက ..မင်းရဲ့ဇာတိအတွက် နော က်ထပ်ကောင်းတဲ့အရာတစ်ခု လုပ်ပေးခဲ့ပြန်ပြီ ..လူတိုင်းက မင်းကို ချီးကျူးနေကြတာ.. ငါ့ သူငယ် ချင်းအသိုင်းအဝိုင်းထဲမှာ ဒီလိုသတင်းတွေပဲ အပြ ည့်ပဲ.."
"ဦးလေး..ကျွန်တော်က ဘယ်နေရာမှာပဲဖြစ်ဖြစ် စ က်ရုံဆောက်ဖို့ ရည်ရွယ်ပြီးသားလေ.. ဆောက်မဲ့ ဆောက်တော့ ကျွန်တော့်ဇာတိမှာပဲ ဆောက်ရတာ ပေါ့.."
လီကျန်းခိုင်က လက်မထောင်ပြလိုက်သည်။ ယော က္ခမနဲ့ သားမက်ဟာ စားလိုက်၊ သောက်လိုက်၊ စကာ းပြောလိုက်နဲ့ မော်ထိုင်ဝိုင်တစ်ပုလင်းကို ကုန်အော င်သောက်နေကြသည်။
လျူယောင်ကို နည်းနည်း ရှက်သွားစေတာကတော့ လီကျန်းခိုင်ဟာ တကယ်ကို မူးနေခဲ့တာပါပဲ။ ဒီနေ့ သူက ပျော်ရွှင်လွန်းတာကြောင့် မူးသွားတာ ဖြစ်နိုင် သည်။
လီချန်လဲ့က လျူယောင်ကို မျက်စောင်းထိုးလိုက်၏ ။
လျူယောင် ရှက်သွားပြီး သူ့ယောက္ခမကို အမြန်ထိန် ထိန်းလိုက်ကာ ပြောလိုက်သည်။
"ဦးလေး.. အိပ်ရာထဲ ဝင်ပြီး အနားယူဖို့ ကျွန်တော် ကူညီပါရစေ.."
"ရတယ် မကူနဲ့..ငါ မူးသေးဘူး..လီလဲ့.. နောက်တစ် ပုလင်း ထပ်ဖွင့်... ငါနဲ့ ရှောင်ယောင် ဆက်သောက် မယ်.."
လီချန်လဲ့က လီကျန်းခိုင်ကို အိပ်ခန်းထဲ တွန်းပို့လို က်ပြီး ပြောလိုက်သည်။
"အဖေ..ဆက်မသောက်ပါနဲ့တော့..အဖေ မူးနေပြီ ဟာကို.."
"ငါ မမူးဘူး... ဘယ်သူပြောတာလဲ.. .ငါမူးနေတယ် ဆိုတာ.."
လီကျန်းခိုင်ရဲ့ အသံက ကျယ်လောင်နေသည်။
လျူယောင်က လီကျန်းခိုင်ကို အိပ်ခန်းထဲ အမြန် တွဲခေါ်လိုက်ပြီး အိပ်ရာပေါ်မှာ လှဲခိုင်းကာ ဖိနပ်တွေ နဲ့ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေး၍ စောင်ခြုံပေးလို က်သည်။
လီကျန့်ခိုင်က ချက်ချင်းပဲ အိပ်ပျော်သွား၏။
သေချာကြည့်မယ်ဆိုရင် သူ့နှုတ်ခမ်းထောင့်မှာ ပျေ ာ်ရွှင်တဲ့အပြုံးကို မြင်နိုင်ပြီး သူ ဒီနေ့ တကယ်ကို ပျော်နေပုံရသည်။
ညဘက်မှာတော့ လျူယောင် မပြန်တော့ပေ။မုန် ချွမ်းလီက အိပ်ခန်းတစ်ခန်းကို ရှင်းလင်းပေးပြီး စောင်အသစ်တွေနဲ့ အစားထိုးလဲလှယ်ပေးလိုက်သ ည်။
နောက်နေ့ မနက်စောစောမှာတော့ လျူယောင်က သူ့ ဇာတိကို ပြန်လာခဲ့သည်။
ကျင်းဖန်းခရိုင်နဲ့ စက်ရုံကိစ္စကို အသေးစိတ်အချက် အလက်တွေ ညှိနှိုင်းတာ၊ တရားဝင်စာချုပ်ချုပ်ဆို တာ စတာတွေအတွက် လျူယောင်ကိုယ်တိုင် စိတ်ပူ စရာ မလိုပေ။
ကျိုးယန်ကို သူ ဖုန်းခေါ်လိုက်တာနဲ့ တစ်ယောက် ယောက်က ချက်ချင်းလာပြီး ဒီကိစ္စတွေကို ပြီးစီး အောင် လုပ်ပေးလိမ့်မည်။
Universal တာဝါတွင်....
လျူယောင် ပြန်ရောက်လာ၏။လီချန်လဲ့ကလည်း ကျောင်းပြန်သွားခဲ့ပြီး အခုချိန်မှာတော့ ကျောင်းသာ းတွေကို စာသင်ပေးနေချိန် ဖြစ်မည်။
လျူယောင်တို့က သောကြာနေ့မနက်မှာ ပြန်လာ ခဲ့ကြပြီး တနင်္ဂနွေနေ့ နေ့လယ်မှာ ဟွားဟိုင်မြို့ကို ပြန်ရောက်လာကြသည်။စွမ်းအင်သစ်အတွက် ပထ မဆုံးစက်ရုံကို အတည်ပြုပြီးပြီဖြစ်တာကြောင့် အ ကျိုးအမြတ်က မဆိုးလှပေ။
လျူယောင်က ကုလားထိုင်ပေါ် မှာ ထိုင်ရင်း သူ့ စိတ် ထဲမှာ ပြီးခဲ့တဲ့ နှစ်ရက်တာအကြောင်းကို စဉ်းစား နေ စဉ် ခဏအကြာမှာတော့ တံခါးခေါက်သံကို ကြား လိုက်ရသည်။
ကျိုးယန်က တံခါးဖွင့်ပြီး ဝင်လာကာ.ပြောလိုက်၏။
"သူဋေး အားလုံး အဆင်ပြေသွားပါပြီ..ဒီမှာ လက်မှ တ်ရေးထိုးထားတဲ့ မူရင်းစာချုပ်ပါ..."
လျူယောင် စာချုပ်ကိုယူပြီး ကြည့်လိုက်တော့ အ ရမ်းကျေနပ်သွား၏။
"ကျိုးယန်.. ငါတို့ စွမ်းအင်သစ်နယ်ပယ်ထဲ ဝင်တော့ မယ်... ပထမဆုံး စက်ရုံက ကျင်းဖန်းခရိုင်မှာ တည် ရှိပြီး မကြာခင် စက်ရုံဆောက်လုပ်ရေး စတင် တော့ မယ်..."
ကျိုးယန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..ကျင်းဖန်းခရိုင်က စက်ရုံမြေအတွက် လမ်း၊ ရေ၊ မီး စတဲ့ လုပ်ငန်းတွေကို ရက် ၃၀ အတွင်း အကောင်အထည်ဖော်ပေးပါလိမ့်မယ်..ဆိုလိုတာကတော့ ကျွန်တော်တို့ ရက် ၃၀ ကြာရင် ဆောက်လုပ် ရေး စတင်နိုင်ပါပြီ ခဗျ.. "
နှစ်ယောက်သား ခဏလောက် စကားပြောပြီးတော့ လျူယောင် သူ့ အစီအစဥ် ကို ပြောပြလိုက်သည်။
"ငါတို့ရဲ့ လုပ်ငန်းက ပိုပြီး ကြီးထွားလာနေတယ် ..ကုမ္ပဏီရဲ့ အတိုင်းအတာကလည်း ပိုကြီးလာနေ တာကြောင့် Universal လုပ်ငန်းစု ကို ထူထောင်ဖို့ ငါ စီစဉ်ထားတယ်..."
ကျိုးယန်က ချက်ချင်းပဲ အာရုံစိုက် နားထောင် နေ သည်။ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုဆိုတာ သူ သိသည်။
"စီမံခန့်ခွဲမှု လွယ်ကူစေဖို့ Universal လုပ်ငန်းစု ကြီး တစ်စုကို ထူထောင်ဖို့ ငါ စီစဉ်ထားတယ်.. အဲ့ဒီ အု ပ်စုအောက်မှာ Universal ဆိုင်ရာ ရေကြောင်းပို့ဆေ ာင်ရေးအဖွဲ့၊ Universal ဆိုင်ရာ ချပ်ပြားထုတ်လုပ် ရေးအဖွဲ့၊ universal ဆိုင်ရာ သိပ္ပံသုတေသနဌာန၊ universal ဆိုင်ရာ စွမ်းအင်သစ်အဖွဲ့ စတာတွေကို အုပ်ချုပ်သွားမယ်"
လျူယောင်က သူ့ရဲ့စိတ်ကူးကို အသေးစိတ် ပြောပြ လိုက်၏။
Universal ကို ပြန်လည်ဖွဲ့စည်းပြီး Universal Grou p အဖြစ် ပြောင်းလဲပစ်မှာဖြစ်ပြီး Universal ရေ ကြောင်းပို့ဆောင်ရေးအဖွဲ့က Universal Group ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျိုးယန်ဟာ Universal Group ၏ အထွေထွေမန် နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရမှာ သေချာသည် ။
ဒုတိယအထွေထွေမန်နေဂျာတွေကတော့ ဟူဂျွန်းရှီ၊ ဟွမ်ကွမ်းနဲ့ တခြားသူတွေပဲ ဖြစ်၏။
မကြာခင်မှာပဲ လျူယောင်က ကုမ္ပဏီတစ်ခုလုံးရဲ့ အလယ်အလတ်နဲ့ အထက်တန်းအဆင့် အစည်း အ ဝေးတွင် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြော်ငြာခဲ့ပြီး ပြန် လည်ဖွဲ့စည်းမှုနဲ့ ဝန်ထမ်းအပြောင်းအရွေ့တွေကို စ တင်လုပ်ဆောင်ခဲ့သည်။
သူက လူအတော်များများကို လည်းရာထူးတိုးပေး လိုက်၏။
ဒီလူတွေကတော့ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆေ ာင်တဲ့ လူတွေနဲ့ ကုမ္ပဏီကို စောစောဝင်ရောက်ခဲ့တဲ့ လူတွေပါပဲ။
ဥပမာအားဖြင့် ကျိုးဟိုင်ယွန်ဆိုရင် ဂလိုဘဲလ် စတင် တည်ထောင်တုန်းက ဝင်လာခဲ့၏။ အဲ့ဒီအချိန်တုန်း က သူက သာမန်ဝန်ထမ်းတစ်ယောက်ပဲ ဖြစ်သည်။
သာမန်ဝန်ထမ်းတစ်ယောက်ကနေ သူက တစ်ဆင့် ချင်း ရာထူးတက်ခဲ့ပြီး အခုဆို Universal Group ထူထောင်တော့ သူ့ကို universal ရေကြောင်းပို့ဆေ ာင်ရေးအဖွဲ့ရဲ့ ဒုတိယအထွေထွေမန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်သည်။
ဒီလူက Universal တွင် အလယ်အလတ်အဆင့်နှင့် နှစ်စဉ်ဝင်ငွေ ယွမ်တစ်သန်းကျော် ရတဲ့လူပဲ ဖြစ်၏။
သူ့အသက်က ၂၆ နှစ်ပဲ ရှိသေးသည်။ တက္ကသိုလ် ကနေ ဘွဲ့ရတာ ၄ နှစ်ပဲ ရှိသေးပြီး ယူနီဗာဆယ်လ် ကို ဝင်ခဲ့တာ ၂ နှစ်တောင် မပြည့်သေးပေ။
အမှန်ပါပဲ Universal စတင်တည်ထောင်တာတောင် ၂ နှစ် မပြည့်သေးပါဘူး။ ၂ လ ၃ လ လိုနေပါသေး သည်။
ယူနီဗာဆယ်လ်လုပ်ငန်းစုထဲမှာ သူ့လိုလူတွေ အ တော်များများ ရှိကာ အတွင်းလူကို အဓိကထားပြီး လျူယောင်က ရာထူးတိုးပေးခဲ့သည်။ အရည်အ ချင်းရှိသူတွေကိုသာ ခန့်အပ်တယ်ဆိုတဲ့ မူကို ကျင့် သုံးတာကြောင့် ထူးချွန်တဲ့ ဝန်ထမ်းများစွာက တစ် ဦးပြီးတစ်ဦး ရာထူးတိုးပေးခံရ၏။
သူတို့က ပိုမြင့်တဲ့ ရာထူးတွေ ရရှိခဲ့ကြပြီး အလုပ် အတွက် ပိုစိတ်အားထက်သန်လာကာ အလုပ်လုပ် ချင်စိတ်တွေလည်း ပြည့်နှက်နေခဲ့သည်။
စဉ်းစားကြည့်ပါ ။တကယ်လို့ သင်သာဆိုရင် တစ် နှစ်၊ နှစ်နှစ်လောက် အလုပ်လုပ်ပြီး ကုမ္ပဏီကြီး တ စ်ခုရဲ့ အလယ်အလတ်အဆင့် မန်နေဂျာဖြစ်လာပြီး နှစ်စဉ်ဝင်ငွေ ယွမ်တစ်သန်းကျော်၊ အိမ်နဲ့ကား ရ မယ်ဆိုရင် အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှာ မ ဟုတ်ဘူးလား။
ကျိုးယန်နဲ့ တခြားသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက အရမ်းမြင့်တာမို့ အဖွဲ့အစည်းပြန်လည်ဖွဲ့စည်းမှုက လဝက်လောက်အတွင်း ပြီးဆုံးခဲ့ပြီး ယူနီဗာဆယ်လ် လုပ်ငန်းစုကို လျူယောင် တရားဝင် တည်ထောင်လို က်သည်။
.....
Universal သုတေသနဌာန..
ဓာတ်ခွဲခန်းထဲတွင် လူတိုင်းက နည်းနည်းလေး စိတ် လှုပ်ရှားနေပုံရသည်။ ဟွမ်ကွမ်း၊ ဟူနမ်၊ နန်ဇေထော င်နဲ့ တခြားသုတေသီတွေ အားလုံးက ဒီနေရာမှာ ရှိ နေကြသည်။
စမ်းသပ်မှုစားပွဲပေါ်မှာတော့ ဖုန်းဘထ္ထရီတစ်လုံးကို သူတို့က စမ်းသပ်မှု့တွေ လုပ်ဆောင်နေကြသည်။ ဒီဟာက ပထမဆုံး ထုတ်လုပ်တဲ့ ဂရက်ဖင်း -အလူမီ နီယံ ဘထ္ထရီပဲ ဖြစ်၏။
ဒီ ဘထ္ထရီက ဟူနန် ဦးဆောင်တဲ့ နည်းပညာအဖွဲ့ရဲ့ သုတေသနရလဒ်ဖြစ်ပြီး သူတို့က ပထမဆုံး ဘထ္ထ ရီကို ထုတ်လုပ်ဖို့ တစ်လတောင် မကြာခဲ့ပေ။စုစုပေါ င်းမှ ရက် ၂၀ ပဲ ကြာခဲ့သည်။
ဒါက အံ့ဖွယ်တစ်ခုလိုပါပဲ။
အချို့သော သုတေသနအဖွဲ့တွေက ပိုက်ဆံ၊ လူ အင်အားနဲ့ ပစ္စည်းအင်အား အများကြီး သုံးပြီး ၂ နှစ်၊ ဒါမှမဟုတ် ၃ နှစ်တောင် အချိန်ယူခဲ့ကြပေမဲ့ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီရဲ့ နည်းပညာ ဆိုင်ရာ အတားအဆီးတွေကို မကျော်လွှား နိုင်ခဲ့ကြ ပေ။ ဒါပေမဲ့ ဒီမှာတော့ နည်းပညာဆိုင်ရာ အတား အဆီး မရှိခဲ့ပေ။
အားလုံးက ဂြိုဟ်သားတွေရဲ့ နမူနာဘထ္ထရီကြောင့် သုတေသန နက်ရှိုင်းလာတာနဲ့အမျှ ဟူနမ်နဲ့ တခြား လူတွေက ဒါကို စွမ်းအင်တုံးလို့ ခေါ်တာက ပိုပြီး သင့်တော်မယ်ဆိုတာ သိလာခဲ့ကြသည်။
ဒီစွမ်းအင်တုံးလေးက အံ့မခန်းစွမ်းအင်တွေ ပါဝင် နေတယ်ဆိုတာကိုလည်း သူတို့သိသည်။ဒါပေမဲ့ အ ခုတော့ စွမ်းအင် တစ်စက်မှ မရှိတော့ဘဲ သုတေသ နအတွက်ပဲ အသုံးပြုနိုင်တော့၏။
ဟူနမ်နဲ့ တခြားသုတေသီတွေက နည်းပညာအချို့ရဲ့ လှုံ့ဆော်မှု့ကြောင့် ပထမဆုံး ဂရက်ဖင်း-အလူမီနီယ မ် ဘထ္ထရီကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။
အခု သူတို့က ဒီဘထ္ထရီ အသစ်ရဲ့ စွမ်းဆောင်ရည် စမ်းသပ်မှု့ကို လုပ်ဆောင်နေကြကာ လူတိုင်းက စိတ်လှုပ်ရှားနေကြ၏။ဟွမ်ကွမ်း၊ ဟူနမ်နဲ့ လူတချို့ ကတော့ နည်းနည်း စိုးရိမ်ပူပန်နေကြသည်။