ဘထ္ထရီ စမ်းသပ်မှု စတင်ပြီ
Vol. 32 Ch. 416
စမ်းသပ်မှု လုပ်ဆောင်တော့မယ့်အချိန်မှာ နေရာ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး နည်းပညာ ရှင်တွေက ဟွမ်ကွမ်း၊ ဟူနမ် နဲ့ တခြားလူတွေကို စောင့်ကြည့်နေကြသည်။
ဟွမ်ကွမ်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည် ။
ဟူနမ်က အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်၏။
"စမ်းသပ်မှု စတင်မယ်...."
သူ့အသံက အရမ်းကျယ်ပေမဲ့ တကယ်တော့ သူ့ရင် ထဲမှာလည်း ထိတ်လန့်တုန်လှုပ်ပြီး စိတ်လှုပ်ရှားနေ သည်။
သူ စိတ်လှုပ်ရှားမှုကို ထိန်းမနိုင်အောင် ဖြစ်နေသည် ။ဒါက ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီပင်။ စျေး ကွက်ထဲ ဝင်ရောက်တာနဲ့ သံသယရှိစရာမလိုဘဲ ခေ တ်ကိုပြောင်းလဲနိုင်မယ့် ထုတ်ကုန်တစ်ခု ဖြစ်လာနို င်သည်။
ဒီဘက်ထရီက ကမ္ဘာပေါ်မှာ ပထမဆုံး တီထွင်မှုပဲ ဖြစ်သည်။
သူတို့က ဘက်ထရီသစ်ရဲ့ စမ်းသပ်မှုကို စတင်လုပ် ဆောင်လိုက်ကြသည်။
ပထမဆုံးအနေနဲ့ ဘက်ထရီရဲ့ အလေးချိန်၊ အရွယ် အစား၊ အပူချိန်ပိုင်း စတာတွေလို ပုံမှန်စမ်းသပ်မှု တွေ လုပ်ခဲ့ကြသည်။
ဒီအရာတွေကို တိုင်းတာပြီးစီးပြီးနောက် အရေးကြီး ဆုံးအချက်တွေကို သူတို့ ဆက်လက်တိုင်းတာခဲ့ ကြ သည်။ အရေးကြီးဆုံးအချက်နှစ်ခုမှာ ဘက်ထရီရဲ့ စွမ်းအင်သိုလှောင်မှုနဲ့ အမြင့်ဆုံး လျှပ်စီးပမာဏ တို့ ပဲ ဖြစ်သည်။
"ဘက်ထရီရဲ့ အမြင့်ဆုံး လျှပ်စီးပမာဏ စမ်းသပ်မှု စတင်မယ် ..."
စမ်းသပ်ကိရိယာရဲ့ မျက်နှာပြင်မှာ ကိန်းဂဏန်းတွေ စတင်ပြေးလွှားနေပြီး ဘက်ထရီရဲ့ လျှပ်စီးထွက်တဲ့ ပမာဏကို ပြသနေသည်။ နောက်ဆုံးမှာတော့ ကိန်း ဂဏန်းက 20,065 မီလီအမ်ပီယာ-နာရီမှာ ရပ်တန့် သွားသည်။
ဟူနမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး နန် ဇေထောင်ကတော့ ကျေနပ်စွာ ပြောလိုက်၏။
"အဖိုးကြီးဟူ...ဒါက ဒီဇိုင်းလိုအပ်ချက်တွေနဲ့ အ ပြည့်အဝ ကိုက်ညီနေတယ်.."
သူတို့က ဒီဘက်ထရီကို အမြင့်ဆုံး လျှပ်စီးထွက်တဲ့ ပမာဏ 20,000 mAh နဲ့ ဒီဇိုင်းထုတ်ထားခြင်း ဖြစ် သည်။ အထွက်လျှပ်စီးပမာဏ များလေ ပိုကောင်း လေ ဟု မဆိုနိုင်ပေ။ ဟူနမ်ကတော့ 20,000 mAh လျှပ်စီးပမာဏက လုံလောက်တယ်လို့ ယုံကြည်ထ ားသည်။
"ဝိုး.. အရမ်းကောင်းတယ်.."
နည်းပညာရှင်အများအပြားက စိတ်လှုပ်ရှားစွာ အေ ာ်ဟစ်ခဲ့ကြပြီး အချို့ဆို လက်ခုပ်သြဘာပေးလိုက် ကြသည်။
သူတို့ရဲ့အမြင်အရဆိုရင် သာမန်လက်ကိုင်ဖုန်းဘက် ထရီ အရွယ်အစားလောက်ရှိတဲ့ ဒီဘက်ထရီသေး သေးလေးက 20,000 mAh လျှပ်စီးပမာဏအထိ ရောက်နိုင်တာက အံ့ဩစရာ ကောင်းနေသည်။
စျေးကွက်ထဲမှ အားသွင်းစက်တွေကတောင် ဒီလို လျှပ်စီးပမာဏအထိ မရောက်နိုင်ကြပေ။ သူတို့အ များစုက 5,000 mAh၊ 7,500 mAh ဒါမှမဟုတ် 10,000 mAh ပဲ ရှိကြသည်။
ဒီဘက်ထရီသေးသေးလေးက 20,000 mAh လျှပ် စီးပမာဏအထိ ရောက်နိုင်တယ်ဆိုတော့ စွမ်းအင် က ဘယ်လောက်ရှိမည်နည်း။
ဘက်ထရီအတွက်တော့ စွမ်းအင်ပမာဏက လျှပ်စီ းပမာဏထက် ပိုအရေးကြီး၏။
ဘက်ထရီအတွက်တော့ စွမ်းအင်များလေလေ ပို ကောင်းလေလေပါပဲ။ ကမ္ဘာပေါ်က လက်ကိုင်ဖုန်းဘ က်ထရီတွေက အားအပြည့်သွင်းပြီးရင် ယေဘုယျ အားဖြင့် စွမ်းအင် 10 ဝပ်နာရီ ကနေ 30 ဝပ်နာရီ လောက်ရှိပြီး အားသွင်းစက်ကတော့ 30 WH ကျော် သည်။ လစ်သီယမ်ဘက်ထရီများစွာကို အသုံးပြု ရင်လည်း 50 WH အထိသာ ရောက်နိုင်ပြီး ဒီ့ထက် လည်း ကျော်လွန်နိုင်သည်။
ဒီ ဂရက်ဖင်း-အလူမီနီယမ်ဘက်ထရီကရော...။
လူတိုင်းက ဒီ ဘက်ထရီရဲ့ အမြင့်ဆုံးစွမ်းအင်ကို သိ ချင်နေကြတာကြောင့် နည်းပညာရှင်တွေက ဟွမ်ကွ မ်းနဲ့ ဟူနမ်တို့ကို ထပ်ကြည့်လိုက်ကြသည်။
ဟွမ်ကွမ်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ သူ့မျက်နှာက အရမ်းတည်ငြိမ်နေပေမဲ့ တကယ်တေ ာ့ သူ့ရင်ထဲမှာ မငြိမ်မသက်ဖြစ်နေပြီး လုံးဝတည် ငြိမ်မှု ရှိမနေပေ။
ဒီတစ်ကြိမ် စမ်းသပ်ချက်က တကယ်ပဲ အောင်မြင် မလားဆိုတာကို တစ်ကြိမ်တည်းနဲ့ သိရတော့မည် လေ။
ဟူနမ်က အသံကျယ်ကျယ်နဲ့ ပြောလိုက်၏။
"စွမ်းအင်စမ်းသပ်မှု လုပ်ဆောင်မယ်.."
တကယ်တော့ သူ့စိတ်ထဲမှာလည်း နည်းနည်းလေး စိတ်ပူနေသည်။ ဒီဘက်ထရီရဲ့ စွမ်းအင်ညွှန်းကိန်း က ဒီဇိုင်းစံနှုန်းနဲ့ ကိုက်ညီမလားဆိုတာကိုတော့ သူလည်း သေချာမသိပေ။
အရာအားလုံးဟာ စမ်းသပ်မှုအချက်အလက်တွေ ပေါ်မှာ မူတည်တာကြောင့် စမ်းသပ်ပြီးမှသာ သိနိုင် လိမ့်မည်။
"စမ်းသပ်မှု စတင်ပြီ...."
နေရာတစ်ခုလုံး ထပ်ပြီး တိတ်ဆိတ်သွား၏။ လူ တိုင်းရဲ့ မျက်လုံးတွေက စမ်းသပ်ကိရိယာပေါ်မှာ စွဲမြဲနေပြီး သူတို့ရဲ့ အကြည့်တွေဟာ မျက်နှာပြင်မှာ ရပ်တန့်နေပေသည်။
မျက်နှာပြင်ပေါ်က ကိန်းဂဏန်းတွေက တက်လာနေ ပြီး လူအများအပြားက သူတို့ရဲ့စိတ်ထဲမှာ ထိတ်လ န့်စွာ ရေရွတ်နေကြသည်။
"နောက်ထပ် နည်းနည်းလေး တက်ပါဦး...နောက်ထ ပ် နည်းနည်းလေး တက်ပါဦး..."
နောက်ဆုံးမှာတော့ ထိုကိန်းဂဏန်းက 312 wH မှာ ရပ်တန့်သွား၏။
"အိုး ဘုရားရေ..."
လူအတော်များများက စမ်းသပ်ကိရိယာကို မယုံကြ ည်နိုင်တဲ့ အမူအရာတွေနဲ့ ကြည့်ပြီး အော်ဟစ်နေ ကြသည်။ ဒီဘက်ထရီအသစ်ရဲ့ အမြင့်ဆုံးစွမ်းအင် စံနှုန်းက 300 ဝပ်နာရီ ဖြစ်တယ်ဆိုတာကို သူတို့ သိ နေကြတာတောင်မှပေါ့။
ဒီလို ဘက်ထရီသေးသေးလေးတစ်ခုရဲ့ စွမ်းအင်က ဝပ်နာရီရဲ့ သုံးပုံတစ်ပုံနီးပါးအထိ တကယ်ရောက် နေပေသည်။
အံ့ဩစရာ မဟုတ်ဘူးလား...။
စိတ်လှုပ်ရှားစရာ မကောင်းဘူးလား...။
ဓာတ်ခွဲခန်းထဲမှာ ချက်ချင်းဆိုသလို ပျော်ရွှင်မှုတွေ ပြည့်နှက်သွားခဲ့သည်။ ဟွမ်ကွမ်း၊ ဟူနမ်၊နန်ဇေထေ ာ င်နဲ့ တခြားလူတွေရဲ့ စိတ်ထဲက စိုးရိမ်မှုတွေလည် း နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသည်။
နန်ဇေထောင်က နည်းနည်းလေး စိတ်လှုပ်ရှားပြီး ဟူ နမ်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ အသံကျယ် ကျယ်နဲ့ မျက်ရည်ဝဲပြီး အော်ပြောလိုက်သည်။
"အဖိုးကြီးဟူ...ငါတို့ အောင်မြင်ပြီ...ငါတို့ အောင် မြင်ခဲ့ပြီကွာ.."
"ဟုတ်တယ်...ငါတို့ အောင်မြင်သွားပြီ.."
ဟူနမ်က သူ့လက်သီးကို ဆုပ်ပြီး ဝှေ့ယမ်းလိုက်သ ည်။
"ငါတို့..အောင်မြင်ခဲ့ပြီကွ ဟားဟား.."
ဟူနမ်က သူ့အဖွဲ့ကို ဦးဆောင်ပြီး အရမ်းကောင်းတဲ့ အဖြေကို ပေးလိုက်တာပဲ ဖြစ်သည်။ ဒီဘက်ထရီ သေးသေးလေးရဲ့ အမြင့်ဆုံးစွမ်းအင်က 312 watt-hours အထိ ရောက်နိုင်ခဲ့သည်။
သူက ဒီသတင်းကောင်းကို လျူယောင်ဆီ လျင်မြန် စွာ အစီရင်ခံလိုက်သည်။
ဒီသတင်းကောင်းကို လျူယောင် ကြားတော့ အရမ်း ချီးကျူးလိုက်ပြီး စက်မှုလုပ်ငန်းအဆင့် အစုလိုက် အပြုံလိုက် ထုတ်လုပ်မှုကို ဘယ်အချိန်မှာ အကောင် အထည်ဖော်နိုင်မလဲဆိုတာ စိတ်ဝင်တစား မေးလိုက် သည်။
ဟူနမ်က အပြည့်အဝ ယုံကြည်မှုရှိစွာနဲ့ ပြန်ဖြေလိုက် ၏။
"ကျွန်တော်တို့ အများဆုံး သုံးလအတွင်း အစုလိုက် အပြုံလိုက် ထုတ်လုပ်မှုတွေ လုပ်နိုင်ပါတယ်.."
"နောက်ထပ် သုံးလပဲလား.."
ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ဟူနမ်က ဓာတ်ခွဲ ခန်းအခြေအနေနဲ့ ပထမဆုံး ဘက်ထရီကို သုံးလ အတွင်း ထုတ်လုပ်မယ်လို့ ကတိပေးခဲ့ပေမဲ့ တစ်လ တောင် မကြာခဲ့ပေ။ အခုလည်း သုံးလလို့ ပြောနေ ပြန်သည်။
ဒါက သုံးလတောင် မကြာနိုင်ဘူးဆိုတာကို လျူယေ ာင် ကောင်းကောင်း သိနေသည်။
ယူနီဗာဆယ်လ်က စွမ်းအင်သစ်အဖွဲ့ကို အမြန် တည် ထောင်ဖို့ လိုနေတဲ့အပြင် စွမ်းအင်သစ်အဖွဲ့ရဲ့ နံပါတ် ၁ စက်ရုံကို အမြန်ဆောက်ရတော့မည်။
လျူယောင်က ကော်ဖီတစ်ခွက်ကို ကိုင်ပြီး ရုံးခန်းရဲ့ ကြမ်းပြင်အထိရှိနေတဲ့ မှန်ပြတင်းပေါက်ကြီးရှေ့မှာ ရပ်နေခဲ့ပြီး အောက်ဘက်ကို ငုံ့ကြည့်ရင်း အဝေးကို ကြည့်နေကာ သူ အများကြီး တွေးနေမိသည်။
.....
ချင်းယွန်နိုင်ငံတကာ...
ပီချင်းယွန်က ကုလားထိုင်ပေါ် ထိုင်နေပြီး သူ့အိတ် ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်၍ မီးညှိကာ ပြင်းပြင်း ရှိုက်လိုက်သည်။
စုန့်ကျန်းဝေက သူ့ကို ခုနကပဲ အစီရင်ခံသွားခဲ့တာ ကို ကြည့်ရင် အခြေအနေက မကောင်းလှဘူး။
လွန်ခဲ့တဲ့ လဝက်လောက်က ပီချင်းယွန်ရဲ့ တောင်း ဆိုချက်အရ ဘက်ထရီတင်သွင်းမှုကိစ္စကို ဆွေးနွေ းဖို့အတွက် စုန့်ကျန်းဝေက နိုင်ငံခြားကို အထူးခရီ းထွက်သွားခဲ့သည်။ ဒါပေမဲ့ အနောက်တိုင်း ပေး သွင်းသူရဲ့ သဘောထားက အရမ်းတင်းမာခဲ့ပြီး သူက ဆွေးနွေးဖို့ အခွင့်အရေး မရှိခဲ့ပေ။
စုန့်ကျန်းဝေက နိုင်ငံခြားမှာ ၁၀ ရက်ကျော်လောက် နေခဲ့ပြီး သူတို့ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ အကြိမ် ကြိမ် ညှိနှိုင်းခဲ့ပေမဲ့ တိုးတက်မှုက သုညနီးပါးပဲ ဖြစ် ၏။ ဒါ့ကြောင့် စိတ်ပျက်အားငယ်စွာနဲ့ သူက ယန်နို င်ငံကို ပြန်လာခဲ့ပြီး အခြေအနေကို ပီချင်းယွန်အား အစီရင်ခံလိုက်သည်။
ပီချင်းယွန် ဆေးလိပ်ကို သောက်ပြီးနောက် ဆုံးဖြ တ်လိုက်သည်။
"တခြားသူတွေ မပါဝင်လို့ ငါတို့ ရပ်တန့်ရတော့မှ ာလား... ဒါဆိုရင်တော့ ပြည်တွင်းဖြစ်ဘက်ထရီ ကိုပဲ ငါတို့ သုံးကြတာပေါ့..."
ပြည်တွင်းဘက်ထရီထုတ်လုပ်သူတွေရဲ့ နာမည်တွေ က သူ့စိတ်ထဲမှာ ပေါ်လာပြီး ဘယ်ထုတ်လုပ်သူရဲ့ ဘက်ထရီက ပိုကောင်းလဲဆိုတာ ပီချင်းယွန် စဉ်းစာ းနေမိသည်။
…….
ချူကျိ ပင်လယ်စာစားသောက်ဆိုင်...
တင်းဝိန်က လျူယောင်ကို ညစာအတွက် ဖိတ်ခဲ့ပြီး နောက် ဒီစားသောက်ဆိုင်ကိုပဲ ထပ်မံ ရွေးချယ်လို က်၏။
လျူယောင်က စိတ်ပူစွာနဲ့ မေးလိုက်သည်။
"မင်းက မိသားစုလုပ်ငန်း ပြန်ဆက်ခံဖို့နဲ့ မင်းအဖေ ရဲ့ ကုမ္ပဏီစီမံခန့်ခွဲရာမှာ ကူညီဖို့ တကယ် ပြန်သွား တော့မှာလား..."
"ဟုတ်ကဲ့အကို... ကျွန်တော် အလုံအလောက် ပျော် ပြီးပြီ... ကျွန်တော့်အဖေ အရမ်းပင်ပန်းစေလို့ မဖြ စ်ဘူး... သူက မကြာသေးခင်ကမှ ပြဿနာအချို့ ကြုံခဲ့ရတယ်... ကျွန်တော် ပြန်သွားပြီး သူ့ကို ကူညီ ရမယ်"
တင်းဝိန်က ဝမ်းနည်းစွာ ပြန်ပြောလိုက်သည်။
ဒီကောင်က အလုံအလောက် ပျော်ပါးပြီးနောက် မိ သားစုစီးပွားရေးကို ပြန်လည်တာဝန်ယူမယ့် ပုံမှန် မျိုးဆက်သစ်တစ်ဦးပဲ။
လူအများအပြားက အားကျကြပေလိမ့်မည်။
လျူယောင်ကတော့ အားကျမှာမဟုတ်ဘဲ စိတ်ပူစွာ နဲ့ မေးလိုက်၏။
"မင်းအဖေက ဘာပြဿနာကြုံနေရတာလဲ... ချပ်ပြ ားနဲ့ ပတ်သက်တဲ့ ပြဿနာတော့ မဟုတ်ဘူးမလား"
တင်းဝိန်က ပုံစံကို ရိုးရှင်းစွာ ပြောင်းလဲလိုက်ပြီး ဒေ ါသတကြီးနဲ့ ရှင်းပြလိုက်၏။
"ဒီအနောက်တိုင်းပေးသွင်းသူက တကယ်ကို တန်ဖိုး မရှိတဲ့လူတွေပဲ... သူတို့က စျေးနှုန်းတွေကို ၂၀ % တိုးမြှင့်လိုက်တယ်.."
"အော် ဒီလိုအဖြစ်အပျက် ဖြစ်ခဲ့တာကိုး.."
အမှန်ပါပဲ ချင်းယွန်နိုင်ငံတကာရဲ့ Golden Dragon မိုဘိုင်းဖုန်းထုတ်လုပ်တာကို လျူယောင် သိ၏။ ဒီဖု န်းက နှစ်စဉ် သန်းနဲ့ချီပြီး ရောင်းချနေရတဲ့ နာမည် ကြီး ပြည်တွင်းမိုဘိုင်းဖုန်းအမှတ်တံဆိပ်တစ်ခုလည် း ဖြစ်ပေသည်။
ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းလာသည်။
လျူယောင် အနည်းငယ်ပြုံးပြီး ပြောလိုက်၏။
"မနက်ဖန်....မင်း...ငါ့ ရုံးခန်းကို လာခဲ့....ငါ... မင်းကို လက်ဆောင်ပေးမယ်"
လျူယောင်ရဲ့ လုပ်ရပ်ဟာ လိုအပ်နေသူအတွက် အ ချိန်ကိုက် အကူအညီ ပေးလိုက်သလိုမျိုးပင်။
လျူယောင်က ဂရက်ဖင်း-အလူမီနီယမ်ဘက်ထရီကို အောင်မြင်စွာ တီထွင်ခဲ့ပြီး မကြာခင်မှာပဲ စက်မှုလုပ် ငန်းအဆင့် ထုတ်လုပ်ရေးထဲ ဝင်ရောက်ပေတော့ မ ည်။ ဒီဘက်ထရီအသစ်ကို ထုတ်ကုန်မိတ်ဆက်ပွဲ လု ပ်သင့်မလုပ်သင့် သူ စဉ်းစားနေခဲ့ကာ အခုတော့ အ ားလုံး အဆင်ပြေသွားသည်လေ။
ဒီဘက်ထရီအသစ်ရဲ့ ထုတ်ကုန်မိတ်ဆက်ပွဲကို ရှော င်ရှားနိုင်မယ်ဆိုတာ လျူယောင် သိလို့ စိတ်အေးချ မ်းသွားကာ ပျော်ရွှင်သွား၏။