လျူယောင်ရဲ့ လက်ဆောင်
Vol. 32 Ch. 417
"အမ် အစ်ကိုယောင်က...ကျွန်တော့်ကို လက်ဆောင် ပေးမလို့လား..."
"ဟုတ်တယ်...မင်းကို လက်ဆောင် ပေးမလို့.. မနက် ဖန် မင်း ငါ့ရုံးခန်းကို လာခဲ့ရင်ပေးမယ်..."
တင်းဝိန်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။
"ဒါက...ဘာဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ရအောင်”
"ရှေးဟောင်းပစ္စည်းများလား အစ်ကိုယောင်... ကျွန် တော်က ဒီလိုအရာမျိုးကို အကြိုက်ဆုံးဆိုတာ အစ် ကိုသိပါတယ်..."
လျူယောင်က ပြုံးပြီး ပြန်ဖြေလိုက်၏။
"မခန့်မှန်းနဲ့တော့... အဲ့ဒီနေ့ကျမှ မင်းသိရမှာပဲ.. လာ ... သောက်ကြရအောင်... ပင်လယ်စာ စားကြစို့..."
ပင်လယ်စာတွေက စုံစုံလင်လင်ပါပဲ။
ပါဝင်ပစ္စည်းအချို့ကို လျူယောင် ယူလာခဲ့ပြီး ချူ ကျိပင်လယ်စာ စားသောက်ဆိုင်က ချက်ပြုတ်ပေး တာပဲ ဖြစ်သည်။
ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပေါင် ၃၀၀ ကနေ ၄၀၀ လောက်ရှိတဲ့ တူနာငါးကြီးကို လျူယောင် ဖမ်းမိခဲ့ ပြီး ရေခဲစက်ကြီးထဲမှာ သိမ်းထားခဲ့သည်။ ဒီတစ် ခေါက်မှာ အဲ့ဒီထဲက အချို့ကို သူ ယူလာခဲ့တာပဲ ဖြ စ်၏။
"အစ်ကိုယောင်... ဒီဆာရှိမီ ငါးအစိမ်းက မဆိုးဘူး... ငါးအရိုးဟင်းချိုကလည်း အရမ်း အရသာရှိတယ်... နောက်တစ်ခါ ပင်လယ်ထဲသွားရင် ကျွန်တော့်ကို ခေါ်သွားပါဦး... ပေါင်ရာနဲ့ချီတဲ့ တူနာငါးကြီးတွေ အတူတူ ဖမ်းကြတာပေါ့..."
"အေးပါ.. ငါ နောက်တစ်ခါ သွားဖြစ်ရင် မင်းကို ဖုန်း ဆက်လိုက်မယ်..."
လျူယောင်က ခေါင်းညိတ်ကာ သဘောတူလိုက် သ ည်။
အစ်ကိုတစ်ယောက်အနေနဲ့ တင်းဝိန် ပြန်လာပြီးနေ ာက် ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာကို လျူ ယောင် စိတ်ဝင်တစား မေးလိုက်သည်။
တင်းဝိန်က ရှင်းပြလိုက်၏။
"ကျွန်တော် အရင်ဆုံး... လက်ထောက်အဖြစ် စတင် လုပ်ကိုင်မယ်... လုပ်ငန်းခွင်အခြေအနေနဲ့ လုပ်ငန်း တွေကို ရင်းနှီးအောင် အရင် လုပ်ရမယ်...."
"အင်း...မင်းက တော်တာပဲ..."
"စလုပ်ကတည်းက လက်ထောက်လုပ်ရတာပဲ … ဟားဟား."
နှစ်ယောက်သား စကားပြောကာ ရယ်မောရင်း တစ် နာရီကျော်လောက် ညစာစားပြီးနောက် ကျေနပ်စွာ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့...
လျူယောင် ရုံးခန်းထဲရောက်ပြီး မကြာခင်မှာပဲ ဟွမ် ကွမ်း တံခါးခေါက်ပြီး ဝင်လာကာ သူယူလာတဲ့ ဘ က်ထရီနှစ်လုံးကို လျူယောင်ရဲ့ စားပွဲပေါ် ချ လိုက် သည်။
"အစ်ကိုယောင်... ဒါ အစ်ကိုလိုချင်တဲ့ဟာပါ..."
လျူယောင် ယူပြီး ကြည့်လိုက်ရာ စိတ်လှုပ်ရှားပျော် ရွှင်နေမိသည်။
"ဟွမ်ကွမ်း... မင်းက တကယ်ကို စိတ်ကူးကောင်းရှိ တာပဲ... ဒီလိုလှပတဲ့ ဘူးထဲမှာ ထည့်လာသေးတယ် ..."
ဟွမ်ကွမ်းက ခေါင်းကုတ်ကာ ပြန်ဖြေလိုက်၏။
"ဟီး... အစ်ကိုယောင်က လက်ဆောင်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ကျွန်တော်လည်း ပိုပြီး လှပအောင် ထုပ်ပိုးရမယ်လို့ပဲ စဉ်းစားမိလို့ပါ..."
ဒါက လက်ဖဝါးအရွယ်အစားသာရှိတဲ့ လက်ဆောင် ဘူးလေး တစ်ဘူးဖြစ်ပြီး အထဲမှာတော့ ဂရက်ဖင်း -အလူမီနီယမ် ဘက်ထရီသေးသေးလေးနှစ်ခု ပါဝင် ပေသည်။
ဟူနမ်တို့က ပထမဆုံးဘက်ထရီကို လုပ်ပြီးတဲ့နေ ာက်မှာတော့ နောက်ထပ် ဘက်ထရီအများအပြား လုပ်ဖို့က ပိုမို လွယ်ကူနေပြီး အရည်အသွေးကလည် း ပိုကောင်းလာခဲ့သည်။
ခုအချိန်မှာတော့ ဟူနမ်နဲ့ တခြားနည်းပညာရှင်တွေ က ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီတွေကို အစု လိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့အတွက် လေ့လာ နေကြသည်။
ဥပမာ ဘယ်လိုလုပ်ငန်းစဉ်များတွင် အသုံးပြုရမ လဲ၊ ဘယ်လိုထုတ်လုပ်တဲ့ ကိရိယာတွေ လိုအပ်တယ် ဆိုတာနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ရှိ တယ် ဆိုတာမျိုးတွေကိုပင်။
ဟွမ်ကွမ်းက အခြေအနေကို အစီရင်ခံပြီးနောက် ခွင့် တောင်းလိုက်၏။
"အစ်ကိုယောင်... ကျွန်တော်တို့က ဂရက်ဖင်း-အလူ မီနီယမ်ဘက်ထရီနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကို လျှော က်ထားပြီးပါပြီ... ဒီထုတ်ကုန်ကို လူသိရှင်ကြား ကြေညာသင့်လား"
လွန်ခဲ့တဲ့ လအနည်းငယ်က ခေတ်ကို ပြောင်းလဲ စေ မယ့် ဒီဘက်ထရီအား ကမ္ဘာကို ကြေညာဖို့အတွက် ထုတ်ကုန်မိတ်ဆက်ပွဲ ကျင်းပဖို့ကို ဟွမ်ကွမ်းက အ ဆိုပြုခဲ့ပြီး လျူယောင်က ခဏစောင့်ဖို့ ပြောထား ပေသည်။
အခုလည်း ဟွမ်ကွမ်းက ဒီမေးခွန်းကို ထပ်မေးပြန် သည်။
"မလောပါနဲ့... အချိန်နည်းနည်းလေး စောင့်လိုက်ဦး ... ငါတို့ ထုတ်ကုန်မိတ်ဆက်ပွဲလုပ်ဖို့တောင် လိုမှာ မဟုတ်ဘူး..."
ဒီလိုကောင်းတဲ့ ပစ္စည်းကို ရောင်းချရဖို့အတွက် စိတ် ပူစရာမလိုဘူးလို့ လျူယောင်က ယုံကြည်သည်။
ဒါ့အပြင် ချင်းယွန်နိုင်ငံတကာရဲ့ မိုဘိုင်းဖုန်းတွေက ဒီဘက်ထရီကို အများအပြား အသုံးပြုလာတာနဲ့ အ မျှ ဒါက အလိုအလျောက် ကြော်ငြာတစ်ခု ဖြစ်လာ ပေလိမ့်မည်။ လူတိုင်း ဒီဘက်ထရီအကြောင်းကို မကြာခင် သိလာကြမှာပဲ ဖြစ်၏။
ဒီလိုဆိုရင် ဘာလို့ ထုတ်ကုန်မိတ်ဆက်ပွဲမျိုး လုပ်ဖို့ လိုနေသေးလို့လဲ။
ဘာလို့ အလုပ်ရှုပ်ခံနေရမှာလဲ။
ဟွမ်ကွမ်းကလည်း လျူယောင်ရဲ့အမြင်ကို အခြေ ခံပြီး ထုတ်ကုန်မိတ်ဆက်ပွဲ ကျင်းပတာ ဒါမှမဟုတ် ထုတ်ကုန်ကို မြှင့်တင်တာတွေကို စိတ်ထဲကနေ ချက် ချင်းပဲ ပယ်ဖျက် လိုက်သည်။
ဟွမ်ကွမ်းက ရုံးခန်းထဲတွင် မိနစ် ၂၀ ကနေ ၃၀ လေ ာက် ထိုင်နေခဲ့ပြီး အလုပ်ကိစ္စအချို့ ပြောပြီးတော့ ပြန်ဖို့ နေရာမှ ထလိုက်သည်။
သူက အခု ယူနီဗာဆယ်လ်လုပ်ငန်းစုရဲ့ ဒုဥက္ကဋ္ဌနဲ့ ယူ နီဗာဆယ်လ်ချပ်ပြား ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အ ထွေထွေမန်နေဂျာဖြစ်နေပြီမို့ သူ့မှာ အလုပ်ကိစ္စတွေ အများကြီးရှိနေကာ အချိန်က အဖိုးတန်ပေသည်။
ဟွမ်ကွမ်း ထွက်သွားပြီး ခဏအကြာမှာတော့ တင်း ဝိန်က ရောက်လာသည်။
"အစ်ကိုယောင်... ကျွန်တော် ရောက်ပါပြီ..."
လျူယောင်က လှပစွာ ထုပ်ပိုးထားတဲ့ ဘက်ထရီနှစ် ခုကို ကောက်ယူပြီး တင်းဝိန်အား လှမ်းပေးလိုက်က ာ ပြောလိုက်သည်။
"ဒါက မင်းအတွက် လက်ဆောင်ပဲ..."
တင်းဝိန်က ယူလိုက်ပြီး သူ့အိတ်ထဲ ထည့်လိုက်သ ည်။
လျူယောင် သတိပေးလိုက်၏။
"မင်း ဖွင့်ကြည့်လိုက်ဦးလေ...ဒါက ဘာလဲဆိုတာ... ဖွင့်မကြည့်တော့ဘူးလား..."
တင်းဝိန်က ခေါင်းယမ်းပြီး ပြန်ဖြေလိုက်သည်။
"ပြန်ရောက်မှ ကြည့်ပါ့မယ်... အစ်ကိုယောင် ပေး တဲ့လက်ဆောင်ဆိုရင် ကျွန်တော် အကုန်ကြိုက်ပါ တယ်..."
လျူယောင် ပြုံးလိုက်ပြီး ဒါနဲ့ပတ်သက်ပြီး ဆက်မ ပြောတော့ပေ။ သူ စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
"လေယာဉ်က ဘယ်အချိန်လဲ... လေဆိပ်ကို ငါ လို က်ပို့ပေးမယ်...."
"နေ့လယ် သုံးနာရီလေယာဉ်ပါ အကိုယောင်... အိမ် ပြန်ရောက်ရင် ညစာစားဖို့ အချိန်မီပါသေးတယ်... အစ်ကိုယောင် လိုက်ပို့စရာ မလိုပါဘူး... ကျွန်တော့် ကို လိုက်ပို့ပေးဖို့ ကားပါတယ်...."
တင်းဝိန်မှာ ကားရှိတာကြောင့် လျူယောင်လည်း အ တင်းအကြပ် မလုပ်တော့ပေ။
.....
ညနေခင်းတွင်...
မြို့တော်မှာရှိတဲ့ တင်းဝိန်က သူ့အိမ်ကို ပြန်လာပြီလို့ သိရတော့ ပီချင်းယွန်ဟာ အလုပ်ကနေ စောစောပြန် လာခဲ့ပြီး ဧည့်ခန်းထဲတွင် သတင်းစာဖတ်ရင်း ထိုင် စောင့်နေသည်။
တင်းဝိန် အိမ်ထဲ ဝင်လိုက်တာနဲ့ ပျော်ရွှင်စွာ အော် လိုက်သည်။
"အဖေ... အမေ... သား ပြန်လာပြီ..."
ဒေါ်တင်းက သူ့သားကို ပျော်ရွှင်တဲ့မျက်နှာနဲ့ ပွေ့ဖ က်လိုက်၏။
ပီချင်းယွန်ကတော့ နည်းနည်းလေး စိတ်ထိန်းနေပြီး ခေါင်းအနည်းငယ်သာ ညိတ်ပြလိုက်သည်။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ အရမ်းပျော်နေ၏။
ညစာပြင်ဆင်ပြီးနောက် တင်းဝိန်က လက်ဆေးကာ မိသားစုအားလုံးအတူတူ ထိုင်၍ ညစာစားလိုက် သ ည်။တင်းဝိန်ရဲ့ အစ်ကိုကြီးကလည်း အပြေးအလွှား ပြန်ရောက်လာသည်။
တင်းဝိန်က ပြုံးပြီး ပြောလိုက်၏။
"အဖေ... ကျွန်တော် အဖေနဲ့အတူတူ လုပ်ငန်းကို လု ပ်ဆောင်ဖို့ ပြန်လာပြီ... သားတို့ သုံးယောက် အတူ တူ ပူးပေါင်းပြီး ရှေ့ဆက်သွားကြမယ်..."
"မင်းကျောင်းကရော... ဘယ်လိုလုပ်မလဲ"
ပီချင်းယွန်က စိတ်ပူပန်စွာနဲ့ မေးလိုက်သည်။
"ကျွန်တော်က နောက်ဆုံးနှစ်ရောက်နေပါပြီ... ဘာ အတန်းမှ မရှိတော့ဘူး... အဓိကကတော့ အလုပ်သ င်နဲ့ ကျောင်းပြီးဆုံးကြောင်း စာတမ်းပဲ... ကျွန်တော် က လျှောက်လွှာတင်ပြီးပြီမို့လို့ ကျောင်းကလည်း ခွင့်ပြုလိုက်တယ်... ကျောင်းပြီးဆုံးကြောင်း စာတမ် းကို အချိန်မီတင်ပြီး ကျောင်းရဲ့ ဆွေးနွေးပွဲကို ကျွ န်တော် တက်ရောက်ရင်ပဲ ရပါပြီ..."
တင်းဝိန်က ရှင်းပြလိုက်၏ ။
တင်းဝိန်က မိသားစုနဲ့အတူ ညစာစားရင်း ပျော်ပျော် ရွှင်ရွှင် စကားပြောနေကြပြီး ခဏအကြာမှာတော့ မိုဘိုင်းဖုန်းဘက်ထရီအကြောင်းကို မပြောဘဲ မနေ နိုင်တော့ပေ။
တင်းဝိန် စိတ်ပူပန်စွာ မေးလိုက်သည်။
"အဖေ... အဖေက ပြည်တွင်းဖြစ်ဘက်ထရီကိုပဲ တ ကယ် အသုံးပြုတော့မှာလား..."
"ဟုတ်တယ်... ပြည်ပက တင်သွင်းတဲ့ဘက်ထရီ တွေရဲ့ စတော့က သုံးလေးလလောက်ပဲ ကျန်တော့ တယ်... ဒါတွေ ကုန်သွားရင် အားလုံးကို ငါက ပြည် တွင်းဖြစ်ဘက်ထရီတွေနဲ့ အစားထိုးမယ်..."
တင်းဝိန်ရဲ့ အစ်ကိုကြီးကလည်း ဝင်ပြောလိုက် သ ည်။
"အခုဆို ပြည်တွင်းက ထုတ်တဲ့ လစ်သီယမ်ဘက် ထရီတွေရဲ့ အရည်အသွေးကလည်း ကောင်းပါ တ ယ်... အခြေခံအားဖြင့် ပြည်ပကနေ တင်သွင်းတဲ့ လစ်သီယမ်ဘက်ထရီတွေနဲ့ တန်းတူရည်တူ နှိုင်းယှ ဉ်လို့ရတယ်... ကျွန်တော်တို့က ပြည်တွင်းထုတ် လစ် သီယမ်ဘက်ထရီတွေကို ပြောင်းသုံးတာက ကြီးမား တဲ့ပြဿနာ မဖြစ်လောက်ပါဘူး..."
ကိစ္စတွေကိုတော့ အခုလောလောဆယ်အတွက် ပီချ င်းယွန် ဖြေရှင်းပြီးပြီ ဒါပေမဲ့ ပြည်တွင်းထုတ် လစ် သီယမ်ဘက်ထရီတွေကို ပြောင်းသုံးပြီးနောက်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမည်နည်း။
သုံးစွဲသူအချို့က ဝယ်ယူကြမလား။ ပြိုင်ဘက်တွေ က ဒီအချက်ကို အခွင့်ကောင်းယူပြီး ပြဿနာတွေ ရှာမလားဆိုတာကိုတော့ ပီချင်းယွန်ကိုယ်တိုင်လည်း သေချာမသိပေ။
သူ့စိတ်ထဲမှာ ဆုတောင်းရုံပဲ တတ်နိုင်ကာ ဘာမှ မဖြစ်ပါစေနဲ့လို့သာ မျှော်လင့်မိသည်။
ညစာစားပြီးတော့ မိသားစုက ဧည့်ခန်းထဲမှာ လက် ဖက်ရည်သောက်၊ တီဗွီကြည့်ပြီး စကားပြောလိုက် ကြသည်။ ပုံမှန်ဆိုရင် ဒီလိုမျိုး မဟုတ်ပါဘူး။ ဒါက တင်းဝိန် ဟွားဟိုင်မြို့က ပြန်လာလို့ပါပဲ။
ခဏလောက် စကားပြောပြီးတော့ တင်းဝိန်က ပြော လိုက်သည်။
"အားလုံးအတွက် လက်ဆောင်တွေ ကျွန်တော် ယူ လာခဲ့တယ်..."
တင်းဝိန် ပြောရင်းနဲ့ သူ ဝယ်လာတဲ့လက်ဆောင်တွေ ကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။
မိဘတွေနဲ့ အစ်ကိုကြီးကို လက်ဆောင်တွေပေးပြီး တော့ လက်ကိုင်အိတ်ထဲမှ လှပတဲ့ ဘူးလေးကို တင်း ဝိန် ထုတ်လိုက်သည်။
တင်းဝိန်ရဲ့ အစ်ကိုကြီးက ဘူးလေးကို မြင်တော့ မေးကြည့်လိုက်သည်။
"တင်းဝိန်... ဒါက တခြားတစ်ယောက်ရဲ့ လက်ဆေ ာင်မို့လာ..."
"ဟုတ်ပါတယ် ကိုကြီး... ဒါက အစ်ကိုယောင် ပေး တာပါ... ကျွန်တော်လည်း ဖွင့်မကြည့်ရသေးဘူး..."
ပီချင်းယွန်ကလည်း သိချင်စိတ်နဲ့ မေးလိုက်သည်။
"အမ်... ဒါက လျူယောင်ဆီက လက်ဆောင်လား..."
တင်းဝိန်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် အဖေ... အစ်ကိုယောင် ပေးတာပါ..."
"မြန်မြန်ဖွင့်ပြီး အထဲမှာ ဘာတွေပါလဲ ကြည့်လိုက်"
လူတိုင်းရှေ့မှာပဲ တင်းဝိန်က ဘူးကိုဖွင့်လိုက်ရာ အ ထဲက အရာတွေကို မြင်တော့ အံ့သြသွားသည်။
"ဘုရားရေ..."
"ဒါက... အစ်ကိုယောင် ပေးတဲ့ လက်ဆောင်လား..."
"လမ်းမှာ... ငါ အထုပ်မှားယူလာခဲ့တာတော့ မဟုတ် လောက်ပါဘူးနော်..."
ရွှေ ဒါမှမဟုတ် ကျောက်စိမ်းလို အရာမျိုးလို့ တင်းဝိ န် အစက ထင်ထားခဲ့သည်။ ဒါပေမဲ့ အထဲတွင် မိုဘို င်းဖုန်းဘက်ထရီနှစ်ခု ပါနေလိမ့်မယ်လို့ သူ လုံးဝ မ မျှော်လင့်ထားပေ။