ဘုရားရေ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ
Vol. 32 Ch. 418
တင်းဝိန်က အချိန်အကြာကြီး ဆွံ့အ နေခဲ့ပြီး သတိ ပြန်ဝင်လာတော့ သူက အံ့သြသွားတဲ့ မျက်နှာနဲ့ ပြေ ာလိုက်သည်။
"မဖြစ်နိုင်ဘူး.. အစ်ကိုယောင်က ကျွန်တော့်ကို လက် ဆောင်အဖြစ် ဖုန်းဘက်ထရီနှစ်လုံး ပေးတာလား.."
"ဘက်ထရီနှစ်လုံးလား..ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ..."
"ဒါ မဖြစ်နိုင်ဘူး..."
တင်းဝိန်ရဲ့ အစ်ကိုကြီးက ဘက်ထရီတစ်လုံးကို ကြ ည့်ပြီး ပြောလိုက်သည်။
"ဒါတွေက ရိုးရိုးဖုန်းဘက်ထရီနှစ် လုံးပဲ..စံနှုန်းနဲ့လ ည်း ကိုက်ညီတယ်..ဖုန်းတော်တော်များများနဲ့ အဆင် ပြေလိမ့်မယ်.."
ဒီကိစ္စက ဒီလောက်ရိုးရှင်းမှာ မဟုတ်ဘူးလို့ ပီချင်း ယွန် ခံစားရကာ ခဏလောက် စဉ်းစားပြီးမှ အကြံ ပေးလိုက်သည်။
"ဒါက ရိုးရိုးဖုန်းဘက်ထရီ မဟုတ်နိုင်ဘူး.. တစ်လုံး ကို ကုမ္ပဏီကို ပြန်ယူသွားပြီး ငါတို့ရဲ့ ပညာရှင်တွေနဲ့ ပြကြည့်လိုက်..."
ချင်းယွန်နိုင်ငံတကာရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေ ထဲမှာ မိုဘိုင်းဖုန်းလည်း ပါဝင်ပေသည်။ ကုမ္ပဏီတွင် မိုဘိုင်းဖုန်းဘက်ထရီနယ်ပယ်မှ ပညာရှင်တွေ အမျ ားကြီးရှိပြီး ပညာရှင်အဆင့် စမ်းသပ်တဲ့ကိရိယာ တွေလည်း ရှိ၏။
တင်းဝိန်က ကျန်တဲ့တစ်လုံးကို ယူကာ အချိန်အကြာ ကြီးကြည့်နေပေမဲ့ ဘာမှ ထူးခြားတာကို သူ မတွေ့ ခဲ့ရပေ။
"အစ်ကိုယောင် ပေးတဲ့လက်ဆောင်ဆိုရင် ကျွန်တေ ာ့်ဖုန်းမှာပဲ အစားထိုးပြီး သုံးလိုက်တော့မယ်.."
သူပြောပြီးတာနဲ့ သူ့ဖုန်းကို ထုတ်လိုက်ကာ ဖုန်းရဲ့ နောက်ဖုံးကို နည်းနည်းအားစိုက်ဖွင့်ပြီး ဘက်ထရီကို အစားထိုး၍ လဲလှယ်လိုက်သည်။
ဒီ ဘထ္ထရီက တကယ်ပဲ အသုံးပြုနိုင်ပေသည်။ အရွ ယ်အစားကလည်း အဆင်ပြေပြီး ဖုန်းကိုဖွင့်လိုက် တာနဲ့ ဘက်ထရီအပြည့် ပြနေ၏။
"ကောင်းသားပဲ"
တင်းဝိန် သူ့စိတ်ထဲကနေ ရေရွတ်လိုက်သည်။
မိသားစုအတူတူ ထိုင်ပြီး ခဏလောက် စကားပြော ခဲ့ကြပြီး ပီချင်းယွန်က စာကြည့်ခန်းထဲ ပြန်သွားကာ တင်ဝိန်လည်း သူ့အခန်းထဲ ဝင်သွားသည်။
အိပ်ဖို့က စောနေသေးတာကြောင့် တစ်နာရီနှစ်နာရီ လောက် ဂိမ်းဆော့ပြီး အချိန်အကြာကြီး ဗီဒီယိုအ တိုတွေ ကြည့်ခဲ့ကာ ည ၁၁ နာရီမှ သူ အိပ်ဖြစ်ခဲ့ သ ည်။
တင်းဝိန် နိုးလာတော့ မနက် ၈ နာရီကျော် ရှိနေကာ သူ ဖုန်းနဲ့ အချိန် စစ်ကြည့်လိုက်သည်။
"ဟင် ."
ဖုန်းရဲ့ ဘက်ထရီပမာဏကို သူ ကြည့်လိုက်တော့ ထူးဆန်းတယ်လို့ တင်းဝိန် ခံစားရသည်။
"ဘာလဲဟ ဘက်ထရီက အားအပြည့်ရှိနေတုန်းပဲ.."
"ဒါ မဖြစ်နိုင်ဘူး..."
သူ မနေ့ညက ဖုန်းကို နာရီအနည်းငယ်ကြာ ဆော့ခဲ့ တာကို သတိရလိုက်သည်။ပြီးတော့ တစ်ညလုံး ဖုန်း က Standby mode မှာ ရှိနေတာတောင် အားအပြည့် ရှိနေတာက မယုံနိုင်စရာ ကောင်းလှသည်။
"အစ်ကိုယောင် ပေးတဲ့ ဘက်ထရီက တကယ်ပဲ နည် းနည်း ထူးခြားတာပဲ..ငါ ဒီလောက် အကြာကြီး အသုံးပြုတာတောင် အားအပြည့်ရှိနေတုန်းပဲ.."
သူ ဘယ်လိုပဲသုံးသုံး အားမလျော့သွားပေ ။တင်းဝိန် က သူ့ဖုန်းနဲ့ ဂိမ်း ထပ်ဆော့လိုက်သည်။
......
ချင်းယွန် နိုင်ငံတကာ....
ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ပီချင်းယွန်က အတော် လေး အလုပ်ရှုပ်နေပြီးအရေးကြီးတဲ့ စာရွက်စာတမ်း အချို့ကို လုပ်ဆောင်ပြီးတော့မှ ဖုန်းကိုယူကာ စုန့် ကျန်းဝေကို ခေါ်ဖို့ အချိန်ရသည်။
ခဏအကြာမှာတော့ စုန့်ကျန်းဝေ ရောက်လာပြီး မေ းလိုက်၏။
" ဥက္ကဋ္ဌ ကျွန်တော့်ကို ခေါ်ပါသလား ခဗျ "
ပီချင်းယွန်က ခေါင်းညိတ်ပြီး ဘက်ထရီကို ထုတ် ပေးကာ ပြောလိုက်သည်။
" ဟုတ်တယ် "
"ဒီမှာ ဘက်ထရီတစ်လုံးရှိတယ်.. ပညာရှင်တစ်ယေ ာက်ကို စမ်းသပ်ခိုင်းလိုက်ပါ.."
စုန့်ကျန်းဝေက ဒါကို ပြည်တွင်းမှ လစ်သီယမ်ဘက် ထရီ ထုတ်လုပ်သူက ပေးပို့တဲ့ နမူနာတစ်ခုလို့ ထင် ပြီး သူက သိပ်အရေးမကြီးဘူးလို့ ယူဆလိုက်၏။
ချင်းယွန် အင်တာရှင်နယ်ကို တင်သွင်းတဲ့ ဘက်ထရီ က အများဆုံး သုံးလေးလလောက်ပဲ ကျန်တော့မှာ ဖြစ်လို့ အစားထိုးထုတ်လုပ်သူတွေ ရှာတာက ပွင့် လင်းတဲ့ကိစ္စတစ်ခုလို ဖြစ်နေသည်။
ထုတ်လုပ်သူအချို့က ဘက်ထရီနမူနာတွေကို ပီချင်း ယွန်ဆီ တိုက်ရိုက်ပို့တာကလည်း အံ့သြစရာ မဟုတ် တော့ပေ။
ဒီဘက်ထရီကို ကိုင်ပြီး စုန့်ကျန်းဝေ ထွက်လာကာ သူ့ရုံးခန်းကို ပြန်ရောက်တော့ ဘက်ထရီအရည်အ သွေးစစ်ဆေးရေးဌာနရဲ့ မန်နေဂျာ ကျိုးဟိုင်ယွန်ကို ဖုန်းခေါ်ဆိုလိုက်သည်။
"မန်နေဂျာကျိုး..ဒီမှာ ဘက်ထရီတစ်လုံးရှိတယ်.. ခ င်ဗျားကိုယ်တိုင် စစ်ဆေးပြီး သီးခြားစမ်းသပ်မှုအစီ ရင်ခံစာတစ်ခု ရေးပေးပါ..ကျွန်တော် မကြာခင်မှာ သုံးဖို့ လိုအပ်တယ်.."
ဒီဟာကို ပီချင်းယွန်ကိုယ်တိုင် ပေးခဲ့တာဖြစ်လို့ အ ရေးအကြီးဆုံးကိစ္စအဖြစ် ကိုင်တွယ်ရမှာ သေချာ ၏။သူက စမ်းသပ်မှုအစီရင်ခံစာတစ်စောင်ကို အ မြန် ရေးရပေမည်။
ကျိုးဟိုင်ယွန်က ရိုသေစွာ ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ မစ္စတာစုန့်..ကျွန်တော် ကိုယ်တိုင် စီစဉ် ပါ့မယ်..စမ်းသပ်မှုအစီရင်ခံစာ ထွက်လာတာနဲ့ အ မြန်ဆုံး ပို့ပေးပါ့မယ်ခဗျ.."
"သွားပါ...ခင်ဗျားရဲ့ စမ်းသပ်မှုရလဒ်ကို ကျွန်တော် စောင့်နေမယ်.."
စုန့်ကျန်းဝေအား နှုတ်ဆက်ပြီးနောက် ဘက်ထရီကို အရည် အသွေးစစ်ဆေးရေးဌာနဆီသို့ ကျိုးဟိုင် ယွ န် ယူသွားလိုက်သည်။ အဲ့ဒီနေရာတွင် ပညာရှင်များနဲ့ စမ်းသပ်တဲ့ ကိရိယာတွေရှိတာကြောင့်ပဲ ဖြစ်၏။
ပုံမှန်စစ်ဆေးမှုမှာတော့ ဘာပြဿနာမရှိပေ။ အချ က်အလက်အားလုံးက အရည်အသွေးပြည့်မှီ နေသ ည်။
မကြာခင်မှာပဲ ဘက်ထရီစွမ်းအင်စစ်ဆေးမှု စတင် တော့မည်။ ဒါက ဘက်ထရီရဲ့ အရေးအကြီးဆုံး စွမ် းဆောင်ရည်ညွှန်ကိန်းတစ်ခုပဲ ဖြစ်၏။
နည်းပညာရှင်အချို့က ပြင်ဆင်နေကြပြီး ကျိုးဟိုင် ယွန်ကလည်း ကိုယ်တိုင်ရှိနေကာ သူက စမ်းသပ်မှု ကို ကိုယ်တိုင် ကြီးကြပ်နေသည်။အစီရင်ခံစာ ထွက် လာရင် စုန့်ကျန်းဝေကို သူ ကိုယ်တိုင် ပို့ပေးရမှာပဲ ဖြစ်သည်။
"မစ္စတာကျိုး..အားလုံး အဆင်သင့်ဖြစ်ပါပြီ ဘက် ထရီရဲ့ စွမ်းအင် စမ်းသပ်မှုကို စတင်ရတော့မလား"
ကျိုးဟိုင်ယွန်လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည် ။
"ကောင်းပြီ..စွမ်းအင်ကို ချက်ချင်းစစ်ဆေးလိုက်.."
နည်းပညာရှင်တွေ အလုပ်စတင်ခဲ့ကြကာ နည်းပညာ ရှင်လေး ရှောင်လျူက ဘက်ထရီရဲ့ စွမ်းအင်စမ်းသ ပ်တဲ့ ကိရိယာကို ကိုင်တွယ်နေသည်။
မကြာခင်မှာပဲ စမ်းသပ် ကိရိယာရဲ့ မျက်နှာပြင်ပေါ် တွင် ဘက်ထရီရဲ့ အမြင့်ဆုံးစွမ်းရည်က 316 ဝပ်နာရီ ဖြစ်တယ်လို့ ပြသနေသည်။
"ဘာလဲ..316 ဝပ်နာရီလား "
ရှောင်လျူက သူ အမှားလုပ်မိပြီလို့ ထင်တာကြောင့် သူ မျက်လုံးတွေကို အမြန်ပွတ်ပြီး သေချာပြန် ကြ ည့်လိုက်သည်။ အမှန်ပါပဲ တကယ့်ကို 316 ဝပ်နာရီ ပါပဲ။ဒါက 31.6 ဝပ်နာရီ မဟုတ်ပေ။
"အိုး ဘုရားရေ.."
ရှောင်လျူက အော်ဟစ်ပြီး အသံကျယ်ကျယ်နဲ့ ပြေ ာလိုက်သည်။
"ဆရာ..လာကြည့်ပါဦး.. ဒီဘက်ထရီရဲ့ စွမ်းအင်က 316 ဝပ်နာရီတောင် ရှိတယ်"
အလယ်အလတ်အရွယ် နည်းပညာရှင်တစ်ယောက် က ချက်ချင်းရောက်လာပြီး စမ်းသပ်ကိရိယာပေါ်မှ 316 ဝပ်နာရီ ဆိုတဲ့ အချက်အလက်ကို ကြည့်ကာ ရှောင်လျူအား ဆူပူ ကြိမ်းမောင်းလိုက်၏။
"ရမ်းသမ်းပြီး မလုပ်နဲ့..မင်း..မှားနေတာ သေချာတ ယ်…ပြန်စမ်းသပ်လိုက်.."
သူက အတွေ့အကြုံရှိတဲ့ ဘက်ထရီအရည်အသွေး စစ်ဆေးရေး နည်းပညာရှင်တစ်ယောက်ပဲ ဖြစ်သည် ။
သူက မိုဘိုင်းဖုန်းဘက်ထရီ အမျိုးအစားများစွာကို မြင်ဖူးပေသည်။ ဘက်ထရီစွမ်းအင်က ယေဘုယျအ ားဖြင့် 30 ကီလိုဝပ်နာရီအောက်မှာသာ ရှိပြီး ဝပ်နာ ရီအထိ ရောက်တာက အရမ်းရှားလှသည်။
ဒီဘက်ထရီကို ကြည့်ရတာ စမ်းသပ်တဲ့ စွမ်းအင် ရ လဒ်က က 316 ဝပ်နာရီတောင် ရောက်နေသည်။ သူ့အတွေ့အကြုံကြောင့် ဒါက လုံးဝမဖြစ်နိုင်ဘူးဆို တာ သိလိုက်ပြီး တစ်ခုခု မှားနေတာ သေချာပေသ ည်။
ဆူပူခံရပြီးနောက် ရှောင်လျူရဲ့ မျက်နှာနီရဲသွားပြီး နည်းနည်း ရှက်သွားသည်။သူက အမြန်ဆုံး ပြန်လ ည် စစ်ဆေးမှုအချို့ကို စတင်လုပ်ဆောင်လိုက်သည် ။
"ဟာကွာ.."
"ငါမမှားပါဘူး...စမ်းသပ်တဲ့ ကိန်းဂဏန်းက 316 ဝပ်နာရီပဲ ဖြစ်နေတုန်းပဲ..."
ရှောင်လျူ ဒီတစ်ခါတော့ သူ့ဆရာကို မခေါ်ရဲတော့ ပေ။ နောက်တစ်ခါ ဆူပူခံရမှာကို သူ ကြောက်နေသ ည်။ ဒါကြောင့် သူက တခြားစမ်းသပ်တဲ့ ကိရိယာတ စ်ခုကို အမြန်ပြောင်းလိုက်၏။ ခုနက စမ်းသပ်တဲ့ ကိ ရိယာမှာ ပြဿနာရှိနေတာ သေချာတယ်လို့ သူ့စိတ် ထဲကနေ ထင်လိုက်ကာ နောက်ပိုင်းမှာ ပြင်ဖို့ တစ် ယောက်ယောက်ကို အကြောင်းကြားရမယ်လို့ တွေး လိုက်သည်။
နောက်ထပ် စမ်းသပ်ကိရိယာတစ်ခုကို ပြောင်းလိုက် တော့ ရှောင်လျူက သတိကြီးစွာနဲ့ လုပ်ဆောင်ခဲ့ပြီး ပြဿနာမရှိဘူးဆိုတာ သေချာမှ ဘက်ထရီကို ထပ် မံစမ်းသပ်လိုက်သည်။
ဘထ္ထရီရဲ့ စွမ်းအင် စမ်းသပ်မှုရလဒ်က မကြာခင်မှ ာပဲ ထွက်လာသည်။
" ဘာ 316 ဝပ်နာရီပဲလား.."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ရှောင်လျူက အဲ့ဒီနေရာမှာပဲ ရပ်နေပြီး ဒီလို ဘာ ကြောင့်ဖြစ်တာလဲဆိုတာကို သူ လုံးဝ နားမလည်နိုင် တော့ပေ။
" ငါ နောက်ထပ် ကိရိယာတစ်မျိုး ပြောင်းလိုက်တာ တောင် 316 ဝပ်နာရီပဲ ရှိနေတုန်းပဲ.. ဒီကိရိယာမှာလ ည်း ပြဿနာရှိနေတာလား.."
ကျိုးဟိုင်ယွန်က စမ်းသပ်မှုရလဒ်ကို စောင့်နေခဲ့ပြီး ဘက်ထရီစမ်းသပ်မှုလေးတစ်ခုကဒီလောက်ကြာနေတာကို တွေ့တော့ သူ ကိုယ်တိုင် လျှောက်လာကာ မေးလိုက်သည်။
စစ်ဆေးသူ ရှောင်လျူက ဘယ်လိုပြန်ဖြေရမှန်း မ သိပေ။ ဒါပေမဲ့ သူ့ဆရာက ပိုပြီး လိမ္မာပါးနပ်၏။
သူက လျင်မြန်စွာ ပြောလိုက်သည်။
"မစ္စတာကျိုး... ရလဒ်က မကြာခင် ထွက်လာတော့မှ ာပါ ခနလေး စောင့်ပါအုံး.."
သူပြောပြီးတာနဲ့ အချက်ပြလိုက်တော့ ရှောင်လျူ က ချက်ချင်းပဲ နေရာ ဖယ်ပေးလိုက်သည်။ သူ့ဆရ ာက စွမ်းအင်စမ်းသပ်မှု့ကို ကိုယ်တိုင်လုပ်လိုက်ပြီး နောက် မကြာခင်မှာပဲ စမ်းသပ်တဲ့ ရလဒ်က ထွက်လ ာ သည်။
" ဘာ 316 ဝပ်နာရီပဲလား.."
"ဘုရားရေ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ရှောင်လျူရဲ့ ဆရာက ကိရိယာနဲ့ လုပ်ဆောင်မှုမှာ ပြဿနာမရှိဘူးဆိုတာကို စစ်ဆေးကာ အတည်ပြု လိုက်ပြီပဲ ဖြစ်သည်။
ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ ရှုပ်ထွေးနေပြီး ဘာ ကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို နားမလည်နိုင်တော့ ပေ။
" ဒီလို ဘက်ထရီသေးသေးလေးတစ်ခုက 316 ဝပ်နာ ရီ အထိ ရောက်နိုင်မှာလဲ... မဖြစ်နိုင်ဘူး.."
တစ်ခုခု မှားနေတာကို မြင်တော့ ကျိုးဟိုင်ယွန်က မေးလိုက်သည်။
"မင်းတို့ ဘာဖြစ်နေတာလဲ.. တစ်ခုခု မှားနေတာလား ”