← Chapters

တုန်လူပ်သွားခြင်း

Vol. 32 Ch. 419

တုန်လူပ်သွားခြင်း

Vol. 32 Ch. 419

ရှောင်လျူရဲ့ ဆရာ ဖြစ်တဲ့သက်လတ်ပိုင်းအရွယ် ဝါရင့်နည်းပညာရှင်ကြီးက မသက်မသာကြည့်ကာ အချိန်အတော်ကြာမှ ရှင်းပြလိုက်သည်။

"မန်နေဂျာကျိုး. ဒီစမ်းသပ်ကိရိယာက တစ်ခုခုမှား နေပုံရတယ်..ကျွန်တော် နောက်တစ်လုံးနဲ့ ထပ်စမ်း သပ်ကြည့်ပါဦးမယ်..."

ကျိုးဟိုင်ယွန်က အနည်းငယ် မကျေနပ်သော မျက် နှာဖြင့် သတိပေးလိုက်သည်။

"မြန်မြန်လုပ်ပါဟ..စုန့်မန်နေဂျာက စမ်းသပ်မှုရလဒ် စောင့်နေတယ်.."

ဝါရင့်နည်းပညာရှင်က အခြားစမ်းသပ်ကိရိယာကို ပြောင်းကာ ပြင်ဆင် စစ်ဆေးမှုတွေ လုပ်ပြီးနောက် ဘက်ထရီစွမ်းအင်ကို ထပ်မံ စမ်းသပ်လိုက်သည်။

ဘေးနားမှာ ရှိတဲ့ ရှောင်လျူက စကားနည်းနည်း ဝင် ပြောချင်နေသည်။ သူက စမ်းသပ်ကိရိယာကို ပြော င်းခဲ့ပေမဲ့ ရလဒ်က ၃၁၆ ဝပ်နာရီ ပဲ ဖြစ်ကာ မပြောင် းလဲခဲ့ဘူး ဆိုတာကိုပင်။

ဒါပေမဲ့ သူက ထပ်ပြီး ဆူပူကြိမ်းမောင်းခံရမှာ ကြေ ာက်လို့ ပြောဖို့က မဝံ့မရဲ ဖြစ်နေသည်။

အလွန်အလုပ်ရှုပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးနောက် စမ်းသပ်မှုရလဒ်က ထပ်ထွက်လာခဲ့သည်။ ၃၁၆ ဝပ် နာရီပဲ ဖြစ်နေပေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..”

ကမ္ဘာပေါ်မှာ ဒီလိုဘက်ထရီမျိုး ဘယ်လိုလုပ်ရှိမည် နည်း။ ရာနဲ့ချီတဲ့ ဒီလို ဝပ်နာရီလိုမျိုးစွမ်းအင်က သာမန် လစ်သီယမ်ဘက်ထရီတွေထက် အနည်းဆုံး ဆယ်ဆ ပိုများ‌နေသည်။ ဒီအရာက အလွန်အမင်း ထူးခြားနေတာကြောင့် ဒီစက်မှာ တစ်ခုခု မှားနေတာ ဖြစ်ပါလိမ့်မည်။

နည်းပညာရှင်ကြီးက အံ့အားသင့်ပြီးနောက် သူ တ ဖြည်းဖြည်း နားလည်သွားသည်။စမ်းသပ်တဲ့ စက်မှာ ပြဿနာမရှိလောက်ပေ။ ဒီဘက်ထရီကိုက တကယ် ပဲ စွမ်းအင် ၃၁၆ ဝပ်နာရီပဲ ဖြစ်နေလောက်သည်။

သူက ရှောင်လျူကို သေချာအောင် မေးလိုက်သည်။

“ရှောင်လျူ...မင်း ခုနက ဘက်ထရီစွမ်းအင်ရဲ့ ရလဒ် ဘယ်လောက်ကို စစ်ဆေးတွေ့ရှိထားလဲ ...”

ရှောင်လျူက နောက်ဆုံးမှာတော့ အဖြေပေးရဲလာ ကာ အလျင်အမြန် ပြန်ဖြေလိုက်သည်။ “ဆရာ..ကျွ န်တော် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပါတယ်... အကြိမ်တိုင်းက ရလဒ် ၃၁၆ ဝပ်နာရီပဲ ဖြစ်နေပါ တ ယ်..”

“အိုး ဒါဆို ၃၁၆ ဝပ်နာရီက အမှန်ပေါ့..”

“ဒါဆိုရင်တော့ မမှားနိုင်ပါဘူး..”

သူ စိတ်ထဲမှ ခံစားချက်က ချက်ချင်း လှုပ်ရှားလာ သည်။ သူက လေကို အကြိမ်များစွာ ပြင်းပြင်းရှူ ရှိုက်ကာ တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်သည်။

"မန်နေဂျာကျိုး. ဒီဘက်ထရီရဲ့ စွမ်းအင်က ၃၁၆ ဝပ်နာရီ ရှိပါတယ်.. ဒါက..အရွယ်အစားတူ လစ်သီ ယမ်ဘက်ထရီတွေထက် ဆယ်ဆကျော် ပိုများနေပါ တယ် ခဗျ..."

“ဘာ ဒီလိုဘက်ထရီမျိုးလည်း ရှိသေးတာလား..”

ကျိုးဟိုင်ယွန်က မိုဘိုင်းဖုန်းဘက်ထရီ စမ်းသပ်ရေ းဌာနက မန်နေဂျာ ဖြစ်လို့ ဒီဘက်ထရီရဲ့ အရေးပ ါပုံကို ချက်ချင်းနားလည်ပေသည်။တကယ်လို့သာ ချင်းယွန်နိုင်ငံတကာ က မိုဘိုင်းဖုန်းအားလုံးမှာ ဒီလို ဘက်ထရီမျိုးကို အသုံးပြုရင် ကောင်းကင်ဘုံကို ဆ န့်ကျင်ရာ ရောက်ပေလိမ့်မည်။

ကျိုးဟိုင်ယွန်က အရမ်း အံ့အားသင့်သွား၏။

အချိန်အတော်ကြာတဲ့အထိ သူ အသိစိတ်ပြန်မဝင် လာခဲ့ပေ။

နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာကာ သူမေး လိုက်သည်။

"မင်းတို့..စမ်းသပ်တဲ့ ရလဒ်က တိကျရဲ့လား.."

"လုံးဝတိကျပါတယ်.. ကျွန်တော်တို့ စမ်းသပ်တဲ့ ကိ ရိယာ နှစ်လုံးပြောင်းပြီး အကြိမ်များစွာ ထပ်ခါတလဲ လဲ စမ်းသပ်ခဲ့ပါတယ်..အကြိမ်တိုင်းက ရလဒ် ၃၁၆ ဝပ်နာရီပါပဲ.."

ကျိုးဟိုင်ယွန် ခေါင်းညိတ်ပြကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"အမြင့်ဆုံးစွမ်းအင်.. အားသွင်းနှုန်း စတာတွေကို အမြန်ဆုံးတိုင်းတာပြီး စမ်းသပ်ထားတဲ့ အစီရင်ခံ စာကို အမြန်ဆုံးလုပ်ပေး....ငါ ဒုဥက္ကဌစုန့်ဆီ သွား အစီရင်ခံရအုံးမယ်.."

ရုံးခန်းထဲမှာတော့...

စုန့်ကျန်းဝေက ဘက်ထရီကို ဂရုမစိုက်တော့ဘဲ ဖုန်း ပြောနေသည်။

ဖုန်းရဲ့ တစ်ဖက်မှာတော့ ပြည်တွင်းမှ လစ်သီယမ် ဘက်ထရီပိုင်ရှင်တစ်ဦး ဖြစ်ပြီး နှစ်ဦးသား စကား ပြောဆိုမှု့က အလွန် ချောမွေ့နေသည်။

ဖုန်းချပြီးနောက် စုန့်ကျန်းဝေက နောက် သုံးလေးလ အတွင်း ပြည်တွင်းမှ လစ်သီယမ်ဘက်ထရီတွေ ကို အပြည့်အဝပြောင်းလဲအသုံးပြုနိုင်မယ်လို့ သူ့ စိတ် ထဲက တွေးနေမိသည်။အဲ့ဒီဘက်ထရီရဲ့ စွမ်းဆောင် ရည်တွေက ပြည်ပကတင်သွင်းတဲ့ ဘက်ထရီတွေနဲ့ အတူတူပင် ဖြစ်လောက်မည်။

"ဟူး ဝယ်သူတွေကို ငါတို့ ဘယ်လိုရှင်းပြရမလဲ... ပြိုင်ဘက်တွေကရော ဒီကိစ္စကို အကြောင်းပြုပြီး အနှောက်အယှက် ပေးလာနိုင်မလား...ဒါက ငါတို့အတွက် ဆိုးကျိုးတွေ ပေးလာနိုင်မလား..."

ရုံးကုလားထိုင်မှာ ထိုင်နေရင်း စုန့်ကျန်းဝေက မျက် မှောင်ကြုတ်ကာ အများကြီး တွေးနေစဉ်မှာပဲ တံခါး ခေါက်သံက သူ့အတွေးတွေကို ဖြတ်တောက်လိုက် သည်။

ကျိုးဟိုင်ယွန်က တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည်။ သူ့လက်ထဲမှာတော့ ဘက်ထရီနဲ့ ခုနကမှ ထွက်လာ တဲ့ စမ်းသပ်အစီရင်ခံစာကို ကိုင်ထား၏။

"ဒုဥက္ကဌစုန့်... ဒီမှာ .ခင်ဗျား လုပ်ခိုင်းထားတာတွေ ပြီးပါပြီ...ဒါက စမ်းသပ်ထားတဲ့ အစီရင်ခံစာပါ..."

စုန့်ကျန်းဝေက ဘက်ထရီနဲ့ စမ်းသပ်ထားတဲ့ အစီ ရင်ခံစာကို ယူကာ ခေါင်းအနည်းငယ်ညိတ်ပြရင်း အစီရင်ခံစာကို လှန်ကြည့်လိုက်သည်။

အစပိုင်းတွင် သူ မျက်နှာထားက ပုံမှန်အတိုင်းပင် ဖြစ်နေပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာတော့ မျ က်နှာအမူအရာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်တဲ့ အကြည့် ဖြစ်လာသည်။

“ဘာဖြစ်တာလဲဟ...”

“ဒီလိုဘက်ထရီမျိုးလည်း ရှိသေးတာလား ”

သူ အစီရင်ခံစာ ယူကြည့်လိုက်တော့ ဒီဘက်ထရီရဲ့ အားသွင်းနှုန်းက သာမန်လစ်သီယမ်ဘက်ထရီတွေ ထက် အဆ ၁၀၀ ပိုများနေသည်။သူ့ရဲ့ စွမ်းအင်က အရွယ်အစားတူတဲ့ လစ်သီယမ်ဘက်ထရီတွေထက် ၁၀ ဆ ပိုများနေပြီး အများဆုံးထုတ်လွှတ်နိုင်တဲ့ စွမ် းအင်ကလည်း မီလီအမ်ပီယာ ၂၀,၀၀၀ ဖြစ်သည်။

ဒီအစီရင်ခံစာကို ကြည့်ပြီးနောက် ဒုတိယဥက္ကဋ္ဌဖြစ် တဲ့ စုန့်ကျန်းဝေက သူ့စိတ်ကို ထိန်းချုပ်လို့ မရတော့ ပေ။

သူရဲ့ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်နေသည်။

ခဏအကြာမှာတော့ သူ စိတ်ကို ထိန်းချုပ်နိုင်လာပြီး စမ်းသပ်ထားတဲ့ အစီရင်ခံစာကို ညင်သာစွာ ပိတ် ကာ မေးလိုက်၏။

"မန်နေဂျာကျိုး....ဒီထဲက အချက်အလက်တွေ အ ကုန်လုံး တိကျရဲ့လား..."

မန်နေဂျာကျိုးက လုံးဝယုံကြည်မှုရှိစွာနဲ့ ပြန်ဖြေ လို က်သည်။

"လုံးဝမှန်ကန်ပါတယ်.. ဘာအမှားအယွင်းမှ မရှိပါ ဘူး..ကျွန်တော်တို့ နည်းပညာရှင်တွေက ကိရိယာ မျို းစုံနဲ့ စမ်းသပ်ခဲ့တာပါ..”

“ကောင်းတယ်... အရမ်းကောင်းတယ်..”

စုန့်ကျန်းဝေက ထရပ်လိုက်ပြီး ကျိုးဟိုင်ယွန်ရဲ့ ပခုံး ကို ညင်သာစွာပုတ်လိုက်သည်။

ဒုဥက္ကဋ္ဌစုန့် အလွန်စိတ်လှုပ်ရှားနေတာကို ကျိုးဟိုင် ယွန် ခံစားမိသည်။ သူ့ပခုံးကို ပုတ်နေတဲ့ လက်တော င်မှ အနည်းငယ် တုန်ယင်နေတယ်လို့ သူ ခံစားနေ ရ၏။

"ခင်ဗျားရဲ့ စမ်းသပ်အစီရင်ခံစာအတွက် ကျေးဇူး တင်ပါတယ်..ရပါပြီ ..ခင်ဗျားအလုပ်သွားတော့..”

ကျိုးဟိုင်ယွန်က အမြန်ထရပ်ကာ ရုံးခန်းထဲမှ ညင် သာစွာ ထွက်လာလိုက်၏။

စုန့်ကျန်းဝေက ဘက်ထရီနဲ့ စမ်းသပ်အစီရင်ခံစာကို ကြည့်ပြီးနောက် သူ ရုတ်တရက် လှုံ့ဆော်မှုခံရကာ ဒီအရာနှစ်ခုနဲ့အတူ ပီချင်းယွန်ရဲ့ ရုံးခန်းဆီ အမြန် လျှောက်လာခဲ့သည်။

ဒီအချိန်တွင် စုန့်ကျန်းဝေက သုံးကြိမ်တိုင်တိုင် ကျ ယ်လောင်စွာ အားရပါးရ ရယ်မောချင်နေသည်။

အရာအားလုံးက ဒီလို အလှည့်အပြောင်း ဖြစ်လာ မ ယ်လို့ သူ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးပေ။

ကမ္ဘာပေါ်မှာ ဒီလိုဘက်ထရီတွေက တကယ်ရှိနေသ ည်လေ။

တကယ်လို့သာ ချင်းယွန်နိုင်ငံတကာရဲ့ မိုဘိုင်းဖုန်း တွေ အားလုံးမှာသာ ဒီလို ဘက်ထရီမျိုးကို အသုံး ပြုရင် ဘက်ထရီသက်တမ်းအရ ပြိုင်ဘက်တွေကို တိုက်ရိုက်ချေမှုန်းနိုင်ပေလိမ့်မည်။

"တစ်ကြိမ်အားသွင်းရုံနဲ့ ဆယ်ရက်ကနေ တစ်လအ ထိ အသုံးပြုနိုင်တာ ဘယ်လောက်တောင် ကောင်း လိုက်တာလဲကွာ .."

စုန့်ကျန်းဝေက တကယ်ပဲ ပျော်ရွှင်စွာ ရယ်မောချင် နေသည်။

ပီချင်းယွန်ရဲ့ ရုံးခန်းတံခါးရှေ့ကို သူ ရောက်လာပြီး နောက် သူ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရူ လိုက်ကာ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီးမှ လ က်မြှောက်၍ တံခါးကို ခေါက်လိုက်သည်။

"ဒေါက် ဒေါက်..ဒေါက်.."

“ဝင်ခဲ့..”

အထဲမှ ရင်းနှီးပြီး သြဇာရှိတဲ့ အသံ ထွက်လာသည်။ ဒါက ပီချင်းယွန် အသံပဲ ဖြစ်၏။

စုန့်ကျန်းဝေက တံခါးကိုတွန်းဖွင့်ပြီး ဝင်လာကာ အ စီရင်ခံသည်။

"ဥက္ကဋ္ဌ...ကျွန်တော်တို့ ဒီဘက်ထရီကို အသေးစိတ် စစ်ဆေးခဲ့ပါတယ်... ဒါက သူ့ရဲ့ စစ်ဆေးမှု အစီရင် ခံစာပါ..."

“စားပွဲပေါ်တင်ထားလိုက်..ထိုင်ပြီး ငါ့ကိုစောင့်... ဒီစာရွက်စာတမ်းတွေ ဖတ်ပြီးမှ ကြည့်လိုက်မယ်...”

စုန့်ကျန်းဝေက ဘက်ထရီနဲ့ စမ်းသပ်အစီရင်ခံစာကို ပီချင်းယွန်ရဲ့ စားပွဲပေါ်တင်ပြီးနောက် ဘေးနားမှ ဆိုဖာမှာ သူ ထိုင်နေလိုက်သည်။

ပီချင်းယွန်က အေးဆေးတည်ငြိမ်တဲ့ မျက်နှာနဲ့ စာ ရွက်စာတမ်းတွေကို အလေးအနက် ထားကာ ကြည့် နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူက ဒီစာရွက်စာ တမ်းတွေ မှတ်ချက်ပေးလို့ ပြီးစီးခဲ့သည်။ လက်က ဘောပင်ကို ချလိုက်ပြီးနောက် စမ်းသပ်အစီရင်ခံစာ ကို ကောက်ယူကာ သူ ကြည့်လိုက်သည်။

တဖြည်းဖြည်းနဲ့ မူလက တည်ငြိမ်နေတဲ့ သူ မျက်နှာ က ပြောင်းလဲသွားပေမဲ့ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်း အ လွန်အားကောင်းနေလို့ သိသိသာသာ မထင်ရှားခဲ့ ပေ။

ဘထ္ထရီရဲ့ စမ်းသပ်အစီရင်ခံစာကို ဖတ်ပြီးနောက် ပီ ချင်းယွန် သေချာအောင် မေးလိုက်သည်။

"လူအိုစုန့်... မင်းအမှားလုပ်မိတာလား.."

စုန့်ကျန်းဝေ အလျင်အမြန် ပြောလိုက်သည်။

"ဥက္ကဋ္ဌ...အမှားမရှိပါဘူး... အချက်အလက်တွေ အားလုံး လုံးဝမှန်ပါတယ်..ကျွန်တော်တို့ နည်းပညာ ရှင်တွေက အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပါတယ် ..."

“ဒါဆို မှန်ကန်တယ်ပေါ့...အချက်အလက်တွေ တိ ကျတယ်ပေါ့...”

နောက်ဆုံးမှာတော့ ပီချင်းယွန်က အံ့အားသင့်တဲ့ အမူအရာကို မျက်နှာမှာ သိသိသာသာ ပြလာခဲ့ သည်။သူ့ပုံစံက အတွင်းစိတ်ထဲမှာ ဘယ်လောက် အံ့အားသင့်နေလည်းဆိုတာကို ပြသနေသည်။

“ဟူး ဒီလိုဘက်ထရီမျိုးလည်း ရှိသေးတာလား..”

“ဒါကြောင့် တင်းဝိန်ကို ဒီလိုဘက်ထရီ နှစ်လုံး လျူ ယောင် လက်ဆောင်ပေးခဲ့တာကိုး...ဒါက ကြီးမား တဲ့ ကိစ္စပဲ...”

စုန့်ကျန်းဝေက ထပ်ပြီး သည်းမခံနိုင်တော့ပေ။ သူ က အလွန်သိချင်စိတ်ပြင်းပြကာ မေးလိုက်၏။

"ဥက္ကဋ္ဌ...ဒီဘက်ထရီက ဘယ်ကလာတာ လဲ...ပြည် တွင်း ကလား ဒါမှမဟုတ် ပြည်ပကလား..."

လျူ‌ယောင်က တင်းဝိန်ကို လက်ဆောင်ပေးခဲ့တယ် လို့ ပီချင်းယွန်က မပြောချင်လို့ ဖြည်းဖြည်းချင်း လွဲ ကာ ပြောလိုက်သည်။

"ပြည်တွင်းထုတ် ဖြစ်ပုံရတယ်..."

ဒီလို မရေမရာ အဖြေကြောင့် စုန့်ကျန်းဝေ ပို၍ပင် သိချင်စိတ်ပြင်းပြလာပြီး နောက်ဆုံးအထိ သူမေး မြန်းချင်စိတ် ပေါ်နေခဲ့သည်။ ဒါပေမဲ့ သူ ကိုယ်တိုင် ထိန်းချုပ်ရမယ် ဆိုတာကိုလည်း သိထားသည်။ဥ က္ကဋ္ဌက ဒီ ဘက်ထရီ ရင်းမြစ်ကို ကိုယ်တိုင်ဦးဆောင် ပြီး မပြောရင် သူ ဆက်မေးနေလို့ မဖြစ်ပေ။

စုန့်ကျန်းဝေက စားပွဲပေါ်မှ ဘက်ထရီကို ကြည့်လိုက် ပြီးနောက် ပီချင်းယွန်ကို ပြန်ကြည့်လိုက်ကာ စကား ပြောရန် တုံ့ဆိုင်းနေတော့သည်။

All Chapters