စျေးသိပ်မကြီးဘူး
Vol. 32 Ch. 420
မနက်ပိုင်းတွင် တင်းဝိန်က အိမ်မှာ ဂိမ်းကစားရင်း တစ်မနက်ခင်းလုံး အချိန် ကုန်ဆုံးခဲ့သည်။ နေ့လယ် ပိုင်းတွင်မူ သူငယ်ချင်း သုံးလေးဦး စုမိပြီး သူ အ ပြင်ခဏ သွားလိုက်သည်။
ညနေပိုင်းတွင်လည်း သူ အိမ်မှာပဲ ဂိမ်းဆက် ကစာ းခဲ့သည်။ တင်းဝိန်က အလွန်ထူးဆန်းနေတယ်လို့ ခံစားရသည်။
" ငါ့ရဲ့ ဘက်ထရီက ဘာလို့ အားအပြည့် ဖြစ်နေ သေးတာလဲ..."
"အရင်ကဆို ဒီလောက်ဆော့နေရင် ဖုန်းက အား ပြန်သွင်းရလောက်ပြီ..ဘက်ထရီ ပြောင်းလိုက်လို့ လား...အကိုယောင်က ....ငါ့ကို ဘယ်လို ဘက်ထရီ မျိုး ပေးလိုက်တာလဲဟ..."
တအောင့်ကြာတော့ ပီချင်းယွန် ရုံးက ပြန်ရောက်လာ သည်။
“ အဖေ...ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ”
ပုံမှန်ဆို ပီချင်းယွန်က ညမှ ပြန်လာတတ်သည်။ သူ က အလွန်အလုပ်များပြီး တစ်ခါတစ်ရံ ည ဆယ်နာရီ ကျော်မှသာ အိမ်ပြန်ရောက်သည်။ ဒီလိုမျိုး ညနေ စောစော ပြန်လာတာက ရှားလှသည်။
"ငါနဲ့ လိုက်ခဲ့..."
ပီချင်းယွန် နောက်ကနေ တင်းဝိန် စာကြည့်ခန်းသို့ လိုက်ဝင်ခဲ့သည်။သူ ထိုင်ပြီးနောက် ပီချင်းယွန်က မေးလိုက်၏။
“မနေ့ညက ဘက်ထရီနှစ်လုံးကို တကယ်ပဲ လျူ ယောင်.. ပေးတာလား...”
“ဟုတ်ကဲ့..အကိုယောင်က. ကျွန်တော်ကို ကိုယ်တိုင် ပေးခဲ့တာပဲ...ကျွန်တော်တောင် ..အတော်လေး ထူး ဆန်းတယ်လို့ ထင်နေတာ..ဘာလို့ သူက ဘက်ထ ရီနှစ်လုံး ပေးတာလဲလို့...အခုမှ နည်းနည်း နားလည် လာပြီ... ဒီဘက်ထရီနှစ်လုံးက နည်းနည်း ထူးခြား ပုံ ရတယ်...ကျွန်တော် မနေ့ညက အဲ့ဒီ ဘက်ထရီကို အစားထိုးခဲ့တာ..အခုထိ အားအပြည့်ပဲ....”
“အင်း...ဒီဘက်ထရီနှစ်လုံး တကယ် ထူးခြားတယ်... ဒါက အဲဒီ ဘက်ထရီရဲ့ စမ်းသပ်အစီရင်ခံစာပဲ … ကြည့်လိုက်ဦး...”
ပီချင်းယွန်က ခေါင်းညိတ်လိုက်ပြီး စမ်းသပ်စာရွက် ကို ပေးလိုက်သည်။
တင်းဝိန်က စမ်းသပ်အစီရင်ခံစာကို ယူ၍ ဖတ်လိုက် ရာ တဖြည်းဖြည်းနဲ့ သူ့ မျက်နှာအမူအရာက အနည်း ငယ် ပြောင်းလဲသွားပြီး အံ့အားသင့်စွာ ပြောလိုက် သည်။
"အဖေ.. ဒီအစီရင်ခံစာထဲမှာ အမှားပါနေတာလား... ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ဘက်ထရီမျိုး ရှိ နိုင်မှာလဲ.."
ပီချင်းယွန်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"အစပိုင်းမှာတော့ ငါလည်း မင်းလို တွေးခဲ့တာပဲ.. ဒါပေမဲ့ အခုတော့ ငါ ဒီလို မထင်တော့ဘူး ...ဒီဘက် ထရီနှစ်လုံးက တကယ်ပဲ ထူးခြားတယ်...မင်းဖုန်းက ဘက်ထရီ အမြဲ အားအပြည့် ဖြစ်နေတယ်ဆိုတာက ဒီအချက်ကို ပြနေတာပဲ..."
“ဘုရားရေ..."
“ဒီလောက် စွမ်းဆောင်ရည်ကောင်းတဲ့... ဘက်ထရီ ..."
အံ့သြသွားပြီးနောက် ကုမ္ပဏီတွင် လက်ရှိ ရင်ဆိုင် နေရတဲ့ ပြဿနာတွေကို တင်းဝိန် ချက်ချင်း စဉ်းစာ းမိသွားသည်။ သူက မျှော်လင့်တကြီး ပြောလိုက် ၏။
"အဖေ..ဒါဆို .ကျွန်တော်တို့ မိုဘိုင်းဖုန်းအားလုံးကို ဒီလို ဘက်ထရီမျိုး သုံးရင် ဘာဖြစ်သွားမလဲ.."
ပီချင်းယွန် မုန်တိုင်းများစွာ ဖြတ်ကျော်ခဲ့ပြီး စိတ်ဓာ တ်ကြံ့ခိုင်မှု အားကောင်းသော်လည်း အခုတော့ သူ က စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ပဲ ပြန်ဖြေလိုက် သည်။
“ငါတို့ ဖုန်းတွေ အားလုံးမှာသာ ဒီလိုဘက်ထရီတွေ သုံးမယ်ဆိုရင် သူတို့က ထင်ရှားလာပြီး ပြိုင်ဘက် တွေက တိုက်ရိုက် ကြေမွသွားလိမ့်မယ်...”
တင်းဝိန်က အားပါးတရ ခေါင်းညိတ်လိုက်၏။ သူလည်း ဒီလိုပဲ တွေးလိုက်မိသည်။
"အဖေ...ကျွန်တော် အကိုယောင်ကို ချက်ချင်း ဖုန်း ဆက်ပြီး ဒီဘက်ထရီနှစ်လုံး အကြောင်း မေးကြည့် လိုက်မယ်..."
ပီချင်းယွန် ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။
ဒါက သူ စောစောပြန်လာတဲ့ ရည်ရွယ်ချက်ပဲ ဖြစ် သည်။ တင်းဝိန်အား လျူယောင်ဆီ ဖုန်းဆက်ခိုင်း ပြီး ဘာတွေ ဖြစ်နေလဲဆိုတာ မေးဖို့ပဲ ဖြစ်၏။
...
ဟွားဟိုင်မြို့မှာတော့...
ညနေပိုင်းတွင် မီးရောင်တွေ စတင်လင်းလာချိန်မှာ ဖီးနစ်တောင်ခြေမှာတော့ မီးအလင်းရောင်လေးတွေ ရှိနေပြီး အလွန်လှပနေသည်။
ဗီလာကြီးထဲတွင် လျူယောင်နဲ့လီချန်လဲ့တို့က မီးဖို ချောင်ထဲမှာ ညစာအတွက် အတူတူ ပျော်ရွှင်စွာ ပြင်ဆင်နေကြသည်။
အမှန်ပါပဲ ဗီလာတွင် ပုဂ္ဂလိကစားဖိုမှူးရှိလို့ သူတို့ နှစ်ယောက်က ကိုယ်တိုင် လုပ်စရာမလိုပေ။ လီချန် လဲ့က ဒီနေ့ ဟင်းပွဲအသစ်ကို သင်ယူထား၏။ သူမ က ဟင်းချက်တာကို တာဝန်ယူပြီး လျူယောင်က အကူပဲ ဖြစ်သည်။
“အကိုယောင် ...မြည်းကြည့်ပါဦး...”
လီချန်လဲ့က တူနဲ့ ဝက်သားချဥ်စပ်တစ်ဖဲ့ကို ယူကာ လျူယောင်ရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
သူမ သင်ယူထားတဲ့ ဟင်းပွဲအသစ်က အိမ်လုပ် ဝက် သားချဥ်စပ်ပဲ ဖြစ်သည်။
"အင်း...အရသာ ကောင်းတယ်... ပဉ္စမအဆင့်စားဖို မှုုးလောက် မကောင်းပေမဲ့ စတုတ္ထအဆင့်စားဖိုမှုုးနဲ့ သိပ်မကွာဘူး..."
လီချန်လဲ့ ပြုံးပြီး ပြောလိုက်၏။
"ခစ်ခစ် အကိုယောင်က... ကျွန်မကို မြောက်နေမှန်း သိပါတယ်နော် .. ကျွန်မလက်ရာက ရှင် ပြောသလေ ာက် မကောင်းပါဘူး.."
နှစ်ယောက်သား စကားပြောကာ ရယ်မောရင်း ပျော် ရွှင်မှု့တွေ ပြည့်နှက်နေပေသည်။
လီချန်လဲ့က ဝက်သားချဥ်စပ်ဟင်းကို အခုလေးတင် ချက်ပြီးလို့ အခြားဟင်းပွဲတွေနဲ့အတူ စားပွဲပေါ် တင် လိုက်သည်။ နှစ်ယောက်သား စားဖို့ပြင်နေတုန်းမှာပဲ လျူယောင် ဖုန်းက မြည်လာသည်။
လျူယောင် ဖုန်းကို ထုတ်ကြည့်လိုက်တော့ တင်းဝိန် ရဲ့ နံပါတ်ဖြစ်နေသည်။ ဘာတွေ ဖြစ်နေလဲဆိုတာ သူ ခန့်မှန်းမိသည်။
တကယ်လည်း တင်းဝိန်၏ စိတ်လှုပ်ရှားနေတဲ့ အသံ က ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"အကိုယောင် အကိုပေးခဲ့တဲ့ ဘက်ထရီနှစ်လုံးက ဘာဘက်ထရီတွေလဲ.... သူတို့က အရမ်းအမိုက်စား ပဲဗျာ.."
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်၏။
“မင်း.. စမ်းသပ်ကြည့်ပြီးပြီလား...ဒီဘက်ထရီနှစ်လုံ းရဲ့ စွမ်းဆောင်ရည်ကို သိနေပြီလား..”
တင်းဝိန်က အံ့အားသင့်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ ကုမ္ပဏီမှာ ပရော်ဖက်ရှင်နယ် စမ်းသ ပ်စက်တွေနဲ့ နည်းပညာရှင်တွေ ရှိတယ်.. ဘက်ထရီ ကို အသေးစိတ် စမ်းသပ်ခဲ့ပြီး..အချက်အလက်တွေ က ကျွန်တော်တို့ကို လုံးဝ အံ့အားသင့်စေတယ်ဗျာ ...ကျွန်တော် တကယ် မယုံနိုင်ဘူး....”
“မင်းတို့ စမ်းသပ်ထားတဲ့ အချက်အလက်တွေက .. အတော်လေး မှန်ကန်မယ် ထင်တယ်.. ဒီဘက်ထရီ နှစ်လုံးက သာမန် လစ်သီယမ်ဘက်ထရီတွေ မဟုတ် ဘူး.. ငါတို့ ကုမ္ပဏီက နောက်ဆုံးပေါ် စမ်းသပ်ထုတ် လုပ်ထားတဲ့ ရလဒ်တွေပဲ.. အဲ့ဒါက ဂရက်ဖင်း-အလူ မီနီယမ် ဘက်ထရီတွေပဲ..."
လျူယောင်က သေချာ ရှင်းပြလိုက်၏။
“အကိုယောင် ..အဲ့ဒါတွေက ခင်ဗျားတို့ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် သုတေသနရလဒ်တွေဆိုတာ တက ယ်လား...ဒါက ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ တွေလား..အရမ်းကောင်းလိုက်တာဗျာ”
ဒီကိစ္စက တင်းဝိန်အတွက်ရော ချင်းယွန်နိုင်ငံတကာ အတွက်ပါ အကောင်းဆုံး ကိစ္စပဲ ဖြစ်၏။
ဒီဘထ္ထရီတွေက ယူနီဗာဆယ်လ်ရဲ့ နောက်ဆုံး သု တေသနရလဒ် ဖြစ်တယ်ဆိုရင် ချင်းယွန်နိုင်ငံတကာ က အော်ဒါအများကြီး မှာယူနိုင်မယ်လို့ ဆိုလိုသည်။
“အကိုယောင် ...ခင်ဗျားက အရမ်းမိုက်တာပဲ… ခင် ဗျားက... တိတ်တိတ်လေး ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီ ထုတ်လုပ်လိုက်တာဗျာ... ဒီသတင်းသာ ထွက်လာရင် ဘက်ထရီလုပ်ငန်းတစ်ခုလုံး တုန်လှုပ် သွားလိမ့်မယ်...”
လျူယောင် ကျေနပ်စွာ မိတ်ဆက်ပေးလိုက်၏။
“အင်း ဒါကို ..ငါတို့ အောင်မြင်စွာ တီထွင်ပြီးတာ သိ ပ်မကြာသေးဘူး..နောက်ထပ်...စက်မှု့လုပ်ငန်းအဆင့် အများအပြား ထုတ်လုပ်ဖို့ကတော့ သုံးလလောက် ကြာဦးမယ်...”
သုံးလလောက် ဆိုတာ အခြားသူတွေအတွက် အ တော်လေး ကြာတယ်လို့ တွေးနိုင်ပေမဲ့ တင်းဝိန်က အံ့အားသင့်ကာ အလွန်ပျော်ရွှင်နေသည်။
"အကို ဆိုလိုတာက သုံးလကုန်သွားရင် အများအပြ ား ထုတ်လုပ်နိုင်တော့မယ်ပေါ့ ...ဒါ အရမ်းကောင်း တာပဲဗျာ..."
တင်းဝိန်က အရမ်းကောင်းတဲ့ သတင်းကို ကြားလို က်ရသလိုမျိုး စိတ်လှုပ်ရှားစွာ ပြောနေသည်။
"အကိုယောင်..အကို့ကို ကျွန်တော်အရင် ကြိုပြော ထားမယ်နော်.. ကျွန်တော်တို့ ချင်းယွန်နိုင်ငံတကာက ဒီဘက်ထရီတွေကို အများကြီး မှာယူချင်တယ်.."
“ဟားဟား ..အေးပါကွာ ..ငါတို့ ဆက်ဆံရေးက အရမ်းကောင်းတယ်လေ... ပထမဆုံး အော်ဒါကို ချင်းယွန်နိုင်ငံတကာကို ငါ ပေးနိုင်ပါတယ်ကွာ..”
နှစ်ယောက်သား မိနစ်အနည်းငယ်ကြာ စကားပြော ဖြစ်ကြသည်။ဘထ္ထရီရဲ့ အခြေခံ အသေးစိတ်ကို သိ သွားပြီးနောက် တင်းဝိန် ဖုန်းချလိုက်၏။
“အဖေ...ခုနက ဖုန်းထဲမှာ ပြောတာတွေ အကုန်ကြား မယ်.. ထင်တယ်...”
ပီချင်းယွန်က ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
“အဓိက အချက်တွေကိုတော့ ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်တယ်... ဒါက..ငါတို့အတွက် လုံးဝ ကေ ာင်းမွန်တဲ့ အခွင့်အရေးပဲ...လမ်းဆုံးရောက်ရင် ထွ က်ပေါက်ရှိရမယ်ဆိုတဲ့ စကားက တကယ်ဖြစ်လာပြီ ပဲ .... ရုတ်တရက် အလှည့်အပြောင်း ရှိလာလိမ့်မယ် လို့ ငါ....မမျှော်လင့်ခဲ့ဘူး....”
နိုင်ငံမှာသာ ဒီလို ဘက်ထရီမျိုး ရှိရင် ပြည်ပကနေ တင်သွင်းစရာ မလိုတော့ပေ။
ပီချင်းယွန်က ချင်းယွန်နိုင်ငံတကာက ထုတ်လုပ်တဲ့ ဖုန်းအားလုံးတွင် ဒီဘက်ထရီမျိုးကို သုံးဖို့ သူ ဆုံးဖြ တ်လိုက်သည်။
"ဒီလိုဘက်ထရီက စျေး ဘယ်လောက်ရှိလဲဆိုတာကို တင်းဝိန် ခုနက ဖုန်းထဲမှာ မေးခဲ့သည်။
"ဒီ ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီက ဈေးမကြီး ဘူး.. အရွယ်အစားတူ လစ်သီယမ်ဘက်ထရီတွေ ထ က် အနည်းငယ် ပိုဈေးကြီးတာပဲရှိတယ် " ဆိုပြီး အ ကိုယောင်က သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ သည်။
သူ့ရဲ့ အားသွင်းနှုန်းက လစ်သီယမ်ဘက်ထရီတွေ ထက် အဆ ၁၀၀ ပိုများပြီး အား ခံနိုင်ရည်က တခြာ း လစ်သီယမ်ဘက်ထရီတွေထက် ဆယ်ဆကျော် ပို များ၏။ ဈေးက နည်းနည်းပဲ ပိုများပေမဲ့ သူ့ရဲ့ စွမ်း ဆောင်ရည်က အလွန်အထင်ကြီးစရာ ကောင်းလှသ ည်။
စျေးကွက်ထဲတွင် ဒီဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီတွေ ဝင်လာတဲ့အခါကျရင် ဈေးကွက်မှာရှိတဲ့ လစ်သီယမ်ဘက်ထရီတွေ အကုန်လုံး အလျင်အမြန် ဖယ်ရှားခံရမယ်လို့ ပီချင်းယွန်က နားလည်ထားသ ည်။
သူက ရက်အနည်းငယ်အတွင်း ယူနီဗာဆယ်လုပ်ငန်း စုကို ကိုယ်တိုင် သွားပြီး တိကျတဲ့ ပူးပေါင်းဆောင် ရွက်မှု့ ကိစ္စတွေကို လျူယောင်နဲ့ အသေးစိတ် ဆွေး နွေးဖို့ ဆုံးဖြတ်လိုက်သည်။
....
နောက်တစ်နေ့မှာတော့...
ပီချင်းယွန် ကိုယ်တိုင် အဆင့်မြင့် အစည်းအဝေးကို ခေါ်ယူလိုက်သည်။ အိမ်မှာရှိတဲ့ အမှုဆောင်တွေ အားလုံး တက်ရမှာဖြစ်ပြီး ပျက်ကွက်ခွင့်မရှိဘူးဆို တဲ့ အသိပေးစာကို အမြန် ပို့လိုက်သည်။
ဒီအစည်းအဝေးက အရမ်းအရေးတကြီး ဖြစ်ပုံရပြီး အစည်းအဝေးမှာ ပါမဲ့ အကြောင်းအရာကိုတော့ မ ဖော်ပြခဲ့ပေ။အသိပေးစာတွင် အရေးပေါ် ယာယီအ စည်းအဝေးလို့ပဲ ဖော်ပြထား၏။
အမှု့ဆောင်တော်တော်များများက အလွန် သိချင်စိ တ် ပြင်းပြနေပြီး သူတို့အားလုံးက စိတ်ထဲကနေ အမျိုးမျိုး ခန့်မှန်းနေကြသည်။