ချမ်းသာခြင်း နတ်ဘုရား
Vol. 32 Ch. 412
ကျင်းဖန်းခရိုင်တွင်....
ခရိုင်ဝန်ဝမ်ရုံဝမ်က မျက်နှာနီရဲနေကာ ရုံးခန်း ထိုင်ခုံ ပေါ်တွင် ထိုင်ရင်း စာရွက်စာတမ်းများကို ကြည့်နေ သည်။သူက အေးအေးဆေးဆေးလိပ်သောက်နေပြီး သူ့ ပုံစံ ကြည့်ရတာက ကြည်လင်နေပုံရသည်။
ဒီအချိန်မှာ သူတစ်ကယ် စိတ်ကြည်လင်နေ၏။
မြို့နယ် အစည်းအဝေးတစ်ခုကနေ သူ ပြန်လာခဲ့ သ ည်။ အရင်တုန်းက ကျင်းဖန်းခရိုင်ရဲ့ စီးပွားရေးက တစ်ခရိုင်လုံးမှာ အနိမ့်ဆုံးအဆင့်တွင် သာရှိခဲ့သည်။ အခုအခါမှာတော့ မတူတော့ပေ။
ခရိုင်၏ စက်မှုဥယျာဉ်တွင် တည်ရှိသော ယူနီဗာဆ ယ်လ် ချပ်ပြားထုတ်လုပ်ရေးအမှတ် (၂) စက်ရုံက ထုတ်လုပ်မှု စတင်နေပြီဖြစ်သည်။ နေ့တိုင်း ချပ်ပြား များစွာ ထုတ်လုပ်နေပြီး အားလုံးက ၈ နာနိုမီတာ အ ဆင့်မြင့် နည်းပညာ ချပ်ပြားများသာ ဖြစ်သည်။
ခရိုင်ရဲ့ စက်မှုဗျူရိုက ခန့်မှန်းထားသည်မှာ အမှတ် (၂) စက်ရုံ ထုတ်လုပ်မှုတန်ဖိုးက ပထမလတွင် ၃ ဘီ လီယံ ကျော်ရမှာ ဖြစ်ပြီး ဒုတိယလတွင် ၅ ဘီလီယံ ကျော်ရမှာပဲ ဖြစ်၏။တစ်နှစ်တာ စုစုပေါင်းထုတ်လု ပ်မှုတန်ဖိုးက ဘီလီယံ ၄၀ ကျော်ရမည်ဟု ဗျူရိုက အတည်ပြု ခန့်မှန်းထားသည်။
ဒါက ဘီလီယံ ၄၀ တန်ဖိုးပင်။
အဲ့ဒါက သေးငယ်တဲ့ခရိုင်တစ်ခုအတွက် ဘာကိုဆို လိုတာလဲဆိုတာ ရှင်းနေသည်။
အဲဒါက ကျင်းဖန်းခရိုင်၏ စီးပွားရေးကို အမှန်တက ယ် အဆများစွာ မြှင့်တင်ပေးခဲ့သည်။ မနှစ်တုန်းက ဆို ကျင်းဖန်းခရိုင်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP က ၂၀ ဘီလီယံကိုတောင် ခက်ခက်ခဲခဲ ကျေ ာ်လွန်နိုင်ခဲ့သည်။
အမှန်ပါပဲ စက်ရုံတစ်ရုံက ဘီလီယံ ၄၀ ထုတ်လုပ်မှု တန်ဖိုးကို ယူဆောင်လာနိုင်ပြီး ကျင်းဖန်းခရိုင်ရဲ့ စီးပွားရေးတိုးတက်မှု့နူန်းက အရှိန်အဟုန် မြင့်တက် လာခဲ့ပေသည်။
ဝမ်ရုံဝမ်ကို ပိုမို စိတ်လှုပ်ရှားစေသည်မှာ ဒါက ပထ မနှစ်သာ ဖြစ်၏။ စက်မှု့ဗျူရိုခန့်မှန်းချက်အရ ဒုတိ ယနှစ်တွင် အမှတ် (၂) စက်ရုံရဲ့ထုတ်လုပ်မှု တန်ဖိုး က ဘီလီယံ ၅၀ ကျော်နိုင်လိမ့်မည် ဟူ၍ပင်။
"ဘီလီယံ ၅၀ လား...."
ဝမ်ရုံဝမ်က ဒါကို အိပ်မက်တစ်ခုလို ခံစားနေရသည် ။
အရင်က မြို့နယ် အစည်းအဝေးများကို သူ သွား တ က်တဲ့အခါ မြို့တော်ဝန်ရဲ့ ဘေးတွင်သာ အမြဲထိုင်ရ သည်။ တစ်ခါတစ်ရံ စီးပွားရေး ဖွံ့ဖြိုးပြီးသား ခရိုင် အချို့မှ ဒုတိယခရိုင်ဝန်များက သူ့ရှေ့မှာ ထိုင်နေကြ သည်။
ယခုမှာမူ မတူတော့ပေ။ သူ့ ခါးကိုမတ်ထားကာ ယုံ ကြည်မှု အပြည့်ရှိနေသည်။ဒီနေ့ မြို့နယ်ကို သူ အ စည်းအဝေးသွားတဲ့အခါ ခေါင်းဆောင်အားလုံးရဲ့ ရှေ့တွင် ရှေ့ဆုံးထိုင်ခုံမှာ ထိုင်ဖို့ မြို့တော်ဝန်က သူ့ ကို ခေါ်ခဲ့သည်။
သူ့ကို ပိုပြီး မျက်နှာပန်းလှစေသည်မှာ မြို့တော်ဝ န်က လူတိုင်းရှေ့တွင် ကျင်ပန်းခရိုင်ရဲ့ စီးပွားရေး အခြေအနေကို သူ့အား မေးမြန်းတာပဲ ဖြစ်၏။
ခရိုင်ဝန်ဝမ်ရုံဝမ်က အဲ့ဒါကို လူတိုင်းရှေ့မှာပဲ ပီပီ ပြင်ပြင် မိတ်ဆက်ပေးခဲ့သည်။ ယူနီဗာဆယ်လ် အမှတ် (၂) ချပ်ပြားစက်ရုံရဲ့ ထုတ်လုပ်မှုတန်ဖိုးက ဒီနှစ်ထဲ မှာဘီလီယံ ၄၀ ကျော်မှာဖြစ်ပြီး နောက်နှစ် တွင် ဘီလီယံ ၅၀ ကျော်နိုင်တယ်ဟု ကြားသောအခါ အခြားခရိုင်များနှင့် မြို့များမှ ခေါင်းဆောင်များရဲ့ မျက်လုံးများက မနာလိုမှုများဖြင့် လင်းလက်နေတေ ာ့သည်။
ဝမ်ရုံဝမ်က သူ့စိတ်ထဲတွင် အလွန်ကျေနပ်မိသည်။ အထူးသဖြင့် ထိုခေါင်းဆောင်များရဲ့ မနာလိုသော မျက်လုံးများကိုအလွန်သဘော ခွေ့နေမိသည်။
ခရိုင်ဝန်ဝမ် မြို့နယ်အစည်းအဝေးမှ ပြန်လာပြီးနော က်မှာလည်း ထိုပျော်ရွှင်မှုများထဲတွင် နစ်မြုပ်နေဆဲ ပင်။
သူ့စိတ်ထဲမှာ အလွန်ပျော်ရွှင် နေပြီး သူ ဒီလောက် ထိ ပျော်ရွှင်ခြင်းမျိုး တစ်ခါမှ မရရှိခဲ့ဘူးပေ။
စားပွဲပေါ်ရှိ စာရွက်စာတမ်းအချို့ကို ဖတ်ပြီးနောက် ခရိုင်ဝန်ဝမ် ထိုင်ခုံမှထကာ အော်ပြောလိုက်သည်။
"ရှောင်ယန်...မင်း..စီစဉ်လိုက်. ငါ... စက်မှုဥယျာဉ်ကို သွားကြည့်မယ်..."
ရှောင်ယန်ဆိုသူက ဝမ်ရုံဝမ်ရဲ့အတွင်းရေးမှုုးအသစ် ဖြစ်၏။အရင် အတွင်းရေးမှုုးက ရာထူးတိုးပြီး စက် မှုဗျူရိုသို့ ဒုတိယအတွင်းရေးမှုုးအဖြစ် ပြောင်းရွှေ့ သွားသည်။
ဝမ်ရုံဝမ်ရဲ့ ကားက မကြာမီ စက်မှုဥယျာဉ်နယ်မြေ ကို ရောက်ရှိလာသည်။ ခေါင်းဆောင်ငယ်များနှင့် အခြား အရာရှိများစွာ ဝန်းရံကာ ယူနီဗာဆယ်လ်ရဲ့ အမှတ် (၂) ချပ်ပြားစက်ရုံကို သူ စစ်ဆေးလိုက် သည်။
ထုတ်လုပ်တဲ့ အလုပ်ရုံထဲကိုတော့ သူ မဝင်ခဲ့ပေ။ ချပ်ပြားထုပ်ပိုးခြင်း၊ စမ်းသပ်ခြင်း၊ ပုံဖော်ခြင်းတို့က ဖုန်မှုန့်ကင်းမဲ့သော ပတ်ဝန်းကျင် လိုအပ်ပေသည်။ ထိုနေရာကို ဝင်ထွက်ခြင်းမှာ အလွန်ရှုပ်ထွေးလှသ ည်။
ခရိုင်ဝန်ဝမ်က စက်ရုံဧရိယာကို စစ်ဆေးပြီးနောက် စက်ရုံရဲ့ ရုံးခန်း အဆောက်အအုံတွင် ဆွေးနွေးပွဲ တစ်ခုကို ကျင်းပလိုက်၏။
ခရိုင်ဝမ်က စက်ရုံတွင် သူ့ရဲ့အကူအညီ လိုအပ်တဲ့ အရာများ သို့မဟုတ် ညှိနှိုင်းရန် ပြင်ပသို့ ထွက်ရမ ည့်အရာများ ရှိမရှိကို စိတ်ပူပန်စွာ မေးမြန်းလိုက်သ ည်။
သူက ရှေ့ကနေ ဦးဆောင်ခဲ့ပြီး အလွန် စိတ်အား ထက်သန်နေသည်။
ခရိုင်မှ အရာရှိများအားလုံးက တစ်ခရိုင်လုံးတွင် ဒီစက်ရုံကသာလျှင် ဒီလို အခြေအနေမျိုး ရှိတာကို သိထားကြသည်။ ခရိုင်ဝန်ဝမ်က ဦးဆောင်ကာ နှုတ်ဆက်ခဲ့သည်။
စစ်ဆေးပြီးနောက် ခရိုင်ဝန်ဝမ်က အလျင်စလို ပြန် မသွားဘဲ စက်မှုဥယျာဉ်တွင် ဖြည်းဖြည်းချင်း လမ်း လျှောက်နေသည်။
သူက မေးလိုက်၏။
" ဒါရိုက်တာဂျင်...စက်မှုဥယျာဉ်ရဲ့ အတိုင်းအတာကို ချဲ့ထွင်ဖို့ ပြဿနာ ရှိပါသလား..."ဥပမာ- မူ ၁,၀၀၀ အထိ တိုးချဲ့ဖို့ကိုမေးလိုက်သည်။
" တကယ်ပဲလား ငါပါးစပ်ဖွင့်လိုက်တာနဲ့ မူ ၁,၀၀၀ ထပ်တိုးမယ်ထင်တယ်.."
စက်မှုဥယျာဉ်ရဲ့ ဒါရိုက်တာဂျင်က တိတ်တစ်ဆိတ် ထိန့်လန့် အံ့သြသွားသည်။ဒါပေမဲ့ သူ့ရဲ့မျက်နှာ ပေါ်တွင်မပြသခဲ့ပေ။ ခဏစဉ်းစားပြီးနောက် သူ ပြန် ဖြေလိုက်၏။
"ဒါက ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး.. ဒါပေမဲ့ မြေကို ချဲ့ဖို့အတွက်ဆို တောင်ကုန်းကို ဖြိုချရပါ မယ်.. "
အနီးအနားတွင် တောင်ကုန်းငယ်တစ်ခု ရှိနေသည်။ အဲဒါကို ဖြိုချပါက လုပ်ငန်းပမာဏက သေးငယ်မှာ မဟုတ်တော့ပေ။
ခရိုင်ဝန်ဝမ် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ခင်ဗျား စီမံကိန်းတစ်ခုကို တင်ပြပေး...ငါ ပြန်လည် သုံးသပ်ပေးပါ့မယ်.."
"ငါတို့ရဲ့ စက်မှုဥယျာဉ်ကို နောက်ထပ် မူ ၁,၀၀၀ ထ ပ်ချဲ့မယ်.."
ဘေးနားရှိ ခေါင်းဆောင်များက အလွန် အံ့အားသင့် နေကြသည်။ ခရိုင်ဝန်ဝမ်က သူ့ အင်ကျီလက်များကို ခေါက်တင်ပြီး ကြီးမားသောအလုပ်ကို လုပ်ဆောင် ပေတော့မည်။
......
ယူနီဗာဆယ်လ် တာဝါမှာတော့..
သူဋေးထိုင်ခုံတွင် ထိုင်နေတဲ့ လျူယောင်က အနာ ဂတ်တွင် ပထမဆုံး ဘထ္ထရီစက်ရုံကို မည်သည့် နေရာတွင် တည်ဆောက်ရမလဲ ဆိုတာကို စဉ်းစား နေသည်။
“ ငါ ဟွားဟိုင်မြို့ မှာလား ဒါမှမဟုတ် မြို့ ပတ်ဝန်း ကျင်မှာ ရှိတဲ့ အချို့ခရိုင်များနဲ့ မြို့တွေမှာ ဆောက်ရမလားကွာ..”
ဟွားဟိုင်မြို့တွင် တည်ထောင်ခြင်းတွင် အားသာချ က်နှင့် အားနည်းချက် နှစ်မျိုးစလုံးရှိပေသည်။ အားသာချက်မှာ အရည်အချင်းရှိသူများကို ဆွဲဆော င်ရန် လွယ်ကူ၏။ ဟွာဟိုင်းမြို့က နိုင်ငံတကာ မြို့ ကြီး တစ်မြို့ ဖြစ်တာကြောင့်ပင်။ အားနည်းချက်မှာ မြေစျေးနှုန်း မြင့်မားပြီး ကုန်ကျစရိတ် မြင့်မားနေ သည်။
ပတ်ဝန်းကျင်ရှိ ခရိုင်များနှင့် မြို့များတွင် တည် ဆောက်ပါက မြေစျေးနှုန်း နည်းပြီး ကုန်ကျစရိတ် လည်း နည်းပေသည်။ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲ ဆောင်ရန်အတွက် ဒီခရိုင်များနှင့် မြို့များကသာ အထူးခံစားခွင့်များစွာကို ပေးနိုင်လိမ့်မည်။
ဥပမာ- ကျင်းဖန်းခရိုင်တွင် ယူနီဗာဆယ် ချပ်ပြား ထုတ်ရေး အမှတ် (၂) စက်ရုံကို တည်ထောင်ခြင်းက အလွန်ကောင်းမွန်သော ဥပမာတစ်ခုပဲ ဖြစ်သည်။ ဒီအမှတ် (၂) စက်ရုံ တည်ထောင်ခြင်းက အကျိုး ကျေးဇူးများစွာ ယူဆောင်လာတာကို လက်တွေ့ လုပ်ဆောင်မှု့များက သက်သေပြနေသည်။
ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန် စေရုံသာမက အထူးခံစားခွင့်များစွာကိုလည်း ခံစာ းရပြီး ဟွာဟိုင်းမြို့ရှိ အမှတ် (၁) စက်ရုံထက်လည် း ကုန်ကျစရိတ်လည်း ပိုနည်း၏။
လျူယောင် သေချာ စဉ်းစားပြီးနောက် အနာဂတ် တွင် ဘထ္ထရီစက်ရုံကို ပတ်ဝန်းကျင်ရှိ ခရိုင်များနှင့် မြို့များမှာပဲ တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ.. ကျင်းဖန်းခရိုင်က မဆိုးဘူး "..
အဲဒီနေရာက သူ့ ဇာတိဖြစ်တာကြောင့် သူ့ ဇာတိက မြို့သူမြို့သားများအတွက် အနည်းငယ် အကူအညီ ဖြစ်ပေလိမ့်မည်။
လျုယောင် ဆုံးဖြတ်ချက်ချပြီးနောက် ခရိုင်ဝန်ဝမ်ရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းခေါ်ဆိုမှု ဝင်သွား တာနဲ့ ဝမ်ရုံဝမ်ရဲ့ အသံက ထွက်ပေါ်လာသည်။
" မစ္စတာလျူ...ခင်ဗျားရဲ့ ဖုန်းကို လက်ခံရလိမ့်မယ် လို့ မမျှော်လင့်ခဲ့မိပါဘူး...ကျွန်တော် တကယ်ပဲပျော် ရွှင်ရပါတယ်ဗျာ..."
ခရိုင်ဝန်ဝမ်ရဲ့ မျက်လုံးထဲတွင် လျူယောင်ဆိုတာက ကျင်းဖန်းခရိုင်ရဲ့ ငွေနတ်ဘုရားပဲ ဖြစ်၏။
အမှတ် (၂) စက်ရုံက တစ်နှစ်လျှင် ထုတ်လုပ်မှု တန် ဖိုး ဘီလီယံ ၄၀ ကျော် ရရှိနိုင်ရုံသာမက ကျင်းဖန်း ခရိုင်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP ကို လ ည်း ရုတ်တရက် မြှင့်တင်ပေးနိုင်ခဲ့သည်။ ဒါ့အပြင် ကျင်းဖန်းခရိုင်မှ လူထောင်ပေါင်းများစွာအတွက် အလုပ်အကိုင်များကိုလည်း ပံ့ပိုးပေးနိုင်ခဲ့သည်။
Universal အမှတ် (၂) စက်ရုံရဲ့ လုပ်ခလစာက မန ည်းပေ။ ကျင်းဖန်းခရိုင်မှ လူထောင်ပေါင်းများစွာက ထိုနေရာမှာ အလုပ်လုပ်နေ ကြသည်။အဲ့ဒါက ဒေသ ခံပြည်သူများရဲ့ လူနေမှုအဆင့်အတန်းကို အလွန် တိုးတက်စေခဲ့သည်။
မိသားစုတစ်စုမှ လူတစ်ဦး အလုပ်လုပ်ပါက မိသာ းစု တစ်စုလုံးရဲ့ လူနေမှုအဆင့်အတန်းက လျင် မြန်စွာ တက်လာပေသည်။ သူတို့အတွက် စားသုံး ရန်၊ သောက်သုံးရန်နှင့် အသုံးပြုရန်သာ လိုအပ်ပေ သည်။
အဲ့ဒါက အခြားပတ်ဝန်းကျင်မှ လူများကိုလည်း ဝင် ငွေတိုးရန် လုပ်ဆောင်ပေးနိုင်ခဲ့ပေသည်။
ရိုးရိုးရှင်းရှင်းပြောရပါက အနည်းဆုံး လူတစ်သော င်း ဒါမှမဟုတ် တစ်သိန်းကိုပင် အလုပ်နေရာ ပေးနိုင် ခဲ့သည်။
ကျင်းဖန်း ခရိုင်ရှိ သာမန်ပြည်သူများရဲ့မျက်လုံးများ ထဲတွင် လျူယောင်ဆိုတာက သူတို့ရဲ့ ချမ်းသာခြင်း နတ်ဘုရားပဲ ဖြစ်၏။
လျူယောင်ရဲ့ ဖုန်းကို လက်ခံရရှိပြီးနောက် ခရိုင်ဝန် ဝမ် ပျော်ရွှင် အံ့အားသင့်နေပြီး အနည်းငယ် စိတ် လူပ်ရှားနေသည်။
လျူယောင်က ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။
" ခရိုင်ဝန်ဝမ် ..ကျွန်တော် မနက်ဖန် လာပါ့မယ် "
ဝမ်ရုံဝမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။
" အာ မစ္စတာလျူပြန်လာမှာလား..ဒါက အရမ်း ကောင်းတယ်ဗျာ..ကျွန်တော်တို့ မြို့သားတွေရဲ့ ကိုယ်စား ခင်ဗျားကို ကြိုဆိုပါတယ်ဗျာ.. "
မကြာခင်တွင် မစ္စတာလျူရဲ့ ဖုန်းခေါ်ဆိုမှုက အခြား အဓိပ္ပါယ်များ ရှိပုံရတာကို သူ သတိပြုမိသည်။
"အမ် မစ္စတာလျူက သူ့ရဲ့ ဇာတိမြို့ကို ပြန်လာတာ.. ငါကို ဖုန်းခေါ်ဆိုရန် ဘာကြောင့် လိုအပ်ပါသလဲ"
ဒါကို စဉ်းစားမိတဲ့အခါ ခရိုင်ဝန်ဝမ် ပိုမို စိတ်လှုပ်ရှ ားလာသည်။
မစ္စတာလျူ ဒီတစ်ကြိမ် ပြန်လာတာက သူ့ရဲ့ ဇာတိ မြို့ဆီကို ရိုးရှင်းစွာ ပြန်လာခြင်း မဟုတ်လောက်ပေ ။
ဝမ်ရုံဝမ် စိတ်ထဲတွင် ခန့်မှန်းနေတာကြောင့် မငြိမ် မသက်ဖြစ်နေမိသည်။ ဒါပေမဲ့ မစ္စတာလျူက လာ ရတဲ့ အကြောင်းပြချက်ကို မပြောတာကြောင့် သူ လည်း မေးရန် အလွန် ရှက်ရွံ့မိသည်။
လျူယောင်က စကားအနည်းငယ်ကို အတိုချုပ် ပြောပြီးနောက် ဖုန်းကို ချလိုက်သည်။
ဝမ်ရုံဝမ်ကမူ အချိန်အကြာကြီး ညိမ်သက် မနေနိုင် တော့ပေ။ သူ အများကြီး စဉ်းစားလေလေ ပိုပြီး စိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။