← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁)။

ဆောင်းဦးနှောင်းပိုင်းတွင် နှင်းများမရှိသော်လည်း လေအေးသည် တစ်နေ့ထက်တစ်နေ့ ပိုအေးလာပါသည်။

ကျောက်စိမ်းမြို့တော်ရှိ အိမ်တိုင်း၏ တံစက်မြိတ်အောက်တွင် ကလေးလက်မောင်းလုံး လောက် ထူထဲသော ကြည်လင်ပြတ်သားသလင်းကျောက်များ, ထက်ရှသောဓားများကဲ့သို့ ထူထဲသော ရေခဲပန်းဆွဲများကို ကြည့်ရုံဖြင့် ဆောင်းရာသီ၏ ကြမ်းတမ်းမှုကို ခံစားရ နိုင်ပါသည်။

ကျောက်စိမ်းမြို့တော်သည် တော်ဝင်ချန်မင်းဆက်၏ မြို့တော် ဖြစ်ပါသည်။

တော်ဝင်ချန်မင်းဆက်သည် ကြီးပွားချမ်းသာသည်။ ကျယ်ပြောသည့် နယ်မြေများနှင့် ပေါများကြွယ်ဝသော သယံဇာတကို ပိုင်ဆိုင်ထားပါသည်။ လူဦးရေ သန်းဆယ်ချီရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ပြည်နယ်များထဲမှ တစ်ခုဖြစ်ပါသည်။

ယခုနှစ်သည် မင်းဆက်စတင်တည်ထောင်သည့် နှစ် ၆ဝ ပြည့်နှစ် ဖြစ်သည်။

ဤနှစ် ၆၀ အတွင်း တော်ဝင်ချန်မင်းဆက်၏ ဧကရာဇ်လေးပါးသည် မင်းဆက်ကို အုပ်စိုးရန် ကြီးစွာသော ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ရသည်။ မင်းဆက်သည် ကြီးပွား တိုးတက်သော ခေတ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

မြို့စားဝူဝမ်၏နေအိမ်သည် ကျောက်စိမ်းမြို့တော် အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် ဧက ၁၀၀ ကျယ်ဝန်းပြီး၊ ညီညာပြန့်ပြူးသော မြေအပြင်ရှိသည်။ တံခါးဝတွင် လူ ၃ ဦးခန့် မြင့်မားပြီး၊ အနီရောင် စီခြယ်ထားသော ကျောက်ရုပ်တုကြီး တစ်စုံ ရှိနေပါသည်။ အနီရောင်တံခါးကို ကြေးနီရောင်စူးများ၊ ကွင်းများဖြင့် အလှဆင်ထားသည်။ တံခါးဝရှိ ကျွန်များသည် တောက်ပသောအဝတ်အစားများ ဝတ်ဆင်ထားပြီး တက်ကြွနေပုံရသည်။ သူတို့သည် စူးရှသည့်မျက်လုံးများကို ပိုင်ဆိုင်ထားကြသည်။ ဤအရာအားလုံးက မြို့စားဝူဝမ်၏ အဆင့်တန်းကို ညွှန်ပြနေပါသည်။

မြို့စားဝူဝမ်သည် တော်ဝင်ချန်မင်းဆက်တွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ့မျိုးရိုးနာမည်က ဟုန်ဖြစ်ပြီး၊ သူ့နာမည်က ရွှန်ကျိဖြစ်သည်။

သူသည် မြင့်မြတ်သောရာထူးကို ပိုင်ဆိုင်ထားရုံသာမက၊ နန်းတွင်း၌လည်း မြင့်မားသော ရာထူးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် ဧကရာဇ်ဝန်ကြီးများရုံး၏ မဟာအတွင်း ဝန်နှင့် အိမ်ရှေ့မင်းသား၏ မဟာကာကွယ်သူ ဖြစ်သည်။ သူသည် စာပေနှင့် ကိုယ်ခံပညာ နှစ်ရပ်စလုံးကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည်။ သူငယ်ရွယ်စဉ်တုန်းက, သူသည် ကိုးဖစ်ကယ်လေးတစ်ချောင်းကို အဆက်မပြတ် ပစ်နိုင်သည်။ သူသည် မြင်းစီးပြီး ခြံဝင်းထဲ တွင် လမ်းလျှောက်နေသကဲ့သို့ ရန်သူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ (တော်ဝင်ချန် မင်းဆက်တွင် ကျောက်တုံးတစ်တုံးသည် ကီလိုဂရမ် ၁၀၀ ရှိသည်။ ကျောက်တုံးကိုးလုံး သည် ကီလိုဂရမ် ၉၀၀ နှင့်ညီမျှသည်။)။ ("picul" သည် ဒေသနှင့် အချိန်ကာလပေါ် မူတည်၍ အကြမ်းဖျင်းအားဖြင့် ၁၃၃ ပေါင် သို့မဟုတ် ၆၀ ကီလိုဂရမ်နှင့်ညီမျှသော အာရှရိုးရာအလေးချိန်ယူနစ်တစ်ခုဖြစ်သည်။) အပေါ်က ရှင်းပြချက်သည် မူရင်းပါသည့် ရှင်းပြချက်ဖြစ်ပြီး၊ အောက်က အဓိပ္ပာယ်သည် ဗဟုသုတဖြစ်စေရန် ကျွန်တော် ရှာဖွေ တင်ပြထားခြင်း ဖြစ်ပါသည်။)

အသက် ၂၂ နှစ်တွင်, သူသည် တပ်မတော်၌ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ သူသည် ကိုယ်ခံပညာကို စွန့်လွှတ်ပြီး၊ စာပေဖတ်ရူလေ့လာခဲ့သည်။ သူသည် အင်ပါယာစာမေး ပွဲများတွင် တတိယအဆင့် ရရှိခဲ့သည်။ သူသည် တရားဝင်ရာထူး ချီးမြှင့်ခံရပြီး၊ တရားရုံး၏ နိုင်ငံရေးတွင် ပါဝင်ခဲ့သည်။ တစ်ချိန်က တော်ဝင်ချန်မင်းဆက်၏ ဧကရာဇ်လေးပါးထံမှ အမြင့်ဆုံးအကဲဖြတ်ခြင်းကို ခံရဖူးသူဖြစ်သည်။ သူသည် မြင်းစီးပြီး စစ်တပ်ကို အုပ်ချုပ်နိုင် ကာ၊ သူစစ်တပ်မှ အနားယူချိန်မှာလည်း လူတွေကို အေးချမ်းစေခဲ့သူ ဖြစ်သည်။

"မိုးကောင်းကင်က ငါတို့ကို မြင်တယ်၊ လူတွေကလည်း ငါတို့ကိုမြင်တယ်။ မိုးကောင်းကင် က လူတွေပြောတာကို နားထောင်တယ်။"

နံနက်စောစောတွင် မြို့စားဝူဝမ်၏နေအိမ် အနောက်မြောက်ဘက်ထောင့်ရှိ အဝေးခြံဝင်း တစ်ခုထဲမှ တစ်စုံတစ်ယောက်၏ စာဖတ်အသံကို ကြားလိုက်ရသည်။

ဟုန်ယွိသည် ပြတင်းပေါက်ကို တစ်ဝက်ဖွင့်လိုက်ပြီး အခန်းထဲတွင် မီးသွေးမီးဖိုကို ထွန်းညှိ လိုက်သည်။ သူသည် စာမေးပွဲအတွက် ပြင်ဆင်နေပုံရပြီး၊ ကျမ်းများ၏ ဖွင့်ဆိုချက်များကို ရှာဖွေရန် စားပွဲပေါ်တွင် စာဖတ်နေပါသည်။

သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့သော အသွင်အပြင်ရှိသည်။ သူ့ပုံစံက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်ရှိပြီး၊ သူ့ခန္ဓာကိုယ်က အနည်းငယ် ပိန်သည်။

အခန်းက အရမ်းရိုးရှင်းပြီး ကြမ်းထည်အခန်းဖြစ်သည်။ မီးဖိုသည် သံအင်တုံမီးဖိုဖြစ်ပြီး မီးသွေးမှာလည်း သာမန်မီးသွေး ဖြစ်သည်။ ၎င်းသည် မြင့်မြတ်သော မိသားစုများ မီးထွန်းရန်အတွက် အသုံးပြုသော လက်ရာမြောက်လှသည့် ကြေးမီးဖို မဟုတ်ပေ။ ယင်းအစား ၎င်းသည် သားရဲပုံစံအမျိုးမျိုးဖြင့် ထွင်းထုထားသည့် သားရဲမီးသွေးဖို ဖြစ်သည်။

သူ စာပေလေ့စာနေစဉ်မှာ, သူ့ဘေးနားတွင် မှင်ကြိတ်ကာ စက္ကူခင်းပေးရန်, အစေခံ သို့မဟုတ် အိမ်အကူတစ်ဦးမျှ မရှိပေ။ ဤအရာအားလုံးသည် စံအိမ်ကြီးရှိ ဟုန်ယွိ၏ အဆင့်အတန်းသည် မမြင့်သော်လည်း၊ သူသည် စာပေလေ့လာရန် အချိန်ရသေးပြီး၊ ကျွန် တစ်ဦးမဟုတ်ကြောင်း ပြသနေသည်။

"သေဆုံးသွားသူ ငါ့အမေ့ရဲ့နာမည်ကို ငါ ရှင်းလင်းနိုင်စွမ်း ရှိမရှိက နွေဦးပေါက်ရာသီ အခြေခံစာမေးပွဲနဲ့၊ ဆောင်းဦး ရာသီ အထွေထွေစာမေးပွဲတွေပေါ်မှာ မူတည်နေတယ်။ အရင်ဆုံး ငါ အင်ပါယာစာမေးပွဲကို အောင်မြင်ရမယ်။ ပြီးရင် ငါ တော်ဝင်စာမေးပွဲကို အောင်မြင်ရမယ်။ တော်ဝင်စာမေးပွဲတွေကို အောင်မြင်ပြီးတာနဲ့ မျိုးဆက်သုံးဆက် အတွက် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရမယ်။ ဒါဆို အင်ပါယာတရားရုံက အမေကို မဒမ်ဘွဲ့ ချီးမြှင့်ဖို့ အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ရလိမ့်မယ်။ အမေရဲ့အုတ်ဂူကိုလည်း ဟုန်မိသားစုရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ ရွှေ့ပြောင်းနိုင်ပြီ၊ အမေရဲ့ အောက်မေ့ဖွယ် ကမ္ဗည်းပြားလည်း ဘိုးဘွားခန်းမမှာ ကိန်းဝပ်နိုင်လိမ့်မယ်”။

ဟုန်ယွိသည် စာအုပ်တစ်အုပ်ကို လှန်လိုက်ပြီး စာကြောင်းအနည်းငယ် ဖတ်လိုက်ပါသည်။ သူ့စိတ်ထဲမှာတော့ သူခုနစ်နှစ်သားအရွယ်မှာ ဆုံးပါးသွားခဲ့သည့် သူ့အမေအကြောင်းကို တွေးနေမိပါသည်။

ဟုန်ယွိ၏မိခင်သည် မြို့စားဝူဝမ်နှင့် လက်မထပ်မီက သူမသည် ကျောက်စိမ်းမြို့တော်တွင် ထင်ရှားကျော်ကြားသော ပါရမီရှင်အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကုချင်း၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာရပ်လေးခုတွင် ကျွမ်းကျင်ခဲ့သည်။ သူမသည် ကဗျာနှင့် သီချင်းများတွင် ပို၍ပင် ထူးချွန်ခဲ့သည်။ သူမသည် သူမ၏ အရည်အချင်းများကို ရောင်းချသော်လည်း သူမ၏ခန္ဓာကိုယ်ကို မရောင်းခြင်းမရှိခဲ့ပေ။ သူမသည် ခန်းမတစ်ခုမှာ ကဗျာအတူ ရွတ်ဆိုစဉ်က မြို့စားဝူဝမ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူမသည် မြင့်မြတ်သော မိသားစုနှင့် လက်ထပ်ခဲ့သည်။

သူမသည် အရည်အချင်းရှိသော အမျိုးသမီးတစ်ဦးဟု ဆိုထားသော်လည်း အမှန်တကယ် တော့ သူမသည် ပြည့်တန်ဆာတစ်ခုမှ နှိမ့်ကျသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် သူမသည် မြင့်မြတ်သော မိသားစုနှင့် လက်ထပ်ပြီးနောက် သူမ၏ အဆင့်အတန်းသည် အလွန်နိမ့်ကျခဲ့သည်။

ထို့အပြင် ဟုန်ယွိ၏မိခင်သည် မြင့်မြတ်သောမိသားစုနှင့် လက်ထပ်ခဲ့ချိန်မှာ, မြို့စား ဝူဝမ်တွင် ဇနီးတစ်ယောက် ရှိနေပြီ ဖြစ်သည်။ သူမသည် ကိုယ်လုပ်တော်တစ်ယောက်၏ အဆင့်အတန်းသာ ရှိခဲ့ပါသည်။

တော်ဝင်ချန်မင်းဆက်၏ ဥပဒေများအရ ပထမဇနီး၊ ဒုတိယဇနီး၊ တတိယဇနီနှင့်၊ ကိုယ်လုပ်တော်လေးယောက် ထားခွင့်သည်။ ကိုယ်လုပ်တော် တစ်ယောက်၏ အဆင့်အတန်းသည် အလွန်နိမ့်ကျသည်။ ချမ်းသာပြီး မြင့်မြတ်သော မိသားစုအချို့သည် ကိုယ်လုပ်တော်များကို အချင်းချင်း အပျော်သဘောပင် ပေးကမ်းကြသည်။

ကိုယ်လုပ်တော်တစ်ယောက်သည် ထမင်းစားနေချိန်မှာ ထိုင်နေ၍မရဘဲ အစေခံ တစ်ယောက်ကဲ့သို့ မတ်တပ်ရပ် နေရ၏။

ကိုယ်လုပ်တော်တစ်ဦး၏ သားဖြစ်သော ဟုန်ယွိသည် ရာထူးနှင့် မိသားစုပိုင်ဆိုင်မှုကို အမွေဆက်ခံပိုင်ခွင့် မရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အင်ပါယာစာမေးပွဲများကို ဖြေဆိုအောင်မြင်ရန် ဖြစ်ပါသည်။

အကယ်၍, ဟုန်ယွိသည် အင်ပါယာစာမေးပွဲများ အောင်မြင်ပါက, သူသည် မြို့စားစံအိမ်၏ နေအိမ်မှ ထွက်ခွာပြီး၊ အရာရှိတစ်ဦး ဖြစ်လာနိုင်ရုံသာမက၊ အရေးကြီးဆုံးမှာ သူ့မိခင်အတွက် 'မဒမ်' ဘွဲ့ကိုပါ ထပ်လောင်း ပြောဆိုနိုင်ကြောင်းကို ဟုန်ယွိအနေဖြင့် ရှင်းလင်းစွာ သိထားပါသည်။

တော်ဝင်ချန်မင်းဆက်သည် အင်ပါယာစာမေးပွဲတွေကို အလေးနက်ထား၏။ အင်ပါယာ စာမေးပွဲများ အောင်မြင်ပြီးသည်နှင့် မျိုးဆက်သုံးဆက်အထိ “မဒမ်”ဘွဲ့ကို အပ်နှင်းခံရ နိုင်သည်။

'မဒမ်'ဘွဲ့သည် မရိုးရှင်းပေ။ ယခု မြို့စားစံအိမ်၏နေအိမ်တွင် မဒမ် သုံးယောက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြို့စားဝူဝမ် ဟုန်ရွှန်ကျိသည် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်ပါယာတရားရုံးမှ အထူးပေးအပ်ခြင်း ခံရသောကြောင့် ဖြစ်သည်။

ချမ်းသာပြီး မြင့်မြတ်သော မိသားစုတွေထဲမှာတောင် ပထမဇနီးတစ်ယောက်သာ 'မဒမ်' ဖြစ်သည်။

အထက်အရာရှိများနှင့် မှူးမတ်များကြားတွင်၊ အင်ပါယာတရားရုံးမှ ၎င်းတို့၏ ဇနီးများ အား မဒမ်ဘွဲ့ အပ်နှင်းခြင်းက အလွန်ဂုဏ်ယူစရာ ကိစ္စဖြစ်ပါသည်။ မှူးမတ်များအဖြစ် ရာထူးတိုးမြှင့်ခံရခြင်းထက်ပင် ပို၍ အလေးဂရုပြုကြပါသည်။

“ငါသာ အင်ပါယာ စာမေးပွဲတွေ အောင်ခဲ့ရင်, တော်ဝင်စာမေးပွဲတွေ အောင်ခဲ့ရင်, အင်ပါယာတရားရုံးက အမေ့ကို မဒမ်ဘွဲ့ အပ်နှင်းလိမ့်မယ်။ အဲဒီအခါ အဓိကဇနီး မဒမ်ကျောက်တစ်ယောက် မျက်နှာအမူအရာ ဘယ်လိုဖြစ်သွားမလဲ ငါ သိချင်လိုက်တာ။”

ဟုန်ယွိက "မဒမ်ကျောက် မဒမ်ကျောက်"ဟု တီးတိုးငြီးတွားရင်း သူ့မျက်လုံးထဲမှာ အမုန်းတရားတွေ ပေါ်လာပါသည်။

သူ အသက်ခုနစ်နှစ်အရွယ်, သူသိတတ်ခါစအရွယ်မှာ, ဆောင်းဦးအလယ် လကိုကြည့်ရှု စားသည့် ညစာစားပွဲတစ်ခု မြို့စားစံအိမ်၏နေအိမ်တွင် ကျင်းပခဲ့သည်။ လူအားလုံး စုဝေးကြချိန်မှာ သူ့အဖေသည် ဧည့်သည်များကို ကဗျာရွတ်ကာ ဖျော်ဖြေခဲ့သည်။ သူ့အမေ၏စကားတစ်ခွန်းကြောင့် ပထမဇနီးသည် သူမကို လူတိုင်းရှေ့မှာ “သိမ်ဖျင်းသော အပြုအမူ၊ မိန်းမမဆန်သော အပြုအမူ၊ အိမ်ယာထဲက အလေ့အထကို မပြောင်းလဲနိုင်ဘူး။" ဟု ပြစ်တင် ရှုတ်ချခဲ့သည်။

ထိုညက အိမ်ပြန်ရောက်လာပြီးနောက်, သူ့အမေသည် ဒေါသအရမ်းထွက်ပြီး၊ သူမ သွေးကြောတွေ ချုပ်ထွေးသွားကာ သွေးအန်ခဲ့သည်။ နောက်နှစ်လအကြာတွင် သူမသည် ထိုရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့သည်။ ဒေါသကြောင့် ဆုံးပါးသွားချိန်မှာ သူ့အမေသည် အသက်နှစ်ဆယ့်ငါးနှစ်သာ ရှိပါသေးသည်။

"ငါ နွေဦးရာသီအစ စာမေးပွဲအတွက် ပြင်ဆင်မှုတွေ ပြီးလုနီးနေပြီ။ ဒါပေမယ့် ဒါကို အဖြေရှာဖို့ လိုနေသေးတယ်”

ဟုန်ယွိက သူ့ကိုယ်သူ တွေးကြည့်သည်။ သူက စာအုပ်ကိုပိတ်ပြီး အိမ်တွင်းမှတ်စုများကို လှန်ကြည့်လိုက်သည်။

စာအုပ်မျက်နှာဖုံးက အရမ်းကို သစ်လွင်နေသော်လည်း စာရွက်တွေက အတော့ကို ဟောင်းနွမ်းနေပပြီ။ မည်သူမှ မဖတ်ဖူးသည့် စာအုပ်ဟောင်းလေးဆိုတာ သိသာပါသည်။ အဘယ်ကြောင့်ဆိုသော် အိမ်တွင်းမှတ်စုများသည် ပညာရှင် စာမေးပွဲ၏ ဂန္ထဝင်၊ ကျင့်ဝတ် သို့မဟုတ် မူဝါဒများကို ရေးသားထားသည့် စာအုပ်များ မဟုတ်သောကြောင့်ပင်။ ထိုစာအုပ်များသည် ထူးဆန်းပြီး ကြုံရာကျပန်း မှတ်သားထားသည့် မှတ်စုစာအုပ် ဖြစ်သည်။

ပညာရှင်တို့သည် ထူးဆန်းသော၊ တန်ခိုးကြီးသော၊ ဖရိုဖရဲအခြေအနေ၊ သို့မဟုတ် နတ်ဘုရားများ အကြောင်းကို မပြောခဲ့ကြပါ။ အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်နေ သူများသည် ထိုကဲ့သို့သော စာအုပ်များကို မဖတ်ကြပေ။

သို့သော် ဟုန်ယွိသည် အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်ရန် စာဖတ်နေလေသည်။

အကြောင်းမှာ ဤစာအုပ်သည် ယခင်မင်းဆက်၏ ဝန်ကြီးချုပ် လီရန်၏ မှတ်စုစာအုပ် ဖြစ်သောကြောင့် ဖြစ်သည်။ ဤစာအုပ်တွင် နတ်ဆိုးများနှင့် သရဲတစ္ဆေများအကြောင်း တာအိုဘုန်းကြီးများနှင့် အင်မော်တယ်များ၊ ပညာရှင်နှင့် မိန်းမလှများ၊ အင်မော်တယ် အမျိုးသမီးများနှင့် မြေခွေးအင်မော်တယ်များအကြောင်း ရေးသားထားသည်။

"ဒီအိမ်တွင်းမှတ်စုစာအုပ်ထဲမှာ သဘာဝလွန် သတ္တဝါတွေ၊ မြေခွေးတွေ၊ ဉာဏ်ကြီးရှင်တွေ၊ မိန်းမလှတွေ၊ အင်မော်တယ်အမျိုးသမီး အကြောင်းတွေနဲ့ ပြည့်နှက်နေပြီး၊ စာမျက်နှာ တိုင်းက တကယ်ကို ဒဏ္ဍာရီပါပဲ။ အရင်မင်းဆက်ရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ လီအတွေးခေါ် ကျောင်းတော်ကို တည်ထောင်သူက တကယ်ကို မျှော်မှန်းထားတဲ့အတိုင်းပဲ”။

“အခုချိန်မှာ လီရန်ဟာ ရှေးကျတဲ့ လူတစ်ဦး ဖြစ်သွားပေမယ့် အင်ပါယာစာမေးပွဲကနေ မွေးဖွားလာတဲ့ အင်ပါယာနန်းတွင်းက အရာရှိအများစုက သူ့ကျောင်းသားတွေပဲ။ အခု တစ်ကြိမ် စာမေးပွဲတာဝန်ခံ ကြီးကြပ်သူက သူ့လီကျောင်းက တစ်စုံတစ်ယောက် ဖြစ်နေ မှာ သေချာတယ်။ နတ်ဆိုးတွေနဲ့ သရဲတစ္ဆေအပေါ် လီရန်ဖော်ပြထားတဲ့ ဒဏ္ဍာရီ စိတ်ကူး တွေကို ရှာဖွေကြည့်နိုင်ဖို့ ကြိုးစားရမယ်။ တကယ်လို့, သူ့တပည့်တွေရဲ့ ခံစားမူတွေနဲ့ လိုက်လျောညီထွေ ရှိသွားခဲ့ရင်, ငါ သေချာပေါက် အောင်မြင်နိုင်လိမ့်မယ်”။

"အတွေးခေါ်ကျောင်းက ပညာရှင်များသည် ထူးချွန်သည်ဆိုလျှင်ပင် လေ့လာနည်းကို လောက်သာ သိနိုင်ပါသည်။ လူ့စိတ်ခံစားချက်တွေကို ကျွမ်းကျင်တတ်မြောက်ရန် ဆိုသည်မှာ စာစီစာကုံး တစ်ပုဒ်တည်းဖြင့် မသိနိုင်ပါဘူး။ အကယ်၍, သင်သည် စာစီ စာကုံးမှာ အမှန်တကယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင်ပင်, အတွေးခေါ်ကျောင်းတော်နှင့် မကိုက်ညီပါက သေချာပေါက် ဖယ်ထုတ်ခံရပါလိမ့်မည်။”

စာမေးပွဲမဖြေမီ၊ စာမေးပွဲစစ်ဆေးသူ ပညာရှင်၏ တွေးခေါ်မှု၊ အတွေးများနှင့် နှစ်သက် သဘောကျမှုများကို ရှာဖွေဖော်ထုတ်နိုင်ရန် အလွန် အရေးကြီးပါသည်။ ဟုန်ယွိက ငယ်ရွယ်သော်လည်း သူ့စိတ်က နှင်းတွေလို ကြည်လင်နေသည်။

“မိုးကောင်းကင်ရဲ့ဆန္ဒက လူတွေရဲ့ဆန္ဒဖြစ်တယ်” ဘယ်လောက် ကောင်းလိုက်လဲ။

ဟုန်ယွိသည် ပုံပြင်တစ်ပုဒ်ကို ရုတ်တရက် မြင်လိုက်၍ သေချာစွာ ဖတ်လိုက်ပါသည်။ သူ အံ့ဩသွားသည်။

ထိုပုံပြင်ဇာတ်လမ်းက ဤသို့ပင်။….

ကျေးလက်ဒေသတစ်ခုတွင်, ချွေးမနှင့် ယောက္ခမတို့ ညဘက် အိပ်ပျော်နေအချိန်မှာ နံရံက ရုတ်တရက် ပြိုကျသွားပါသည်။ အိမ်အတွင်း၌ အိပ်ပျော်နေသော ချွေးမသည် ယောက္ခမ လွတ်မြောက်ရန်အတွက် ပြိုကျနေသောနံရံကို တွန်းလှန်ရန် ခွန်အားရှိသမျှကို အသုံးပြုခဲ့ သည်။ သို့သော် သူမသည် နံရံပိပြီး သေဆုံးခဲ့ရသည်။ ချွေးမကွယ်လွန်ပြီးနောက် ယောက္ခမ အလွန် ဝမ်းနည်းသွားသည်။ ထို့ကြောင့် ရွာသားများက သူမချွေးမကို ကောင်းကင်ဘုံက မြို့တော်နတ်ဘုရားသခင်ဘွဲ့ အပ်နှင်းပေးသည့်အကြောင်း အိပ်မက်မက်ခဲ့သည်ဟုဆိုကာ နှစ်သိမ့်ပေးကြသည်။

ထိုအချိန်တွင် လီရန်နှင့် ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဤကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ချွေးမ၏ဝတ်ကြီးဝတ်ငယ် ကျေပွန်မူကို ချီးမွမ်းထိုက်သည်ဟု ထိုပညာရှင်အဖွဲ့မှ ယူဆကြ သည်။ သို့သော် နတ်ဘုရားဘွဲ့ ချီးမြှင့်သည်ဟု အသုံးပြုသော စကားမှာ ရွာသားများ၏ စကားသာ ဖြစ်သည်။

သို့သော်လည်း လီရန်သည် မတ်တပ်ထရပ်ကာ ထိုချွေးမကို နတ်ဘုရားဘွဲ့ အပ်နှင်းလိုက် ကြောင်း အခိုင်မာ ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “မိုးကောင်းကင်က မြင်ပြီးမှ, လူများ မြင်ကြသည်။ မိုးကောင်းကင်က ကြားပြီးမှ လူများ ကြားကြသည်" ဟူ၍ ကျမ်းဂန်၌ အဆိုရှိခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍, ထိုချွေးမသည် နတ်ဘုရား ဖြစ်ပြီဟု လူအများ ထင်ကြလျှင်, ဤအရာက မိုးကောင်းကင်၏ အလိုတော် ဖြစ်သည်။ ထို့နောက် သူမသည် နတ်ဘုရားဖြစ်လာလိမ့်မည်။

ထိုပညာရှင် အရာရှိများအားလုံးသည် လီရန်အား လေ့လာအကဲဖြတ်ရာတွင် အလွန် ပါးနပ်သောကြောင့် ရယ်မောခဲ့ကြသော်လည်း လီရန်က ကြီးမြတ်သော နိယာမတစ်ခုကို ပြောပြခဲ့ပါသည် "တကယ်တော့ နတ်ဘုရား တွေဟာ လူတွေရဲ့ အတွေးအမြင်ကနေ ပုံဖော်လာကြတာပဲ။ ဘုရားကျောင်းတွေမှာရှိတဲ့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ အဖန်ဖန် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကလည်း လူတွေရဲ့ နံ့သာတိုင်နဲ့ ပူဇော်မှုတွေ, လူတွေရဲ့ယုံကြည်မူကို ခံယူခဲ့ကြလို့ပါပဲ။ မူလက ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေ မရှိဘူး။ ယုံကြည်သူတွေ ပိုများပြားလာတဲ့အခါ လူတွေရဲ့အတွေးအမြင်တွေက ပေါင်းစည်းသွားပြီး၊ နတ်ဘုရားတွေနဲ့ ဗုဒ္ဓဘုရားတွေ မွေးဖွားလာကြတယ်။ နတ်ဘုရားတွေနဲ့ ဗုဒ္ဓရုပ်ပွားတွေကို ဖျက်ဆီးပစ်ဖို့က အလွန်ရိုးရှင်းပါတယ်။ သူတို့ရဲ့ ဘုရားကျောင်းတွေကို ဖျက်ဆီးပစ်လိုက် တာနဲ့ လူတွေက သူတို့ကို မယုံကြည်တော့သလို ကိုးကွယ်ဖို့ အမွှေးနံ့သာ ပူဇော် သက္ကာရတွေကိုလည်း အသုံးပြုကြမှာ မဟုတ်တော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ၎င်းတို့လည်း သဘာဝ အတိုင်း အလိုလို ပျောက်ကွယ်သွားကြလိမ့်မယ်”။ (ဤနေရာ၌ ပါသည့် အတိုင်း သင့်လျှော်မည်ထင်သလို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ မည်သည့်ဘာသာတရား မည်သည့်ကိုးကွယ်မူကိုမှ စော်ကားလို စိတ်မရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာ ဝင်တစ်ဦး ဖြစ်ပါသည်။ လက်ရှိဖြစ်ပျက်တွေလည်းမှာ ပျက်ဆီးသွားသည့် စေတီရုပ်ပွားတော် ဘုရားကျောင်းကန်များကို လူတွေအနေဖြင့် သိပ်ပြီး အလေးမထားသည်ကို တွေ့မြင် နိုင်ပါသည်။ လီရန်အနေဖြင့် ဖျက်ဆီးခိုင်းခြင်း မဟုတ်ဘဲ ဖြစ်တတ်သည့် နိယာမ သဘောတရားကို ချပြနေခြင်းဟု ကျွန်တော် ယူဆပါသည်)။

ပညာရှင်ကြီးတစ်ယောက်က ခေါင်းညိတ်ပြီး "နတ်ဘုရားတွေနဲ့ ဗုဒ္ဓဘုရားကျောင်းတွေကို ဖျက်ဆီးလိုက်ရင် လူတွေက သူတို့ကို မယုံကြည်ကြတော့ဘူး။ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ က အပြစ်ပေးလာရင်ကော ဘယ်လိုလုပ်မလဲ” ဟု မေးသည်။

လီရန်က "သူတော်စင်တွေရဲ့ စာအုပ်တွေမှာ ဖြောင့်မတ်ခြင်းတရားနဲ့ ဉာဏ်ပညာက နတ်ဘုရားတွေလို့ အဆိုရှိတယ်။ ပညာရှင်တစ်ယောက်ဟာ သူ့နှလုံးသားထဲမှာ ဖြောင့်မတ်မှန်ကန်ပြီး အတိအကျလိုက်နာနေသရွေ့ သူ့အတွေးတွေက နတ်ဘုရားတွေလို သဘာဝအတိုင်း အားကောင်းနေလိမ့်မယ်။ နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေက မင်းကို ဘယ်လိုလုပ် အပြစ်ပေးနိုင်တော့မှာလဲ။”

“ပညာရှင်တွေက ဖြောင့်မတ်ပြီး ခိုင်မာတယ်၊ သူတို့ရဲ့ အတွေးအမြင်တွေက ခိုင်မာ သန့်ရှင်းတယ်။ သူတို့က တာအိုဘာသာရဲ့ ယန်စိတ်ဝိညာဉ်နဲ့ နီးစပ်နေပြီ။ သူတို့က ကိုယ့်ကိုယ်ကို ဖော်ပြနိုင်စွမ်းမရှိဘဲ အိပ်မက်ထဲမှာသာ ပေါ်လာနိုင်တဲ့ ယန်စိတ်ဝိညာဉ် တွေနဲ့ ယှဉ်ရင် သူတို့က ပိုသန်မာပါတယ်။”

လီရန်၏ နှုတ်ထွက်စကားကို ပညာရှင်အရာရှိများ ကြားသောအခါ အားလုံးက သူ့ကို ချီးမွမ်းကြသည်။ ထို့ကြောင့် သူတို့က တာအိုဘာသာ၏ယန်စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင် ခြင်း သီအိုရီနှင့် ပတ်သက်၍ သူ့ကို မေးကြသည်။

လီရန်က ပြောသည် "ယန်စိတ်ဝိညာဉ်ဆိုတာက သူ့ရဲ့အခွံကနေခွာပြီး ခရီးသွားနိုင်တယ်။ လူတွေရဲ့မျက်လုံးက သူ့ကို မမြင်နိုင်ဘူး။ ပုံသဏ္ဍာန်မရှိသလို ထိတွေ့ကိုယ်တွယ်လို့ မရတဲ့အရာပဲ။ သူ့ရဲ့စိတ်ဝိညာဉ်က လုံးဝိုင်းပြီး၊ ၎င်းရဲ့စိတ်ဝိညာဉ်ကို ထုတ်ဖော်ဖို့အတွက် ပြင်ပအရာဝတ္ထုတွေကိုပဲ အားကိုးနိုင်တယ်။ တစ်ဖက်မှာတော့ ယန်စိတ်ဝိညာဉ်ဟာ သက်ရှိလူသားတွေနဲ့ မတူဘူး။ ဓမ္မခန္ဓာပုံစံမျိုးစုံကို ထုတ်ဖော်ပြသနိုင်ပြီး၊ ကောင်းကင်မှာ ပျံသန်းကာ မြေတွင်းထဲမှာ ထာဝရ နေထိုင်နိုင်ကြတယ်။"

ပညာရှင်အရာရှိများသည် နောက်ထပ်မေးခွန်းများကို မေးခါနီးတွင်, လီရန်က လေးနက် သည့်အသံဖြင့် ပြောသည် “ပညာရှင်တွေက လူတွေရဲ့ စားဝတ်နေရေး၊ တရားရုံး၊ စေတနာ၊ ကုသိုလ်၊ သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေပဲ ပြောနေကြတယ်။ သူတို့က နတ်ဘုရားတွေနဲ့ သရဲတစ္ဆေတွေရဲ့ ကိစ္စတွေကို လုံးလုံး လျစ်လျူရှုထားကြတယ်။ လက်ရှိ ကာလမှာ သူတို့က အရမ်းလွန်သွားပြီ။”

“နတ်ဘုရားနဲ့ ဗုဒ္ဓတွေဟာ ပထမနေရာမှာ မရှိဘူး။ သူတို့က လူတွေရဲ့ အတွေးအခေါ်နဲ့ ယုံကြည်ချက်ကနေ ပေါက်ဖွားလာတာလား။ စာအုပ်တွေရဲ့အဆိုအရ, “မိုးကောင်းကင်က ငါတို့ကို မြင်တယ်၊ လူတွေက ငါတို့ကို မြင်တယ်၊ မိုးကောင်းကင်က လူတွေပြောတာကို နားထောင်တယ်။ မိုးကောင်းကင်က လူတွေရဲ့ဆန္ဒကို လိုက်နာတယ်။ ဒီလို ရှင်းလင်းချက် မျိုး ရှိနေသေးပါသလား။ ဖြောင့်မတ်ခြင်းနဲ့ ဉာဏ်ပညာက နတ်ဘုရားဖြစ်သလား။ ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်လား..”။

ဟုန်ယွိသည် အတွေးခေါ်များ လန်းဆန်းသွားသည်ကို တွေ့လိုက်ရသည်။ ဤဇာတ်လမ်း က သူ့အတွက် လျှို့ဝှက်ဆန်းကြယ်သည့် တံခါးကို ဖွင့်ပေးလိုက်ပုံရပါသည်။

ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊

ဟုန်ယွိသည် လေးလေးနက်နက် တွေးတောနေချိန်မှာ တံခါးအပြင်ဘက်တွင် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က တံခါးလာခေါက်နေသော်လည်း အသံက အရမ်းကို ကျယ်လွန်း သည်။ တစ်စုံတစ်ယောက်က တံခါးကို ကန်နေပုံရသည်။

ဟုန်ယွိ မျက်မှောင်ကြုတ်ကာ တံခါးဖွင့်ရန် ထလိုက်သည်။

အပိုင်း (၂)။

"ဟေး ဟုန်ယွိ၊ ငါခေါ်နေတာ ကြာလှပြီ။ နင် တံခါးကို ဘာလို့ မဖွင့်တာလဲ။ ငါ တံခါးကို ကန်ဖွင့်လိုက်ရတယ်”။

တံခါးဝတွင် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့် ကောင်မလေးတစ်ယောက် ပေါ်လာသည်။ သူမသည် အဝါရောင်ဖျော့ဖျော့ သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထား သည်။ သူမမျက်နှာက ဖြူစင်ပြီး မျက်လုံးတွေက ယွန်းထည်အလားပင်။

ထိုမိန်းကလေးသည် ဇိမ်ခံအဝတ်များကို ဝတ်ဆင်ထားပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေ သော်လည်း ဟုန်ယွိကတော့ သူမနာမည်ကို ရှောင်နင်းဟု သိထားပါသည်။ သူမသည် စံအိမ်အရှေ့ဘက်ရှိ ယွန်ထျန်းအိမ်တော်၏ ဒုတိယသမီးဖြစ်သူ၏ ကိုယ်ရေးအစေခံမလေး တစ်ဦး ဖြစ်ပါသည်။

ယွန်ထျန်းအိမ်တော်သည် စံအိမ်ကြီး၏ ဒုတိယဇနီး မဒမ်ဖန်၏ နေအိမ် ဖြစ်သည်။ သူမသည် မြို့စားဝူဝမ်၏ ကိုယ်လုပ်တော် ဖြစ်သည်။ သူမ၏မိသားစုသည် ကုန်သည် တစ်ဦးဖြစ်ပြီး၊ သူမသည် တရားဝင်ဇနီးတစ်ဦး ဖြစ်လာခဲ့သည်။ သူမမှာ ငွေကြေးနှင့် အဆင့်အတန်း ရှိသည်။ စံအိမ်ကြီးမှာ သူမ၏ အဆင့်အတန်းက မဒမ်ကျောက်လောက် မမြင့်မားသော်လည်း ပြောရေးဆိုခွင့် အချို့ရှိပါသည်။

ထို့ကြောင့် ယွန်ထျန်းအိမ်တော်၏ ကျွန်များသည် အခြားသူများထက် သာလွန်သူများ ဖြစ်ကြပါသည်။

ဟုန်ယွိသည် မြို့စားစံအိမ်၏သခင်လေးတစ်ဦး ဖြစ်သော်လည်း ကွယ်လွန်သွားသော ကိုယ်လုပ်တော်၏ သားတစ်ယောက် ဖြစ်သည်။ သူ့ကို ဘယ်သူမှ အလေးအနက် မထားပါဘူး။ ထို့အပြင်၊ ပထမအိမ်ထောင်စုမှ ကျောက်ဖူရန်သည် ဟုန်ယွိကို အထင်ကြီး လေးစားခြင်း မရှိကြောင်း မြို့စားစံအိမ်မှ လူတိုင်း သိကြပါသည်။

ဟုန်ယွိ၏ လစဉ်ထောက်ပံ့ကြေးမှာလည်း အနည်းဆုံး ဖြစ်သည်။

စံအိမ်ကြီး၌ မယားသုံးယောက်၊ ကိုယ်လုပ်တော် လေးပါး၊ အိမ်စောင့်၊ အစေခံအမျိုးသမီး၊ အစေခံအမျိုးသား၊ အစောင့်များ ရှိကြသည်။ စုစုပေါင်း လူခုနစ်ရာမှ ရှစ်ရာအထိ ရှိခဲ့သည်။ လူတိုင်းမှာ ကိုယ်ပိုင်လုပ်အားခွဲဝေမှု ကိုယ်စီရှိကြသည်။ တင်းကျပ်သော အထက်အောက် အမိန့်အဆင့်ဆင့်ခွဲဝေထားသည့် တရားရုံးငယ်တစ်ခုလိုပင်။

“ငါ မင်းအတွက် ဘာလုပ်ပေးရမှာလဲ..” တံခါးဖွင့်ပြီးနောက် ဟုန်ယွိက သူ့ထိုင်ခုံပေါ်သို့ ပြန်သွားပြီး အစေခံမလေးကို မကြည့်ဘဲ သူ့စာအုပ်ကို ကောက်ယူလိုက်သည်။

ရှောင်နင်းသည် အခန်းတွင်းရှိ မီးသွေးဖိုကို ကြည့်လိုက်သည်။ အရည်အသွေး ညံ့ဖျင်းမှုကြောင့် သူမမျက်လုံးထဲတွင် အနံ့နှင့် မီးခိုးများ ဝင်ရောက်နေသည်။ သူမသည် အထင်သေးဟန်ဖြင့် နှုတ်ခမ်းမမဲ့ဘဲ မနေနိုင်ခဲ့ပါချေ။

"မနေ့က သခမင်မလေးနဲ့ မင်းသားရုန်ရဲ့ နန်းတော်က မင်းသမီး ရုန်ချွန်းက ကုချင်း တီးခတ်ပြီး ကဗျာတွေ အပြန်အလှန် ဖလှယ်ကြတယ်။ မင်းသမီး ရုန်ချွန်းက ကဗျာတစ်ကြောင်းကို ရွတ်ဆိုပေမယ့် ဆက်မရွတ်ဖြစ်ခဲ့ဘူး။ သခင်မလေးက မင်းကို မေးခိုင်းလိုက်တာ။ ဟေ့ နင် ငါပြောတာရော နားထောင်နေလား။”

ရှောင်နင်းက ဟုန်ယွိတစ်ယောက် စားပွဲဆီပြန်လာပြီး သူ့စာအုပ်ကို ပြန်ဖတ်နေသည်ကို တွေ့သောအခါ ဒေါသတကြီး အော်ပြောလိုက်ပါသည်။

"ဘာလဲ.." ဟုန်ယွိက မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာမှာ သွေးနီရောင်သမ်းနေသည်။ သူက လက်သီးတွေကို တင်းတင်းဆုပ်ပြီး ရှောင်နင်းကို ကြည့်လိုက်ပါသည်။

ရှောင်နင်းသည်လည်း ဟုန်ယွိ၏မျက်နှာတွင် သွေးနီရောင်သမ်းနေပြီး လက်သီးများကို တင်းတင်း ကြပ်ကြပ် ဆုပ်ထား ပုံကို မြင်လိုက်ရပါသည်။ သူမသည် သူမကိုယ်သူမ မထိန်းချုပ်ရုံသာမက, သူမမျက်လုံးများကို မော့ကြည့်ကာ အထင်သေးဟန်ဖြင့် ပြောသည် "နင်က သခင်လေး ဖြစ်နေရင်တောင် နင့်ကို ငါဒီလိုဘဲ ဆက်ဆံမှာပဲ။ နင် ငါ့ကို ဘာလုပ်နိုင်မှာလဲ။ လာ… ငါ့ကို လာရိုက်စမ်းပါ။” လှောင်ပြောင်သည့် အမူအရာ ထွက်ပေါ်လာသည်။

"ဘာကဗျာလဲ” တခဏတာ ဒေါသထွက်ပြီးနောက် ဟုန်ယွိသည် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပါသည်။ လက်သီးတွေကို ဖြေလျှော့ပြီး တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။

“တကယ်ကို အသုံးမကျဘူး။" ဟုန်ယွိ ထိန်းချုပ်နေသည်ကိုမြင်တော့ ရှောင်နင်းက စိတ်ထဲကနေ တိုးတိုး ပြောလိုက်သည် "မင်းသမီး ရုန်ချွန်းက သူမ ကုချင်းတီးနေတဲ့အချိန် မှာ “ဒီနေ့ ကုချင်းမတီးခင်မှာ ငါ့စိတ်နှလုံးက ရှုပ်ပွနေတယ်” လို့ ပြောလိုက်ခဲ့တယ်။ အဲဒီနောက် သူမက နောက်တစ်ကြောင်းကို ခက်ခက်ခဲခဲ တွေးနေခဲ့တယ်။ နောက်စာကြောင်းကို နင် ဖြေနိုင်မယ်လို့ မျှော်လင့်ပြီး နင့်ကိုမေးခိုင်းဖို့ သခင်မလေးက ငါ့ကို အမိန့်ပေးလိုက်တယ်။”

"ဒီနေ့ စာတစ်ရွက်မှ မလှန်ရသေးဘဲ မင်းရဲ့စိတ်တွေက ရှုပ်ထွေးနေပြီလား" ဟုန်ယွိက စဉ်းစားသည် "ကုချင်းတီးတဲ့အခါ နှလုံးသားက ရှုပ်ပွနေတယ်။ အဲဒါက လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို တည်ငြိမ်အောင် မထိန်းနိုင်လို့ပဲ။ ငါ‌ ပြောလိုက်မယ်, “ဒီစိတ်နှလုံးကို လူတစ်ယောက်က မထိန်းချုပ်ဘူးနိုင်လို့”။

“ဒီနေ့ ကုချင်းမတီးခင်, ငါ့နှလုံးသားက ရှုပ်ပွနေပြီ။ ဒီနှလုံးသားကို လူတစ်ယောက်က မထိန်းချုပ်နိုင်ဘူး။" ဟုန်ယွိသည် စာရွက်ဖြူတစ်ရွက်ကို ထုတ်ယူကာ မှင်ထူထူဖြင့် စာလုံး အက္ခရာစာကြောင်း တစ်ကြောင်း ရေးလိုက်ပါသည်။

“ဒါက ဘာလဲ?"

ရှောင်နင်းသည် စာရွက်ပါ စာလုံးများက ပျံသန်းနေသော နဂါးများ, မြွေများနှင့်တူကြောင်း သိမြင်နိုင်သည်။ အနည်းငယ်သာ စာဖတ်တတ်ပြီး စကားလုံးအနည်းငယ်ကိုသာ သိသော သူမလိုအစေခံမလေးသည် မည်သို့ မှတ်မိနိုင်မည်နည်း။

“မင်းက အစေခံတစ်ယောက်လေ။ မင်းက စာမှမတတ်တာ။ မင်းက ဘာလို့ ဒီလောက် မေးခွန်းအများကြီး မေးနေတာလဲ။" ဟုန်ယွိက အေးစက်စွာ ပြောပြီး "စာရွက်ကို ပေးလိုက်သည်”။

ရှောင်နင်းသည် သူမကို စာမတတ်ကြောင်းပြောချိန်မှာ ဟုန်ယွိ၏မျက်လုံးထဲမှ အကြည့်ကို မြင်လိုက်ရသည်။ သူမ၏ လက်ဆစ်တွေက ဖျောက်ခနဲ နှစ်ကြိမ်မြည်သွားပြီး၊ သူမသည် ကိုယ်ခံပညာတော်ကြောင်း ပြသလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူမသည် စူးရှသော အကြည့်ဖြင့် ကျော်ကြည့်လိုက်သည်။

ရှင်းနေပါသည်။ ဤရှောင်နင်းသည် ကိုယ်ခံပညာကို လေ့ကျင့်ထားပါသည်။

“ဒီဟုန်ယွိက ကြက်တစ်ကောင်ကို ကိုင်တွယ်ဖို့တောင် ခွန်အားမရှိတဲ့ အားနည်းတဲ့ ပညာရှင်တစ်ယောက်ပဲ။ ဒါပေမယ့် သူ ဘာလို့ မကြောက်ရတာလဲ။ ငါက သခင်မလေးနဲ့ အတူ သိုင်းပညာကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ခဲ့ပြီး၊ သာမန်လူတွေရှေ့မှာ စွမ်းအားရှိတယ်။ ဒီဟုန်ယွိက သခင်လေးတစ်ဦး ဖြစ်ပေမယ့် မြို့စားစံအိမ်ရဲ့ အိမ်ဦးစီး ဖြစ်တဲ့ ပထမမဒမ်က သူ့ကို မကျဘူး။ သူ့ကို အနိုင်ကျင့်ရင်တောင် ဆူပူကြိမ်းမောင်း ရုံလောက်ပဲ ဖြစ်လိမ့်မယ်။ ဒါ့အပြင်၊ ငါက မကြာသေးခင်ကမှ ချင်းနာပညာရပ်ကို (ဖမ်းဆုပ်ခြင်းပညာရပ်)ကို လေ့လာထားတာ။ တစ်စုံတစ်ယောက်ကို ဖမ်းဆုပ်လိုက်ရင် ရက်အနည်းငယ်ကြာ နာကျင်ခံစားရပေမယ့် သူတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို ထိခိုက်ဒဏ်ရာရစေမှာ မဟုတ်ဘူး...”။

ရှောင်နင်း၏ မျက်လုံးများက ထူးထူးခြားခြား မကောင်းကြံလိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူမသည် ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ ဟုန်ယွိထံမှ စာရွက်ကို ယူရန် ဟန်ဆောင်လိုက်သည်။ သို့သော် သူမစိတ်ထဲတွင် ဟုန်ယွိ၏လက်ကို ဖယ်ဆုပ်ကိုင်ပြီး၊ ရက်အနည်းငယ်ကြာ နာကျင်စေမည့် လိမ္မာပါးနပ်သော နည်းစနစ်ကို အသုံးပြုရန် စီစဉ်နေပါသည်။

“မင်း ငါ့ကို တိုက်ခိုက်ရဲလား။ လီသုံးထောင်အထိ ပြည်နှင်ဒဏ်ပေးခံရမှာ မကြောက်ဘူး လား"

ရှောင်နင်းသည် ခြေလှမ်းလှမ်းခါနီးတွင် ဟုန်ယွိက ရုတ်တရက် တင်းမာသောအသံဖြင့် ပြောလိုက်သည်။

"တော်ဝင်ချန်မင်းဆက်ဥပဒေအရ ပညာတော်သင် ဂုဏ်ထူးဆောင်တစ်ဦးကို ရိုက်နှက်ခြင်းက လီသုံးထောင် ပြည်နှင်ဒဏ်ပေးခံရမယ်နော်။ အမှားမလုပ်မိစေနဲ့။'

ဟုန်ယွိ၏ ရုတ်တရက် တင်းမာသော အသံကြောင့် ရှောင်နင်းသည် သူမ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

"နင့်ကို ဘယ်သူက တိုက်ခိုက်ချင်လို့လဲ။ ငါ စာရွက် လာယူတာလေ။ နင်က သခင်လေးပဲ။ အစေခံတစ်ယောက်အနေနဲ့ နင့်ကို ငါ ဘယ်လိုလုပ် ဒေါသထွက်ရဲမှာလဲ။" ရှောင်နင်းသည် နောက်ပြန်ဆုတ်ကာ လက်ကိုဆန့်ပြီး စာရွက်ကိုယူကာ လှည့်ထွက်သွားတော့သည်။

"ဟမ့်၊ ကြက်တစ်ကောင်ကို ချုပ်နှောင်ဖို့တောင် ခွန်အားမရှိပဲ ကဗျာနဲ့ စာသား ရေးစပ် နည်းလောက်ပဲသိတဲ့ အသုံးမကျတဲ့ ပညာရှင်ကများ..”။

ရှောင်နင်းသည် သူမစိတ်ထဲတွင် ကျိန်ဆဲပြီး အခန်းထဲက ထွက်လာခဲ့သည်။ ဟုန်ယွိက အခုနက ကြောက်လန့်သွားသော်လည်း, သူ့စိတ်ထဲမှာ မည်သို့ ဝန်ခံနိုင်မည်နည်း။

“ဟင်း….....

ရှောင်နင်း ထွက်သွားသည်ကို မြင်ပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်ကြီးတစ်ချက် ထုတ်လိုက်သည်။ “သေချာပါတယ်၊ လူဆိုးတစ်ယောက်နဲ့ ကြုံတွေ့ရခြင်းက တစ္ဆေ တစ်ကောင်နဲ့ အတူတူပါပဲ။ မင်း ပျော့ညံ့နေလို့မရဘူး။ မင်း အားနည်းရင် တစ်မိုင်လောက် ကတောင် ကြောက်နေရလိမ့်မယ်။ မင်း သန်မာရင် မင်းအနားကို ဘယ်သူမှ လာရဲမှာ မဟုတ်ဘူး။ ဒီအိမ်တွင်းခန်းမ မှတ်စုစာအုပ်က လူတစ်ယောက်အတွက် သရဲတစ္ဆေကို ဥပမာအဖြစ် အသုံးပြုထားပေမယ့် ဒါက ကြီးမြတ်တဲ့နိယာမတစ်ခုပဲ”။

ဟုန်ယွိသည် နောက်တစ်ကြိမ်ထိုင်ကာ သူအရင်က ဖတ်ခဲ့ဖူးသော ဇာတ်လမ်းတစ်ပုဒ်ကို လှန်ကြည့်လိုက်သည်။ သူသည် အမှတ်အသားပြုရန် သူ့စုတ်တံကို အသုံးပြုသည်။

သူ ထိုဇာတ်လမ်းကို ဖတ်တော့မည့်အချိန်မှာ ညနက်သန်းခေါင်ယံဖြစ်ပြီး ဇာတ်လမ်းက သရဲတစ္ဆေတစ်ကောင်နဲ့ ကြုံတွေ့ရသည့် ဇာတ်လမ်းဖြစ်ပါသည်။ တစ္ဆေက သူ့ကိုယ်သူ ကိုယ်ထင်ပြပြီး လီရန်ကို ကြောက်လားဟု မေးမြန်းသည်။ လီရန်က ချက်ချင်းပင် တင်းမာစွာ ပြောသည် “ငါ မကြောက်ဘူး”။ သရဲတစ္ဆေက ထပ်မေးလာချိန်မှာ လီရန်၏ အသံက ပို၍ပင် ကျယ်လောင်လာသည်။ နောက်ဆုံးတွင် သရဲက "မင်း ငါ့ကို ကြောက်တယ်လို့ပြောရင် ငါ ချက်ချင်း ထွက်သွားမယ်၊ မင်းကို ငါ မနှောင့်ယှက်တော့ဘူး” ဟု ပြောလိုက်ပါသည်။ လီရန်က "ငါ မကြောက်ဘူး၊ ငါ မကြောက်ဘူး" ဟု ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။ နောက်ဆုံးတွင်, ထိုသရဲသည် ပျောက်ကွယ်ဖို့ကလွဲပြီး ရွေးချယ်စ ရာ မရှိတော့ပါဘူး။

နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က လီရန်ကို “မင်းမှာ ဘာတာအို မှော်ပညာမှ မရှိဘူး။ ပြီးတော့ သရဲတစ္ဆေတွေကို ကုသလို့ရနိုင်ဘူး။ မင်း ဘာလို့ အလျှော့ပေးပြီး ကြောက်တယ် လို့ မပြောလိုက်တာလဲ။ တကယ်လို့ အဲဒီတစ္ဆေသရဲက မင်းကို တကယ် ထိလာရင်၊ မင်း ဘာလုပ်မလဲ။”

လီရန်က ပြောသည် "အတိအကျပြောရရင်, ငါ ဘာတာအိုမှော်ပညာကိုမှ မသိသလို သရဲတစ္ဆေတွေကိုလည်း မကုသနိုင်လို့ ငါ မကြောက်တာပဲ။ တကယ်လို့, ငါသာ ကြောက်နေရင်, အသက်ရှုကြပ်ပြီး သူက ငါ့ကို တကယ် ထိုးသတ်သွားလိမ့်မယ်”။

"ဘယ်လောက်တောင် ကောက်ကျစ်တဲ့ လူဆိုးကြီးလဲ၊ တကယ့်ကို တစ္ဆေတစ်ကောင်လိုပဲ”

ဟုန်ယွိသည် ဇာတ်လမ်းကို ပြန်ဖတ်ပြီး၊ သူ အခုလေးတင် ကြုံတွေ့ခဲ့ရသည့် အစေခံမလေး ရှောင်နင်းအကြောင်းကို တွေးလိုက်မိပါသည်။ လူဆိုးတစ်ယောက်က တကယ်ကို သရဲတစ္ဆေတစ်ကောင်ဟု သူ ခံစားလိုက်ရပါသည်။ အကယ်၍, အခုနက သူသာ သူမကို ကြောက်လန့်နေမည်ဆိုလျှင်, သူမသည် သူ့ကို တကယ်တိုက်ခိုက်ဖို့ သတ္တိရှိသွား နိုင်ပါသည်။

"ဒါပေမယ့် ခြောက်လှန့်တာက ငါသွားရမယ့် နည်းလမ်းတစ်ခုတော့ မဟုတ်ဘူး။ ငါ ကိုယ်ခံပညာ လေ့ကျင့်ဖို့ လိုနေသေးတယ်။ ပညာရှင်တစ်ယောက်က လေးမြှားပစ်တာ လောက်တော့ ကျွမ်းကျင်ထားရမယ်။ အဲဒါမှ ပညာရှင် အစစ်လို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် ငါ့မှာ တကယ်ကို လုပ်ဆောင်နိုင်စွမ်း မရှိဘူး။ နည်းလမ်းတစ်ခုတော့ စဉ်းစားရ မယ်။”

ဟုန်ယွိသည် ကိုယ်ခံပညာကို လေ့ကျင့်လိုသည်မှာ ကြာပြီဖြစ်သော်လည်း စွမ်းဆောင်နိုင် စွမ်း မရှိပေ။

လေးပစ်လေ့ကျင့်ရန်အတွက် မြင်းကောင်းတစ်ကောင်သည် ရွှေစတစ်ထောင် တန်ဖိုးရှိပြီး လေးကောင်း တစ်စင်းမှာ လည်း ရွှေစတစ်ရာ တန်ဖိုးရှိလေသည်။ အကယ်၍, သူသည် ထိုအရာတွေ မလိုဘူးဆိုလျှင်ပင်, သူသည် အနီးကပ် လေ့ကျတိုက်ခိုက်ရန် ဆရာ တစ်ယောက်ငှားဖို့ လိုပါလိမ့်မည်။ ဤအရာအားလုံးက ဟုန်ယွိ မလုပ်နိုင်သည့် အရာတွေ ချည်း ဖြစ်နေပါသည်။

မြို့စားစံအိမ်ကြီးထဲတွင် အစွမ်းထက်သည့် အစောင့်များ ရှိနေသော်လည်း ဟုန်ယွိနှင့် ထိတွေ့ဆက်ဆံပြီး၊ ပထမမဒမ်ကို မည်သူက စော်ကားလိုမည်နည်း။

"တော်ဝင်ချန်မင်းဆက်ကို တည်ထောင်တုန်းက သူတို့ရေးခဲ့တဲ့ စာအုပ်ကောင်း နှစ်အုပ် အကြောင်း ငါ ကြားဖူးတယ်။ တစ်အုပ်က 'သိုင်းကျမ်း'ပဲ။ နောက်တစ်ခုက တာအိုကျမ်းစာ တဲ့။ ဒီစာအုပ်တွေက သိုင်းပညာနဲ့ ကျင့်ကြံမှုအကြောင်း ပြောပြထားတယ်။ ဒီစာအုပ်တွေ ထဲမှာ စကားလုံးပေါင်း သန်းနဲ့ချီပြီး ရှိတယ်။ ကံမကောင်းစွာပဲ, ဒီစာအုပ်တွေက တားမြစ် စာအုပ်တွေ ဖြစ်လာခဲ့တယ်။ ငါသာ ငှားရမ်းပြီး ကူးယူနိုင်ရင် အရမ်းကောင်းမှာပဲ။”

ဟုန်ယွိသည် လေးလေးနက်နက် တွေးနေမိပါသည်။

အခန်း (၃)။

ဘန်း၊ ဘန်း၊ ဘန်း၊

လေးညှို့ကြိုးသံက သုံးကြိမ်တိုင်တိုင် အသံထွက်ပေါ်ပြီး လေထဲက စုတ်ပြဲသွားသည်။ မြှားသည် ကြယ်တစ်ပွင့်နှင့်တူပြီး ခြေလှမ်းနှစ်ရာအကွာ ပစ်မှတ်၏ အလယ်ဗဟိုကို တိုက်ရိုက် ထိမှန်သည်။

တစ်ချိန်တည်းမှာပင်၊ သံမဏိမြှားသည် ပစ်မှတ်၏ အလယ်ဗဟိုကို ဖြတ်၍ တစ်ဖက်စွန်းမှ ထွက်လာသည်။ ယင်းက လေးသမား၏ ကြီးမားသော ခွန်အားနှင့် တိကျသော မျက်လုံးများကို ပြသနေခဲ့သည်။

"ညီမ ရွှေ့ကျောင်း၊ မင်းက တကယ်ကို ဂျင် ၁၂၀ လေးပြီး ခိုင်ခံ့တဲ့လေးကို ဆွဲထုတ်ကာ၊ ရှေ့ဆင့် နောက်ဆင့် ဆက်တိုက် ပစ်နိုင်ခဲ့တယ်။ 'သိုင်းကျမ်းထဲ'မှာဆို ဒါကို ကျားရဲ့ ခွန်အားလို့ ခေါ်တယ်။ ဒီလေးပစ်စွမ်းရည်အဆင့်က, စစ်တပ်ထဲက စစ်တပ်အရာရှိတွေ တောင် ဒီလိုစွမ်းရည်မျိုး မရှိဘူး။ မင်းရဲ့ကိုယ်ခံပညာက ဆဲလ်အလွှာတွေကို သန့်စင်ပြီး အရိုးတွေကို သန်မာစေတဲ့အဆင့်ကို ရောက်နေပြီလို့ ထင်ရတယ်။ မင်းကို သိုင်းပညာရှင်လို့ ခေါ်ဆိုနိုင်ပြီ။ ဒါပေမယ့် မင်းက မိန်းကလေးတစ်ယောက်နော်။ တစ်နေ့လို့ မြင်းစီးတာ၊ မြှားပစ်တာ၊ လက်သီးထိုးတာတွေနဲ့ အချိန်ကုန်နေတာဆိုတော့, နည်းနည်းတော့ မကောင်းဘူးပေါ့။”

ခြေလှမ်းငါးရာ အဝိုင်းပတ်ရှိသော ကိုယ်ခံပညာလေ့ကျင့်ကွင်း တစ်ခုတွင် အသက် နှစ်ဆယ်ခန့်ရှိ မိန်းကလေး တစ်ဦးသည် သန့်စင်သော နှင်းဖြူရောင် အဝတ်စားများကို ဝတ်ဆင်ထားကာ၊ သူမခေါ်ပေါ်တွင် အနီရောင်ပုဝါကို လွှမ်းခြုံထားပြီး၊ သူမလေးကို လပြည့်ဝန်းပုံစံအထိ ဆွဲတင်ကာ မြှားသုံးစင်းကို ဆက်တိုက်ပစ်လိုက်ပါသည်။ သူမသည် အေးဆေးတည်ငြိမ်သည့် ကိုယ်နေဟန်ရှိသည်။

သူမသည် အလွန်ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း အေးစက်သော လေထဲတွင် အေးခဲနေသော မြေပြင်ပေါ်၌ လုံးဝ အေးစက်ခြင်း မရှိပေ။

သူမသည် မြို့စားအိမ်တော်၏ ဒုတိယအိမ်တော်ဌာနခွဲမှ မြို့စား၏သမီး ဟုန်ရွှေ့ကျောင်း ဖြစ်သည်။

သူမဘေးတွင် အကောင်းစား ပိုးထည်အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် ရပ်နေ၏။ ဤလူငယ်သည် ကြိုးကြာငှက်ကဲ့သို့ အရပ်ရှည်ပြီး၊ သွယ်လျကာ၊ မျက်လုံးများက ကြယ်များကဲ့သို့ပင်။

"ငါ့တို့ တော်ဝင်ချန်မင်းဆက်က ကိုယ်ခံပညာနဲ့ နိုင်ငံကို တည်ထောင်ခဲ့တာ။ မင်းဆက် စတင် တည်ထောင်စဉ် ကတည်းကဆို နှစ်ပေါင်းခြောက်ဆယ် ရှိ‌ခဲ့ပြီး၊ လူတွေရဲ့ ယဉ်ကျေးမှုက ထွန်းကားလာကာ၊ ကိုယ်ခံပညာတွေက တဖြည်းဖြည်း ဆုတ်ယုတ်လာပေမယ့်၊ ဧကရာဇ် မင်းမြတ်က ကိုယ်ခံပညာကို တန်ဖိုးထားဆဲ ဖြစ်တယ်။ မဟုတ်ရင်, နွေဦးနဲ့ ဆောင်းဦး ရာသီမှာ, ဘာလို့ သူ အမဲလိုက်ထွက်မှာလဲ။ ဒါက တကယ်ကို အပျော်သက်သက်ပဲလား။ အမဲလိုက်ခြင်းက ကိုယ်ခံပညာလေ့ကျင့်ခြင်း ဖြစ်နေမှာ ငါ ကြောက်မိတယ်။ မှူးမတ်တွေနဲ့ တော်ဝင်မိသားစုတွေက ရော ကိုယ်ခံပညာကို မေ့ထားကြလို့လား ပြောစမ်းပါဦး”။

ဟုန်ရွှေ့ကျောင်းသည် လေးညှို့ကြိုးကို ထပ်မံ စမ်းသပ်ပြီး လပြည့်ဝန်းအနေထားထိ အလွယ်တကူ ဆွဲတင်လိုက်ပါသည်။ "ဤအဖြူရောင် နွားသိုးလေးသည် အဆင့်မြင့်လေး ဖြစ်ပြီး၊ ကီလိုဂရမ် ၁၄၀မှ ၁၅၀ ခန့်အထိ ကြံ့ခိုင်မူရှိသော်လည်း၊ ၎င်းသည် သူမအဖေ၏ ကြယ်ချွေလေးနှင့် ဝေးပါသေးသည်။

"သေချာသည်မှာ၊ ဝူဝမ်မြို့စား၏ ကြယ်ချွေလေးသည် သံမဏိကောင်းဖြင့် ပြုလုပ်ထားပြီး လေးညို့ကိုမူ ကော်ထဲမှာ ဆယ်နှစ်ကြာစိမ်ထားသည့် ဧရာမစပါးအုံးမြွေကြီး၏ အရွတ်ဖြင့် ပြုလုပ်ထားပါသည်။ ၎င်းလေးသည် ကျောက်တုံးကိုးလုံး၏ အစွမ်းရှိပြီး၊ ခြေလှမ်း တစ်ထောင် အကွာအဝေးအထိ ပစ်ခတ်နိုင်ပါသည်။ လူတစ်ယောက်၏ ကိုယ်ခံပညာသည် နှင်းခဲသဖွယ် ချဉ်ဆီသန့်စင်ခြင်း လေ့ကျင့်ရေးနယ်ပယ်, သန့်စင်သောပြဒါးသဖွယ် သွေးသန့်စင်ခြင်း လေ့ကျင့်ရေး နယ်ပယ်သို့ ရောက်ရှိမှသာလျှင်, လပြည့်ဝန်းအနေထား အထိ ဆွဲတင်နိုင်ပါလိမ့်မည်။ ဤကမ္ဘာပေါ်တွင် လက်သီးနည်းစနစ်ဖြင့် သိုင်းသူတော်စင် အဆင့် ရောက်ရှိသူ လူအနည်းငယ်လောက်ဘဲ ရှိနေမှာပင် စိုးရပါသည်။” (ကျောက်တုံး တစ်တုံးသည် ကီလိုဂရမ် ၁၀၀ ရှိကြောင်း ရှေ့မှာ ရေးပြီးပါပြီ)။

သေသပ်လှပစွာ ချုပ်ထားသည့်ဝတ်စုံဝတ် လူငယ်က ပြုံးပြီး ပြောသည်။ "ဒါပေမယ့်, တော်ဝင်ချန်မင်းဆက်ဟာ စာပေပုံစံတွေနဲ့ ဖွဲ့ဖြိုးတိုးတက်လာခဲ့ပြီး၊ စာပေပညာရှင် အရာရှိတွေက တရားရုံးကို ချုပ်ကိုင်ထားတယ်ဆိုတာ မင်း သိပါတယ်။ မြို့စားရဲ့ ကိုယ်ခံပညာအဆင့်နဲ့တောင်, သူငယ်ရွယ်စဉ်က ဝန်ကြီးချုပ်လီရန်ရဲ့ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရတယ်။ နောက်ဆုံးမှာ သူက ဒေါသထွက်သွားပြီး၊ သိုင်းပညာကို စွန့်လွှတ်ကာ၊ စာပေ လောကထဲ ဝင်ရောက်ခဲ့ တယ်။ သူဟာ အင်ပါယာစာမေးပွဲတွေမှာ တတိယပန်းတစ်ပွင့် ဖြစ်လာခဲ့တာကြောင့် ထိပ်တန်းရောက်အောင် တက်လှမ်းနိုင်ခဲ့တယ်။ မဟုတ်ရင်, သူလည်း ငါ့အဖေ မြို့စားကြီးလို အိမ်မှာပဲ တည်ငြိမ်စွာ ထိုင်နေရလိမ့်မယ်”။

ဝူဝမ်မြို့စား၏ စံအိမ်အတွင်းမှာ မြို့စားဟုန်ရွှန်ကျိ၏ လူငယ်ဘဝကကိစ္စကို မည်သူမျှ မပြောရဲကြသော်လည်း၊ ထည်ဝါစွာ ချုပ်ထားသည့် အဝတ်စားနှင့် ဤလူငယ်သည် လွယ်လွယ်ကူကူ ပြောနေသည်။ ထင်ရှားသည်မှာ သူ၏ကိုယ်ရေးအချက်လက်သည် သာမန် မဟုတ်ပေ။

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသည့် ထိုလူငယ်မှာ မြို့စားကြီး၏ တရားဝင် ဇနီး၏ သားအကြီးအဆုံး ကျင်းယုရှင်း ဖြစ်ပါသည်။

တော်ဝင်ချန်မင်းဆက်၏ မြင့်မြတ်မူအဆင့်တန်းအရ, မြို့စားကြီး၊ မြို့စားတို့ကို ထည့်တွက်ကြသည်။ မြို့စားကြီးဘွဲ့သည် မြို့စားထက် သာလွန်ပါသည်။ သို့ရာတွင် မြင့်မြတ်သောဘွဲ့သည် မြင့်မြတ်သောဘွဲ့တစ်ခုသာ ဖြစ်ပြီး၊ အင်ပါယာတရားရုံး၏ တရားဝင်ရာထူးသည် အင်ပါယာတရားရုံး၏ တရားဝင်ရာထူးသာ ဖြစ်ပါသည်။ မြို့စားဝူဝမ် ဟုန်ရွှန်ကျိသည် အင်ပါယာစာမေးပွဲတွင် တတိယရထားသူသောကြောင့် သူသည် အင်ပါယာတရားရုံးသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ဩဇာသည် သခင်လီထက်ပင် ကြီးမားသည်။

"နင် ဒီအကြောင်း မပြောဘဲ မနေနိုင်ဘူးလား။ နင်တို့မိသားစုက မြင့်မြတ်ဆုံး ဘွဲ့တစ်ခုကို ပိုင်ဆိုင်နေပြီလေ။ နင်သာ နောက်တစ်လှမ်း လှမ်းနိုင်ခဲ့ရင်, နင်က ဧကရာဇ်မင်းမြတ်နဲ့ မျိုးရိုးမတူတဲ့ မင်းသားတစ်ပါး ဖြစ်လာလိမ့်မယ်။ တကယ်လို့, နင်သာ တရားရုံးမှာ ပါဝင်နေ ရင်, တော်ဝင်မိသားစုတွေ စိတ်မချမ်းမသာ ဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်။" ဟုန်ရွှေ့ကျောင်းက ပြုံးလိုက်သည်။

“အဓိပ္ပာယ်မရှိတာ မပြောနဲ့။” ထိုစကားကိုကြားတော့ ကျင်းယုရှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား ပါသည်။ သူသည် တစ်စုံတစ်ယောက် ကြားသွားမည်ကို ကြောက်ရွှံ့နေသည့်အလား သူ့မျက်လုံးတွေက ချက်ချင်း ဆိုသလို လှည့်ပတ်ကြည့်လိုက်ပါ သည်။

"ကောင်းပြီ၊ ငါ ဒီအကြောင်း မပြောတော့ဘူး။ ဟုန်ရွှေ့ကျောင်း ပြုံးလိုက်သည်။ "ဒါပေမယ့် နင် ငါ့ကို တစ်နေ့လုံး မြင်းစီး၊ မြှားပစ်၊ လက်သီးထိုး, တုတ်နဲ့ ကစားနေတယ်လို့ ထပ်ပြော ပြန်ပြီ။ မိန်းကလေးဆိုတိုင်း နူးညံ့သိမ်မွေ့ ရမှာလား။ လွန်ခဲ့တဲ့အနှစ်ခြောက်ဆယ်က တော်ဝင်ချန်မင်းဆက်က တော်ဝင်ကျိုးမင်းဆက်ကို ဖျက်ဆီးပြီး၊ ကျောက်စိမ်းမြို့တော်ထဲ ဝင်ရောက်လာချိန်မှာ စွမ်းအားမဲ့ မင်းသားတွေ, မင်းသမီးလေးတွေ ဘာဖြစ်သွားခဲ့လဲ နင် သိလား။ မုဒိမ်းကျင့်ခံရသူ မုဒိမ်းကျင့်ခံရ၊ သတ်ဖြတ်ခံခဲ့ရသူ သတ်ဖြတ်ခံရနဲ့ အသက်ရှင် ကျန်ရစ်သူ အနည်းငယ်ကို လည်း ဖမ်းဆီးပြီး စစ်စခန်းကို ပို့လိုက်ကြတယ်။ သူတို့မှာ ထွက်ပြေး လွတ်မြောက်ဖို့ ခွန်အားတောင် မရှိခဲ့ဘူး။ တော်ဝင်ချန်မင်းဆက်က အခုအချိန် မှာ ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာပေမယ့် အရှေ့ဘက်မှာ ယွန်မင်အင်ပါယာ၊ အနောက်ဘက်မှာ ဟွာလျိုအင်ပါယာ၊ တောင်ဘက်မှာတော့ ကျွန်းအင်ပါယာများစွာနဲ့ မြောက်ဘက်မှာ ယွန်တူးမင်းဆက်တို့ ရှိနေတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ယွန်မင် အင်ပါယာရဲ့ မြင်းတပ်ဟာ ကျောက်စိမ်းမြို့တော်ကို ရောက်ရှိလာခဲ့တယ်။ သူတို့ကို တွန်းလှန်နိုင်ခဲ့ပေမယ့် အန္တရာယ်အတွင်းကနေ သီသီလေး လွတ်မြောက်ခဲ့ရတာ။ အရပ်ဘက် အရာရှိတွေနဲ့ အခြားအရာတွေအနေနဲ့က တရားရုံးကနေ သူတို့ကို ကမ္ဘာပေါ်ရှိ ပြည်သူတွေ ကျေနပ်စေရုံလောက်သာ လိုလားကြတာ။ ဝန်ကြီးချုပ်ဟောင်း လီရန်ဟာ ကမ္ဘာကြီးကို အုပ်စိုးထားနိုင် ပေမယ့်လည်း သူကွယ်လွန်ပြီးနောက်၊ ဘာဘွဲ့တစ်ခုမှ မရရှိခဲ့ တဲ့အပြင် သူ့သားမြေးမြစ်တွေလည်း ဘာမျက်နှာပေးမူ ကိုမှ မရရှိခဲ့ဘူး။”

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းနဲ့ ဒီအကြောင်း ထပ်စကားမပြောချင်တော့ဘူး။ ဒါပေမယ့် မင်း အများကြီး ပြောပြီးသွားပြီ။ ရွှေ့ကျောင်း, မင်းက သူရဲကောင်းတစ်ယောက်ပဲ။ မင်းက ငါတို့လိုမုတ်ဆိတ်ရှည် အမျိုးသားကြီးတွေ ကို အရှက်ရအောင် လုပ်နေတယ်။" ကျင်းယုရှင်း ပြုံးလိုက်သည်။ "ဒါပေမယ့် ဒီနေ့ မင်းအတွက် ငါ့မှာ လက်ဆောင်တစ်ခု ရှိတယ်”

"ဘာလက်ဆောင်လဲ?" ဟုန်ရွှေ့ကျောင်းက မေးသည်။

ကျင်းယုရှင်းက လက်ခုပ်တီးပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဝေးမှ ချက်ချင်း လျှောက်လှမ်း လာသည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်များသည် သူ့ဒူးအထိ ရောက်ရှိနေပြီး၊ သူလျှောက်လှမ်းရာတွင် တည်ငြိမ်ပြီး အားမန်အပြည့်ရှိသည်။ သူ့မျက်လုံးတွေက အုံ့မှိုင်းနေပုံပေါက်သော်လည်း တကယ်ကို ထက်မြက်ပြီး နက်ရှိုင်းပါသည်။ သူက ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မှာ ထင်ရှားပါသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အဝေးမှလျှောက်လာပြီးနောက်, သူ့ကျောပေါ်မှ အထုပ်တစ်ထုပ်ကို ဖြေလိုက်ပါသည်။ ကျင်းယုရှင်းသည် ထိုအထုပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

စာအုပ်မျက်နှာဖုံးတွင် "ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီး" ဟူသော စာလုံးများ ပါရှိနေပါသည်။

"ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးလား" ဟုန်ရွှေ့ကျောင်း၏ မျက်လုံးများသည် သူမ မြင်လိုက်ရသောအခါ အံ့ဩသွားသည်။ "ဒါက ကျုုံ့ကျိုးပြည်နယ် ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ကိုယ်ခံပညာစာအုပ်ပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒိုင်ဇင်ဘုရားကျောင်းဟာ ငါတို့မင်းဆက်ရဲ့ ဖျက်ဆီးခြင်းခံရပြီးနောက် မရေမတွက်နိုင်တဲ့ လျှို့ဝှက်ကိုယ်ခံ ပညာစာအုပ်တွေ နေရာအနှံ့ ပြန့်ကျဲသွားခဲ့တယ်။ အားလုံးကလည်း လျှို့ဝှက်လက်သီး ပညာရပ်တွေပဲ။”

“ဟုတ်တယ်၊ ဒါက ဒိုင်ဇင်ဘုရားကျောင်းက ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပဲ။ ကျင်းယုရှင်း ပြုံးလိုက်သည်။

"ဒါက ကမ္ဘာပေါ်မှာ အရိုးပုံသွင်းခြင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကျဆုံး စာအုပ်တစ်အုပ် ဖြစ်တယ်။ စုစုပေါင်း အညွှန်း ၂၀၆ ခုရှိပြီး၊ ခန္ဓာကိုယ်ထဲက အရိုးပေါင်း ၂၀၆ ခုကို လေ့ကျင့်ပေးနိုင်တယ်။ ဒီစာအုပ်တစ်အုပ်ပဲ ဒီကမ္ဘာပေါ်မှာ အရိုးပုံသွင်းခြင်းနဲ့ပတ်သက်ပြီး၊ အသေးစိတ်အကျဆုံး စာအုပ်ဖြစ်တယ်။ ကျန်တဲ့အရိုးပုံသွင်ခြင်းစာအုပ်တွေမှာ အညွန်း ၂၀၆ ခု မရှိဘူး”။

ဟုန်ရွှေ့ကျောင်း၏ ကိုယ်ခံပညာများသည်လည်း ပြီးပြည့်စုံနေခဲ့ပြီ။ သူမသည် စာအုပ်ကို လှည့်ကြည့်လိုက်ရင်း, သူမမျက်လုံးတွေက ပို၍ပင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အရိုးပေါင်း ၂၀၆ ခု ရှိသည်။ တခြား ကိုယ်ခံပညာရပ်များ သည် အရိုးများကို တစ်ခုပြီးတစ်ခု လေ့ကျင့်၍ မရပေ။ ဒိုင်ဇင်ဘုရားကျောင်းမှ ကျား နတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ်သာလျှင် ၎င်းတို့အားလုံးကို လေ့ကျင့်နိုင်မည် ဖြစ်သည်။

ဤစာအုပ်သည် ရွှေဒင်္ဂါးတစ်ထောင်ဖြင့်ပင် ဝယ်ရခက်ပါသည်။

"ဒီစာအုပ်က တော်ဝင်စာကြည့်ခန်းရဲ့ ထင်းရူးကြိုးကြာတောင်ခြေမှာ မင်းသားချန်နဲ့ငါ တွေ့ရှိခဲ့တဲ့ လျှို့ဝှက်စာအုပ်ပဲ။ ငါတို့က တိတ်တဆိတ် ကူးယူထားတာ။ တခြားသူတွေ မမြင်စေနဲ့။" ကျင်းယုရှင်းက လက်နောက်ပစ်ထားရင်း မှာကြားသည်။ ကျုုံ့ကျိုးပြည်နယ် ဒိုင်ဇင်ဘုရားကျောင်းက သန့်ရှင်းတဲ့ ကိုယ်ခံပညာဆိုင်ရာ နယ်မြေတစ်ခုဖြစ်ပြီး၊ ဇင် ဘိုးဘေးကျောင်းတော် ဖြစ်ခဲ့တယ်။ ကံမကောင်းစွာဘဲ သူတို့က ယခင်မင်းဆက် အကြီးအကဲတွေနဲ့ ပူးပေါင်းကာ ပုန်ကန်ခဲ့ပြီး၊ ငါတို့မင်းဆက် စစ်တပ်ရဲ့ ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ဘုရားကျောင်းက ခမ်းနားပြီး ကျွမ်းကျင်သူတွေနဲ့ ပြည့်နှက်နေခဲ့ကြောင်း ကြားသိဖူးပေမယ့် ယခုအခါမှာတော့ ပါးလွှာတဲ့လေထုထဲမှာ ပျောက်ကွယ်သွားခဲ့ရပြီ။ ဒိုင်ဇင်ဘုရားကျောင်းကို ဝိုင်းရံတဲ့အချိန်တုန်းက မြို့စားတောင် ပါဝင်ခဲ့တယ်လို့ ငါ ကြားဖူးတယ်။ ဝိုင်းရံ တိုက်ခိုက်ချိန်မှာ အလွန်မင်း ကြေကွဲဖွယ်ကောင်းကြောင်း ကြားသိရပြီး၊ အင်ပါယာနန်းတွင်းမှ စစ်ဗိုလ်ချုပ် အများပြားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့တယ်တဲ့။ ဖန်ရှင်းတာအိုဂိုဏ်း, အမှန်တရားဂိုဏ်းနှင့် တိုင်ရှန်တာအို ဂိုဏ်းတို့လည်း ပါဝင်ခဲ့ပြီး အများအပြားလည်း သေဆုံးခဲ့ကြတယ်တဲ့။”

"ဟုတ်ကဲ့။" ဟုန်ရွှေ့ကျောင်းသည် စာအုပ်ကို စိတ်လှုပ်ရှားစွာ လှန်ကြည့်လိုက်သည်။ "ဒီကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးက အဆစ်တွေကို ရွေ့လျားစေပြီး၊ အရိုးတွေကို မာကျောစေကာ သံမဏိကဲ့သို့ အရိုးတွေကို လေ့ကျင့်ပေးနိုင် တယ်။ ဒီစာအုပ်က ကမ္ဘာပေါ် မှာ အကောင်းဆုံး အရိုးထုထစ်တဲ့ လက်သီးသိုင်းစာအုပ်ပဲ”။

"ကမ္ဘာပေါ်မှာ ကိုယ်ခံပညာ အမျိုးမျိုးရှိပေမယ့် ၎င်းတို့အားလုံးက အသား၊ အရွတ်၊ အရေပြား၊ အရိုး၊ ကလီစာ၊ ခြင်ဆီနဲ့ သွေးလည်ပတ်မူစနစ်တွေကို အာရုံစိုက် လေ့ကျင့်ကြရ တာချည်းပဲ။ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည် မွေးဖွားလာ ပြီးနောက်မှပဲ လူတစ်ယောက်ဟာ သိုင်းသူတော်စင်အဆင့်ကို ရောက်ရှိနိုင်မယ်။ သခင်မလေး ရွှေ့ကျောင်းက ၅၅ ကီလိုဂရမ် လေးတဲ့လေးနဲ့ မြှားတွေကို ပစ်ခတ်နိုင်ပြီဆိုတော့ သခင်မလေးရဲ့ အရွတ်တွေ၊ အသားတွေနဲ့ အရေပြားတွေကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားပြီး ဖြစ်တယ်။ နောက်တစ်ဆင့်က တော့ သခင်မလေးရဲ့ အရိုးတွေကို မာကျောစေဖို့နဲ့ ထိုးဖောက်နိုင်စွမ်းကို မြှင့်တင်ဖို့ပဲ။ ဒီကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်က အဆင်ပြေပါတယ်။ ဒါပေမယ့် မြို့စားဝူဝမ်ဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ တော်ဝင်ဆရာတွေထဲက တစ်ယောက်လို့ ကျွန်တော် ကြားဖူးပါတယ်။ သူက ကိုယ်ခံပညာကို အနှစ်နှစ်ဆယ်ကြာ စွန့်လွှတ်ခဲ့ထား ပေမယ့်လည်း သူ့သိုင်းပညာ က ပိုပြီး လေးနက်လာမှာ သေချာပါတယ်။ တကယ်ကို လေးစားစရာကောင်းပါတယ်။”

ထိုအချိန်တွင် ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက စကားစပြောသည်။

"ဦးလေးယွန်" ကျင်းယုရှင်း သူ့လက်ကို မြှောက်ပြလိုက်သည်။

လူလတ်ပိုင်းအရွယ်က ချက်ချင်းပြုံးပြကာ နောက်ပြန် ဆုတ်သွားခဲ့သည်။

"ဟမ့်၊ ဒီလူက မရိုးရှင်းဘူး။ အဆင့်မြင့်မြိုစားကြီးလီရဲ့နေအိမ်မှာ ဒီလိုကျွမ်းကျင်ပညာရှင် တစ်ဦး ဘယ်အချိန်က တည်းက ရှိနေတာလဲ” ဟုန်ရွှေ့ကျောင်းက သူမကိုယ်သူမ တွေးလိုက်ပါသည်။

"သခင်မလေး.. ဟုန်ရွှေ့ကျောင်း တွေးတောနေစဉ်မှာ အစေခံမလေး ရှောင်နင်းသည် အလျင်အမြန် ပြေးလာခဲ့သည်။

"ဒီစာလုံးတွေက ဘာလဲ။" ဟုန်ရွှေ့ကျောင်းက သူ့လက်ထဲက ကဗျာကို ကြည့်လိုက်သည်။

"စာလုံးကောင်းပဲ။ ဒါကို ပြေးနေသောမြွေပွေး လမ်းလျှောက်နေသောမြင်း' ဆိုတဲ့ စာလုံး ကြီးနဲ့ ရေးထားတာ။ ကဗျာကောင်းတစ်ပုဒ်ပဲ။ “လူတစ်ယောက်က နှလုံးသားကို မထိန်း ချုပ်နိုင်။” “စိတ်နှလုံးကို တည်ငြိမ်စေဖို့ မျောက်ရဲ့စိတ်ကို ငြိမ်သက်စေလော့”။ “မြင်းရဲ့ဘဝ ကို ထိန်းချုပ်ဖို့ မြင်းကို ပိတ်လှောင်ထား။” “လူတစ်ယောက်ဟာ သူ့နှလုံးသားကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်သွားရင်၊ သူက ကောင်းကင်တမန် ဖြစ်သွားလိမ့်မယ်။” ဒီကဗျာထဲ မှာ အင်မော်တယ် အငွေ့အသက်တွေ ပါဝင်နေပြီး စကားလုံးတိုင်းက ပိုပြီး စိတ်ဓာတ် တက်ကြွစေတယ်။ အရိုးတွေက ကြမ်းတမ်းပြီး၊ ခွန်အားက စာရွက်ကို ထိုးဖောက် ဝင်ရောက်သွားတယ်။ ဒါကို ဘယ်သူရေးတာလဲ။”

ကျင်းယုရှင်းသည် စက္ကူဖြူပေါ်ရှိ စကားလုံးများကို ကြည့်ပြီး ချီးကျူးနေချိန်တွင် သူ့မျက်လုံးများက လင်းလက်သွားပါသည်။

"ဒါက ငါ့မောင်တစ်ယောက်ပါ။ ဒါပေမယ့် သူက မိသားစုကောင်းက မဟုတ်ဘူး။ မဒမ်ကျောက်က သူ့ကို သိပ်သဘော မကျဘူး။ သူက မနှစ်က အခြေခံအဆင့် စာမေးပွဲကို အောင်ခဲ့တယ်။" ဟုန်ရွှေ့ကျောင်းက ကဗျာကို ကျင်းယုရှင်းအား ပေးအပ်ခဲ့ပြီး၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးစာအုပ်ကို ဆက်လက် ဖတ်ရှုခဲ့သည်။

"ရှောင်နင်း၊ ငါ့ကိုယ်ပိုင် ပိုက်ဆံအိတ်ထဲက ငွေဒင်္ဂါးဆယ်ပြားကို ထုတ်ပြီး ဟုန်ယွိကို ပေးလိုက်ပါ။ သူက တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေတော့ ငွေကြေး လိုတယ်။ သူ့လစဉ် ထောက်ပံ့ကြေးက မလုံလောက်မှာ စိုးရတယ်။"

“သခင်မလေး၊ သခင်မလေးက သူ့ကို ဘာလို့ ပိုက်ဆံပေးရတာလဲ။ မဒမ်ကျောက် သိသွား ရင် မကောင်းမှာ မကောင်းဖြစ်မှာ စိုးရတယ်။" ရှောင်နင်းက သူ့နှုတ်ခမ်းတွေကို ပွစိပွစိ လုပ်ရင်း တွန့်ဆုတ်နေပုံပင်။

"တိတ်တိတ်လေး သွားလို့မရဘူးလား" ဟုန်ရွှေ့ကျောင်းက သူမလက်ကို ဝှေ့ယမ်းလိုက် သည်။

"ကောင်းပါပြီ။" ရှောင်နင်းက လှည့်ထွက်သွားသည်။

"နေပါဦး။"

"သခင်လေးကျင်း၊ သခင်လေးမှာ ညွှန်ကြားစရာများ ရှိသေးလို့လား" ကျင်းယုရှင်းက စကားပြောသည်ကို မြင်လိုက်ရတော့ ရှောင်နင်းက ချက်ချင်း လေးလေးစားစား ပြောသည်။

"ဦးလေးယွန်၊ ငါ့အိမ်ကို မြန်မြန်သွားပြီး ဆုန်ကျူးအစောက်ဦးက နှင်းစာရွက်တစ်ရာရယ်၊ အဲဒီခရမ်းရောင် မှင်ကျောက်တုံးရယ်၊ သန့်စင်တဲ့ မြေခွေးသားမွေးစုတ်တံနဲ့ ကတိုးမှင်ကို ယူလာပေးပါ။" ကျင်းယုရှင်းက စပြောသည်။

"ဟုတ်ကဲ့။" ဦီးလေးယွန်ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျင်းယုရှင်း၏ အမိန့်နှင့် ပတ်သက်၍ သံသယမရှိပေ။ ချက်ချင်းတုံ့ပြန်ပြီးနောက် သူသည် လေ့ကျင့်ရေး ကွင်းမှ အမြန်ထွက်ခွာကာ မြင်းနက်စီးပြီး ပြေးထွက်သွားပါသည်။

ထမင်းစားပြီးချိန်လောက်မှာ ထိုဦးလေးယွန်သည် စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်သွေးကျောက်တုံး နှင့်အတူ ပြန်ရောက်လာခဲ့သည်။

“ဒါကို သူ့ဆီ ပေးလိုက်ပါ။ ဟုတ်သားပဲ။ မင်းမောင်လေး နာမည်က ဘယ်လိုခေါ်လဲ။” ကျင်းယုရှင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"သူ့နာမည်က ဟုန်ယွိတဲ့၊ ဟုန်ရွှေ့ကျောင်းက ကျင်းယုရှင်းကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ ကောလာဟလ သတင်းတွေအရ မြို့စားလေးက ယဉ်ကျေး သိမ်မွေ့ပြီး ဖြောင့်မတ်တယ်တဲ့။ ဒီနေ့တော့ နောက်ဆုံး ငါကိုယ်တိုင် မြင်တွေ့ရပြီ။ စာပေ လေ့လာမူနဲ့ သက်ဆိုင်တဲ့ ဒီရတနာလေးခုက ကျောက်စိမ်းမြို့တော်ရှိ လူလတ်တန်းစား မိသားစုတစ်ခု ရဲ့ ပိုင်ဆိုင်မှုနဲ့ ညီမျှပြီး၊ အနည်းဆုံး ရွှေစရာဂဏန်းတန်တဲ့ တန်ဖိုးကြီးပစ္စည်းတွေပဲ”။

အသေးမွှားလေးပါ" ကျင်းယုရှင်း ပြုံးလိုက်သည်။

စံအိမ်ကြီး၏ အနောက်မြောက်ဘက်ရှိ ဝင်းငယ်တစ်ခုတွင် ဟုန်ယွိသည် စာဖတ်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင် ရှောင်နင်းနှင့် အိမ်ဖော်အချို့သည် စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တုံးများကို ကိုင်ဆောင်လာကြသည်။ သူမက ၎င်းတို့ကို စားပွဲပေါ်တင်ပြီး ပြောသည် " ဟုန်ယွိ၊ နင် ကံကောင်းလိုက်တာ။ သခင်မလေးက ဒီနေ့ မြို့စားငယ်လေးလီနဲ့ အတူရှိနေတယ်။ မြို့စားငယ်လေးလီက နင့်ကဗျာစွမ်းရည်တွေကို သဘောကျပြီး၊ နင့်ကို စုတ်တံ၊ မှင်၊ စက္ကူနဲ့ မှင်ကျောက်တွေ ပေးခိုင်းလိုက်တယ်။ ဒါတွေအားလုံးက ရွှေစတစ်ရာ တန်တဲ့ ရှားပါးရတနာတွေပဲ။ နောက်ပြီး သခင်မလေးက နင့်ကို ငွေစဆယ်ပြား ပေးခိုင်း လိုက်တယ်။”

"ဟင်၊ ငါ့ကို စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်တုံးတွေ ပေးခိုင်းလိုက်တာလား။"

ဟုန်ယွိက ခေါင်းမော့ပြီး စားပွဲပေါ်က အရာတွေကို ကြည့်လိုက်ပါသည်။ “ပြန်ယူသွားပြီး ထိုက်တန်တဲ့ဆုလာဘ်ဆိုတာ မရှိဘူးလို့ မြို့စားငယ်လေးလီကို ပြောလိုက်ပါ။ ရွှေ့ကျောင်း ရဲ့ ငွေစဆယ်ပြားကိုလည်း ပြန်ယူသွားပြီး ပြန်ပေးလိုက်။ ပိုက်ဆံပေးချင်ရင် အနည်းဆုံး ငွေစတစ်ရာပေးလို့ သူမကို ပြောလိုက်ပါ။ အဲဒီကဗျာရဲ့ စကားလုံးတစ်လုံးစီတိုင်းက ရွှေစ ဆယ်စတန်တယ်”။

“ဟမ့်” ဟုန်ယွိ၏စကားကိုကြားပြီးနောက် ရှောင်နင်း၏မျက်နှာက အနည်းငယ် စိမ်းသွား ပါသည်။ သူမသည် ချက်ခြင်းပင် ပစ္စည်းတွေကို ထုပ်ပိုးပြီး လှည့်ထွက်သွားသည်။ သူမ ထွက်သွားချိန်မှာ သူမထံမှ ခပ်တိုးတိုးအသံကို ကြားလိုက်သည် “သူက ကျေးဇူးတရားကို ဘယ်လို တန်ဖိုးထားရမှန်း အမှန်တကယ်ကို မသိဘူးပဲ"။

“သူက သူ့ကိုယ်သူ သခင်လေးတစ်ယောက်လို့ တကယ်ပဲ ထင်နေတုန်းလား။”

"သူက ချဉ်နံ့ထွက်နေတဲ့ ပညာရှင်ပဲလေ။ သူနည်းနည်းကြီးလာတဲ့အခါ မဒမ်ကျောက်က သူ့ကို အနှေးနဲ့အမြန်ဆိုသလို ရင်ဆိုင်လိမ့်မယ်။

ဟုန်ယွိသည် ထိုလူများ၏ ဆွေးနွေးသံကို ကြားသောအခါတွင်, သူသည် သူ့စိတ်နှလုံးထဲ တွင် ရယ်မောကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ရှူထုတ်လိုက်ပါသည်။ “ဒီအိမ်ကြီးမှာ နေဖို့က ပိုပိုခက်ခဲလာပြီ။ မေ့လိုက်ပါ၊ တော်ဝင်စာမေးပွဲမဖြေခင် ဒီကောင်မလေးတွေရဲ့ အဆင့်နဲ့အတူ ငါ့ကိုယ်ငါ မနှိမ့်ချတော့ပါဘူး။ အမေရဲ့အုတ်ဂူကို စောင့်ကြည့်ရင်း အနောက် တောင်တန်းက ဆောင်းဦးလဘုရားကျောင်းကို ခဏလောက် သွားနေလိုက်ဦးမယ်”။

ကိုယ်ခံပညာလေ့ကျင့်ရေး ကွင်းထဲတွင်။

“ထိုက်တန်တဲ့ ဆုလာဘ်တစ်ခု မဟုတ်ဘူးလား”။ ရွှေ့ကျောင်း, မင်းမောင်လေးရဲ့ စရိုက်က အရမ်းကို ခိုင်မာတာပဲ။ " ဟုန်ယွိက သူ့လက်ဆောင်တွေကို လက်မခံသည်ကို မြင်တော့ ကျင်းယုရှင်းက စိတ်ထဲမထားပေ။ သူက ပြုံးပြီး ရုတ်တရက် အကြောင်းအရာ ပြောင်းလိုက် ပါသည်။

“အိုး..၊ ဟုတ်သားပဲ။ ဒီရက်အနည်းငယ်အတွင်း နှင်းတွေ ထူထပ်စွာ ကျလာနိုင်တယ်။ ငါတို့နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ အိမ်ရှေ့စံမင်းသား မင်းသားချန်နဲ့ မင်းသမီး ရုန်ချွန်းတို့က မြေခွေးတွေကို အမဲလိုက်ဖို့ အနောက်တောင်ကို သွားကြလိမ့်မယ်။ မကြာသေးခင်က အနောက်တောင်တန်းမှာ မြေခွေးတွေ အမဲလိုက်ကြတယ်လို့ ငါကြားထားတယ်။ မြေခွေးဖြူ တစ်ကောင်က မြို့ထဲဝင်လာပြီး၊ အင်ပါယာနန်းတော်ရဲ့ ဧကရာဇ်နန်းတော်ဆီ ပြေးသွားခဲ့တယ်။ လိုက်ရှာကြပေမယ့် မဖမ်းနိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကျောက်စိမ်း မြို့တော်ဘုရားကျောင်းရဲ့ ဖန်ရှင်းတာအိုဂိုဏ်းက တာအိုဘုန်းတော်ကြီးတွေ ခေါ်လာပြီး နောက် အဲဒီမြေခွေးဖြူလည်း နောက်တစ်ကြိမ် ထပ်မပေါ်လာတော့ဘူး။”

"အနောက်တောင်တန်းမှာ မြေခွေးတွေကို အမဲလိုက်ဖို့လား။ သေချာပေါက် ငါသွားမယ်။”

ဟုန်ရွှေ့ကျောင်းက ပြုံးလိုက်ပါသည်။

All Chapters