အခန်း (၇-၉)
Vol. 1 Ch. 7-9
အပိုင်း (၇)။
“ဒီတော့ ဒီမြေခွေးအုပ်စုက ငါ့ကို လာဖိတ်တယ်။ သင်ကြားရေးက သာမညပဲ။ အရေးအကြီးဆုံးက စာအုပ်တွေကို အမျိုးအစားခွဲဖို့ပဲ။ နောင်အနာဂတ် ငါ့အတွက်လည်း စာအုပ်ဖတ်ရတာ အဆင်ပြေလိမ့်မယ်။ အမေ့ရဲ့သင်္ချိုင်းကို စောင့်ဖို့ အနောက်တောင်ကုန်း ကို ရောက်တဲ့အခါ ဒီလိုအခြေအနေမျိုး ကြုံရမယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ ကြင်ယာတော်ယွမ်အမည်ရှိ အမျိုးသမီးက နန်းတော်မှ ရွှေဒင်္ဂါးတွေကို အမှန်တကယ် ထုတ်ပေးနိုင်တယ်။ ဒီမြေခွေးတွေနဲ့ သူမရဲ့ဆက်ဆံရေးက ဘာလဲ။ ဒီကိစ္စက ရှုပ်ထွေး တယ်။ ဒါဟာ ကောင်းချီးလား၊ ကျိန်စာလားဆိုတာ ငါ မသိဘူး။”
စာအုပ်များကို အမျိုးအစားခွဲခြင်းသည် ကြီးကျယ်သောအလုပ် ဖြစ်သည်။
ချမ်းသာသော မိသားစုများစွာတွင် စာအုပ်ထောင်ပေါင်းများစွာ ရှိကြပြီး၊ ၎င်းတို့ကို အမျိုးအစားခွဲရန် အတွေ့အကြုံရှိ ပညာရှင်များကို ဖိတ်ခေါ်ကြသည်။
ဟုန်ယွိသည် မြေခွေးမွန်းစတားများ၏ မှတ်စုများစွာကို ဖတ်ခဲ့ပြီး အများစုမှာ ဆွဲမက်ဖွယ် မြေခွေးမများ၊ ပညာရှင်များနှင့် မိန်းမလှများအကြောင်း ဖြစ်သည်။ သို့သော်, ယခုလို အခြေအနေမျိုး ကြုံလာရသည့်အခါ ဤမြေခွေးများသည် စာဖတ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ လောက် မရိုးရှင်းဘူးဟု သူခံစားရပါသည်။
ဤရှုပ်ထွေးသော အတွေးများသည် ကြင်ယာတော်ယွမ်၏ နန်းတော်ရှိ ရွှေစင်ဒင်္ဂါးများမှ တိုက်ရိုက် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
သို့သော် ဤအရာအားလုံးက မှန်းဆချက်ဖြစ်ပါသည်။ အခု အရေးကြီးဆုံးက စာပေ လေ့လာဖို့ပင်။ စာအုပ်များစွာဖြင့် ဟုန်ယွိသည် အလွန်စိတ်လှုပ်ရှားနေပါသည်။ နောက်တစ်ကြိမ် ပြန်မဖတ် သူသည် စာအုပ်များကို ငှားရမ်းခြင်းနှင့် ကူးယူခြင်းတို့ကို အားကိုးနိုင်ပါသည်။
"ဆရာလေး၊ ကောင်းကောင်း အနားယူပါ။ ဒီရက်အနည်းငယ်အတွင်း အားနေရင်လည်း ဆိတ်ငြိမ်ချိုင့်ဝှမ်းထဲမှာ နေလို့ရပါတယ်။ လက်ဖက်ရည်နဲ့ အစားအသောက် အားလုံးကို ကျွန်ုပ် ပေးမှာပါ” တုလောင်သည် စာအုပ်စင်မှ စာအုပ်ကို လှန်လှောကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျွန်တော် ဒီည စာအုပ်တွေ အမျိုးစားခွဲလိုက်မယ်" ဟုန်ယွိက ပြောသည်။
"ကောင်းပြီ။ ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူတို့၊ မင်းတို့သွားပြီး ဆရာလေးအတွက် အဆာပြေ စားစရာတွေ ပြင်ပေး။"
"ဂျီ…၊ ဂျီ….၊ ဂျီ….၊ ဂျီ….။" မြေခွေးများထံမှ ပျော်ရွှင်မြူးတူးနေသည့် အော်သံအချို့ အပြင်မှ ထွက်ပေါ်လာသည်။
"ကျွန်ုပ် တရားထိုင်ပြီး အနားယူတော့မယ်။ သခင်လေး တစ်ခုခုလိုအပ်ရင် ကျွန်ုပ်ကို အကြောင်းကြားပါ။ အပြင်က ကလေးတွေက ဘယ်လိုပြောရမှန်း မသိပေမယ့် ဘာသာ စကားကိုတော့ နားလည်နိုင်ပါတယ်။”
တုလောင်က တိုက်တွန်းပြီးနောက် တုန်တုန်ယင်ယင်နှင့် ထွက်ခွာသွားခဲ့သည်။
ဟုန်ယွိ၏ အာရုံမှာ ကျောက်ခန်းမထဲရှိ စာအုပ်များ ဖြစ်သည်။ တုလောင်ထွက်သွား သည်နှင့် ချက်ချင်းပင် အခန်းတဝိုက်တွင် သူစိတ်ဝင်စားသော စာအုပ်များကို ရှာဖွေသည်။
"ဒီကျောက်ခန်းမထဲက စာအုပ်တွေက တကယ်ပြည့်စုံတယ်။ အထူးသဖြင့် ကိုယ်ခံပညာနဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်နဲ့ တာအိုစာအုပ်တွေပဲ”။
တစ်နာရီခန့်အကြာတွင် ဟုန်ယွိသည် ကျောက်ခန်းမကြီးတစ်ခုလုံးကို ကြမ်းတမ်းစွာ လျှောက်လှမ်းခဲ့သည်။ ဤကျောက်ခန်းမအတွင်းရှိ စာအုပ်အများစုသည် ကိုယ်ခံပညာနှင့် လက်သီးနည်းပညာရပ်များဖြစ်ပြီး၊ ကျန်စာအုပ်များမှာ ကျင့်ကြံရေးနှင့်ပတ်သက်သည့် စာအုပ်များဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။ စာအုပ်များက ပင်လယ်ကြီးတမျှ ကျယ်ပြောလှ သည်။
"အယ်…၊ သိုင်းကျမ်းနဲ့ တာအိုကျမ်းတို့တောင် ရှိနေသေးတာပဲ။ ငါ ဒီစာအုပ်ကောင်း နှစ်အုပ်ကို ဖတ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် တစ်ခါမှ ရှာမတွေ့ခဲ့သလို, ငှားလည်း မငှားနိုင်ခဲ့ဘူး။”
ဟုန်ယွိသည် စာအုပ်များကို လှန်လှောကြည့်ရင်း ရုတ်တရက် စာအုပ်စင်အလယ်, ထင်ရှားသော နေရာတွင် ထားရှိသည့် စာအုပ်ကြီးနှစ်အုပ်ကို ရုတ်တရက် တွေ့လိုက်ရပါသည်။ တစ်အုပ်မှာ သိုင်းကျမ်းဖြစ်ပြီး နောက်တစ်အုပ်မှာ တာအိုကျမ်း ဖြစ်သည်။
စာအုပ်နှစ်အုပ်လုံးသည် ကြီးမားပြီး စာအုပ်တစ်အုပ်စီတွင် ထူထပ်သော အတွဲပေါင်း ဒါဇင်များစွာ ပါရှိသည်။
ဟုန်ယွိသည် ၎င်းတို့ကိုမြင်သောအခါ ရတနာတစ်ခုကို တွေ့ရှိသွားသလိုပင် ခုန်ပေါက်မိ သွားသည်။ ထိုစာအုပ် နှစ်အုပ်ကို သူဖတ်ချင်နေတာ ကြာလှပါပြီ။
ဤစာအုပ်နှစ်အုပ်ကို တော်ဝင်ချန်မင်းဆက် တည်ထောင်စဉ်အတွင်းမှာ ပြုစုခဲ့သည်။
သိုင်းပညာကျမ်းသည် ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာအားလုံးကို စုစည်းထားသော စာအုပ် ဖြစ်သည်။
တာအိုကျမ်းသည် ကမ္ဘာပေါ်ရှိ တာအိုစာအုပ်များအားလုံးကို စုစည်းထားပြီး ကျင့်ကြံရေး စာအုပ်ဖြစ်သည်။
ဟုန်ယွိသည် ပညာရှင်များစွာ၏ မှတ်စုများကို ဖတ်ရှုခဲ့ဖူးပြီး၊ သူသည် ထိုစာအုပ်နှစ်အုပ်ကို ပြုစုစဉ်က အခြေအနေကို အသေးစိတ်ဖော်ပြနိုင်ပါသည်။ တော်ဝင်ချန်မင်းဆက်သည် ကမ္ဘာပေါ်ရှိ စာအုပ်များအားလုံးကို စုဆောင်းခဲ့ပြီး၊ နိုင်ငံ၏ စာကြည့်တိုက်တစ်ခုလုံးကို ပြည့်စေခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ နာမည်ကျော် ကိုယ်ခံပညာရှင်များ၊ ဖန်ရှင်း တာအိုဂိုဏ်း, အမှန်တရားတာအိုဂိုဏ်းနှင့် တိုင်ရှန်တာအိုဂိုဏ်းနှင့် ဗုဒ္ဓဘာသာ၏ ထိပ်တန်းပုဂ္ဂိုလ်အချို့အပါအဝင် ဤစာအုပ်များကို လူထောင်ပေါင်းများစွာဖြင့် ပြုစုခဲ့ကြ သည်။
ကံမကောင်းစွာပင်၊ ဤစာအုပ်နှစ်အုပ်ကို ပြုစုပြီးနောက် တော်ဝင်ချန်မင်းဆက်သည် ထိုစာအုပ်နှစ်အုပ်၏ ပုံနှိပ်ခြင်းကို ချက်ချင်း တားမြစ်ခဲ့သည်။ တစ်ချိန်တည်းမှာ လူများထံမှ ပုံနှိပ်ပြီးသား စာအုပ်များအားလုံးကို စုဆောင်းပြီး တစ်ရှိန်ထိုး မီးရှို့လိုက်ကြသည်။ ထိုစာအုပ်တွေကို ဖုံးကွယ်ဝှက်ထားသူများကို တွေ့ရှိပါက ကြီးမားသည့် ရာဇဝတ်မှုကြီး အြဖစ် စွဲချက်တင်ခံရမှာ ဖြစ်ပါသည်။
နောက်ပိုင်းမှာတော့ တော်ဝင်ချန်မင်းဆက်သည် ဘုရားကျောင်းမှလူတွေဆီကနေ စာအုပ်တွေကို စုဆောင်းပြီး၊ “ဖြောင့်မတ်ခြင်းနှင့် အယူမှားမူကိုဖယ်ရှားခြင်း”ဆိုသည့် ဆောင်ပုဒ်ကို အသုံးပြုကာ စာအုပ်တွေကို ကြီးကြီးမားမား ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော် သိုင်းကျမ်းများ သို့မဟုတ် တာအိုကျမ်းများကဲ့သို့ စာအုပ်များ မရှိတော့ပါ။ ယင်းအစား၊ စာအုပ်အားလုံးက စေတနာ၊ ဖြောင့်မတ်မှု၊ အရှက်တရား၊ ကိုယ်ကျင့်သိက္ခာ၊ သစ္စာရှိမူစသော စာအုပ်များသာ ရှိပါတော့သည်။
လူများစုဆောင်းထားသော တာအိုစာအုပ်များနှင့် ကိုယ်ခံပညာစာအုပ်များ အားလုံးသည် ဘာမှမကျန်တော့သည်အထိ မီးရှို့ပစ်ကြသည်။
ထို့အပြင်၊ တော်ဝင်ချန်မင်းဆက်သည် လူများအား လက်သီးနှင့် တုတ်သိုင်း အတတ်ပညာများကို သီးသန့် လေ့ကျင့်ခြင်းမှ တားမြစ်ထားပြီး ကမ္ဘာပေါ်ရှိ ဘုရားကျောင်းများနှင့် တာအို ဘုရားကျောင်းများကို တင်းကြပ်စွာ ထိန်းချုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက စစ်တပ်သည် ဒိုင်ဇင်ဘုရားကျောင်းကို ချေမှုန်းပြီးနောက် တော်ဝင်ချန်မင်းဆက်၏ လူတို့၏ ကိုယ်ခံပညာလေ့ကျင့်အပေါ် ထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် တော်ဝင်ချန်မင်းဆက်က လူများကို လက်သီးနှင့်တုတ်သိုင်းပညာရပ်များကို သီးသန့် လေ့ကျင့်ခြင်း မပြုရန် တားမြစ်ထားသော်လည်း မှူးမတ်များနှင့် တော်ဝင် မိသားစု ဝင်များကို ကိုယ်ခံပညာ၊ မြင်းစီးခြင်းနှင့် လေးပစ်လေ့ကျင့်ရန် အားပေးတိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် စစ်တပ်တွင် “ကိုယ်ခံပညာ ဟောပြောပွဲခန်းမ” တစ်ခုကို ဖွင့်လှစ်ခဲ့သည်။
“ကိုယ်ခံပညာဟောပြောပွဲခန်းမ”တွင် သိုင်းပညာအတွက် တင်းကျပ်သော အဆင့်သတ်မှတ်မှုစနစ် ရှိပြီး၊ အင်ပါယာ စာမေးပွဲများထက်ပင် ပိုမိုတင်းကျပ်သည်။ ၎င်းသည် ကိုယ်ခံပညာ လေ့ကျင့်သူများ တိုးတက်ရန် လမ်းစဖြစ်ခဲ့သည်။
ဟုန်ယွိသည် စာဖတ်မှတ်စုအချို့ထဲမှ လေ့ကျင့်ခြင်းနည်းလမ်းအဆင့်ဆင့် အကြောင်းကို ဖတ်ဖူးသော်လည်း စစ်တပ်ရှိ “ကိုယ်ခံပညာဟောပြောပွဲခန်းမ”၏ အသေးစိတ်အချက်များ နှင့်ပတ်သက်၍မူ ရှင်းလင်းစွာ မသိရှိခဲ့ပါ။
“ပညာရှင်အရာရှိတွေကို အသုံးပြုပြီး စစ်ဘက်အရာရှိတွေကို ဖိနှိပ်ထားသော်လည်း, တိုင်းပြည်၏ ကိုယ်ခံပညာကို ထိန်းသိမ်းရန်အတွက် စစ်တပ်အရာရှိတွေကို လျှို့ဝှက် လေ့ကျင့်ပေးထားသည်။ တကမ္ဘာလုံးက စာအုပ်တွေ စုဆောင်းခြင်း, စာအုပ်တွေကို ပြန်လည် ပြင်ဆင်ခြင်း, သူတို့လက်ထဲမှာထားပြီး သိုင်းပညာကို ထိန်းချုပ်ခြင်း၊ သာမန် ပြည်သူတွေကို ကိုယ်ခံပညာ မလေ့ကျင့်နိုင်အောင် တားမြစ်ခြင်း၊ တရားဝင် ကိုယ်ခံပညာ တွေ ဖွံ့ဖြိုးလာခြင်း။ ထိုကဲသို့ နည်းလမ်းများသည် တကယ်ကို မြေကြီးတုန်ခါလောက်ပါ သည်”
စာအုပ်နှစ်အုပ်ကို ကြည့်ပြီး ဟုန်ယွိ၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။
ထိုစာအုပ်နှစ်အုပ်သည် ဖတ်ရန် မလွယ်ကူပေ။ တော်ဝင်ချန်မင်းဆက်တွင် သိုင်းကျမ်းများနှင့် တာအိုဘာသာရေး ကျမ်းများကို ကူးယူ၊ ကူးယူရိုက်နှိပ်ထားသူများသည် မိသားစုတစ်စု လုံးကို စစ်တပ်မှ နှင်ထုတ်ခံရခြင်း၊ မိုင်သုံးထောင် ပြည်နှင်ဒဏ်ပေးခံရခြင်း သို့မဟုတ် ခေါင်းဖြတ်ကွပ်မျက်သည်အထိ အပြစ်ပေးခံရမည့် ဥပဒေတစ်ရပ် ရှိပေသည်။
ဟုန်ယွိသည် ဤစာအုပ်နှစ်အုပ်ကို တောင့်တနေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း သူ့အခြေအနေအရ ဖတ်ရန် မဖြစ်နိုင်ပေ။
ဤစာအုပ်နှစ်အုပ်ကို မြို့စားစံအိမ်တွင် သိမ်းဆည်းထားမည်ဆိုပါက မဒမ်ကျောက်သည် ထိုအကြောင်းကို ချက်ချင်းသိရှိနိုင်မည်ဖြစ်ပြီး သူ ဒုက္ခရောက်လိမ့်မည်။
“ပညာရှင်တစ်ယောက်ဟာ ကြက်တစ်ကောင်ကို ကိုင်တွယ်ဖို့တောင် ခွန်အားမရှိနိုင်ဘူး။ ဒီနေရာမှာ သိုင်းကျမ်းတွေ ရှိနေမှတော့ ငါ သေသေချာချာ ဖတ်ရှုပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ရန်ဖို့အတွက် ကိုယ်ခံပညာတစ်ခု နှစ်ခုလောက်ကို ရှာဖွေရမယ်”။
ထိုအတွေးဖြင့် ဟုန်ယွ်သည် “သိုင်းကျမ်း" ကို ဖွင့်လိုက်ပါသည်။
သိုင်းကျမ်း၏ အဖွင့်အခန်းတွင် ဖော်ပြထားသည်မှာ “ကိုယ်ခံပညာ၏ အန္တိမရည်မှန်း ချက်မှာ ခန္ဓာကိုယ်ကို ကြံ့ခိုင် အားကောင်းစေရန်၊ ရှင်ခြင်းနှင့်သေခြင်းကို ကျော်လွှားရန် ဖြစ်ပြီး၊ သတ်ဖြတ်ဖို့အတွက် ထုတ်ဖော်ပြသရန် မဟုတ်ပေ။ ကမ္ဘာကြီးသည် ခါးသီးသော ပင်လယ်နှင့်တူပြီး ခန္ဓာကိုယ်သည် ပင်လယ်ကိုဖြတ်ရန် ဖောင်တစ်ခုနှင့်တူသည်။ ကိုယ်ခန္ဓာသန်မာမှသာ လူတွေကို ခါးသီးသောပင်လယ်၏ တစ်ဖက်ကမ်းကို သယ်ဆောင် သွားနိုင်မည်”။
"ဟမ်….၊ ကိုယ်ခံပညာက ရှင်ခြင်းနဲ့သေခြင်းကို ကျော်လွန်ခြင်းရဲ့အကြောင်း ဖြစ်နေတယ်။ ဒါဆို အင်မော်တယ် ပညာရပ်ကရော”။
ဟုန်ယွိသည် သူ့စိတ်ထဲမှာ တွေးတောရင်း တာအိုကျမ်းကို ဖွင့်လိုက်ပါသည်။
တာအိုကျမ်း၏ အဖွင့်အခန်းတွင် ဤသို့ ဆိုထားပါသည် “ကမ္ဘာကြီးသည် ခါးသီးသော ပင်လယ်ကြီးနှင့်တူပြီး ခန္ဓာကိုယ်သည် ပင်လယ်ကိုဖြတ်သန်းရန် ဖောင်တစ်ခုနှင့် တူသည်။ သို့ရာတွင်၊ ခါးသီးသော ပင်လယ်ကြီးက အကန့်အသတ်မရှိပေ။ ဖောင်သည် နောက်ဆုံး တွင် ပျက်စီးသွားလိမ့်မည်။ စိတ်ဝိညာဉ်သည်သာလျှင် သန်မာပြီး၊ ဖောင်ကိုစွန့်ခွာ၍ ခါးသီးသော ပင်လယ်ကြီး၏ တစ်ဖက်ကမ်းသို့ ကူးခတ်ရန် ကိုယ်ပိုင်ခွန်အားကို အသုံးပြုနိုင် ပါသည်။”
"ဒါဆို ဒီလိုပေါ့။ မတူကွဲပြားတဲ့ ကျင့်ကြံခြင်း သီအိုရီနှစ်ခု”။
ဟုန်ယွိသည် ပညာရှင်တစ်ဦးဖြစ်သောကြောင့် စာအုပ်ပါ စကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်ရန် လွယ်ကူသည်။
ကိုယ်ခံပညာ၏ အဖွင့်အခန်းနှင့် တာအိုကျမ်း၏အဖွင့်အခန်းကို ဖတ်ရှုပြီးနောက်၊ နောက်ဆုံးတွင် သူသည် ကိုယ်ခံပညာနှင့် အင်မော်တယ်ပညာတို့ကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။
နှစ်ခုစလုံး၏ အန္တိမပန်းတိုင်ကတော့ သေခြင်းတရားနှင့်ရှင်ခြင်းတရားကို ကျော်ဖြတ်ရန် ဖြစ်သည်။
ကမ္ဘာကြီးသည် ကျယ်ပြောလှသော ပင်လယ်ကြီးတစ်ခုလိုပင်။
ဤလောက၌ အသက်ရှင်နေသော ခန္ဓာကိုယ်သည် ပင်လယ်ပြင်ကို ဖြတ်ကူးရန်အတွက် လှေနှင့်တူ၏။ စိတ်နှင့် အကြံသည် လှေပေါ် ရှိလူများဖြစ်သည်။
ကိုယ်ခံပညာသည် ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ရန် အာရုံစိုက်သည်။ အကယ်၍, ခန္ဓာကိုယ် က သန်မာသည်ဆိုလျှင်, လူတွေကို ခါးသီးဖွယ်ပင်လယ်ပြင်ကို ဘေးကင်းစွာ ဖြတ်ကျော် နိုင်ရန် သယ်ဆောင်သွားနိုင်ပါသည်။
တစ်ဖက်တွင်မူ၊ အင်မော်တယ်ပညာရပ်သည် အကန့်အသတ်မဲ့ ခါးသီးဖွယ် ပင်လယ်ကို အာရုံစိုက်သည်။ လှေ၏ကိုယ်ထည်သည် နောက်ဆုံးတွင် ပျက်စီးသွားမည် ဖြစ်သည်။ စိတ် ဝိညာဉ်ကို တိုက်ရိုက် ကျင့်ကြံခြင်းက လူတွေကို ရေထဲမှာ ရေကူးကျွမ်းကျင်အောင် လေ့ကျင့်ခြင်းနှင့်တူပြီး ပိုကောင်းပါသည်။ ဤနည်းဖြင့်, အကယ်၍, လှေပျက်ဆီးသွားလျှင် ပင် လူတွေက ရေနစ်မှာ မဟုတ်တော့ပါဘူး။
ဟုန်ယွိက ထိုစာအုပ်နှစ်ခုကို ဆက်ဖတ်ပြီး နှိုင်းယှဉ်ကြည့်ပါသည်။ ကိုယ်ခံပညာ ကျင့်ကြံခြင်းတွင် အသားလေ့ကျင့်ခြင်း၊ အရွတ်လေ့ကျင့်ခြင်း၊ ဆဲလ်အလွှာလေ့ကျင့်ခြင်း၊ အရိုးလေ့ကျင့်ခြင်း၊ ခန္ဓာကိုယ်အတွင်းအင်္ဂါများ လေ့ကျင့်ခြင်း၊ ချဉ်ဆီလေ့ကျင့်ခြင်းနှင့် သွေးပြောင်းလဲခြင်းဟူ၍ အဆင့်ခုနစ်ဆင့် ခွဲခြားထားကြောင်း သူတွေ့ရှိခဲ့သည်။
တာအိုကျမ်း၌မူ ဤအဓိကအဆင့်ခုနစ်ဆင့်ကို အသေးစိတ်ဖော်ပြချက် ပါရှိသည်။
အသားကိုလေ့ကျင့်ခြင်း - ၎င်းသည် ကိုယ်ခံပညာ၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာပြီး သန်စွမ်းသွက်လက်စေရန် အသားရေကို လေ့ကျင့်ရခြင်း ဖြစ်ပါသည်။ ၎င်းကိုလေ့ကျင့်ပြီးသည်နှင့် လူနှစ်ယောက် သုံးယောက်လောက်ကို တိုက်ခိုက်နိုင်ပါသည်။ တော်ဝင်ချန်မင်းဆက်စစ်တပ်ရှိ "ကိုယ်ခံပညာ ဟောပြောပွဲခန်းမ" သည် ဤအဆင့်ကို "သိုင်းကျောင်းသား" ဟုခေါ်သည်။
အရွတ်ကိုလေ့ကျင့်ခြင်း - ၎င်းသည် အရွတ်များနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အရွတ်များသည် သန်မာပြီး၊ ပေါက်ကွဲ ထွက်နိုင်သော စွမ်းအားသည် ပြင်းထန်လာကာ၊ ခန္ဓာကိုယ်က လျင်မြန်သွက်လက်လာသည်။ လူခြောက်ယောက်၊ ခုနစ်ယောက်လောက် တိုက်ခိုက်နိုင်ပါ သည်။ ထိုလူများကို စစ်တပ်ထဲမှာ "သိုင်းတပည့်” ဟု ခေါ်သည်။
ဆဲလ်အလွှာလေ့ကျင့်ခြင်း - ၎င်းသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အရေပြားသည် သန်မာပြီး၊ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ လေ့ကျင့်ခန်းလုပ်သည့်အခါ လူ၏အရေပြားသည် နွားဖြူကဲ့သို့ ကြမ်းတမ်းလာသည်။ လူဆယ်ယောက်ထက်မနည်းကို တိုက်ထုတ်နိုင်သည်။ ဤလူများကို “သိုင်းစစ်သည်တော်” ဟု ခေါ်သည်။
အရိုးများကို လေ့ကျင့်ပေးခြင်း - ခန္ဓာကိုယ်တစ်ခုလုံး၏ အရိုးများသည် သန်မာပြီး ထိုးဖောက်ဝင်ရောက်နိုင် စွမ်းအားလည်း အားကောင်းလာသည်။ ခန္ဓာကိုယ်က ပို၍ပင် သွက်လက်ပြီး ပိုသန်မာလာသည်။ လူဆယ်ယောက်ထက်မကကို တိုက်ခိုက်နိုင်သည်။ ဤလူများကို “ သိုင်းသခင်” ဟုခေါ်သည်။
ခန္ဓာကိုယ်အတွင်းအင်္ဂါများလေ့ကျင့်ခြင်း - အသက်ရှုခြင်းနှင့် အသက်ရှူထုတ်ခြင်းအားဖြင့် အတွင်းအင်္ဂါများကို သန်မာစေသည်။ အသက်ရှုခြင်းသည် ဆက်လက်နက်ရှိုင်းလာ သည်နှင့်၊ ခန္ဓာကိုယ်က ကြံ့ခိုင်လာပါသည်။ လူတစ်ရာနီးပါးကို တိုက်ခိုက်နိုင်ခဲ့သည်။ ထိုလူများသည် ပြေးလွှာနေသော မြင်းတစ်ကောင်လို မြန်မြန် လျှောက်လှမ်းနိုင်ပြီး၊ ငှက်တစ်ကောင်လို ပေါ့ပါးသွက်လက်စွာ ခုန်နိုင်ပါသည်။ ထိုလူတွေကို ရှန်တန်သိုင်းသခင် ဟုခေါ်ဆိုကြပါသည်။
ခြင်ဆီလေ့ကျင့်ရေး - လက်သီးသိုင်းပညာကို လေ့ကျင့်ခြင်းက ရိုးတွင်းခြင်ဆီထဲသို့ နက်နဲစွာ ထိုးဖောက်ဝင် ရောက်သည်။ ဤလူများကို “မဟာဆရာသခင်" ဟု ခေါ်သည်။
သွေးပြောင်းလဲခြင်း - ရိုးတွင်းခြင်ဆီ သန်မာလာအောင် လေ့ကျင့်ပြီးနောက် တစ်ကိုယ်လုံး ရှိ သွေးများသည် ပြန်လည် သန်စွမ်းလာမည်ဖြစ်သည်။ "ခြင်ဆီလေ့ကျင့်ရေး"သည် နှင်းခဲကဲ့သို့ဖြစ်ပြီး၊ သွေးပြောင်းလဲခြင်းသည် "သွေးပြဒါးရည် ကဲ့သို့" သန့်စင်လာမည်။ ၎င်းသည် ပြီးပြည့်စုံသော မွေးဖွားခြင်းတစ်ခုဖြစ်ပြီး၊ ခြင်ဆီဆေးကြောခြင်းလည်း ဖြစ်ပါ သည်။ ထိုလူများသည် လူပေါင်းရာနှင့်ချီကို တိုက်ခိုက်နိုင်ကြသည်။ ထိုလူတွေကို သိုင်းသူတော်စင်ဟု ခေါ်ဆိုကြပါသည်။
"သိုင်းကျောင်းသား၊ သိုင်းတပည့်၊ သိုင်းစစ်သည်တော်၊ သိုင်းသခင်၊ ရှင်တန်သိုင်းသခင်၊ မဟာဆရာသခင်၊ သိုင်းသူတော်စင်, ဘယ်လောက် အသေးစိတ်ခွဲခြားထားလဲ။ ဒါက အင်ပါယာစာမေးပွဲတွေမှာ အဆင့်ခွဲခြားမူနဲ့ အတူတူ ဖြစ်နေမလား ငါ သိချင်မိတယ်။ အင်ပါယာစာမေးပွဲတွေကို ပညာတော်သင်၊ အခြေခံပညာရှင်၊ အထက်တန်း ပညာရှင်နှင့် မဟာပညာရှင်ဆိုပြီး ခွဲခြားထားပါသည်။ တော်ဝင်ချန်မင်းဆက်ကို ကိုယ်ခံပညာဖြင့် တည်ထောင်ခဲ့ပြီး အလွန်ကြိုးစားအားထုတ်ခဲ့ကြပါသည်။ ဤအရာများသည် ပညာရှင်တွေ မသိနိုင်သည် ကိစ္စဖြစ်ပါသည်။ သူတို့သည် လူပေါင်း မည်မျှများပြားစွာ တိုက်ခိုက်နိုင်မည် ကို ခန့်မှန်းနိုင်ပါသည်။ သူတို့သည် စစ်တပ်တွင် တင်းကြပ်သော လေ့ကျင့်မှုများကို ခံခဲ့ရ ပုံရပါသည်။ သို့သော် သိုင်းသူတော်စင်များပင်လျှင် ရှင်ခြင်းနှင့်သေခြင်းတရားကို မကျော်လွန်နိုင်ကြသေးပေ။ သူတို့သည် မလုံလောက်သေးဟု ခံစားရနေတုန်းပင်။ ဟုန်ယွိသည် ဆက်ဖတ်ချင် သော်လည်း တစ်ချိန်တည်းမှာပင် သူနားမလည်နိုင်သော အကြောက် တရားတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာပါသည်။
ထိုအကြောက်တရားက တော်ဝင်ချန်မင်းဆက်သည် လူများ၏ ကိုယ်ခံပညာအပေါ် တိကျ သည့် ထိန်းချုပ်မှုကနေ ထွက်ပေါ်လာသည့် အကြောက်တရားဖြစ်ပါသည်။
ထိုကဲ့သို့ အစွမ်းထက်သော သိုင်းပညာအပေါ် ထိန်းချုပ်မှုစနစ်။
၎င်းသည် အင်ပါယာ စာမေးပွဲတွေထက်ပင် ပိုပြင်းထန်ပါသည်။
လူဆယ်ယောက် သို့မဟုတ် လူတစ်ရာလောက်ကို တိုက်ခိုက်နိုင်ကြသည့် လူများသည် သာမန်လူတွေ မဟုတ်ကြဘဲ လေ့ကျင့်ထားသည့် စစ်သားများဖြစ်သည်ဟု ဟုန်ယွိ သိပါသည်။ သိုင်းကျမ်း၏အစကိုဖတ်ပြီးနောက် ဟုန်ယွိသည် တော်ဝင်ချန်မင်းဆက်၏ ကိုယ်ခံပညာအပေါ် မည်မျှတင်းကြပ်ထားမူနှင့် မည်မျှကြိုးစားအားထုတ်ခဲ့သည်ကို နားလည်လာခဲ့ပါသည်။
"ဟမ်.." ဟုန်ယွိဖတ်လိုက်သည်နှင့် "သိုင်းကျမ်း" ၏ စာကြောင်းများကြားတွင် ရှင်းလင်း ချက်များ ပါရှိသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ ထင်ရှားသည်မှာ ၎င်းတို့ကို ပညာရှင်များကိုယ်တိုင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
"သိုင်းပညာကို လေ့ကျင့်တဲ့အခါ, အပ်စိုက်မှတ်တွေကို သင်နားမလည်ထားဘူးဆိုရင်, လူ့ခန္ဓာကိုယ်နဲ့ လူ့ခန္ဓာကိုယ်ရဲ့ နက်နဲမှုတွေကို နားမလည်နိုင်ဘူးဆိုရင်, သင်ဟာ သင့်ခန္ဓာကိုယ်နဲ့ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာမှာ မဟုတ်ဘူး။ လူ့ခန္ဓာကိုယ်ရဲ့ အပ်စိုက် မှတ်တွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ။ ပြီးတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နတ်ဘုရားတွေက အဲဒီအပ်စိုက်မှတ်တွေထဲမှာ နေထိုင်ကြတယ်။ တစ်ယောက်ယောက်က အပ်စိုက်မှတ်တွေကို နားလည်ပြီး ကောင်းကင်ယံက ကြယ်တွေရဲ့ လှည့်ပတ်မူနဲ့အတူ လေ့ကျင့်နိုင်ရင်, လှုပ်ရှားမူတိုင်းမှာ အနန္တတန်ခိုးကို ပိုင်ဆိုင်လိမ့်မယ်။ သင်ဟာ နဂါးတစ်ကောင်ကို ဖမ်းပြီး၊ ဆင်တစ်ကောင်ကို လွင့်ပစ်နိုင်လိမ့်မယ်။ တာအို ယန်စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ကာ ကျော်လွှားသကဲ့သို့ လူသားအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနိုင်တယ်။ တော်ဝင်ချန်မင်းဆက်တည်ထောင်သည့်နှစ် ၃၀ တွင် ဇင်ဆရာသခင်ယွမ်ယွဲ့၏မှတ်ချက်”။
ထင်ရှားသည်မှာ ဤကျမ်းပိုဒ်ကို ဇင်ဆရာသခင်ယွမ်ယွဲ့ဟူသည့် ဒိုင်ဇင်ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးက မှတ်သားထားခြင်း ဖြစ်သည်။
စာသား၏အဓိပ္ပါယ်က သိပ်ပြီး မလေးနက်ပါဘူး။ အခြေခံအားဖြင့် လူ့ခန္ဓာကိုယ်တွင် အသား၊ အရွတ်များ၊ အမြှေးပါးများ၊ အရိုးများ၊ အင်္ဂါများ၊ ခြင်ဆီနှင့် သွေးတို့အပြင် အာရုံကြောများစွာ ပါရှိနေသည်ဟု အခြေခံအားဖြင့် ဆိုထားသည်။ ၎င်းတို့သည် ကောင်းကင်တွင်ရှိသော ကြယ်များကဲ့သို့ဖြစ်ပြီး၊ ၎င်းတို့ထဲ မြောက်မြားစွာသော နတ်ဘုရားများ ကိန်းအောင်းနေကြ၏။ ဤအပ်စိုက်မှတ်များကို လေ့ကျင့်ပြီးနောက်၊ လူတစ်ယောက်သည် လှုပ်ရှားမှုတိုင်းတွင် အကန့်အသတ်မရှိသော စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။ အစစ်မှန် အင်မော်တယ် ရုပ်ခန္ဓာကိုယ်သည် လူသားအင်မော်တယ် ဖြစ်ပါသည်။ (ရုပ်ခန္ဓာကိုယ်ဖြင့် အင်မော်တယ်ဖြစ်သည်ကို လူသားအင်မော်တယ်ဟု ဆိုလိုဟန်တူပါသည်)။
“လူသားအင်မော်တယ်"
“ကိုယ်ခံပညာရဲ့ အမြင့်ဆုံးနယ်ပယ်က လူသားအင်မော်တယ်လား..”
ဟုန်ယွိက ထိုစာပိုဒ်ကို ကြည့်ပြီး "ငါ့အဖေ မြို့စားဝူဝမ် ငယ်ငယ်တုန်းက ကျောက်တုံး ကိုးလုံးကို ဆက်တိုက် ပစ်ခတ်နိုင်ခဲ့တယ်။ သူ ဘယ်နယ်ပယ် ရောက်နေပြီလဲ ငါ သိချင်မိသား”။
"ကြည့်ရတာ, ငါ ကိုယ်ခံပညာ လေ့ကျင့်ဖို့ လိုနေပုံရတယ်။ အားနည်းတဲ့ ပညာရှင်ဆိုတာ ကောင်းတဲ့အခြေအနေတော့ မဟုတ်ဘူး။ တော်ဝင်ချန်မင်းဆက်ကို အရပ်ဘက် အရာရှိတွေက ကြီးစိုးထားပေမယ် မြင့်မြတ်တဲ့ဘွဲ့တွေ ရရှိဖို့က စစ်တပ်ရဲ့အောင်မြင်မှုတွေကို အားကိုးရမယ်။ ကိုယ်ခံပညာကို သင်ယူပြီး၊ ပညာရှင်တစ်ယောက် ဖြစ်လာပြီးမှ ငါ စစ်တပ်ထဲ ဝင်ရင် ငါ့အဆင့်အတန်းက မြင့်မားလာလိမ့်မယ်။ စစ်ဘက်ဆိုင်ရာ အောင်မြင်မှု တွေ ရလာခဲ့ရင် မြင့်မြတ်တဲ့ဘွဲ့တွေလည်း ရလာလိမ့်မယ်။ အဲဒီအခါမှာ ငါ့အမေရဲ့ အဆင့်အတန်းက “မဒမ်” ဖြစ်ရုံတင်မကဘူး မင်းသမီးပါ ဖြစ်လာနိုင်တယ်။ သူမရဲ့ အဆင့်အတန်းက မဒမ်ကျောက်ထက် အများကြီး မြင့်မားလာလိမ့်မယ်”။
သိုင်းကျမ်း၏အစကို ဖတ်ပြီးနောက်၊ ဟုန်ယွိသည် ကိုယ်ခံပညာကို လေ့ကျင့်ရန် ထပ်မံ စဉ်းစားလိုက်ပါသည်။
တကယ်တော့ ဟုန်ယွိသည် ကိုယ်ခံပညာကို မလေ့ကျင့်ချင်၍ မဟုတ်ပါဘူး။, သူ့မှာ လေ့ကျင့်နိုင်သည့် အခြေအနေမျိုး မရှိခဲ့သလို, ကိုယ်ခံပညာရှင် ဆရာတစ်ယောက်ကို လည်း မငှားရမ်းနိုင်ပါဘူး။ မြင်းစီးပြီး မြှားပစ်လေ့ကျင့်ရန်မှာလည်း သူ့မှာ ပိုက်ဆံ မရှိခဲ့ပါဘူး။
ကံကောင်းထောက်မစွာ၊ မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းများကို အင်ပါယာစာမေးပွဲတွေမှ ဖယ်ရှားခဲ့ပါသည်။ ထိုသို့မဟုတ်ပါက, သူ့ဘဝတစ်သက်တာမှာ နာမည်ကောင်းတစ်ခု ရနိုင်ဖို့ အခွင့်ရေးရှိမှာ မဟုတ်တော့ပါဘူး။
သို့သော် သူသည် ကိုယ်ခံပညာကို လေ့ကျင့်ပြီး၊ ပညာရှင်တစ်ဦး ဖြစ်လာပါက စုတ်တံနှင့် ဓား နှစ်မျိုးစလုံးကို ကောင်းစွာ တတ်ကျွမ်းမည်ကို သူသိသည်။ တော်ဝင်ချန်မင်းဆက်၏ စစ်တပ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ သူ၏အဆင့်အတန်းသည် အလွန်မြင့်မားလာလိမ့် မည်။ အကယ်၍, သူသည် စစ်ဘက်ဆိုင်ရာ အောင်မြင်မှုများ ရရှိပါက, မြင့်မြတ်သော ဘွဲ့များ ချီးမြှင့်ခံရမည် ဖြစ်သည်။ အကယ်၍, သူ ကံကောင်းပါက, အင်ပါယာတရားရုံးက သူ့အမေ၏ အဆင့်အတန်းကို “မင်းသမီး” ဘွဲ့ပင် အပ်နှင်းပေးနိုင်ပါသည်။
“မင်းသမီး"၏ အဆင့်အတန်းသည် “မဒမ်"ထက် များစွာမြင့်မားပါသည်။ ၎င်းသည် မင်းမျိုးမင်းနွယ်ဝင်များထံ တော်ဝင်နန်းတော်မှ ပေးအပ်သော အမြင့်ဆုံး ဂုဏ်အသရေ ဖြစ်ပါသည်။
မြို့စားဝူဝမ်၏စံအိမ်တွင် ကွယ်လွန်သွားသည့် ဟုန်အိမ်ထောင်ဦးစီးဟောင်း ဟုန်ရွှန်ကျိ၏ မိခင်တစ်ယောက်သာလျှင် “မင်းသမီး”ဘွဲ့ အပ်နှင်းခံခဲ့ရဖူးပါသည်။
“အမေ့ရဲ့ အမြင့်ဆုံးအဆင့်တန်းအတွက် ငါ တိုက်ပွဲဝင်ရမယ်။ ဒါပေမယ့် ကိုယ်ခံပညာ လေ့ကျင့်တာက တစ်ရက်တည်း လုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ဘူး။ လောလို့မရဘူး။ ငါ အင်မော်တယ်ပညာရပ်တွေနဲ့ စိတ်ဝိညာဉ် လေ့ကျင့်နည်းတွေကို အရင်ကြည့်ဦးမှ။ မဟုတ်ရင်, ဒီနှစ်ခုကြား ကွာခြားချက်ကို ငါ မသိဘဲနေမယ်”။
ဟုန်ယွိက တာအိုကျမ်းကို တဖန် ဖွင့်လိုက်ပါသည်။
သေချာပါသည်, ထိုမြေခွေးကြီးတုလောင် ပြောခဲ့သည့်အတိုင်းပင်။ တာအိုကျမ်းတွင် ကျင့်ကြံခြင်းနယ်ပယ်ကို စိတ်တည်ငြိမ်ခြင်း၊ အခွံမှဖောက်ထွက်ခြင်း၊ ညလမ်းလျှောက်ခြင်း၊ နေ့လမ်းလျှောက်ခြင်း၊ အရာဝတ္ထုထိန်းချုပ်ခြင်း၊ ထုတ်ဖော်ပြသခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ထိန်းချုပ်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်ဟူ၍ အဆင့် ၁၀ ဆင့် ခွဲထားသည်။
အပိုင်း (၈)။
သိုင်းကျမ်းနှင့် ယှဉ်လျှင် တာအိုကျမ်းသည် ပို၍ ဆန်းကြယ်ပါသည်။
စာအုပ်တစ်အုပ်လုံးတွင် လေးနက်သော နိယာမများနှင့် ပြည့်နှက်နေပြီး၊ အများစုမှာ ကိုယ်ကျင့်တရားများနှင့် ပညတ်တော်များအကြောင်း ပြောဆိုထားသည်။ အကယ်၍, လူတစ်ယောက်သည် ကျင့်ကြံသူတစ်ဦးဖြစ်ပါက, စိတ်အာရုံထွေပြားသော အတွေးများ မရှိရ။ မကောင်းသောအတွေးများ မရှိရဟု သတိပေးထားသည်။ ဧကရာဇ်မင်း အပေါ် သစ္စာစောင့်သိခြင်း တိုင်းပြည်အပေါ် စေတနာထား ပံ့ပိုးသောအားဖြင့် နည်းလမ်းများကို ဖြန့်ဝေခြင်းမပြုရ။ အင်မော်တယ်နည်းလမ်းများကို ထုတ်ဖော်မပြရ။ မကောင်းမှု မပြုလုပ်ရစသော အမျိုးမျိုးသော ပညတ်တော်များကို လိုက်နာရမည် ဖြစ်သည်။ ကံတရားနှင့် လက်စားချေခြင်းကဲ့သို့သော အရာများစွာလည်း ပါဝင်ပါသည်။
ဟုန်ယွိသည် ထိုအရာအားလုံးကို မကြည့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ရှေးခေတ် အင်မော်တယ်ပညာများတွင် ထိုသို့သော ပညတ်တော်များ မပါရှိသည်ကို သူ သိထားသောကြောင့် ဖြစ်ပါသည်။ ဤပညတ်တော်များနှင့် ကိုယ်ကျင့်တရားများ အားလုံးသည် တာအို ဂိုဏ်းဝင်များအား အင်ပါယာအာဏာနှင့် ယှဉ်တွဲနေစေရန်အတွက် ပညာရှင်များ၏ အခြေခံမူများနှင့် ရောနှောထားခြင်း ဖြစ်ပါသည်။
ဟုန်ယွိသည် ပညာရှင်များ၏ အခြေခံမူများကို ဖတ်ပြီးပြီဖြစ်သောကြောင့် ပြန်လည် ပြင်ဆင်ရန် မလိုအပ်ပေ။ ယခု သူဖတ်လိုသည်မှာ ရှေးခေတ် တာအိုအင်မော်တယ် ကျင့်ကြံခြင်းပညာရပ်များ၏ အနှစ်သာရ ဖြစ်သည်။ သူ့အမြင်အရ၊ ဤကျင့်ဝတ်များနှင့် ပညတ်တော်များသည် လေးနက်ပြီး၊ ရှေးခေတ်ကျမ်းများနှင့် ကွဲပြားပါသည်။ ထိုအရာတွေကို ဖတ်ရင်တောင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပါဘူး။ နောက်ဆုံးတွင်, အားလုံး ရောထွေးသွားနိုင်ပါသည်။
စာအုပ်များစွာကို ဖတ်ရှုပြီးနောက် အနှစ်သာရကင်းမဲ့သည့် အစိတ်အပိုင်းများကို သဘာဝအတိုင်း ဖယ်ရှားသွား နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဟုန်ယွိသည် အလွန်လျင်မြန်စွာ ဖတ်ရူနိုင်ပါသည်။
"အယ်၊ စေတီကိုပုံဖော်ပြီး အခွံထဲက ဖောက်ထွက်ခြင်း ပညာရပ်လား။ ရေချိုးခြင်း၊ လက်ဟန်နဲ့ ကျမ်းစာရွတ်ခြင်းလား။ ဂါထာလား၊ လက်ဟန်အမူအရာလား။ ဒီနည်းလမ်း တွေကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေတာလား။ ပြီးတော့ စိတ်ဝိညာဉ်က အခွံထဲကနေ ထွက်လာနိုင်တယ်။ "
ဟုန်ယွိက စာကြောင်း ဆယ်ကြောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်, နေရာအများကြီး ယူထာသည့် ကျင့်ကြံခြင်း နည်းလမ်းက သူ့မျက်လုံးရှေ့မှာ ရုတ်တရက် ပေါ်လာပါသည်။
စာအုပ်ထဲမှာ မှတ်တမ်းတင်ထားသည့် ကျင့်ကြံခြင်းနည်းလမ်းတွေက အရမ်းရှုပ်ထွေးပါ သည်။ ၎င်းနည်းလမ်းကို စေတီကိုပုံဖော်ပြီး အခွံထဲက ဖောက်ထွက်ခြင်းပညာရပ်ဟု ခေါ်သည်။
၎င်းသည် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထွက်ခွာနိုင်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အရင်ဆုံး, လူတစ်ယောက်သည် ရေချိုးပြီး သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ပေးရပါမည်။ ထိုနောက် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်ပြီး၊ ဂါထာ ရွတ်ဆိုခြင်း လက်ဟန်ခြေဟန်များ ပြုလုပ်ကြခြင်းဖြင့် သူတို့စိတ် တည်ငြိမ်သည်အထိ စောင့်ဆိုင်းရမည်။ ထို့နောက် အထပ်ခုနှစ်ထပ်ရှိသော စေတီပုံတော်ကို စိတ်ထဲထင်အောင် မြင်ယောင်ရမည်။ ထို့နောက် တစ်ထပ်ပြီးတစ်ထပ် တက်သွားပြီး အမြင့်ဆုံးထပ်သို့ ရုတ်တရက် ခုန်တက်သွားမည်။ စိတ်ဝိညာဉ်သည် အခွံထဲမှ ထွက်ခွာနိုင်လိမ့်မည်။
ဂါထာများသည် အလွန်ရှုပ်ထွေးပြီး လက်ဟန်အမှုအရာများမှာလည်း အလွန်ရှုပ်ထွေးပါ သည်။ တစ်ချက်ကြည့်ပြီး လိုက်လုပ်လျှင် မူးနှောက်သွားနိုင်ပါသည်။ စိတ်ကူးကြည့်ရုံဖြင့် ကျင့်ကြံရန် အချိန်အတော်ယူရလိမ့်မည်။
ဘယ်လောက်ရှုပ်ထွေးတဲ့ ဂါထာနဲ့ လက်ဟန်အမူအရာတွေလဲ။ ဒါပေမယ့်….”။
ဟုန်ယွိသည် ထိုလက်ဟန်အမူအရာများနှင့် ဂါထာများကို ကြည့်လိုက်ရုံဖြင့်ပင် ထိုဂါထာ များတွင် ပညတ်တော်အချို့ ပါဝင်နေပါသည်။ တွေးကြည့်ရုံဖြင့်ပင် သူ ခေါင်းကိုက်မိသည်။ ၎င်းတို့ကို အလွတ်ကျက်ပြီး ကျင့်ကြံရုံမှလွဲ၍ နည်းလမ်း မရှိပေ။
“ဟမ်… ဟုန်ယွိသည် အိမ်တွင်းမှတ်စုစာအုပ်ထဲမှ ဆွေးနွေးချက်တစ်ခုကို ရုတ်တရက် သတိရသွားသည်။
"တော်ဝင်တာအိုက အရိုးရှင်းဆုံးပဲ။ ဒီရှုပ်ထွေးတဲ့ လက်ဟန် တံဆိပ်တွေ, ဂါထာတွေက အဲဒီတာအိုဘုန်းကြီးတွေဆီက ဆင်းသက်လာခဲ့တာ။ အမှန်တော့ ရေချိုးခြင်း၊ ဂါထာ ရွတ်ခြင်း၊ လက်အမူအရာ အားလုံးက စိတ်နှလုံးကို အေးချမ်းစေတဲ့ နည်းလမ်းတွေပဲ။ ပညာရှင်တစ်ယောက်ဟာ ထိုင်ပြီးတာနဲ့ သူ့စိတ်နှလုံးဟာ ရေလို သဘာဝအတိုင်း အေးချမ်းသွားလိမ့်မယ်။ ဒီအရာတွေကို လုပ်ဆောင်ရန် လုံးဝ မလိုအပ်ဘူး”။
ထိုအကြောင်းကို တွေးမိပြီးနောက် ဟုန်ယွိသည် ဉာဏ်အလင်းတစ်ခု ရရှိခဲ့လာသည်။ သူ့ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။
ကျောက်ခန်းမ၏ နံဘေးမှာ စားပွဲတစ်လုံး၊ စာရေးစုတ်တံ၊ မှင်၊ စက္ကူများနှင့် မှင်သွေး ကျောက်များ ရှိနေပါသည်။
ဟုန်ယွိသည် စားပွဲရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်ပြီး မှင်ကို သွေးရန် ရေလောင်းလိုက်သည်။ မှင်သွေးသံကို နားထောင်ရင်း သူ့စိတ်တွေ တဖြည်းဖြည်း ငြိမ်သက်လာသည်။
စိတ်တည်ငြိမ်သွားပြီးနောက် ဟုန်ယွိသည် စာရွက်ကို ဖြန့်ကာ ‘ငြိမ်' ဟူသော စကားလုံးကို သုံးကြိမ်ဆက်တိုက် ရေးချလိုက်ပါသည်။
သူစာရေးနေအချိန်မှာ သူ့အမူအရာက အေးချမ်းနေသည်။
ဟုန်ယွိသည် ထိုတက္ကသိုလ်ပညာရှင်များကဲ့သို့ တည်ငြိမ်သော စိတ်အခြေအနေသို့ မရောက်နိုင်သော်လည်း မှင်သွေးခြင်းနှင့် စာရေးခြင်းကဲ့သို့သော လှုပ်ရှားမှုများစွာဖြင့် သူ့စိတ်ကို ငြိမ်သက်သွားစေနိုင်ပါသည်။
စိတ်တည်ငြိမ်သွားပြီးနောက် ဟုန်ယွိသည် သူ့မျက်လုံးများကို မှိတ်ကာ သူ့ခေါင်းထက်မှာ ခုနစ်ထပ်စေတီတစ်ဆူကို မြင်ယောင်ကြည့်ပါသည်။ ထိပ်ပိုင်းသို့ရောက်သောအခါ သူသည် အရှိန်အဟုန်ဖြင့် ရုတ်တရက် ခုန်ချလိုက်ပါသည်။
"အယ်… ငါ့စိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ကနေ ထွက်မသွားခဲ့ဘူးလား? အဆင်မပြေဘူး လား"
ဟုန်ယွိသည် ခုန်ချရန် စိတ်ကူးပြီးသည်နှင့်, သူ့မျက်လုံးများကို ဖွင့်လိုက်သော်လည်း ထူးထူးခြားခြား မည်သည့်အရာမှ မတွေ့ရပါဘူး။ သူကိုယ်တိုင်အဖြစ် ရှိနေပါသေးသည်။ သူ့လက်ကို ဖျစ်ညှစ်ကြည့်သော်လည်း တူညီသည့်ခံစားမူကို ခံစားရနေပါသေးသည်။
ဒီအတွက်ကြောင့် ပတ်ဝန်းကျင်က ပြောင်းလဲမသွားဘူး။
“ငါ့စိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ကို ဘာလို့ မစွန့်ခွာနိုင်တာလဲ။ တခြားသော့ချက်များ ရှိနေသေးလား။ ဖြစ်နိုင်တာ..”
ဟုန်ယွိသည် သူ့စိတ်နှလုံးကို တဖန်ငြိမ်သက်စေပြီး၊ သူ့စိတ်ကို တည်ငြိမ်စေသည်။ သူ ထပ်မံ ကြိုးစားသော်လည်း အလုပ်မဖြစ်သေးပါ။
ထို့ကြောင့် သူသည် လေးလေးနက်နက် အတွေးထဲသို့ ရောက်ရှိသွားခဲ့သည်။
"စေတီပေါ်တက်ပြီးနောက် ခုန်ထွက်လိုက်ပါ... အဓိကအချက်က အဲဒီမှာ ရှိသင့်တယ်.. ဟုန်ယွိက ထိုကျင့်ကြံနည်းကို ဆင်ခြင်လိုက်သည်။
“နားလည်ပြီ..”
ဟုန်ယွိသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။
သူသည် မျက်စိမှိတ်လိုက်ပြီး၊ ကျောက်စိမ်းမြို့တော်ရှိ ရတနာလဘုရား၏ ပထမစေတီ တော်သို့ သူ့အမေနောက်ကနေ လိုက်ပါခဲ့သည့် အချိန်ကို သတိရလိုက်သည်။
ရတနာလစေတီသည် စုစုပေါင်း ဆယ့်သုံးထပ် ရှိသည်။ တစ်ထပ်ပြီးတစ်ထပ် တက်သွား ပြီးနောက် ကျောက်စိမ်းမြို့တော်ကို လှမ်းမြင်နေရသည်။ ထိုအချိန်တုန်းက သူ့အမေသည် သူ့လက်ကိုကိုင်ကာ စေတီတော်ထိပ်သို့ တက်သွားခဲ့သည်။ ကောင်းကင်လေက တိုက်ခတ်နေပြီး၊ အောက် မှလမ်းသွားလမ်းလာများသည် လက်သီးအရွယ်မျှသာ ရှိသည်ကို သူ မြင်လိုက်ရသည်။ မူးဝေပြီး သူ့ခြေထောက်တွေတောင် အားနည်းသွားခဲ့သည်။
"ဒီခံစားချက်...”
ဟုန်ယွိသည် သူ့စိတ်ထဲမှာ တွေးလိုက်ပြီးနောက် "ခုန်ထွက်လိုက်၊ ခုန်ထွက်လိုက်စမ်း..”
ဤအရာသည် လှည့်စားမှုတစ်ခု ဖြစ်သော်လည်း၊ ဟုန်ယွိသည် သူငယ်ငယ်က အခြေအနေ ကို ပြန်သတိရချိန်မှာတော့ တုန်လှုပ်နေဆဲပင်။ ရုတ်တရက်, သူသည် သူ့စိတ်ကို ဆုံးဖြတ်ချက်ချပြီး ခုန်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး လှေကားအောက်သို့ ခုန်ဆင်းပါသွားသည်။
ဘန်း….။
ကမ္ဘာကြီးက ကမ္ဘာကြီးမဟုတ်တော့ဘူး။
ထိုအတွေးဖြင့် ဟုန်ယွိသည် ထင်ယောင်ထင်မှား ဖြစ်နေသော ထိုချောက်ကမ်းပါးမှ ခုန်ဆင်းလိုက်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလို လွင့်မျောပါလာသည်။ သူ့ရှေ့က ရှုခင်းများက အတူတူပင်။ ဟိုဘက်ခြမ်းမှာ စာအုပ်တွေနှင့် ဂူတွေ ရှိနေသည်။
သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ၊
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို မြင်လိုက်ရပါသည်။
အတိအကျပြောရလျှင်, သူ့တစ်ကိုယ်လုံးသည် အမွေးအမျှင်များကဲ့သို့ ပေါ့ပါးနေပြီး၊ သူသည် ဦးခေါင်းထက်တွင် လွင့်မျှောန်သကဲ့သို့ အလေးချိန်လည်း ကင်းမဲ့နေသည်။ သူသည် သူ့ခန္ဓာကိုယ်ကို မြင်နိုင်သည်။
သူ့အသက်ရှူသံက အားနည်းပြီး မျက်လုံးများကို မှိတ်ထားသည်။ သူသည် အိပ်ပျော်နေစဉ် မူးလဲသွားသည့်အတိုင်းပင်။
"ငါ့စိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ကို စွန့်သွားပြီ"
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ဟုန်ယွိက ထိတ်လန့်သွားခြင်း မရှိပေ။ သူ တွေးလိုက်သည် “ခန္ဓာကိုယ်အားနည်းတဲ့ လူတွေဟာ သူတို့စိတ်ဝိညာဉ်တွေ သူတို့ရဲ့ခန္ဓာကိုယ်ကနေ ထွက်သွားချိန်မှာ အိပ်ပျော် သွားတတ်တယ်လို့ ကောလဟာလတွေ ရှိခဲ့တယ်။ ဒါက ကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး။”
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ရှုခင်းတွေက ပုံမှန်အတိုင်းပင်။ သူသည် စာအုပ်ကို လက်ဖြင့် လှန်သော်လည်း သူ့စိတ်ဝိညာဉ်သည် စာမျက်နှာများကို လှန်၍ မရသည်ကို သူတွေ့ရှိခဲ့သည်။ သိသာထင်ရှားသည်၊ စိတ်ဝိညာဉ်သည် ပုံသဏ္ဍာန်မရှိ၊ ရတ်ပတ်မထားသော အတွေးတစ်ခု ဖြစ်ပါသည်။
သူ တဖန် ပြန်ကြည့်လိုက်သည်။
အလင်းရောင်အောက်တွင် အရိပ်မရှိပေ။ ယင်းက သူ တခါမှ အပြင်မထွက်ခဲ့သည့် အတိုင်းပင်။
ပုံသဏ္ဍာန်မရှိ၊ နှောင်ဖွဲ့မရှိ။
"ဒါက အိပ်မက်ပဲလား။ ဒါမှမဟုတ် ငါ့စိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာ လား”
ဟုန်ယွိသည် သူ အိပ်မက်ထဲမှာ အိပ်မောကျနေသလားဟုပင် တွေးမိသည်။
အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် အိပ်မက်ထဲတွင် ထိုသို့သော အရာများ ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။ သူ့ကိုယ်သူ မြင်လိမ့်မယ်။
သို့သော် အိပ်မက်ထဲတွင် မသိစိတ်က ဖြစ်ပျက်ခဲ့သည်။ ဒါဟာ တခဏတာမျှသာဖြစ်ပြီး အဲဒါကို တွေ့ကြုံခံစားဖို့ ဘယ်သူမှ အချိန်မရှိခဲ့ပါဘူး။ ယခုမူကား သူကိုယ်တိုင် ပြီးပြီ။ သူ့ခန္ဓာကိုယ်ထဲက ခုန်ထွက်လာတဲ့ ဝိညာဉ်ရဲ့ ခံစားချက် ကို သူခံစားနိုင်တယ်။
ဒီခံစားချက်က အရမ်းဆန်းကြယ်တယ်။ မယုံနိုင်စရာပါပဲ။
ရုတ်တရက် ကျောက်ခန်းအပြင်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ လေသည် အလွန်အေးခဲသည်။
သူ့ကိုယ်ပေါ်ကို လေများတိုက်လာသည့်အခါ ဟုန်ယွိသည် ရေခဲနှင့် နှင်းကမ္ဘာထဲမှာ ကိုယ်လုံးတီးနှင့် ရပ်နေသည်ဟု ခံစားလိုက်ရပါသည်။ သူသည် အအေးဒဏ်ကြောင့် တုန်ယင်နေပြီး အချိန်မရွေး သေသွားနိုင်ပါသည်။
တစ်ချိန်တည်းမှာပင် သူသည် ရေမကူးနိုင်၍ ရေနစ်နေသော လူတစ်ဦးကဲ့သို့ ခံစားခဲ့ရသည်။ သူသည် ကျယ်ပြောလှသော သမုဒ္ဒရာထဲသို့ ပြုတ်ကျပြီး အချိန်မရွေး ရေနစ်သွားနိုင်ပါသည်။
အားကိုးရာမဲ့ပြီး စွမ်းအားမဲ့မူ။
၎င်းသည် အလွန်စိတ်မသက်မသာဖြစ်ရပြီး ကြောက်စရာကောင်းလွန်းသည်။
“ကိုယ်ခန္ဓာက ခါးသီးသောပင်လယ်ကို ဖြတ်ကူးရန် အဖိုးတန်ဖောင်တစ်စင်း ဖြစ်ကြောင်း ကျမ်းစာမှာ မိန့်ဆိုခဲ့ထားတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်ကနေ ထွက်ခွာသွား စိတ်ဝိညာဉ်ဟာ ဖောင်ပေါ်ကနေ ထွက်ခွာပြီး ပင်လယ်ထဲ ပြုတ်ကျသွားတဲ့ လူတစ်ဦးနဲ့ တူတယ်။ ဒါက အလွန်ကြောက်စရာကောင်းလှတယ်"။
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် စိုးရိမ်တကြီးဖြင့် သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာခဲ့သည်။
စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားခြင်းက ရိုးရှင်းသောအရာ မဟုတ်ပါ။ အပြင်မှာ အရမ်းကို အန္တရာယ်များလှပါသည်။
သို့သော် သူ လုံးဝ မလှုပ်ရှားနိုင်တော့။ အေးခဲပြီး ရေတွင်းထဲ နစ်မြုပ်နေသလိုပင်။ သူသည် မောဟိုက်နေသည်။
သူ့အသိစိတ်က တဖြည်းဖြည်း မှုန်ဝါးလာသည်။
"ခန္ဓာကိုယ်ထဲက ထွက်ခွာတဲ့ စိတ်ဝိညာဉ်က အရမ်းအန္တရာယ်များတယ်..” ဟုန်ယွိသည် သူ့စိတ်ဝိညာဉ် လွင့်ပါးသွားတော့မည်ဟု ခံစားလိုက်ရသည်။
အခန်း (၉)။
“မင်းရဲ့စိတ်ဝိညာဉ်က ဘယ်လိုထွက်လာတာလဲ..”။
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မလာနိုင်တော့ဘဲ သူ့စိတ်ဝိညာဉ် ပြန့်ကျဲသွားတော့ မည်ဟု ခံစားလိုက်ရချိန်မှာ ရုတ်တရက် အဖြူရောင် ကလေးမလေးတစ်ယောက်သည် ရုတ်တရက် ပြေးဝင်လာပြီး သူ့ကို ပွေ့ဖက်ပြီး သူ့ခန္ဓာကိုယ်ထဲကို တွန်းထည့်နေကို တွေ့လိုက်ရပါသည်။
ထို့နောက် ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး ပြေလျော့သွားသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် ထထိုင်လိုက်သည်။ သူ့ရှေ့တွင် အဖြူရောင် ကောင်မလေး မရှိတော့ဘဲ၊ မြေခွေးဖြူလေးတစ်ကောင် ရှိနေသည်။ ကျောက်စားပွဲပေါ်တွင် သစ်သီးပန်းကန်တစ်လုံး ရှိပြီး သစ်သီးပန်းကန်ထဲတွင် အဆာပြေ အစားစာအနည်းငယ်နှင့် လက်ဖက်ရည်ပူပူလေး တစ်ခွက် ပါရှိသည်။
မြေခွေးဖြူလေး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့ကို ကြည့်နေသည်။
"မင်း ငါ့ကို ကယ်ခဲ့တာလား"
ဟုန်ယွိက မြေခွေးဖြူလေးကို မေးသည်။
မြေခွေးဖြူလေးက ခေါင်းညိတ်သည်။
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မရ နိုင်တော့ပေ။ ၎င်းသည် အလွန်မင်း အန္တရာယ်များသည်။ ကံကောင်းထောက်မစွာ၊ မြေခွေးဖြူလေး၏ စိတ်ဝိညာဉ်က သူ့ကို တွန်းထုတ်ပေးခဲ့ပါသည်။ အဖြူရောင်ဝတ်စုံလေးနှင့် ကလေးမလေးသည် သူမအခွံထဲက ထွက်လာသည့် မြေခွေးဖြူလေး၏ စိတ်ဝိညာဉ် ဖြစ်နေပါသည်။
“ကမ္ဘာကြီးက ခါးသီးတဲ့ ပင်လယ်ကြီးနဲ့တူတယ်ဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်က ကမ္ဘာကို ဖြတ်ကျော်ဖို့ အဖိုးတန် ဖောင်တစ်စင်း ဖြစ်တယ်။ လူ့စိတ်ဝိညာဉ် ခန္ဓာကိုယ်ကနေ ထွက်ခွာသွားခြင်းက ကိုယ်လုံးတီး ပင်လယ်ထဲ ခုန်ချခြင်းနှင့် ညီမျှတယ်။ ဒါဆို အဆုံးသတ်သွားလိမ့်မယ်”။
ဟုန်ယွိသည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသော စိတ်ဝိညာဉ်၏ အန္တရာယ် ကို သိလိုက်ရပါပြီ။
“ဂျီ…၊ ဂျီ….၊ ဂျီ….ဂျီ…၊ ဂျီ… ဂျီ …" မြေခွေးဖြူမလေးသည် ဟုန်ယွိ၏ပတ်လည်တွင် ပျော်ရွှင်စွာ လှည့်ပတ်နေပြီး တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်ရှိ စားစရာများကို ခြေသည်း များဖြင့် ညွှန်ပြနေသည်။
“ဒါက ဘာလဲ"
ဟုန်ယွိသည် ပန်းကန်ပြားပေါ်ရှိ သစ်သီးခြောက်များက အလွန်ထူးဆန်းသည်။ ၎င်းသည် ပဲသီးထက်ကြီးသော အသီးတစ်မျိုးဖြစ်သလို အနီရောင်အလွှာဖြင့် ထုပ်ပိုးထားသော အသီးတစ်မျိုးဖြစ်ကြောင်း ဟုန်ယွိ တွေ့ရှိခဲ့ရသည်။ နောက်တစ်လုံးက အသီးအကြီးကြီး တစ်လုံးဖြစ်ပြီးသည်။ ၎င်းသည် လှော်ပြီး အပြင်ခွံပွင့်လာသည်အခါ ရွှေဝါရောင်ရှိပြီး၊ မွှေးကြိုင်သည့် အနံ့တွေ ထွက်ပေါ်နေသောကြောင့် လူတွေ၏ စားချင်စိတ်ကို တိုးစေပါ သည်။
ဟုန်ယွိသည် ဤအသီးနှစ်လုံးကို တစ်ခါမျှမမြင်ဖူးသလို, ဖြစ်သည့်အသီးဖြစ်မှန်းလည်း မသိပေ။
မြေခွေးဖြူမလေးက ထပ်မအော်ဟစ်ပြီး ဟုန်ယွိ၏မေးခွန်းကို ဖြေလိုက်ပုံရသော်လည်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားမလည်ကြပေ။ ဟုန်ယွိပုံစံက နားမလည်နိုင်သည့် အမူအရာရှိနေသည်။
မြေခွေးဖြူမလေးက ခဏကြာအောင် အော်လိုက်သည်။ သူမသည် ရှင်းပြ၍မရမှန်း သိပုံရ ပြီး အမွှေးတိုင်ရှည် တစ်ချောင်းကိုကိုင်ကာ ထွန်းညှိပြီး မြေပြင်ပေါ်တွင် ထိုးထည့်လိုက် သည်။ ခဏအကြာတွင် ဟုန်ယွိသည် အမွှေးတိုင်များဖြင့် ဝိုင်းရံသွားလေသည်။
“ဂျိ…၊ ဂျိ…၊ ဂျိ….၊ ဂျိ…”။
မြေခွေးဖြူမလေးက သူမဦးခေါင်းကို ရှေ့ခြေသည်းဖြင့် ပုတ်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူမက ဟောင်ရီကို ညွှန်ပြပြီး သူ့ကို အတုယူခိုင်းသည်။
“မင်းပြောချင်တာက ငါ့စိတ်ဝိညာဉ်ကို ငါ့ခန္ဓာကိုယ်ကနေ တစ်ဖန် ပြန်ထွက်သွားစေချင်နေ တာလား။ ငါတို့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ကြမယ်ပေါ့။ ဒါပေမယ့်။” ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကနေ စွန့်ခွာသွားတဲ့ စိတ်ဝိဉာဉ်၏ အန္တရာယ်ကို ကြုံဖူးခဲ့သည်။ ထို့ကြောင့်, သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေပါသည်။
“ဂျီ…၊ ဂျီ… ဂျီ…။" မြေခွေးဖြူမလေးသည် မြေပြင်ပေါ်ရှိ အမွေးတိုင်များပေါင်းကို မီးထိုး ရန် ၎င်း၏ခြေသည်းများကို အသုံးပြုကာ ညွှန်ပြပြီး ကြောက်စရာမရှိဟု ဆိုလိုသည်။
“ကောင်းပြီ။" ဟုန်ယွိသည် ထိုင်၍ မျက်လုံးမှိတ်ကာ စေတီပုံဖော်ခြင်းနည်းပညာကို လုပ်ဆောင်လိုက်ပါသည်။ ရုတ်တရက် သူသည် ခုန်ချလိုက်သည်။
ဘန်း…။
သူ့ခန္ဓာကိုယ်ကို သူ ပြန်မြင်ရပြန်သည်။ သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ စွန့်ခွာသွားခဲ့ပြီ။
“နင် အရင်က ကျင့်ကြံဖူးလား။ နင့်စိတ်ဝိညာဉ်က နင့်ခန္ဓာကိုယ်ကနေ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် စွန့်ခွာနိုင်ရတာလဲ။”
ဟုန်ယွိသည် အသံတစ်ခုကို ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင်၊ သူသည် မြေခွေးဖြူမလေး၏ ဦးခေါင်းပေါ်တွင် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်အရွယ် ကလေးမလေးကို တွေ့လိုက်ရသည်။ သူမ၏ အဝတ်အစားများသည် လေထဲတွင် လွင့်ပျံနေပြီး၊ သူမ၏မျက်ခုံးများကို စုတ်တံဖြင့် စေ့စပ် သေချာစွာ ထွင်းထားပုံရသည်။ သူမ၏ အလွန်လှပသော စိတ်ဝိညာဉ်ရုပ်အသွင်ကို ထင်ရှားစေသည်။
"ငါ့နာမည် ဟုန်ယွိပါ။ မင်းနာမည် ဘယ်လိုခေါ်လဲ” ဟုန်ယွိသည် ဘေးပတ်ပတ်လည်မှ အမွှေးတိုင်များကို ကြည့်ကာ ပူပြင်းသော စမ်းထဲတွင် ရေစိမ်နေသလို ခံစားရသည်။ သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ပထမဆုံးအကြိမ် စွန့်ခွာချိန်တုန်းကကဲ့သို့ အေးစက်မှု ကို မခံစားရပါဘူး။
"ငါတို့ သန့်စင်မြေခွေးမျိုးနွယ်ရဲ့ မျိုးရိုးနာမည်က တုရှန်းဖြစ်တယ်။ ငါနာမည်က တုရှန်းဆန်တဲ့။ ငါ့ကို ရှောင်ဆန်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဒါဆို မင်းနာမည်က ဟုန်ယွိပေါ့။ ဒါဆို မင်းကို မောင်လေးယွိလို့ ခေါ်မယ်။" ရှောင်ဆန်က "ငါ့ခန္ဓာကိုယ်က လူသားဘာသာ စကားကို ပြောဆိုဖို့ မသင်ယူရသေးဘူး။ မင်းကို မြင့်မြတ်တဲ့ စိတ်ဝိညာဉ်နဲ့ပဲ ဆက်သွယ်နိုင် တယ်။ ဒါက စန္ဒကူးနံ့သာတိုင်တွေ။ ဒါက မြင့်မြတ်တဲ့ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပြီး၊ လေနဲ့အတူ လွင့်သွားမှာ မဟုတ်တော့ဘူး။ ဘုရားကျောင်းက နံ့သာတိုင်တွေကလည်း ဒါတွေပဲ”။
"အမွှေးနံ့သာကို နတ်ဘုရားတွေ ကြိုက်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး... ဟုန်ယွိက ပြုံးပြသည်။ "မောင်ငယ်ယွိ, မင်းက ငါ့ ကို မောင်ငယ်ယွိလို့ ခေါ်လိုက်တာလား”
ဟုန်ယွိ၏ မျက်လုံးများသည် အံ့အားသင့်သွားကြသည်။ သူ့ကို ယခုလို ရင်းရင်းနှီးနှီးရှိသည့် နာမည်မျိုး တစ်ခါမှ မခေါ်ကြပါဘူး။ ရှောင်ဆန်သည် မြေခွေးတစ်ကောင်ဖြစ်သော်လည်း သူမ၏ စိတ်ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားချိန်မှာ, သူမသည် လူသား တစ်ယောက်၊ ချစ်စရာကလေးမလေးနှင့် မခြားနားတော့ပေ။
“နင့်ရဲ့ခန္ဓာကိုယ်ကနေ ဘာလို့ ဒီလောက်မြန်မြန် ထွက်သွားနိုင်ရလဲဆိုတာ မင်း ငါ့ကို မပြောရသေးဘူး။ စေတီကိုပုံဖော်ခြင်းပညာရပ်ကို နင် ကျင့်သုံးခဲ့တာလား။ ငါ ဒီနည်းလမ်း ကို လေ့ကျင့်ချိန်တုန်းကဆို ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ဖို့ တစ်လလုံးလုံး အချိန်ယူခဲ့ရ တယ်။" ရှောင်ဆန်က သူမခေါင်းကို မော့လိုက်သည်။
“ဒီနည်းလမ်းက ဘာမှမထူးဆန်းပါဘူး။ အမြင့်ကခုန်ဖို့ စိတ်ကူးကို အသုံးပြုလိုက်ရုံပါပဲ။ တောင်ပေါ်တက်ပြီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတဲ့သူတွေဟာ မြေပေါ်မရောက်ခင် သေသွားကြတယ်။ ဆိုလိုတာက သူတို့ရဲ့ မြင့်မြတ်တဲ့စိတ်ဝိညာဉ်က သူတို့ရဲ့ ခန္ဓာကိုယ်ကို စွန့်သွားခဲ့ပြီ။ ဒီစိတ်ကူးပုံဖော်နည်းကို လေ့ကျင့်တာက အမြင့်တစ်နေရာကနေ ခုန်ချတာနဲ့ အတူတူပဲ။ မြင့်မြတ်တဲ့စိတ်ဝိညာဉ်က သူတို့ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတယ်”။
ဟုန်ယွိ တွေးတောလိုက်သည်။ “ငါ တာအိုကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ စိတ်တည်ငြိမ်ခြင်း၊ ခန္ဓာကိုယ်မှ ထွက်ခွာခြင်း၊ ညလမ်းလျှောက်ခြင်း၊ နေ့လမ်းလျှောက်ခြင်း၊ မောင်းနှင်ခြင်း၊ အရာဝတ္ထုထိန်းချုပ်ခြင်း၊ ထုတ်ဖော်ပြ သခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ထိန်းချုပ်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်တို့ကို ဖတ်ရှုလိုက်ရပြီ။ ဒီတာအို နည်းလမ်းတွေက မြင့်မြတ်တဲ့စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းအတွက် ရိုးရှင်းတဲ့နည်းလမ်း တွေဖြစ်ပေမယ့် လေ့ကျင့်ဖို့ ခက်ခဲတယ်။ ကံကောင်းထောက်မစွာ၊ ငါက ပညာရှင် တစ်ယောက်ဖြစ်ပြီး၊ စိတ်တည်ငြိမ်အောင် လုပ်ဆောင်နိုင်တယ်။ သာမန်လူတစ်ယောက် ဟာ စိတ်အာရုံ ပျံ့လွင့်နေချိန်မှာ ဘယ်လိုလုပ် စိတ်တည်ငြိမ်နိုင်မလဲ။ တကယ်လို့, စိတ်တည်ငြိမ်မှု မပေးနိုင်ရင် ခန္ဓာကိုယ်ကို စွန့်ခွာဖို့ မေ့သွားနိုင်တယ်။ တော်ဝင်တာအိုက တကယ်ကို ရိုးရှင်းတယ်။ အင်မော်တယ်ပညာကို ကျင့်ကြံခြင်းက ကိုယ်ခံပညာကို လေ့ကျင့်ခြင်းထက် အများကြီး လွယ်ကူတယ်။” (နယ်ပယ်တွေနှင့်ပတ်သက်ပြီး တစ်နေရာနှင့်တစ်နေရာ မတူပါဘူး)။ ထို့အကြောင့် အဆင်ပြေသလို ရေးသားထား ပါသည်)။
"ရှောင်ဆန်, ဒီအစားအစာက ဘာလဲ။ ငါ ဘာလို့ အရင်က တစ်ခါမှ မမြင်ဖူးတာလဲ။ မြေခွေးတွေ စားတာလား။ "ဟုန်ယွိက မြေပြင်ပေါ်ရှိ အရာနှစ်ခုကို လက်ညှိုးထိုးပြသည်။
"ဒါတွေက ပင်လယ်တဖက်ကနေ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းကြီးတွေ ယူလာတဲ့ မျိုးစေ့တွေပဲ။ မြေပဲလို အနီရောင်အစေ့တွေကို ကြေလွင့်မြေပဲလို့ ခေါ်တယ်။ မွှေးပြီး လှော်ထားတဲ့အစေ့ကိုတော့ အားလူးချိုလို့ခေါ်တယ်။ ဒိုင်ဇင်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံ ရချိန်မှာ မျိုးစေ့တချို့ ယူလာခဲ့ပြီး တောင်တွေပေါ်မှာ ကြဲထားတာ။ ဒီနှစ်ခုက စိုက်ပျိုးရ လွယ်ကူတယ်လေး။ အထွက်များပြီး အလွန်အရသာရှိတယ်" ရှောင်ဆန်က တခစ်ခစ် ရယ်သည်။
"မြေပဲ၊ အာလူးလား" ဟုန်ယွိသည် ထိုအရာများကို ကြည့်ပြီး လက်ကို ဆန့်လိုက်သော် လည်း လွတ်နေသည့်လေကိုသာ ဆုပ်ကိုင်မိပါသည်။
"ဟီး..၊ ဟီး…၊ ဟီး…၊ ဟီး၊ မောင်ငယ်ယွိ, နင် ဘာလို့ ဒီလောက်တုံးအရတာလဲ။ စိတ်ဝိညာဉ်တွေက အရာဝတ္ထုတွေကို ကောက်ယူလို့ မရသလို လူတွေလည်း မမြင်နိုင်ကြဘူးလေ။ နင် အရာဝတ္ထုတွေကို မောင်းနှင်ခြင်းနယ်ပယ်ကို ရောက်ဘူးမှပဲ အရာဝတ္ထုတွေကို ကောက်ယူနိုင်မှာ။ ဒါပေမယ့် မောင်ငယ်ယွိ, နင်က ခန္ဓာကိုယ်ကို ဒီလောက် မြန်မြန် စွန့်ခွာနိုင်အောင် လေ့ကျင့်ထားနိုင်တယ်။ ဒါကြောင့် အရာဝတ္ထုတွေကို မောင်းနှင်ခြင်း နယ်ပယ်ကို အမြန်ရောက်သင့် တယ်။ မျှော်လင့်ထားသလိုပဲ၊ လူသားတွေဟာ သူတို့ရဲ့ ကျင့်ကြံမှုမှာ ငါတို့မြေခွေးတွေထက် ပိုမြနေတယ်။"
" ရှောင်ဖေး ရှောင်ရူ၊ ဒီကို မြန်မြန်လာ။ မောင်ငယ်ယွိက သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး၊ ငါတို့နဲ့ စကားပြောနိုင်တယ်" ရှောင်ဆန်က ရုတ်တရက် အော်ခေါ်လိုက်ပါသည်။
ထိုအချိန်တွင် မြေခွေးဖြူနှစ်ကောင်သည် တံခါးဝမှ ဝင်လာသည်။ ကျောက်ခန်းမထဲမှာ စန္ဒကူးနံ့သာအမွှေးတိုင်များကို မြင်တော့, သူတို့သည် တကျီကျီအော်သံကို ထုတ်ဖော်ရင်း၊ မြေပြင်ပေါ်မှာ မလှုပ်မယှက် ခွေခွေလေး ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ သည် အဖြူရောင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် မိန်းကလေးငယ်နှစ်ဦးကို တွေ့လိုက်ရ ပါသည်။
"တကယ်လား, ဒါ ပျော်စရာကောင်းလိမ့်မယ်။ နေ့တိုင်း တောင်ပေါ်မှာ နေရတာ ပျင်းစရာကောင်းတယ်။ ကံမကောင်းစွာပဲ၊ အစ်မကြီး ကြင်ယာတော်ယွမ်က ငါတို့ကို အပြင်မထွက်ရဘူးတဲ့။ ဒါမှမဟုတ်ရင် လူသားတွေက ငါတို့ကိုသတ်လိမ့်မယ်လို့ ပြောထား လို့"
"ပြီးခဲ့တဲ့အချိန်တုန်းက အစ်မကြီး ကြင်ယာတော်ယွမ်က ပညာရှင်တချို့ကို ဒီကို ခေါ်လာခဲ့ တယ်။။ သူတို့က ငါတို့ကို စာဖတ်တတ်၊ ပြောတတ်၊ ရေးတတ်အောင် သင်ပေးမယ်လို့ ပြောခဲ့ပေမယ့်, ငါတို့ကိုတွေ့တာနဲ့ သူတို့ မေ့မျောသွားကြတယ်။”
“ငါ တကယ်နားမလည်ဘူး။ ငါတို့မြေခွေးတွေက ဘာများ ကြောက်စရာကောင်းလို့လဲ။ ဒါက အရမ်းထူးဆန်းတယ်။”
"မောင်ငယ်ယွိ, မင်းနာမည်က မောင်ငယ်ယွိလား။ စကားပြောဖို့ တစ်စုံတစ်ယောက် ရှိနေတာ အရမ်းကောင်းတယ်။ အနာဂတ်မှာ ငါတို့ အတူတူကစားနိုင်ပြီ။ တောင်တွေကို စွန့်ခွာပြီး တွဲကစားဖို့ တစ်စုံတစ်ယောက်ကို ရှာချင်နေတာ ကြာလှပြီ။”
ကောင်မလေးနှစ်ယောက်သည် ဟုန်ယွိကို ဝိုင်းရံလာပြီး တပြိုင်နက် စကားစမြည် ပြောကြ သည်။ ဤမိန်းကလေးငယ်များသည် အမှန်တကယ်ပင် ချစ်စရာကောင်းသော အခြား တစ်ဖက်ခြမ်း ရှိနေသည်ဟု ဟုန်ယွိကို ခံစားရစေသည်။ သူတို့သည် မြို့စားဝူဝမ်၏အိမ်ရှိ အိမ်ဖော်များနှင့်မတူ။ ငယ်ရွယ်သော်လည်း သူတို့အားလုံးသည် ထက်မြက်ပြီး အခြား သူများကို လိုလားတောင့်တကြသည်။
“လူတိုင်းက မြေခွေးတွေက ကောက်ကျစ်တယ်လို့ ပြောကြပေမယ့် လူတွေက မြေခွေးတွေ ထက် အဆတစ်သောင်း ပိုကောက်ကျစ်မှန်း မသိကြဘူး။" ဟုန်ယွိ သက်ပြင်းချလိုက်သည်။
"စကားမစပ်, မင်းသုံးယောက်က ဘယ်အဆင့်ရောက်နေပြီလဲ”
"ရှောင်ဆန်နဲ့ ငါက အခွံစွန့်ခွာခြင်းနယ်ပယ် ကျင့်ကြံသူတွေပဲ။ ရှောင်ရူက နည်းနည်းတော့ သန်မာတယ်။ သူမက ညဘက်မှာ ခရီးထွက်နိုင်ပေမယ့်, နေ့ခင်းဘက် ခရီးသွားနိုင်တဲ့ အဆင့်ကို မရောက်သေးဘူး။ သူမက သူမခန္ဓာကိုယ်နဲ့ အဝေးကြီးသွားလို့ မရသေးဘူး။ အစ်မကြီး ကြင်ယာတော်ယွမ်ကတော့ ယင်စိတ်ဝိညာဉ်ဟာ အရာဝတ္တုတွေကို ကိုင်တွယ်နိုင်ပြီး ငါတို့အနေနဲ့ ပျံသန်းနိုင်သောအပ်တွေ ဒါမှမဟုတ် ပျံသန်းနိုင်တဲ့ ဓားတွေကို အသုံးမပြုနိုင်သေးပါက, အပြင်မထွက်နိုင်သေးဘူးလို့ ပြောဖူးတယ်။ မဟုတ်ရင်, တောင်တန်း အပြင်ဘက်လူတွေက စိတ်စွမ်းအား ထက်မြက်ကြတယ်။ ငါတို့က သူတို့ကို စိတ်ရှုပ်ထွေးအောင် မလုပ်နိုင်ကြဘူး။ ပြီးတော့, ငါတို့လည်း အလွယ်တကူ ထိခိုက်သွားနိုင် တယ်" ရှောင်ဖေးက ခေါင်းခါပြသည်။
"ပျံသန်းနိုင်တဲ့ဓား, ပျံသန်းနိုင်တဲ့အပ်တွေလား" ဟုန်ယွိ အံ့ဩသွားသည်။
"ဟုတ်တယ်၊ အရာဝတ္တုကို ကိုင်တွယ်ခြင်း နယ်ပယ်ကို ကျင့်ကြံပြီးနောက်၊ နင်က လူတွေကို ထိုးနှက်ဖို့ ဓားတွေ အပ်တွေကို အသုံးပြုနိုင်ပြီ။ လူတွေကို ထိခိုက်ဒဏ်ရာ ရအောင် ကျောက်တုံးတွေကိုတောင် အသုံးပြုနိုင်တယ်။ ပြီးရင် ကိုယ့်ကိုကိုယ်လည်း ကာကွယ်နိုင်တယ်။" ရှောင်ဆန်က ပြောပြသည်။
"ဒါဆို, အရာဝတ္တုကို ကိုင်တွယ်ခြင်းနယ်ပယ် ကျင့်ကြံမူမရှိရင် ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမလဲ။" ဟုန်ယွိက မေးသည်။
"ငါတို့ အရာဝတ္တုကိုင်တွယ်ခြင်းနယ်ပယ်ကို မကျင့်ကြံနိုင်ခင်မှာ ကိုယ့်ကိုကိုယ် ကာကွယ် ဖို့အတွက် တခြားသူတွေကို စိတ်ဝေဝါးရုံလောက်ပဲ လုပ်နိုင်ကြတယ်။ ဒါပေမယ့် သန်မာတဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒပြင်းထန်တဲ့ သန်မာသူတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ သူတို့ကို စိတ်ရှုပ်ထွေးလုပ်ဖို့ အနည်းငယ် ခက်ခဲတယ်။ မောင်လေးယွိလို ထက်မြက်တဲ့သူတွေဆို၊ ငါတို့က လုံးဝ စိတ်ရှုပ်ထွေးအောင် မလုပ်နိုင်ကြဘူး။ ငါတို့ တောင်တွေပေါ်မှာ အမဲလိုက် သွားတုန်းက၊ အထူးသဖြင့် သန်မာတဲ့သူတချို့ တွေ့ခဲ့တယ်။ ငါ့စိတ်ဝိညာဉ်က သူတို့ကို အဝေးကမြင်တဲ့အခါ, သူတို့က မီးလျှံလို စိတ်စွမ်းအားနဲ့ ပြည့်နှက်နေတယ်။ သူတို့အနားကို ငါတို့ မသွားရဲဘူး။ ကံကောင်းစွာပဲ၊ ငါတို့က ပုန်းရှောင်နေပြီး သူတို့က ရှာမတွေ့ခဲ့ဘူး။”
မိန်းကလေးသုံးယောက်ထဲမှာ ရှောင်ရူက ပိုရင့်ကျက်ပုံရသည်။ သူမ၏စကားများမှာလည်း ရှင်းလင်းပါသည်။
“ဟမ်…၊ လူတွေကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့က, အဲဒီလူဟာ အရင်ဦးဆုံး မကောင်းတဲ့ စိတ်နှလုံး၊ သို့မဟုတ် အားနည်းတဲ့ ကိုယ်ခန္ဓာနဲ့ အားနည်းတဲ့ စိတ်စွမ်းအားရှိဖို့ လိုတယ်။” ဟုန်ယွိသည် အိမ်တွင်းမှတ်စုစာအုပ်ထဲမှာ မှတ်တမ်းတင်ထားသည့် အရာကို ပြန်သတိရ မိပါသည်။
နတ်ဆိုးတွေအနေဖြင့်, လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်နိုင်ရန်မှာ ပထမဆုံးအနေဖြင့်, လူတွေမှာ ဆိုးယုတ်သည့် စိတ်နှလုံးရှိရန် လိုအပ်ပါသည်။ လူတစ်ယောက် ကြောက်ရွှံ့ ထိတ်လန့်နေချိန်မှာ စိတ်စွမ်းအားလည်း အားနည်းလာပါလိမ့်မည်။ ဒုတိယအချက်မှာ ခန္ဓာကိုယ်အားနည်းခြင်းနှင့် စွမ်းအားအားနည်းခြင်းတို့ ဖြစ်သည်။ ထိုအားနည်းချက်များကို လည်း အခွင့်ကောင်းယူနိုင်ပါတယ်။ ထိုလူသည် သေနေသောလူတစ်ယောက်ကဲ့သို့ နတ်ဆိုးများနှင့် သရဲတစ္ဆေများကို အမြဲမြင်နိုင်သည်။
ဟုန်ယွိသည် ဤသဘောတရားကို နားလည်သည်။
“နတ်ဘုရားနဲ့ သရဲတစ္ဆေတွေရဲ့လမ်းစဉ်က ချောမွေ့ခြင်းမရှိဘူးလို့ လူတွေပြောကြတာ အံ့ဩစရာ မရှိပါဘူး။ တားမြစ်ချက်တွေ အများကြီးရှိနေတာပဲ။" ဟုန်ယွိသည် စကားဝိုင်း ကို နားထောင်ပြီးနောက် စိတ်ဝိညာဉ်ကို ကျင့်ကြံရသည့် အင်မော်တယ်လမ်းစဉ်ကို နက်နဲစွာ နားလည်လာခဲ့သည်။
"စိတ်ဝိညာဉ်ကို ကျင့်ကြံရသည့် အင်မော်တယ်လမ်းစဉ်တွင် ကန့်သတ်ချက်တွေ အများကြီး ရှိနေတာပဲ။ စတင်ရန်ခက်ခဲပြီး အန္တရာယ်များလွန်းတယ်။ ကိုယ်ခံပညာက ကမ္ဘာပေါ်မှာ ရေပန်းစားနေတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူး”။
စိတ်ဝိညာဉ်ကျင့်ကြံခြင်း၏ ပထမခြေလှမ်းမှာ စိတ်နှလုံးကို ငြိမ်သက်စေခြင်း ဖြစ်ပြီး၊ စိတ်ကို အာရုံစူးစိုက်နိုင်မှ အာရုံပျံ့လွင့်သော အတွေးအားလုံးကို ဖယ်ရှားပစ်နိုင်လိမ့်မည်။ သို့မှသာ လူသည် ခန္ဓာကိုယ်မှ ထွက်ခွာရန် စိတ်အာရုံကိုပုံဖော်ပြီး အသုံးပြုနိုင်မည်။ ပထမဦးစွာ စိတ်နှလုံးကို အေးချမ်းငြိမ်သက်စေပြီး စိတ်ကိုအာရုံစူးစိုက်ကာ၊ ပျံ့လွှင့်နေ သော အတွေးအာရုံအားလုံးကို ဖယ်ရှားရန်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေမျိုးကို သာမန် လူတွေ မအောင်မြင်နိုင်ပါဘူး။
အကယ်၍, သူတို့ လုပ်ဆောင်နိုင်ခဲ့လျှင်ပင်, ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး လှေပေါ်ကနေ ပင်လယ်ထဲကို ခုန်ချပြီးနောက် မကူးနိုင်ခတ်နိုင်သည့် လူတစ်ယောက်နှင့် တူနေပါဦးမည်။
ကျင်ကြံနေစဉ်အတွင်း ခန္ဓာကိုယ်မှ ထွက်ခွာသွားသောအခါ ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ စိတ်ဝိညာဉ်များ ပျက်စီးသွားဦးလိမ့်မည်ဟု ဟုန်ယွိ ခန့်မှန်းထားခဲ့သည်။
ထို့အပြင် ၎င်းတို့သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားသော်လည်း ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိကြသေး ပေ။ အရာဝတ္ထုကို ကိုင်တွယ်ခြင်းနယ်ပယ်ကို ကျင့်ကြံပြီးမှ သာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း တဖြည်းဖြည်း ရရှိလာမှာပါ။ ယင်းက ကိုယ်ခံပညာထက် အများကြီး အားနည်းပါသည်။ တစ်လ သို့မဟုတ် နှစ်လ လေ့ကျင့်ရုံဖြင့် လူတစ်ယောက် နှစ်ယောက်လောက်ကိုသာ အလွယ်တကူ အနိုင်ယူနိုင်ပါသည်။
"စိတ်ဝိညာဉ် ထွက်ခွာချိန်မှာ စန္ဒကူးနံ့သာတိုင်ကို မီးရှို့ထားမယ်လို့ တာအိုကျမ်းမှာ မှတ်တမထင်ထားတာ အံ့ဩစရာ မရှိတော့ဘူး။ ဒီကိစ္စရဲ့နောက်ကွယ်က အဓိပ္ပါယ်က အရမ်းကို မကောင်းဆိုးဝါးဆန်ပြီး ကျင့်ကြံသူကို သေစေချင်လို့ပဲ”။
ဟုန်ယွိသည် တာအိုကျမ်းတွင် မှတ်တမ်းတင်ထားသော ကျင့်ကြံခြင်းနည်းလမ်းအချို့၏ အားနည်းချက်များကို ရှာဖွေတွေ့ ရှိခဲ့သည်။ အချို့က တမင်တကာပင် မကောင်းကြံ ထားကြခြင်း ဖြစ်ပါသည်။
တာအိုကျမ်းကို တော်ဝင်ချန်မင်းဆက်က ကမ္ဘာတစ်ဝှမ်းမှ စာအုပ်များ စုဆောင်းပြီး နောက် ပြုစုခဲ့သည်။ တော်ဝင်ချန်မင်းဆက်သည် မင်းဆက်၏ အုပ်ချုပ်မှုကို ဖျက်စီးပစ်ဖို့ အတွက် အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူတွေကို သေစေချင်မည် မဟုတ်ပေ။
"ဒီကိစ္စမှာတော့, သိုင်းကျမ်းဂန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ သတိပေးချက်များစွာ ထားရှိနိုင် တယ်။ ဒါပေမယ့် သိုင်းကျမ်းနဲ့ တာအိုကျမ်းတွေဟာ ဗားရှင်းနှစ်မျိုး ရှိနေသင့်တယ်လို့ ငါ ထင်တယ်။ တော်ဝင်စာကြည့်တိုက်မှာ ဗားရှင်းတစ်ခုရှိပြီး အခြားဗားရှင်းတစ်ခုတော့ လူတွေကြားမှာ ပျံ့နှံ့နေတယ်။ ဒါ့အပြင်, တော်ဝင်ချန်မင်းဆက်ရဲ့ ဧကရာဇ်က ဒီကိစ္စက မသင့်လျော်ဘူးလို့ ယူဆလိမ့်မယ်။ ဒါကြောင့် စာအုပ်တွေကို ပိတ်ပင်ခဲ့တယ်။"
ဟုန်ယွိသည် မျက်စိစုံမှိတ် စာဖတ်သူမဟုတ်ပေ။ စာရေးသူ၏ အတွေးအမြင်နှင့် သူ၏ ဘဝ အတွေ့အကြုံကိုပင် ဖော်ထုတ်ချင်ခဲ့သည်။ စာအုပ်ရေးနေသည့် အချိန်ကိုတောင် သူ သိချင်နေခဲ့သည်။ ထိုစာရေးဆရာ စာအုပ်ရေးနေ ချိန်မှာ မည်သည့်ပတ်ဝန်းကျင်မျိုး၊ စာရေး ဆရာ၏ စိတ်နေသဘောထား မည်သို့ရှိမည်ကို သူ သိချင်ပါသည်။ ထိုမှသာ သူသည် စာအုပ်ကို သေချာနားလည်ပြီး စာရေးဆရာ၏ ဝိညာဉ်ရေးအရ ဆက်သွယ်နိုင်မှာပါ။
အခု သူသည် တွေးပြီး သဘောပေါက်သွားပါပြီ။ တော်ဝင်ချန်မင်းဆက်၏သိုင်းကျမ်းနှင့် တာအိုကျမ်းများသည် နက်နဲသော်လည်း ၎င်းတို့တွင် မသင့်လျော်သော အစိတ်အပိုင်းများ စွာ ရှိနေပါသည်။ တချို့ဆို လူတွေကို သေဖို့ရန်ပင် သွေးဆောင်ထားပါသည်။
"သိုင်းကျမ်းထဲက အမြင့်ဆုံးနယ်ပယ်က သိုင်းသူတော်စင်ဖြစ်ပြီး၊ လူသားအင်မော်တယ် နယ်ပယ်ရှိမနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး”
ထိုပြဿနာကို အဖြေရှာပြီးနောက် ဟုန်ယွိ၏ စိတ်သည် ကြည်လင်လာသည်။
"ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူ, မင်းတို့မြေခွေးမျိုးနွယ်က တာအိုကျမ်းစာအတိုင်း ကျင့်ကြံခဲ့တာလား။” ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်၊ အစတုန်းကလည်း အဲဒီအတိုင်း ကျင့်ကြံကြတာပဲ။ ဒါပေမယ့် ချီဖောက်လွဲ ဖောက်ပြန်ဖြစ်မူကြောင့် အကြီးအကဲတချို့သေဆုံးသွားတယ်။ အဲဒီအခါမှာ သခင်ဘိုင်က တာအိုကျမ်းမှာ တစ်ခုခုမှားနေပြီလို့ ပြောခဲ့တယ်။ ဒါကြောင့် သူက အကြီးအကဲတုကို ညွှန်ကြားပေးခဲ့တယ်" ရှောင်ရူက ဖြေသည်။
"သခင်ဘိုင်လား…။ သခင်ဘိုင်က ဘယ်သူလဲ။”
ဟုန်ယွိသည် သခင်ဘိုင်အကြောင်း ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။
"သခင်ဘိုင်ရဲ့နာမည်က ဟာကူဇိယွဲ့ပါ။ သူက အရမ်းနာမည်ကြီးတယ်။ သူက မဟာနတ်ဆိုး အင်မော်တယ် ရှစ်ယောက်ထဲက တစ်ယောက်ပါ။"
"မဟာနတ်ဆိုး အင်မော်တယ် ရှစ်ယောက်က ဘာလဲ။ ဟုန်ယွိက မေးသည်။
“လူသားအင်မော်တယ်ကလွဲပြီး သူတို့က အထူးချွန်ဆုံး ရှစ်ယောက်ဖြစ်တယ်တဲ့။ ဒါ့အပြင်, ငါလည်း မသိဘူး။ သခင်ဘိုင်နဲ့ ကြင်ယာတော်ယွမ်တို့ကြားက စကားတွေကို ခိုးနားထောင်မိတဲ့ အချိန်မှာ ငါ ကြားခဲ့ရတာ။" ရှောင်ရူက ခေါင်းခါပြန်သည်။
"အယ်၊ အမွှေးတိုင်တွေ မီးငြိမ်းတော့မယ်။ မောင်ငယ်ယွိက သူ့အခွံကို ပြန်သွားသင့်ပြီ။ မဟုတ်ရင် သူ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး။ သူ့စိတ်ဝိညာဉ်က ပိုသန်မာလာတဲ့အခါ မောင်ငယ်ယွိက ငါတို့နဲ့ အပြင်ထွက်နိုင်ပြီ။ မောင်ငယ်ယွိ, နောက်ပိုင်း မင်း မြို့ကိုသွားပြီး ငါတို့အတွက် ကစားစရာပစ္စည်းတွေ ဝယ်လို့ရပြီ။ ပစ္စည်းတွေဝယ်ဖို့ မြို့ကို တကယ် သွားချင်တယ်။"
မြေခွေးသုံးကောင်နှင့် လူတစ်ဦး၏ စိတ်ဝိညာဉ်တို့သည် ၎င်းတို့၏ ခန္ဓာကိုယ်သို့ ပြန်သွားကြသည်။
ဟုန်ယွိ မျက်လုံးဖွင့်လိုက်သည်။ သူ့ရှေ့မှာ မြေခွေးဖြူသုံးကောင်ကလွဲ၍ ဘာမှမရှိတော့ ဘူး။ သူတို့သည် မျက်လုံးတွေကို မှိတ်ထားကြသည်။ ကောင်မလေးသုံးယောက်နှင့် စကားဝိုင်းက အိပ်မက်တစ်ခုလိုပင်။
"ကစ်…၊ ကစ်… ကစ်…ကစ်၊ ဟီး။"
မြေခွေးဖြူသုံးကောင်က ထပ်ပြီး အော်သည်။ ကျောက်စားပွဲပေါ်က သစ်သီးခြောက်တွေကို ကောက်ယူပြီး ဟုန်ယွိဆီ ပို့လိုက်ပါသည်။
ဟုန်ယွိသည် မြေပဲကို ကိုက်ဝါးကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း ၎င်းသည် ကြွပ်ရွှပြီး မွှေးကြိုင်နေ၏။ သူသည် အာလူးချိုကို အခွံခွာပြီး စားကြည့်သည့်အခါ ပါးစပ်က ချိုမြိန်နေ၏။ အရင်က ဒီလောက်ကောင်းသည့် အစားအစာများ သူ မစားဖူးပါဘူး။
လက်ဖက်ရည် ပူပူလေးသောက်ပြီးသည်နှင့် ဟုန်ယွိ လှည့်ပတ်ခုန်နေသည့် မြေခွေးလေး ၃ ကောင်ကို ကြည့်လိုက်ပါသည်။ သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားသည့် အချိန်ကို ပြန်တွေးမိသည်။ ကောင်မလေး သုံးယောက်က သူ့ကို မောင်လေးယွိဟု ခေါ်သည်။ သူ့နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့လာသည်။
ဓားနှင့်ရေခဲကဲ့သို့ဖြစ်နေပြီး လူ့စိတ်ခံစားချက် အေးစက်နေသည့် မြို့စားစံအိမ်ကြီးတွင် ထိုနွေးထွေးမူကို သူ မခံစားရပေ။