← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀)။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဟုန်ယွိသည် အနောက်တောင်တန်းရှိ ချိုင့်ဝှမ်းတွင် နေထိုင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ဒုက္ခအားလုံးကို မေ့သွားသကဲ့သို့ ရှေးဟောင်းစာအုပ်ပေါင်း ထောင်ပေါင်းများစွာနှင့် ကစားနေခဲ့သည်။

ချိုင့်ဝှမ်းရှိ ကျောက်ခန်းမတွင် ရှေးဟောင်းစာအုပ်များ စုဆောင်းထားမှုသည် ချမ်းသာသော မိသားစုများ၏ စာအုပ်စုဆောင်းမှုထက် ပိုမိုများပြားပါသည်။ ဧကရာဇ် စာကြည့်တိုက်မှ လွဲ၍ အခြားမည်သည့်အရာမျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ဆယ်နှစ်ကျော် လေ့လာခဲ့သော ဆင်းရဲသားလေး ဟုန်ယွိသည် စာအုပ်များကို ငှားကာ ကူးယူသည်။ သူသည် ယခုလို အခြေအနေမျိုးကို မည်သို့ကြုံတွေ့ရနိုင်မည်နည်း။ သူဖတ်ဖို့ စာအုပ်တွေ အခန်းပြည့်ရှိနေ သည်။

"မင်းတို့ ဒိုင်ဇင်ဘုရားကျောင်းရဲ့ စာကြည့်တိုက်ကို အလွတ်များထားခဲ့တာလား။ ဒီလောက် စာအုပ်အများကြီး ထုတ်နိုင်အောင် ဘယ်လို စီမံခဲ့လဲ။"

သုံးရက်ကြာဖတ်ပြီးနောက်, သူသည် နောက်ဆုံးတွင် စာအုပ်တစ်ဝက်ကို အမျိုးအစား ခွဲလိုက်သည်။ သူအနားယူနေစဉ်တွင် ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ပြီး မြေခွေးဖြူသုံးကောင်နှင့် စကားပြောဆိုခဲ့သည်။

မြေခွေးဖြူသုံးကောင်ဖြစ်သည့် ရှောင်ဆန်, ရှောင်ဖေးနှင့် ရှောင်ရူတို့သည် ဟုန်ယွိနှင့် ပျော်ရွှင်စွာ စကားပြောဆိုကြသည်။ သူ့ကို နေ့တိုင်း မောင်ငယ်ယွိဟု ခေါ်ကြပြီး၊ တကယ့် မောင်နှမတွေထက်တောင် ပိုရင်းနှီးကြပါသည်။ မြေခွေးများ၏ ဖြူစင်မှုနှင့် အပြစ်ကင်းမှု သည် ဟုန်ယွိ၏နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ခံစားရစေခဲ့သည်။

“ဒိုင်ဇင်ဘုရားကျောင်းမှာ စာအုပ်တွေ အများကြီး ရှိတယ်။ အဲဒီထဲက တစ်ဝက်လောက်ကို ပဲ ငါတို့ ယူနိုင်ခဲ့တာ။ ဒါက ငါ့မိဘတွေဆီက ကြားတဲ့စကားပေါ့။ ဒါပေမယ့် သူတို့ကတော့ အလယ်ပိုင်းပြည်နယ်ဆီက ဒီကိုလာရာလမ်းခရီးမှာ အဖမ်းခံလိုက်ရတယ်။"

ရှောင်ရူက သူ့မိဘတွေအကြောင်း ပြောနေစဉ် ဝမ်းနည်းသွားပါသည်။

"အလယ်ပိုင်းပြည်နယ်က ကျောက်စိမ်းမြို့တော်နဲ့ တော်တော်ဝေးတယ်။ မြေခွေးအသိုက် က ဒီကိုပြောင်းလာပေမယ့် လမ်းတစ်လျှောက်မှာ အန္တရာယ်တွေ အများကြီးကြုံခဲ့ရတယ်။ အထူးသဖြင့် ရှောင်ဆန်၊ ရှောင်ရှု၊နဲ့ ရှောင်ဖေးတို့လို သန့်စင်မြေခွေးဖြူတွေပေါ့။ ၎င်းတို့ရဲ့ သားမွေးတွေက အညစ်အကြေး အမှုန်အမွှားတစ်ခုမှ မရှိဘူး။ သားမွေးသက်သက်တောင်မှ ရွှေဒင်္ဂါးတစ်ရာတန်တယ်။"

ဟုန်ယွိ ဤအရာကို ရှင်းရှင်းလင်းလင်း သိပါသည်။

သန့်စင်သော မြေခွေးသားမွေးများသည် ဈေးကွက်တွင် အလွန်တန်ဖိုးရှိသည်။

"မိုးကောင်းကင်ကြီးက မြေခွေးတွေကို ဇိမ်ခံအမွှေးတွေပေးခဲ့တယ်။ ဒါပေမယ့် သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ နည်းလမ်းတွေ မပေးခဲ့ဘူး။ ဒါပေမယ့် ကံကောင်းစွာပဲ၊ ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူတို့က ကြက်တစ်ကောင်ကို ချည်နှောင်ဖို့တောင် အားနည်းလွန်းတဲ့ ငါနဲ့မတူဘဲ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ နည်းလမ်းတချို့ ရှိနေတယ်။ ငါ ကိုယ်ခံပညာ လေ့ကျင့်ဖို့ အချိန်ရောက်ပြီ။ နာမ်စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး အရာဝတ္ထု တွေကို ထိန်းချုပ်နိုင်တဲ့အဆင့် ရောက်ရှိဖို့က အချိန်တိုအတွင်း လုပ်ဆောင်နိုင်တဲ့အရာ မဟုတ်တာ သေချာတယ်။ တာအိုကျမ်းစာ မှတ်တမ်းတွေအရ၊ နက်ရှိုင်းတဲ့ အခြေခံ အုတ်မြစ်မရှိဘဲ ဒါမှမဟုတ် စိတ်ဝိညာဉ်ကို လေ့ကျင့်ရန် သိမ်မွေ့နက်ရှိုင်းတဲ့ နည်းလမ်း မရှိဘဲ လေ့ကျင့်သူတွေဟာ အရာဝတ္ထုကိုမောင်းနှင်ခြင်း နယ်ပယ်သို့ ဘယ်သောအခါမှ မရောက်ရှိနိုင်ဘူးတဲ့”။

လွန်ခဲ့သည့် သုံးရက်အတွင်း၊ ဟုန်ယွိသည် ရှေးခေတ်စာအုပ်များနှင့် ရင်းနှီးခဲ့ပြီး၊ ပညာရှင်များ ဂရုမစိုက်သော သရဲတစ္ဆေများနှင့် နတ်ဘုရားများ ရှိနေကြောင်းကိုလည်း ကောင်းစွာ နားလည်ခဲ့သည်။

ကျင့်ကြံခြင်းအဆင့်များကို စိတ်ဝိညာဉ် အာရုံစူးစိုက်မှု၊ အခွံမှထွက်ခြင်း၊ ညလမ်းလျှောက်ခြင်း၊ နေ့လမ်းလျှောက်ခြင်း၊ အရာဝတ္ထုကိုမောင်းနှင်ခြင်း၊ ထုတ်ဖော်ပြသခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ထိန်းချုပ်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်ဟူ၍ ဆယ်ခု ခွဲခြားထားသည်။ ဟုန်ယွိသည်လည်း အဖြစ်ပျက်တွေကို အကြမ်းဖျင်း တွေးကြည့်နိုင်ပါသည်။

ယခုအခါတွင် သူသည် သူ့စိတ်ဝိညာဉ်ကို တည်ငြိမ်အောင်ထားပြီး သူ့အခွံထဲမှ ထွက်ခွာ နိုင်သော်လည်း ၎င်းသည် ကျင့်ကြံမှု၏ အစမျှသာ ဖြစ်ပါသည်။ နောက်တစ်ဆင့် ဝင်ရောက်ရန် သူ မစဉ်းစားနိုင်သေးပါဘူး။

စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားပြီးနောက် နောက်တစ်ဆင့်မှာ ခန္ဓာကိုယ်မှ ထွက်ခွာပြီး လှည့်ပတ်သွားလာခြင်း ဖြစ်သည်။

၎င်းသည် လှေပေါ်ကဆင်းပြီးနောက် ရေနှင့် တဖြည်းဖြည်း အကျွမ်းဝင်လာသည့် လူ တစ်ယောက်လိုပင်။

ညဘက် လှည့်လည်ခြင်းနှင့် ပတ်သက်၍မူ ကန့်သတ်ချက်တွေ အများကြီး ရှိပါသည်။ ဥပမာအားဖြင့်၊ အစပိုင်းတွင် လူတစ်ဦးသည် အမှောင်ထုနှင့် လေတိုက်ခတ်မူကင်းသော ညအချိန်တွင်သာ သွားလာနိုင်ပါသည်။ စိတ်ဝိညာဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းလာမှသာ လရောင်နှင့် ညလေပြင်းတို့၌ တဖြည်းဖြည်း သွားလာနိုင်မည် ဖြစ်သည်။

ညဉ့်ဘက် လှည့်လည်ပြီးနောက် နေ့အချိန်လှည့်လည်ရန် ဖြစ်သည်။

သို့သော် နေ့ခင်းဘက် လမ်းလျှောက်ခြင်းသည် ညဘက်လမ်းလျှောက်ခြင်းထက် ပို၍ အန္တရာယ်များပါသည်။

နေသည် ပြင်းထန်ပြီး သာမန်စိတ်ဝိညာဉ်များသည် နေဖြင့်နှစ်ခြင်းခံခြင်းကို ခံနိုင်ရည် မရှိပေ။ အလင်းရောင်ကို မြင်သည်နှင့် သေရမည်ဟု ဆိုနိုင်ပါသည်။

နေ့ခင်းဘက် အခွံထဲကနေ ထွက်ခွာခြင်းသည် လေနှင့်လှိုင်းထန်နေချိန် ပင်လယ်ထဲမှာ လှေဖြင့် ကူးခတ်ခြင်းနှင့် တူညီပါသည်။

ဤသည်မှာ ယေဘုယျအားဖြင့် နေ့ခင်းကြောင်တောင်တွင် သရဲတစ္ဆေများ မရှိရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။

စိတ်ဝိညာဉ်သည် နေ့ဘက်တွင် ကျင်လည်ကျက်စားနိုင်ပြီး နေကို မကြောက်သောအခါ၊ ၎င်း၏ ခွန်အားသည် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လူတစ်ယောက်သည် နေ့အချိန်တွင် ခရီးထွက်နိုင်လောက်အောင် သန်မာလာသောအခါ စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းလာပြီး အရာဝတ္ထုများကို မောင်းနှင်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် ကျင့်ကြံသူများသည် ထိုးစိုက်ရန်အတွက် ဓားရှည်များကို မောင်းနှင့်နိုင်ပြီး၊ ဒူးလေးများကဲ့သို့ ပစ်ခတ်နိုင်ကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း အားဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသည်။

ယင်းမတိုင်မီ, ကျင့်ကြံသူများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် သူတို့၏ လက်သီးများနှင့် ခြေများကို အားကိုးနေရဆဲ ဖြစ်သည်။

ထို့အပြင် ခန္ဓာကိုယ် အားကောင်းလေ၊ စိတ်ဝိညာဉ်သည် အခွံထဲမှ အချိန်ကြာကာ ထွက်ခွာ နိုင်လေ ဖြစ်သည်။ ဥပမာအားဖြင့်၊ ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် အခွံထဲမှ အကြာကြီး ထွက်သွားပါက၊ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းသွားပါလိမ့်မည်။ အခွံထဲမှ တစ်ရက်နှစ်ရက် ထွက်ခွာချိန်ကြာလျှင် ခန္ဓာကိုယ်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းတို့ကြောင့် သေဆုံးလိမ့်မည်။ မသေလျှင်ပင် အပြင်းထန် ဖျားနာလိမ့်မည်။

တာအိုကျမ်းစာများကို သုံးရက်ကြာဖတ်ပြီးနောက်၊ ဟုန်ယွိသည် အရာဝတ္တုများကို မောင်းနှင်နိုင်သည့်နယ်ပယ် အတိုင်းအတာအထိ အင်မော်တယ် ကျင့်ကြံခြင်း စွမ်းရည်များ ကို နားလည်ခဲ့သည်။ နောက်ပိုင်း ထုတ်ဖော်ပြသခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ထိန်းချုပ်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်အဆင့်များနှင့် ပတ်သက်၍မူ တာအိုကျမ်းများတွင် မှတ်တမ်းမရှိပေ။

သို့ရာတွင်၊ ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ တစ်သက်တာတွင် ၎င်းတို့၏ စိတ်ဝိညာဉ်ဖြင့် အရာဝတ္ထုများကို မောင်းနှင်သည့်အဆင့်သို့ပင် မရောက်ရှိနိုင်ကြောင်း မှတ်တမ်းတင်ထားသည်။

"သိုင်းကျမ်းထဲမှာ ကြွက်သားတွေကို လေ့ကျင့်ဖို့အတွက် အခြေခံနည်းလမ်း အနည်းငယ် ပါရှိတယ်။ အဲဒါတွေကို လေ့ကျင့်ဖို့ အချိန်ရှာသင့်တယ်။ ငါ့ခန္ဓာကိုယ်ကို သန်မာအောင် လေ့ကျင့်ပေးနိုင်ရင် စိတ်ဝိညာဉ်က အခွံထဲကနေ အချိန်ကြာကြာ ထွက်ခွာနိုင်လိမ့်မယ်။"

ဟုန်ယွိသည် ကိုယ်ခံပညာကို စတင်လေ့ကျင့်ရန် စိတ်ပိုင်းဖြတ်ထားသည်။ တော်ဝင်ချန် မင်းဆက်ကို ကိုယ်ခံပညာဖြင့် တည်ထောင်ခဲ့ပြီး၊ ယဉ်ကျေးမှုဖြင့် အုပ်ချုပ်ခဲ့သည်။ ပညာရှင်များသည် အရာရှိများ ဖြစ်လာနိုင်ပြီး၊ ကိုယ်ခံပညာသည် မြင့်မြတ်မှုကို ပေးဆောင် နိုင်သည်။ ဤအရာက သူ့အမေ၏ဂုဏ်သတင်းအတွက် တိုက်ပွဲဝင်ချင်သည့် ဟုန်ယွိ အတွက် မရှိမဖြစ်ပင်။

ထို့အပြင် ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာသည် နီးကပ်စွာ ဆက်စပ်နေပါသည်။ ဟုန်ယွိသည် တာအိုကျမ်းကို သုံးရက်ကြာ ဖတ်ရှုခဲ့သဖြင့် စိတ်ဝိညာဉ် အခွံမှမထွက်ခွာခင် လက်ဟန် အမူအရာများသည် အသုံးမဝင်ကြောင်း သူ သိသည်။ ၎င်းတို့သည် ခန္ဓာကိုယ်နှင့် အသက်ရှု ခြင်းနည်းလမ်းများ၏ ရှုပ်ထွေးသော အရာများကို လေ့ကျင့်ရန် ဖြစ်သည်။ ၎င်းတို့ကို ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့လည်း အသုံးပြုနိုင်သည်။

မြို့စားစံအိမ်တွင် သူသည် ကိုယ်ခံပညာကို လေ့ကျင့်ရန် အခွင့်အရေး မရှိပေ။ အခု သူသည် ဤနေရာတွင် နောက်ဆုံးတော့ အခွင့်အရေးတစ်ခု ရလာခဲ့ပြီ။

ကိုယ်ခံပညာကို လေ့ကျင့်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်သော်လည်း ဟုန်ယွိသည် သိမ်မွေ့နက်ရှိုင်းသော ကိုယ်ခံပညာများကို မသင်ယူလိုပေ။ ယင်းအစား သူသည် သူ့ခန္ဓာကိုယ်ကို ပိုသန်မာလာအောင် လေ့ကျင့်ပေးချင်ရုံဖြစ်သည်။ တချိန်တည်းမှာပင် သူသည် ဤအရအားလုံးကို တစ်လှမ်းချင်း လှမ်းချင်သည်။

ဟုန်ယွိသည် ငယ်ရွယ်သေးပြီး အချိန်အလုံအလောက်ရှိသည်ကို သိသည်။

“အင်ပါယာစာမေးပွဲ ဖြေဆိုခြင်း ကျော်ကြားမှုရရှိခြင်း၊ စစ်မှုထမ်းခြင်း၊ ရာထူးတိုးပေးခြင်း၊ ဒီအရာအားလုံးက အဆင့်ဆင့် လုပ်ဆောင်ရမယ့် အရာတွေပဲ။ အတိုချုပ်ပြောရမယ်ဆိုရင်, ငါ ခန္ဓာကိုယ်ကို အရင်သန်မာအောင်လုပ်ပြီး အားနည်းနေတဲ့ အခြေအနေကို ပြောင်းလဲရ မယ်။”

တော်ဝင်ချန်မင်းဆက်၏ နှစ်ပေါင်းခြောက်ဆယ်အတွင်း ပထမဆုံး နှင်းထူထပ်စွာ ကျဆင်းနေပါသည်။

နှင်းတွေက အရမ်းထူထပ်ပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည်။ ငန်းအမွှေး များ၊ ချည်မျှင်များ၊ ဘောလုံးများနှင့် ပန်ကိတ်များသည် နေရာတိုင်းတွင် ပြန့်ကျဲနေပါသည်။

ကျောက်စိမ်းမြို့တော် အနောက်တောင်တန်းမှာ ဖြူဖွေးသောနှင်းလေက တိုက်ခတ်နေပြီး ရာသီဥတုက ကြောက်စရာကောင်းလောက်အောင် အေးစိမ့်နေပါသည်။

သို့သော် ထိုသို့သော ရာသီဥတုတွင် နက်ရှိုင်းသောတောအုပ်များနှင့် နက်ရှိုင်းသော ချိုင့်ဝှမ်း များတွင် ထူးခြားသော အေးချမ်း သာယာမှုကို ခံစားရသည်။ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် အသိပညာဗဟုသုတကို လေ့လာကစားနေခြင်း အတွက် အသင့်တော်ဆုံး ဖြစ်သည်။

အပြင်မှာ အေးစက်နေပြီး ရေတစ်စက်က ရေခဲအဖြစ် ပြောင်းသွားသည်။ သို့သော် ချိုင့်ဝှမ်း၏ မြေခွေးများနေထိုင်သည့် ကျောက်ခန်းသည် နွေးထွေးသည်။

အဘယ်ကြောင့်ဆိုသော် မီးသွေးကြေးနီအင်တုံကြီးများစွာ ရှိနေသောကြောင့် ဖြစ်သည်။

ကျောက်ခန်းတံခါးကိုလည်း ချည်ကုလားကာများဖြင့် ချိတ်ဆွဲထားပြီး လေအေးများကို တားဆီးထားသည်။

ကျောက်ခန်း၏ တစ်ဖက်တစ်ချက်စီတွင် လက်သီးဆုပ်အရွယ် အပေါက်အချို့ရှိကာ လူလုပ်ထားပုံ ပေါက်သည်။ အပေါက်များကို လိမ္မာပါးနပ်စွာ ပြုလုပ်ထားသောကြောင့် အလင်းရောင်ကို လင်းလက်စေပြီး လေဝင်လေထွက် ကောင်းစေသော်လည်း လေများကို ခွင့်မပြုပေ။

ဟုန်ယွိသည် "သိုင်းကျမ်း"ကို လေ့လာနေရင်း ကျောက်တုံးကြီး၏ ရှေ့တွင် ထိုင်နေသည်။

တစ်ဖက်တွင်မူ မြေခွေးဖြူလေး သုံးကောင်ဖြစ်သည့်၊ ရှောင်ဆန်, ရှောင်ဖေးနှင့် ရှောင်ရူတို့ သည် ကြက်သား၏ မွှေးရနံ့ကို ထုတ်လွှတ်သည့် အိုးကြီးတစ်လုံးကို ဝန်းရံထားသည်။

သူတို့သည် ကြက်စွပ်ပြုတ် ပြုတ်နေကြသည်။

ကြက်သည် အရည်အသွေးမြင့် တောင်ရစ်ငှက်တစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် တောင်ပေါ်၌ ထင်းရှူးစေ့များကို စားကြပြီး စွပ်ပြုတ်၏ရနံ့သည် ထင်းရှူးစေ့၏ အမွှေးရနံ့ ကို သယ်ဆောင်လာသည်။

ဤသည်မှာ နှင်းကျချိန်၌ မြေခွေးများ ဖမ်းမိသော ငှက်ဖြစ်သည်။ သူတို့က ဟုန်ယွိ အတွက် ဟု ပြောကြသည်။

ကျောက်ခန်းမတွင် အစားအသောက်၊ ဆီ၊ ဆား၊ ထင်း၊ ဆန်၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်များ သိမ်းဆည်းထားသည်။ နှင်းတွေ တောင်တန်းတစ်ခုလုံး ဖုံးလွှမ်းသွားမည်ကို ကြောက်နေစရာ မလိုပေ။

ချိုင့်ဝှမ်းထဲမှာ ရက်အနည်းငယ်ကြာအောင် နေပြီးနောက် ဤမြေခွေးအုပ်စုသည် အသားစိမ်းစားပြီး သွေးသောက်သည့် တိရိစ္ဆာန်များ၏ဘဝနှင့် လုံးဝ ကွာခြားကြောင်း ဟုန်ယွိ သိလိုက်ရသည်။ သူတို့သည် စာရေးစာဖတ်တတ်ရုံသာမက လူသားဘာသာစကား, ပြောတတ်အောင်လည်း တတ်မြောက်ထားကြသည်။ အပင်စိုက်၊ ချက်ပြုတ်၊ ဆီစားခြင်း၊ ဂူထဲ အိပ်ယာပေါ်မှာ အိပ်ပြီးနောက် နေ့တိုင်း သန့်ရှင်းရေးလုပ်ခြင်း၊ ရေချိုးပြီး အရာရာကို သပ်သပ်ရပ်ရပ် သပ်ရပ်စွာ နေထိုင်နည်းကိုလည်း တတ်မြောက်ကြပါသည်။

ကျောက်ခမန်း၏ တစ်ဖက်တွင် အခန်းငယ်များ ရှိသည်။ ထိုအခန်းများတွင် မြေခွေးအချို့ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပျင်းရိစွာ အိပ်ပျော်နေပါသည်။

၎င်းသည် မြေခွေးအသိုက်ဖြစ်သော်လည်း ငါးအနံ့မရှိသည့်အပြင် ဟုန်ယွိ၏စာဖတ်ခြင်းကို မထိခိုက်စေပါ။

တုလောင်သည် ကျောက်ခန်းမထဲတွင် ရှိနေသော်လည်း လုံးဝ မလှုပ်ပေ။ ထင်ရှားသည်မှာ၊ သူ့စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှထွက်ခွာပြီး လှည့်လည်သွားနေပြီဖြစ်သည်။

ထိုကဲ့သို့ နှင်းများကျသော နေ့တွင်၊ ကျင့်ကြံမူနက်ရှိုင်းသော ဤမြေခွေးများသည် ကင်းလှည့်ရန် ထွက်ခွာတော့မည်။ ပထမအချက်မှာ နှင်းထဲတွင် မုဆိုးများ အမဲလိုက်ခြင်းမှ တားဆီးရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအားကို လေ့ကျင့်ရန် ဖြစ်သည်။

ဤမြေခွေးအိုကြီးသည် နေ့လမ်းလျှောက်သည့်အဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်သည်။

“ကိုယ်ခံပညာ လေ့ကျင့်ဖို့က အရမ်းခက်ခဲတယ်။ တားမြစ်ချက်တွေ အများကြီး ရှိတယ်။ လမ်းညွှန်ပေးမယ့် ဆရာမရှိရင် အဆင်မပြေမူတွေ ကြုံတွေ့ရပြီး အမှားလုပ်မိဖို့ လွယ်ကူ တယ်။"

ဟုန်ယွိ စာဖတ်နေစဉ်မှ သူသည် သိုင်းကျမ်းကို ပိတ်လိုက်ပြီး သူ့စိတ်ထဲတွင် စိတ်ပျက် လက်ပျက်ဖြစ်မူကို တဟုန်ထိုး ခံစားလိုက်ရပါသည်။

ဤရက်အနည်းငယ်ကြာ ဖတ်ရှုဆင်ခြင်ပြီးနောက် သိုင်းပညာ၏ အခြေခံမူအချို့ကို သူ အကြမ်းဖျင်း နားလည်လာခဲ့သည်။

ကိုယ်ခံပညာကို လေ့ကျင့်ခြင်းက လွယ်ကူသည့်အရာတော့ မဟုတ်ပါဘူး။ ပထမဦးစွာ၊ လှုပ်ရှားမူများနှင့် ပတ်သက်၍ အာရုံစိုက်ရန် အချက်များစွာ ရှိပါသည်။ ထိုမျှတင်မကပေ, လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေကလည်း ရှုပ်ထွေးပြီး အနုစိပ်လွန်းသည်။ အကယ်၍, သတိမထားမိပါက အမှားလုပ်မိနိုင်ပါသည်။ ပထမအဆင့်မှာ ခန္ဓာကိုယ်ကို သန့်စင်အောင် ပြုလုပ်ရန် ဖြစ်သည်။ သိုင်းကျမ်းထဲတွင် ရာနှင့်ချီသော နည်းစနစ်များနှင့် ကိုယ်ခံပညာရပ် ဒါဇင်ပေါင်းများစွာ ပါရှိသည်။ မည်သည့်အရာက ပိုကောင်းလဲ, မည်သည့်အရာက ပိုဆိုးလဲ။ လူတစ်ယောက်သည် လေ့ကျင့်ပြီးနောက် ပုံပန်းသဏ္ဍာန်ပျက်ယွင်းသွားမည်လား မသိရသေးပါဘူး။

ထို့အပြင် တော်ဝင်ချန်မင်းဆက် ပြုစုထားသော 'သိုင်းကျမ်း'တွင် လက်တွေ့မဆန်သော ရှုထောင့်များစွာရှိကြောင်း ဟုန်ယွိလည်း နားလည်ခဲ့သည်။

ထိုအကြောင်းကို တွေးပြီးနောက် ဟုန်ယွိသည် အဆင်ခြင်မဲ့ မလေ့ကျင့်ချင်တော့ပါဘူး။

“ကိုယ်ခံပညာက တကယ်ကို သင်ယူရခက်ပုံပဲ။ တော်ဝင်ချန် မင်းဆက်ရဲ့ အင်ပါယာ စာမေးပွဲတွေမှာ လေးပစ်ခြင်းနဲ့ မြင်းလေးပစ်ခြင်းတို့ မပါဝင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။ သာမန်လူတစ်ယောက် လေ့ကျင့်ဖို့ ဘယ်လိုလုပ် အခွင့်အရေး ရနိုင်မှာလဲ။ အသေးစိတ်မမေးမြန်းနိုင်ခင် ကြင်ယာတော်ယွမ် ထွက်ပေါ်လာတာကို စောင့်တာ ပိုကောင်းလိမ့်မယ်။ ပညာရှင်တစ်ယောက်အနေနဲ့ သူမကို မေးမြန်းဖို့ မရှက်သင့်ပါဘူး။"

ဤမြေခွေးအုပ်စုသည် ကိုယ်ခံပညာကို မသိကြပေ။ ကိုယ်ခံပညာသည် လူ့ခန္ဓာကိုယ်ကို အာရုံစူးစိုက်ရပြီး ၎င်းတို့မြေခွေးများကို မလေ့ကျင့်နိုင်ကြပါ။

အနောက်တောင်တန်း။

နှင်းများထူထပ်စွာကျဆင်းနေသော နှင်းများကြားတွင်၊ အမဲလိုက်ခွေးများ ပါဝင်သည့် မြင်းစီးလူတစ်စုသည် လေးများကို ကျောသိုင်းကာ၊ ဇိမ်ခံသားရေအင်္ကျီများကို ဝတ်ဆင် ထားပြီး၊ တောင်ပေါ်သို့ ရောက်ရှိလာကြသည်။

ထိုလူအုပ်စုသည် အဆင့်အတန်းမြင့်မားကြပြီး၊ ချမ်းသာကြွယ်ဝသည့် မြင့်မြတ်သော လူတန်းစားများဖြစ်ကြသည်မှာ သိသာပါသည်။

သူတို့စီးနေသည့် မြင်းတွေမှတဆင့် ဤအရာကို မြင်နိုင်ပါသည်။

ဤမြင်းများထဲတွင် အငယ်ဆုံး မြင်းကပင် အနည်းဆုံး အလျားတစ်ကျန်း ရှည်ပြီး၊ ရှစ်ချီ မြင့်သည်။ လေနှင့် ဆီးနှင်းများကြားတွင် ၎င်းတို့သည် ပြင်းထန်သော အဖြူရောင် အငွေ့များကို မှုတ်ထုတ်နေကြသည်။ ၎င်းတို့သည် ကြောက်ရွံ့ခြင်း သို့မဟုတ် အေးစက် ခြင်း အရိပ်အမြွက်မျှ မရှိဘဲ လေနှင့် နှင်းများဆီသို့ ၎င်းတို့၏မျက်လုံးများကို ဖွင့်ထားသည်။ မြင်းများ၏ သန်စွမ်းပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်များ၊ ပါးလွှာသော ခွာများ၊ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အညစ်အကြေးများ ကင်းစင်ပြီး၊ တောက်ပြောင်သော အမွေးများ အားလုံးက ဤမြင်းများသည် သာမန်မျိုးစိတ်များ မဟုတ်ကြောင်း ပြသနေပါသည်။ (ကျန်းနှင့်ချီဟူသော အသုံးနှုန်းများသည် တိုင်းတာရာတွင် အသုံးပြုသော အသုံးနှုန်းများ ဖြစ်ပါသည်)။

အကယ်၍, တော်ဝင်ချန်မင်းဆက်က မြင်းတွေကို မွေးမြူတတ်သူ တစ်ယောက်ဆိုလျှင် ထိုမြင်းများသည် ချာရာ၏ “မီးလျှံတိမ်တိုက်မြင်းများ"ဟု ပြောနိုင်ပါလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်များသည် အနီရောင် နက်မှောင်နေပါသည်။ ၎င်းတို့ ပြေးသွားသောအခါတွင် မီးလျှံတိမ်တိုက်များကဲ့သို့ ထင်ရသောကြောင့် ၎င်းတို့ကို ထိုအမည်ကို ပေးထားခြင်း ဖြစ်သည်။

ဤမြင်းမျိုးသည် မြက်မစားဘဲ အစားစာတိုင်းအတွက် ဥနှင့် ပဲပိစပ်ကျွေးပြီး မွေးမြူရလေသည်။ ၎င်းက အရမ်း ထူးခြားပါသည်။ တော်ဝင်ချန်မင်းဆက်တွင်၊ ထိုမြင်းတစ်ကောင်ကို နေ့ရောညပါ ထိန်းကျောင်းရန် မြင်းထိန်း သုံးလေးယောက်ဖြင့် လိုက်ပါသွားရပါသည်။ သာမန်လူများ တတ်နိုင်လောက်သည့် ပြုစုပျိုးထောင်မှုမျိုး မဟုတ်ပေ။

သို့သော် ဤမြင်းမျိုးသည် ပြေးသောအခါ အလွန်မင်း လျင်မြန်ပြီး၊ ခံနိုင်ရည်ရှိသည်။ လူတွေကို တစ်နေ့ မိုင်ထောင်ချီ သယ်ဆောင်သွားနိုင်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဉာဏ်ရည်ထက်မြက်ပြီး၊ ၎င်းတို့၏ပိုင်ရှင်ကို မစွန့်လွှတ်ကြပေ။ ချမ်းသာသော မှူးမတ်များ၊ မြို့စားကြီးများ၊ မြိုးစားများနှင့် အဆင့်မြင့်ဘွဲ့ထူးခံရှိသူတို့သည် ၎င်းတို့ကို ရရှိရန်အတွက် ရွှေဒင်္ဂါး ထောင်ပေါင်းများစွာကို ဖြုန်းတီးရန် တုံ့ဆိုင်းမနေလောက်အောင် ကောင်းမွန် သည့် မြင်းများဖြစ်သည်။

တောင်ပေါ်သို့ တက်လာသော လူတစ်စုမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်။ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားကြသည့် လူအနည်းငယ်လည်း ရှိနေသည်။ သူတို့သည် အအေးဒဏ်ကို လုံးဝ မကြောက်ကြပေ။ ထိုလူများ၏ မျက်လုံးများ သည် အေးစက်ပြီး မာနကြီးကာ၊ မြင်းများနောက်သို့ လုံးဝမလျော့ဘဲ လေကဲ့သို့ သွားလာ နိုင်ကြသည်။

ထင်ရှားသည်မှာ ဤလူများသည် မှူးမတ်များနှင့် မြို့စားကြီးများ၏ စံအိမ်ကြီးများမှ ကျွမ်းကျင်သော အစောင့်များ ဖြစ်ကြသည်။

"မင်းသမီး၊ မနေ့က နန်းတော်ကနေ သတင်းတစ်ခု ကြားတယ်။ အကြောင်းတစ်ခုခုကြောင့် ကြင်ယာတော်ယွမ်ကို ဧကရာဇ်က မြင့်မြတ်တဲ့ကြင်ယာတော်ဘွဲ့ အပ်နှင်းခဲ့တယ်။"

ထိုလူလေးယောက်ထဲမှာ လီမြို့စားလေး ကျင်းယုရှင်းဆိုသည့် လူငယ်လေးတစ်ယောက် လည်း ပါဝင်ပါသည်။

အခြားအမျိုးသမီးတစ်ဦးမှာ ဟုန်ရွှေ့ကျောင်း ဖြစ်သည်။

ပို၍ပင် မြင့်မြတ်လှပြီး ကျက်သရေရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့သည်။ ဤအမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးသည် ဖြူစင်သော မြေခွေးမွေးများ ဖြင့် ပြုလုပ်ထားသည့် အင်္ကျီကြီးများကို ဝတ်ဆင်ထားသည်။ အင်္ကျီတွေပေါ် နှင်းတွေ ကျလာသည့်အခါ ကြာရွက်ကဲ့သို့ ညင်သာစွာ လှုပ်ခါလိုက်ပြီး အလိုလို လှိမ့်ဆင်းသွားပြီး စိုစွတ်ခြင်းမရှိပေ။

ဤအမျိုးသမီးသည် ကျောက်စိမ်းမြို့တော် အိမ်ရှေ့စံမင်းသားရုန်၏ သမီးဖြစ်သည်။ ဧကရာဇ်က သူမအား ပေးအပ်သောဘွဲ့မှာ ရုန်ချွန်းဖြစ်ပြီး မင်းသမီးရုန်ချွန်း ဖြစ်သည်။

အမျိုးသားသည် အလွန်အရပ်ရှည်ပြီး မြင့်မားသောနှာခေါင်းနှင့် လင်းယုန်မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူသည် ကျင်းယုရှင်းလောက် မပြေပြစ်သော်လည်း သူ့မှာ ခေါင်းကနေ ခြေဖျားထိ ခြိမ်းခြောက်နိုင်သော စိတ်သဘောထားကို ပိုင်ဆိုင်ထားသည်။

ဤလူမှာ မင်းသားချန်၏သားဖြစ်သူ ယန်တုန်း ဖြစ်သည်။

“နန်းတော်ရဲ့ မိန်းမစိုးတွေရဲ့ သတင်းအရ၊ ဧကရာဇ်က တခါတရံမှာ မောင်းမမိဿံတွေကို ကမ္ဘာမှာ အရေးကြီးဆုံး အရာက ဘာလဲလို့ မေးမြန်းလေ့ရှိတယ်တဲ့။ မောင်းမမိဿံတွေက ကျေနပ်လောက်တဲ့ အဖြေတစ်ခုမှ မပေးနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ကြင်ယာတော်ယွမ်က ထိုမေးခွန်းနဲ့ အသင့်လျော်ဆုံး အဖြေကို ပေးနိုင်တဲ့အတွက် ဧကရာဇ်မင်းမြတ်က ကျေနပ်ပြီး၊ သူမကို မြင့်မြတ်တဲ့ကြင်ယာတော်ဘွဲ့ကို အပ်နှင်းခဲ့တာ”။

မင်းသမီးရုန်ချွန်းသည် ကျင်းယုရှင်း၏ မေးခွန်းကို ဖြေသည်။

“ဝုတ်….၊ ဝုတ်…၊ ဝုတ်…”

ထိုအချိန်တွင် ၎င်းတို့ရှေ့တွင် ပြေးလွှားနေသော ခွေးကောင်ရေ တစ်ဒါဇင်ကျော်သည် ပြင်းထန်စွာ ဟောင်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် ထိုခွေးများ ဟောင်သောအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်များကို ခုံးထားပြီး ၎င်းတို့၏သားမွေးများက ဖြူကောင်များကဲ့သို့ ဖြောင့်ဖြောင့်ကြီး ထောင်မတ်နေပါသည်။

ဤခွေးများသည် ခြင်္သေ့များကဲ့သို့ ထက်ရှသောသွားများနှင့် ခက်ထန်သော အမူအရာများ ကို ပိုင်ဆိုင်ထားပြီး နွားပေါက်အရွယ်စားရှိသည်။

ဤခွေးများသည် "မတ်စတက်ဖ်ခွေးများ ဖြစ်ကြပြီး၊ မတ်စတက်ဖ်ခွေး သုံးလေးကောင် သည် ကျားတစ်ကောင်ကိုပင် ကိုက်ဖြတ်နိုင်သည်။

ယခုအခါတွင် အမျိုးသား၊ အမျိုးသမီး လေးယောက်သည် အမဲလိုက်ရန် ထွက်လာကြပြီး၊ သားကောင်ဖမ်းရန် စိတ်ပိုင်းဖြတ်ထားကာ၊ သူတို့နှင့်အတူ မတ်စတက်ဖ်ခွေး တစ်ဒါဇင် ကျော် ယူဆောင်လာခဲ့ကြသည်။

“ငါတို့ သန့်စင်မြေခွေးသိုက်ကို တွေ့ပြီလား”

မင်းသားချန်၏သား ယန်တုန်းသည် မြင်းဆီသို့ သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲ တွင် ရှည်လျားသော လေးတစ်စင်း ပေါ်လာသည်။

“သန့်စင်မြေခွေးတွေက ဉာဏ်ရည်ထက်မြက်တယ်။ သူတို့မှာ လှည့်ကွက်တချို့ ရှိနေနိုင်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ငါတို့လက်ကနေ မလွတ်မြောက်နိုင်တော့ပါဘူး။ ဒီမတ်စတက်ဖ်ခွေးတွေက တစ္ဆေသရဲတွေနဲ့ မွန်စတားတွေကိုတောင် မြင်နိုင်စွမ်းရှိတယ်။”

အပိုင်း (၁၁)။

ဝုတ်….၊ ဝုတ်…၊ ဝုတ်…။

"ဟမ်, အဲဒီအသံက ဘာလဲ။”

ဟုန်ယွိသည် အဝေးမှ ခွေးဟောင်သံကို ကြားလိုက်သဖြင့် ခေါင်းကို မော့လိုက်သည်။

“ကျီ…၊ ကျီ….၊ ကျီ…၊ ကျီ…”။

မြေခွေးဖြူသုံးကောင်သည် ဟုန်ယွိထက်ပင် အာရုံခံစားမူကောင်းသည်။ အပြင်မှာ နှင်းမုန်တိုင်းကျနေချိန် ခွေးဟောင်သံကို ကြားလိုက်ရသည်နှင့်, သူတို့သည် ချက်ချင်း ထခုန်ပြီး အော်ဟစ်လိုက်ကြသည်။ သူတို့သည် တုန်လှုပ်ခြောက်ခြားပြီး ပျာယာခတ်နေပုံ ရသည်။

"မကောင်းတော့ဘူး။ မုဆိုးတွေ တောင်ပေါ်ကို ရောက်ရှိလာကြပြီ။ "

ဟုန်ယွိ သဘောပေါက်သွားသည်။ နှင်းတွေကျသည့်နေ့သည့် ယခုလိုနေ့မျိုးမှာ ခွေးတွေ အတွက် တောနက်ထဲမှာ ဟောင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ တစ်ခုတည်းသော ရှင်းပြချက်မှာ မုဆိုးများသည် တောင်ပေါ်သို့ ဝင်ရောက်လာခဲ့ ခြင်း ဖြစ်ပါသည်။

"ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ။ မောင်ငယ်ယွိ၊ ငါတို့ ဘာလုပ်ရမလဲ။ ဒါက မတ်စတက်ဖ်ခွေးရဲ့ အသံပဲ။ မတ်စတက်ဖ်ခွေးတွေက ငါတို့ အကြောက်ရဆုံးအရာပဲ။ သူတို့က ကျားကိုတောင် ကိုက်ဖြတ်နိုင်တယ်”။

ထိုအချိန်တွင် မြေခွေးဖြူသုံးကောင်ဖြစ်သည့် ရှောင်ဆန်, ရှောင်ဖေးနှင့် ရှောင်ရူတို့သည် လှည့်ပတ် ပြေးလာကြသည်။

သူတို့ကြားတွင် ရှောင်ရူသည် အနည်းငယ် တည်ငြိမ်သည်။ သူမသည် ကြမ်းပြင်ပေါ် တွန့်လိမ်နေသော စာလုံးများ ရေးဆွဲရန် သူမ၏ခြေသည်းများကို အသုံးပြုခဲ့သည်။

အချိန်က နေ့ခင်းကြောင်တောင်အချိန် ဖြစ်နေခဲ့သည်။ သူတို့ သုံးယောက်သည် သူတို့၏ ခန္ဓာကိုယ်များကို ချန်ထားခဲ့၍ မရပါဘူး။ နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ မရောက်ဘဲ၊ သူတို့၏စိတ်ဝိညာဉ်များသည် နေ့၏အလင်းရောင်ကို မခံနိုင်ကြပေ။ သူမတို့သည် နေရောင်မရှိဘဲ နှင်းတွေကျနေသည့် နေ့တွေမှာတောင် ခန္ဓာကိုယ်ကနေ မစွန့်ခွာနိုင်ကြပါ ဘူး။

သို့သော် ဟုန်ယွိသည် မြေခွေးဖြူလေးသုံးကောင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုကို မြင်နိုင်သည်။ မြေပြင်ပေါ်ရှိ စကားလုံးများကိုလည်း ရှင်းရှင်းလင်းလင်း သူ မြင်သည်။

"မတ်စတက်ဖ်ခွေးတွေလား…"

ရှောင်ရူ မြေပြင်ပေါ် ရေးဆွဲထားသည့် စကားလုံးတွေကို မြင်တော့ ဟုန်ယွိ၏ ဆံပင်တွေက အဆုံးအထိ ထောင်မတ်သွားခဲ့ပါသည်။

သူသည် ချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့သည်။ သူ့အဆင့်တန်းက မမြင့်မားသော် လည်း မတ်စတက်ဖ်ခွေးတွေ အကြောင်း သူ သိနေပါသေးသည်။ ၎င်းတို့သည် နွားပေါက် အရွယ်ဖြစ်ပြီး၊ အလွန်မင်း ကြမ်းကြုတ်ပါသည်။ ၎င်းတို့သည် အိမ်တော်စောင့်ရန် အသုံးပြုကြသော မြင့်မြတ်သတ္တဝါများ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလွန်ပင် အာရုံခံစားမူကောင်းကြသည်။ ၎င်းတို့သည် ဉာဏ်ရည်ဉာဏ်သွေးဖြင့် မွေးဖွားလာခဲ့ကြပြီး၊ မမြင်နိုင်သည့် သရဲတစ္ဆေတွေကိုပင် မြင်နိုင်ကြပါသည်။

တစ်နည်းဆိုရသော် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားလျှင်ပင် သူ့ကို မတ်စတက်ဖ်ခွေးများက မြင်တွေ့ကြပေလိမ့်မည်။

ချမ်းသာသော မိသားစုများသည် နတ်ဆိုးများကို နှိမ်နင်းရန် မတ်စတက်ဖ်ခွေးတစ်ကောင် ကို မွေးမြူကြလိမ့်မည်။

“ငါ ဘာလုပ်သင့်သလဲ။ ငါ ဘာလုပ်သင့်သလဲ” ဟုန်ယွိသည် မြေခွေးဖြူ သုံးကောင် ထိတ်လန့်တုန်လှုပ်နေသည်ကို တွေ့လိုက်ရတော့ နည်းနည်းတော့ ပျာယာခတ်သွားခဲ့ သည်။

သူတို့နှင့် ရက်အတော်ကြာအောင် ပေါင်းပြီးနောက် ထိုမြေခွေးများ၏ အဝင်အထွက်ကို သူ သိနေပြီ။ သူသည် အခုမှ စတင်ကျင့်ကြံစဖြစ်ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိသေးပါ ဘူး။ သူသည် သာမန်မုဆိုးနှင့် ဆက်ဆံနိုင်သေးသည်။ သို့သော် သူသည် အမဲလိုက် မတ်စတက်ဖ်ခွေးတစ်ကောင်နှင့် ကြုံလာရပါက ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိသေးပေ။ သေချာပေါက် အပိုင်းပိုင်း ကိုက်ခံရပြီး၊ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။

မတ်စတက်ဖ်ခွေးသည် ၎င်း၏စွမ်းအားကို ပြသသောအခါ ခြင်္သေ့ သို့မဟုတ် ကျားနှင့်ပင် ယှဉ်နိုင်သည်။ သန်မာသော လူသုံးလေးယောက်ပင်လျှင် ၎င်း၏ ပြိုင်ဘက် မဟုတ်ချေ။ စိတ်ဝိညာဉ်အနေဖြင့် မြင်နေရသော လူတစ်ယောက်၏ စိတ်ဝိညာဉ်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

“အကြီးအကဲတုလောင်တောင် ဒီကောင်တွေနဲ့ ပြိုင်ဘက်မဟုတ်မှာ ငါ ကြောက်မိတယ်။ ငါ အပြင်ထွက်ပြီး သူတို့ကို အဝေးကို လှည့်စားပြီး ခေါ်ထုတ်သွားရင် ပိုကောင်းလိမ့်မယ်။ ငါက တောနက်ကြီးထဲမှာ လမ်းပျောက်နေတဲ့ ပညာရှင် တစ်ယောက်လို့ပဲ ပြောရင်, ငါ့ကို ပြန်လွှတ်ပေးလောက်ပါတယ်။ ဒီနည်းနဲ့ဆို မုဆိုးတွေကို လှည့်စားနိုင်လိမ့်မယ်”။

ဟောင်သံက ပိုမိုနီးလာခဲ့ပြီ။ အခြေအနေက ပိုပိုပြီး အန္တရာယ်များလာပြီ။

ဟုန်ယွိက စားပွဲကို ဆောင့်တွန်းပြီး ထရပ်လိုက်သည်။ သူသည် ခြေလှမ်းအကျယ်ကြီး အနည်းငယ်လှမ်းကာ ချည်ကုလားကာကို ရုတ်သိမ်းလိုက်ပြီး ကျောက်ခန်းထဲမှ ထွက်လာခဲ့သည်။

"ဟီး၊ အရမ်းအေးတယ်။"

ကျောက်ခန်းထဲက ထွက်လာသည်နှင့် အေးစက်သည့်လေက သူ့မျက်နှာကို တိုက်ခတ်သွားပါသည်။ ဟုန်ယွိ တုန်ခါသွားသည်။ မြေပြင်ပေါ်က နှင်းတွေက နှစ်ပေလောက် နက်နေပြီ။ သူ နင်းလိုက်မိရင် နစ်မြုပ်သွားလိမ့်မည်။

ဟုန်ယွိသည် အသံကြားရာဆီသို့ လိုက်ပါသွားခဲ့ပြီး ချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ခက်ခက်ခဲခဲ လျှောက်သွားခဲ့သည်။

ချိုင့်ဝှမ်းအပြင်ဘက်တွင် တောင်ကုန်းငယ်တစ်ခု ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ အတော် အတန်မြင့်ပြီး၊ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်သော တောင်ကုန်းပေါ်တွင် တောအုပ်တစ်ခု ရှိသည်။ ၎င်းနေရာသည် ချိုင့်ဝှမ်းအပြင်ဘက် ရှည်လျားသောလမ်းကို မြင်နိုင်သည့် နေရာလည်း ဖြစ်သည်။

"အိုဘုရားရေ .."

ဟုန်ယွိသည် တောင်ပေါ်သို့တက်ကာ လမ်း၏အဆုံးတွင် အနက်ရောင် အစက်အပြောက် များစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအနက်ရောင် အစက်အပြောက်များမှ ထွက်ပေါ်လာသော ဟောင်သံများသည် မတ်စတက်ဖ်ခွေးများ၏ ဟောင်သံများ ဖြစ်သည်။

"မတ်စတက်ဖ် ခွေးဒါဇင်ပေါင်းများစွာ" ဟုန်ယွိက မူးဝေပြီး နှလုံးခုန်နေသည်။ မြေခွေးများ သည် ဤဘေးဆိုးကြီးကနေ မလွတ်မြောက်နိုင်တော့ဟု သူ ခံစားလိုက်ရသည်။

"ဟုန်ရွှေ့ကျောင်းနဲ့ ဒီလူတွေလား…"

ပြေးနေသောမြင်းသည် မတ်စတက်ဖ်ခွေးများ နောက်သို့ အနီးကပ် လိုက်ပါနေကြပါသည်။ ခြေလှမ်း ထောင်ဂဏန်းသာ ကျန်တော့သည့်အခါ ဟုန်ယွိသည် သစ်တော နောက်ကွယ်တွင် ပုန်းနေပြီး ဟုန်ရွှေ့ကျောင်း၏ရုပ်သွင်ကို မြင်တွေ့နိုင်သည်။

"အိုး.. မဟုတ်ဘူး၊ ဒီလူတွေက တောထဲကို အမဲလိုက်ဖို့ ဝင်လာတာလား”

ဟုန်ယွိသည် ပို၍ အခြေအနေဆိုးပြီဟု ခံစားရသည်။ ဒီလူတွေက ဆက်ဆံရ မလွယ်ပါဘူး။ အခုအချိန် သူထွက်သွားပြီး သူတို့နှင့်တွေ့လျှင်ပင်, သူတို့ကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါ ဘူး။ သံသယတွေ ပိုဖြစ်လာမှာပင် စိုးရပါသည်။

"သူတို့ကို ပြေးထွက်တွေ့ပြီး အကြောင်းပြချက်ပေးမလား။ ဒါက အဆင်မပြေမှာ ကြောက်ရတယ်။ လခွမ်း… တကယ်လို့, ငါသာ မဟာဆရာသခင်တစ်ဦးဆိုရင်... ဟုန်ယွိသည် ထိုလူတွေကို တားဆီးရန် နည်းလမ်းကောင်း တစ်ခုကိုမှ မစဉ်းစားနိုင်ဘဲ သူ့ရင်ထဲမှာ အကူအညီမဲ့သည့် ခံစားချက်တစ်ခု ဝင်ရောက်လာပါသည်။

"မင်းသမီး.., အရှေ့ဘက် တောင်ကုန်းလေးပေါ်က တောထဲတွင် ပုန်းအောင်းနေတဲ သက်ရှိ တစ်ခုခု ရှိနေတယ်”။

"ဘာလဲ..၊ သန့်စင်မြေခွေးတွေက တောထဲမှာ ပုန်းနေတာလား။ မတ်စတက်ဖ်ခွေးတွေ အရင်တက်ခိုင်းပြီး၊ မြေခွေးတွေကို အပိုင်းပိုင်း ကိုက်ဖြတ်ခိုင်းလိုက်ရင်ကော။ အဲဒါက မကောင်းဘူး။ ရွှေ့ကျောင်း၊ မင်းရဲ့လေးပစ် စွမ်းရည်က ကောင်းတယ်။ နောက်ပိုင်း, မတ်စတက်ဖ်ခွေးတွေနဲ့ တက်သွားပြီး မြေခွေးကို မောင်းထုတ်ပါစေ။ ပြီးရင် သူတို့ မျက်လုံးတွေကို ပစ်ခတ်နိုင်တယ်။ သူတို့ရဲ့သားမွေးတွေကိုတော့ မထိခိုက်ပါစေနဲ့။"

“မင်းသမီး၊ ကိစ္စမရှိပါဘူး”

မတ်စတက်ဖ်ခွေးများကို စီးနင်းသူများမှာ မင်းသမီးရုန်ချွန်း၊ ဟုန်ရွှေ့ကျောင်း၊ အိမ်ရှေ့ မင်းသားချန်၏သားတော် ယန်တုန်းနှင့် ကျင်းယုရှင်းတို့ ဖြစ်ကြပါသည်။

အစောပိုင်းက နှင်းတွေကျနေသော မြေပြင်ပေါ်မှာ မတ်စတက်ဖ်ခွေးများသည် အဆက်မပြတ် ဟောင်နေခဲ့ပြီး၊ ကြမ်းကြုတ်စွာ ပြေးလိုက်ကြသည်။ နောက်ဆုံးတွင်, သူတိုသည့် မတ်စတက်ဖ်ခွေးများကို ဤနေရာရောက်မှ လိုက်မှီကြသည်။

“ဘာလဲ…၊ ငါ့ကို တွေ့သွားပြီလား”။

တောထဲမှာ တစ်ခုခု ပုန်းကွယ်နေသည်ဟု ကျွမ်းကျင်သူ အစောင့်တစ်ယောက်က အော်ပြောသံကို ကြားလိုက်ရသည့် အခါ ဟုန်ယွိ၏ စိတ်နှလုံးက တင်းကျပ်သွားပါသည်။

"ဘာပဲဖြစ်ဖြစ် ငါ ရှောင်ဆန်, ရှောင်ဖေးနဲ့ ရှောင်ရူတို့ကို ဒုက္ခရောက်ဖို့ ခွင့်မပြုနိုင်ဘူး။ သူတို့က ကျွန်တော့်ကို မောင်ငယ်ယွိလို့ ခေါ်မှတော့ သူတို့ကို ငါညီမတွေလို သဘာဝ အတိုင်း ဆက်ဆံမယ်။ ငါ့ကိုငါ သူရဲကောင်းတစ်ယောက်လို သဘောထားပြီး၊ သူတို့ကို အာဇာနည်အဖြစ် ပြန်ပေးဆပ်မယ်။"

ဟုန်ယွိသည် သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ထွက်သွားတော့မည်။

ထိုအချိန်မှာပင် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသကဲ့သို့ တောင်ကုန်း ပေါ်သို့ တဟုန်ထိုးပြေးနေသော မတ်စတက်ဖ်ခွေးများသည် ရုတ်တရက် ရပ်တန့်သွားခဲ့ သည်။

"ဘာတွေ ဖြစ်နေတာလဲ…"

ကျင်းယုရှင်း, ယန်တုန်း, ဟုန်ရွှေ့ကျောင်းနှင့် မင်းသမီးရုန်ချွန်းတို့၏ မျက်လုံးတွေက တစ်ချိန်တည်းမှာ ကြောက်စရာကောင်းသည့် အလင်းရောင်တစ်ခုနှင့်အတူ တောက်ပနေ ပါသည်။

တစ်ချိန်တည်းမှာပင် လိုက်ပါလာကြသော အစောင့်များအားလုံး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကြသည်။

ထိုအခိုက်အတန့်မှာ အဝေးက သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လေပြင်းနှင့် နှင်းများကြားတွင် ဝိုင်ရနံ့က သင်းပျံ့နေ၏။

“ဝိုင်ကောင်း... ငါတို့လက်ထဲက ဝိုင်ကောင်း..

ငါတို့ ဝိုင်သောက်ပြီးရင် လွတ်လွတ်လပ်လပ် ရနံ့ရှူရှိုက်ပြီး ချောင်းမဆိုးဘူး….

ငါတို့ ဝိုင်သောက်ပြီးရင် ယင်စွမ်းအားကို အာဟာရဖြည့်ပေးပြီး အနံ့အသက် မထွက်ဘူး..

ငါတို့ ဝိုင်သောက်ပြီးရင် အစိမ်းရောင်သတ်ဖြတ်ခြင်းကွင်းပြင်ကို တစ်ယောက်တည်း လျှောက်ဝံ့ကြတယ်..

ငါတို့ ဝိုင်သောက်ပြီးရင် ဧကရာဇ်မင်းကို တွေ့ရင်တောင် အရိုသေမပေဘူး….

"ဒီသီချင်းက အရမ်းသူရဲကောင်းဆန်တယ်။ ဘယ်က လာတာလဲ။ အစိမ်းရောင် သတ်ဖြတ်ခြင်းကွင်းပြင်ကို တစ်ယောက်တည်း လျှောက်သွားပြီး၊ ဧကရာဇ်မင်းမြတ်ကို တွေ့ရင်တောင် အရိုသေမပေဘူး...” ဟုန်ယွိက သီချင်းကို နားထောင်နေပါသည်။ ၎င်းသည် ကဗျာဆန်ခြင်းမရှိသော်လည်း သူရဲကောင်းဆန်ပြီး အရှိန်အဟုန်ပြင်းစွာ လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့သည်။

အစိမ်းရောင်သတ်ဖြတ်ခြင်းကွင်းပြင်သည် တော်ဝင်ချန်မင်းဆက်နှင့် ယွန်မင်အင်ပါယာ ကြား နယ်နိမိတ် ဖြစ်သည်။ ထိုနေရာမှာ နှစ်တိုင်း တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လူပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရပါသည်။ အလောင်းကောင်များသည် တောင်များကဲ့သို့ စုပုံနေ၏။ မြေဆီလွှာ၏ တစ်လက်မတိုင်းသည် အသွေးအသားတစ်လက်မ ဖြစ်သည်ဟု ဆိုကြသည်။

ထိုနေရာသည် အလွန်မင်းကြောက်စရာကောင်းသည်။ နေ့အချိန်မှာတောင် သရဲတစ္ဆေတွေက လူတွေကို ရိုက်နှက်သည်ကို မြင်ရပြီး၊ ထိုနေရာကို မည်သူမှ မသွားရဲကြဘူးဟု ဆိုကြပါ သည်။

သီချင်းစစချင်းမှာ ဝိုင်ရနံ့တွေက သင်းပျံ့လာပါသည်။

ရုတ်တရက်ဆိုသလို ရုတ်တရက် ပြောင်းလဲတစ်ခု ရှိလာခဲ့သည်။

ရုတ်တရက်၊ ဒါဇင်မျှလောက်သော မတ်စတက်ဖ်ခွေးများကြားတွင် အကြီးမားဆုံး မတ်စတက်ဖ်ခွေးကြီးသည် ခေါင်းကို လှည့်သွားသည်။ တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေပုံရသည်။ သူ့မျက်လုံးတွေက ခက်ထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ၎င်းက ဟိန်းဟောက်လိုက်ပြီး ကျင်းယုရှင်းတို့ အဖွဲ့ဆီသို့ ပြေးသွား သည်။

သစ္စာရှိသော မတ်စတက်ဖ်ခွေးသည် ၎င်း၏သခင်ဆီသို့ အမှန်တကယ် လှည့်သွားခဲ့သည်။

"ဟင့်"

ကျင်းယုရှင်းသည် ထိုသို့သော ရုတ်တရက် အခြေအနေမျိုးတွင် တည်ငြိမ်သည်။ သူသည် မြင်းပေါ်မှ ခုန်ဆင်းပြီး၊ လျပ်စီးလက်သလို, ကျားသစ် သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ တိုက်ခိုက်သည်။ သူသည် ပြေးဝင်လာသော မတ်စတက်ဖ်ခွေးကို ထိုးနှက်လိုက်ပြီး၊ မတ်စတက်ဖ်ခွေးသည် ခြေသုံးလှမ်းမှ ငါးလှမ်းအကွာသို့ လွင့်ပျံသွားခဲ့သည်။ ၎င်းသည် ပြန်ထခါနီးတွင် ကျင်းယုရှင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မတ်စတက်ဖ်ခွေးကို သေသည်အထိ တက်နင်းလိုက်ပါသည်။

ဤတိုက်ခိုက်မှုနှစ်ခုသည် သန့်စင်ပြီး အားကောင်းကာ မြန်ဆန်သည်။ ဤလီမြို့စားငယ် တွင် ထူးကဲသော အရည်အချင်းများရှိနေကြောင်း ပြသခဲ့သည်။

"ဒါက တစ္ဆေအင်မော်တယ် ထိန်းချုပ်ခြင်းနယ်ပယ်ရဲ့ နည်းပညာရပ်တစ်ခုပဲ။ တကယ်ကို အစွမ်းထက်တဲ့ နတ်ဆိုး တစ်ဦး ရှိနေတယ်။ ဘယ်သူလဲ။ သင့်ကိုယ်သင် ကိုယ်ထင်ပြပါ။"

ကျင်းယုရှင်းက ရုတ်တရက် အော်လိုက်သည်။ သူ့ မတ်စတက်ဖ်ခွေးကို သတ်ပြီးနောက် သူ့မျက်နှာမှာ အပြုံးအရိပ် အနည်းမျှ မရှိတော့ပေ။

လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်းအဆင့်အထိ ကျင့်ကြံပြီးသောအခါ၊ ထိုလူကို တစ္ဆေအင်မော်တယ်ဟု ခေါ်ဆိုနိုင်သည်။

ဤသဘာဝလွန် စွမ်းအားအဆင့်သည် လူတစ်ဦး၏စိတ်ဝိညာဉ်ကို ပျံသန်းနိုင်ပြီး ခန္ဓာကိုယ် ကို သိမ်းပိုက်နိုင်စေသည်။ အခုလေးတင် ၎င်းသည် မတ်စတက်ဖ်ခွေးကို သိမ်းပိုက်ပြီး သူ့သခင်ဆီကို ပြန်လှည့်တိုက်ခိုက်သည်။

"ကောင်းတယ်။ မင်းက တစ္ဆေအင်မော်တယ် ထိန်းချုပ်ခြင်းအဆင့်ရဲ့ နည်းပညာကို တကယ် မြင်နိုင်တယ်။ ဒါပေမယ့် မင်း ငါ့ကို ကိုယ်ထင်ပြစေချင်ရင်တော့ မင်းတို့က နည်းနည်း အားနည်းနေသေးတယ်။ တကယ်လို့, မင်းတို့သာ သိုင်းသူတော်စင် နှစ်ယောက်ဖြစ်တဲ့ ဟုန်ရွှန်ကျိနဲ့ ယန်တူးတို့ ဖြစ်နေရင်တော့, အဲဒါက ပိုကောင်းလိမ့်မယ်။”

ရုတ်တရက်၊ ဒါဇင် သို့မဟုတ် ထိုမျှလောက်သော မတ်စတက်ဖ်ခွေးများထဲမှ အခြား မတ်စတက်ဖ်ခွေးက စကားပြော သည်။

ဒိုင်း၊

မြှားတစ်စင်း ပစ်လိုက်ပြီး ၎င်း၏မျက်လုံးကို ထိမှန်သွားသည်။ မတ်စတက်ဖ်ခွေးသည် မြေပြင်ပေါ် လူးလိမ့်ပြီးနောက် မလှုပ်မယှက် ငြိမ်သက်သွားသည်။

မြှားပစ်သူမှာ ဟုန်ရွှေ့ကျောင်း ဖြစ်သည်။

"ဒါက အသုံးမကျဘူး။ မင်းရဲ့မြားက ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ။"

မတ်စတက်ဖ်ခွေး သေဆုံးသွားသည်နှင့် အခြား မတ်စတက်ဖ်ခွေးတစ်ယောက်က ချက်ချင်း ပြောလိုက်သည်။

မြင်ကွင်းက အလွန်ထူးဆန်းလာသည်။

"သင် ဘယ်သူလဲ"

ဟုန်ရွှန်ကျိနှင့် ယန်တူးဟူသော အမည်များကို ကြားလိုက်ရတော့ လူလေးယောက်၏ မျက်နှာက အေးခဲသွားခဲ့သည်။ အိမ်ရှေ့မင်းသား၏သား ယန်တုန်းက ရုတ်တရက် ရှေ့ကို လှမ်းလာပြီး မေးသည် “မင်းရဲ့ မျိုးရိုးနာမည်က ယန် ဟုတ်တယ်ဟုတ်။”

“မင်းက တော်ဝင်မိသားစုထဲက မဟုတ်လား။ မင်း ပြန်သွားပြီး ငါဟာကူဇိယွဲ့က သူ့ကို အနှေးနဲ့အမြန် တိုက်ခိုက် လိမ့်မယ်ဆိုပြီး ယန်တူးကို ပြောလိုက်ပါ။ ငါ့ကို စောင့်ကြည့်နေဖို့ ပြောလိုက်ဦး။”

"ဟာကူဇိယွဲ့"

ထိုနာမည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယန်တုန်းသည် ကြောက်စရာကောင်းသည့် တစ်ခုခုကို ခံစားလိုက်ရသည့်အလား တုန်လှုပ်သွားပါသည်။ သူ့မျက်လုံးတွေက သူ့ရှေ့က မြက်ခင်းပြင်ကို စိုက်ကြည့်နေသည်။

"သွားကြရအောင်"

ရုတ်တရက် ယန်တုန်းက လှည့်ပြီး ပြေးသွားသည်။

ယန်တုန်းကို ထိုကဲ့သို့မြင်လိုက်ရသည်နှင့် အခြားသူများသည် လန့်သွားပြီး ချက်ချင်း ပြန်လှည့်သွားကြသည်။

ခဏလောက်ကြာတော့ မြင်းများနှင့် မတ်စတက်ဖ်ခွေးများသည် သူတို့လာခဲ့ရာ လမ်းဆီသို့ ပြန်ပြေးသွားကြပါသည်။ အမွှေးတိုင်တစ်ဝက် မပြည့်သေးသောအချိန်၌ သူတို့အားလုံး ပျောက်ကွယ်သွားကြသည်။ သေဆုံးပြီး မတ်စတက်ဖ်ခွေးနှစ်ကောင်နှင့် အသက်ရှင်နေ သော မတ်စတက်ဖ်ခွေးတစ်ကောင်သာ ကျန်ရစ်တော့သည်။

" ဟုန်ယွိလား.."

ဟုန်ယွိသည် စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက်ချနေစဉ်မှာ မတ်စတက်ဖ်ခွေးက တောင်ကုန်းပေါ်ကို ဖြည်းညှင်းစွာ လျှောက်လာပြီး မေးခွန်းထုတ်သည့် လေသံဖြင့် ပြောလိုက်ပါသည်။

"သင် ဘယ်သူလဲ"

ဟုန်ယွိက မတ်စတက်ဖ်ခွေးကို ကြည့်ကာ မေးလိုက်သည်။

"ငါက သခင်ဘိုင်ပါ၊ အပြင်မှာ အေးနေတယ်၊ မင်း ငါနဲ့အတူ ကျောက်ခန်းမထဲကို လာသင့်တယ်။" မတ်စတက်ဖ်ခွေးက ပြောသည်။

"ကောင်းပြီ။"

ဟုန်ယွိသည် တောင်ကုန်းပေါ်မှဆင်းကာ မတ်စတက်ဖ်ခွေးနောက်သို့ လိုက်ပါလာပြီး၊ ချိုင့်ဝှမ်းရှိ ကျောက်ခန်းမဆီသို့ ပြန်သွားခဲ့သည်။

ကျောက်ခန်းမအလယ်မှာ မီးခိုးရောင်ဝတ် လူငယ်တစ်ယောက် ထိုင်နေသည်ကို သူ တွေ့လိုက်ရပါသည်။ သူ့ဆံပင်တွေက အလွန်ရှည်လျားပြီး၊ ချည်နှောင်ပြီး တွဲလျားချထား ကာ၊ သူ့ဘုရားကျောင်းအနှံ့ ပြန့်ကျဲနေသည်။

လူငယ်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး၊ ဟုန်ယွိ ဝင်လာသောအခါတွင် သူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်နှင့် သူ့မျက်လုံးများက နွေးထွေးသော ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော အလင်းရောင်ကို ထုတ်လွှတ်သည်။

သူ့ဘေးတွင် နှစ်ပေရှည်သော ခရမ်းရောင် ဝိုင်ဘူးတစ်လုံး ရှိနေပြီး၊ သူ့နောက်ကျောတွင် ဓားရှည်တစ်လက် ရှိနေသည်။ သူသည် ဤလောက၏ အင်မော်တယ် သူတစ်ယောက်နှင့် တူသည်။

“ဆရာလေး, ကျေးဇူးပြုပြီး ထိုင်ပါ။ ကြင်ယာတော်ယွမ်က မင်းအကြောင်း ပြောဖူးပါတယ်။ ဒါက ငါ့ရဲ့ဆယ်စုနှစ်ကျော် သက်တမ်းရှိတဲ့ မျောက်ဝိုင်ပါ။ ဒါက သွေးစီးဆင်းမှုကို လှုံ့ဆော် ပေးပြီး အသက်ကို ရှည်စေနိုင်ပါတယ်။ တစ်ငုံသောက်ပါ။"

လူငယ်က ရယ်မောပြီး ဟုန်ယွိ ထိုင်ခိုင်းသည်။

"သင်က မဟာနတ်ဆိုးရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သခင်ဟာကူဇိယွဲ့လား"

ဟုန်ယွိက မေးသည်။ သူလည်း လမ်းလျှောက်ပြီး ဝိုင်းဘူးကို ယူကာ ပါးစပ်အပြည့် သောက်လိုက်သည်။ သူ့ဗိုက်ထဲ ရောက်သွားသည့်အခိုက် နွေးထွေးသည့် အရိပ်အယောင် တိုးလာပါသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချွေးထွက်ပေါက် လေးသောင်းရှစ်ထောင်မှ မွှေးရနံ့ကို ထုတ်လွှတ်နေသကဲ့သို့ပင်။

"ဝိုင်ကောင်းပဲ။ အင်မော်တယ်ဝိုင်၊ သီချင်းကလည်း သီချင်းကောင်းပဲ။ သခင်ဘိုင်က အစိမ်းရောင် သတ်ဖြတ်ခြင်းကွင်းပြင်ကို တစ်ယောက်တည်း လျှောက်ဝံ့တယ်။ ဧကရာဇ် မင်းကို အရိုသေမပေးဘူး။ ပြီးတော့ ကျွမ်းကျင်သူတွေကို ခြောက်လှန့်ဖို့ ကိုယ့်ကိုယ်ကို ထုတ်မပြခဲ့ဘူး။ သခင်ဘိုင်က တကယ့် သူရဲကောင်းပဲ။”

ဝိုင်သောက်ပြီးနောက် ဟုန်ယွိ၏ခန္ဓာကိုယ်သည် ပူလောင်လာသည်။ “သခင်ဘိုင်ရဲ့ ဝိုင်သောက်ပြီးတဲ့နောက်, သေချာတာက, ကျွန်တော် အလကားမသောက်ပါဘူး။ သခင်ဘိုင်ကို ကဗျာတစ်ပုဒ် ပေးမယ်။"

ဟုန်ယွိသည် မတ်တပ်ထရပ်ကာ ခြေလှမ်းအနည်းငယ် လှမ်းပြီး “ဓားရှည်က အစိမ်းရောင် မြက်ခင်းပြင်ကိုးခုကို ဖြတ်သန်းသွားတယ်။ မြင့်မားတဲ့သရဖူဆိုတာ ကောင်းကင်ထိတိုင် မြင့်မားတယ်။ ကမ္ဘာပေါ်က အနှိုင်းမဲ့သူတော်စင်၊ သမုဒ္ဒရာလေးစင်းရဲ့သူရဲကောင်း" ဟု ကျယ်လောင်စွာ ရွှတ်ဆိုလေသည်။

အပိုင်း (၁၂)။

“ဓားရှည်က အစိမ်းရောင် မြက်ခင်းပြင်ကိုးခုကို ဖြတ်သန်းသွားတယ်။ မြင့်မားတဲ့ သရဖူ ဆိုတာ ကောင်းကင်ထိတိုင် မြင့်မားတယ်။ ကမ္ဘာပေါ်က အနှိုင်းမဲ့သူတော်စင်၊ သမုဒ္ဒရာ လေးစင်းရဲ့သူရဲကောင်းလား…" ကောင်းတယ်, ကောင်းတယ်၊ ကောင်းတယ်… သမုဒ္ဒရာ လေးစင်းရဲ့ သူရဲကောင်း။ ဒီကမ္ဘာမှာ သူရဲကောင်းက ဘယ်သူလဲ"။

ဟုန်ယွိ၏ကဗျာကို ကြားတော့ ဟာကူဇိယွဲ့၏ ခန္ဓာကိုယ် တုန်လှုပ်သွားပါသည်။ သူသည် ဂရုတစိုက် အရသာခံပြီး သူရဲကောင်းဆန်မှု အဆုံးမရှိ ခံစားခဲ့ရသည်။

အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်သည့် လျှို့ဝှက် ဆန်းကြယ်သော လူငယ်လေးသည် မတ်တတ်ထရပ်ပြီး သုံးကြိမ် ရယ်မောလိုက်သည်။ "သောက်ပါ, သောက်ပါ, မင်းရဲ့ဒီကဗျာက ငါ့နှလုံးသားကို အနိုင်ယူသွားပြီ။ ကမ္ဘာကြီးရဲ့ အဆုံးမှာ ငါ့ရဲ့ရင်းနှီးရဆုံးမိတ်ဆွေတစ်ယောက်ကို တွေ့ဖူးပြီလို့ ပြောလို့ရပါတယ်။”

သူစကားပြောနေစဉ် ဟာကူဇိယွဲ့က ဝိုင်ဘူးကို ဟုန်ယွိထံသို့ ပေးလိုက်ပါသည်။

ဂွတ်…၊ ဂွတ်…။ ဟုန်ယွိသည် သုံးလုတ်ဆက်တိုက် သောက်ပြီး နောက်ထပ် လိုချင်နေသေး သည်။ သူသောက်လေ သူ့ခန္ဓာကိုယ်က ပိုပူလာလေလေဟု ခံစားမိသည်။ သူသည် ပေါ့ပါးသွားပြီး ပျံသန်းနိုင်သလို ခံစားလိုက်ရသော်လည်း, သူ့စိတ်တွေက ကြည်လင်လာပြီး မူးယစ်ခြင်းကို လုံးဝ မခံစားရပါဘူး။

ဒီဝိုင်က သာမန်မဟုတ်မှန်း သိသာပါသည်။

ဟုန်ယွိလည်း အရမ်းပျော်ရွှင်နေပါသည်။ ဟာကူဇိယွဲ့၏ ထွက်ပေါ်လာပြီး သူသည် သူ၏ သဘာဝလွန် စွမ်းအားကို ပြသကာ ရက်စက်သော ထိုမြေခွေးအုပ်စုကို ခြောက်လှန့်ခဲ့ ကြောင့် ဖြစ်သည်။ (ထိုမြေခွေးအုပ်စုဆိုသည်မှာ ယန်တုန်းတို့အုပ်စုကို ဆိုလိုပါသည်။)

အကယ်၍, ယနေ့, ဟာကူဇိယွဲ့သာ မပေါ်လာခဲ့ပါက မြေခွေးများ၏ အသိုက်သည် ပျက်စီးသွားပေလိမ့်မည်။

"အနှိုင်းမဲ့သူတော်စင်, သမုဒ္ဒရာလေးစင်းရဲ့သူရဲကောင်း..”

ဟာကူဇိယွဲ့သည် ဟုန်ယွိ သောက်ပြီးသည်အထိ စောင့်ဆိုင်းပြီးနောက် ဝိုင်ဘူးကို ယူကာ သောက်လိုက်သည်။ ဝိုင်တစ်ဂျိုင့်သောက်တိုင်းတွင် သူသည် ဝိုင်နှင့်တွဲရန် ကဗျာကို အသုံးပြုနေသကဲ့သို့ ထိုကဗျာတစ်ပုဒ်ကို ရွှတ်ဆိုနေခဲ့သည်။

“ပညာရှင်ကြီးတွေဟာ ဝိုင်နဲ့အတူတွဲဖက်ဖို့ သမိုင်းစာအုပ်တွေကို အသုံးပြုကြတယ်။ ဒီနေ့ ဟုန်ယွိ၊ မင်းရဲ့ကဗျာက ဝိုင်နဲ့တွဲဖက်လို့ရတယ်။ ငါ ကြောင့်ကြမဲ့နေထိုင်ခဲ့တာ ကြာပြီ။”

ဟာကူဇိယွဲ့သည် ဆယ်ကြိမ်ထက်မနည်း ပါးစပ်အပြည့် သောက်ပြီးနောက် အနည်းငယ် မူးနေပုံရသည်။ သူက ကျယ်လောင်စွာ သီဆိုပြန်သည်။ "ငါတို့ ဝိုင်ကို သောက်ပါ။ ချောင်းဆိုးခြင်းမရှိ အသက်ရူမှန်တယ်.. ငါတို့ဝိုင်ကို သောက်ပါ။ ဧကရာဇ်မင်းကို တွေ့ရင်တောင် အရိုသေမပေးဘူး..”

"ဒါက ဘာသီချင်းလဲ" ဟုန်ယွိက မေးသည်။

"ငါစပ်ထားတဲ့ အပျောက်နတ်ဘုရားရဲ့ သီချင်းတစ်ပုဒ်ပါ။" ဟာကူဇိယွဲ့ ရယ်ပြန်သည်။

"အရိုင်းဆန်ပြီး ဘယ်လောက် အထိန်းအကွပ်မဲ့ လူငယ်လေးလဲ။ သူ့ရဲ့သဘာဝလွန် စွမ်းအားတွေက လွတ်လပ်ပြီး နှောင်ဖွဲ့ကင်းလွန်းတယ်။"

ဟာကူဇိယွဲ့၏ အရိုင်းဆန်ပြီး အထိန်းအကွပ်မဲ့သော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိသည် သူ၏ သဘာဝလွန် စွမ်းအားအကြောင်းကို တွေးတောကာ တိတ်တဆိတ် မနာလို ဖြစ်မိသွားသည်။

"သခင်ဘိုင်ကို မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲက တစ်ယောက်လို့ သိကြတယ်မလား။ မေးကြည့်လို့ရမလား၊ တစ္ဆေအင်မော်တယ်ဆိုတာ ဘာလဲ" ဟုန်ယွိက မေးသည်။

လွန်ခဲ့သည့်နှစ်ရက်က သူသည် သိုင်းကျမ်းနှင့် တာအိုကျမ်းစာများကို ဖတ်ရူခဲ့သည်။ ကိုယ်ခံပညာကို လေ့ကျင့်သူများသည် လူသားအင်မော်တယ်ဖြစ်အောင် လေ့ကျင့်ကြပြီး၊ စိတ်ဝိညာဉ်များကို သိမ်းပိုက်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာလွှဲပြောင်းယူနိုင်ခြင်း နယ်ပယ်အထိ ရောက်အောင် ကျင့်ကြံသူများကို တစ္ဆေအင်မော်တယ်များဟု ခေါ်ဆိုနိုင်ကြောင်း သူ သိခဲ့သည်။ ယန်စိတ်ဝိညာဉ်ကို ကျင့်ကြံပြီးနောက် ၎င်းတို့ကို အင်မော်တယ်သူများဟု ခေါ်ဆို နိုင်သည်။ နတ်ဆိုးအင်မော်တယ်တွေ အကြောင်းကိုတော့ သူ တစ်ခါမှ မကြားဖူးပါဘူး။

“ငါ့ကို ဇိယွဲ့လို့ခေါ်ပါ။ သခင်ဘိုင်လား၊ ဒါက မင်းက ငါ့ကို အပြင်လူလို ဆက်ဆံနေတာ။ မင်းပေးခဲ့တဲ့ကဗျာကို အခြေခံပြီး ငါဟာကူဇိယွဲ့က မင်းကို နားလည်တယ်။” ဟာကူဇိယွဲ့သည် နောက်ထပ် ဝိုင်တစ်ကျိုက်ကို သောက်လိုက် သည်။ သူ့မျက်နှာက အနည်းငယ် နီမြန်းနေသော်လည်း သူ့မျက်လုံးထဲတွင် မြင့်မြတ်သော အလင်းရောင်က ကျောက်စိမ်းကဲ့သို့ နွေးထွေးနေသေးသည်။ "နတ်ဆိုးအင်မော်တယ်တွေက တစ္ဆေ အင်မော်တယ် ဖြစ်လာကြတယ်။ လူမဟုတ်တဲ့အခြားသတ္တဝါတွေက ယင်စိတ်ဝိညာဉ်ကို ပိုင်နိုင်စွာ ကျင့်ကြံပြီးနောက် တစ္ဆေအင်မော်တယ်တွေ ဖြစ်လာနိုင်တယ်။ ငါ တောင်တန်းတွေထဲ ဝင်ရောက်ပြီး၊ နှစ် ၆ဝ လုံးလုံး ဝီရိယစိုက် ကျင့်ကြံပြီးနောက် တစ္ဆေအင်မော်တယ် တစ်ယောက် ဖြစ်လာတာပဲ။ ပြီးတော့ ငါက သန္ဓေသားလေးအဖြစ် ပြန်လည်ဝင်စားခဲ့ပြီး အခု ငါ အသက် ၁၅ နှစ်ရှိပြီ။ အစ်ကိုယွိကရော အသက်ဘယ်လောက်ရှိပြီ ငါ သိချင်မိတယ်။"

"ဒါဆို ဇိယွဲ့က ဆယ့်ငါးနှစ်ရှိပြီပေါ့။ ငါလည်း ဆယ့်ငါးနှစ်ရှိပြီ။ ငါ တာအိုကျမ်းတွေကို ဖတ်တဲ့အခါ၊ လူ့ခန္ဓာကိုယ်တွေကို အတင်းအကြပ် သိမ်းပိုက်ပြီး သူတို့ရဲ့စိတ်ဝိညာဉ်တွေကို ဖျက်ဆီးပစ်တဲ့ နတ်ဆိုးတွေရှိတဲ့ အကြောင်း ဖတ်ဖူးတယ်။ တစ်ဖက်မှာ ဇိယွဲ့က သန္ဓေသားအဖြစ် ပြန်လည်ဝင်စားပြီး ကြီးပြင်းလာခဲ့တယ်။ အဲဒါက နတ်ဆိုးအင်မော်တယ်ရဲ့ တာအိုလမ်းစဉ်လား" ဟုန်ယွိက ပြောသည်။

သားရဲတိရိစ္ဆာန်များသည် စိတ်ဝိညာဉ်ဆိုင်ရာဉာဏ်အလင်းကို ရရှိလာသောအခါ ၎င်းတို့၏ စိတ်ဝိညာဉ်များသည် ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ခွာကာ တစ္ဆေအင်မော်တယ်အဆင့်အထိ တဖြည်းဖြည်း မွေးမြူလာ၍ရကြောင်း သူ တွေ့ရှိရသည်။ ၎င်းတို့သည် အခြား လူများ၏ ရုပ်အလောင်းများကို ပိုင်ဆိုင်နိုင်ပြီး၊ လူ့ခန္ဓာကိုယ်များကို အတင်းအကျပ် သိမ်းပိုက်နိုင်ခြင်း၊ လူ့စိတ်ဝိညာဉ်များကို ဖျက်ဆီးခြင်းနှင့် လူ့ခန္ဓာကိုယ်များကိုပင် သိမ်းပိုက်နိုင်သည်။

အလားတူပင်၊ အင်မော်တယ်ပညာကို ကျင့်ကြံသူများသည်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်များကို ၎င်းတို့၏ ခန္ဓာကိုယ်မှ စွန့်ခွာကာ၊ ၎င်းတို့၏ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် အခြားသူများ၏ ခန္ဓာကိုယ်များကို သိမ်းယူနိုင်ပါသည်။

"ဒါက တာအိုတစ်ခုအနေနဲ့ ရှိနေတာ မဟုတ်ဘူး။ ဒါပေမယ့်, လူ့ခန္ဓာကိုယ်ကို အတင်းအကြပ် သိမ်းပိုက်ခြင်းနဲ့ လူစိတ်ဝိညာဉ်ကို ဖျက်ဆီးခြင်းက ကိုယ့်စိတ်ဝိညာဉ်ကိုလည်း ပင်ပန်းစေတယ်။ ကိုယ့်အတွက် အကျိုးမရှိဘဲ တခြားသူတွေကို ထိခိုက်စေတယ်။ ဒါ့အပြင်၊ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က လိုချင်သလို ပုံသွင်း လို့ မရတော့ဘူး။ ကိုယ်ခံပညာ လေ့ကျင့်ရာမှာလည်း နက်ရှိုင်းမူမရှိဘူး။ သန္ဓေသားအနေနဲ့ဆို, အဲဒါက အသွေးအသား အစုအဝေးဖြစ်ပြီး၊ စိတ်ဝိညာဉ်မရှိသလို အနှိုင်းမဲ့ဖြူစင်တယ်။ မွေးပြီးရင် ဉာဏ်ရည်ဉာဏ်သွေးနဲ့အတူ အတွေးအမြင် တွေက တဖြည်းဖြည်း ကြီးထွားလာမယ်။ အဲဒါမှ လူသားလို့ သတ်မှတ်နိုင်မှာ" ဟာကူဇိယွဲ့က ဆိုသည်။

“ငါ နားလည်ပြီ။”

ဟုန်ယွိ သဘောပေါက်သွားသည်။ "ဒါပေမယ့် အင်မော်တယ် ကျင့်ကြံသူတွေကလည်း ကိုယ်ခံပညာ လေ့ကျင့်ဖို့ လိုအပ်သေးတာလား။"

“လူတစ်ယောက်ဟာ သဘာဝတရားကိုသာ ကျင့်ကြံပြီး၊ လူတစ်ယောက်ရဲ့ ရှင်သန်နိုင် စွမ်းကို မကျင့်ကြံခြင်းက ကျင့်ကြံမူလမ်;စဉ်ရဲ့ ပထမဆုံး ချို့ယွင်းချက်ပဲ။ လူတစ်ယောက် ဟာ ဝိညာဉ်ကို ကျင့်ကြံထားပြီး၊ စိတ်ဝိညာဉ်ကို မကျင့်ကြံပါက, ခါးသီးတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး တဖက်ကမ်းသို့ မရောက်နိုင်ဘူး။ ဟာကူဇိယွဲ့က ပြောသည် "လူသားတစ်ယောက်ရဲ့ အသိစိတ်က ဝိညာဉ်ဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ သဘောသဘာဝနဲ့ ရှင်သန်နိုင်ဖို့အတွက် ၎င်းတို့ကို အတူတူ ကျင့်ကြံဖို့ လိုအပ်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရုပ်ခန္ဓာကိုယ်ကို မကျင့်ကြံဘဲ ကျိုးကြောင်းဆီလျော် စွာ ပြောဆိုဖို့က အသုံးမဝင်ဘူး။”

"မဆန်းပါဘူး။ ပညာရှင်တွေဟာ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်စေဖို့ မြားပစ်ခြင်းကို အာရုံစိုက်ကြတယ်။ အဲဒါက အကြောင်းပြချက် သက်သက်ပဲ။ ရှင်ခြင်းနဲ့သေခြင်း နှစ်မျိုးစလုံးကို ကျင့်ကြံခြင်းကပဲ လူတစ်ဦးကို (သေခြင်း ရှင်ခြင်း)ကို ကျော်လွှားစေနိုင်လိမ့်မယ်" ဟုန်ယွိက ဆိုသည်။

“ရှင်ခြင်းနဲ့သေခြင်း နှစ်မျိုးစလုံးကို ကျင့်ကြံခြင်းကလည်း လူတစ်ယောက်ကို ကျော်လွှား စေနိုင်မှာ မဟုတ်လောက်သေးဘူး" ဟာကူဇိယွဲ့က ခေါင်းခါလိုက်သည်။

"ဟမ်" ဟုန်ယွိ စိတ်ရှုပ်ထွေးသွားပြီး မေးတော့မည်။

“ငါ့ကို မမေးနဲ့။ ငါလည်း မသိဘူး။ ငါ့စိတ်ဝိညာဉ်က တစ္ဆေအင်မော်တယ်အဆင့်အထိပဲ ကျင့်ကြံရသေးပြီး၊ မိုးကြိုးကပ်ဘေးဒုက္ခကို မတွေ့ကြုံရသေးဘူး။ ငါ့ကိုယ်ခံပညာက ခြင်ဆီသန့်စင်ခြင်းနှင့် သွေးပြောင်းလဲခြင်း နယ်ပယ် ပြီးနောက် သိုင်းသူတော်စင်နယ်ပယ်အထိပဲ လေ့ကျင့်ရသေးတယ်။ ငါက အင်မော်တယ်တစ်ယောက် ဖြစ်မလာသေး ဘူး။ ဒီတစ်ခါ, ဒီကိစ္စကို အဖြေရှာဖို့အတွက် ကျောက်စိမ်းမြို့တော်ကို ငါ လာခဲ့တာ" ဟာကူဇိယွဲ့ က ပြောပြသည်။

“ဘာအဖြေလဲ…"

"ကောလာဟလတွေအရ ဒိုင်ဇင်ဘုရားကျောင်းမှာ စာလိပ်သုံးလိပ် ရှိတယ်တဲ့။ တစ်ခုက အမိတ္တဘသုတ္တန်၊ နောက်တစ်ခုက ပစ္စုပ္ပန်ကမ္ဘာ ရူလိုင်သုတ္တန်နဲ့ နောက်ဆုံးတစ်ခုကတော့ သက်မဲ့အနာဂတ်သုတ္တန်တို့ပဲ။ အားလုံးက ရှင်ခြင်းနဲ့ သေခြင်းကို ကျော်လွှားနိုင်တယ်လို့ ပြောဆိုထားကြတဲ့ အံ့မခန်းဓမ္မနည်းစနစ်တွေပဲ။ အမိတ္တဘသုတ္တန်က စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ဖို့အတွက် ထိပ်တန်း လျှို့ဝှက်ချက်စာအုပ် ဖြစ်တယ်။ ပစ္စုပ္ပန်ကမ္ဘာ ရူလိုင် သုတ္တန်က တော့ လူသားအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်နဲ့ လက်သီးပညာရပ် တစ်ခုပဲ။ သက်မဲ့အနာဂတ်သုတ္တန်နဲ့ ပတ်သက်ပြီးတော့ ငါလည်း မသိဘူး။ ဒါပေမယ့်, ကောလာဟလတွေဆိုအရ, အမှန်တကယ် ရှင်ခြင်းနဲ့သေခြင်းကို ကျော်လွှားနိုင်ဖို့, ဒီကျမ်းသုံးခုစလုံးကို တစ်ပြိုင်နက် နားလည်ဖို့ လိုအပ်တယ်တဲ့။ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံ ရပြီးနောက် ဒီကျမ်းသုံးစောင်ကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး။ ဒီကျမ်းတွေကို တော်ဝင်စာကြည့်တိုက်ထဲမှာ ဝှက်ထားနိုင်လောက်တယ်။ ဒီတစ်ခေါက်မှာတော့ ငါ ဒီကျမ်းသုံးကျမ်းကို ရှာဖွေဖို့ ကျောက်စိမ်းမြို့တော်ကို လာခဲ့တာပဲ”။

"အမိတ္တဘသုတ္တန်၊ ပစ္စုပ္ပန်ကမ္ဘာရူလိုင်သုတ္တန်၊ သက်မဲ့အနာဂတ်သုတ္တန်လား”

ဤနာမည်သုံးမျိုးကို ကြားသောအခါ ဟုန်ယွိ၏ မျက်ခွံများက လှုပ်ယမ်းသွားသည်။

လီရန်၏အိမ်တွင်းမှတ်တမ်းများစာအုပ်တွင် ဤနာမည်သုံးမျိုးကို သူ ကြားဖူးသည်။ ၎င်းကို အောက်ပါအတိုင်း မှတ်တမ်းတင် ထားပါသည်- “ဒိုင်ဇင်ဘုရားကျောင်းတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူ၍ ကျမ်းသုံးကျမ်း ရှိသည်။ ၎င်းတို့သည် ပညာရှင်တစ်ယောက်၏ အကျင့်သီလ၊ အရည်သွေး၊ အပြောအဆိုနှင့် တူ၏။ ငါ့ကိုယ်ပိုင်မျက်စိနဲ့ မြင်တွေ့ခွင့်မရခဲ့ တာ နှမြောစရာပဲ။ နှမြောစရာပဲ။”

သို့သော် ထိုစာကြောင်းတစ်ကြောင်းတွင် အချက်အလက်များစွာ မရှိခဲ့ပါ။

"တစ္ဆေအင်မော်တယ်တစ်ယောက်က မျှော်လင့်ထားသလိုပဲ။ သူ့စကားတွေက လူသားတွေလို ဘာမှ လျှို့ဝှက်မထား ဘူး။ အကယ်၍, သူ့နေရာမှာ လူသားတစ်ဦးဖြစ်ခဲ့လျှင်, ကျောက်စိမ်းမြို့တော် တော်ဝင်စာကြည့်တိုက် ကို သွားပြီး လျှို့ဝှက်ကျမ်းဂန်တွေကို ရှာဖွေမယ်လို့ ဘယ်လိုလုပ် ပြောထွက်မှာလဲ”

ဟာကူဇိယွဲ့၏ တဲ့တိုးဆန်ပြီး ပြတ်သားသော စကားလုံးများကို ကြားလိုက်ရသည်နှင့် “သူတပါးကို ပြောလို့မရတဲ့ အရာမရှိဘူး” ဆိုသည့်စကားကို သတိရပြီး ဟုန်ယွိသည် ရင်းနှီးမှုကို ခံစားလိုက်ရပါသည်။

“ဒါ့အပြင်, ဇိယွဲ့က ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ယောက်ပဲ။ သူက တကယ်ပဲ သိုင်းသူတော်စင်အဆင့်အထိ လေ့ကျင့်ထားနိုင်ခဲ့တယ်။ တကယ်လို့, ငါ ကိုယ်ခံပညာ လေ့ကျင့်ချင်တယ်ဆိုရင်, သူ့ဆီက လမ်းညွှန်မှု ရယူရမှာပေါ့။" ဟုန်ယွိ တွေးလိုက်သည်။

တော်ဝင်ချန်မင်းဆက်တွင် တင်းကျပ်သော ကိုယ်ခံပညာ စာမေးပွဲများ ရှိသည်။ သိုင်းတပည့်၊ သိုင်းကျောင်းသား၊ သိုင်းစစ်သည်တော်၊ သိုင်းသခင်၊ ရှင်တန်သိုင်းသခင်၊ မဟာဆရာသခင်၊ သိုင်းသူတော်စင်တို့ ဖြစ်သည်။ ၎င်းတို့အဆင့်များကို အလွန်အသေးစိတ် ဖော်ပြထားသော်လည်း စစ်တပ်ထဲမှ ကျွမ်းကျင်ပညာရှင်များသည် သိုင်းစစ်သည်တော်များ နှင့် သိုင်းသခင်များသာ ဖြစ်ကြပါသည်။ ကြီးမြတ်သော မဟာဆရာသခင်နှင့် သိုင်း သူတော်စင်တို့ မဆိုထားနှင့် ခန္ဓာကိုယ် အတွင်းအင်္ဂါများကို သန်မာအောင် လေ့ကျင့်ထားပြီး ရုပ်ခန္ဓာခွန်အားကို ကြီးကြီးမားမား ပိုင်ဆိုင်ထားသည့် ရှင်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိသူများပင် အလွန်နည်းပါးပါသည်။

လူသားအင်မော်တယ်နှင့် ပတ်သက်၍မူ, သူသည် ဤအကြောင်းကို တစ်ခါမျှ မကြားဖူးပါ။

"ဒီရက်ပိုင်းမှာ, ငါ သိုင်းကျမ်းတွေကို ဖတ်နေတယ်။ ငါ ကိုယ်ခံပညာကိုလည်း လေ့ကျင့် ချင်တယ်။ ဒါပေမယ့် လမ်းညွှန်မှု ကင်းမဲ့နေတယ်။ ငါတို့ သုံးယောက်ထဲမှာ ဆရာတစ်ဦး တော့ ရှိရမယ်။ ဒီနေ့, ငါ ဇိယွဲ့နဲ့တွေ့ပြီးကတည်းက လမ်းညွှန်မှုကို တောင်းချင်နေတာ။" ဟုန်ယွိက ဟာကူဇိယွဲ့ကို ပြောသည်။ (သုံးယောက်ဆိုတာ ကြင်ယာတော် ယွမ်ကိုပါ ထည့်ပြောခြင်း ဖြစ်နိုင်ပါသည်)။

"ဟုန်ယွိ, မင်း ကိုယ်ခံပညာ လေ့ကျင့်ချင်လား" ဟာကူဇိယွဲ့သည် ဟုန်ယွိကို ကြည့်ပြီး နောက် စားပွဲပေါ်ရှိ သိုင်းကျမ်းကို ကြည့်လိုက်ပါသည်။ “ဒီသိုင်းကျမ်းမှာ အတိုချုံး ရေးထား တဲ့ အပိုင်းတွေ အများကြီးရှိပြီး၊ အဲဒီထဲမှာ မှတ်တမ်းတင်ထားတဲ့ အရာအများစုက အကြမ်းထည်တွေချည်းပဲ။ မင်းရဲ့အရေပြားနဲ့ အသားတွေက လျော့ရဲပြီး အရွတ်တွေက အားနည်းနေတယ်။ ကိုယ်ခံပညာမရှိရင်, စာရွက်အလွတ်တစ်ရွက်နှင့် ညီမျှသည်။ အခြေခံ အုတ်မြစ်မရှိရင်၊ အချိန်တိုအတွင်း အစွမ်းထက်တဲ့ ကိုယ်ခံပညာကို လေ့ကျင့်ဖို့ ခက်ခဲလိမ့် မယ်”။

"တစ်လှမ်းချင်းပေါ့။" ဟုန်ယွိက ပြုံးလိုက်သည်။

“ကိုယ်ခံပညာကို လေ့ကျင့်တော့မယ်ဆို, အရင်ဆုံး အသား၊ အရွတ်နဲ့ အရေပြားကို လေ့ကျင့်ရမယ်။ တော်ဝင်ချန် မင်းဆက်ရဲ့ ကိုယ်ခံပညာ ဟောပြောပွဲခန်းမမှာ အရေပြားကို လေ့ကျင့်ပြီးတဲ့လူတွေကို သိုင်းစစ်သည်တော်တွေအဖြစ် သတ်မှတ်ထားတယ်။ သူတို့ကို အင်ပါယာစာမေးပွဲအတွက် ဆန်ခါတင်ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရတယ်။ စစ်တပ်ထဲ မှာဆို သူတို့ဟာ လူတစ်ရာကျော်ရဲ့ စစ်ဘက်အရာရှိတစ်ယောက် အလွယ်တကူ ဖြစ်လာ နိုင်တယ်" ဟာကူဇိယွဲ့သည် စစ်တပ်တွင်း နည်းစနစ်နှင့် အလွန်ရင်းနှီးသူဟု ဆိုနိုင်ပါ သည်။

တော်ဝင်ချန်မင်းဆက်၏ စစ်တပ်တွင် လူငါးဦးကို “ဝူ” ဟုခေါ်ဆိုကြပြီး စစ်အရာရှိကိုလည်း "ဝူ" ဟု ခေါ်ဆိုကြသည်။ လူတစ်ရာကို “ဒူ” ဟု ခေါ်ကြပြီး၊ စစ်အရာရှိကိုတော့ “ဒူတူး" ဟု ခေါ်သည်။ လူငါးရာကို “တပ်ရင်း" ဟုခေါ်ပြီး စစ်အရာရှိကို “တပ်မှူး” ဟု ခေါ်သည်။ လူတစ်ထောင်ကို “တပ်မ” ဟုခေါ်ပြီး စစ်အရာရှိကို “ဗိုလ်ချုပ်” ဟု ခေါ်သည်။ လူတစ်သောင်းကို "ထန်း" ဟုခေါ် ပြီး စစ်အရာရှိကိုတော့ “စစ်သူကြီး” ဟု ခေါ်သည်။

အရာအားလုံးကို တင်းကြပ်စွာ အထက်အောက် အဆင့်သတ်မှတ်ထားသည်။ အင်ပါယာ တရားရုံထက် အများကြီး ပိုတင်းကျပ်ပါသည်။ ၎င်းအဆင့်သတ်မှတ်ချက်များကို ကိုယ်ခံပညာနှင့် စစ်ရေးအောင်မြင်မှုများကို အခြေခံထားသည်။

“ကမ္ဘာပေါ်မှာ၊ အသား၊ အရွတ်နဲ့ အရေပြားတွေကို လေ့ကျင့်ပေးနိုင်တဲ့ ကိုယ်ခံပညာရပ် တွေထဲမှာ ဒိုင်ဇင်ဘုရား ကျောင်းရဲ့ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နဲ့ ကျားနတ်ဆိုး အရိုးပုံသွင်းခြင်းပညာရပ်တို့ကလွဲပြီး တခြားဒီထက်ကောင်းတာ ဘာမှမရှိဘူး။ ဒီပညာရပ် နှစ်မျိုးကို လေ့ကျင့်ပြီးရင် အရွတ်တွေ၊ အရိုးတွေ၊ အရေပြားတွေ၊ အသားတွေ သန်မာလာ ပြီး သိုင်းသခင်တစ်ဦး ဖြစ်လာလိမ့်မယ်။ ရှင်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်နိုင်ဖို့ ဆို, အတွင်းအင်္ဂါတွေကို လေ့ကျင့်နိုင်ဖို့ အသက်ရူခြင်းဆိုင်ရာ စာအုပ်အမျိုးစား များစွာရှိတယ်။ ငါ မင်းကို နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်ကို အရင် သင်ပေးမယ်။”

All Chapters