အခန်း (၄-၆)
Vol. 1 Ch. 4-6
အခန်း (၄)။
“ဆုန်ကျူးအစောက်ဦးက နှင်းစက္ကူလား…။ ဒီစာရွက်ကို ဒါဇင်နဲ့ချီတဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့ ပြုလုပ်ရတယ်။ အဲဒီအရွက်တစ်ရာထဲက တစ်ရွက်ကတောင် အနည်းဆုံး ငွေစ နှစ်ဆယ်လောက် ကုန်ကျတယ်။ ဒါက ငါ့လစဉ် ထောက်ပံ့ကြေးရဲ့ တစ်နှစ်ခွဲစာနဲ့ ညီမျှတယ်။ ခရမ်းရောင် မှင်ကျောက်ကလည်း အရည်အသွေး မြင့်တယ်။ ကျောက်တုံးက အလွန်ချောမွေ့တယ်။ အနွေးဓာတ်ကိုတောင် ခံစားရတယ်။ ဆောင်းရာသီမှာတောင် အေးစိမ့်နေမှာ မဟုတ်ဘူး။ ကတိုးမှင်ကလည်း အရည်အသွေးမြင့် ထင်းရှူးမီးခိုးမှင်ကို ရွှေအရက်, ကမာရွတ်တို့နဲ့ ရောစပ်ထားတာ။ ရေးတဲ့အခါမှာ အနှိုင်းမဲ့ ချောမွေ့ပြေပြစ် တယ်။ စာလုံးတွေက စိတ်အားတက်ကြွစေပြီး လန်းဆန်းတဲ့ရနံ့ကို သယ်ဆောင်လာမယ်။ စုတ်တံကိုတော့ မြေခွေးအမွှေးနဲ့ ပြုလုပ်ထားပြီး စုတ်တံကောင်းတစ်ခုလည်း ဖြစ်တယ်။ ဒီစာပေးလေ့လာမူဆိုင်ရာ ရတနာလေးပါးအစုံက အနည်းဆုံး ရွှေစရာဂဏန်းခန့် ကုန်ကျ နိုင်တယ်။ ဒီလီမြို့စားငယ်လေး ကျင်းယုရှင်းက တကယ့်ကို ရက်ရောတာပဲ။ သူက ယဉ်ကျေး သိမ်မွေ့ပြီး ဆင်းရဲတဲ့ ပညာတော်သင်တွေကို မကြာခဏ ကူညီပေးတတ်တယ် လို့ ငါ ကြားဖူးတယ်။ သူက ကျောက်စိမ်းမြို့တော်မှာ နာမည်ကောင်းရှိတယ်။ ဒါပေမယ့် သူ့မှာ ကြီးမားတဲ့ရည်မှန်းချက်တွေ ရှိနေတယ်လို့ ငါ ထင်တယ်...”
ဟုန်ယွိသည် အိတ်တစ်လုံးကို ထမ်းပြီး ကျောက်စိမ်းမြို့တော်အပြင်ဘက် အနောက် တောင်တန်းကို လျှောက်လှမ်းနေပါသည်။
သူသည် အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်နေပြီး၊ စံအိမ်ကြီးထဲတွင် အနိုင်ကျင့်ခံရမည် ကို မလိုလားပေ။ ထို့ကြောင့် သူသည် သူ့အမေ၏ဂူသင်္ချိုင်းကို စောင့်ကြည့်ရင်း အနောက် တောင်တန်းမှာ ခဏလောက်နေဖို့ ဆုံးဖြတ်ထားပါသည်။
ဟုန်ယွိမိခင်၏ ဂူသင်္ချိုင်းသည် အနောက်တောင်တန်းတွင် တစ်ခုတည်း ဖြစ်နေပါသည်။ သူ့မိခင်၏ အခြေအနေအရ သူမသေဆုံးပြီးနောက် ဟုန်မိသားစု၏ ဘိုးဘွားခန်းမထဲသို့ မဝင်နိုင်ခဲ့ပေ။
အနောက်တောင်တန်းသည် မိုင်တစ်ရာနီးပါးရှိသော ကျောက်စိမ်းမြို့တော်အပြင်ဘက်ရှိ တောင်ကြီးတစ်ခု ဖြစ်သည်။ တောင်တန်းသည် ကြီးကျယ်ခမ်းနားခြင်း မရှိသော်လည်း သစ်တောထူထပ်ပြီး ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင် ရှိသည်။ တောင်ထိပ်များ၊ စီးဆင်း နေသော ရေတံခွန်များနှင့် ကျောက်ဆောင်သစ်တောများ များစွာ ရှိနေပါသည်။
တောင်ပေါ်မှာ သားရဲတိရိစ္ဆာန်တွေ အများကြီး ရှိသည်။ ဆောင်းရာသီအချိန်တိုင်းတွင် မှူးမတ်အချို့သည် တောင်ပေါ်၌ အမဲလိုက်လေ့ ရှိကြပါသည်။
လမ်းလျှောက်လာရင်း၊ ဟုန်ယွိသည် လီမြို့စားငယ်လေး ကျင်းယုရှင်းထံမှ သူ့ကိုပေးအပ် ရန် တစ်စုံတစ်ဦးကို တောင်းဆိုခဲ့သော ရတနာလေးပါးအကြောင်းကို တွေးလိုက်မိပါသည်။
ကောင်းကင်ယံ မှောင်မည့်လာချိန်မှာ ဟုန်ယွိသည် အနောက်တောင်ခြေကို ရောက်ရှိလာခဲ့ သည်။ သူ့မိခင်ဂူသင်္ချိုင်းကို သန့်ရှင်းရေး လုပ်ပြီးနောက် အမွှေးနံ့သာဖြင့် ပူဇော်ပြီး၊ သူသည် တောင်ခြေနှင့် မဝေးသော ဘုရားကျောင်းငယ်တွင် တည်းခိုခဲ့သည်။
ထိုဘုရားကျောင်းကို ဆောင်းဦးလဘုရားကျောင်းဟု ခေါ်သည်။ ၎င်းသည် ပျက်စီး ယိုယွင်းနေသော ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်ပြီး၊ သာမန်ဘုန်းတော်ကြီး တစ်ပါးက စောင့်ရှောက်ထားသည်။ ဟုန်ယွိသည် သူ့မိခင်ဂူသင်္ချိုင်းကို စောင့်ကြည့်ရန်နှင့် တိတ်ဆိတ် ငြိမ်သက်စွာ နေထိုင်ရန် နှစ်စဉ်နှစ်တိုင်း ဤနေရာတွင် ခဏလောက် လာနေလေ့ရှိသည်။
ဘုန်းတော်ကြီးအား အမွှေးနံ့သာများ ပေးလှူပြီးနောက် မှိုခေါက်ဆွဲတစ်ပန်းကန်ကို စားသောက်ပြီး၊ သူသည် ဘေးတိုက်ခန်းမ၌ အနားယူခဲ့သည်။ သူက ဆီမီးထွန်းညှိပြီး ညဘက်စာလေ့လာရန် ပြင်ဆင်နေသည်။
မြောက်လေက ပြင်းထန်စွာ တိုက်ခတ်နေသဖြင့် နံရံများမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။
ဘုရားကျောင်း၏ ခြံဝင်းအတွင်း၌ ပေါင်းပင်များဖြင့် ဖုံးလွှမ်းထားသည်။ လေသည် ညှိုးနွမ်းနေသော မြက်ပင်များကို မှုတ်ထုတ်သည်။ ၎င်းသည် စိတ်ပျက်အားငယ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
"ဒီဘုရားကျောင်းက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ပျက်ဆီးယိုယွင်းလာတယ်။ ဒါပေမယ့် တော်ဝင်ချန်မင်းဆက် ကဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကို သိပ်ဂရုမစိုက်ဘူး။ တာအို ဘုရားကျောင်းတွေက ဆောက်ဖို့ ပိုမိုလွယ်ကူတယ်။ ဒါလည်း သိပ်အံ့ဩစရာတော့ မရှိပါဘူးလေ”။ ဟုန်ယွိသည် ပျက်စီးယိုယွင်းနေသော ထိုဘုရားကျောင်းကို ကြည့်လိုက်ပါ သည်။ သူသည် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားသော်လည်း မြို့စားစံအိမ်ကြီးထက် အများကြီး ပိုလန်းဆန်းပြီး သက်တောင့်သက်သာ ရှိစေသည်ဟု ခံစားရပါသည်။
"အမေ၊ တကယ်လို့, အမေ ကောင်းကင်ဘုံမှာ ရှိနေခဲ့ရင်, ကျေးဇူးပြုပြီး ဒီစာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပြီး၊ မင်းရဲ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေဖို့အတွက် သားကို စောင့်ရှောက်ပေးပါ”။
ဟုန်ယွိသည် ပဲစေ့လောက်ကြီးသည့် မီးပုံးတစ်ခုကို စိုက်ကြည့်ရင်း တိတ်တဆိတ် ဆုတောင်းနေလေသည်။
ဒိုင်း!
မီးပုံးထဲက မီးပန်းတစ်ပွင့် ပေါက်ကွဲထွက်လာပါသည်။
ဝူ….၊ ဝူ….၊ ဝူ….၊ ဝူ….၊ ဝူ….။
ဟိုးအဝေးက တောင်တန်းတွေဆီကနေ အူသံတချို့ ထွက်ပေါ်လာပါသည်။ ၎င်းတို့သည် ဝံပုလွေနှင့် မြေခွေးအူကဲ့သို့ ညလေနှင့် ရောနှောကာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နက်ရှိုင်းသောတောင်များ၊ ရှေးဟောင်းဘုရားကျောင်းတစ်ခု၊ မြောက်လေပြင်း၊ ဝံပုလွေနှင့် မြေခွေးအူသံများ…။ ဤအရာအားလုံးသည် ကြောက်စရာကောင်းသည့် မြင်ကွင်းများ ဖြစ်နေပါသည်။
သို့သော် ဟုန်ယွိသည် မည်သည့်ကြောက်ရွံ့မှုကိုမျှ မခံစားရပေ။ ပထမချက်အနေဖြင့်, သူသည် ရှက်စရာကိစ္စ တစ်ခုခုလုပ်မည်ဆိုသည့် မည်သည့်အတွေးမျိုးမှ မရှိပေ။ ဒုတိယအနေဖြင့်, သူသည် မြေခွေးတစ္ဆေပုံပြင်များဖြင့် ရင်းနှီးထားပါသည်။ ပုံပြင်ထဲက ပညာရှင်များသည် ဖြောင့်မတ်ကြကြီး အကြောက်တရားကင်းကြပါသည်။ သရဲတစ္ဆေများ နှင့် ဝိညာဉ်တွေတောင် သူတို့အနား မကပ်နိုင်ပါဘူး။
သူ့အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ထုပ်ပိုးပြီး၊ ဟုန်ယွိသည် တံခါးကိုဖွင့်ကာ ခြံဝင်းထဲသို့ လျှောက်သွားပါသည်။
"အယ်…၊ အဲဒါဘာလဲ…"
ဟုန်ယွိသည် ခြံဝင်းထဲသို့ ဝင်သွားသောအခါ မိုင်အနည်းငယ်အကွာ ချိုင့်ဝှမ်းတစ်ခုတွင် လက်သီးအရွယ် အစိမ်းရောင် မီးတောက်များစွာ လွင့်ပျံလာသည်ကို သူ တွေ့လိုက်ရသည်။ ၎င်းးက အရမ်းကို ထူးဆန်းပါသည်။
“ဒီလိုတစ္ဆေမီးမျိုးက လူ့အရိုးတွေကနေ ထုတ်လွှတ်နိုင်တယ်။ အမှတ်အသားမပါတဲ့ သင်္ချိုင်းမြေမှာတော့ ဒါတွေက ပုံမှန်ဖြစ်ပျက်တွေပါပဲ။ ဒါကြောင့်, ဒါက သဘာဝလွန် ဖြစ်ရပ်ကြီး မဟုတ်ပါဘူး။ လွင့်မျောနေသည့် တစ္ဆေမီးလျှံကို ကြည့်ပြီး ဟုန်ယွိက ပြုံးပြီး သူ့ကိုယ်သူ ရေရွတ်လိုက်ပါသည်။
ရုတ်တရက်ပင် အော်ဟစ်သံတစ်ခုက အဝေးက နက်ရှိုင်းသော တောင်တန်းများဆီမှ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် အရိပ်တစ်ခုသည် တစ္ဆေမီးများထဲမှ ပျံထွက်လာသည်။ ထိုမြင်ကွင်းက ညဘက်တွင် လူတို့၏နှလုံးသားကို ဝါးမျိုရန် နတ်ဆိုးကြီးတစ်ကောင် ထွက်ပေါ်လာသည့်မြင်ကွင်းကို လူတို့အား တွေးတော စေနိုင်ပါသည်။ အကယ်၍, သာမာန်လူတစ်ယောက်သည် ယခုလို မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့လျှင်, သူတို့ဆံပင်တွေ အဆုံးထိ ထောင်သွားပေလိမ့်မည်။
သို့သော် ဟုန်ယွိသည် ထိုအသံကိုကြားသောအခါတွင် ၎င်းသည် တောင်ပေါ်ရှိ ဇီးကွက် တစ်ကောင်ဖြစ်ကြောင်း သူ သိလိုက်သည်။
ရုတ်တရက်ဆိုသလို သူသည် ကဗျာဆန်သည်ဟု ခံစားလိုက်ရပြီး “အသက်တစ်ရာကျော် ဇီးကွက်အိုကြီး တစ်ကောင်က သစ်သားတစ္ဆေတစ်ကောင် ဖြစ်လာတယ်။ ၎င်းရဲ့ရယ်သံက ကျောက်စိမ်းမီးလျှံသိုက်ထဲကနေ ထွက်ပေါ်လာတယ်” ဟု ကြည်လင်ပြတ်သားသည့် အသံဖြင့် ရွတ်ဆိုလိုက်ပါသည်။
“လူငယ်လေး၊ မင်းက ဒီလောက် အသက်မကြီးသေးပေမယ့် ဖြူစင်သူတစ်ယောက်ပဲ။ ကျောက်စိမ်းမီးလျှံသိုက်ထဲက ရယ်မောသံတွေ ထွက်လာတယ်..ဟုတ်လား"
ရုတ်တရက်ပင် သူ့အနောက်မှ ချိုမြိန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ယွိ၏ ထိတ်လန့်မှုက အသေးဖွဲ့ကိစ္စ မဟုတ်ခဲ့ပေ။ သူ့တစ်ကိုယ်လုံး အေးစက်စက် ဇောချွေးများ ထွက်လာပါသည်။ သူ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ မီးရောင် အောက်ရှိ သူ့အခန်းထဲမှာ ပန်းနုရောင် နန်းတွင်းမင်းသမီးဝတ်စုံ ဝတ်ဆင်ထားသည့် သွယ်လျလျလျလျနှင့် ချောမောလှပသည့် မိန်းမငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရပါသည်။ သူမသည် အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်ဝန်းကျင်သာ ရှိသေးပြီး သူမ၏အလှက တုနှိုင်းမမှီပေ။ သူမသည် ရင်သပ်ရှုမောဖွယ် အလှမျိုးကို ပိုင်ဆိုင်ထားပါ သည်။
မီးအိမ်အောက်က မိန်းမလှတစ်ယောက်သည် လှပသည့်မြင်ကွင်းတစ်မျိုး ဖြစ်နေပါသည်။
သို့သော် ဟုန်ယွိသည် အလှပကို ခံစားလိုစိတ်မရှိပေ။ ပြန်တွေးကြည့်လိုက်တော့, နက်ရှိုင်းသည့် တောင်တန်းတွေ ပေါ်က ရှေးဟောင်းဘုရားကျောင်းတစ်ခုမှာ ရုတ်တရက် အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် တစ္ဆေသရဲမဟုတ်ပါက၊ သူမသည် နတ်ဆိုးတစ်ကောင် ဖြစ်ပါလိမ့်မည်။
“မင်းက တစ္ဆေလား၊ နတ်ဆိုးလား”
ဟုန်ယွိသည် သူ့လက်ချောင်းများကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး၊ သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပါသည်။
“အို၊ ငါက တစ္ဆေလား နတ်ဆိုးလား” မင်းရော ဘယ်လိုထင်လဲ”။
ရုတ်တရက် ပေါ်လာသော အမျိုးသမီးသည် ဟုန်ယွိကို ပြုံးပြုံးကြီး ကြည့်နေသည်။
"အလွန်ရိုးရှင်းပါတယ်၊ မင်းရဲ့အဝတ်အစားတွေက ပါးလွှာတယ်။ တောနက်ကြီးထဲမှာ အေးတယ်။ သာမန်လူတွေ မခံနိုင်ကြဘူး။ ဒုတိယအချက်အနေနဲ, ဒီလီတစ်ဆယ် အချင်းဝက်အတွင်းမှာ အိမ်မရှိဘူး။ မင်းက အမျိုးသမီး တစ်ယောက် ဖြစ်တယ်။ ညဉ့်နက် သန်းခေါင်ချိန် ရှေးဟောင်းဘုရားကျောင်းထဲမှာ ဘာလို့ ပေါ်လာတာလဲ။ “ဟုန်ယွိသည် ထိုစကားပြောနေချိန်မှာ သူ့ခြေထောက်တွေက ရုတ်တရက် ထုံကျင်သွားပါသည်။
“ဟုတ်တယ်, ငါက သရဲတစ်ကောင်ပဲ။” အမျိုးသမီး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမလေသံက အေးစက်နေပြီး၊ သူမမျက်နှာက အချိန်မရွေး သူ့ကို ထိုးသုတ်တော့မည့်အလား ပြာနှမ်းသွားသည်။
"ငါ ဒီဘဝမှာ ဘာအမှားမှ လုပ်မိတယ်လို့ မခံစားရဘူး။ ငါက စာပေလေ့လာပြီး အမေ့အုတ်ဂူကို စောင့်ရှောက်ဖို့ ဒီဘုရားကျောင်းကို လာခဲ့တာ။ မင်း ငါ့ကို ဘာလို့ လာရှာတာလဲ။ တကယ်လို့, မင်းဟာ အပျော်တမ်းညအိပ်ဖို့ ပညာတော်သင်တစ်ယောက် ကိုလာရှာတဲ့ တစ္ဆေမတစ်ကောင်ဆိုရင်, ငါက မင်းကို ပြောလိုက်မယ်။ မင်း လူရှာမှားနေပြီ။ ငါဟုန်ယွိက ငယ်စဉ်ကတည်းက ပညာသင်ကြားခဲ့သည်။ ငါက ရိုးသားမူနဲ့ ဉာဏ်ရည် ထက်မြက်မူမှာ အဝေးကြီးလိုသေးပေမယ့် ငါ့ရဲ့အခြေခံစည်းမျဉ်းတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပဲ။ မြန်မြန်ထွက်သွားပါ။”
ဟုန်ယွိသည် သူ့လက်ချောင်းများကို လှုပ်ယမ်းပြရင်း မျက်လုံးပြူးကာ စူးစူးရဲရဲ ကြည့်လိုက်သည်။
"ငါ့မှာ ဝိညာဉ်တွေကို သုတ်သင်ဖို့နဲ့ သရဲတစ္ဆေတွေကို ထိန်းချုပ်ဖို့ တာအို ဘုန်းတော်ကြီး တွေရဲ့ ဘာတာအိုပညာရပ်မှ မရှိဘူး။ ငါ့လက်ထဲမှာ ဘာခွန်အားမှ မရှိဘူး။ ကိုယ်ခံပညာကို လည်း ငါ မသိဘူး။ အခု ငါ တစ္ဆေမတစ်ကောင်နဲ့ ရင်ဆိုင်ကြုံတွေ့ရတော့, ငါ့ရဲ့ စိတ်အားမာန်ကိုပဲ အားကိုးလို့ရတယ်။ ငါ အားနည်းချက်ကို မပြနိုင်ဘူး။ တကယ်လို့, ငါသာ အားနည်းချက်ကိုပြလိုက်ရင် တစ်ဖက်က ငါ့ကို တိုက်ခိုက်လိမ့်မယ်။ ငါ့ရဲ့အတွေးတွေက ခိုင်မာပြီး ပြတ်သားရမယ်။”
ဟုန်ယွိသည် မီးအိမ်အောက်ရှိ အမျိုးသမီးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေစဉ်တွင် သူသည် သူ့ကိုယ်သူ စိတ်နှလုံးကို အားပေးပြီး သူ့ယုံကြည်ချက်ကို ခိုင်မာစေလိုက်ပါသည်။
နတ်ဆိုးသရဲတစ္ဆေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်, ဟုန်ယွိ ပထမဆုံး လုပ်ရမည့် အရာမှာ သူ့စိတ်ဝိညာဉ်ဖြစ်ရန် အခိုင်အမာ ယုံကြည်ရန် ဖြစ်ပါသည်။
"ဟီး..၊ ဟီး.. ဟီး…။ လူငယ်လေး၊ မင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။”
ရုတ်တရက် မိန်းမက တခစ်ခစ်ရယ်ပြီး သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါ မင်းကို နောက်နေတာပါ။ ငါက တစ္ဆေသရဲ မဟုတ်ပါဘူး။ တစ္ဆေတစ်ကောင်က မီးအိမ်အောက်မှာ အရိပ်မှာ မရှိဘူးလေ။ မင်းရောက်လာတဲ့အခါ ငါ့ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးတွေကို မင်း ခံစားနိုင်ရမယ်။ အဲဒီလို သရဲတစ္ဆေမျိုး ရှိလို့လား။ ချီနဲ့သွေးပါဝင်တဲ့ သရဲတစ္ဆေမျိုးရှိခဲ့ရင်, အဲဒါက တစ္ဆေသရဲ မဟုတ်ဘူး။ တာအိုလမ်းစဉ် ယန်နတ်ဘုရား ကောင်းကင်အင်မော်တယ် တစ်ပါးဖြစ်တယ်”။
ဟုန်ယွိသည် ထိုအမျိုးသမီး၏ စကားကိုကြားသောအခါ မီးအိမ်အောက်မှ လှပသော ရုပ်သဏ္ဍာန်ကို မော့ကြည့်လိုက်သည်။ အမှန်ပင်, မီးအိမ်အောက်တွင် ထိုအမျိုးသမီး၏ အရိပ်တစ်ခု ရှိနေသည်။
သူသည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟုန်ယွိသည် အိမ်ထဲသို့ ဝင်လာခဲ့သည်။
အမှန်ပင်၊ သူသည် ထိုအမျိုးသမီး၏ ထွက်သက်ရနံ့ကို ခံစားရနိုင်သည်။ သူမသည် သက်ရှိထင်ရှား လူသားတစ်ဦး ဖြစ်သည်။
“ဟုတ်တယ်၊ မင်းက နတ်ဆိုးတစ္ဆေ မဟုတ်ဘူးပဲ။ နတ်ဆိုးတစ်စ္ဆေတွေက ပုံသဏ္ဍာန်မဲ့ပြီး၊ အတွေးတွေကနေ ဖြစ်ပေါ်လာတာ။ သူတို့က သူတို့ရဲ့အသွင်ပြင်ကို ထုတ်ဖော်ပြသဖို့ လုံလောက်အောင် အစွမ်းထက်ပေမယ့်၊ သူတို့က အေးစက်စက်အငွေ့အသက်ကိုပဲ ထုတ်လွှတ်နိုင်ပြီး မင်းလို အသွေးအသားရှိတဲ့ ခန္ဓာကိုယ်မျိုး ခံစားရမှာ မဟုတ်ဘူး။ မင်းက နတ်ဆိုးတစ္ဆေ မဟုတ်ပေမယ့် သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ ဆိုတော့, မင်းက တောင်တန်းများအတွင်းမှာ အထီးကျန်စွာ နေထိုင်တဲ့ ဓားအင်မော်တယ်တစ်ဦး ဖြစ်ရမယ်။ "
ဟုန်ယွိက သူ့လက်ညိုးကို အသုံးပြုပြီး သူမမျက်ခုံးနှစ်ခုကြားကို တည်းတည်းထိုးချိန်လိုက် ပါသည်။
“အိုး? မင်းက နတ်ဆိုးတစ္ဆေတွေအကြောင်း တော်တော်သိထားပုံ ရတယ်။ ပညာရှင်တွေက သဘာဝလွန် တန်ခိုးအကြောင်းနဲ့ နတ်ဘုရားတွေအကြောင်းကို မပြောကြပါဘူး။ မင်းလည်း သာမာန်ပညာရှင် မဟုတ်ဘူးပဲ။” အမျိုးသမီးက သူမမျက်လုံးထဲတွင် သံသယ အရိပ်မြွက်ဖြင့် ဟုန်ယွိကို ကြည့်လိုက်ပါသည်။
“ဒါက စာအုပ်ဖတ်တဲ့ လူတစ်ယောက်ဖြစ်လို့ပဲ။ ငါက ပညာရှင်တစ်ယောက်ပါ။ ငါက ဖြောင့်မတ်တယ်။ လောကကြီးကို နားလည်ထားတယ်။ နတ်ဆိုးတွေ၊ တစ်စ္ဆေသရဲတွေ၊ နတ်ဘုရားတွေအကြောင်းကို ငါ သိတယ်။ အဲဒါတွေက လေ့လာစရာတွေလို့ ဆိုလို့ရ တယ်။” အခြားတဖက် နတ်ဆိုးတစ်စ္ဆေတစ်ကောင် မဟုတ်မှန်း သိလိုက်သည်နှင့် ဟုန်ယွိ၏ စိတ်နှလုံးက ငြိမ်သက်သွားပြီး ပို၍ အသက်ဝင်လာပါသည်။
"ဟဲ…, ဟဲ….၊ ဒီနေ့ ငါ့ဆွေမျိုးတွေကြည့်ဖို့ အနောက်တောင်ကုန်းကို လာခဲ့တာ။ မင်းလို စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ဖို့ မမျှော်လင့်ထားဘူး။” အနီရောင်ဝတ် အမျိုးသမီးက သူမကိုယ်သူမ ပြောရင်း “မင်းက ပညာရှင်လား၊ ဟင်း၊ မဆိုးပါဘူး၊ မဆိုးပါဘူး။ ငါ့ဆွေမျိုးတချို့မှာလည်း စာကျက်ချင်တဲ့ သားသမီးတွေ ရှိတယ်။ သူတို့ကို သင်ပေးဖို့အတွက် မင်းကို ဆရာတစ်ယောက်အနေနဲ့ ခန့်အပ်ချင်တယ်။ မင်း သွားချင်လား မသိဘူး။ လစာကတော့ တစ်လကို ရွေစဆယ်ခုပေးမယ်လေ”။
“တစ်လကို ရွှေစဆယ်ခုလား?" ဟုန်ယွိ အံ့ဩသွားသည်။ တော်ဝင်ချန်မင်းဆက်၏ ရွှေစ တစ်ခုသည် ငွေစ တစ်ဆယ့်ငါးစ ဖြစ်သည်။ ရွှေစဆယ်ခုသည် တစ်လလျှင် ငွေစ တစ်ရာ့ငါးဆယ် ဖြစ်နေပါပြီ။ ယင်းက အလွန်များပြားသော ပမာဏဖြစ်ပါသည်။
ဟုန်ယွိသည် မြို့စားစအိမ်ကြီးတွင် လစဉ်ထောက်ပံ့ကြေးအဖြစ် ငွေစလေးခုသာ ရရှိသည်။ ငွေစလေးခုသာ ဖြစ်သော်လည်း ငွေစတစ်ခုသည် ကြေးဒင်္ဂါးတစ်ထောင်နှင့် ညီမျှပြီး၊ ကြေးနီတစ်ပြားသည် နှမ်းစေ့ကိတ်မုန့်ကြီးတစ်ခုကို ဝယ်နိုင်ပါသည်။ ငွေစတစ်ခုက သုံးယောက်ပါ မိသားစုလေးတစ်ခုအတွက် တစ်လလောက် ရှင်သန်နေထိုင်ရန် လုံလောက် ပါသည်။
ဥပမာအားဖြင့်၊ ကျင်းယုရှင်းသည် ဟုန်ယွိကို ကဗျာတစ်ပုဒ်ကြောင့် ရွှေစ ရာနှင့်ချီ တန်ဖိုးရှိ သော လေ့လာရေး ရတနာလေးပါးကို ပေးခဲ့သည်။ မြင့်မြတ်သော မိသားစုမှ မြင့်မြတ်သော အမျိုးသမီးဖြစ်သည့် ဟုန်ရွှေ့ကျောင်းပင် အံ့အားသင့်ခဲ့ရပါသည်။
"မင်း ငါ့ကို မယုံဘူးလား။ စပေါ်ငွေကြို ပေးထားလို့ရပါတယ်။” အမျိုးသမီးက ပြုံးပြီး လက်ကို ဝှေ့ယမ်းပြီး စားပွဲပေါ်ကို ပစ်လိုက်ပါသည်။
ရွှင်…၊ ရွှင်…၊ ရွှင်…၊ ရွှင်..၊ ပြောင်လက်တောက်ပနေသော ရွှေရောင်ဘီစကွက်သဖွယ် ရွေပြားများကို စားပွဲပေါ်တွင် တင်လိုက်ပါသည်။
ဟုန်ယွိသည် တော်ဝင်ချန်မင်းဆက်မှ ပြုလုပ်သော ရွေစဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပါသည်။ ဘီစကွက်များကဲ့သို့ပင်၊ သာမာန်လူများက ၎င်းကို “ရွှေဘီစကွတ်”ဟု ခေါ်ကြပြီး၊ အစိုးရကတော့ “ရွှေဒင်္ဂါး” ဟုခေါ်ကြသည်။ တစ်ယောက် အခေါ်တစ်မျိုး ဖြစ်သည်။
"ဒီရွှေရဲ့သန့်ရှင်းမှုက သာမန်ရွှေ မဟုတ်ဘူး။ ဧကရာဇ်နန်းတော်မှာပဲ ဒီလိုမျိုး ပိုက်ဆံမျိုး ရှိမယ်။” ဟုန်ယွိက ရွှေဒင်္ဂါးပြားတွေကို ကြည့်ပြီး အံ့အားသင့်သွားပါသည်။ ရွှေဒင်္ဂါးတွေက အနီရောင် ဖြစ်နေတော့သည်။
ရွှေခုနစ်ဆယ်ရာခိုင်နှုန်းပါဝင်သော ရွှေဒင်္ဂါးပြားများသည် အစိမ်းရောင်ဖြစ်ပြီး၊ ရွှေ ရှစ်ဆယ်ရာခိုင်နှုန်း ပါဝင်ပါက အဝါရောင်ဖြစ်ကာ၊ ရွှေကိုးဆယ်ရာခိုင်နှုန်းပါဝင်လျှင်, ခရမ်းရောင် ဖြစ်ပါသည်။ ရွှေရာနှုန်းပြည့်ပါဝင်ပါက အနီရောင် ဖြစ်သည်။
ဆိုရိုးစကားတွေအရ, “ရွှေသည် လုံးဝ အနီရောင်မရှိသလို ပြီးပြည့်စုံသော လူလည်းမရှိ ဟူ၍” ဆိုထားပါသည်။ ဆိုလိုသည်မှာ, ကမ္ဘာပေါ်တွင် လုံးဝအနီရောင်ရှိသော ရွှေမရှိဟု ဆိုလိုခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဆေးပြားများကို သန့်စင်ပြီး ထုတ်လုပ်နိုင်သော တာအိုဘုန်းတော်ကြီးများ က ဒီရွှေန်ကို “ဆေးဖက်ဝင်ရွှေ” ဟုလည်း ခေါ်ကြပါသည်။ တာအိုဘုန်းတော်ကြီးများသည် ပြဒါးကို အနံ့ခံပြီး၊ ရွှေဆေးပြားအဖြစ် သန့်စင်ရန် ဤရွှေကို ဆေးဖက်ဝင် ပစ္စည်းတစ်ခု အဖြစ် အသုံးပြုကြပါသည်။
ဤရွှေနီမျိုးကို ဒင်္ဂါးများအဖြစ် ရိုက်နှိပ်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့ကို တော်ဝင်နန်းတော်တွင် သာ တွေ့ရှိနိုင်ပါသည်။
အများအားဖြင့် ဧကရာဇ် သို့မဟုတ် ဧကရီတို့က အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၊ သို့မဟုတ် ဧကရာဇ်ကိုယ်လုပ်တော်များထံ ပေးအပ်ကြသည်။
“ဒီအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်ပုံရတယ်။ ဒါပေမယ့် သူမက သိပ်ပြီး စေ့စပ်သေချာ သူတော့ မဟုတ်လောက်ဘူး။ သူမက သူ့ရဲ့ကိုယ်ရေးအချက်လက်ကို အလွယ်တကူ ထုတ်ဖော် ပြသခဲ့တယ်။ သူမက နန်းတော်ကဖြစ်ပြီး၊ နန်းတော်ရဲ့ အစေခံတစ်ယောက် လည်း ဖြစ်ပုံမရဘူး။ ဘာကြောင့် ညနက်သန်းခေါင် အနောက်တောင်ကုန်းကို လာရတာ လဲ" ဟုန်ယွိ၏စိတ်ထဲတွင် သံသယစိတ်များ ဖြစ်ပေါ်လာပြီး “လူကြီးလူကောင်း တစ်ယောက်က ပိုက်ဆံကို နှစ်သက်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားရပါတယ်။ ဆရာ ငှားချင်ပေမယ့် တစ်လကို ရွှေစဆယ်ခု ပေးချင်နေတယ်။ ကျောင်းသားတွေက စာသင်ဖို့ မလွယ်ဘူးဆိုတာ သိနိုင်ပါတယ်။ မင်းပိုက်ဆံကို အရင်သိမ်းထားသင့်တယ်။ တစ်ချက် ကြည့်ဖို့ အချိန်ယူရဦးမယ်”။
သူသည် ပိုက်ဆံကို တကယ်လိုချင်သော်လည်း ဒီနေ့အခြေအနေက ထူးဆန်းလွန်းနေ သည်။ ဟုန်ယွိ သတိထားရပါမည်။ "ငါက မိန်းမတွေအပေါ် အလိုရမ္မက်ကြီးသူမျိုး မဟုတ်သလို ငွေအပေါ်မှာလည်း လောဘကြီးတဲ့သူ မဟုတ်ဘူး။ နတ်ဆိုးတွေ၊ တစ္ဆေတွေ က ငါ့ကို ဘာမှမလုပ်နိုင်ဘူး။”
“သေချာတာပေါ့၊ သွားကြည့်ရအောင်။ အခုခေတ်မှာ ဆရာရှာရ ခက်တယ်။ မင်းလို ပညာရှင်မျိုးနဲ့ တွေ့ဖို့က ရှားတယ်။ မင်းက ငယ်ရွယ်သေးပေမယ့် သရဲတွေနဲ့ နတ်ဆိုးတွေ ကို မကြောက်ဘူး။ ဒါမျိုးက ပိုတောင်ရှားတယ်။ ငါ မင်းကို ရွေးလိုက်ပြီ။" အမျိုးသမီးက သူမကိုယ်သူမ ရေရွတ်ပြီး မတ်တပ်ရပ်လိုက်ပါသည်။
“အခုလား.." ဟုန်ယွိက သူမကို စိုက်ကြည့်နေသည်။
“ဟုတ်တယ်လေ။” အမျိုးသမီးက တခစ်ခစ်ရယ်ပြီး ပြောသည် "ဒီကနေ မိုင် ၆၀ လောက် ဝေးတယ်။ ဒါပေမယ့် မင်းရဲ့အရှိန်နဲ့ဆို မိုးလင်းတဲ့အထိ မင်းလမ်းလျှောက်လို့တောင် မရောက်နိုင်ဘူး။ ငါ မင်းကို ခေါ်သွားပေးမယ်”။
"ယောက်ျားနဲ့မိန်းမက အချင်းချင်း မထိရဘူး။ အပြင်မှာ အရမ်းနောက်ကျနေပြီ။ မနက်ဖြန် မနက်မှ ပြန်လာပါ" ဟုတ်ပါသည်။ ဟုန်ယွိက အကောင်းဆုံး ငြင်းပယ်လိုက်ပါသည်။ ညဘက်တွင် တောင်တန်းများအတွင်း, ရှေးဟောင်းဘုရားကျောင်းတစ်ခုမှာ ရုတ်တရက် တွေ့ရသော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးတစ်ဦးနောက်ကို လိုက်သွားခြင်းက သေချာပေါက် ဘေးအန္တရာယ်တစ်ခုသာ ဖြစ်ပါလိမ့်မည်။ ကောင်းချီးတစ်ခု မဖြစ်နိုင်ပါချေ။
"ငါက မိုးလင်းရင် ပြန်ရမှာ။ ယောက်ျားနဲ့ မိန်းမ အချင်းချင်း မထိရဘူးလို့ မင်း ဆိုလိုတာ လား။ ဘယ်သူမှ မမြင်ဘူးလေ။” အမျိုးသမီးသည် ကောင်းကင်ကို မော့ကြည့်ကာ သူမ၏ မျက်လုံးများတွင် နားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ဘုန်းတန်ခိုး အရိပ်အမြွက် ထွက်ပေါ်လာသည်။ ရုတ်တရက် သူမသည် လက်ကိုဆန့်ပြီး ဟုန်ယွိ၏ လက်ကို လှမ်းဆွဲလိုက်သည်။ တစ်ချက်ခုန်လိုက်သည်နှင့် သူမသည် ဘုရားကျောင်းတော် ဝင်းခြံအပြင်ဘက်သို့ ရောက်ရှိလာသည်။
ထိုခုန်ချက်က မြေကြီးကို တစ်လက်မလောက် ကျုံ့သွားပုံရပါသည်။ ၎င်းသည် သာမန် လူတစ်ယောက်အတွက် ခြေလှမ်းနှစ်ဆယ်အကွာဝေး ဖြစ်သည်။ ဟုန်ယွိသည် တိမ်တွေပေါ်မှာ စီးမျောနေသလို ခံစားရပါသည်။
"မြေကြီးကျုံ့တာလား.."
“မြေကြီးကျုံ့တာက ဘာလဲ။ ဒါက ခုန်နေသောမျောက်ဝံကိုယ်ထည် စီးနင်းခြင်းရဲ့ ခြေလှမ်းပညာရပ်ပဲ”
လေတိုးသံနှင့်အတူ အမျိုးသမီး၏ အသံသည် သူ့နားထဲသို့ တိုးဝင်လာသည်။ ဟုန်ယွိသည် သစ်ပင်များ ပိုမိုဝေးကွာလာသည်ကို မြင်လိုက်ရပြီး တစ်စုံတစ်ယောက်မှ စွန်လွှတ် လိုက်သလို ခံစားလိုက်ရသည်။ နားနှင့် ပါးစပ်သည် လေနှင့် ပြည့်နေပြီး၊ သူသည် မျက်လုံးတောင် မဖွင့်နိုင်ပါချေ။
"ဒီအမျိုးသမီးက မြင်းထက် ပိုမြန်တယ်။" ဟုန်ယွိသည် မျက်လုံးများကို မှိတ်ထားသည်။
အမွှေးတိုင် နှစ်ချောင်းသုံးချောင်းလောက် မီးထွန်းချိန်ကြာပြီးနောက်၊ ဟုန်ယွိသည် ရုတ်တရက် ရပ်သွားသလို ခံစားလိုက်ရပါသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ့ရှေ့တွင် အနက်ရောင်ချိုင့်ဝှမ်းတစ်ခု ရှိနေပါသည်။ ချိုင့်ဝှမ်းအလယ်တွင် မီးရောင်များ တလက်လက် တောက်ပနေ၏။
"အဲဒါဘာလဲ"
ဟုန်ယွိတစ်သက်လုံး ဘယ်တော့မှ မမေ့နိုင်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါသည်။
ချိုင့်ဝှမ်းအလယ်တွင် မီးတောက်ကြီးတစ်ခု တောက်လောင်နေသည်။ မီးပုံဘေးမှာ ဒါဇင်နှင့်ချီတဲ့ နှင်းဖြူရောင် မြေခွေးတွေ ထိုင်နေကြပါသည်။
ထိုမြေခွေးများသည် လူသားများကဲ့သို့ပင် ထိုင်တစ်ဝက်ထ အနေထားဖြင့် ထိုင်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ထဲတွင် အချို့က စာအုပ်တစ်အုပ်ကိုင်ပြီး ကိုယ်ပိုင်ကျောင်း မှာ စာသင်နေသည့် ကလေးတွေ စာဖတ်နေကြသည့်အတိုင်း ထူးဆန်းသည့် အသံတွေ ထွက်ပေါ်နေသည်။
လူသားတွေလို စာဖတ်နေသည့် မြေခွေးအုပ်စု။
အခန်း (၅)။
"နတ်ဆိုး..”
ချိုင့်ဝှမ်းထဲမှ လူသားတွေလို စာအုပ်ဖတ်ရင်း မီးဖိုဘေးမှာ ထိုင်နေသည့် မြေခွေးဖြူ အုပ်စုကို ကြည့်လိုက်ရင်း ဟုန်ယွိစိတ်ထဲမှာ ပေါ်လာသည့် တစ်ခုတည်းသော တုံ့ပြန်မှုက “ငါ နတ်ဆိုးတစ်ကောင်နဲ့ တွေ့ခဲ့ရပြီ”ဟူ၏။
သူသည် မြေခွေးတစ္ဆေပုံပြင်များ၊ ချစ်စဖွယ် မြေခွေးမိန်းကလေးများနှင့် ထူးချွန်သော ပညာရှင်တို့ပါဝင်သည့် ဇာတ်လမ်းများကို လီရန်၏ အိမ်တွင်းမှတ်စုစာအုပ်တွင် ဖတ်ဖူးပြီး၊ တစ်နေ့တွင် ၎င်းတို့နှင့် တွေ့ဆုံရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော်, ဒီနေ့ သူသည် တကယ်ကြီး တွေ့ရမည်ဟု မည်သူ သူသိမည်နည်း။ သူ့နှလုံးသည် အရိုးထိတိုင် အေးစက်ခြင်းနှင့်အတူ ရုတ်တရက် ခုန်လာပါသည်။
"ငါယွိသခင်လေးက နဂါးကောင်းတစ်ကောင် မဟုတ်ဘူးလား။ စိတ်ကို တည်ငြိမ်အောင် ထား၊ စိတ်ကို တည်ငြိမ်အောင်ထားစမ်း။ မြေခွေးတစ္ဆေတွေက အိမ်တွင်းမှတ်စုစာအုပ်မှာ မှတ်တမ်းတင်ထားတဲ့အတိုင်းဆိုရင် တကယ် ကြောက်စရာ မရှိပါဘူး။ ဒီမြေခွေးတွေက စာသခင်ချင်လို့ ငါ့ကို သူတို့ရဲ့ဆရာလုပ်ဖို့ ဖိတ်ခေါ်တာကို မပြောခဲ့ဘူးလား။ မြေခွေးတွေ ကလည်း လူသားတွေလို လေ့လာချင်ကြတယ်။ ဒါ စိတ်ကူးယဉ်ဆန်တာပဲ”
သူဖတ်လေ့ရှိသော မြေခွေးတစ္ဆေဝတ္ထုအချို့ အကြောင်းကို တွေးရင်း ဟုန်ယွိ၏စိတ်သည် အနည်းငယ် တည်ငြိမ်သွားသည်။
"ကစ်…၊ ကစ်…၊ ကစ်…၊ ကစ်…၊ ကစ်..”.
ထိုအချိန်တွင် မီးဖိုကိုဝိုင်းပြီး စာဖတ်နေသော မြေခွေးအုပ်စုသည် တစ်ယောက်ယောက်ကို မြင်တွေ့နေပြီ ဖြစ်သည်။ မြေခွေးငယ်သုံးကောင်သည် အော်ဟစ်ပြီး စာအုပ်များကို သူတို့ခြေသည်းဖြင့် ပစ်ချလိုက်သည်။ သူတို့သည် ခြေလက်များကို ဆန့်တန့်ကာ မီးခိုးငွေ့ ကဲ့သို့ လွင့်ပျံသွားကြသည်။ သူတို့သည် အနီရောင်ဝတ်ထားသော အမျိုးသမီးကို ဝိုင်းရံပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။ သူတို့သည် အနီရောင်ဝတ်ထားသော ဤအမျိုးသမီးနှင့် အလွန်ရင်းနှီးကြသည်မှာ ထင်ရှားပါသည်။
“ရှောင်ဆန်, ရှောင်ဖေး ရှောင်ရူ, အရူးလုပ်နေတာ ရပ်လိုက်တော့။ ဒီနေ့ ငါတို့မှာ ဧည့်သည်တွေ ရှိတယ်။ မင်းတို့ရဲ့အမူအကျင့်တွေ မပျောက်ဆုံးပါစေနဲ့။ မင်းတို့က ခြေလက်တွေနဲ့ ဘာလို့ မြေပြင်ပေါ်မှာ တွားသွားနေတာလဲ။ မင်းတို့ရဲ့ သားရဲအလေ့အထ တွေကို မပြောင်းလဲနိုင်ဘူးလား။ မင်းတို့က ဧည့်သည်ကို ရယ်အောင်လုပ်နေပြီ။ "
မီးဖိုတေးမှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။
ဤအသံသည် မာကျောပြီး လေယူလေသိမ်းက အလွန်ထူးဆန်းကာ၊ သူ့လည်ချောင်းတွင် ငါးရိုးတစ်ချောင်း စူးနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် အနည်းဆုံးတော့ စကားလုံးများကို စည်းစနစ်တကျ ပြောနိုင်ပြီး နားလည်နိုင်သည်။
ဟုန်ယွိသည် လူနှင့်တူသော မြေခွေးအိုတစ်ကောင်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ် သွားပြန်သည်။ ၎င်း၏နောက်ခြေထောက်များသည် မြေပြင်ပေါ်တွင် ရှိနေပြီး၊ ၎င်း၏ ရှေ့ခြေထောက်များကို လက်ခုပ်တီးသည့် အမူအရာဖြင့် ပူးကပ်ထားသည်။ ၎င်းသည် တွန့်လိမ်နေသည့်ပုံစံဖြင့် လမ်းလျှောက်နေသည်။
မတ်တတ်လမ်းလျှောက်နေသည့် ထိုမြေခွေးအိုကြီးက ဟုန်ယွိကို ဇဝေဇဝါ ဖြစ်စေပါသည်။ “ဒီမြေခွေးအိုကြီးက ဒီရွာက ပညာရှင်အိုကြီးနဲ့တူတယ်”
"အစ်ကိုကြီးတု၊ ရှောင်ဆန်, ရှောင်ဖေး, ရှောင်ရူနဲ့ အခြားသူတွေက မရင့်ကျက်သေးဘူး လေ။ သခင်လေးက လိမ္မာပါးနပ်သူဖြစ်ပြီး၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမိတဲ့အတွက် သူတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး”။
အနီရောင်ဝတ် အမျိုးသမီးက ပြုံးပြီး ဟုန်ယွိကို လှည့်ကြည့်လိုက်ပါသည်။ "သူတို့က မင်းရဲ့ တပည့်တွေ။ မင်း ဘယ်လိုထင်လဲ”။
ဟုန်ယွိသည် နှင်းလုံးများကဲ့သို့ မြေပြင်ပေါ်တွင် လှည့်ပတ်နေသော အမွှေးဖြူဖြူ မြေခွေးအုပ်စုကို ကြည့်လိုက်ပါသည်။ သူတို့ကို ဖတ်တတ်ရေးတတ်အောင် သင်ပေးဖို့ အကြောင်းတွေးပြီး၊ သူ့ရင်ထဲမှာ အဓိပ္ပါယ်မဲ့သည့် ခံစားချက်တွေက အုံကြွလာခဲ့ပါသည်။
"မင်းက လူသားလား၊ နတ်ဆိုးလား" ဟုန်ယွိသည် အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးကို ကြည့်ကာ မေးလိုက်မိပါသည်။
"မစိုးရိမ်ပါနဲ့။ ငါက မင်းရဲ့အလုပ်ရှင်ဖြစ်ပြီး၊ မင်းကို ငါ့ဆရာအဖြစ် ငှားရမ်းနေတာပါ။ တစ်လကို သန့်စင်တဲ့ ရွှေစဆယ်ခု ပေးမယ်။” အနီရောင်ဝတ် အမျိုးသမီးက လျှို့ဝှက်စွာ ပြုံးပြသည်။
"ဒီနေ့ ဆိတ်ကွယ်နေတဲ့ ဒီချိုင့်ဝှမ်းထဲ ဆရာလေးရောက်ရှိလာခြင်းက ကျွန်ုပ်တို့ရဲ့ နှိမ့်ကျတဲ့ ဒီနေရာကို အမှန်တကယ် အလင်းရောင် ပေးစွမ်းနိုင်ပါတယ်။ ဆရာလေးက ပညာရှင်တစ်ဦးဆိုတော့ တိရိစ္ဆာန်တွေတောင် ကျိုးကြောင်း ဆီလျော်တဲ့ နှလုံးသားတစ်ခု ရှိနေတာကို သိထားသင့်ပေတယ်။ အတိတ်တုန်းကလည်း သူတော်စင်တွေရဲ့ တရားဟောသံကို နားထောင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတို့ ခြင်္သေ့တို့ ရှိခဲ့ဖူးတယ်လေ။ ဒီနေ့ ကြင်ယာတော်ယွမ်က ဆရာလေးကို ဖိတ်ခေါ်ရာမှာ မကောင်းတဲ့ ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။ ဒါ့အပြင်, ကျွန်ုပ်တို့ရဲ့ သန့်စင်မြေခွေးမျိုးနွယ်က ဉာဏ်ရည် ဉာဏ်သွေး မဖွံ့ဖြိုးသေးတဲ့ သာမန်သားရဲမျိုးနွယ် မဟုတ်ပါဘူး။ ကျွန်ုပ်တို့က အကျိုး အကြောင်းနဲ့ လောကကြီးရဲ့လမ်းစဉ်တွေကို နားလည်ပါတယ်။ ပညာရှင်တွေဟာ အသိပညာ ရှိကြပြီး၊ ရှေးခေတ်ကာလတုန်းက လူသားနဲ့ တိရစ္ဆာန်တွေကြား ခြားနားမှု မရှိကြောင်း သိကြပါတယ်။ သူတို့လည်း အသားစိမ်းစားကာ သွေးသောက်ကြပြီး၊ ခန္ဓာကိုယ်အနှံ့ အမွေးတွေ ပေါက်ကြတယ်။ ရှေးခေတ်လူသားတွေက မျောက်ဝံတွေ၊ မျောက်တွေနဲ့ ထူးမခြားနားပါပဲ။ နောက်ပိုင်းမှာ သူတို့က တဖြည်းဖြည်းနဲ့ တည့်မတ်စွာ လမ်းလျှောက်ကြပြီး၊ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားပြီး၊ စကားလုံးတွေကို ဖန်တီးကာ လူသားဆိုပြီး ဖြစ်လာကြတာပါ။ ကျွန်ုပ်တို့ သန့်စင်မြေခွေးမျိုးနွယ်ဟာ နက်ရှိုင်းတဲ့ တောင်တန်းတွေကြားမှာ ကာလကြာရှည်စွာ နေထိုင်ခဲ့ကြပေမယ့် ကျွန်ုပ်တို့ က ရှေးခေတ်လူသားတွေလိုပါပဲ။ ဆရာလေးရဲ့ အံ့ဩမှုက ကျွန်ုပ်တို့ကို ရိုင်းစိုင်းရာ ကျစေပါတယ်။ "
"အယ်…."
ဟုန်ယွိ မျက်လုံးပြူးပြီး ထိုမြေခွေးကြီးကို ကြည့်လိုက်မိပါသည်။ တစ်ဖက်သား၏ မိန့်ခွန်း သည် ပြေပြစ်ပြီး သူ့စကားများသည် အဖြစ်မှန်နှင့် အကြောင်းပြချက်များဖြင့် ပြည့်နေပါ သည်။ သူသည် ပညာရှင်ထက် ပညာပိုတတ်သူ ဖြစ်သည်။ သူက တကယ်ကို သန့်စင်သည့် မြေခွေးတစ်ကောင် ဖြစ်ပါသည်။
“လူသားဘာသာစကားကို မင်း ဘယ်လို ပြောတတ်တာလဲ။ ဟုန်ယွိက မေးသည်။
“လူသားတွေမှာ လူသားဘာသာစကား ရှိတယ်။ တိရစ္ဆာန်တွေမှာလည်း သားရဲဘာသာ စကားရှိပါတယ်။ ကြက်တူရွေးတွေက လူသားဘာသာစကားကို ပြောတတ်ကြပါတယ်။ လူသားတွေကလည်း ကျေးငှက်ဘာသာ စကားကို လေ့လာနိုင်ကြတယ်။ ဆိုတော့, ကျွန်ုပ်တို့ မြေခွေးတွေကလည်း လူသားဘာသာစကားကို ဘာ့ကြောင့် မသင်ယူနိုင်မှာလဲ။ တော်ဝင်ချန်မင်းဆက်က လူတွေဟာ ယွန်မင်အင်ပါယာ ဟွာလျိုအင်ပါယာနဲ့ ယွန်တူး မင်းဆက်ရဲ့ ဘာသာစကားကို သင်ယူနိုင်ကြသလို ကျွန်ုပ်တို့မြေခွေးတွေကလည်း လူသား ဘာသာစကားကို သင်ယူနိုင်ကြပါတယ်။ ဘာသာစကားဆိုတာက အသံထွက် သက်သက် ပဲလေ။ ဘာတွေများ အံ့ဩဖို့ကောင်းလို့လဲ။ “တုလောင်ဟုခေါ်သည့် မြေခွေးအိုကြီးက ပြန်ဖြေသည်။ သူသည် နည်းလမ်းတကျပြောနေတုန်းပင်။
"အဓိပ္ပာယ်ရှိနေသရွှေ့တော့ ဘာကြောက်စရာမှ မရှိပါဘူး။ တော်ဝင်ချန်မင်းဆက်က လူတွေက ဘာလဲ။ ဒီမြေခွေးတွေဟာ စာဖတ်နိုင်သည့် အခြေအနေသို့ အမှန်တကယ် ဝင်ရောက်နိုင်ပုံရပြီး၊ တော်ဝင်ချန်မင်းဆက်၏ စီရင်ပိုင်ခွင့်အောက်တွင် သူတို့ကိုယ်သူတို့ နိုင်ငံသားများအဖြစ် သဘောထားကြတယ်။ ဒါ့အပြင်, သူ့ရဲ့အပြောအဆိုက ပြေပြစ်ပြီး၊ သူ၏အကြောင်းပြချက်က ရှင်းလင်းကာ လေးစားထိုက်စရာပဲ။ “ဟုန်ယွိက သူ့စိတ်ထဲမှာ တွေးပြီး တည်ငြိမ်သက်သွားပါသည်။
မြေခွေးပင်ဖြစ်စေ, တစ္ဆေသရဲပင်ဖြစ်စေ, အဓိပ္ပါယ်ရှိသရွေ့တော့ ကြောက်စရာဘာမှ မရှိပါဘူး။
"ဆရာက တကယ်ကို စိတ်နှလုံးလှတဲ့လူတစ်ယောက်ပါပဲ" ဟုန်ယွိက လက်နှစ်ဖက်ယှက် ပြီး ပညာရှင်တစ်ယောက်၏ ကျင့်ဝတ်ကို ပြန်ပေးလိုက်ပါသည်။ တခြားလူက ပညာရှင် တစ်ယောက်၏ ကျင့်ဝတ်ကို ကျင့်သုံးပြီးခဲ့ပြီး၊ သူသည် သူ့ကျင့်ဝတ်ကို အဆုံးရှုံးမခံနိုင်ပါ ဘူး။
"ဟား…၊ ဟား….၊ ဟား…။" ဟုန်ယွိက စိတ်နှလုံးလှသည့် လူတစ်ယောက်ဟု ပြောစကား ကိုကြားတော့ တုလောင်ဟုခေါ်သည့် ထိုမြေခွေးအိုကြီးသည် အရမ်းပျော်သွားပြီး၊ သူ့အမူအကျင့်တွေကို မေ့သွားခဲ့ပြီး၊ စိတ်လှုပ်ရှားလွန်း၍ သူ့မုတ်ဆိတ်မွေးများပင် တွန့် ကွေးသွားပါသည်။
"ဒီအမျိုးသမီးကို ကြင်ယာတော်ယွမ်လို့ ခေါ်တာလား” ဟုန်ယွိသည် အနီရောင်ဝတ် အမျိုးသမီးကို လှည့်ကြည့်ကာ ဦးညွှတ်လိုက်သည်။
မြေခွေးအိုကြီး တုလောင်က အနီရောင်ဝတ် အမျိုးသမီးကို ကြင်ယာတော်ယွမ်ဟု ခေါ်ဝေါ်သည်ကို သူ ကြားလိုက်ရသည်။
"ကြင်ယာတော်ယွမ်က ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့ မြေခွေးနတ်ဘုရားတစ်ပါး ဖြစ်ရမယ်။ လူသားအသွင်တောင် ပြောင်းလဲနိုင်တယ်"။
"မခံယူဝံ့ပါဘူး” မခံယူဝံ့ပါဘူး”။ ကြင်ယာတော်ယွမ်က ပြုံးရင်း ပြောသည် “အသွင်ပြောင်း ခြင်းက သာမန်လူတွေရဲ့ စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေဖို့အတွက် အတွေးတွေကို အသုံးပြုရ တဲ့ ပုံရိပ်ယောင်မျှသာ ဖြစ်တယ်။ ဥပမာ၊ “တစ္ဆေရိုက်နှက်ခြင်းနံရံ”ပေါ့။ ဒါက တစ္ဆေသရဲနဲ့ နတ်ဘုရားတွေကို ကြောက်ရွှံ့ကြတဲ့ တံငါသည်တွေကိုပဲ စိတ်ရှုပ်ထွေးစေနိုင်တယ်။ ဆရာလေးလို ပညာရှင်တွေအပေါ်မှာ စိတ်ရှုပ်ထွေးစေဖို့ အသွင်ပြောင်းခြင်းကို အသုံးမပြုနိုင်ပါဘူး။ ငါက မြေခွေးတစ်ကောင် မဟုတ်ပါဘူး။ လူသားတစ်ယောက်ပါ။”
“ဟုတ်ကဲ့ပါ။ နားလည်ပါပြီ။ လူတစ်ယောက်ရဲ့စိတ်က ကြည်လင်နေရင်, အဲဒီလူက တစ္ဆေသရဲနဲ့ နတ်ဆိုးတွေရဲ့ သက်ရောက်မူဒဏ်ကို ခံရမှာ မဟုတ်ဘူး။ အဝင်နဲ့အထွက်ကို သိထားမှတော့ ကြောက်နေစရာ မဟုတ်တော့ဘူး။ စိတ်က မကြောက်ရင် စိတ်က တည်ငြိမ်လာပြီး၊ နတ်ဆိုးတွေလည်း ပြဿနာမရှာနိုင်တော့ဘူး။" ဟုန်ယွိက ခေါင်းညိတ်ပြ လိုက်သည်။
"ဆရာလေး၊ မင်းက သူတို့ရဲ့ဆရာလုပ်ဖို့ သဘောတူလား” ကြင်ယာတော်ယွမ်က မေးသည်။
“သားရဲတိရိစ္ဆာန်တွေကို အကျိုးအကြောင်း နားလည်အောင် သင်ကြားပေးရမှာက ပညာရှိတွေ လုပ်ရမယ့်အရာပဲ။ ငါ့မှာ အရည်အချင်း မရှိပေမယ့် ပညာရှိတစ်ယောက် အဖြစ်ခံယူဖို့ ဝန်လေးနေတုန်းပါ။" ဟုန်ယွိက ခေါင်းညိတ်သည်။
"ဒါဆို ကောင်းလိုက်တာ။ ဒါပေမယ့် ငါ မင်းကို စမ်းသပ်ဖို့ ကျန်သေးတယ်။ တစ်လကို ရွှေစဆယ်ခု၊ ဒါက ကျောင်းဖွင့်ဖို့ လုံလောက်မှာပါ။ ငါ ဒီထက် ဘာမှ မပေးနိုင်ဘူး။” ကြင်ယာတော်ယွမ်က ဟုန်ယွိကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင်၊ ဟုန်ယွိသည် ကြင်ယာတော်ယွမ်တွင် ဩဇာအာဏာရှိနေသည်ဟု ခံစားလိုက်ရသည်။
"ကြင်ယာတော်ယွမ်, မင်းက ငါ့ကို ဘာစမ်းသပ်ချင်တာလဲ။ ကဗျာတွေနဲ့ သီချင်းတွေလား? စာပေကျမ်းဂန်လား။ ဒါမှမဟုတ် မူဝါဒပိုင်းဆိုင်ရာလား။ ကိုယ်ခံပညာဆိုရင်တော့, ငါလည်း မတတ်နိုင်ဘူး" ဟုန်ယွိက လေးနက်စွာ ပြောသည်။
"ငါ သေချာပေါက်, မင်းရဲ့သိုင်းပညာကို စမ်းသပ်မှာ မဟုတ်ဘူး။ ငါ မင်းအတွက် မေးခွန်းတစ်ခု မေးစရာရှိတယ်။" ကြင်ယာတော်ယွမ်က မဆိုင်းမတွ မေးလိုက်ပါသည် “ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအရာက ဘာလဲ။”
ကြင်ယာတော်ယွမ်က မသဲမကွဲ ထုတ်မေးလိုက်ခြင်း ဖြစ်သည်။ ရှင်းပါသည်။ ထိုမေးခွန်းက သူမကို အချိန်အတော်ကြာအောင် အနှောင့်အယှက် ပေးနေခဲ့သည်မှာ ထင်ရှားပါသည်။
“ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးအရာက ဘာလဲ” ဟုန်ယွိ တွေးလိုက်သည်။ “ဒါက သေချာပေါက် အကြီးမားဆုံး အကြောင်းပြချက်တစ်ခုပေါ့။"
“အကြီးမားဆုံး အကြောင်းပြချက်လား" ကြင်ယာတော်ယွမ်၏ မျက်နှာတွင် ကြည်နူးမှု အရိပ်အမြွက် ဖော်ပြနေသည် “အကြီးမားဆုံး အကြောင်းပြချက်လား၊ ဘယ်လောက် ကောင်းလိုက်တဲ့အဖြေလဲ" ကံကောင်းစွာပဲ၊ ဒီနေ့ ဆောင်းဦးလဘုရားကျောင်းမှာ ငါ ရပ်နေချိန် ကဗျာတစ်ပုဒ် ရွှတ်ဆိုသံကို ကြားလိုက်ရတယ်။ ဆရာလေးက သာမန်လူ မဟုတ်မှန်း ငါသိလိုက်ရတယ်။ ဆရာလေးက ငါ့ရဲ့အကြီးမားဆုံး သံသယကြီးကို ဖြေရှင်းပေးခဲ့ပါပြီ”။
“ဆရာလေးက ကဗျာရေးနည်းကို သိလား" တုလောင်က အံ့ဩသွားပြန်သည်။ သူ၏ စိမ်းညို့သော မြေခွေးမျက်လုံး တစ်စုံက ရတနာတစ်ခုကို မြင်လိုက်ရသည့်အလား အံ့ဩသွားလေသည်။
“ကျွန်တော်က ရံဖန်ရံခါ စာကြောင်းတစ်ကြောင်း နှစ်ကြောင်း ရေးသားလေ့ရှိပါတယ်။" ဟုန်ယွိက ကျိုးနွံစွာ ပြန်ပြောသည်။ လေပြင်းတစ်ချက် တိုက်ခတ်ပြီး ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။
"ဆရာလေး, မီးဖိုဘေးမှာ လာထိုင်ပါ” ဟုန်ယွိ၏ ခန္ဓာကိုယ်သည် အနည်းငယ် နွမ်းနယ်နေ သည်ကို တုလောင်လည်း မြင်နိုင်သည်။ ဆိတ်ငြိမ်ချိုင့်ဝှမ်းရှိ ညလေညှင်းသည် အလွန် အေးသောကြောင့် ဟုန်ယွိကို မီးဖိုဘေးသို့ ချက်ချင်း ဖိတ်ခေါ်လိုက်သည်။
မီးပုံဘေးမှာ လက်ရာမြောက်သည့် သစ်သားထိုင်ခုံတွေ အများကြီး ရှိနေသည်။ မြေခွေး အုပ်စုသည် လူသားများကဲ့သို့ စာအုပ်များကို ထိုင်ဖတ်နေကြပါသည်။
မီးရောင်အောက်မှာ ထိုမြေခွေးများ၏လက်ထဲက စာအုပ်များသည် သူစိတ်ကူးထားသည့် ကျင့်ကြံမူနှင့် ပတ်သက်သည့် ဂန္ထဝင်စာအုပ်တွေ မဟုတ်မှန်း ဟုန်ယွိ မြင်လိုက်ရပါသည်။ ယင်းအစား ၎င်းတို့သည် လူကြိုက်များသော စကားလုံးတစ်ထောင် အခြေခံစာအုပ်, မိသားစုတစ်ရာ၏မျိုးရိုးအမည်, အခြေခံစာလုံးသုံးလုံးနှင့် ကလေးများအတွက် အခြား ရိုးရှင်းသော စာအုပ်များ ဖြစ်ပါသည်။
“ကျွန်တော် မှတ်စုအတော်များများကို ဖတ်ဖူးတယ်။ အဲဒီအထဲမှာ မြေခွေးတွေ အားလုံးက ထူးထူးခြားခြား ပါရမီကောင်းကြတယ်။ သူတို့က ကျင့်ကြံမှုလမ်းကြောင်းမှာ ကျွမ်းကျင်ပြီး၊ အဆုံးမဲ့ အသွင်ပြောင်းနိုင်ကြတယ်။ တုလောင်မှာရော ဒီလိုထူးခြားတဲ့ စွမ်းအားတွေ ရှိနေလာလို့ ကျွန်တော် တွေးမိတယ်။ ဟုန်ယွိက အရာအားလုံးကို ကြည့်ပြီး ဒီမြေခွေးအုပ်စု ဟာ မှတ်စုထဲက မြေခွေးတွေနှင့် အလွန်ကွာခြားသည်ဟု ခံစားရသည်။ ထို့ကြောင့် သူသည် မမေးဘဲ မနေနိုင်တော့ချေ။
"အသွင်ပြောင်းနိုင်တာ မြေခွေးတစ်သောင်းမှာ တစ်ကောင်အောက်ပဲ အသွင်ပြောင်းနိုင်ကြ တာ။ သူတို့အားလုံးက အလွန့်လွန် ပါရမီထူးချွန်ကြတယ်။ မြေခွေးတွေဟာ သာမန် သားရဲ တိရစ္ဆာန်တွေနဲ့ မတူဘဲ မွေးဖွားလာကြတယ်။ ငါတို့ကတော့ စိတ်ရှုပ်ထွေးကြပြီး၊ လူ့ သဘောသဘာဝလောက်ကိုသာ နားလည်နိုင်တဲ့ မြေခွေးလေးတွေပါပဲ။ သူတို့က လူတွေဆီ ကနေ မီးကိုအသုံးပြုပြီး ချက်ပြုတ်ထားတဲ့ အစားစာတွေကို စားတတ်အောင် လေ့လာ သင်ယူကြတယ်။ မြေခွေးတွေရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်ကပဲ စာမူတွေကို ဖတ်ရှုပြီး၊ နိယာမတွေကို နားလည်နိုင်ကြတယ်။ နိယာမတွေကို နားလည်ပြီးနောက် ကျင့်ကြံခြင်း လမ်းကြောင်းကို အမှတ်တမဲ့ သင်ယူမိကြသည်။ နောက်ဆုံးမှာ, သူတို့က တာအိုဘာသာရဲ့ အင်မော်တယ်တစ္ဆေတွေလို သူတို့ရဲ့ ယင်စိတ်ဝိညာဉ်တွေကို သန်မာလာ တဲ့အထိ ကျင့်ကြံနိုင်ကြလိမ့်မယ်။ ငါတို့ရဲ့ကျင့်ကြံမူက တာအိုနဲ့ လူသားကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းစနစ်တွေအပေါ်မှာ လုံးဝ အခြေခံပါတယ်။ လူသားတွေဟာ ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်းခံရတဲ့ သားတော်တွေဖြစ်ကြပြီး၊ သူတို့ဉာဏ်ပညာက အကန့်အသတ် မရှိဘူး။ သူတို့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မူတွေကလည်း အဆုံးမဲ့ပဲ။ ငါတို့က ကျုုံ့ကျိုးပြည်နယ် ဒိုင်ဇင်ဘုရားကျောင်းအနီးမှာ ကာလအတန်ကြာ နေထိုင်ခဲ့ဖူးတယ်။ ဘုန်းတော်ကြီးတွေ ကျင့်ကြံနေတာ, နေ့ရောညပါ ရွတ်ဆိုနေတာကို ငါ တွေ့ဖူးတယ်။ ဒါကြောင့် ကျင့်ကြံမူရဲ့ အခြေခံ သဘော တရားတွေကို ငါ အနည်းငယ် သိပါတယ်။ မြေခွေး တွေက လူ့သဘောသဘာဝကို နားလည်ဖို့နဲ့ အခြေခံမူတွေကို နားလည်ထားဖို့ လိုအပ် တယ်။ ဒါမှ ကျင့်ကြံနိုင်မှာ။ ဒါကလည်း အခွင့်အလမ်းနဲ့ တိုက်ဆိုင်မှု အားလုံးကို လိုအပ် သေးတယ်။ ငါတို့က လူသားတွေထက် အလွန်နိမ့်ကျပါတယ်။ ဒီမြေခွေးလေးတွေဟာ အခုချိန်မှာ ရိုးရှင်းတဲ့ စိတ်ဝိညာဉ်ကိုသာ ပိုင်ဆိုင်ကြသေးတယ်။ အဲဒါကြောင့် သူတို့ကို စာရေးတတ် ဖတ်တတ်အောင် သင်ပေးခိုင်းရတာ။ သူတို့အနေနဲ့ သဘောတရားတွေကို နားလည်နိုင်ပဲ ကျင့်ကြံနိုင်မယ်လေ”။
တုလောင်က စိတ်အားထက်သန်ပြီး ဣန္ဒြေရရ စကားပြောသည်။
"ဒါဆို မင်း ကျင့်ကြံခြင်းတာအိုကို မသိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ မင်း ဘယ်လို ကျင့်ကြံမလဲ။ “ဟုန်ယွိက မေးသည်။
"တော်ဝင်ချန်မင်းဆက်က တာအိုမှာ ကျွမ်းကျင်ကြတယ်။ မြို့တော်အပြင်ဘက် ကျောက်စိမ်းမြို့တော် ဘုရားကျောင်း က နာမည်ကြီး ဖန်ရှင်းတာအိုဂိုဏ်းပဲ။ တာအိုရဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနဲ့ ယင်စိတ်ဝိညာဉ် ကျင့်ကြံခြင်းက ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေတယ်။ သူတို့ရဲ့လေးနက်မှုက ငါတို့ရဲ့ အရေပြား၊ အမွေး၊ လက်ခြေတွေနဲ့ အရွက်တွေကို လေ့ကျင့်ခြင်းထက် အများကြီး သာလွန်သွားပြီ။ ဆရာလေးက ပညာရှင်တစ်ဦးပါ။ ဒါ့ထက် သခင်လေးက ဘာကြောင့် ဒုတိယအတတ်ပညာတစ်ခုကို ရှာဖွေချင်နေရတာလဲ။ ကျင့်ကြံဖို့အတွက် ဘာလို့ တာအိုဘုန်းတော်ကြီးတွေဆီ မမေးမြန်းဘဲ ငါတို့မြေခွေးတွေကို မေးမြန်းရတာလဲ" တုလောင်က စိတ်ဝင်တစား မေးသည်။
"အိုး…၊ ပညာရှင်တွေက ထူးဆန်းတဲ့ စွမ်းအားတွေအကြောင်း မပြောကြဘူး။ ကျွန်တော်က ဒီအကြောင်းတွေ သိပ်မသိဘူး။ ဒါပေမယ့် ဒီနေ့ အခွင့်အရေးရတုန်း မေးကြည့်ချင်လို့ပါ" ဟုန်ယွိသည် မြို့အပြင်ဘက်ရှိ ကျောက်စိမ်းမြို့တော်ဘုရားကျောင်းသည် အကြီးဆုံး တာအိုဘုရားကျောင်း ဖြစ်သည်ကို သိပါသည်။ ထိုကျောင်းမှာ တာအိုဘုန်းကြီးတွေ အများကြီး ရှိသည်။ တချို့က နန်းတော်ထဲမှာ ဆေးပြားတွေတောင် မီးရှို့ပစ်ကြပါသည်။ သို့သော်, ထိုလူတွေကို ပညာရှင်တွေက အထင်အမြင်သေးကြသည်။ လူတွေကို လှည့်စားဖို့ သဘာဝလွန်အရာတွေကို အသုံးပြုကြသည်ဟု ထင်မြင်ကြသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ၊ သူ့ဖခင် မြို့စားဝူဝမ်ကိုယ်တိုင်က ကွန်ဖြူးရှပ် ပညာရှင် တစ်ဦးဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။ သူသည် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကို မုန်းတီးသည်။ တစ်ချိန်က အင်ပါယာတရားရုံးနှင့် ယွမ်မန် အင်ပါယာတို့ကြား စစ်ရေးစစ်ပွဲ တစ်ခု ဖြစ်ပွားခဲ့သည်။ ဧကရာဇ်မင်းသည် ကံဆိုးခြင်း ကံကောင်းခြင်းအကြောင်း မေးမြန်း ရန် တာအိုဘုန်းတော်ကြီးအား ဆင့်ခေါ်ခဲ့သည်။ သို့သော်, သူ့ကို မြို့စားဝူဝမ်က ချက်ချင်း စည်းရုံးသိမ်းသွင်းသည်။ သူသည် ထိုတာအိုဘုန်းတော်ကြီးကို တရားရုံး၌ပင် “သဘာဝ လွန်ဟန်ဆောင်ပြီး တိုင်းပြည်ကို ချုပ်ကိုင်ကာ၊ နတ်လက်နက်ကို ထိန်းချုပ်ချင်တာက ရယ်စရာကောင်းလွန်းတယ်” ဟုပင် ပြစ်တင်ရှုတ်ချခဲ့သည်။
ထိုကဲ့သို့အခြေအနေအောက်မှာ ဟုန်ယွိသည် တာအိုဘုန်းကြီးများနှင့် မထိတွေ့နိုင်ခဲ့ပါဘူး။ ထို့အပြင် သာမာန် တာအိုဘုန်းကြီးများသည် ဆေးဝါးများကို သန့်စင်ရန်နှင့် ပြဒါးကို မီးရှို့ရန်အတွက် မှူးမတ်များနှင့် အဆက်အသွယ် ရှာကြသည်။ ဟုန်ယွိ၏ ကိုယ်လုပ်တော် တစ်ဦး၏ သားဆိုသည့် အဆင့်တန်းဖြင့် မည်သူမျှ သူ့ကို ဆက်ခံခြင်း မရှိကြပေ။
“ကမ္ဘာပေါ်မှာ ကျင့်ကြံခြင်း နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ပန်းတိုင်က တော့ ရှင်ခြင်းတရားနဲ့ သေခြင်းတရားကို ကျော်လွှားနိုင်ဖို့ပဲ။ ဒါ့အပြင်၊ အဓိကအမျိုးအစား နှစ်ခုရှိတယ်။ တစ်ခုက စိတ်ဝိညာဉ်ကို သန့်စင်ခြင်း ဖြစ်တယ်။ ဒါကိုတော့ အင်မော်တယ် ပညာရပ်လို့ ခေါ်တယ်။ နောက်တစ်ခုကတော့ ခန္ဓာကိုယ်ကို သန့်စင်ခြင်းပဲ။ ဒါကိုတော့ သိုင်းပညာလို့ခေါ်တယ်။ အင်မော်တယ်ပညာရပ်ကို ကျင့်ကြံခြင်းက အမှန်တကယ်တော့ လူတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ပြုပြင်ဖို့ဖြစ်တယ်။ နည်းလမ်းပေါင်းများစွာ ရှိပေမယ့် နယ်ပယ်ကတော့ ဆယ်ခုပဲ ရှိတယ်။ စိတ်တည်ငြိမ်ခြင်း၊ အခွံမှဖောက်ထွက်ခြင်း၊ ညလမ်းလျှောက်ခြင်း၊ နေ့လမ်းလျှောက်ခြင်း၊ မောင်းနှင်ခြင်း၊ ပုံရိပ်ဖော်ခြင်း၊ ထိန်းချုပ်ခြင်း၊ မိုးကြိုးကပ်ဘေးဒုက္ခ၊ ယန်စိတ်ဝိညာဉ်တို့ပဲ။ ကိုယ်ခံပညာနယ်ပယ်နဲ့ ပတ်သက်လို့တော့ ငါလည်း မသိဘူး။ ကြင်ယာတော်ယွမ်ကတော့ လက်သီး ကျွမ်းကျင် ပညာရှင်တစ်ဦးပဲ။ သူမက မင်းကို ရှင်းပြနိုင် တယ်။" တုလောင်က ပြောပြသည်။
“စိတ်တည်ငြိမ်ခြင်းရဲ့နောက်မှာ ငြိမ်သက်ခြင်း ရှိမယ်။ ဒါက ပညာရှင်တစ်ဦးရဲ့ နိယာမပဲ။ အင်မော်တယ်ပညာရပ်က စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်း ဖြစ်တယ်ဆိုကတည်းက ပထမအဆင့်က လူတစ်ယောက်ရဲ့စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ပဲ။ စာဖတ်တဲ့အခါ ဒါမှမဟုတ် စာရေးတဲ့အခါမှာ ပထမအဆင့်အနေနဲ့ စိတ်တည်ငြိမ်အောင်ထားပြီး၊ အတွေးတွေကို ပြန်လည်ရုပ်သိမ်းဖို့ပဲ။ ဒါမှသာ အာရုံစူးစိုက်မှု အပြည့်ရှိနိုင်မယ်။ အတွေးတွေ ပြန့်ကျဲနေရင် နှလုံးသားက မျောက်တစ်ကောင်လို ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။”
ဟုန်ယွိသည် အသစ်အဆန်းများကို နားထောင်နေသည်။ သူသည် ၎င်းကို ပညာရှင်တစ်ဦး၏ နိယာမများနှင့် ပေါင်းစပ်ကာ အဖြေရှာရန် ကြိုးစားနေခဲ့သည်။
“ကျင့်ကြံရေးနဲ့ ပတ်သက်ရင်တော့ ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ အများကြီး ရှိတယ်။ အချိန်တိုအတွင်း ရှင်းပြဖို့ ခက်တယ်။ ဒီအဘိုးကြီးရဲ့ နှိမ့်ကျတဲ့အိမ်မှာ ကျင့်ကြံခြင်းဆိုင်ရာ စာအုပ်များစွာ ရှိတယ်။ ဒိုင်ဇင်ဘုရားကျောင်းကြီး ဖျက်ဆီးခံရချိန်မှာ စာအုပ်အားလုံးကို ဒီအဘိုးအိုက ထုတ်ယူလာခဲ့တာ။ ဆရာလေး ကြည့်လို့ရပါတယ်။ ဆရာလေးကို ရှင်းပြဖို့ လိုအပ်နေသေးတဲ့ ဒီအဘိုးကြီး နားမလည်တဲ့အရာ အများကြီး ရှိနေသေးတယ်”။
"အယ်…၊ တုလောင်ဆီမှာ စာအုပ်တွေ စုဆောင်ထားတာ ရှိလား။" ဟုန်ယွိ အံ့ဩသွား သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဆိတ်ငြိမ်ချိုင့်ဝှမ်း၏ တောင်ဘက်ခြမ်းမှာ ကျောက်လိုဏ်ဂူတစ်ခု ရှိနေသည်ကို သူ သိလိုက်ရပါသည်။ ထိုကျောက်ဂူထဲတွင် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်တစ်ခု ရှိနေသည်။
"ဟုတ်တယ်။ ထွန်းကားတဲ့ခေတ်မှာ စာအုပ်တွေ စုဆောင်းမှုကို အလေးပေးကြတယ်လေ။ အခု ငါတို့တော်ဝင်ချန် မင်းဆက်က မကြုံစဖူး ထွန်းကားတဲ့ခေတ်ကို ရောက်နေပြီဆိုတော့ သာမာန်ချမ်းသာတဲ့ မိသားစုတွေမှာ စုဆောင်းထားတဲ့ စာအုပ်ပေါင်း ရာနဲ့ချီပြီး ရှိတယ်။ အဲဒီကနေ ငါတို့ သင်ယူရမယ်။ အမှန်တော့၊ မင်းကို ဒီကိုဖိတ်ခေါ်ရတဲ့ အကြောင်းရင်း တစ်ဝက်က ဒီကလေးတွေကို စာသင်ပေးဖို့ပါပဲ။ ကျန်တဲ့တစ်ဝက်က ငါတို့အတွက် စာအုပ်တွေကို အစဉ်တကျ စီစဉ်ပေးဖို့ပဲ။ စာအုပ်တွေကို အမျိုးအစားခွဲဖို့ပေါ့။ ဒါမှ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ စာဖတ်ရတာ ပိုလွယ်ကူလာမယ်။ မဟုတ်ရင် ခေါင်းရှုပ်ပြီး ခေါင်းကိုက်ရလိမ့်မယ်”။
တုလောင်သည် ခေါင်းကိုက်နေသည့် အမူအရာ ဖော်ပြသည်။
အခန်း (၆)။
"အယ်..၊ နောက်တောင်ကျနေပြီ။ ငါ ပြန်ရမယ်။ တုလောင်, ဒီနေ့ ဆရာလေးနဲ့ စကားပြော လိုက်ဦး။ ဆရာလေးက ယုံကြည်ထိုက်တဲ့ ပညာရှင် ဖြစ်သင့်ပါတယ်။ တုလောင်က ဆရာလေးကို စာအုပ်တွေ သပ်သပ်ရပ်ရပ်နဲ့ စုစည်းခိုင်းနိုင်ပါတယ်”။
ကြင်ယာတော်ယွမ်က ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါသည်။ သူမသည် ရုတ်တရက် ထရပ်လိုက်ပြီး ခုန်လိုက်ပြီးနောက် ခြေလှမ်း ၃၀ အကွာအထိ လျှောက်လှမ်း နေပြီ။ နောက်ထပ် အနည်းငယ် ခုန်ပြီးနောက် တောထဲသို့ ပျောက်ကွယ်သွားပါသည်။
ကြင်ယာတော်ယွမ်သည် ထိုကဲ့သို့ပင် ထွက်ခွာသွားခဲ့သည်။ လုံးဝ တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။ ၎င်းသည် သန့်ရှင်းသပ်ရပ်သည်။
"တစ်ကယ့်ကို အင်မော်တယ်သူရဲကောင်းတစ်ဦးပဲ။" ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ လှုပ်ရှားမှုများကို ကြည့်ပြီး သူမကို ချီးကျူးလိုက်ပါသည်။ သို့သော်၊ သူသည် ထိုအမျိုးသမီး ၏ လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ရေးအချက်လက်ကို ပို၍ သိချင်လာပါသည်။
"ဆရာလေး၊ ဘာလို့ ငါ့စာအုပ်တွေကို လာမကြည့်တာလဲ။" တုလောင်သည် သူ့စာအုပ်တွေ စုစည်းဖို့ တစ်စုံတစ်ဦးကို ရှာဖွေနေပုံရပါသည်။ စကားအနည်းငယ် ပြောပြီးသောအခါ၊ သူသည် ဟုန်ယွိကို သူစုဆောင်းထားသော စာအုပ်များကို ကြည့်ရှုရန် ကျောက်ဂူထဲသို့ ချက်ချင်း ဖိတ်ခေါ်ခဲ့သည်။
ချိုင့်ဝှမ်း၏တောင်ဘက်တွင် ကျောက်ဂူတစ်ခု ရှိနေသည်။ ထင်ရှားသည်မှာ, ၎င်းသည် မြေခွေးများ နေထိုင်ရာနေရာ ဖြစ်သည်။ ကျောက်ဂူကြီးသည် ကြီးမားကျယ်ဝန်းသည်။ အချင်းဝက်တွင် အနည်းဆုံး ခြေလှမ်း ၅၀၀ မှ ၆၀၀ ရှိသည်။ အမြင့်ကလည်း လူငါးယောက် ခြောက်ယောက်စာလောက် မြင့်သည်။ လမ်းလျှောက်ပြီးနောက် ခန်းမတစ်ခုလို ခံစားရပါ သည်။
ကျောက်ဂူကြီး၏ ကျောက်နံရံများတွင် အပေါက်ငယ်များစွာ ရှိသည်။ ထိုအပေါက်ငယ်များ ပေါ်တွင် ဆီမီးများ ထွန်းထားသည်။ မည်သည့်ဆီ အမျိုးအစားဖြစ်သည်ကို သူ မသိရပါ။ ၎င်းသည် မွှေးကြိုင်သောရနံ့ရှိသော်လည်း မီးခိုးမထွက်ပေ။ အလင်းရောင်သည်လည်း အလွန် တောက်ပနေ၏။ မီးတောက်များကပင် တဖျပ်ဖျပ်လှုပ်ခါခြင်း မရှိပေ။
ကျောက်ဂူကို သစ်သားစာအုပ်စင်များဖြင့် ဝန်းရံထားသည်။ စာအုပ်စင်များပေါ်တွင် စာအုပ်မျိုးစုံ ရှိနေပါသည်။ စာအုပ်ကြီးများ၊ စာအုပ်ငယ်များ၊ လက်ရေးစာအုပ်များ၊ စာစီစာကုံးများ၊ သစ်သားဖြင့်ထွင်းထားသော စာအုပ်များနှင့် စက္ကူအမျိုးအစားစာအုပ်များ မျာစွာရှိနေသည်။ ဝါးစက္ကူ၊ စန္ဒကူးစက္ကူ၊ ပိုးစာအုပ်များ၊ သိုးသားရေလိပ်များနှင့် သံကူပွန်များပင် ရှိနေခဲ့သည်။
နံရံလေးဘက်တွင် ဒါဇင်နှင့်ချီသော စာအုပ်စင်ကြီးများ ရှိသည်။ နံရံလေးဘက်ထောင့်တွင် မရေမတွက်နိုင်သော အဝါရောင်စာအုပ်များ ရှိသည်။ ရှေးဟောင်းစာအုပ်များနှင့် ကျမ်းဂန် များက အပြည့်စုံမရှိပေ။
ထိုကျောက်ခန်းမကြီးသည် စာအုပ်တွေနှင့် ပြည့်နေပါသည်။ သမရိုးကျ ခန့်မှန်းချက်အရ အနည်းဆုံး စာအုပ်ပေါင်း ၁၀၀၀၀၀ အထိ ရှိလောက်မည်။
ဤစာအုပ်များစွာဖြင့် မြို့စားဝူဝမ်၏စံအိမ်ရှိ လင်ဟွမ်စာအုပ်တိုက်ပင် နှိုင်းယှဉ်၍ မရနိုင်ပါ။ ဟုန်ယွိသည် သူ့အမေ အသက်ရှင်နေသေးချိန်၊ သူငယ်စဉ်တုန်းကသာ “မြို့စားဝူဝမ်၏စံအိမ်ရှိ လင်ဟွမ်စာအုပ် တိုက်”သို့ ရောက်ခဲ့ဖူးပြီး၊ ထိုအချိန်တုန်းက သူသည် အတွင်းမှ စာအုပ်အရေအတွက်ကြောင့် အံ့အားသင့်နေခဲ့ရသည်။ သို့သော် သူ့အမေ သေဆုံးသွားပြီးနောက် သူ့မှာ သွားခွင့်မရှိတော့ပေ။
တစ်ဖက်တွင်၊ ဟုန်ယွိသည် များသောအားဖြင့် စာအုပ်များဝယ်ရန် ငွေစုသည်။ သို့မဟုတ် နေရာအနှံ့မှ ငှားရမ်းကာ ကူးယူရသည်။
သို့သော် စာအုပ်ကောင်းတစ်အုပ်ကို စာအုပ်ဆိုင်တွင် ရိုက်နှိပ်ရန် မဖြစ်နိုင်သောကြောင့် ငှားရခက်ပါသည်။ စာအုပ်တွေ အများကြီးကို မြင်လိုက်ရတော့ သူ့မျက်နှာက ရတနာ စံအိမ်ထဲသို့ ဝင်သွားရသကဲ့သို့ ချက်ချင်းဆိုသလို တောက်ပလာပါသည်။ မြေခွေးအသိုက်မှာ စာအုပ်တွေ ဤမျှများပြားနေရသည့် အကြောင်းရင်းကိုပင် သူ မေ့နေခဲ့မိသည်။
“ကျမ်းဂန်ကြီးလား…၊ အဝတ္ထမ်စကာသုတ္တန်လား၊ ပြန်လည်မွေးဖွားခြင်းကျမ်းလား၊ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေက ဘာကြောင့် အများဆုံး ဖြစ်နေရတာလဲ။" ဟုန်ယွိသည် စာအုပ်စင်ကြီး တစ်ခုရှေ့သို့ လျှောက်သွားပြီး စာအုပ် တစ်အုပ် ကို ဆွဲထုတ်လိုက်သည်။ သူ ဖွင့်ကြည့်လိုက်သည်။ ဗုဒ္ဓဘာသာ ကျမ်းဂန် ဖြစ်နေခဲ့သည်။ ၎င်းစာအုပ်ကို သစ်သားဖြင့် ထွင်းထုထားပြီး နောက်ကျောတွင် ရှေးတံဆိပ်တစ်ခု ပါရှိသည်။ တံဆိပ်က "ဒိုင်ဇင် ဘုရားကျောင်း" ဟု ဆိုထားသည်။ စာအုပ်ဆိုင်မှာ ပိုက်ဆံအများကြီးနှင့် ရောင်းချ၍ရသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်သည်။
သူက နောက်ထပ် စာအုပ်တချို့ကို လှန်လိုက်သည်။ ထိုစာအုပ်များ၏ ကျောဘက်တွင် လည်း " ဒိုင်ဇင်ဘုရားကျောင်း" တံဆိပ်ကို ရေးထိုးထားသည်။
"ဒါတွေက ဒိုင်ဇင်ဘုရားကျောင်းရဲ့ စာအုပ်တွေပဲ။” ဟုန်ယွိက ပြောသည် "ဒါ့အပြင် ဒီစာအုပ်တွေ အားလုံးကို တစ်စုတစ်စည်းတည်း ထားထားတယ်။ အမျိုးအစားခွဲခြားမှု လုံးဝ မရှိဘူး။ ဖတ်တဲ့အခါမှာ ရှာတွေ့ဖို့ မလွယ်မှာတောင် ငါ ကြောက်မိတယ်”။
"ဒါပေါ့၊ ဒီလူအိုကြီးက သိပ်မသိဘူး။ စာအုပ်တွေ အမျိုးအစားခွဲတာနဲ့ ပတ်သက်ပြီး သိပ်မသိဘူး” တုလောင်၏ အမွေးတွေက အနည်းငယ် နီမြန်းသွားသည်။ သူ အနည်းငယ် ရှက်သွားပုံရပါသည်။
တကယ်တော့ ဟုန်ယွိ၏ စကားတွေက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဟု ယူဆ၍ရပါသည်။ သာမာန်အားဖြင့် မိသားစုကြီးတစ်ခု၏ စာအုပ်များသည် ပညာရှင်များဖြင့် ဂရုတစိုက် အမျိုးအစားခွဲပြီး စနစ်တကျ ထားရှိမည် ဖြစ်သည်။
သို့သော် ဤကျောက်ခန်းမထဲရှိ စာအုပ်များသည် နေရာအနှံ့တွင် ရှိနေသည်။ သူဌေးကို လုပ်ကြံပြီး မကြခင်ကမှ သူဌေးဖြစ်လာသူတစ်ဦးသည် သူ့အိမ်ကို ပညာတတ်မိသားစု အဖြစ် အလှဆင်ချင်နေသည့်အတိုင်းပင်။ စာအုပ်တွေ အများကြီးဝယ်ပြီး ကြုံရာကျပန်း ချထားသည်။
“တကယ်တော့၊ ဒီစာအုပ်တွေကို အလယ်ပိုင်းပြည်နယ် ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရ ချိန်မှာ ငါတို့ ထုတ်ယူလာခဲ့တာပဲ။” တုလောင်က သက်ပြင်းချရင်း “ဒိုင်ဇင်းဘုရားကျောင်း ကြီးမှာ ထောင်သောင်းချီတဲ့ ဘုန်းတော်ကြီးတွေ ရှိတယ်။ ဆောင်းဦးပေါက်ရောက်တိုင်း တောရွာကို ငှားရမ်းခလာကောက်တဲ့ ဘုန်းတော်ကြီးတွေ ထောင်ပေါင်းများစွာ ရှိမယ်။ အဓိကခန်းမကြီးရဲ့ ကြမ်းပြင်တိုင်းမှာ မြင်းတွေပေါ်မှာ အမွှေးနံ့သာတိုင်တွေနဲ့ မီးထွန်းထား ကြတယ်။ ထာဝရမီးအိမ်တွေဆို နေ့ရောညပါ ထွန်းညှိပေးခဲ့ကြတယ်။ ကံမကောင်းစွာပဲ စစ်တပ်က ချိုးဖျက်ဝင်ရောက်ခဲ့တယ်။ ဘုရားကျောင်းတော်ကြီးလည်း မီးလောင်ပြာကျပြီး ဘဏ္ဍာ အားလုံးကို သိမ်းသွားခဲ့တယ်။ ဟင်း….၊ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေဆိုတာက တကယ့်ကို အိပ်မက်တစ်ခုလိုပါပဲလေ”။
"မြင်းပေါ်မှာ အမွှေးနံ့သာတိုင်တွေနဲ့ မီးထွန်းထားတယ်..။ ဒါဆို, တုလောင်၊ မင်းတို့အားလုံး အလယ်ပိုင်း ဒိုင်ဇင်ဘုရားကျောင်းကနေ ကျောက်စိမ်းမြို့တော်ရဲ့ အနောက်တောင်တန်း ကို ပြောင်းရွှေ့ခဲ့ကြတာပေါ့" ဟုန်ယွိသည် နောက်ဆုံးတွင် ထိုမြေခွေးတွေ၏ မူလအစကို နားလည်လာခဲ့ပါသည်။
အလယ်ပိုင်း ဒိုင်ဇင်ဘုရားကျောင်းသည် တော်ဝင်ချန်မင်းဆက်၏ အလယ်ပိုင်းတွင် တည်ရှိသည်။ နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိသည့် ရှေးဟောင်း ဘုရားကျောင်းတစ်ခု ဖြစ်သည်။ အလွန် ချမ်းသာကြွယ်ဝခဲ့ သည်။ စာအုပ်များစွာသည် ဤဘုရားကျောင်း၏ ခမ်းနားမှုကို မှတ်တမ်းတင်ထားသည်။ ဤဘုရားကျောင်းသည် စာအုပ်များကို ပင်မ ခန်းမ၏ အထပ်တိုင်းတွင် ထားသည်ဟု ဆိုကြသည်။ မနက်တိုင်း ရဟန်းငယ်များသည် ဗုဒ္ဓဘုရားနှင့် ဘုရားလောင်းများကို နံ့သာဖြင့်ပူဇော်ရန် မြင်းစီးပြီး လာရောက်ကြသည်။ ထို့ကြောင့် “မြင်းပေါ်၌ အမွှေးနံ့သာထွန်းခြင်း” ဟူသော ဆိုရိုးစကားပင် ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဤဘုရားကျောင်းသည် ကိုယ်ခံပညာ၊ ကျင့်ကြံမှုနှင့် ကြွယ်ဝမှုတို့ အတွက် သန့်ရှင်းသော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။
ဘုန်းကြီးကျောင်းများသည် အခွန်ပေးစရာ မလိုချေ။ လယ်မြေတွေ အများကြီးပိုင်ဆိုင်ပြီး၊ အမွှေးနံ့သာတိုင်တွေက ပေါကြွယ်ဝသည်။ အနှစ်တစ်ထောင် စုဆောင်းပြီးနောက် ၎င်းသည် တိုင်းပြည်တစ်ခုကဲ့သို့ ချမ်းသာကြွယ်ဝလာခဲ့ သည်။
ကံမကောင်းစွာပင်, လွန်ခဲ့သောအနှစ်နှစ်ဆယ်က ဒိုင်ဇင်ဘုရားကျောင်းသည် ပုန်ကန်ရန်အတွက် ယခင် မင်းဆက်များ ၏ အကြီးအကဲများကို ဆက်သွယ်ခဲ့ခြင်းကြောင့် စစ်တပ်မှ ရှင်းလင်းသုတ်သင်ခြင်း ခံခဲ့ရသည်။ နှစ်တစ်ထောင် သက်တမ်းရှိ ဘုရားကျောင်းကြီးသည် မီးလောင် ပြာကျသွားခဲ့သည်။
ဘုရားကျောင်းကြီး၏ စည်းစိမ်ဥစ္စာများကို လုယူပြီးနောက် တော်ဝင်ချန်မင်းဆက်၏ ငွေကြေးများ မကြုံစဖူး တည်ငြိမ်သွားသည်ဟု ဆိုကြပါသည်။
ဤအရာများကို ပညာရှင်များစွာ၏ မှတ်စုများတွင် မှတ်တမ်းတင်ထားသည်။ ဟုန်ယွိသည် ဤအကြောင်းကို ကောင်းကောင်းသိထားပါသည်။
"ဒီမြေခွေးအုပ်စုဟာ ဒိုင်ဇင်ဘုရားကျောင်းအနီးမှာ နေထိုင်တဲ့ မြေခွေးမျိုးနွယ်မှ ဖြစ်ရ မယ်။ ဘုန်းကြီးတွေက သူတို့ကို မသတ်ကြဘူးဆိုတော့ သူတို့အနေနဲ့ အဲဒီနေရာမှာ နေရတာ လုံခြုံတယ်။ ဒါ့အပြင်၊ အရာများစွာကိုလည်း လေ့လာနိုင်တယ်။ ဒါပေမယ့်, မြေခွေးတွေက မြေခွေးတွေသာ ဖြစ်ကြပါတယ်။ သူတို့ဟာ စိတ်ဝိညာဉ်ရေးရာ၊ ယုတ္တိဗေဒကို နားလည်ပြီး ကျင့်ကြံခြင်းနည်းလမ်းကို သိကြပေမယ့် ၎င်းတို့ဟာ လူသားတွေထက် နိမ့်ကျနေဆဲ ဖြစ်တယ်”။
ထိုအချိန်တွင် ဟုန်ယွိသည် မြေခွေးနတ်ဆိုးများအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
“ဆရာလေးက ငါ့အတွက် အမျိုးအစား ခွဲပေးနိုင်မလားလို့ ငါ သိချင်မိတယ်။ ဒီစာကြည့်တိုက်က ငါတို့မြေခွေးမျိုးနွယ်စုရဲ့ ရတနာပဲ။ မြေခွေးလေးတွေ စာလုံးတွေကို နားလည်နိုင်တဲ့အခါ လာဖတ်နိုင်မယ်။ ဒါဆို ပညာရှင်မိသားစုအဖြစ် ယူဆနိုင်ပြီ။ ဒီစာအုပ်တွေနဲ့ဆို, ငါတို့မြေခွေးမျိုးနွယ်ဟာ အနည်းဆုံး ငါတို့ရဲ့ လက်ကျန်ဘဝ တစ်လျှောက်လုံး ဗရုတ်သုတ်ခကျပြီး၊ အသားစိမ်းစား သွေးသောက်တဲ့ သားရဲတိရစ္ဆာန်တွေ ဖြစ်လာမှာ မဟုတ်တော့ဘူး”။