အခန်း (၁၃-၁၄)
Vol. 1 Ch. 13-14
အပိုင်း (၁၃)။
သုံးရက်မှ ငါးရက်ဆက်တိုက် ဆီးနှင်းများ ကျဆင်းပြီးနောက် ရာသီဉတုက ကြည်လင်လာ သည်။
တောင်ပေါ်ရှိ ချိုင့်ဝှမ်းသည် နေရောင်ကြောင့် တောက်ပစွာ လင်းထိန်နေသည်။ အမှောင်ကျသည့် ထောင့်စွန်း နေရာတောင် မရှိသလောက်ပင်။
ဟုန်ယွိသည် နှင်းထူထပ်သော မြေပြင်ပေါ်တွင် ရပ်နေသည်။ ဟာကူဇိယွဲ့၏ လမ်းညွှန်မှု အောက်တွင် သူသည် လှုပ်ရှားမှုတစ်ခုစီနှင့် ခြေလက်အင်္ဂါတစ်ခုချင်းစီကို သရုပ်ပြ လှုပ်ရှား နေခဲ့သည်။ အမှားတစ်ခုရှိတိုင်း ဟာကူဇိယွဲ့က ထိုအမှားကို စေ့စေ့စပ်စပ် ချက်ချင်း ပြင်ပေးလိမ့်မည်။
"နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်မှာ နွားသိုးနတ်ဆိုး ဦးချိုခတ်ခြင်း၊ နွားသိုးနတ်ဆိုး ခွာဖြင့် ပေါက်ခြင်း၊ နွားသိုးနတ်ဆိုး အရေပြားတွန့်ခြင်းဆိုပြီး စုစုပေါင်း သုံးကွက်ရှိတယ်။ တစ်ကွက်ချင်းစီမှာ ပုံစံတစ်ရာရှိပြီး၊ ရှုပ်ထွေးပြီး အမြဲပြောင်းလဲနေတယ်။ ဒါပေမယ့်, မင်း ဒီနည်းလမ်းကို ကျွမ်းကျင်သွားတာနဲ့ မင်းရဲ့အသား, အရွတ်တွေနဲ့ အရေပြားတွေကို အဆင့်ဆင့် လေ့ကျင့်နိုင်ပြီ။ ဒီပညာရပ်ကို ကျွမ်းကျင်သွားရင်, မင်းအနေနဲ့ နွားသိုး တစ်ကောင်ရဲ့ ခွန်အားကို ပိုင်ဆိုင်မှာ ဖြစ်ပြီး၊ ဂျင် ၁၂၀ ရှိတဲ့ နွားသိုးအရွတ်လေးကို လျင်မြန် စွာ ဆက်တိုက် ပစ်ခတ်နိုင်လိမ့်မယ်။ ဂျင် ၁၀၀ အလေးချိန်ရှိတဲ့ လက်သီးထိုးချက်တွေကို မင်း ခံနိုင်ရည်ရှိလိမ့်မယ်။ လက်သီးချက် ကျဆင်းလာချိန်မှာ မင်းက ထုံကျင်ရုံလောက်ပဲ ရှိလိမ့်မယ်။ အခြေခံအားဖြင့်၊ မင်းက ရှေးရိုးစွဲသိုင်းပညာရှင်ကို တစ်ဒါဇင် ဒါမှမဟုတ် ဒီထက်မကကို ရင်ဆိုင်နိုင်ပြီ”။
ဟုန်ယွိ သရုပ်ပြနေသည်ကို ဖြည်းညှင်းစွာ ကြည့်ရင်း ဟာကူဇိယွဲ့က သောက်နေသည်။ တစ်ချိန်တည်းမှာပင် သူက သူ့ကို စကားပြောသည်။
"ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ နှစ်တစ်ထောင်သက်တမ်းရှိ ကိုယ်ခံပညာရဲ့ အနှစ်သာရပဲ။ အထူးသဖြင့် အခြေခံ အုတ်မြစ်ကျွမ်းကျင်မှုအပေါ် အာရုံစိုက်ရမယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာရပ် ထောင်ပေါင်းများစွာက ဒီနွားသိုးနတ်ဆိုးခွန်အားပညာရပ်နဲ့ ယှဉ်လို့မရတာပေါ့။ တော်ဝင်ချန်မင်းဆက်က ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးလိုက်ချိန်မှာ သူတို့အနေနဲ့ ဒီလက်သီးပညာရပ်ကို ရရှိမသွားခဲ့ဘူး။ ဒီလိုမှမဟုတ်ရင် တော်ဝင်ချန် မင်းဆက်ရဲ့ အင်အားဟာ နောက်တစ်ဆင့် တိုးမြင့်သွားလိမ့်မယ်။”။
ဟာကူဇိယွဲ့က တစ်ခုခုကို တွေးနေပုံရသည်။ သူပြောနေစဉ်မှာ သူ့မျက်လုံးတွေက ရီဝေနေသည်။
“တော်ဝင်ချန်မင်းဆက် အခုလေ့ကျင့်နေတဲ့ လက်သီးနည်းစနစ်က မထင်ရှားတဲ့ ကောင်းကင်စက်ဝိုင်း လက်သီးပညာရပ် ဖြစ်သင့်တယ်...။ ကံမကောင်းစွာပဲ ကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးပညာရပ်က ခိုးခံလိုက်ရ တယ်။ ငါ့လက်ထဲရောက်အောင် ရယူနိုင်စွမ်း မရှိခဲ့ဘူး။ မဟုတ်ရင်, ဟုန်ယွိ, မင်းလေ့ကျင့်တဲ့အခါ အရိုးတွေကို လေ့ကျင့်ဖို့ နည်းလမ်းတွေ ရှာနေစရာ မလိုတော့ဘူးပေါ့။"
"ရွတ်... ရွတ်… ရွတ်..”
ဟုန်ယွိသည် နောက်ဆုံးတွင် သိုင်းကွက်သုံးခုကို ပြီးအောင် လေ့ကျင့်နိုင်ခဲ့သည်။ သူသည် မောပန်းနေပြီး မျက်နှာက ဖြူဖျော့နေကာ အသက်ရှုမဝနိုင် ဖြစ်နေသည်။ ဤ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်သည် အလွန်အကျွံ လေ့ကျင့်ရန် လိုအပ်သည်။ သူ့ခန္ဓာကိုယ်က အားနည်းပြီး ပျော့ညံ့သည်။ ထို့ကြောင့် သူသည် ကိုယ်ခံပညာကို လေ့ကျင့်ရာမှာ သဘာဝအတိုင်း ခက်ခဲပါသည်။
"လာ၊ သောက်လိုက်ဦး။"
ဟာကူဇိယွဲ့က ဝိုင်ဘူးကို ပစ်ပေးလိုက်သည်။
ဟုန်ယွိက လက်နှစ်ဘက်နှင့် ဖမ်းပြီး ပါးစပ်အပြည့် အကြိမ်အနည်းငယ် သောက်လိုက်ပါ သည်။ သူ့တစ်ကိုယ်လုံး ပူနွေးလာပြီး လည်ချောင်းထဲက သင်းရနံ့က သူ့နှာခေါင်းထဲကို ရောက်ရှိသွားသည်။ သူသည် ပို၍ သက်တောင့်သက်သာရှိမူကို ခံစားရပါသည်။
ဟာကူဇိယွဲ့၏ဝိုင်သည် အံ့ဖွယ်ကောင်းသော ဝိုင်ဖြစ်သည်။ ဆေးဖက်ဝင်အပင်ပေါင်း မည်မျှ အသုံးပြုထားသည်ကို မည်သူ သိမည်သနည်း။ ဟုန်ယွိသည် လေ့ကျင့်ခန်းလုပ်တိုင်း အသက်ရှုကြပ်ပြီး မျက်နှာဖြူဖျော့သွားပါသည်။ သို့သော် သူ ဒီဝိုင်ကို သောက်ပြီးသည်နှင့် သူ့တစ်ကိုယ်လုံး အရမ်းကို သက်တောင့်သက်သာဖြစ်မူကို ခံစားရပါသည်။
အကယ်၍ ၎င်းသည် ဝိုင်၏ အထောက်အပံ့ကြောင့်သာ မဟုတ်ပါက ဟုန်ယွိ၏ နုနယ်သော ခန္ဓာကိုယ်သည် ဆက်လက် လေ့ကျင့်နိုင်လိမ့်မည် မဟုတ်ပေ။
"ဇိယွဲ့, ဒါက ဘာဝိုင်လဲ” ဟုန်ယွိပုံစံက အနည်းငယ် ကောင်းမွန်လာသည်။
"ငါ တောတောင်တွေထဲမှာ ကျင့်ကြံတုန်းက ဒီဝိုင်ကို ချက်ထားတာ။ ဆေးဖက်ဝင် အပင် အမျိုးပေါင်း တစ်ရာကျော်ကို စုဆောင်းခဲ့ရတယ်။ ဒါက လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားကို တိုးမြင့်စေနိုင်တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုးကောင် ကိုးမျိုးကို သေစေနိုင်တယ်။ အစာအိမ်ကို သန့်ရှင်းစေပြီး အသည်းနဲ့ သရက်ရွက်တို့ကို အာဟာရ ဖြစ်စေတယ်။ ဒီဝိုင်ကို “အင်မော်တယ်ဝတ်ရည်”လို့ ခေါ်တယ်။ ကံမကောင်းစွာပဲ၊ ဒီတစ်ဘူးပဲ ကျန်တော့တယ်။" ဟာကူဇိယွဲ့က ပြုံးပြီး သူ့ဆံပင်တွေက လေထဲမှာ တဖျပ်ဖျပ် ခတ်နေပါသည်။
"အီယာ… ငါ ကုန်သောက်လိုက်ရင် မင်း သောက်စရာ မရှိတော့ဘူးပေါ့” ဟုန်ယွိသည် ဝိုင်ဘူးကို ဟာကူဇိယွဲ့အား အမြန်ပေးလိုက်သည်။
"ဟား…၊ ဟား…၊ ဝိုင်ကောင်းဆိုတာ ခင်မင်တဲ့မိတ်ဆွေနဲ့ သောက်မှပဲ ပိုအရသာရှိတယ်။ မင်းပေးခဲ့တဲ့ ကဗျာကို အခြေခံပြီး ပြောရရင်, အဲဒါက အင်မော်တယ်ဝတ်ရည် ဝိုင်ဆယ်ဘူး နဲ့ တန်ပါတယ်။ ဟာကူဇိယွဲ့သည် ဝိုင်ဘူးကို ပြန်မယူခဲ့ပါ။ ယင်းအစား သူ့လက်ကိုသုံးပြီး သူ့ပုခုံးပေါ်က တွဲလောင်းကျနေသည် ဆံပင်ရှည်တွေကို ကိုင်းရင်း ရှေ့ကို လှမ်းမျှော် ကြည့်လိုက်ပါသည်။
ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲမှ တစ်ဦးဖြစ်သော အသက် ဆယ့်ငါးနှစ် အရွယ် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးသည် ယခုအချိန်တွင် သန့်စင်သော လူငယ်တစ်ဦး နှင့် တူနေပါသည်။
သူ အားလပ်ချိန်မှာ သူ့ပုခုံးတွေအပေါ် တွဲလောင်းကျနေသည့် ဆံပင်ရှည်တွေကို ပွတ်သပ်ရသည့်ကို ကြိုက်နှက်သက်သည့် လူငယ်တစ်ယောက်။
"အဲဒီစာကြောင်း လေးကြောင်းကို အချိန်တိုလေးအတွင်းမှာပဲ ငါ ရေးခဲ့တာ။ မင်းရဲ့ စိတ်နေ စိတ်ထားကို ဖော်ပြဖို့ မလုံလောက်သေးဘူး။ ဇိယွဲ့, အချိန်ရရင် မင်းအတွက် ကဗျာရှည် တစ်ပုဒ် ဖြစ်အောင် ငါ အစွမ်းကုန် ကြိုးစားပေးမယ်။” ဟုန်ယွိသည် သူ၏ ထိုကဗျာ လေးကြောင်းကို ကျေနပ်ပုံမပေါ်ပေ။
"တကယ်လား…" ဟာကူဇိယွဲ့၏ မျက်လုံးများသည် အံ့ဩစွာဖြင့် တဖျပ်ဖျပ်ခတ်နေသည်။ “ဓားရှည်တစ်စင်းက အစိမ်းရောင်နယ်မြေကြီး ကိုးခုကို ဖြတ်ကျော်သွားတယ်၊ ကောင်းကင်ဘုံကို ထောက်ပံထားတဲ့ မြင့်မားတဲ့ သရဖူတစ်ခု၊ ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်း သူတော်စင်တစ်ဦး၊ သမုဒ္ဒရာလေးစင်းရဲ့ သူရဲကောင်း။ ဒီစာကြောင်းလေးခုဟာ စိတ်အား တက်ကြွပြီး သူရဲကောင်းဆန်နေပြီ။ ဒီထက်ပိုပြီး သူရဲကောင်းဆန်တဲ့ ကဗျာတစ်ပုဒ်ကို မင်း ရေးနိုင်သေးတားလား”။
"ကဗျာဆိုတာ သဘာဝရဲ့လက်ရာ၊ ဉာဏ်ကြီးရှင်တွေရဲ့ လက်ရာပဲလေ။ စိတ်အား ထက်သန်မှုတစ်ခု ရှိလာရင်, သေချာပေါက် ငါရေးနိုင်တာပေါ့။” ဟုန်ယွိက သူ့ပုခုံးတွေကို ပွတ်လိုက်ပါသည်။ "ကောင်းပြီ, ဇိယွဲ့, မင်းမှာ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီး ပညာရပ် မရှိဘူးလို့ ပြောခဲ့တယ်။ မင်း အရိုးတွေကို ဘယ်လို လေ့ကျင့်ခဲ့တာလဲ။"
ဟာကူဇိယွဲ့သည် ကိုယ်ခံပညာအကြောင်း ကြားသောအခါ၊ သူသည် မတူညီသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပုံရပါသည်။ သူသည် အဆုံးမဲ့ ယုံကြည်မှုကို ပိုင်ဆိုင်ထား ပြီး၊ မြင့်မားကာ ခွန်အားကြီးမားသည်။ “ငါက အမှန်တရားတာအိုဂိုဏ်းရဲ့ ပျံသန်းနေသော စိတ်ဝိညာဉ် အရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို လေ့ကျင့်ထားတယ်။ ဒါပေမယ့် ငါ့မှာ သိုင်းကွက် ၁၃၀ ပဲ ရှိတယ်။ သိုင်းကွက် ၂၀၈ ခုရှိသည့် ကျားနတ်ဆိုး အရိုးပုံသွင်းခြင်းလက်သီး လောက်တော့ မများပါဘူး။ ဒါကြောင့် အကျိုးသက်ရောက်မှုက နည်းနည်းတော့ အားနည်းတယ်။ ဒါပေမယ့် ငါဟာ ပျံသန်းနေသော စိတ်ဝိညာဉ် အရိုးပုံသွင်းခြင်း လက်သီးပညာရပ်ကို အသုံးပြုပြီး၊ အရိုးတွေကို သံမဏိလိုမာကျောတဲ့ နယ်ပယ်အထိ ရောက်ရှိ အောင် သုံးနှစ်ကြာ လေ့ကျင့်ခဲ့ရတယ်။ ကံမကောင်းစွာပဲ, ငါဟာ အချိန်နဲ့ စွမ်းအင်ကို အလွန်အကျွံ သုံးစွဲခဲ့ရတယ်။"
“ပျံသန်းနေသော စိတ်ဝိညာဉ် အရိုးပုံသွင်းခြင်းလက်သီး ပညာရပ်” ဟုန်ယွိသည် ထိုပညာရပ်ကို သိုင်းကျမ်းထဲမှာ မြင်မိပုံရသည်။
“ဟုန်ယွိ, မင်းရဲ့ခန္ဓာကိုယ်နဲ့ဆို မင်းအနေနဲ့ သုံးနှစ်ကြာအောင် ကြိုးကြိုးစားစား လေ့ကျင့်ရင်တောင် သိုင်းစစ်သည်တော်အဆင့်ထိ မရောက်နိုင်မှာ စိုးရတယ်။ ဒါပေမယ့် မင်းက ငါ့ဝိုင်ကို သောက်ပြီးတဲ့နောက် မင်းဘာသာ လေ့ကျင့်ဖို့ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ပြီ။ ကံမကောင်းစွာပဲ၊ ငါတို့က ရက်အနည်းငယ်ကြာ အတူတူနေခဲ့ ကြပြီး နောက်၊ လမ်းခွဲရတော့မယ်။" ဟာကူဇိယွဲ့၏ အမူအရာက အနည်းငယ် အသက်မဲ့နေသည်။
"မင်း ထွက်သွားတော့မှာလား" ဟုန်ယွိ မှင်သက်သွားသည်။
ထိုအချိန်တွင် မြေခွေးဖြူလေးသုံးကောင်သည် နှင်းထဲသို့ ခုန်ဆင်းလာသည်။
"ရှောင်ဆန်, ရှောင်ဖေး, ရှောင်ရူ, မင်းတို့ ဘာလို့ ထွက်လာတာလဲ။ ဟုန်ယွိက မေးသည်။
"မောင်ငယ်ယွိ, ငါတို့ ပြောင်းကြတော့မယ်။ သခင်ဘိုင်နဲ့ အကြီးကဲတုက ပြေတာက ဒီနေရာက ရှာတွေ့နိုင်တယ်တဲ့။ ဒါကြောင့် ငါတို့ ဒီမှာ ဆက်မနေနိုင်တော့ဘူး။ ငါတို့က အဝေးတစ်နေရာကို ပြောင်းရတော့မယ်။" ရှောင်ရူက ပြောသည်။
ဤရက်အနည်းငယ်အတွင်း ရှောင်ရူ၏လည်ချောင်းသည် အရိုးအဆစ်တွေပြောင်လွဲသွား ပြီး သူမသည် လူသားဘာသာစကားကို ပြောနိုင်နေပြီ ဖြစ်သည်။
"မင်းတို့ ပြောင်းရွေ့တော့မယ်။ ဒါပေမယ့် ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ဇိယွဲ့က သူထွက်သွားချင်တယ်လို့ ပြောခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။” ဟုန်ယွိသည် တုန်လှုပ်သွားသော်လည်း သူ့စိတ်ထဲမှာ တွန့်ဆုတ်နေသည့် ခံစားချက်တစ်ခု ပေါ်လာပါသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ဆယ်ရက်လောက်သာ သိခဲ့ကြသော် လည်း ထိုမြေခွေးများ၏ ရိုးရှင်းပြီး ချစ်စရာကောင်းသည့် အသိုက်လေးက သူ့ရင်ထဲမှာ စွဲထင် ကျန်ရစ်စေခဲ့ပါပြီ။
“မင်းတို့ ဘယ်ကို ပြောင်းကြမှာလဲ။ ကျောက်ခန်းမထဲမှာ စာအုပ်တွေနဲ့ တခြားအရာတွေ အများကြီး ရှိနေတယ်။ အဲဒါတွေကို ဘယ်လို ထုတ်ယူသွားမှာလဲ။"
"သခင်တိုင်ရဲ့အကူအညီနဲ့ဆို ပြဿနာဖြစ်မှာ မဟုတ်ပါဘူး။" ရှောင်ရူ၏ နှလုံးက တစ်ချက် ခုန်သွားပါသည်။
"ဟင်…၊ စိတ်ဝိညာဉ်က အရာဝတ္ထု ထိန်းချုပ်ခြင်းအဆင့်ကို ရောက်တဲ့အခါ, စာအုပ်ပေါင်း တစ်သိန်းနီးပါးကို ရွှေ့လို့ရတာလား။” ဟုန်ယွိ မှင်သက်သွားခဲ့ပါပြီ။
ဟာကူဇိယွဲ့က ခေါင်းခါလိုက်သည်။ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းအနေနဲ့ ယန် စိတ်ဝိညာဉ်အဆင့်ထိ ကျင့်ကြံထားရင်တော့ မင်းမှာ ဒီစွမ်းရည်မျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ယန်စိတ်ဝိညာဉ်အဆင့်ထိ ကျင့်ကြံထားတဲ့လူမျိုး ရှိတယ်ဆိုတာကို ငါ တခါမှ မကြားဖူး ဘူး။ တော်ဝင်ချန်မင်းဆက်၏ လျှို့ဝှက်ဆန်းကြယ်ဆုံး ခေါင်းဆောင်ဖြစ်တဲ့ မိုနိုဂါတာရီ တောင် ယန်စိတ်ဝိညာဉ်အဆင့်အထိ ကျင့်ကြံထားသူကို တခါမှ ကြားဖူးမှာ မဟုတ်ဘူး။"
"ဒါဆို ဒါက သိုင်းပညာရှင်တွေထဲမှာ လူသားအင်မော်တယ် အဆင့်အထိ ကျင့်ကြံထားသူ တစ်ယောက်မှ မရှိတာနဲ့ အတူတူပဲလား။" ဟုန်ယွိက မေးသည်။
ဟာကူဇိယွဲ့က ခဏလောက် စဉ်းစားလိုက်သည်။ "ငါတော့ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အကြီးအကဲ ဇင်ဆရာသခင် ယန်ယွဲ့က လူသားအင်မော်တယ် နယ်ပယ်ကို တစေ့တစောင်း လှမ်းမြင်ခဲ့ပုံရတယ်။ ကံမကောင်းစွာပဲ, သူမကို ဝိုင်းပြီး သတ်ပစ်လိုက်ကြတယ်လေ။ လက်ရှိမှာတော့ တော်ဝင်ချန်မင်းဆက်ရဲ့ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ သိုင်းသူတော်စင် ယန်တူးနဲ့ ဟုန်ရွှန်ကျိတို့ဟာ နာမည်ကြီးနေတယ်။ ဒါပေမယ့် ငါ့ရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ကောင်းကင်ကို တက်ဖို့ထက်တောင် ပိုခက်မှာ စိုးရတယ်။"
"ကောင်းကင်ကို တက်ဖို့ထက်တောင် ပိုခက်တယ်။" ဟုန်ယွိ သက်ပြင်းချလိုက်သည်။
ဟာကူဇိယွဲ့၏စကားအရ ယန်စိတ်ဝိညာဉ်နယ်ပယ်နှင့် လူသားအင်မော်တယ်နယ်ပယ်ကို ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင်၊ ဤကမ္ဘာပေါ်တွင် မည်သူမျှ ယန်စိတ်ဝိညာဉ် နယ်ပယ်နှင့် လူသားအင်မော်တယ် နယ်ပယ်ကို ကျင့်ကြံနိုင်ခဲ့ပုံမပေါ်ချေ။
"ဒါဆို ငါ့အဖေ မြို့စားဝူဝမ်က သိုင်းသူတော်စင်အဆင့်မှာ ရှိတယ်ပေါ့။” သူ့ကိုယ်သူ တွေးနေမိသည်။
"ဒါဆို ဇိယွဲ့က ဒီစာအုပ်တွေကို ရွှေ့ဖို့ ဘယ်လိုကူညီမှာလဲ” ဟုန်ယွိက ထပ်မေးသည်။
“ငါက မဟာနတ်ဆိုးအင်မော်တယ် ရှစ်ယောက်ထဲက တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခု ချိန်မှာတော့ ငါက လူသားတစ်ယောက်ပါပဲ။ ငါ့ရဲ့ ဘိုင်မိသားစုက တော်တော် အစွမ်းထက်တယ်။ သန့်စင်မြေခွေးအတွက် စာအုပ်တွေကိုရွှေ့ဖို့ ငါ ကူညီပေးနိုင်ပါတယ်" ဟာကူ ဇိယွဲ့က ပြုံးပြီး ပြောသည်။
"ဘိုင်မိသားစုလား..." ဟုန်ယွိက မှင်သက်သွားပြန်သည်။ "ကျောက်စိမ်းမြို့တော်မှာ ဘိုင်မိသားစု မရှိဘူးမဟုတ်လား"။
“ငါက မြောက်ပိုင်းမှာ နေတယ်။ ယွန်တူးမင်းဆက်ရဲ့ ဘိုင်မိသားစုပဲ။" ဟာကူဇိယွဲ့က အဝေးကို လှမ်းကြည့်လိုက်ပါသည်။
"မောင်ငယ်ယွိ၊ ဒါက မင်းကို အကြီးအကဲတု ပေးလိုက်တဲ့ စာအုပ်ပဲ။ ပြီးတော့, ဒါက အစ်မ ကြင်ယာတော်ယွမ် မင်းကိုပေးခဲ့တဲ့ ရွှေဘီစကွတ်တွေပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ငါတို့ အလွန်ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ အခု ထွက်သွားရမယ်။ ဒါက မိုင်တစ်ထောင် ဝေးနိုင်တယ်။ မောင်ငယ်ယွိကို ငါတို့နဲ့အတူ လိုက်စေချင်တယ်။" ရှောင်ရူ၏ မျက်လုံးတွေက ဝမ်းနည်းမှုတွေ ပြည့်နေခဲ့ပါသည်။
သူ့ဘေးမှာ အိတ်ကြီးတစ်အိတ် ရှိပြီး အိတ်ထဲမှာ စာအုပ်အနည်းငယ် ပါရှိပါသည်။ ရွှေဒင်္ဂါးသံများ အပြန်အလှန် တီးခတ်နေသည့် ပိုးအိတ်သေးသေးလေးလည်း ရှိသေးသည်။
"မင်းတို့က ယွန်တူးမင်းဆက်ကို သွားမှာမဟုတ်လား။ ဒါဆို ငါ မင်းတို့နဲ့ မလိုက်နိုင်ဘူး။” ဟုန်ယွိက ဝမ်းနည်းစွာ ပြောသည် “ဒါပေမဲ့, မင်းတို့စုပြီး ငါ့ကို မောင်ငယ်ယွိလို့ ခေါ်တယ်။ မင်းတို့ ပိုက်ဆံကို ငါ ဘယ်လိုလုပ် ယူရမှာလဲ"။
“ယူလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ပိုက်ဆံ မလိုပါဘူး။" ဟာကူဇိယွဲ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ဒါ့အပြင်၊ ဒီအထဲမှာ သိုင်းကျမ်းတစ်ခုလည်း ရှိတယ်။ မင်း မလေ့ကျင့်နိုင်ပေမယ့် ကိုးကားအဖြစ် သုံးလို့ရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း နွားသိုးနတ်ဆိုးခွန်အားပညာရပ်ကို လေ့ကျင့်ခဲ့ပြီးပြီ။ ဒါကြောင့် မင်း ကိုယ့်ဘာသာ လေ့ကျင့်ဖို့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးပြီ။ ဒီစာအုပ်ထဲမှာ ဘုန်းတော်ကြီးတွေ ထံမှ မှတ်ချက်အချို့ ရှိနေသည်။ မင်း ကြည့်ရှုနိုင်တယ်။”
"ဒါဆို, ငါလည်း အချိန်နှောင့်နှေးလို့မရတော့ဘူး”။
ထိုသိုင်းကျမ်းမှာ ဒါဇင်နှင့်ချီသည့် စာအုပ်တွေ ရှိနေပါသည်။ ဟုန်ယွိက ၎င်းတို့ကို တစ်ခုပြီး တစ်ခု မဖတ်ပါဘူး။
ဤစာအုပ်တွင် ပျောက်ဆုံးနေသော အစိတ်အပိုင်းများစွာ ရှိသော်လည်း ၎င်းသည် အစုံအလင် စုဆောင်းထားသည့် ကိုယ်ခံပညာစာအုပ် တစ်အုပ်အဖြစ် ဖြစ်နေဆဲပင်။ ထို့အပြင် ဤစာအုပ်သည် ဒိုင်ဇင်ဘုရားကျောင်းမှ ဘုန်းကြီးများ၏ လက်ထဲမှာ ရှိနေခဲ့ စာအုပ်ဖြစ်သည်။ ဤစာအုပ်တွင် မှတ်ချက်များစွာ ပါရှိသောကြောင့် လေ့လာ မှတ်သား သင့်ပါသည်။
"နောက်ကျနေပြီ။ မှောင်လာတဲ့အခါ မင်း တောင်ပေါ်ကနေ မထွက်နိုင်ဘဲနေမယ်။ ဒီနေ့ ငါတို့ လမ်းခွဲပြီးနောက် တစ်နေ့တော့ ငါတို့ သေချာပေါက် ပြန်ဆုံကြမယ်။ အဲဒီအခါ, ဝိုင်သောက်ပြီး စာပေနဲ့ ကိုယ်ခံပညာတွေ ဆွေးနွေးကြမယ်။" ဟာကူဇိယွဲ့က ရုတ်တရက် ရှည်လျားစွာ ရယ်မောပြီး၊ ပျော်ရွှင်ခြင်းနတ်ဘုရားသီချင်းကို သီဆိုကာ တောင်တောထဲသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားပါသည်။
“မောင်ငယ်ယွိ။ ငါတို့ သွားပြီ။ မင်း ငါတို့ကို သတိရနေရမယ်နော်။"
မြေခွေးဖြူသုံးကောင်သည် ဟာကူဇိယွဲ့ နောက်သို့ လိုက်ပါသွားရင်း ခြေလှမ်းတိုင်း နောက်ကို ပြန်လှည့်ကြည့်ကြသည်။
ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး နောက်လှည့်ကာ မျက်လုံးထောင့်စွန်းကို သုတ်လိုက်ပါသည်။
အပိုင်း (၁၄)။
နှင်းများထူထပ်စွာ ကျဆင်းမူက ရပ်သွားခဲ့ပြီး၊ ကျောက်စိမ်းမြို့တော်သည် ၎င်း၏ အသက်ဝင်မှုနှင့် သာယာဝပြောမှုကို ပြန်လည် ရရှိခဲ့သည်။ လမ်းများတွင် လူများ ပြည့်နေ ပြီး ဈေးဆိုင်ကြီးများက ပို၍ပင် အသက်ဝင်နေပါသည်။ ဥပမာအားဖြင့်၊ ဂျူယွမ် အဆောက် အဦတွင် သောက်စရာများ, ပွဲတော်များနှင့် အစားအသောက်များ၊ ဆန်ဟွာ အဆောက်အဦ တွင် မိန်းကလေးများ၊ စုန်ဇူအစောက်အဦတွင် စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်များ၊ ဆောင်းကျင်းဆိုင်တွင် ပိုးထည်နှင့် အဝတ်ထည်များ၊ ယီဂူ အဆောက်အဦတွင် ရှေးဟောင်း ပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းကောင်းများ၊ ရွှေခန်းမတွင် လက်ဝတ်ရတနာစသည်များ ရှိကြသည်။ ဤနေရာများသည် ကျောက်စိမ်းမြို့တော်တွင် လူစည်ကားဆုံး နေရာများ ဖြစ်ကြသည်။
ဤဆိုင်ကြီးများ၏ ကျောထောက်နောက်ခံများတွင် တော်ဝင်မိသားစု၏ သခင်လေးများ၊ အစိမ်းရောင်ဝတ်ရုံနှင့် ပညာရှင်များ၊ သူဌေးများနှင့် မြို့တော်၏ အလုပ်လုပ်စရာမလိုသော အရာရှိကြီးများ ပါဝင်ကြသည်။
အထူးသဖြင့် ဒွါဒသမမြောက် လူနာလနှင့် နှစ်ကုန်ခါနီးအချိန် ဖြစ်သည်။ ဧကရာဇ်သည် ကောင်းကင်ဘုံကို ကိုးကွယ်လို၍ နိုင်ငံအသီးသီးမှ သံတမန်များကို လက်ခံတွေ့ဆုံသည်။ အနောက်ဒေသရှိ ချာရာဒေသမှ သံတမန်များ၊ အရှေ့ဘက်ရှိ ယွန်မင်၊ မြောက်ဘက်ရှိ ယွန်တူး၊ တောင်ဘက်ရှိ နတ်ဘုရားလေပြည်နယ်၊ လျိုကျူဒေသနှင့် အခြားကျွန်းနိုင်ငံများမှ သံတမန်များသည်လည်း ကျောက်စိမ်းမြို့တော်ရှိ တည်းခိုခန်းများတွင် တည်းခိုကြသည်။ ကျောက်စိမ်းမြို့တော်၏ အသက်ဝင်မှုကို တိုးမြင့်စေသည့်အရာက ထိုလူများသည် တော်ဝင်ချန်မင်းဆက်ရှိ အကြီးဆုံးမြို့ဖြစ်သော ကျောက်စိမ်းမြို့တော်၏ သာယာဝပြောမှု ကို ကြည့်ရှုရန်အတွက် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ကာ ထွက်လာကြခြင်း သည်။
လွန်ခဲ့သည့် နှစ် ၂၀ က တော်ဝင်ချန်မင်းဆက်သည် တိမ်တိုက် သံမဏိမြူနှင်း မြင်းတပ်နှင့်, တန်ပြန်တိုက်ခိုက်မူအား အနိုင်ယူခဲ့ပြီး၊ နှစ်ဖက်စလုံးသည် နယ်စပ်ရှိ အစိမ်းရောင် သတ်ဖြတ်ခြင်းကွင်းပြင်တွင် နောက်တစ်ကြိမ် တိုက်ပွဲမဖြစ်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။ တော်ဝင်ချန်မင်းဆက်သည် ရွှေခေတ်တွင် ရှိနေခဲ့ပြီး၊ တနယ်မြေလုံးတွင် အကြီးဆုံးမင်းဆက် ဖြစ်လာခဲ့ပါသည်။
ဆဌမနှစ်အဆုံးတွင် တော်ဝင်ချန်မင်းဆက်သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
တော်ဝင်ချန်မင်းဆက်၏ စည်ကားသိုက်မြိုက်ပြီး အသက်ဝင်လှုပ်ရှားမူများကို မဆိုထားနှင့်, မြို့စားဝူဝမ်၏ စံအိမ်ကြီးသည်လည်း သက်ဝင်လှုပ်ရှားနေပါသည်။ အစေခံများသည် စတင်ရှင်းလင်းပြီး ထောင့်တိုင်းကို အညစ်အကြေးများကို ရှင်းလင်းသုတ်သင်ကြသည်။ စံအိမ်ကြီးအား နှစ်သစ်ကူးအတွက် မီးပုံးများ၊ ရောင်စုံဆိုင်းဘုတ်များဖြင့် အလှဆင်ထား သည်။
သို့သော် စံအိမ်ကြီး၏ အတွင်းရော အပြင်ပါ နှစ်မျိုးစလုံးနှင့် ကျောက်စိမ်းမြို့တော်သည် ဟုန်ယွိနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ဟုန်ယွိသည် အနောက်တောင်တန်းမှ ပြန်လာသော်လည်း သူ့စိတ်သည် အနောက် တောင်တန်းရှိ နက်နဲသော ချိုင့်ဝှမ်းတွင် ရှိနေသေးသည်။
ဤဆယ်ရက်အတွင်း သူသည် မြေခွေးများနှင့်တွေ့ဆုံကာ သူတို့ကို သင်ကြားပေးခြင်း၊ စာအုပ်များကို စုစည်းပေးခြင်း၊ ကိုယ်ခံပညာလေ့ကျင့်ခြင်း၊ ဟာကူဇိယွဲ့နှင့် တွေ့ဆုံကာ ဝိုင်သောက်ပြီး လေးငါးရက်ကြာ စကားပြောခဲ့သည်။ ၎င်းသည် ကြည်လင်ပြတ်သားသည့် အိပ်မက်တစ်ခုလိုပင်။
ယခု သူသည် မြို့စားစံအိမ်သို့ ပြန်ရောက်သောအခါ၊ ၎င်းသည် သူ့တစ်သက်တာလုံးနီးပါး ဟု ခံစားခဲ့ရသည်။
မြို့စားစံအိမ်သည် မြို့စားစံအိမ်သာ ဖြစ်ပါသည်။ သူထွက်သွားသည့်အတွက် ဘာမှ မပြောင်းလဲပါဘူး။ ခြံထဲမှာ လူခုနစ်ရာကနေ ရှစ်ရာလောက်က နှစ်သစ်ကူးအတွက် ပြင်ဆင်များဖြင့် အလုပ်ရှုပ်နေကြသည်။ သူ့အခန်းငယ်လေး သာ ဆိတ်သုဉ်းနေခဲ့သည်။ သူ့ကို ကြဉ်ဖယ်ထားသည့်အတိုင်း မည်သူမျှ လာရောက်လည်ပတ်ခြင်း မရှိကြပေ။
အစေခံများ၊ အိမ်စောင့်များ၊ အိမ်အကူများနှင့် အစောင့်များကို နှစ်သစ်ကူးကာလတွင် အဝတ်အထည်များနှင့် ငွေစများ ဆုချီးမြှင့်ကြသော်လည်း သူ့အလှည့်မရောက်ခဲ့ပေ။
သို့သော်, အခု သူ့မှာ ပိုက်ဆံရှိနေပါပြီ။ သူသည် ချို့တဲ့ခြင်း မရှိတော့ပေ။ ရှောင်ရူတို့ ပြောင်းရွှေ့သွားသောအခါတွင် အနီရောင် ရွှေဒင်္ဂါးဆယ်ပြား ပေးအပ်ခဲ့သည်။ ၎င်းသည် ရွှေစင် ၁၀၀ ရာခိုင်နှုန်း သန့်စင်သည့်ရွှေကို မဆိုထားနှင့်, ရွှေစင် ၈၀ ရာခိုင်နှုန်း သန့်စင် သည့် ရွှေဒင်္ဂါး ၁၅ ပြားနှင့် လဲလှယ်နိုင်ပါသည်။ ရွှေဒင်္ဂါးဆယ်ပြားကို ရွှေခန်းမတွင် အနည်းဆုံး ငွေဒင်္ဂါးနှစ်ရာဖြင့် လဲလှယ်နိုင်သည်။ ၎င်းသည် ဟုန်ယွိအတွက် အချိန်အကြာကြီး သုံးစွဲရန် လုံလောက်ပါသည်။
"ဒီလူတွေက ငါ့ကို အနှောင့်ယှက်မပေးတာ အကောင်းဆုံးပေါ့။ ငါ တံခါးပိတ်ပြီး ကိုယ်ခံပညာ လေ့ကျင့်ကာ စာပေလေ့လာနိုင်တာပေါ့။ ဒီအကြောင်းပြောရရင်, မကြာသေးခင်ကမှ ငါ့ခန္ဓာကိုယ်ဟာ အလွန် သက်သောင့်သက်သာ ဖြစ်မူကို ခံစားခဲ့ရတယ်။ ငါ့ရဲ့ခြေလက်တွေ ပိုသန်မာနေသလို ခံစားရတယ်။"
အခန်းကျဉ်းလေးထဲမှာ, ဟုန်ယွိသည် ခြေထောက်တစ်ဖက်နှင့် မတ်တပ် ရပ်လိုက်ပါသည်။ သူသည် အောက်သို့ငုံ့ကာ ပေါင်နှစ်ဖက်၏ အရွတ်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက် သည်။ ပြင်းထန်လှသော လှုပ်ခါမှုနှင့်အတူ သူသည် သူ့ခွန်အားကို သူ့ပေါင်များမှတဆင့် ဖြန့်ပေးလိုက်သည်။ ရုတ်တရက် သူ့ပေါင်နှစ်ဖက်က အရွတ်များ တိုးတိုးလေး အသံ မြည်လာသည်။
ထို့နောက်, သူသည် သူ့ခြေသလုံးနှင့် ဗိုက်ကို ဆုပ်ကိုင်ရန် လက်ကို အမြန် ပြောင်းလိုက် သည်။ တူညီသော လှုပ်ခါမှုနှင့်အတူ သူသည် လွှတ်ချလိုက်ပြီး သူ့ဗိုက်ကို ဖိကာ ရှေ့သို့ တွန်းထုတ်ပြီး ခြေတစ်လှမ်း တိုးလိုက်ပါသည်။
ပေါင်၊ ခြေသလုံးနှင့် ဝမ်းဗိုက်တွေကို ဆုပ်ကိုင်ထားသည့် ထိုလုပ်ဆောင်ချက်က ခွန်အား စိုက်ထုတ်ကာ ရှေ့ကိုတွန်းထုတ်နေသည့် နွားသိုးတစ်ကောင်နှင့်တူသော်လည်း လွယ်ကူ သည့် ခြေလှမ်းတော့ မဟုတ်ခဲ့ပါဘူး။
၎င်းသည် နွားသိုးနတ်ဆိုးခွန်အားပညာရပ်ရှိ သိုင်းကွက်များထဲမှ "နွားသိုးနတ်ဆိုး ဦးချို ခတ်"ဖြစ်သည်။
ဟုန်ယွိသည် အနည်းငယ် ဆက်တိုက် လှုပ်ရှားမှု ပြုလုပ်ပြီးနောက် သူ၏ ခြေလက်၊ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် နောက်ကျောရှိ ကြွက်သားများ သိသိသာသာ ပူလာသည်ကို ခံစားလိုက်ရသည်။ သူသည် ခွန်အားတွေ ပြည့်နှက်နေသလို ခံစားရသည်။ ထို့ကြောင့် သူသည် အသံကိုထိန်းကာ လျှာကိုကွေးပြီး သွားများကို တင်းတင်းစေ့ကာ အသက်ရှုသွင်းလိုက်သည်။ သူ့လက်သီးတွေကို အာရုံစူးစိုက်ပြီး ရှေ့ကို ထိုးလိုက်သည်။
“ဝှမ်း..”။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်ကြီးများသည် ၎င်းတို့၏ ခွန်အားအချို့ကို သူ၏လက်သီးမှာ စုစည်းထားသကဲ့သို့ ထိုလက်သီးချက်ကြောင့် တုန်ခါသွားသည်။ သူသည် ဖော်မပြနိုင် သော ထုံကျဉ်မှုနှင့် ခွန်အားကို ခံစားခဲ့ရသည်။
“ငါ ကြက်တစ်ကောင်ကို ကိုင်တွယ်ဖို့တောင် ခွန်အားမရှိတဲ့ ပညာရှင် မဟုတ်တော့ဘူး။ ဒီပုံစံအတိုင်း လေ့ကျင့်နေသရွေ့ ငါ ပိုသန်မာလာလိမ့်မယ်။" ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ရှိ ခွန်အားကို ခံစားလိုက်ရသောအခါ ပျော်ရွှင်ကျေနပ်မူကိုပါ ခံစားရလေသည်။ သူသည် ပို၍ပင် သက်တောင့်သက်သာဖြစ်မူကို ခံစားရသည်။
"ပညာရှင်တွေက လေးပစ်နဲ့ ကိုယ်ခံပညာတွေကို လေ့ကျင့်ကြတာ အံ့ဩစရာတော့ မရှိပါ ဘူး။ သန်မာတဲ့ ခန္ဓာကိုယ်က စိတ်ကို အားကောင်းစေပြီး ယုံကြည်မှုလည်း တိုးစေတယ်"
နောက်ဆုံးတွင်, ဟုန်ယွိသည် ပညာရှင်များ အဘယ်ကြောင့် မြားပစ်ခြင်းနှင့် မြင်းစီးခြင်းကို အရေးပါသည့်နေရာအဖြစ် ထားရှိခဲ့ကြသည်ကို နားလည်လာခဲ့သည်။ သန်မာသော ခန္ဓာကိုယ်သည်လည်း လူတစ်ယောက်၏စိတ်ကို ကြံ့ခိုင်စေနိုင်ပါသည်။ သန်မာသော ခန္ဓာကိုယ်သည်လည်း လူတစ်ယောက်၏စိတ်ကို မြှင့်တင်ပေးနိုင်ပါသည်။ သန်မာသော ခန္ဓာကိုယ်သည်လည်း လူတစ်ယောက်၏စိတ်ကို အားဖြည့်ပေးနိုင်ပါသည်။
၎င်းသည် ပင်လယ်ထဲမှာ ရွက်လွှင့်နေသလိုပင်။ အကယ်၍, လှေသာ အနှိုင်းမဲ့ ကြံ့ခိုင်နေ လျှင်, စိတ်က သဘာဝအတိုင်း တည်ငြိမ်နေပါလိမ့်မည်။ လှိုင်းတွေ မည်မျှပင် ပြင်းထန်နေပါစေ, ငါးမျှားစင်ပေါ်မှာ ထိုင်နေ၍ပင် ငါးမျှားနိုင်ပါသည်သေးသည်။
အကယ်၍, လှေက မခိုင်ခန့်ဘူးဆိုရင်တော့ အတည်ငြိမ်ဆုံးစိတ်က လှိုင်းတွေလာသည်နှင့် ကြောက်ရွှံ့နေပါလိမ့်မည်။
စိတ်နှလုံး ရွှင်လန်းမှုအပြည့်ဖြင့် ဟုန်ယွိသည် စားပွဲရှေ့တွင်ထိုင်ကာ ဆက်ဖတ်ရန် သိုင်းကျမ်းကို လှန်လိုက်သည်။
ဤသိုင်းကျမ်းသည် ဒိုင်ဇင်ဘုရားကျောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယန်ယွဲ့ဟုခေါ်သည့် ဘုန်းတော်ကြီး တစ်ပါးက မှတ်သားထားခြင်းဖြစ်သည်။ ၎င်းစာအုပ်သည် မပြည့်မစုံ ဖြစ်ပြီး လက်တွေ့ မလေ့ကျင့်နိုင်သည့် အရာများစွာရှိသော်လည်း အချို့သော နိယာမများကို ရှင်းလင်းစွာ ရှင်းပြထားပါသည်။ ၎င်းစာအုပ်က ဟုန်ယွိကို နွားသိုးနတ်ဆိုးခွန်အား ပညာရပ်ကို နက်နဲစွာ နားလည် သဘောပေါက်နိုင်စေခဲ့သည်။
ထို့အပြင် ဟုန်ယွိသည် လိမ္မာပါးနပ်သူ ဖြစ်သည်။ သူသည် စာရေးဆရာ၏ အဓိပ္ပါယ်ကို စာသားမှတဆင့် ရှာဖွေဖော်ထုတ်ရာတွင် အတော်ဆုံး ဖြစ်သည်။
“ငါ သိုင်းပညာရှင်အဆင့်ကို ရောက်သွားပြီလားဆိုတာ သိချင်မိသား။ ဒါပေမယ့် ငါ မစိုးရိမ် ပါဘူး။ ငါ လေ့ကျင့်တာ အခုမှ လဝက်လောက်ပဲ ရှိသေးတယ်။ ငါ့ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းရန် လေးရက်မှငါးရက်ကြာအထိ ဇိယွဲ့ရဲ့ "အင်မော်တယ်ဝတ်ရည်" ဝိုင်ကို သောက်ခဲ့ပြီး၊ သူရဲ့ ဂရုတစိုက် လမ်းညွှန်မှုနဲ့အတူ ငါ့မှာ အတွေ့အကြုံ အနည်းငယ် ရှိလာပြီ”။
ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်ကြီးများကို တင်းတင်းပြည့်ကျပ်နေသည့်အထိ လေ့ကျင့်ထားပြီးပြီလားဟု တွေးနေမိသည်။ သူသည် စစ်တပ်၏ "ကိုယ်ခံပညာခန်းမ” မှ သတ်မှတ်ထားသော သိုင်းပညာအဆင့်တစ်ခုသို့ ရောက်ရှိခဲ့သည်။
ရုတ်တရက် တည်ငြိမ်သော ခြေသံများက ခြံဝင်းငယ်၏ အဝင်ဝမှ ထွက်ပေါ်လာသည်။
“ငါ့ခြံလေးကို ဘယ်သူ လာတာလဲ။ အဲဒီအစေခံမိန်းကလေး ရှောင်နင်းများ ထပ်ဖြစ်နိုင်မလား”။ ဟုန်ယွိက စက္ကူဖုံးထားသည့် ပြတင်းပေါက်ကို တွန်းဖွင့်ပြီး အပေါ်ကို လှမ်းကြည့် လိုက်သည်။ သူ ချက်ချင်း ထိတ်လန့်သွားပါသည်။
"အိမ်တော်ထိန်း အဘိုးကြီးလား.."
ရောက်လာသူမှာ ဆံပင်ဖြူရောင်နှင့် အနက်ရောင် ဝတ်ထားသော အဘိုးအို ဖြစ်သည်။
ဟုန်ယွိက သူ့ကို မှတ်မိပါသည်။ ဤအဘိုးကြီးသည် စံအိမ်ကြီးတစ်ခုလုံး၏ အုပ်ထိန်းသူ ဖြစ်သည်။ သူသည် ပထမအိမ်တော်ဌာနခွဲ၏ မဒမ်ကျောက်ဘက်တွင် မဟုတ်သလို ဒုတိယအိမ်တော်ဌာနခွဲ၏ ယွန်ထျန်းအိမ်တော် ဘက်တွင်လည်း မရှိပေ။ သူသည် တတိယမြောက် မဒမ်ဘက်တွင်လည်း ရှိမနေခဲ့ပေ။ သူသည် သူ့အဖေ မြို့စားဝူဝမ်၏ တိုက်ရိုက်အမိန့်ကို တာဝန်ယူရသော အိမ်တော်ထိန်းအကြီးကဲ ဖြစ်သည်။
ဟုန်ရွှန်ကျိသည် တားမြစ်မြို့တော်၏ တော်ဝင်နန်းတော်တွင် နိုင်ငံတော် အရေးကိစ္စများကို အလွန်နောက်ကျသည့် အချိန်ထိ ကိုင်တွယ်ချိန်တိုင်းတွင် ဤလူသည် အဝတ်အစားနှင့် အစားအစာများကို ယူဆောင်ပေးရသူ ဖြစ်သည်။
ဟုန်ယွိသည် ပြတင်းပေါက်ကို ကျယ်လောင်စွာ ဖွင့်လိုက်သောအခါတွင် အဘိုးကြီး၏ မျက်လုံးများက ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။ ဟုန်ယွိသည် ပြတင်းပေါက်ကို ဖွင့်လိုက်သည့်အချိန်နှင့် လိုက်လျောညီထွေ ဖြစ်နေပုံရသည်။
ဟုန်ယွိကို မြင်တော့ အဘိုးအိုက သူ့ခြေလှမ်းကို ရပ်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ပြုံးပြကာ “သခင်လေးယွိ, မြို့စားက ပြန်လာပြီးနောက် မင်းကို တွေ့ချင်နေတယ်။ သူ့မှာ ပြောစရာတစ်ခုခု ရှိနေတယ်။”
စံအိမ်ကြီးတစ်ခုလုံးတွင်၊ သူ့အပေါ် ယဉ်ကျေးသိမ်မွေ့သူ တစ်ဦးတည်းသာရှိပြီး၊ ထိုလူမှာလည်း ဤအိမ်တော်ထိန်း အိုကြီး ဖြစ်သည်။
ဟုတ်ပါသည်။ ဤအဘိုးကြီးသည် လူတိုင်းကို ယဉ်ကျေးပါသည်။ နှစ်အတော်ကြာအောင် သူ ဒေါသထွက်နေသည်ကို ဘယ်သူမှ မမြင်ဖူးဘူးဟုပင် ကောလဟာလတွေ ထွက်နေပါ သည်။
“ဘာ…၊ အဖေ ပြန်လာပြီလား..၊ ဘာလို့ ငါ့ကိုတွေ့ချင်တာလဲ။ သူက ငါ့ကို ဘာပြောချင်တာ လဲ။"
ဟုန်ယွိက အရမ်းတုန်လှုပ်သွားပါသည်။ မြို့စားဝူဝမ်သည် သူ့အဖေဖြစ်သော်လည်း သူသည် အကြိမ်အနည်းငယ်သာ တွေ့ဖူးပါသည်။ ထို့အပြင် သူ့တွင် ညီအစ်ကို မောင်နှမ ဆယ်ယောက်ကျော်ရှိပြီး၊ သူသည် အနိမ့်ဆုံး အဆင့်အတန်းနှင့် အထင်ရှားဆုံးသူ ဖြစ်သည်။ ဟုန်ရွှန်ကျိက သူ့ကို စကားပြောဖို့ ခေါ်ခိုင်းခြင်းက မည်သို့ ဖြစ်နိုင်မည်နည်း။
ဟုန်ရွှန်ကျိတွင် ထိုကဲ့သို့သားတစ်ယောက် ရှိနေသေးသည်ကို မသိဟုပင် ဟုန်ယွိသည် တစ်ခါတစ်ရံ သံသယဖြစ်မိသည်။
"လခွမ်း၊ သိုင်းကျမ်းက တားမြစ်ထားတဲ့စာအုပ်ပဲ။ ဒါ့အပြင်၊ ဒီစာအုပ်မှာ ဒိုင်ဇင် ဘုရားကျောင်းရဲ့တံဆိပ်ပါတယ်။ အဖေသိသွားရင်... ကံမကောင်းစွာဘဲ တခြားစာအုပ်တွေ ကောင်းကောင်း သိမ်းထားနိုင်ပေမယ့် ဒီစာအုပ်ကို သိမ်းထားဖို့ နောက်ကျသွားပြီ။”
ဟုန်ယွိသည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် သိုင်းကျမ်းစာအုပ်ကို ကြေးမီးဖိုထဲသို့ ပစ်ချပြီး မီးရှို့ပစ်လိုက်သည်။
ဤစာအုပ်ကို စာသင်ခန်းထဲမှာ ထားခဲ့ခြင်းက မလုံခြုံဘူးဟု သူ ခံစားရပါသည်။ သူ ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်ဝင်လာပြီး ထိုတားမြစ်စာအုပ်ကို တွေ့ရှိသွားပါက သူ အရမ်းကို ဒုက္ခရောက်လိမ့်မည်။
အခု သိမ်းဆည်းဖို့လည်း အရမ်းကို နောက်ကျသွားခဲ့ပြီ။
မြို့စားဝူဝမ် ဟုန်ရွှန်ကျိသည် မိသားစုအား တင်းကြပ်သော ကျင့်ဝတ်များဖြင့် အုပ်ချုပ်သူ ဖြစ်သည်။ စည်းကမ်းတွေက အရမ်းတင်းကျပ်ပါသည်။ တစ်စုံတစ်ယောက်ကို ခေါ်လိုက်ပါက ၎င်းတို့သည် ချက်ချင်းပင် ရောက်ရှိနေရမည်။ မဟုတ်ရင် မိသားစု၏ အပြစ်ပေးခြင်း ခံရပါလိမ့်မည်။
တစ်ခါတုန်းက အဖြစ်ပျက်တစ်ခုကို ဟုန်ယွိ သိထားသည်။ တတိယမဒမ်၏သား ဟုန်ဂီသည် အရက်မူးနေခဲ့သည်။ တိုက်ဆိုင်စွာပင် ဟုန်ရွှန်ကျိက သူ့အိမ်တွေ စစ်ဆေးရန် ပြန်လာခဲ့ပြီး သူ့ကိုခေါ်ရန် တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါသည်။ ဟုန်ဂီသည် အချိန်အတော်ကြာအောင် နောက်ကျနေခဲ့သည်။ နောက်ဆုံးတွင် မိသားစု၏ အပြစ်ပေး ခံရပြီး ခြေထောက်ကျိုးသွားခဲ့သည်။ သူ ပြန်လည်မသက်သာခင် တစ်နှစ်ခွဲလောက် အိပ်ယာပေါ်မှာ လှဲနေခဲ့ရသည်။
ဟုန်ယွိသည် ကြေးမီးဖိုအတွင်း မီးလောင်နေသော စာအုပ်ကို တွေ့လိုက်ရသည်။ သူသည် သူ့အတွေးတွေကို လွှတ်ချလိုက်ပြီး သူ့အဝတ်အစားတွေကို ဖြန့်လိုက်သည်။ သူက တံခါးဖွင့်ပြီး သူ့အဖေကိုတွေ့ရန် အိမ်တော်ထိန်းအိုကြီးနောက်ကနေ လိုက်ပါသွားခဲ့ပါ သည်။
သူ အပြင်ထွက်ခါနီးတွင်၊ ကြေးမီးဖိုထဲရှိ သိုင်းကျမ်း၏ ပြာထဲမှ နက်မှောင်သော ရွှေရောင် စာရွက်တစ်ရွက် ရုတ်တရက် ပေါ်လာသည်။ ၎င်းပေါ်တွင် သေးငယ်သော စာလုံးများ, ရုပ်ပုံများဖြင့် ပြည့်ကျပ်နေပါသည်။ ၎င်းသည် ရွှေသစ်ရွက်ဟု ထင်ရသော်လည်း မီးလောင် ခြင်းမရှိခဲ့ပေ။