← Chapters

ရှေးဟောင်းနယ်ပယ် တံခါးတော်မြတ်၏ နိမိတ်လက္ခဏာများ

Vol. 90 Ch. 1245

ရှေးဟောင်းနယ်ပယ် တံခါးတော်မြတ်၏ နိမိတ်လက္ခဏာများ

Vol. 90 Ch. 1245

လောဘ၏ဝိညာဉ်က ကြောက်လန့်တကြား အော်ဟစ်ရင်း မန်ဟို၏ကိုယ်ထဲမှ ထွက်ဖို့ ကြိုးစားသည်။ သူ့အတွက် ကံဆိုးသည်ကား စတုတ္ထနိဗ္ဗာန်သစ်သီးမှ ထုတ်လွှတ်နေသော စုပ်ယူအားက သူ၏အသက်စွမ်းအားကို လျင်မြန်စွာ ကုန်ခမ်းလာစေလေပြီ။

လောဘအတွက် သူ၏အသက်စွမ်းအားအနှစ်သာရသည် သူ အနှေမြောရဆုံးအရာ ဖြစ်၏။ ၎င်းက သူ့ကို အသက်ရှင်နေစေသည့်အရာ ဖြစ်သလို၊ သူ့ဝိညာဉ်၏ အခြေခံလည်း ဖြစ်သည်။ ၎င်းကြောင့်လည်း သူ့မှာ မန်ဟို့ကိုယ်ထဲမှ ထွက်မရဖြစ်နေတော့သည်။

နောက်ဆုံးတော့ သူက မချိတင်ကဲ ဟိန်းဟောက်၍ ထွက်‌ပြေးဖို့ မကြိုစားတော့ဘဲ မန်ဟို၏ဝိညာဉ်ကို မျက်နှာချင်းဆိုင်ကာ ဝါးမြိုဖို့ ကြိုးစားသည်။ သူ့အနေဖြင့် ထိုမျှသေးငယ်သော အသက်ရှင်မည့် အခွင့်ရေးလေးအတွက် တိုက်ခိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

သို့သော် သူ လှုပ်ရှားလိုက်သည့်အချိန်မှာပင် မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်ရာ သွေးရောင်အလင်းသည် သူ၏တတိယနိဗ္ဗာနသစ်သီးထဲမှ ဖြာထွက်လာ၏။

ထိုသွေးရောင်အလင်းတန်းတွင် ပါရာဂွန်စွမ်းအား ပါရှိလေသည်။ ၎င်းက တဝေါဝေါမြည်လျက် မန်ဟို၏ခန္ဓာကိုယ်တစ်လျှောက် စီးဖြာလာရင်း တုန်ရီနေသော လောဘထံ ပြေးဝင်သွားသည်။ လောဘက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ "ကိုးတံဆိပ် ကိုးတံဆိပ်"

လောဘ၏မျှော်လင့်ချက်တို့ ကုန်ခမ်းသွားခဲ့လေပြီ။ ဤအခိုက်အတန့်တွင် သူ့မှာ ပါရာဂွန်ကိုးတံဆိပ်၏ထောက်ချောက်ထဲ ကျသွားခဲ့သည်ကို မည်ကဲ့သို့ နားမလည်ဘဲ ရှိတော့မည်နည်း။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့ဝိညာဉ်ကို နှစ်ကိုယ်ခွဲခဲ့ခြင်းအား ဘယ်သူမှ မသိရှိခဲ့လောက်ဟု သူ ထင်မှတ်ခဲ့သည်။ အမှန်က ကိုးတံဆိပ်သည် အရာအားလုံးကို တွေ့မြင်ခဲ့၏။

လောဘမှာ ငရဲဘုံ ၃၃ ဘုံထဲသို့ ကျင့်ကြံသူများ ဝင်ရောက်လာကြသော အချိန်တွင်ပင် မည်သူ့ကိုမှ မမြင်ခဲ့ရသည့်အကြောင်းရင်းအား ယခုမှ သူ သိသွားတော့သည်။ သူ့အနေဖြင့် ထိုလူတို့ကို အာရုံတော့ရခဲ့ပြီး ပူးကပ်ဖို့ပင် ကြိုးစားခဲ့ဖူးသည်။ သို့သော် မည်သည့်လက်ခံကောင်ကိုမှ ဝင်မရသည့်အလား တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။

သို့သော် မန်ဟို ရောက်လာခဲ့သည်။ လောဘသည် မန်ဟို့ကို ပူးကပ်ခဲ့ပြီးပြီဟု ယုံကြည်ခဲ့သော်လည်း ၎င်းတို့အားလုံးက သူ့ကို ပို၍ကြီးမားသော အန္တရာယ်ချောက်ထဲ ကျသွားစေခဲ့သည့် ထောင်ချောက်တစ်ခု ဖြစ်ခဲ့ကြောင်း သူ သဘောပေါက်လိုက်လေပြီ။

“ကိုးတံဆိပ်" လောဘ ယူကျုုံးမရ အော်ဟစ်နေစဉ် သူ၏အသက်စွမ်းအားအနှစ်သာရသည် စတုတ္ထနိဗ္ဗာနသစ်သီး၏ အငမ်းမရ စားသုံးခြင်းခံနေရ၏။ လောဘ၏အကူအညီဖြင့် စတုတ္ထနိဗ္ဗာနသစ်သီးမှာ မန်ဟိုနှင့် တစ်ဝက်ကျော် တစ်သားတည်းဖြစ်နေခဲ့လေပြီ။ လောဘ၏ ပေးဆပ်နေမှုကြောင့် ပေါင်းစည်းမှုဖြစ်စဉ်ကား ပို၍ပင် ပြီးမြောက်လာနေသည်။

ရှစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ့်ငါးရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်း

မန်ဟိုနှင့် လောဘမှအပ မည်သူမှမကြားရသော ပေါက်ကွဲသံများ ပဲ့တင်နေသည်။ သူတို့အတွက်တော့ ပေါက်ကွဲသံများသည် အရာခပ်သိမ်းကို ထစ်ချုန်းတုန်ခါစေနိုင်သည့်တိုင်အောင် ပြင်းထန်နေသယောင်ပင်။ လောဘမှာ အသက်စွမ်းအား လျော့နည်းကုန်ခမ်းလာသည်နှင့်အမျှ ရုန်းကန်နိုင်စွမ်း ကင်းမဲ့လာတော့သည်။

အထူးသဖြင့် ပါရာဂွန်သွေး၏ဖိအားကြောင့် သူ့မှာ ကူကယ်ရာမဲ့နေလေပြီ။ မကြာမီ သူသည် ပြန်မတိုက်ခိုက်နိုင်တော့သော အခြေအနေအတွက် ဖိနှိပ်ခံလိုက်ရ၏။ သူ၏အသက်စွမ်းအား အငမ်းမရစုပ်ယူခံနေရပြီး သူ့ဝိညာဉ်မီး ဖြည်းဖြည်းချင်း အားနည်းလာသည်ကိုသာ သူ့မှာ ကြည့်နေနိုင်တော့သည်။

အားလုံးအထဲအဆိုးဆုံးမှာ မန်ဟို၏အပြင်အားကိုယ်က ယခင်ထက် များစွာပို၍ အင်အားကြီးမားနေသည့်အတွက် ခန္ဓာကိုယ်တွင် ဒဏ်ဖြစ်မည်ကို စိုးရိမ်စရာမလိုဘဲ  စတုတ္ထနိဗ္ဗာနသစ်သီးမှ ထုတ်လွှတ်နေသော စုပ်ယူအားသည် အကန့်အသတ်မရှိ ကြီးထွားနိုင်နေခြင်း ဖြစ်၏။

“ငါ ဒါကို လက်မခံနိုင်ဘူး။ လက်မခံနိုင်ဘူး။ ငါ့မှာ နှစ်နဲ့ချီ ပြင်ဆင်နေခဲ့ရသလို ငါ့ ဝိညာဉ်ကို နှစ်ကိုယ်ခွဲရတဲ့ နာကျင်မှုကိုလည်း တောင့်ခံခဲ့တယ်။ ဘာအတွက်လဲ သိလား... လွတ်လပ်ဖို့လေးအတွက်ကွ။ ငါ လွတ်ဖို့ တော်တော်ကို နီးစပ်နေခဲ့ပြီကွ” လောဘ၏ ခံပြင်းပြင်းအော်သံများက မန်ဟို၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ မန်ဟို၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး စတုတ္ထနိဗ္ဗာနသစ်သီး၏ပုံရိပ်က တဖျပ်ဖျပ် တောက်ပလျက် သူ့နဖူးပေါ်တွင် ပေါ်လာသည်။ မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်လှိုင်းသည် သူ့ကိုယ်ထဲ ပြည့်သျှံလျက် အပြင်သို့ ဖြာထွက်သွား၏။

လောဘမှာ နိဗ္ဗာနသစ်သီးထဲသို့ စုပ်ယူခံလိုက်ရသဖြင့် မန်ဟိုသည် .... လောဘ၏မှတ်ဉာဏ်များကို ရရှိသွားလေသည်။ ၎င်းတို့က အကောင်းပကတိအတိုင်း မရှိတော့ဘဲ ဝေဝါးဝါးနေရာများစွာ ရှိနေသော်လည်း မန်ဟို့ကို အင်မတန် တုန်လှုပ်သွားစေသေးသည်။

လောဘ၏မှတ်ဉာဏ်များအပြင် လောဘ စောစောက ဝိညာဉ်ဖွေရှာခဲ့သော .... ရွှမ်တောက်စစ်၏မှတ်ဉာဏ်များကိုလည်း သူ ရရှိခဲ့သည်။ ထိုပုံရိပ်များက ပူပူနွေးနွေးဖြစ်၍ မန်ဟို၏ ဖမ်းယူခြင်းကို ချက်ချင်း ခံလိုက်ရ၏။

ဤအခိုက်အတန့်တွင် သူ၏စတုတ္ထနိဗ္ဗာနသစ်သီးက ၉၀ ရာခိုင်နှုန်း စုပ်ယူပြီးသော အခြေအနေသို့ ရောက်ရှိသွားလေပြီ။ လောဘ၏ အသက်စွမ်းအားအနှစ်သာရမှာမူ အမျှင်လေးတစ်မျှင်သာ ကျန်ရှိတော့သည်။

"ငါ ငါ့ရဲ့အနှစ်သာရနဲ့ ဒီခန္ဓာကိုယ်ကို ပြန်တည်ဆောက်ခဲ့ရတာ။ သန်မာ‌လာအောင်လည်း လုပ်ပေးခဲ့ရတယ်။ ကျင့်ကြံခြင်းအခြေခံရောပဲ။ တာအိုသစ်သီး ထွက်မလာနိုင်အောင်တောင် ချိတ်ပိတ်ပေးခဲ့ရတာ။ ငါက သူ့မှော်ပစ္စည်းတွေကို ပြုပြင်ပြောင်းလဲပေးခဲ့တဲ့လူ ဘာကိုမှ ထိမ်ချန်ခဲ့တာမဟုတ်ဘူး...

"သူ့ရဲ့ရန်သူတွေကိုလည်း သတ်ပြီး သူ စုပ်ယူလို့ရနိုင်တဲ့ အသက်စွမ်းအားတွေအဖြစ် ပြောင်းလဲပေးခဲ့ရတယ်။  ငါ ... ငါ ... ငါ ဒါကို လက်မခံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဟိုခွေးမသား ငါ့ကို ကျောခဲ့တာ ထားဦး။ ဒါပေမဲ့ အခု မန်ဟိုကလည်း အဲ့ဒီလိုမျိုးတစ်ပုံစံတည်း လုပ်နေတယ်တဲ့လား"  သူ၏အရှိန်အဝါ မှေးမှိန်ပျောက်ကွယ်နေစဉ် လောဘသည် ခါးသီးစွာ ရယ်နေ၏။ သူ၏ရုန်းကန်မှုက ရပ်တန့်သွားပြီး သူ့မှာ မန်ဟို့ကိုယ်ထဲရှိ ပါရာဂွန်သွေး၏ ဖယ်ရှားခြင်း ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် ကျောက်တိုင်ကိုးတိုင်၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော အလောင်းက ဆတ်ခနဲ အကြောဆွဲသွား၏။ ထိုအလောင်းတွင် အသက်စွမ်းအား ပြန်ပြည့်လာခြင်းမဟုတ်ဘဲ ၎င်းနဖူးပေါ်ရှိ အပြာရောင်နေက ၎င်းတစ်ကိုယ်လုံးကို တုန်ရီနေစေရင်း လှုပ်ခါနေ‌သည့်အတွက်ကြောင့်ပင်။

လောဘ၏ နောက်ဆုံး အသက်စွမ်းအားအနှစ်သာရအမျှင် စတုတ္ထနိဗ္ဗာန်သစ်သီး၏ စုပ်ယူခြင်းခံလိုက်ရသည့်အခါ၊ လောဘဝိညာဉ်၏နောက်ဆုံးဝိညာဉ်လက်ကျန် ပါရာဂွန်သွေး၏ဖယ်ရှားခြင်းခံလိုက်ရသည့်အခါ .... လောဘ၏အော်သံများသည် တိခနဲ ရပ်တန့်သွား၏။ သူကား အရှင်းသန့်စင်ခံလိုက်ရလေပြီ။

ထိုအခိုက်အတန့်တွင် အလောင်းအပေါ်ရှိ အပြာရောင်နေသည် စူးရှတောက်ပသော အလင်းရောင်ကို ဖြန့်ကျက်လိုက်၏။ ထို့နောက် ရုတ်တရက် မှိန်ကျသွားသည်။ သို့သော် ထိုသို့ ဖြစ်ပျက်သွားစဉ် နေ၏အတွင်း၌ မျက်နှာတစ်ဖက် ပေါ်လာသည်။ မျက်နှာထဲတွင် ပျံဝဲနေသည်ကား .... လောဘမှတစ်ပါး အခြားမဟုတ်ပေ။

သူ၏မျက်လုံးများက ပိတ်နေခဲ့သော်လည်း ယခုတွင် ဖျတ်ခနဲ ပွင့်လာပြီး ခေါင်းမာသော အငွေ့အသက်များကို ထုတ်လွှတ်လျက် မန်ဟို့ကို မုန်းမုန်းတီးတီး ကြည့်နေသည်။ သူသည် ပါးစပ်ကြီးကိုပင် ဟ၍ အသံမဲ့နေသော ဟိန်းဟောက်သံပြုလိုက်၏။

မန်ဟိုနှင့်ပါရာဂွန်ကိုးတံဆိပ်အပေါ် သူ၏မုန်းတီးမှုကား ထိပ်ဆုံးအထိ ရောက်ရှိသွားခဲ့လေပြီ။

သူသည် မန်ဟို့ကို ထူးကဲသောကံကြမ္မာကောင်းအား ပေးခဲ့‌သော်လည်း မန်ဟို၏ဝါးမြိုခြင်းသာ ခံခဲ့ရသည်။ မှန်သည်၊ ဝါးမြိုခံလိုက်ရသည်မှာ လောဘဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ ဝိညာဉ်တစ်ကိုယ်လုံး မဟုတ်ပေ။ ကျန်ဝိညာဉ်အစိတ်အပိုင်းက ထိုအပြာရောင်နေအတွင်း၌ တည်ရှိနေသည်။

ပါရာဂွန်ကိုးတံဆိပ်၏ ချုပ်နှောင်ခံခဲ့ရတုန်းက သူသည် သူ၏ဝိညာဉ်ကို နှစ်ကိုယ်ခွဲခဲ့၏။ တစ်ကိုယ်က အတွင်းတွင် ကျန်ရှိခဲ့ပြီး တစ်ကိုယ်က အပြင်သို့ ထွက်သွားခဲ့သည်။ အပြင်သို့ ထွက်သွားခဲ့သော ထိုအပိုင်းက မန်ဟို၏စုပ်ယူခြင်းကို ခံခဲ့ရရာ လောဘအား ကုစားမရသောဒဏ်ရာ ရရှိသွားစေခဲ့သည်။

အမှန်တွင် ပါရာဂွန်ကိုးတံဆိပ်ကြောင့် ရခဲ့သော ဒဏ်ရာများပင်လျှင် ဤမျှ မပြင်းထန်ခဲ့ပေ။

ဝိညာဉ်တစ်ပိုင်းသာ ရှိတော့ခြင်းက သူ၏အသက်စွမ်းအားအနှစ်သာရလည်း တစ်ဝက်ကုန်ခမ်းသွားခဲ့ပြီဟု ဆိုလိုသည်။ လောဘအတွက်တော့ ၎င်းသည် သူ၏အသက်တစ်ဝက်နှင့် တူ၏။

အပြာရောင်နေ၏အတွင်းရှိ လောဘ၏မျက်နှာကြီး အသံမဲ့ဟိန်းဟောက်လိုက်သည့်အချိန်မှာပင် မန်ဟိုက တုန်ရီသွားပြီး စတုတ္ထနိဗ္ဗာနသစ်သီး၏ လင်းလက်နေသော ပုံရိပ်သည် သူ့နဖူးထက်တွင် ပေါ်လာသည်။ ယခုတွင် ၎င်းမှာ အပြည့်နီးပါး စုပ်ယူခံထားရလေပြီ။

သို့သော် နီးပါးသာ... အပြည့်အ၀ စုပ်ယူခံရဖို့ အနည်းငယ်လိုနေသေးသည်။

ရာခိုင်နှုန်းက ကိုးဆယ်ရာခိုင်နှုန်းဖြစ်သည်။ နောက်ဆုံး‌ဆယ်ရာခိုင်နှုန်းအတွက် အချိန်လိုအပ်၏၊ အသက်စွမ်းအားတစ်ပုံတစ်ခေါင်းတော့ မလိုတော့။ မန်ဟို ခံစားနေရသည်အရ အလွန်ဆုံး လအနည်းငယ်အတွင်း …. သူ ရှေးဟောင်းနယ်ပယ်သို့ ၀င်ရောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

တစ်ချိန်တည်းမှာပင် ယခင်ထက် များစွာ အစွမ်းထက်နေပြီဖြစ်သော သူ၏ကျင့်ကြံခြင်းအခြေခံမှ တဝုန်းဝုန်း မြည်သံများကိုလည်း သူ ခံစားလိုက်ရသည်။ တာအိုသခင်အဆင့် ရန်သူများကို ရင်ဆိုင်ရလျှင်ပင် သူတို့ကို ထိပ်တိုက်တိုက်ခိုက်နိုင်ရုံတင်မကပဲ အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် ရှိနေသည်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်က သူ့ကိုယ်ထဲတွင် တပွက်ပွက်ဆူနေသော လောကပါလတာအိုအင်မော်တယ်သွေးသည် န၀မတောင်ပေါ်ရှိ ဖန်မျိုးနွယ်စုအပေါ်လည်း သက်ရောက်၏။

ထိုနေ့တွင် ဖန်မျိုးနွယ်ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်ထဲရှိ တာအိုသစ်စေ့တို့ အသက်၀င်လာသည်။ တချို့၏ သွေးများဆိုလျှင် လောကပါလအင်မော်တယ်အစပျိုးအဆင့်သို့ ရောက်သည်အထိပင် နိုးထလာခဲ့သည်။

ထိုနေ့တွင် ဖန်မျိုးနွယ်စု၏အင်အားသည် အဆင့်တစ်ဆင့်လုံး တိုးတက်သွားခဲ့၏။ ထိုနေ့တွင် ဖန်မျိုးနွယ်စုတစ်စုလုံး အံ့ဩတုန်လှုပ်သွားကြပြီး ဖန်မျိုးနွယ်၀င်အားလုံး ရင်သပ်ရှုမောကြရလေသည်။ ထိုနေ့တွင် ဖန်ရှုတောက်သည် ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွား၏။

တစ်ရက်တည်းနှင့် ဖန်မျိုးနွယ်စုကား အဆများစွာ အင်အားကြီးမားလာခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် အဝေးရှိ အဋ္ဌမတောင်ပင်လယ်တွင် ခမ်းနားကြီးကျယ်သော အရှိန်အဝါတစ်ခု တဖွေးဖွေး လှုပ်နေသည်ကို ဖန်မျိုးနွယ်ဝင်များ ခံစားလိုက်ကြရသည်။

ထိုအရှိန်အဝါက .... မန်ဟိုဖြစ်သည်။

မန်ဟို၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ၎င်းတို့၏ အတွင်းပိုင်းထဲတွင် ကြယ်တာရာများ ငုပ်လျှိုးနေသယောင် ထင်ရ၏။ အနီးကပ်ကြည့်ပါက ၎င်းတို့ထဲတွင် နတ်ဘုရားအာရုံအမျိုးအစားအားလုံးကို စုပ်ယူနိုင်သော ဝဲဂယက်များ ရှိနေသည့်အလား ထင်ရလေသည်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်က လောဘ၏မိုးကြိုးအနှစ်သာရမှတစ်ပါး အခြားမဟုတ်သော မိုးကြိုးများသည် သူ့ပတ်ပတ်လည်တွင် ကခုန်နေခြင်းဖြစ်၏။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ရလဒ်အနေဖြင့် သင်္ချိုင်းထဲရှိ အရှိန်အဝါအားလုံးသည် ‌တဝေါဝေါ လည်၍ သူ့ထံသို့ စီးဆင်းစပြုလာ၏။

မန်ဟိုကား ထခုန်မိမတတ် မြူးထူးပျော်ရွှင်နေမိတော့သည်။ သူသည် လက်သီးဆုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်ထဲမှ ခံစားလိုက်ရသော ခွန်အားမှာ ယခင်ထက် အဆများစွာပို၍ ကြီးမားနေကြောင်း တွေ့ရှိလိုက်ရ၏။

သူ့အရိုးများ၏ တိုးတက်လာမှုနှင့် ၎င်းတို့ မည်မျှကြောက်စရာကောင်းလောက်အောင် ခိုင်မာနေသလဲ သူ ခံစားလိုက်ရသည်။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများလည်း အလားတူဖြစ်ကာ အရေးအကြီးဆုံးဖြစ်သည့် သူ့သွေးလည်း ထိုနည်းတူပင်။ လောဘမှာ သူ့သွေးကို သန့်စင်ဖို့ စိတ်ကူး၍ပင်မကြည့်နိုင်သောအဖိုးအခကို ပေးဆပ်ခဲ့ရသည်မဟုတ်ပါလော။ ယခုတွင် သူ့သွေးစက်တစ်စက်စီတိုင်းတွင် အံ့မခန်းလိလိစွမ်းအားများ ပြည့်နှက်နေလေပြီ။

ယခုအချိန်တွင် သူသည် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ဖို့ ကျင့်ကြံခြင်းအခြေခံကို အသုံးပြုစရာမလိုတော့။ သူ၏အပြင်အားကိုယ်တစ်ခုတည်းဖြင့် တိုက်ခိုက်နိုင်ပြီဖြစ်၏။

အမှန်တွင် တတ်သာတတ်နိုင်ပါက သူ့ခန္ဓာကိုယ်ကို တာအိုနယ်ပယ်ရတနာတစ်ပါးအဖြစ် သန့်စင်လိုမည့် အစွမ်းထက်ပညာရှင်တချို့ပင် သေချာပေါက် ရှိလာလိမ့်မည်။

မန်ဟိုက တဟားဟား ရယ်လိုက်သည်။ သူ့အမြင်တွင် ဤလောဘကား အမှန်တကယ် သဘောမနောကောင်းသော လူတစ်ယောက် ဖြစ်လာ၏။

လောဘသည် သူ့အပြင်အားကိုယ်ကိုသာမက သူ့ကျင့်ကြံခြင်းအခြေခံကိုလည်း အဆင့်မြှင့်ပေးခဲ့ရာ မန်ဟို့အပြုံးကား နားရွက်ပင် တက်ချိတ်ပေတော့မည်။ သူက သူ့နဖူးကို ပွတ်သပ်ရင်း လောဘ၏ကျေးဇူးကြောင့် စတုတ္ထနိဗ္ဗာနသစ်သီးနှင့်ပတ်သက်၍ မည်မျှအချိန်သက်သာခဲ့သည်ကို စဉ်းစားကြည့်လိုက်သည်။ ရုတ်တရက် သူ့မှာ လွန်စွာကျေးဇူးတင်သွားမိ၏။ လောဘသာ သစ်သီးကို သူ့နဖူးထဲ၌ အတင်းအဓမ္မ မပိတ်လှောင်ခဲ့လျှင် သူ့ခန္ဓာကိုယ်ကို ပြန်ရခဲ့လျှင်တောင်မှ သူ၏ကျင့်ကြံခြင်းအခြေခံတိုးတက်မှုမှာ ရင်သပ်ရှုမောဖွယ်ကောင်းလိမ့်မည်မဟုတ်ပေ။

“ဘယ်လောက်သဘောကောင်းလိုက်တဲ့ လူလဲကွာ” မန်ဟိုက ပြောသည်။ သူသည် နှုတ်ခမ်းပါးနားသပ်ရင်း ပြုံးပြီးနောက် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ အထဲရှိ အရာများကို မြင်လျှင် သူ့မျက်လုံးများ လင်းလက်သွားပြီး သူ့အသက်ရှူသံများ မြန်လာတော့သည်။ သူသည် နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားခဲ့သော လှံရှည်နှင့် ထပ်နေသောဓားများကို ထုတ်လိုက်၏။ သူ လှံရှည်ကို ဝင့်ရမ်းလိုက်လျှင် နဂါးက ဟိန်းဟောက်လိုက်သည်။ ယခုတွင် ၎င်းထံမှ ထုတ်လွှတ်နေသော ဖိအားသည် မန်ဟိုတွက်ချက်ကြည့်ရသလောက် သူ့နဖူးကို ပွတ်သပ်လိုက်သည်။ ၎င်း၏မူလစွမ်းအားထက် ဆယ်ဆကျော်ကြီးမားနေလေပြီ။

ထပ်နေသောဓားများမှာမူ ၎င်းတို့ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါသည် ပို၍အားကောင်းလာခဲ့၏။

သူ့မှာ ရုတ်တရက် သူ့သိုလှောင်အိတ်ထဲတွင် မှော်ပစ္စည်းနည်းနည်းပါးပါး ထပ်မချန်ခဲ့မိသည်ကို နောင်တရသွားတော့သည်။ ဤသို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် သေချာပေါက် အများကြီး ချန်ခဲ့မိလိမ့်မည်....

ထို့နောက် သူက သူ့ခေါင်းပေါ်တွင် ဝဲနေသော မိုးကြိုးဒယ်အိုးကို မော့ကြည့်ပြီး မျက်လုံးများ တောက်ပလာသည်။

“ပွပြီ” သူက ရေရွတ်လိုက်သည်။ “ဒီတစ်ခေါက်တော့ ငါ တကယ် ပွပေါက်တိုးတာပဲ.... ငါ့ ခန္ဓာကိုယ်ကို ငှားပေးတာက အခုလိုအမြတ်ထွက်မယ်ဆိုတာ စောစောကတည်းက သိခဲ့ရမှာ။ အခုကစပြီး ဒီခန္ဓာကိုယ်ကို မကြာခဏ ငှားပေးရမယ်....” ထို့နောက် သူက အလောင်း၏နဖူးပေါ်ရှိ အပြာရောင်နေနှင့် ထိုအထဲက လောဘ၏မျက်နှာကို လှမ်းကြည့်လိုက်သည်။ လောဘမှာ အပြင်အားကိုယ်ကြောင့် မန်ဟို အူမြူးနေပုံ၊ ကျင့်ကြံခြင်းအခြေခံ၏ပြောင်းလဲမှုများကြောင့် မန်ဟို စိတ်လှုပ်ရှားနေပုံနှင့် သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကြောင့် မန်ဟို ပျော်ရွှင်နေပုံတို့ကို ကြည့်ရင်း ရူးချင်နေတော့သည်။

နောက်ဆုံးတော့ လောဘခမျာ သည်းမခံနိုင်တော့၍ ခံပြင်းစွာ အော်လိုက်လေသည်။ သူ့မှာ ရင်ကွဲနာကျနေပြီး နောင်တလည်း အကြီးအကျယ် ရနေသည်။

“ငါ့ဟာတွေ၊ အဲဒါတွေအားလုံး ငါ့အပိုင် ဖြစ်လာရမှာ.....

“အဲဒီခန္ဓာကိုယ်ကို သန့်စင်ဖို့ ငါ့မှာ အများကြီးပေးဆပ်ခဲ့ရတာကွ။ အဲဒီကျင့်ကြံခြင်းအခြေခံကို အဆင့်မြှင့်ဖို့ ငါ့ရဲ့အနှစ်သာရတွေအများကြီး သုံးခဲ့ရတာကွ။ ပြီးတော့ အဲဒီမှော်ပစ္စည်းတွေကိုလည်း ငါ့တစ်ယောက်တည်းပဲ ချိတ်ဖွင့်ပေးနိုင်တာ... ငါ့ဟာတွေ။ အကုန်လုံးက ငါ့အပိုင်ဖြစ်လာရမှာလို့........"

All Chapters