အခန်း (၁၅-၁၇)
Vol. 2 Ch. 15-17
အပိုင်း (၁၅)။
သူတို့သည် ရှည်လျားသောစင်္ကြံများနှင့် လှေကားထစ်အနည်းငယ်ကို ဖြတ်ကျော်သွားကြသည်။
ပန်းခြံကြီးအချို့၊ ရေကန်ကြီး အနည်းငယ်နှင့် နံရံပေါ်ရှိ တံခါးဝိုင်း ဆယ်ပေါက်ကျော်ကျော်ကို ဖြတ်ကျော်ကာ အိမ်တော်ထိန်းအိုကြီး၏ နောက်သို့ လိုက်ပါလာရင်း၊ ဟုန်ယွိသည် အိမ်အလယ်ရှိ ပင်မအိမ်သို့ မရောက်မီ ထမင်းတစ်နပ် စားချိန်နီးပါး အချိန်ယူလိုက်ရလေသည်။
"မြင့်မြတ်သော အိမ်တော်ထဲသို့ သင်ဝင်သည်နှင့်၊ သင်သည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်" ဤစကားစုသည် မြို့စားဝူဝမ်၏နေအိမ်တွင် အကောင်းဆုံး လက်ရာဖြစ်သည်။
လမ်းကို ဦးဆောင်သည့် အိမ်တော်ထိန်းအိုကြီး မပါဘဲ ဟုန်ယွိတစ်ယောက်တည်းသာဆို လျှင်, သူသည် ကျိန်းသေပေါက် လမ်းပျောက်ပြီး၊ ဘာလုပ်ရမှန်း မသိနိုင်လောက်ပေ။
သေချာသည်မှာ, ယင်းကတည်း သူသည် ခြံဝန်းကြီး၏ အစွန်းဆုံးထောင့်တစ်နေရာမှာ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ပြီး၊ စံအိမ်ကြီးတဝိုက်ကို လျှောက်မသွားသောကြောင့် ဖြစ်ပါသည်။
သူ့အခြေအနေအရ, သူသည် စံအိမ်ကြီးအတွင်းမှာ အလွန်အကျွံ လမ်းမလျှောက်နိုင်ပေ။
သူ့မှတ်ဉာဏ်တွေအရ သူသည် ငယ်ရွယ်စဉ်က သူ့မိခင်နှင့်အတူ ဤပင်မနေအိမ်သို့ ရောက်ခဲ့ဖူးသည်။ ဓားနှင့်ရေခဲကဲ့သို့ အေးစက်သော မြို့စားစံအိမ်သည် သူ့အိမ် မဟုတ်ပေ။
"ငါ ဘာလို့ နည်းနည်း စိတ်မတည်မငြိမ် ဖြစ်နေရတာလဲ”
ပင်မစံအိမ်သို့ မရောက်မီတွင် ဟုန်ယွိသည် ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ့အဖေ မြို့စားဝူဝမ်၏ ဩဇာအာဏာက အလွန် ပြင်းထန်လွန်းသော ကြောင့်ဖြစ်ကြောင်း သူ သိပါသည်။ သူ့ကို ဤနေရာကို ရုတ်တရက် ခေါ်ခံရချိန်မှာ, သူ ဘာပြောရမှန်း မသိပါဘူး။
“ပညာရှင်တစ်ယောက်ဟာ တည်ငြိမ်နေဖို့ လိုတယ်။ သူတို့ရှေ့မှာ တောင်ကြီး ပြိုကျရင် တောင် သူတို့ရဲ့အမူအရာက ပြောင်းလဲမှာ မဟုတ်ဘူး။" ဟုန်ယွိက သူ့ကိုယ်သူ တွေးလိုက်ပါသည်။ စိုးရွှံ့ထိတ်လန့်နေသော စိတ်အခြေအနေကို ငြိမ်သက်စေပြီး အိမ်တော်ထိန်း အိုကြီးနောက်မှ ပင်မစံအိမ်သို့ လိုက်သွားခဲ့သည်။
စံအိမ်ကြီး၏ ပင်မနေအိမ်ကို ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်။ ကြမ်းပြင်ကို ထုံးကျောက်ဖြင့် ခင်းထားသည်။ ၎င်းသည် မှန်ကဲ့သို့ ချောမွေ့ပြီး သံမဏိကဲ့သို့ မာကျောသည်။
ပင်မစံအိမ်၏ ပင်မနေထိုင်ရာ ခန်းမဆောင်တွင် ရှေးဟောင်းမဟော်ဂနီ ကုလားထိုင်များ တန်းစီထားသည်။ အလယ်ဗဟိုတွင် စာလုံးကြီး တစ်လုံး ရှိနေသည်။ ထိုစာလုံးသည် သပ်ရပ် ဖြောင့်စင်းပြီး စည်းကမ်းများကို လိုက်နာစေသော ဖိအားများကို ပေးဆောင်နေ သည်။
၎င်းသည် "လီ" ဟူသော စာလုံးဖြစ်သည်။
"လီ" ဟူသော စကားလုံး၏ အောက်တွင် လူလေးငါးဦးခန့် အံဝင်ခွင်ကျ လဲလျောင်းနိုင်သည့် အနီရောင် စန္ဒကူးသား စားပွဲကြီးတစ်ခုရှိနေသည်။
စားပွဲပေါ်တွင် ပစ္စည်းများ အများအပြား တင်ထားသည်။ ၎င်းတို့အားလုံးကို အဝါရောင် ဖျော့ဖျော့ ဖဲသာအဝတ်ဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတို့သည် ဧကရာဇ်မင်းမြတ် အပ်နှင်းထားသော ပစ္စည်းများဖြစ်ကြောင်း ထင်ရှားပါသည်။ ၎င်းတို့ကို အမွှေးနံ့သာတိုင် ဖြင့် ပူဇော်ထားသည်။
စားပွဲ၏ဘယ်ဘက်ရှိ ကုလားထိုင်ကြီးပေါ်တွင် ပိုးသားဝတ်ရုံနှင့် ခရမ်းရောင် ရွှေသရဖူကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ထိုင်နေသည်။
ဤလူ၏ နားသယ်အမွှေးများသည် အနည်းငယ် ဖြူနေသည်။ သူ့လက်တွေက ကုလား ထိုင်ကြီး၏ လက်ရန်းပေါ်မှာ ဖိထားပါသည်။ ၎င်းလက်ရန်များသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး ဖုန်မှုန့်အမှုန်အမွှားများပင် ကင်းစင်သည်။ သူသည် အဆုံးမရှိသော စွမ်းအားကို ဆုပ်ကိုင်ထားသည်ဟူသော ခံစားချက်ကို ထုတ်ဖော်နေခဲ့သည်။
ဤလူထိုင်သည့် နေရာတိုင်းတွင် လူများက သူ့ကို တိုက်ရိုက် မကြည့်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဘုန်းအာနုဘော်ကို ပိုင်ဆိုင်ထားပါသည်။ သူတို့သည် နာခံမှုဖြင့်သာ ခေါင်းငုံ့နေနိုင်ကြသည်။
သူသည် ဝူဝမ်မြို့စားစံအိမ်တစ်ခုလုံး၏ အစစ်မှန်ပိုင်ရှင်, အင်ပါယာတရားရုံ၏ ထောက် တိုင်, တော်ဝင်ချန်မင်းဆက်၏ သိုင်းသူတော်စင် မြို့စားဝူဝမ် ဟုန်ရွှန်ကျိ ဖြစ်ပါသည်။
“ဟုန်ယွိ ၊ ညာဘက်မှာ ရပ်လိုက်ပါ။ ငါ မင်းကို ပြောစရာရှိတယ်။”
မြို့စားဝူဝမ်က ဟုန်ယွိကို ခေါ်ဆောင်လာသည့် အိမ်တော်ထိန်းအိုကြီးကို ညွှန်ပြလိုက် သည်။
ဟုန်ယွိက တုံ့ပြန်ပြီး ခန်းမ၏ညာဘက်ခြမ်းကို လျှောက်သွားသည်။ သူက ကြည်လင်သော အသံဖြင့် ပြောသည် “အဖေ, အဖေ့မှာ ဘာအမိန့်ပေးစရာရှိလို့လဲ”။
"ဟင်..”
ဟုန်ယွိ စကားပြောနေစဉ် တံခါးဝထောင့်သို့ ဆုတ်ခွာသွားသော အိမ်တော်ထိန်း အိုကြီးသည် သူ့မျက်လုံးများတွင် အံ့ဩသော အကြည့်ဖြင့် ကြည့်နေလေသည်။ ဟုန်ယွိ၏ တည်ငြိမ်မူအတွက် သူ အနည်းငယ် အံ့ဩသွားပုံရသည်။ လက်ထပ်ပြီးသော မြို့စားစံအိမ်ရှိ အကြီးဆုံးသားကြီးများပင်လျှင် ဟုန်ရွှန်ကျိ၏ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး ကျယ်လောင်စွာပင် အသက်မရှုဝံ့ပေ။
"မင်းက မင်းသမီးရုန်ချွန်းအတွက် ကဗျာတစ်ပုဒ်ကို ကာတွန်းပုံစံစာလုံးနဲ့ ရေးပေးခဲ့တယ်လို့ ငါကြားတယ်။ မင်း ဘာကြောင့် မှန်ကန်စွာ မရေးခဲ့တာလဲ။ မင်းရဲ့ စာပေနဲ့ ကဗျာဆန်တဲ့ အရည်အချင်းတွေကို ထုတ်ပြသဖို့ ကြိုးစားနေတာလား။ မင်းက ကျမ်းဂန်တွေကို ဖတ်ရမယ့် အစား ဒီလိုကောက်ကျစ်တဲ့အကျင့်ကို လုပ်နေတာလား။"
မြို့စားဝူဝမ်က စိတ်မဝင်စားသည့် အသံဖြင့် ပြောလိုက်ပါသည်။ သူ့လေသံက အလွန် အေးစက်ပြီး ကြားရသည့်လူတွေကို တုန်လှုပ်စေသည်။
ဟုန်ယွိသည် သူ့ရှေ့မှာ တောင်ပြိုကျရင်တောင် သူ့အမူအရာက မပြောင်းလဲသည့် ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူသည် အေးစိမ့်ပြီး ချွေးအေးတွေ ထွက်လာပါ သည်။
"ဟင့်.."
ဟုန်ယွိက သူ့ကို ပြန်မဖြေသည်ကို မြင်တော့ မြို့စားဝူဝမ်က အေးစက်စက် နှာခေါင်းရှုံ့ သည်။
ထိုအေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ ခန်းမတွင်းရှိ အပူချိန်က ရုတ်တရက် ပြုတ်ကျ သွားပုံရပါသည်။ ဟုန်ယွိသည် သူ့ခြေသလုံးများ ပျော့လာပြီး၊ သူ့တကိုယ်လုံး ပြိုလဲလု မတတ် ခံစားလိုက်ရပါသည်။
အကယ်၍, သူသည် နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကို လေ့ကျင့်ထားပြီး၊ သူ့ခန္ဓာကိုယ်သာ မသန်မာလာပါက, သူသည် မြို့စားဝူဝမ်၏ ဘုန်းအာနုဘော်ရှေ့မှာ ပြိုလဲကျသွား လောက်သည်။
“အဖေပြောတာ မှန်ပါတယ်။ သား နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး”။
ဟုန်ယွိက ခေါင်းငုံ့လိုက်သည်။
ဟုန်ရွှန်ကျိ၏ရှေ့မှာ ပြန်လည်ချေပရန် နည်းလမ်းမရှိသည်ကို သူ သိပါသည်။ ဟုန်ရွှန်ကျိ ၏ အကြောင်းပြချက်က မှန်ကန်နေပြီး၊ သူ ဝန်ခံရုံသာရှိပါသည်။
မြို့စားဝူဝမ်သည် စည်းကမ်းနှင့်ပတ်သက်ပြီး အထူးကျော်ကြားသူ ဖြစ်သည်။ အကယ်၍, သူ ပြန်လည်ချေပမည်ဆိုလျှင်, အပေါ့ပါးဆုံး ပြစ်ဒဏ်အဖြစ် သူ့ခြေထောက်တစ်ချောင်း ချိုးခံရနိုင်သည်ကို ဟုန်ယွိ သိသည်။ အကယ်၍, အကြီးလေးဆုံး ပြစ်ဒဏ်ဖြစ်မှာက, သူသည် မိသားစုစည်းမျဉ်းအတိုင်း သေသည်အထိ ရိုက်နှက်ခံရလိမ့်မည်။ ထိုစည်းမျဉ်း သည် သူတစ်ယောက်တည်းအတွက်သာမဟုတ်, ပထမမဒမ်၏ သားအကြီးဆုံးလည်း အတူတူပင်။
မြို့စားဝူဝမ်စံအိမ်သည် စည်းကမ်းတပ်ကြပ်သည်။ အင်ပါယာနန်းတွင်း၌ပင် ကျော်ကြားခဲ့ ပြီး အရာရှိအချို့က ချီးကျူးခဲ့ကြသည်။
“ဟင့်”။
မြို့စားဝူဝမ်က နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်ပြီး၊ ယခုတစ်ကြိမ်မှာတော့ အေးစက်ခြင်း မရှိပေ။ သူလေသံက ပိုမိုသိမ်မွေ့လာသည်။ ခန်းမအတွင်းရှိ ပူချိန်က ရုတ်တရက် ပြန်လည် မြင့်တက်လာပြီး၊ သူ့ခြေသလုံးတွေက ချုပ်နှောင်ခံရခြင်းမျိုး မရှိတော့ကြောင့် ဟုန်ယွိ ခံစားလိုက်ရပါသည်။
“မင်းက မိသားစု စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့တယ်။ မူလက မင်းကို ကြိမ်ဒဏ် အချက် ၂၀ ရိုက်နှက်ချင်ပေမယ့် မင်းက ပညာရှင် တစ်ယောက် ဖြစ်တယ်။ ဒါ့အပြင်၊ ပြည်နယ်စာမေးပွဲတွေကိုနွေဦးပေါက်ရာသီးမှာ ကျင်းပလိမ့်မယ်။ နိုင်ငံအခမ်းအနားမှာ ပါဝင်ချင်တာကြောင့် အခုလောလောဆယ် မင်းကို လွှတ်ထားလိုက်မယ်။ တကယ်လို့, မင်း အထက်တန်း ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင် ဒီပြစ်ဒဏ်ကို ရုတ်သိမ်းပေးမယ်။ မဟုတ်ရင်တော့, မိသားစု စည်းမျဉ်းအတိုင်း ဆက်လက်ကျင့်သုံးမယ်။" မြို့စားဝူဝမ်က ထုတ်ဖော် ပြောဆိုသည်။
"ဟုတ်ကဲ့ပါ, အဖေ။" ဟုန်ယွိက ခေါင်းညိမ့်လိုက်ပြန်သည်။
"ကဗျာက အဆင့်မြင့်ကဗျာ မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ပြသနိုင်ခဲ့တယ်။ မင်းက မင်းရဲ့ကဗျာနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်။" ထို့နောက် မြို့စားဝူဝမ်က ပြောသည် "မင်းက ဒီနှစ်မှာ အသက် ၁၅ နှစ်ရှိနေပြီ။ တော်ဝင် ချန်မင်းဆက်ရဲ့ ဥပဒေတွေအရ မင်း အရွယ်ရောက်နေပြီ၊ မင်းရဲ့ အစီအစဉ်တွေက ဘာတွေလဲ။"
“အဖေ၊ ကျွန်တော် လေးပစ်နဲ့ မြင်းစီးတာကို သင်ယူချင်ပါတယ်။ အဖေက ကျွန်တော့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်။” ဟုန်ယွိက လေထုက ပူနွေးလာသည်ကို မြင်တော့ သူ့အစီအစဉ်တွေကို ရဲရဲတင်းတင်း ချပြလိုက်ပါသည်။
မြင်းစီးခြင်းနှင့် လေးပစ်ခြင်းတို့သည် ယခုအချိန်တွင် ဟုန်ယွိ မတတ်နိုင်သည့် အရာများ ဖြစ်သည်။ သူ့တွင် ရွှေဒင်္ဂါးဆယ်ပြားရှိသော်လည်း မြင်းထိန်းရန် မြင်းထိန်းလိုအပ်သည်ဟူ သော အချက်ကို မဆိုထားနှင့်၊ မြင်းကောင်းတစ်ကောင်နှင့် လေးတစ်ချောင်းကိုပင် သူ မတတ်နိုင်ပေ။ ဟုန်ယွိသည် မြင်းကို သူ့ကိုယ်တိုင် ဂရုမစိုက်နိုင်ပေ။
ပထမအချက်က အဆင့်အတန်း ကိစ္စဖြစ်သည်။ ပညာရှင်တစ်ယောက်အတွက် မြင်းကို ကိုယ်တိုင်ထိန်းခြင်းက အဆင်မပြေပါဘူး။
ဒုတိယချက်အနေဖြင့် မြင်းထိန်းရခြင်းက ခက်ခဲသည့်အလုပ် ဖြစ်သည်။ မြင်းကို အစာကျွေးရန် ညဘက် အိပ်ရာမျ ထရသည်။ အချိန်နှင့် ခွန်အားတွေ အရမ်းစိုက်ထုတ်ရပါ သည်။
"မင်းက ကျမ်းဂန်တွေကို ကောင်းကောင်း မဖတ်ရသေးဘူး၊ ဘာလို့ လေးပစ်နဲ့ မြင်းစီးတာ ကို သင်ယူချင်တာလဲ။" မြို့စားဝူဝမ်သည် ထိုစကားကိုကြားသောအခါတွင် လေးပစ်နှင့် မြင်းအတတ်ပညာကို သင်ယူလိုသော ဟုန်ယွိကို သဘောမတူသည့် အမူအရာဖြင့် မျက်ခုံး ပင့်သွားခဲ့သည်။ သူက ချက်ချင်း ပယ်ချလိုက်သည် “မင်းအနေနဲ့ ကျမ်းဂန်တွေကို အရင် သေသေချာချာ ဖတ်သင့်တယ်။ ကျမ်းဂန်တွေကို ကောင်းကောင်းမဖတ်ဘဲ ကိုယ်ခံပညာကို သင်ယူချင်ရင် မင်းက အရိုင်းစိုင်းတစ်ယောက်သာသာ ဖြစ်သွားမယ်။ ဒီကိစ္စကို ထပ်မပြောနဲ့တော့။ နားလည်လား။
“ကျွန်တော် နားလည်ပါတယ်။” ဟုန်ယွိက ပြန်လည်မချေပခဲ့ပါ။
"ကောင်းပြီ, မင်း အခုသွားလို့ရပြီ။ အိမ်တော်ထန်းဝူ, သူ့ကို ငွေကိုင်ဆီ ခေါ်သွားပြီး ငွေစ ၁၀၀ ထုတ်ပေးလိုက်ပါ။ အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်ပါစေ။" မြို့စားဝူဝမ်က သူ့လက်တွေကို ဝှေ့ယမ်းပြီး “သွားတော့” ဟု မပြောခင် ပြောလိုက်သည်
“ဘာလို့ ငါ့ကို ကိုယ်ခံပညာကို သင်ယူခွင့် မပေးတာလဲ။ ငါ မဟာပညာရှင် တစ်ယောက် ဖြစ်လာပြီး စစ်ထဲဝင်ရင် မင်းမျိုးမင်းနွယ်ဘွဲ့တစ်ခု အပ်နှင်းခံရမှာကို ခင်ဗျား ကြောက်နေ တာလား။ အမေက မြင့်မြတ်တဲ့ဘွဲ့တစ်ခု အပ်နှင်းခံရနိုင်တယ်။ အဲ့ဒါက မြို့စားစံအိမ်ရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်လို့လား”။
သူ့ခြံဝင်းကို ပြန်လာချိန် လမ်းမှာ ဟုန်ယွိက မျက်လုံးတွေကို မှိတ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။
အကယ်၍ သူသည် မဟာပညာရှင်တစ်ဦး ဖြစ်လာပြီး တပ်ထဲသို့ဝင်ပါက မြင့်မြတ်သော ဘွဲ့ကို အပ်နှင်းခံရမည် ဖြစ်သည်။ အကယ်၍ သူ့အမေကို မြင့်မြတ်သောဘွဲ့တစ်ခု အပ်နှင်းခံရပါက၊ သူ့မိခင်၏ အောက်မေ့ဖွယ် အထိမ်းမှတ်ကမ္ဗည်းသည် “ငြိမ်းချမ်းရေးသခင်နှင့် တူညီသော အဆင့်သို့ ချက်ခြင်း ရောက်ရှိလိမ့်မည်။ မိသားစုပူဇော်ပွဲ ရောက်သည့်အခါတိုင်း သူ့အဖေတောင် အမွှေးတိုင် ထွန်းရပါလိမ့်မည်။
ဤအရာက မြို့စားစံအိမ်၏ စည်းမျဉ်းစည်းကမ်းတွေကို အတင်းအဓမ္မ ချိုးဖောက်ရာ ရောက်သည်။ ၎င်းသည် ပြီးပြည့်စုံသော အပြောင်းအလဲတစ်ခု ဖြစ်နေခဲ့သည်။
ဤသည်မှာ စည်းကမ်းတင်းကြပ်သော မြို့စားဝူဝမ် သည်းမခံနိုင်သော အရာဖြစ်သည်။
ဟုန်ယွိသည် ဤသည်မှာ သူ့အဖေက သူ သိုင်းပညာသင်ယူခြင်းကို ဆန့်ကျင်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု မှန်းဆခဲ့သည်။
ဟုန်ယွိသည် အခြေခံပညာရှင်တစ်ဦးသာ ဖြစ်ပြီး၊ မဟာပညာရှင်တစ်ဦး ဖြစ်လာရန်နှင့် စစ်ရေးအောင်မြင်မှုများရရှိရန် မိုင်ပေါင်းများစွာ ဝေးကွာနေသော်လည်း ၎င်းကို သူ လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
“ငါ့အမေအတွက် ငါကိုယ်တိုင် လုပ်ရမယ်။ ငါ့အမေအတွက် မြင့်မြတ်တဲ့ဘွဲ့တစ်ခုရဖို့ ငါကိုယ်တိုင် တိုက်ပွဲဝင်ပြီး မြို့စားစံအိမ်တစ်ခုလုံးကို မြင်ခွင့်ပေးမယ်" ဟုန်ယွိက သူ့လက်သီးကို တင်းကြပ်စွာ ဆုပ်ထားပြီး သူ့ကိုယ်သူ တွေးနေမိသည်။
"ဒါပေမယ့်, ဇိယွဲ့က သိုင်းတော်သူစင်နဲ့ တစ္ဆေအင်မော်တယ်တစ်ယောက်ပဲ။ ဒါပေမယ့် သူနဲ့ရင်ဆိုင်ရတဲ့အခါ ဖိအားတွေကို ငါ ဘာလို့ မခံစားရ တာလဲ။ ငါ့ရဲ့ စုဆောင်းထားတဲ့ စွမ်းအားကြောင့်များ ဖြစ်နိုင်မလား။ မျှော်လင့်ထားသလိုပဲ, ငါ့မှာ ခွန်အားနဲ့ ယုံကြည်မှု မရှိသေးဘူး။ ရှေ့မှာ တောင်ကြီးပြိုကျရင်တောင် ပညာရှင်တစ်ယောက်ရဲ့ အမူအရာက အပြောင်းလဲမရှိရဘူးဆိုတဲ့ နိယာမကတော့ နည်းနည်း ပေါ်လွင်ပါတယ်။”
သူ့အဖေ၏ ဩဇာအာဏာကို ရင်ဆိုင်ရသည့်အခါ, ဟုန်ယွိသည် သူ့မှာ ခွန်အားမရှိဘူး ဆိုသည်ကို နားလည်လာခဲ့ပါသည်။ ပညာရှင် တစ်ယောက်၏ တည်ငြိမ်မှုနှင့် ဖြောင့်မတ်မှု ဆိုသည်မှာ အနည်းငယ် အပေါ်ယံဆန်ပါသည်။
"တကယ်လို့, ငါသာ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာခဲ့ရင်, ငါ့အဖေရှေ့မှာ မှန်ကန်တဲ့ အရာအတွက် ငါ သေချာပေါက် တိုက်ပွဲဝင်ရလိမ့်မယ်။ လောကမှာ အရေးကြီးဆုံးက ဘာလဲ။ သားအဖဆိုလည်း မှန်ကန်တဲ့အရာအတွက် တိုက်ပွဲဝင်နိုင်ရမယ်။ အုပ်စိုးရှင်နဲ့ အရာရှိတွေတောင် မှန်ကနတေဲ့အရာအတွက် တိုက်ပွဲဝင်နိုင်ကြတာပဲ”။
"အုပ်ချုပ်သူတစ်ယောက် အမှားကြီးလုပ်မိရင် ပြန်ပြောရမယ်။ နားမထောင်ဘူးဆိုရင် ထီးနန်းပြောင်းလိမ့်ရမယ်။ ဖခင်ရဲ့တင်ပြချက် အခြေခံမူတွေက ပညာရှင်တစ်ဦးရဲ့ အစစ်မှန် အဓိပ္ပာယ်တွေနဲ့ သွေဖီနေတယ်။ ဒါပေမယ့် ဒီအခြေခံမူတွေအတွက် ငါ ဘယ်လို တိုက်ပွဲဝင်နိုင်မှာလဲ။”
ဟုန်ယွိ သူ့ကိုယ်သူ တွေးကြည့်သည်။
ဧကရာဇ်မင်းသည် ကြီးစွာသော အမှားကို ပြုမိသောအခါ ပညာရှင်တစ်ဦးသည် ပြန်လည် တင်ပြရပေမည်။ ဧကရာဇ်မင်းသည် နားမထောင်ဘဲ ခေါင်းမာနေပါက ထီးနန်းစွန့်ရမည်။
ဤသည်မှာ ပညာရှင်တစ်ယောက်၏ အစစ်မှန် အဓိပ္ပါယ် ဖြစ်သည်။ သို့သော်, ခွန်အား မရှိပါက ထိုမူတွေကို အသုံးမချနိုင်ပေ။ ယင်းက သနားစရာပင်။
သူ့အကြောင်းတွေးရင်း ဟုန်ယွိသည် သူ့ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ သူသည် တံခါးကို ပိတ်ပြီး တိတ်တိတ်လေး တွေးနေလိုက်သည်။ စားပွဲကိုကြည့်လိုက်တော့ မီးလောင်သွားသည့် “သိုင်းကျမ်း” ကို သူ ချက်ခြင်း နှမျောသွားမိပါသည်။
ဟုန်ယွိ၏ အကြည့်များသည် သိုင်းကျမ်းကို မီးရှို့ခဲ့သည့် ကြေးမီးဖိုထဲ မကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။
"အယ်…၊ အဲဒါက ဘာလဲ.."
မကြည့်မိပါက ပိုအဆင်ပြေပါဦးမည်။ တစ်ချက်ကြည့်လိုက်ချိန်မှာ ကြေးမီးဖို၏ ပြာထဲမှာ နက်မှောင်သည့် ရွှေရောင်ကျမ်းဂန်တစ်အုပ်ကို သူ မြင်တွေ့သွားခဲ့သည်။
ဟုန်ယွိသည် လမ်းလျှောက်လာပြီး ကျမ်းဂန်အား မီးညှပ်တစ်ချောင်းဖြင့် ကောက်ယူ လိုက်သည်။ ကျမ်းစာသည် အမှန်တကယ် ပိုးလိပ်ကဲ့သို့ ဖြစ်နေကြောင်း သူ တွေ့ရှိခဲ့သည်။ ၎င်းသည် အတော်ကိုကြီးမားသည်။ အလွန်ပါးလွှာပြီး စကားလုံးများဖြင့် လွှမ်းခြုံထား သည်။ အလယ်ကွက်လပ်ထဲမှာ ထိုင်နေသည့် ရွှေရောင်ရုပ်ပွားတော်တစ်ဆူ ရှိနေသည်။ မရေမတွက်နိုင်သော နေများ၊ လများနှင့် ကြယ်များသည် ဗုဒ္ဓရုပ်ပွားတော်ကို လှည့်ပတ်နေ သည်။
ဤကျမ်းဂန်သည် မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူမသိသော်လည်း မီးဖြင့်ပင် မလောင်ကျွမ်းနိုင်ပေ။
ဟုန်ယွိသည် ကျမ်းစာ၏အမည်ကို မြင်လိုက်ရပါသည်။
"အမိတ္တဘကျမ်း”။
အခန်း (၁၆)။
“အတိတ်အမိတ္တဘသုတ္တန်လား။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဒဏ္ဍာရီလာ သုတ္တန်သုံးမျိုး ထဲက တစ်ခုဖြစ်ပြီး၊ စိတ်ဝိညာဉ် ပြုစုပျိုးထောင်ရာမှာ လျှို့ဝှက်ဆန်းကြယ်ပြီး တုနှိုင်း မယှဉ်နိုင်တဲ့ ပညာရပ်တစ်ခုပဲ။ ကမ္ဘာပေါ်မှာ အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောက် ထဲမှ တစ်ဦးဖြစ်တဲ့ ဇိယွဲ့ဟာ ဒီကျမ်းကို ရှာဖွေဖို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့တယ်။ ဒီကျမ်းကို အင်ပါယာတရားရုံးရဲ့သိုင်းကျမ်းထဲမှာ ဘယ်လိုလုပ် ပေါင်းစပ်နိုင်မှာလဲ။”
ဟုန်ယွိသည် သူ့လက်ထဲတွင် သေးငယ်ပြီး မည်းမှောင်သော ရွှေစာလိပ်ကို ကြည့်လိုက် သည်။ ၎င်းသည် ရေကဲ့သို့ ပျော့ပျောင်းနေပြီး ၎င်းပေါ်ရှိ တောက်ပသော ရွှေရောင် စကားလုံးငယ်များကို ကြည့်လိုက်သောအခါ သူ့နှလုံးသားထဲမှ တုန်လှုပ်မူက ကြီးကြီး မားမား မရှိတော့ပေ။
ဒိုင်ဇင်ဘုရားကျောင်းသည် နှစ်တစ်ထောင်သက်တမ်းရှိ ရှေးဟောင်းဘုရားကျောင်းတစ်ခု ဖြစ်သည်။ ၎င်းမဖျက်ဆီးခံရခင်၊ ကမ္ဘာပေါ်ရှိ ဂိုဏ်းအားလုံးက ၎င်းသည် ကမ္ဘာ့အကောင်း ဆုံး ကျောင်းတော်နှင့် သန့်ရှင်းသော ကျင့်ကြံခြင်းနေရာဖြစ်ကြောင်း ဝန်ခံကြရမည်။
ဒိုင်ဇင်ဘုရားကျောင်းတွင် ကျင့်ကြံခြင်း၏ အမြင့်ဆုံးလျှို့ဝှက်ချက်ကို အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ထဲမှာ မှတ်တမ်းတင်ထားခဲ့သည်။ အတိတ်သည် အမိတ္တဘသုတ္တန်၊ ပစ္စုပ္ပန်သည် ကမ္ဘာရူလိုင်သုတ္တန်၊ အနာဂတ်သည် သက်မဲ့သုတ္တန် ဖြစ်သည်။
အမိတ္တဘသုတ္တန်သည် စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်း၏ အထွတ်အထိပ် နည်းစနစ်ဖြစ်ပြီး ပစ္စုပ္ပန်မှာ တထာဂတသုတ္တန်ဖြစ်ကာ၊ အသက်မဲ့သုတ္တန်သည် အဆန်းကြယ်ဆုံး ဖြစ်သည်။ သုံးခုစလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစပ်လိုက်သည့်အခါ လောကီဒုက္ခ ပင်လယ်ကို ကျော်ဖြတ်ပြီး တစ်ဖက်ကမ်းကို အမှန်တကယ် ရောက်နိုင်သည်ဟူသော ကောလဟာလ တွေ ရှိခဲ့သည်။
ထို့ပြင်, ပညာရှင်တို့ကြားမှာပင် နတ်ဘုရားများနှင့် ဗုဒ္ဓများကို အထင်သေးသော၊ နတ်ဘုရားများနှင့် ဗုဒ္ဓများအကြောင်းကို ရှင်းပြရန် ပညာရှင်တို့၏ နိယာမများကို အမြဲအသုံးပြုခဲ့သော လီရန်ပင်လျှင် ဤကျမ်းဂန်သုံးချက်ကို သူ့မျက်စိဖြင့် ကိုယ်တိုင် မမြင်ရသည့်အတွက် နှမြောတသဖြစ်မိကြောင်း မှတ်ချက်ချခဲ့သည်။
ဤရှုထောင့်မှကြည့်လျှင် စာရေးဆရာ၏စိတ်ကို အဆုံးအဖြတ်ပေးနိုင်သော ဟုန်ယွိသည် ကောက်ချက်ချနိုင်ပါသည်။
ဆိုလိုသည်မှာ ဤကျမ်းသုံးကျမ်းသည် အမှန်တကယ်ပင် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။
ဤကျမ်းမျိုးသည် သိုင်းကျမ်းများနှင့် တာအိုကျမ်းများထက် များစွာပို၍ အစွမ်းထက်ပါ သည်။ ပုလဲနှင့် မစင်ကြား ကွာခြားချက်ကပင် ဤနှစ်ခုကြားက ကွာခြားချက်ကို ဖော်ပြရန် မလုံလောက်ပါဘူး။
“ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခါနီးမှာ ဘုန်းတော်တစ်ပါးကြီးက ဒီကျမ်းကို သိမ်းယူသွား မှာ စိုးရိမ်တဲ့အတွက် သာမာန်သိုင်းကျမ်းတွေထဲမှာ ဝှက်ထားခဲ့တာ ဖြစ်ရမယ်။ နောက်ပြီး အင်ပါယာနန်းတွင်းကလည်း ဒီသိုင်းကျမ်းကို သိမ်းမသွားနိုင်ခဲ့ဘူး။ ကံမကောင်းစွာပဲ ဇိယွဲ့ ရှာနေတဲ့ ဒီကျမ်းက တကယ်တော့ နီးနီးလေးမှာ ရှိနေတာပဲ..."
ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ကို တည်ငြိမ်စေရန် နက်နက် ရှိုင်းရှိုင်း အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။
ပညာရှင်တို့၏ နိယာမက အလှအပများဖြင့် သွေးဆောင်ခံရခြင်း မဖြစ်စေရ။ ရတနာများ ကြောင့် စိတ်မရှုပ်ထွေးစေရ။
ယခုပင် ဟုန်ယွိသည် ထိုတိုက်ပွဲတွင် ကျဆုံးလုနီးပါး ဖြစ်သွားသည်ကို သိပါသည်။
ရတနာကိုမြင်ပြီးနောက် လူတစ်ယောက်၏ စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းချုပ်ရခြင်း သည် ထိုရတနာကို မထီမဲ့မြင်ပြုခြင်း မဟုတ်ပါ။ ယင်းအစား၊ ရတနာကိုရယူပြီးနောက် တည်ငြိမ်သော စိတ်အခြေအနေကို ထိန်းသိမ်းထားရန် အခြားသူများအား သတိပေးချက် ဖြစ်ပါသည်။ မဟုတ်ပါက၊ တစ်စုံတစ်ယောက်သည် ချို့ယွင်းချက် အမျိုးမျိုးကို ထုတ်ဖော် ပြသမိမည် ဖြစ်ပြီး၊ အခြားသူများက ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်၊ ယင်းသည် သေစေနိုင် သည့် ဘေးဥပါဒ်ကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါသည်။
ဤကျမ်းစာသည် ပိုးသားကဲ့သို့ ပျော့ပျောင်းသော်လည်း မီးဖြင့်ပင် မလောင်ကျွမ်းနိုင်ပါ။ ယုတ္တိဗေဒကို နားလည်ထားသော ဟုန်ယွိလို လူမျိုးတွေကို မဆိုထားနှင့်။ ဤကျမ်းစာက ရတနာတစ်ခုဖြစ်သည်ကို လူမိုက်တစ်ယောက်တောင်မှ သိပါလိမ့်မည်။
"ဒါပေမယ့်, အမိတ္တဘသုတ္တန်ဟာ စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက် ဖြစ်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတယ်။ ဒါ့အပြင်, ဒိုင်ဇင်ဘုရားကျောင်းမှာ ဘုန်းကြီးတွေ အများကြီးရှိပြီး၊ သူတို့ထဲမှာ အံ့ဖွယ်လူသားတွေလည်း ချို့တဲ့မူမရှိခဲ့ဘူး။ ဒါပေမယ့်, အဲဒီဘုန်းတော်ကြီးတွေဟာ ယန်စိတ်ဝိညာဉ်အထိ ဘယ်သူမှ ကျင့်ကြံနိုင်ခဲ့ပုံ မပေါ်ဘူး။ မဟုတ်ရင်, စစ်တပ်ရဲ့ဝိုင်းရံ သုတ်သင်မူကို ခံရမှာ မဟုတ်ဘူး။ ကြည့်ရတာ, ဒီကျမ်းစာက နားလည်ပြီး အလွယ်တကူ လေ့ကျင့်နိုင်တဲ့ပုံမပေါ်ဘူး။ ငါက ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ် ထွက်ခွာခြင်း နည်းစနစ်ကို အကြမ်းဖျင်းလောက်သာ နားလည်ထားတယ်။ ငါ နားလည်နိုင်စွမ်း မရှိမှာ စိုးရတယ်။ တကယ်လို့, ဇိယွဲ့သာ ဒီနေရာမှာ ရှိနေမယ် ဆိုရင်, သူနဲ့အတူဆို ငါ နားလည်နိုင်လိမ့်မယ်။ ကံမကောင်းစွာပဲ"။
သူ့စိတ်ကို ငြိမ်သက်စေပြီးနောက်၊ ဟုန်ယွိသည် ပိုးသားနှင့်တူသော ကျမ်းဂန်ကို လက်ကိုင် ပုဝါထဲသို့ အမြန်ခေါက်ပြီး သူ့ခန္ဓာကိုယ်နှင့် နီးကပ်စွာ ထားလိုက်သည်။ သူသည် ဖတ်ရူရန် အလျင်လိုနေခြင်း မရှိပေ။
အပြစ်အနာအဆာမရှိဟု စိတ်ချလက်ချ ယုံကြည်ပြီး ကျမ်းစာကို သိမ်းဆည်းပြီးနောက်, ဟုန်ယွိသည် မတ်တတ်ထထိုင်ကာ နံ့သာတိုင် တစ်ချောင်းကို ထွန်းညှိလိုက်သည်။ ထို့နောက် မှင်ကို ညင်သာစွာခြစ်ပြီး စာရွက်ပေါ်တွင် "ငြိမ်" ဟူသော စာလုံးကို ရေးလိုက်ပါ သည်။
စကားလုံး ဆယ်လုံးထက်မနည်း ဆက်တိုက်ရေးပြီးနောက် သူ့စိတ်တွေ လုံးဝ ငြိမ်သက် သွားပါသည်။
ဟုန်ယွိ စိတ်တည်ငြိမ်သွားပြီးနောက် သူသည် ထကာ လက်ကို ဆေးကြောလိုက်သည်။ ထို့နောက် မျက်စိမှိတ်ပြီး အမွှေးတိုင်မီး မကုန်ခင်အထိ တိတ်ဆိတ်စွာ ထိုင်နေလေသည်။ သူ့တစ်ကိုယ်လုံး ငြိမ်သက်နေ၏။ သူသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့် ဂရုတစိုက် နားစိုက်လိုက်ပါသည်။ အနီးနားတွင် မည်သူမျှ မရှိကြောင်း သေချာပြီးနောက်၊ သူသည် ကျမ်းစာကို သေသေချာချာ ဆွဲထုတ်ကာ ဂရုတစိုက် ဖတ်ရန် ဖွင့်ကြည့်လိုက်ပါသည်။
ကြီးကျယ်ခမ်းနားသည့် ပညာရှင်တိုင်းမှာ ထိုစည်းမျဉ်းတွေ ရှိကြပါသည်။ စာမဖတ်ခင်မှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး နံ့သာတိုင်ကို မီးထွန်းခြင်း၊ လက်ဆေးခြင်း၊ ကြိုတင် ပြင်ဆင်မူများကို ပြုလုပ်ရမည်။
ဤအရာများသည် အသုံးမဝင်သည့် ကျင့်ဝတ်များ မဟုတ်ပေ။ သူတို့ အာရုံစူးစိုက်နိုင်စေ ရန် ခန္ဓာကိုယ်နှင့် စိတ်ကို ထိန်းညှိခြင်း ဆိုလိုသည်။ ဤနည်းဖြင့်သာ စာအုပ်ကောင်းများ ကို ဖတ်ရှုနိုင်မည် ဖြစ်သည်။
ဟုန်ယွိသည် မည်သို့ သတိလက်လွတ် ပြုမူရဲမည်နည်း။ အထူးသဖြင့် ဒဏ္ဍာရီလာ "အမိတ္တဘသုတ္တန်" ကို ဖတ်သောအခါ ဖြစ်သည်။
ကျမ်းစာကို သူ့ခန္ဓာကိုယ်နှင့် နီးစပ်ရာအရပ်မှ ထုတ်ယူသည်။ ပိုးသားကဲ့သို့ ချောမွေ့သော ခံစားမှုက ဟုန်ယွိကို သက်တောင့်သက်သာ ဖြစ်စေသည်။
ကျမ်းစာကို စားပွဲပေါ်တွင် ဖြန့်လိုက်ပါသည်။ ကျမ်းစာသည် ပန်းချီကားကြီးတစ်ချပ်ကဲ့သို့ အလျားသုံးပေ ကျယ်ဝန်းသည်။ ၎င်းပေါ်တွင် ရေးထားသည့် စာလုံးများသည် အလွန် သေးငယ်သော်လည်း ဓားဖြင့်ထွင်းထားသကဲ့သို့ အလွန်ရှင်းလင်းပါသည်။ နည်းနည်းလေးမှ မရှင်းမလင်းဖြစ်ခြင်းမျိုး မရှိပါဘူး။
ထို့အပြင်၊ စာအရေးအသားသည် အရိုးထဲထိတိုင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင် သော စွမ်းအားတစ်မျိုး ပါရှိနေပါသည်။ ထိုစာလုံးများကို မြင်ပြီးသည့်အခါ, ထိုစာလေးတွေက ပျံသန်းနိုင်သည်ဆိုသည့် ခံစားချက်မျိုးကို လူတွေကို ခံစားရစေပါသည်။ စာအရေး အသားတွင် ဝိညာဉ်ရေးပါရှိနေပြီ ဖြစ်သည်။
"လက်ရေးလက်သားက ကောင်းလိုက်တာ"
ထိုစာလုံးများကို မြင်လိုက်ရတော့ ဟုန်ယွိစိတ်ထဲမှာ မထိန်းနိုင်ဘဲ ချီးကျူးလိုက်မိပါသည်။ သူ့အရေးအသားက ကောင်းသည်ဟု သူ ယုံကြည်သော်လည်း ဤကျမ်းစာနှင့် ယှဉ်ရင် အဆင့်အတန်း မမီပါဘူး။
ကျမ်း၏အလယ် ကွက်လပ်၌ ရွှေရောင်ဗုဒ္ဓတစ်ဆူ ထိုင်နေတော်မူသည်။ မရေမတွက်နိုင်သော နေ၊ လ၊ ကြယ်များက ရွှေရောင်ဗုဒ္ဓကို ဝိုင်းရံထားကာ ရွှေရောင် ရောင်ခြည်တော်များ ဖြင့် ဗုဒ္ဓကို ကောင်းချီးပေးသည်။
လက်နှစ်ဖက်ကို စည်းတံဆိပ်ပုံစံဆွဲထားဟန်ဖြင့် တင်ပျဉ်ခွေထိုင်ကာ ရွှေရောင်ဗုဒ္ဓ၏ မျက်လုံးတော်များက အနည်းငယ် မှိတ်ထားသည်။ ရွှေရောင်ဗုဒ္ဓသည် ဣန္ဒြေရရ ထိုင်နေသော်လည်း အခြားဘုရားကျောင်းများတွင် ဂုဏ်သိက္ခာရှိသော ဗုဒ္ဓရုပ်ပွားတော်များနှင့် မတူပေ။ ရွှေရောင်ဗုဒ္ဓထံမှ ထွက်ပေါ်လာနေသည့်အရာမှာ ကရုဏာတရားကြီးမားပြီး ရင်းနှီးသော အငွေ့အသက် ဖြစ်သည်။
တကယ်တော့ ဟုန်ယွိသည် ဤဗုဒ္ဓက သူ့အတိတ်ဘဝက သက်တမ်းပေါင်း ထောင်ချီကနေ ဆင်းသက်လာသည်ဟုပင် ခံစားခဲ့ရပါသည်။
"ဒါက ဗုဒ္ဓရုပ်ပွားတော်အစစ်ပဲ။ ဒီအမူအရာ၊ ဒီစိတ်နေစိတ်ထားက လူတွေနဲ့ ပဲ့တင်ထပ်နိုင်တယ်၊ ဗုဒ္ဓဖြစ်လာဖို့ သဘောတရားတွေလည်း ရှိနေတယ်။"
ဗုဒ္ဓဘာသာ၏ အဆုံးအမများသည် သက်ရှိအားလုံး၏ တန်းတူညီမျှမှုကို အလေးပေးသည်။ လူတိုင်း ဘုရားဖြစ်လာနိုင်ပါသည်။
အစစ်မှန် ဗုဒ္ဓရုပ်ပွားတော်သည် ခမ်းနားထည်ဝါခြင်းမရှိသလို ကြီးမားခြင်းလည်း မရှိပေ။ ယင်းအစား၊ ဤဗုဒ္ဓသည် ၎င်းတို့၏ယခင်ဘဝက ခံစားချက်ဖြစ်သည်ဟု လူတို့အား ခံစားရစေခဲ့သည်။ ၎င်းသည် လူတစ်ယောက်၏ ဗုဒ္ဓသဘာဝနှင့် တာအိုနှလုံးသားကို ဖြာထွက်စေသည်။
ကံမကောင်းစွာ, အနှစ် ၅၀၀ အတွင်းမှာ လူတစ်ဦးတည်းကဘဲ ယခုလို ဗုဒ္ဓရုပ်ပွားတော်ကို ရေးဆွဲနိုင်ခဲ့ပါသည်။ ပန်းချီပညာအရဆို သူတို့အားလုံးသည် ပန်းချီသူတော်စင်များ ဖြစ်ကြလိမ့်မည်။
ဤ"အမိတ္တဘသုတ္တန်"သည် အထွတ်အမြတ်ကျမ်းဂန် ဟုတ်ခြင်းမဟုတ်ခြင်း အသာထား။ ဟုန်ယွိသည် ပထမဆုံး မြင်လိုက်ရသော အရာမှာ ပန်းချီတာအို၏ ကြီးမြတ်မူ ဖြစ်သည်။
ဟုန်ယွိသည် ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ပြီး အံ့အားသင့်သွားသည်။ သူသည် စာအုပ်များစွာ ကို ဖတ်ရှုခဲ့ပြီး လက်ရေးလှနှင့် ပန်းချီများကို တန်ဖိုးထားတတ်သူ ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရအချို့ကိုလည်း သူ သိထားသည်။
"အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်ဦး။ ဒီစကားလုံးတွေနဲ့ ပန်းချီကားကိုပဲ ရောင်းလိုက်ရင် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ဖြစ်လာလိမ့်မယ်။" ဟုန်ယွိသည် သက်ပြင်း ချလိုက်သည်။ ထို့နောက် ကျမ်းစာပါ စကားလုံးများကို စတင်ဖတ်ရှုခဲ့သည်။
ကျမ်းစာ၏ အဖွင့်စကားမှာ စကားလုံးလေးလုံး ဖြစ်သည်။ "ငါ ကြားနာခဲ့ရပါပြီ..."
"ငါ ကြားနာခဲ့ရပါပြီလား” ဒီကျမ်းကို မြတ်စွာဘုရား ဟောကြားတော်မူတာကို ကြားနာ ပြီးနောက် မှတ်တမ်းတင်ထားခြင်း ဖြစ်ရမယ်။” ဟုန်ယွိ ဝေခွဲမရဖြစ်သွားသည်။ ရှေးခေတ်ကတည်းက မြတ်စွာဘုရား ဟောကြားခဲ့သည့် တရားတော်တွေကို ကြားနာပြီးသည့် နောက်မှာ “ငါ ကြားနာခဲ့ ရပါပြီ”နှင့် အစပြုသည့် ဗုဒ္ဓဘာသာ ကျမ်းဂန်တွေ ကျန်ရစ်ခဲ့သည်။
ဤစကားလုံးလေးလုံးက တိတ္ထိကျမ်းများနှင့် ရှေးရိုးစွဲကျမ်းများကြားက ခြားနားချက် ဖြစ်သည်။
ယုတ္တိနည်းဖြင့် ပြောရလျှင်, အကယ်၍, ဤကျမ်းသည် တရားဓမ္မ ကျင့်ကြံခြင်းနည်းလမ်း ဖြစ်လျှင် ဤစကားလေးမျိုး ပေါ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် တရားဓမ္မကို ကျင့်ကြံခြင်း မပြုသောကြောင့်ပင်၊ သူသည် လူသားတွေ ကို ၎င်းတို့၏ သဘောသဘာဝအမှန်ကို သိမြင်ရန်သာ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ရှေးသူတော်စင်များက ဖြောင့်မတ်ခြင်းတရားကို ပြုစုပျိုးထောင်ရန် ပညာရှင်များအား သင်ကြားပေးပုံနှင့် အနည်းငယ် ဆင်တူပါသည်။ ဤအရာက ယေဘုယျ ဦးတည်ချက်ပင်။ လူတစ်ယောက်၏ ပကတိအမှန်တရားကို မြင်နိုင်ပုံနှင့် ကုသိုလ်တရားကို ပြုစုပျိုးထောင် ခြင်းနှင့် ပတ်သက်၍မူ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ရပေမည်။ လူတိုင်းမှာ ကိုယ်ပိုင် အောင်မြင်မှုများနှင့် အကြောင်းပြချက်ကိုယ်စီ ရှိကြပါသည်။
ဗုဒ္ဓ သို့မဟုတ် ရှေးသူတော်စင်များ ဖြစ်ပါစေ ရှင်းလင်းပြတ်သားသော လမ်းကြောင်းနှင့် ဦးတည်ချက်ကိုသာ ထောက်ပြကြသည်။ လမ်းကြောင်းအတိအကျကိုတော့ ထိုသူတော်စင် တွေက မသိကြပါဘူး။ သူတို့လည်း ဖြည်းဖြည်းချင်း အဖြေရှာကြရမည်။
သိုင်းတာအိုဖြစ်စေ, သို့မဟုတ် စိတ်ဝိညာဉ် ကျင့်ကြံခြင်း၏ အင်မော်တယ်တာအို ဖြစ်စေ၊ ၎င်းတို့အားလုံးကို ဂိုဏ်းအမျိုးမျိုး၏ အနှစ်သာရကို နှစ်ထောင်ပေါင်းများစွာ စုပ်ယူခဲ့သော ဒိုင်ဇင်ဘုရားကျောင်းမှ သန့်စင်ခဲ့ခြင်း ဖြစ်သည်။
"ဒါကို လျစ်လျူရှုလိုက်ပါ။ စာရေးဆရာက ကျမ်းစာကို ပိုပြီး တရားဝင်စေချင်လို့ ဖြစ်နိုင်ပါ တယ်။ တိကျတဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ကြည့်ရအောင်။"
ဟုတ်ပါသည်၊ ဟုန်ယွိက ထိုပြဿနာကို အဖြေရှာနေမှာ မဟုတ်ပါဘူး။ ယင်းအစား သူက ဆက်ဖတ်တယ်...
အခန်း (၁၇)။
နှင်းများ ထူထပ်စွာကျပြီးနောက် နေသာသော ရက်အနည်းငယ် ရှိလာခဲ့သည်။ တိမ်စိုင် တိမ်မည်းတွေ ပြန့်ကျဲနေပြီး၊ ညကောင်းကင်ယံမှာ ကြယ်လေးတွေက ကျိုးတိုးကျဲတဲ ပေါ်လာလာသော်လည်း နွေရာသီညတွေမှာ တောက်ပနေသည့် နဂါးငွေ့တန်း ကြယ်စင်စုများကိုမှီရန် အဝေးကြီးလိုနေပါသေးသည်။
“ဝိညာဉ်သည် ကောင်းကင်ဘုံတရားရုံး၌ ကိန်းဝပ်သည်။ ကောင်းကင်ဘုံတရားရုံးသည် နတ်ဘုရားတို့၏နေရာ, ဗုဒ္ဓ၏ ဝိညာဉ်စင်မြင့် ဖြစ်သည်။ ဦးခေါင်းထဲသို့ ထိုးဖောက် ဝင်ရောက်လာသော ကောင်းကင်ကြယ်များ၏ ချီ(စွမ်းအင်)ကို မြင်ယောင်ကြည့်ပါက ၎င်းသည် စိတ်ဝိညာဉ်နှင့် တစ်လက်မချင်း ပေါင်းစပ်နေကာ၊ ထင်ယောင်ထင်မှား ပုံရိပ် ယောင်ကို ဖြစ်ပေါ်စေသည်။ စိတ်ဝိညာဉ်က အအေး၊ အပူ၊ ချဉ်၊ အစပ်ကို ခံစားရနိုင်သည်။ သင်သည်လည်း ကောင်းကင်ဘုံနန်းတော်၊ အသုရာနတ်ဆိုးဝိညာဉ်များ၊ ကောင်းကင် နတ်သမီးများ၊ ဘုရားလောင်းများ၊ ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားများ၊ ရှေးခေတ် သူတော်စင်များ၊ သင်ကိုယ်တိုင် ပြန်လည်ဝင်စားခြင်းသံသရာထဲ ကျရောက်နေပုံများကို ခံစားရနိုင်သည်။ တိုက်ပွဲအတွင်းမှာ သတ်ဖြတ်ခြင်းကိုလည်း သင် ခံစားရနိုင်သည်။ ကျောက်စိမ်း၏နွေးထွေးမှုကို သင် ခံစားရနိုင်သည်။ အဖေနှင့်အမေ၏ ကြင်နာမှုကို သင် ခံစားနိုင်သည်။ သင်၏သိုင်းပညာစွမ်းအားကိုလည်း ခံစားရနိုင်သည်။ သင်သည် မြစ်များနှင့် ပင်လယ်များကို လှည့်ပတ်နိုင်သည်။ သင့်ခန္ဓာကိုယ်သည် ပုပ်ပွပြီး အရိုးစုပုံ ဖြစ်လာသည် ကိုလည်း သင် ခံစားရနိုင်သည်။ ထိုပုံရိပ်ယောင်တွေအတွင်းမှား ထိုအရာတွေကို ဂရုမစိုက် ဘဲ၊ သင့်၏စိတ်ကို ငြိမ်သက်စေပြီး၊ အမိတ္တဘဟုခေါ်သည့် ကွက်လပ်အတွင်းက ဗုဒ္ဓရုပ်ပွား တော်ကို စိတ်မှာပုံဖော်ပြီး၊ အမိတ္တဘဓမ္မမုဒြာပုံကို ဖန်တီးရမည်။ ထိုဗုဒ္ဓမြတ်စွာသည် ကောင်းကင်နှင့်မြေပြင်ပေါ်ရှိ သက်ရှိသတ္တဝါအားလုံး၏ မျက်နှာအစစ်အမှန် ဖြစ်ပြီး၊ မူလ အတွေးတွေကို မည်သို့မှ မလှုပ်ယှက်စေဘဲ အကာအကွယ်ပေးခြင်းဖြင့် ဘေးဥပါဒ်ကို ရှောင်ရှားနိုင်ပါသည်။ ကောင်းကင်ကြယ်များ၏ချီက သင့်စိတ်ဝိညာဉ်ကို ထိတွေ့လိုက် သည်နှင့် အပေါ်ကို ဆွဲငင်သွားသည့် ကြီးမားသော စွမ်းအားနှင့်အတူ သင်သည် တက်ကြွ သွားသလို ရုတ်တရက် ခံစားရမည်။ ထိုအချိန်မှာ သင့်စိတ်တွေကို တည်ငြိမ်စေပြီး သင့် ခန္ဓာကိုယ်ထဲမှာ စိမ့်ဝင်နေပါစေ။ အစစ်မှန် အဓိပ္ပါယ်ကို သင့်ခန္ဓာကိုယ်ထဲကနေ ထွက်ခွာခွင့် မပြုပါနှင့်။ ဤအရာအားလုံးက လှည့်စားမှုပုံရိပ်ယောင်တွေမျှသာ ဖြစ်ပါသည်...”။
ညသန်းခေါင်အချိန်၌ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိဘဲ တိတ်ဆိတ် ငြိမ်သက်သွားသော အခါတွင် ဟုန်ယွိသည် သူ့ခြံဝင်းအလယ်တွင်ရပ်ကာ ကောင်းကင်မှ ကျိုးတိုးကျဲကျဲ ကြယ်များကို ကြည့်ရန် ခေါင်းကို မော့လိုက်ပါသည်။ သူသည် နက်နက်ရှိုင်းရှိုင်း အနည်းငယ် ကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ ကျမ်းဂန်မှ ကျင့်ကြံနည်းကို စတင် ရွတ်ဆိုသည်။
တစ်ရက်အကြာတွင်, သူသည် အမိတ္တဘသုတ္တန်၌ ပါဝင်သည့် စိတ်ဝိညာဉ် ကြံ့ခိုင်စေရန် မူလနည်းလမ်းများထဲမှတစ်ခုသော ကျမ်းစာများကို အကြမ်းဖျင်း နားလည်သဘောပေါက် ခဲ့သည်။
သူသည် တိတ်တဆိတ်ဖတ်ပြီး ကျမ်းစာ၏ အဓိပ္ပါယ်ကို လုံးလုံး နားလည်သွားသည်ဟု ခံစားမိသည်။
မြေပြင်ပေါ်တွင် ရိုးရိုးဖျာတစ်ချပ် ရှိနေသည်။ ဟုန်ယွိသည် ကောင်းကင်ကို မော့ကြည့်ကာ အာရုံစူးစိုက်ပြီး ကျက်မှတ်သည်။ အမွှေးတိုင်တစ်ဝက်လောက် ထွန်းညှိချိန် အချိန်ယူပြီး နောက် ကောင်းကင်ပေါ်က ကြယ်အားလုံးကို မှတ်မိနေပုံရသည်။ ရုတ်တရက် သူသည် မျက်လုံးများကိုမှိတ်ပြီး အမိတ္တဘသုတ္တန်အလယ်မှာ ထိုင်နေတော်မူသည် အမိတ္တဘဗုဒ္ဓ ပုံတော်အတိုင်း အတုယူလိုက်ပါသည်။ သူ့လက်နှစ်ဖက်ကို ဝမ်းဗိုက်ရှေ့၌ ဖြတ်၍ လက်မတို့ကို အချင်းချင်း ထိကပ်ကာ အမိတ္တဘဓမ္မမုဒြာပုံစံကို ဖန်တီးလိုက်ပါသည်။
သူ့စိတ်ထဲတွင် ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးကို ပုံဖော်ပြီး၊ သူ့မျက်လုံးများကို မှိတ်ထားပြီးနောက် ဟုန်ယွိသည် ကောင်းကင်မှ လင်းလက်နေသော ကြယ်ရောင်များ သူ့ခေါင်းထဲသို့ တစ်လက်မမှ တစ်လက်မချင်း သွန်းလောင်းနေသည့် ပုံရိပ်ကို မြင်ယောင် ကာ ငြိမ်သက်စွာ ထိုင်နေလေသည်။
ဟုန်ယွိသည် စေတီကိုပုံဖော်ခြင်း ကျင့်ကြံမူ၌ အတွေ့အကြုံရှိသောကြောင့် သူ့စိတ်ကိုလည်း အေးချမ်းစေနိုင်သည်။ သူ့စိတ် ငြိမ်သက်သွားသောအခါတွင် အာရုံထွေပြားသော အတွေးများ မရှိတော့ပေ။ အမိတ္တဘသုတ္တန်၌ စိတ်ဝိညာဉ် ကြံ့ခိုင်စေရန် နည်းလမ်းကို ကျင့်ကြံရာမှာ အလွန်ခက်ခဲခြင်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူသည် တာအိုကျမ်းဂန်များနှင့် ရင်းနှီးသောကြောင့် စိတ်ဝိညာဉ်၏ ကျင့်ကြံခြင်းနည်းလမ်းမှာ အခြေခံအားဖြင့် စိတ်ကူးပုံဖော်ခြင်းဖြစ်ပြီး၊ အတုအယောင်ကို အစစ်အမှန် ဖြစ်အောင်ပြုလုပ်ခြင်းကြောင်း သူ သိခဲ့သည်။
ကောင်းကင်ယံမှ ကြယ်အလင်းများကို ပုံဖော်ခြင်းက လူတစ်ယောက်၏ ပါးစပ်ထဲတွင် ဇီးသီးတစ်လုံး ရှိနေသည်ဟု စိတ်ကူးကဲ့သို့ဖြစ်ပြီး၊ ထိုလူ၏ပါးစပ်ထဲမှာ တံတွေးများဖြင့် ပြည့်နေမည် ဖြစ်သည်။ အမှန်တကယ်တော့၊ လူတစ်ယောက်၏ပါးစပ်ထဲမှာ ဇီးသီး မရှိပါဘူး။ ဤအရာက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ပါသည်။
သို့သော် ထိုထင်ယောင်ထင်မှား ပုံရိပ်ယောင်မျိုးသည် မြင့်မြတ်သောစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုပင် တုံ့ပြန်မှုအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါ သည်။
ဟုန်ယွိသည် အမွှေးတိုင်တစ်ချောင်းထွန်းညှိချိန် အချိန်ယူပြီးနောက် ထိုင်နေရင်း စိတ်ကူးပုံဖော်ခြင်း အခြေအနေသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။
သူ့စိတ်ကူးထဲမှာတော့, ကောင်းကင်မှ ကြယ်တွေအားလုံးဟာ တုနှိုင်းမရအောင် ဝေးကွာ သည့် အာကာသထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး၊ အဆုံးမဲ့ အလင်းတန်းတွေ ကို ပစ်လွှတ်နေသည်။ ၎င်းတို့အားလုံးသည် သူ့ခေါင်းထိပ်ပေါ်သို့ ဆင်းသက်ကာ အတွင်းသို့ တစ်လက်မချင်း တူးဆွနေကြသည်။
သူ့ဦးနှောက်ထဲကို ပုံရိပ်ယောင် ကြယ်ရောင်အလင်းတန်းတွေ ဝင်လာပြီးသည်နှင့် အရေပြားအတွင်းပိုင်းအထိ ရောက်ရှိသွားပါသည်။ ဟုန်ယွိသည် အေးမြသော လေနုအေး ဖြင့် ရေချိုးနေသကဲ့သို့ သူ့တစ်ကိုယ်လုံး အေးမြမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံးသည် လတ်ဆတ်သောလေကို ရှူရှိုက်ရင်း လွင့်မျော နေပြီး အလွန်သက်တောင့် သက်သာရှိစေသည်။
ထိုကဲ့သို့ သက်တောင့်သက်သာရှိသည့် ခံစားမှုမျိုးက ဟုန်ယွိကို သက်တောင့်သက်သာ ခံစားရစေပြီး ညည်းတွားမိပါသည်။ ဤနှစ်သိမ့်ဖွယ် ခံစားမူမျိုးသည် အိမ်တွင်းမှတ်စုတွင် ဖော်ပြထားသော ယခင်မင်းဆက်ဖြစ်သည့် တော်ဝင်ကျိုးမင်းဆက်၏ မင်းမျိုးမင်းနွယ် အချို့၏ "အသက်ရှည်ခြင်းဆီမွှေး" ကဲ့သို့ပင် သူ၏အရိုးများထိတိုင် နက်ရှိုင်းစွာ ခံစားရ ပါသည်။
ထိုကဲ့သို့ သက်တောင့်သက်သာရှိသည့် ခံစားမှုမျိုး၊ သိုင်းစစ်သည်တော်၊ သိုင်းသခင်, ရှင်တန်သိုင်းသခင်၊ မဟာဆရာသခင်တွေတောင် သွေးဆောင်မှုကို မခုခံနိုင်လောက်ပါ ဘူး။ ဟုန်ယွိလည်း ယစ်မူးခံခြင်းကို ခံစားရသည်။
ကံကောင်းထောက်မစွာ၊ သူသည် ကျမ်းစာများကိုဖတ်ထားပြီး၊ ကောင်းကင်မှ ကြယ်ရောင် များ သူဦးနှောက်ထဲသို့ ဝင်ရောက်နေသည်ကို မြင်ယောင်ခြင်းဖြင့်, ခန္ဓာကိုယ်ပေါ်သို့ မှုတ်ထုတ်လာသော အေးမြသည့် လေနုအေးနှင့်အတူ သူမျောပါသွားသလို ခံစားရခြင်း ကဲ့သို့ အတွေးအမြင်များစွာ ဖြစ်ပေါ်စေမည်ကို သူ သိထားခဲ့သည်။ ဤအရာက ပထမဆုံး ခံစားချက် ဖြစ်ပါသည်။
သူမူးယစ်နေချိန်၌ ဟုန်ယွိသည် နိုးကြားလာပြီး ကြယ်ရောင်ကောင်းကင်၌ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကို ရုတ်တရက် မြင်ယောင်လိုက်သည်။ ၎င်းသည် လွန်ခဲ့သော နှစ် ထောင်ပေါင်းများစွာက သူ့အရင်ဘဝကဲ့သို့ ကြင်နာပြီး နွေးထွေးသည်။
ဤမြတ်စွာဘုရားသည် အမိတ္တဘသုတ္တန်ထဲမှ မြတ်စွာဘုရား ဖြစ်၏။
ဤအမိတ္တဘမြတ်စွာဘုရားကို မြင်ယောင်ခြင်းသည် စိတ်ဝိညာဉ်နတ်ဆိုးအမျိုးမျိုးတို့ကို နှိမ်နင်းနိုင်ပြီး လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သူ၏ရုပ်သွင်အမှန်ကိုပင် နားလည် နိုင်သည်ဟု သုတ္တန်က ဆိုထားပါသည်။
သို့သော် ဟုန်ယွိသည် သုတ္တန်တွင် ဆိုထားသည့်အရာက ချဲ့ကားခြင်း မဟုတ်ကြောင်း သိသည်။ အကြောင်းမှာ ဤမြတ်စွာဘုရား၏ ပန်းချီကားသည် ဗုဒ္ဓဘာသာ၏ ကျမ်းဂန်များ အားလုံးကို ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။
အစစ်မှန် မြတ်စွာဘုရားကို မဆိုထားနှင့်, ဤပန်းချီကားထဲက ရုပ်ပွားတော်သည်ပင် ပန်းချီကား၏ အထွတ်အထိပ် ဖြစ်နေပါပြီ။ ဤနယ်ပယ်မျိုးသည် သိုင်းတာအို၏ လူသား အင်မော်တယ်နှင့် အင်မော်တယ်တာအို၏ ယန်စိတ်ဝိညာဉ်တို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
အကယ်၍, ဟာကူဇိယွဲ့သည် ဤမြတ်စွာဘုရားကို မြင်ရလျှင်, သူသည် သုတ္တန်ကို မကျင့်ဘဲ, ပိုမိုတိုးတက်နိုင်မည်ဟု ဟုန်ယွိ ခံစားရသည်။
ဤမြတ်စွာဘုရားသည် ကြယ်ရောင်ကောင်းကင်၌ ပေါ်လာသည်နှင့် တပြိုင်နက်, သူ့စိတ်ထဲမှ သက်တောင့်သက်သာ ခံစားချက်များအားလုံး ပျောက်ကွယ်သွားကာ အသိအာရုံများ ပြန်လည်ရရှိလာသည်။
ကမ္ဘာကြီးက ကမ္ဘာကြီး ဖြစ်နေခဲ့ပါသည်။
သူ့ခန္ဓာကိုယ်ထဲကို ကြယ်ရောင်တွေ ဝင်ရောက်လာခြင်းမျိုး မရှိခဲ့ပါဘူး။ အရာအားလုံးက ထင်ယောင်ထင်မှား ပုံရိပ်ယောင်များသာ ဖြစ်ပါသည်။
“ဘယ်လောက် အစွမ်းထက်တဲ့ ပုံရိပ်ယောင်တွေလဲ ... ကံကောင်းထောက်မစွာပဲ, ငါ အမိတ္တဘဗုဒ္ဓကို ပုံဖော်နိုင်ခဲ့တယ်။ မဟုတ်ရင် အဲဒီထဲမှာ ယစ်မူးနေလိမ့်မယ်။ ဒါက အလွန်အန္တရာယ်များလွန်းတယ်။”
သို့သော်, အကယ်၍, သူသည် ထိုအချိန်၌ အမိတ္တဘ ဗုဒ္ဓမြတ်စွာဘုရားကို ပုံမဖော်နိုင်ခဲ့ပါ က၊ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော လေနုအေး၏ ခံစားချက်ကြောင့် သူသည် မူးဝေလာကာ မိမိကိုယ်ကို ကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း ဟုန်ယွိ သိထားသည်။ သူသည် အနာဂတ်တွင်ပင် ရူးသွပ်သွားပေလိမ့်မည်။
စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းသည် ပုံဖော်ခြင်း၊ စောင့်ထိန်းခြင်း၊ စိတ်နှလုံးအကြွင်းမဲ့ နှစ်မြှုပ်ခြင်း။ အစစ်က အတုဖြစ်ပြီး၊ အတုက အစစ်ဖြစ်ခြင်းတို့ ဖြစ်သည်။ အကယ်၍, သူ့စိတ်ကို မထိန်းချုပ်နိုင်ပါက, သူသည် ချက်ခြင်း သေဆုံးသွားပါလိမ့်မည်။ ကျင့်ကြံခြင်း၏ အန္တရာယ်သည် ကိုယ်ခံပညာထက်ပင် ကြီးမားပါသည်။
"အခုနက အတွေ့အကြုံအရ ငါ ထပ်ကြိုးစားရင်တောင် မကြောက်တော့ဘူး။"
ဟုန်ယွိသည် တစ်ဖန် ငြိမ်သက်သွားကာ ငြိမ်သက်စွာ ထိုင်ပြီး စည်းတံဆိပ်တစ်ခုအသွင် ဖန်တီးကာ၊ သူသည် သူ့ဦးနှောက်ထဲသို့ ကြယ်ရောင်များ ဝင်ရောက်လာသည်ကို မြင်ယောင်ကြည့်သည်။
သေချာပါသည်၊ ကြယ်ရောင်က သူ့အရေပြားထဲကို ဝင်သွားသည့်အခါ သူ့တစ်ကိုယ်လုံးကို လေပြေညင်းတွေနှင့် ဝန်းရံထားပြီး သက်တောင့်သက်သာ ခံစားရပါသည်။
အတွေ့အကြုံအရ ဟုန်ယွိသည် ၎င်းကို ဂရုမစိုက်တော့ပါဘူး။ သူ့စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားပြီး တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်ကြည့်ပါသည်။ သေချာပါသည်၊ ကြယ်ရောင်က သူ့ဦးနှောက်ထဲကို ဝင်သွားပြီး သူ့အရေပြားကို စိမ့်ဝင်သွားသည့်အခါ ပုံရိပ်ယောင်က ပြောင်းလဲသွားပြန်သည်။ ယခုတစ်ခါတော့ သူ့တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေပြီး ခေါင်းနှစ်ခြမ်း ကွဲသွားသည်။ ထို့နောက် ချဉ်၊ ချို၊ ခါး၊ အစပ် ဟူသမျှသည် သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။
ဟုန်ယွိသည် သူ့စိတ်ကို တင်းတင်းကြပ်ကြပ် ထိန်းထားဆဲပင်။
ရုတ်တရက် နောက်ထပ် ခံစားချက်တစ်ခု ပေါ်လာသည်။ သူ့ရှေ့တွင် နတ်ဆိုးဝိညာဉ်များ နေရာအနှံ့ ရှိနေသည်။ အသုရာများ၊ ယာကရှာများနှင့် နတ်ဆိုးများ အားလုံးက သူ့ကို ရိုက်နှက်ပြီး သူ့သွေးကို သောက်ချင်နေပုံပင်။
ဟုန်ယွိသည် အသုရာငရဲထဲသို့ ကျသွားပုံရသည်။ သူ့နားထဲတွင် ညည်းတွားအော်ဟစ်သံ အမျိုးမျိုး ပဲ့တင်ထပ်နေပုံရသည်။
ဂရုမစိုက်ဘဲ သူ့စိတ်ကို တင်းတင်းကြပ်ကြပ် ထိန်းထားလိုက်သည်။
ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ ယင်းက သူသည် နူးညံ့သိမ်မွေ့သော နယ်မြေတစ်ခု ထဲသို့ ရောက်ရှိသွားသလိုပင်။ နေရာတိုင်းမှာ ချောမောလှပသော အမျိုးသမီးများ ရှိကြပြီး၊ ၎င်းတို့၏ အံ့ဩဖွယ် အစိတ်အပိုင်းများကို မထင်မရှား ဖွင့်ဟပြကြသည်။
ဟုန်ယွိသည် သွေးဆောင်မှုကို ခုခံနိုင်ခဲ့သည်။
ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ နေရာတိုင်းမှာ သတ်ဖြတ်မှုတွေ၊ အလောင်းတွေ တောင်တန်းတွေ၊ သွေးပင်လယ်တွေနှင့်အတူ သူသည် စစ်မြေပြင်အလယ်မှာ ရှိနေသည်။
ဟုန်ယွိက သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ကာကွယ်ထားရပြန်သည်။
ရုတ်တရက် သူ့တစ်ကိုယ်လုံး ပုပ်ပွလာသည်။ ယင်ကောင်များ၊ ခြင်များ၊ ခြင်ကောင်များ သူ့ခန္ဓာကိုယ်အနှံ့ တွားသွားနေကြသည်။
ဟုန်ယွိက သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားဆဲပင်။ ထိုအခိုက်အတန့်တွင် သူသည် ရှင်ခြင်းနှင့်သေခြင်း၏အဓိပ္ပါယ်ကို နားလည်သည်။ သူ့စိတ်ထဲတွင် ကြောက်ရွံ့မှု က ပျောက်ကွယ်သွားခဲ့သည်။
ထင်ယောင်ထင်မှား ပုံရိပ်ယောင်များသည် ပုံစံတစ်ရာဖြင့် ပြောင်းလဲသွားသည်။ ရုတ်တရက်...။
ဘုန်း…။
သူမြင်ယောင်နေသော ကြယ်ရောင်သည် သူ့စိတ်ဝိညာဉ်နှင့် ရောနှောနေပုံရသည်။ ဟုန်ယွိသည် ကောင်းကင်ယံမှ ရုန်းမထွက်နိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကို ဆွဲထုတ်ပြီး ကောင်းကင်ကို ပျံတက်သွား သည်။
ထိုခံစားချက်က အစစ်ဖြစ်ပြီး၊ အရမ်းကောင်းမွန်ပါသည်။ ၎င်းက သူသည် စမ်းသပ်မူများ စွာနှင့် ဖြအခက်အခဲပေါင်း ရှစ်ဆယ့်တစ်ခုကို ကျော်ဖြတ်သွားခဲ့ရသလိုပင်။ သူသည် နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီး တက်လှမ်းနိုင်ခဲ့သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲက ရုန်းမထွက်နိုင်ဘဲ မနေနိုင်တော့ပေ။ ၎င်းသည် ကောင်းကင်ဆီသို့ လွင့်မျောသွားချင်နေသည်။
ဤအရေးကြီးသော အခိုက်အတန့်တွင်၊ သူ၏ယခင်ဘဝက အမိတ္တဘဗုဒ္ဓမြတ်စွာသည် ကြယ်ရောင်စုံသော ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ကနေ ထွက်သွားပြီး ကောင်းကင်ကို ပျံတက်ချင်နေသည့် သူ့စိတ်ဝိညာဉ်က ငြိမ်သက်သွားပါသည်။
ဟုန်ယွိ နိုးထလာပြီးနောက် သူသည် အလွန်ကြောက်လန့်သွားပြီး အေးစက်သော ချွေးများ ဖြင့် ရွှဲနစ်နေသည်။
"ဒီ နောက်ဆုံးအဆင့်မှာ ထင်ယောင်ထင်မှား ပုံရိပ်ယောင်က တကယ်ကို အားကောင်း လွန်းတယ်။ ငါ စမ်းသပ်မူအမျိုးမျိုးနဲ့ အခက်ခဲပေါင်း များစွာကို ဖြတ်သန်းပြီးမှ နောက်ဆုံး ငါ့ပန်းတိုင်ကို ရောက်နိုင်ခဲ့တယ်။ ကောင်းကင်ပေါ် ပျံတက်ချင်တဲ့ ဆန္ဒဆိုတာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ အရာပဲ။ သူတော်စင် ဖြစ်ရင်တောင်မှပေါ့”။
အကယ်၍, သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို အမှန်တကယ် စွန့်ပြီး ကောင်းကင်မှာ လွင့်မျောနေမည်ဆိုရင် အခုအချိန်မှာ အစိပ်စိပ်မွှာမွှာ ပြန့်ကျဲသွားမည်ကို ဟုန်ယွိ သိပါ သည်။ သူသည် တစ္ဆေအင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လျှင်ပင် သူ၏စိတ်ဝိညာဉ် သည် ကောင်းကင်သို့ လွင့်မျောသွားပါက လေဖြင့် လွင့်စင်သွားမည် ဖြစ်သည်။
ကောင်းကင်ကို ပျံတက်သွားချင်သည့် နောက်ဆုံးခံစားချက်က နောက်ဆုံးအဆင့်၏ ပုံရိပ်ယောင်ဖြစ်ပါသည်။
ဟုန်ယွိသည် နောက်တစ်ကြိမ်ထိုင်ပြီး ထိုစိတ်ကူးပုံဖော်နည်းကို ထပ်ပြီး ကြိုးစားကြည့် သည်။
ယခုတစ်ကြိမ်တွင်, သူသည် အတွေ့အကြုံများ ပိုမိုရရှိသဖြင့် တွေးခေါ်မှုအမျိုးမျိုးကို လွယ်ကူစွာ ကျော်လွှားနိုင်ခဲ့သည်။ ဟုန်ယွိသည် ကောင်းကင်မှ စွမ်းအားတစ်ခုဖြင့် သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည့် ခံစားချက်ကို တစ်ဖန် ထပ်မံ ကြိုးစားခဲ့သည်။
ထို့နောက်, သူသည် ထိုစွမ်းအားကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သူသည် ရုန်းကန်နေရသော ရေနစ်နေသူကဲ့သို့ သူ့ခန္ဓာကိုယ်ထဲတွင် နစ်မြုပ်လျက် မျောပါသွားသလို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် ဟုန်ယွိ မောပန်းသွားသည်။ ပေါက်ကွဲသံနှင့်အတူ သူ့အတွေးများ ပြန့်ကျဲသွားပြီး သူ့တစ်ကိုယ်လုံး ချက်ချင်း အိပ်ပျော်သွားသလို ခံစားလိုက်ရသည်။
သူ့စိတ်ဝိညာဉ်သည် စွမ်းအင်အလွန်အကျွံ သုံးစွဲခဲ့ရကြောင်း သူသိသည်။ ၎င်းက စာဖတ်ရင်းနှင့် အတွေးလွန်သွားသလိုပင်။
"ငါ ခြံထဲမှာ အိပ်လို့မရဘူး၊ အေးခဲပြီး သေလိမ့်မယ်"
သူ့ကိုယ်ခန္ဓာကို ထောက်ပံ့ရန် သူ့ကိုယ်သူ အတင်းအကျပ် တွန်းအားပေးပြီး၊ ဟုန်ယွိသည် အခန်းထဲသို့ တွားတွားသွားကာ ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ သူ့ကိုယ်သူ စောင်နှင့် အုပ်ပြီး ချက်ချင်း အိပ်ပျော်သွားသည်။ သူ အိပ်ပျော်သွားပါသည်။
မြင့်မြတ်သောလူတစ်ဦးသည် အိပ်မက် မမက်ပေ။
သူနိုးလာသောအခါ မိုးလင်းနေပြီ။
ပြတင်းပေါက်မှတဆင့် တောက်ပသော နေရောင်ခြည်က တောက်ပစွာ ဝင်ရောက်နေသည်။ ဟုန်ယွိက သူ့စိတ်တွေ ထက်မြက်နေပြီး တစ်ကိုယ်လုံး လန်းဆန်းနေသောကြောင့် သီချင်းဆိုချင်စိတ်ပင် ဖြစ်နေသည်ဟု ဟုန်ယွိ ခံစားမိသည်။
လေးည သို့မဟုတ် ငါးညဆက်တိုက်၊ ဟုန်ယွိသည် အမိတ္တဘသုတ္တန်၏ စိတ်ကူးပုံဖော် နည်းကို ကျင့်သုံးခဲ့သည်။
ရုတ်တရက်၊ တစ်ညတွင်၊ ဟုန်ယွိသည် အခန်းထဲတွင် အမွှေးတိုင်တစ်ချောင်းကို မီးထွန်းပြီး သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ရံဖန်ရံခါ ထွက်ခွာသွားရန် ကြိုးစားကြည့်ခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ခွာပြီး ပြင်ပကမ္ဘာနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက်, ဟုန်ယွိသည် ရေကူးနည်းကို သင်ယူခါစလူတစ်ယောက်ကဲ့သို့ ရေထဲတွင် ကူးခတ်လိုစိတ် ပြင်းပြနေခဲ့ သည်။
တာအိုကျမ်းဂန်များတွင် မှတ်တမ်းများနှင့် ဟာကူဇိယွဲ့ ပြောစကားများအရ, စိတ်ဝိညာဉ် သည် ခန္ဓာကိုယ်မှ ထွက်သွားပြီးနောက်၊ ထိုစိတ်ဆန္ဒမျိုး ဖြစ်ပေါ်လာက, ၎င်းသည် ညလမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်။
ဟုန်ယွိသည် အမွှေးတိုင်အကွာအဝေးမှ ထွက်သွားရန် ကြိုးစားသည်။
မျှော်လင့်ထားသည့်အတိုင်း ခွန်အားမဲ့မှုနှင့် အေးတိအေးစက် ခံစားမှုမျိုး မရှိတော့ပေ။ ယင်းအစား၊ ရေကူးရသည်မှာ သက်တောင့် သက်သာရှိသည့် ခံစားမူမျိုး ဖြစ်ပေါ်နေသည်။
သူ့စိတ်ဝင်စားမှုက တုန်လှုပ်သွားသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တံခါးဝမှ လွင့်ပျံလာခဲ့ သည်။
ညလမ်းလျှောက်ခြင်း..
နောက်ဆုံးတွင် သူသည် ညလမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။